ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် နိုင်ငံရေးအသိုင်းအဝိုင်းအချို့ထောက်ခံ

7531

မြူနစ် (NP News) - မေ ၃ဝ
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေးအား လျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ရန် နစကအစိုးရအဖွဲ့က ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အဆိုပါရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ၊ နည်း ပညာဆိုင်ရာဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရန် ဧရာဝတီ မြစ်ဆုံ -မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေးအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို (၁၁)ဦးဖြင့် ဖွဲ့စည်း ထားပြီး အဖွဲ့တွင် ခေါင်းဆောင်အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက တာဝန်ယူ ထားသည်။ ထို့ပြင် ဦးဆောင်အဖွဲ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေးအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဒုဝန်ကြီးခေါင်းဆောင်သော ဦးဆောင်အဖွဲ့နှင့် SPIC Yunnan International Power Investment (SPICYN) ကုမ္ပဏီ၏ ဦးဆောင် အဖွဲ့တို့ ပူးပေါင်း၍ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့ကို အထက်ပါဦးဆောင်အဖွဲ့နှစ်ခုက လမ်းညွှန်မှုပေး ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများကို ညှိနှိုင်းဆောင်ရွက်နိုင် ရေးအတွက် အထောက်အကူပြုနိုင်ရေးတို့ကို ဆောင်ရွက်သွားရန်လည်း ဒုဝန်ကြီးခေါင်းဆောင်သော ဦးဆောင်အဖွဲ့ကို နစကအစိုးရက တာဝန်ပေးထားသည်။ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နစကအစိုးရအနေဖြင့် ပြန်လည်စတင်ရန် ကြိုးပမ်းလာမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်မင်းက NP News ကိုပြောသည်။
“မြစ်ဆုံစီမံကိန်းကို ပြန်လည်ဖော်ဆောင်မယ့် ဘယ်လိုကိစ္စမျိုးကိုမဆို ထောက်ခံတယ်။ ဘာဖြစ် လို့လဲဆိုတော့ တိုင်းပြည်အတွက်အရေးကြီးဆုံးက လျှပ်စစ်မီးလိုတယ်။ နောက်တစ် ခုက သမ္မတကြီး ဦးသိန်းစိန်လက်ထက်တုန်းက ဘယ်လိုအကြောင်းကြောင့် ရပ်ခဲ့တာပဲဖြစ်ဖြစ် အဲဒီအကျိုးဆက်တွေကို အခုချိန်မှာ နိုင်ငံရေးသင်ခန်းစာအဖြစ် ယူရမယ်။ အခုချိန်မှာ ပြည်သူလူထုအတွက် အလိုအပ်ဆုံးသည် လျှပ်စစ်ပဲ။ လျှပ်စစ်လိုအပ်ချက်ရဲ့ဒဏ်ကိုခံခဲ့ရတာလည်း နှစ်ပေါင်းမနည်းတော့ဘူး။ အခုလို ၂၀၂၁ နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေရဲ့ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ လျှပ်စစ်နဲ့ဆိုင်တဲ့ အခြေခံ အဆောက်အအုံတွေရှိတယ်။ အဲဒီဒဏ်တွေကြောင့် ပြည်သူရော၊ တိုင်းပြည်တိုးတက်ရေးအတွက် အဓိက လိုအပ်တဲ့ လျှပ်စစ်က အများကြီးချို့တဲ့ခဲ့ရတယ်။ အခုမြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတာကို ထောက်ခံတယ်”ဟု ဦးခိုင်မင်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏အဓိကလိုအပ်ချက်သည် လျှပ်စစ်ဓာတ်အားဖြစ်သည့် အတွက် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကထပ်မံအကြံပြုထားသည်။ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ သုတေ သနလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဦးဆောင်အဖွဲ့တစ်ခုအနေဖြင့် ပါဝင်မည့် SPIC Yunnan International Power Investment (SPICYN) ကုမ္ပဏီသည် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း -CPI မှ အမည်ပြောင်းလဲခဲ့သော ကုမ္ပဏီဖြစ်ကြောင်းသိရသည်။
အဆိုပါရေအားလျှပ်စစ်စီမံကိန်းကို ၂၀ဝ၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းကို CPI ၊ Asia World ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ပူးပေါင်းကာ အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော စီမံကိန်း တစ်ခုဖြစ်သည်။ သို့သော် ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ရှိလာသည့်အတွက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလကုန် ပိုင်းတွင် ၎င်းအုပ်ချုပ်သည့်အစိုးရ သက်တမ်းအတွင်း၌ စီမံကိန်းအကောင်အထည်ဖော်မှုကို ရပ်ဆိုင်း မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံး၍ NLD အစိုးရတာဝန်ယူချိန်တွင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံဘက်က ကြိုးပမ်းမှုများရှိခဲ့သော်လည်း စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။ လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံ ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်ပြင်ဆင်နေလျက်ရှိသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ မည်သည့်အစိုးရဖြစ်စေ ပြည်သူလူထုအတွက် အကျိုးရှိမည်ဆိုပါက ထောက်ခံကြောင်း ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။ “နျူကလီးယားစွမ်းအားကို အစားမထိုးနိုင်ခင် သဘာဝအရင်းအမြစ်ရဲ့ ဟာ ကို ပထမသုံးသပ်ဖို့လိုတယ်။ မြစ်ဆုံလိုဟာမျိုး အလဟဿရေတွေ ပင်လယ်ရောက်သွားတာမျိုးမဖြစ်ဖို့ အသုံးပြုဖို့လိုတယ်။ သံလွင်မြစ်ကိုလည်း အသုံးပြုဖို့လိုတယ်။ ဘယ်အစိုးရဖြစ်ဖြစ်ပေါ့ဗျာ အသုံးပြုတယ် လူထုအတွက်ဆိုရင် ကျွန်တော်တို့က ထောက်ခံပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။ ထိုသို့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် သဘာဝထိခိုက်မှု အနည်း ဆုံးဖြင့် ဖွံ့ဖြိုးတိုးတက်မှုအများဆုံး ရရှိရေးအတွက် စဉ်းစားသုံးသပ်ကာ ဆောင်ရွက်သင့် ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။ “ဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုတာကို ယှဉ်ဆတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးကြီးတဲ့ လျှပ်စစ်စွမ်းအားလိုအပ်တယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို အထိအခိုက်အနည်းဆုံးနဲ့ စီမံကိန်းကို အောင်မြင်အောင်လုပ်ရမယ်။ အဲဒီရဲ့ အောင်မြင်မှုကတစ်ဆင့် တခြားဖွံ့ဖြိုးမှု ခြေလှမ်းတွေကို တစ်ဆင့်ချင်းလှမ်းရမှာပေါ့။ အဲဒါကို လုပ်သင့်တယ်။ နောက်ဒုတိယတစ်ချက်ကတော့ အဲဒီမှာ တိုင်းရင်းသားတွေ၊ ဒေသခံတွေရဲ့ landmark လို့ ပြောကောင်းပြောကြမှာပေါ့။ ဒါပေမဲ့ အဲဒီ landmark ကိုလည်း အသိ အမှတ်ပြုဖို့လိုမယ်။ အဲဒီ landmark က တစ်ဆင့် ဒီထက်မကဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်တယ် ဆိုတဲ့ အစီအစဉ်ကောင်းတစ်ခုနဲ့ အဲဒီဟာကို ထပ်ပြီးတော့ landmark အကြီးကြီးဖြစ်အောင် ဆောင်ရွက်ရမယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။ ထို့ပြင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဧရာဝတီမြစ်ကို ထာဝရစီးဆင်းနိုင်ရေးအတွက် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်းလည်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ က ဆက် လက်ပြောသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား (၆၀ဝဝ) မဂ္ဂါဝပ်၊ လိုင်ဇာရေအားလျှပ်စစ် စီမံကိန်းမှ (၂၈၀ဝ)မဂ္ဂါဝပ်၊ ချီဖွေစီမံကိန်းမှ (၃၄၀ဝ)မဂ္ဂါဝပ်၊ အူဆောက်စီမံကိန်းမှ (၂၅၀ဝ) မဂ္ဂါဝပ်၊ ဖီဆော်စီမံကိန်း မှ (၂၄၀ဝ)မဂ္ဂါဝပ်၊ ခေါင်လန်ဖူးစီမံကိန်းမှ (၃၀ဝဝ) မဂ္ဂါဝပ်နှင့် ရီနန်စီမံကိန်းမှ (၁၄၀ဝ) မဂ္ဂါဝပ် စုစုပေါင်း လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် (၂၀ဝဝဝ) ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ၌ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေသည့် ဓာတ်အားပေးစက်ရုံများ၏ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှာ (၇၁၈၄ ဒသမ ၄၆) မဂ္ဂါဝပ်ရှိသော်လည်း တစ်ရက်လျှင် လျှပ်စစ် ဓာတ်အား (၂၈၀ဝ) မဂ္ဂါဝပ်ခန့်သာ ပျမ်းမျှထုတ်လုပ်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် စုစုပေါင်း (၅၄၄၃)မဂ္ဂါဝပ်ဖြစ်သော်လည်း လိုအပ်ချက်၏ (၅၀) ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်းသိရသည်။

zawgyi version
ဧရာဝတီ ျမစ္ဆုံ-ျမစ္ညာျမစ္ဝွမ္း ေရအားလွ်ပ္စစ္စီမံကိန္း ျပန္လည္စတင္ရန္ ႏိုင္ငံေရးအသိုင္းအဝိုင္းအခ်ိဳ႕ ေထာက္ခံ
ျမဴနစ္ (NP News) - ေမ ၃ဝ
ဧရာဝတီျမစ္ဆုံ-ျမစ္ညာျမစ္ဝွမ္းေရးအား လွ်ပ္စစ္စီမံကိန္းကို ျပန္လည္စတင္ရန္ နစကအစိုးရအဖြဲ႕က ႀကိဳးပမ္းေနေၾကာင္း သတင္းရရွိသည္။
လက္ရွိတြင္ အဆိုပါေရအားလွ်ပ္စစ္စီမံကိန္းႏွင့္ပတ္သက္၍ သုေတသနလုပ္ငန္းမ်ား၊ နည္း ပညာဆိုင္ရာေျဖရွင္းခ်က္မ်ားႏွင့္ ျပည္သူ႔ဆက္ဆံေရးလုပ္ငန္းမ်ားကို စီမံေဆာင္႐ြက္ႏိုင္ရန္ ဧရာဝတီ ျမစ္ဆုံ -ျမစ္ညာျမစ္ဝွမ္းေရအားလွ်ပ္စစ္စီမံကိန္း ဦးေဆာင္အဖြဲ႕ကို ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ဧရာဝတီျမစ္ဆုံ-ျမစ္ညာျမစ္ဝွမ္းေရးအားလွ်ပ္စစ္စီမံကိန္းဦးေဆာင္အဖြဲ႕ကို (၁၁)ဦးျဖင့္ ဖြဲ႕စည္း ထားၿပီး အဖြဲ႕တြင္ ေခါင္းေဆာင္အျဖစ္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးက တာဝန္ယူ ထားသည္။ ထို႔ျပင္ ဦးေဆာင္အဖြဲ႕တြင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၏ သယံဇာတေရးရာဝန္ႀကီးက ဒုတိယအဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူထားေၾကာင္း သိရသည္။ ဧရာဝတီျမစ္ဆုံ-ျမစ္ညာျမစ္ဝွမ္းေရးအားလွ်ပ္စစ္စီမံကိန္းအတြက္ သုေတသနလုပ္ငန္းမ်ား၊ နည္းပညာဆိုင္ရာေျဖရွင္းခ်က္မ်ားႏွင့္ ျပည္သူ႔ဆက္ဆံေရးလုပ္ငန္းမ်ားကို ဒုဝန္ႀကီးေခါင္းေဆာင္ေသာ ဦးေဆာင္အဖြဲ႕ႏွင့္ SPIC Yunnan International Power Investment (SPICYN) ကုမၸဏီ၏ ဦးေဆာင္ အဖြဲ႕တို႔ ပူးေပါင္း၍ စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ေရအားလွ်ပ္စစ္စီမံကိန္း၏ အဓိကကိစၥရပ္မ်ားအေပၚ နည္းပညာဆိုင္ရာလုပ္ငန္း အဖြဲ႕ႏွင့္ ျပည္သူ႔ဆက္ဆံေရးလုပ္ငန္းအဖြဲ႕တို႔ကို အထက္ပါဦးေဆာင္အဖြဲ႕ႏွစ္ခုက လမ္းၫႊန္မႈေပး ျခင္းႏွင့္ ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္းတို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံ အစိုးရမ်ားအၾကား စီမံကိန္းကိစၥမ်ားကို ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ ေရးအတြက္ အေထာက္အကူျပဳႏိုင္ေရးတို႔ကို ေဆာင္႐ြက္သြားရန္လည္း ဒုဝန္ႀကီးေခါင္းေဆာင္ေသာ ဦးေဆာင္အဖြဲ႕ကို နစကအစိုးရက တာဝန္ေပးထားသည္။ ဧရာဝတီျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကို နစကအစိုးရအေနျဖင့္ ျပန္လည္စတင္ရန္ ႀကိဳးပမ္းလာမႈအေပၚ ေထာက္ခံႀကိဳဆိုေၾကာင္း အမ်ိဳးသား ဒီမိုကေရစီပါတီသစ္မွ ဒုတိယဥကၠ႒ ဦးခိုင္မင္းက NP News ကိုေျပာသည္။
“ျမစ္ဆုံစီမံကိန္းကို ျပန္လည္ေဖာ္ေဆာင္မယ့္ ဘယ္လိုကိစၥမ်ိဳးကိုမဆို ေထာက္ခံတယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ တိုင္းျပည္အတြက္အေရးႀကီးဆုံးက လွ်ပ္စစ္မီးလိုတယ္။ ေနာက္တစ္ ခုက သမၼတႀကီး ဦးသိန္းစိန္လက္ထက္တုန္းက ဘယ္လိုအေၾကာင္းေၾကာင့္ ရပ္ခဲ့တာပဲျဖစ္ျဖစ္ အဲဒီအက်ိဳးဆက္ေတြကို အခုခ်ိန္မွာ ႏိုင္ငံေရးသင္ခန္းစာအျဖစ္ ယူရမယ္။ အခုခ်ိန္မွာ ျပည္သူလူထုအတြက္ အလိုအပ္ဆုံးသည္ လွ်ပ္စစ္ပဲ။ လွ်ပ္စစ္လိုအပ္ခ်က္ရဲ႕ဒဏ္ကိုခံခဲ့ရတာလည္း ႏွစ္ေပါင္းမနည္းေတာ့ဘူး။ အခုလို ၂၀၂၁ ေနာက္ပိုင္းမွာ အၾကမ္းဖက္သမားေတြရဲ႕ ဖ်က္ဆီးမႈေၾကာင့္ ပ်က္စီးခဲ့ရတဲ့ လွ်ပ္စစ္နဲ႔ဆိုင္တဲ့ အေျခခံ အေဆာက္အအုံေတြရွိတယ္။ အဲဒီဒဏ္ေတြေၾကာင့္ ျပည္သူေရာ၊ တိုင္းျပည္တိုးတက္ေရးအတြက္ အဓိက လိုအပ္တဲ့ လွ်ပ္စစ္က အမ်ားႀကီးခ်ိဳ႕တဲ့ခဲ့ရတယ္။ အခုျမစ္ဆုံစီမံကိန္း ျပန္စမယ္ဆိုတာကို ေထာက္ခံတယ္”ဟု ဦးခိုင္မင္းက ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏အဓိကလိုအပ္ခ်က္သည္ လွ်ပ္စစ္ဓာတ္အားျဖစ္သည့္ အတြက္ ဧရာဝတီျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကို ျပန္လည္အေကာင္အထည္ေဖာ္သင့္ေၾကာင္း ၎ကထပ္မံအႀကံျပဳထားသည္။ ဧရာဝတီျမစ္ဆုံ-ျမစ္ညာျမစ္ဝွမ္း ေရအားလွ်ပ္စစ္စီမံကိန္းႏွင့္ပတ္သက္၍ သုေတ သနလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္အတြက္ ဦးေဆာင္အဖြဲ႕တစ္ခုအေနျဖင့္ ပါဝင္မည့္ SPIC Yunnan International Power Investment (SPICYN) ကုမၸဏီသည္ တ႐ုတ္ႏိုင္ငံ လွ်ပ္စစ္ဓာတ္အားရင္းႏွီးျမႇဳပ္ႏွံမႈေကာ္ပိုေရးရွင္း -CPI မွ အမည္ေျပာင္းလဲခဲ့ေသာ ကုမၸဏီျဖစ္ေၾကာင္းသိရသည္။
အဆိုပါေရအားလွ်ပ္စစ္စီမံကိန္းကို ၂၀ဝ၉ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ယင္းစီမံကိန္းကို CPI ၊ Asia World ကုမၸဏီႏွင့္ ျမန္မာအစိုးရတို႔ ပူးေပါင္းကာ အေကာင္အထည္ေဖာ္ရန္ စီစဥ္ခဲ့ေသာ စီမံကိန္း တစ္ခုျဖစ္သည္။ သို႔ေသာ္ ဧရာဝတီျမစ္ဆုံ-ျမစ္ညာ ျမစ္ဝွမ္း ေရအားလွ်ပ္စစ္စီမံကိန္းအေပၚ ကန႔္ကြက္ ဆႏၵျပမႈမ်ား ရွိလာသည့္အတြက္ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၁ ခုႏွစ္ စက္တင္ဘာလကုန္ ပိုင္းတြင္ ၎အုပ္ခ်ဳပ္သည့္အစိုးရ သက္တမ္းအတြင္း၌ စီမံကိန္းအေကာင္အထည္ေဖာ္မႈကို ရပ္ဆိုင္း မည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ ထိုသို႔ ဦးသိန္းစိန္အစိုးရ သက္တမ္းကုန္ဆုံး၍ NLD အစိုးရတာဝန္ယူခ်ိန္တြင္ ဧရာဝတီျမစ္ဆုံ ေရအားလွ်ပ္စစ္စီမံကိန္း ျပန္လည္စတင္ႏိုင္ရန္ တ႐ုတ္ႏိုင္ငံဘက္က ႀကိဳးပမ္းမႈမ်ားရွိခဲ့ေသာ္လည္း စီမံကိန္းအား ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိခဲ့ေၾကာင္း ေတြ႕ရသည္။ လက္ရွိတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရအေနျဖင့္ ဧရာဝတီျမစ္ဆုံ-ျမစ္ညာျမစ္ဝွမ္း ေရအားလွ်ပ္စစ္စီမံကိန္းကို ျပန္လည္စတင္ႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းမ်ား၊ ျပည္သူ႔ဆက္ဆံ ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ျပင္ဆင္ေနလ်က္ရွိသည္။
ျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းႏွင့္ပတ္သက္၍ မည္သည့္အစိုးရျဖစ္ေစ ျပည္သူလူထုအတြက္ အက်ိဳးရွိမည္ဆိုပါက ေထာက္ခံေၾကာင္း ရခိုင့္ ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို သုံးသပ္ေျပာၾကားသည္။ “န်ဴကလီးယားစြမ္းအားကို အစားမထိုးႏိုင္ခင္ သဘာဝအရင္းအျမစ္ရဲ႕ ဟာ ကို ပထမသုံးသပ္ဖို႔လိုတယ္။ ျမစ္ဆုံလိုဟာမ်ိဳး အလဟႆေရေတြ ပင္လယ္ေရာက္သြားတာမ်ိဳးမျဖစ္ဖို႔ အသုံးျပဳဖို႔လိုတယ္။ သံလြင္ျမစ္ကိုလည္း အသုံးျပဳဖို႔လိုတယ္။ ဘယ္အစိုးရျဖစ္ျဖစ္ေပါ့ဗ်ာ အသုံးျပဳတယ္ လူထုအတြက္ဆိုရင္ ကြၽန္ေတာ္တို႔က ေထာက္ခံပါတယ္” ဟု ေဒါက္တာေအးေမာင္က ေျပာသည္။ ထိုသို႔ ဧရာဝတီျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကို အေကာင္အထည္ေဖာ္ရာတြင္ သဘာဝထိခိုက္မႈ အနည္း ဆုံးျဖင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအမ်ားဆုံး ရရွိေရးအတြက္ စဥ္းစားသုံးသပ္ကာ ေဆာင္႐ြက္သင့္ ေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။ “ဖြံ႕ၿဖိဳးမႈနဲ႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈဆိုတာကို ယွဥ္ဆတိုင္းမွာ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဓိက အေရးႀကီးတဲ့ လွ်ပ္စစ္စြမ္းအားလိုအပ္တယ္။ အဲဒီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔အတြက္ သဘာဝပတ္ဝန္းက်င္ကို အထိအခိုက္အနည္းဆုံးနဲ႔ စီမံကိန္းကို ေအာင္ျမင္ေအာင္လုပ္ရမယ္။ အဲဒီရဲ႕ ေအာင္ျမင္မႈကတစ္ဆင့္ တျခားဖြံ႕ၿဖိဳးမႈ ေျခလွမ္းေတြကို တစ္ဆင့္ခ်င္းလွမ္းရမွာေပါ့။ အဲဒါကို လုပ္သင့္တယ္။ ေနာက္ဒုတိယတစ္ခ်က္ကေတာ့ အဲဒီမွာ တိုင္းရင္းသားေတြ၊ ေဒသခံေတြရဲ႕ landmark လို႔ ေျပာေကာင္းေျပာၾကမွာေပါ့။ ဒါေပမဲ့ အဲဒီ landmark ကိုလည္း အသိ အမွတ္ျပဳဖို႔လိုမယ္။ အဲဒီ landmark က တစ္ဆင့္ ဒီထက္မကဖြံ႕ၿဖိဳးတိုးတက္မႈကို အရယူႏိုင္တယ္ ဆိုတဲ့ အစီအစဥ္ေကာင္းတစ္ခုနဲ႔ အဲဒီဟာကို ထပ္ၿပီးေတာ့ landmark အႀကီးႀကီးျဖစ္ေအာင္ ေဆာင္႐ြက္ရမယ္”ဟု ေဒါက္တာေအးေမာင္က ဆိုသည္။ ထို႔ျပင္ ဧရာဝတီျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကို အေကာင္အထည္ေဖာ္ရာတြင္ ဧရာဝတီျမစ္ကို ထာဝရစီးဆင္းႏိုင္ေရးအတြက္ လုပ္ေဆာင္ေပးရန္ လိုအပ္ေၾကာင္းလည္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ က ဆက္ လက္ေျပာသည္။
ျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းမွ လွ်ပ္စစ္ဓာတ္အား (၆၀ဝဝ) မဂၢါဝပ္၊ လိုင္ဇာေရအားလွ်ပ္စစ္ စီမံကိန္းမွ (၂၈၀ဝ)မဂၢါဝပ္၊ ခ်ီေဖြစီမံကိန္းမွ (၃၄၀ဝ)မဂၢါဝပ္၊ အူေဆာက္စီမံကိန္းမွ (၂၅၀ဝ) မဂၢါဝပ္၊ ဖီေဆာ္စီမံကိန္း မွ (၂၄၀ဝ)မဂၢါဝပ္၊ ေခါင္လန္ဖူးစီမံကိန္းမွ (၃၀ဝဝ) မဂၢါဝပ္ႏွင့္ ရီနန္စီမံကိန္းမွ (၁၄၀ဝ) မဂၢါဝပ္ စုစုေပါင္း လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ (၂၀ဝဝဝ) ေက်ာ္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိ၌ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးေနသည့္ ဓာတ္အားေပးစက္႐ုံမ်ား၏ စုစုေပါင္းဓာတ္အားထုတ္လုပ္ႏိုင္မွာ (၇၁၈၄ ဒသမ ၄၆) မဂၢါဝပ္ရွိေသာ္လည္း တစ္ရက္လွ်င္ လွ်ပ္စစ္ ဓာတ္အား (၂၈၀ဝ) မဂၢါဝပ္ခန႔္သာ ပ်မ္းမွ်ထုတ္လုပ္ႏိုင္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ဆိုသည္။ ျမန္မာႏိုင္ငံ၏ လက္ရွိ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္သည္ စုစုေပါင္း (၅၄၄၃)မဂၢါဝပ္ျဖစ္ေသာ္လည္း လိုအပ္ခ်က္၏ (၅၀) ရာခိုင္ႏႈန္းကိုသာ ထုတ္လုပ္ေပးႏိုင္လ်က္ရွိေၾကာင္းသိရသည္။