ရှမ်းပြည်မြောက်ပိုင်းတွင် FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တချို့ကြား နယ်မြေလုသည့်အငြင်းပွားမှုများကြောင့် တင်းမာမှုများ ဆက်ဖြစ်နေ

 2086

မြူနစ် (NP News) - ဇွန် ၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တချို့ကြား နယ်မြေလုသည့်အငြင်းပွားမှုများ ဖြစ်ပေါ်နေကာ တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို “ဝ”လက်နက်ကိုင်အဖွဲ့ UWSA က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းကော်မတီကို မဟာမိတ်လက်နက်ကိုင်များဖြစ်သော UWSA၊ MNDAA၊ TNLA၊ AA၊ KIA၊ SSPP၊ NDAA တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
MNDAA၊ TNLA၊ AA တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများကို အပြင်းအထန်ဖော်ဆောင်ခဲ့ပြီး ကွတ်ခိုင်မြို့အပါအဝင် မြို့ပေါင်း (၁၀)ခုထက်မနည်းကို ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် MNDAA၊ TNLA၊ AA တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲထားပြီး ၎င်းလက်နက်ကိုင်အဖွဲ့များသည် အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေလျက်ရှိကြောင်း တွေ့ရှိရသည်။၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ်နိုင်ခဲ့သော မြို့များအနက် ကွတ်ခိုင်၊ နမ့်ခမ်းအပါအဝင် မြို့(၇)မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်နေပြီးဖြစ်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က ထုတ်ပြန်ကြေညာခဲ့သည်ကိုတွေ့ရသည်။

သို့သော် လက်ရှိတွင် ကွတ်ခိုင်မြို့နယ်အတွင်း၌ TNLA အဖွဲ့၊ MNDAA အဖွဲ့၊ KIA အဖွဲ့တို့ကြား နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး ပြီးခဲ့သော ဧပြီ ၁၉ ရက်တွင် မော်ဟန်ကျေးရွာအုပ်စုအနီးတွင် TNLA နှင့် MNDAA တို့ကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ “ကွတ်ခိုင်လွင်ပြင်သည် KIA ကလည်း သူ့ရဲ့ဘူမိနတ်သန်လို့ သတ်မှတ်ထားမှာပေါ့။ သမိုင်းအရအဖြစ်ဖြစ်၊ သူ့ရဲ့လူမျိုးနွယ်စု အခုထိရှိကြတာကို။ သိပ်ပြီးတော့ အတင်အချများတဲ့ ရှမ်းမြောက်ရဲ့ အနေအထားပေါ့။ မြန်မာ့တပ်မတော်ဘက်က တစ်နည်းအားဖြင့် ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကို နောက်ကိုဆုတ်လိုက်တာနဲ့ အဲဒီလေဟာနယ်ကို ဝင်လုကြတာပေါ့ဗျာ။ သူပိုင် တယ်။ ငါပိုင်တယ်။ ဒီပြဿနာကိုရှင်းဖို့အတွက် ညှိနှိုင်းမှုမရှိရင် အချင်းချင်းပြန်တိုက်ကြရတော့မှာပေါ့။ သူ့မှာလည်း လက်နက်ရှိတယ်။ ကိုယ့်မှာလည်း လက်နက်ရှိတယ်။ ဒါပေမဲ့ ဒီမြေတွေအားလုံးသည် ရှမ်းတို့ရဲ့ဘူမိနတ်သန်ဆိုရင် ရှမ်းလူထုက ဘယ်ခံမှာလဲဗျ”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။

ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထိန်းချုပ်နိုင်ခဲ့သော သိန်းနီမြို့နယ်အတွင်းတွင်လည်း ပြီးခဲ့သော မတ်လ၌ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP နှင့် နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်ကာ ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သိန်းနီမြို့နယ်အတွင်း၌ရှိနေသော ၎င်းတို့၏ တပ်စခန်းကို MNDAA အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SSPP အဖွဲ့က အသိပေးထုတ်ပြန်ခဲ့ဖူးသည်။

အလားတူ TNLA အဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နမ့်ခမ်းမြို့နယ်အတွင်းတွင်လည်း SSPP နှင့် TNLA အဖွဲ့တို့ကြား နယ်မြေအငြင်းပွားနေမှုများကြောင့် စစ်ရေးတင်းမာနေလျက်ရှိသည်။ နမ့်ခမ်းဒေသသည် ယခင်ကတည်းက SSPP အဖွဲ့ဝင်များ လှုပ်ရှားရာဒေသဖြစ်သော်လည်း TNLA အဖွဲ့သည် ယင်းနယ်မြေအတွင်းမှ ထွက်ခွာသွားရန် SSPP အဖွဲ့ဝင်များကို ဖိအားပေးနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သော မေ ၂၇ ရက်တွင် TNLA အဖွဲ့သည် နမ့်ခမ်းဒေသအတွင်းရှိ SSPP အဖွဲ့ဝင်များကို သာလွန်အင်အားဖြင့် ဝိုင်းကာ အဖွဲ့ဝင်ပေါင်း(၁၀၀)ကျော်ကို ဖမ်းဆီးခေါ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “လက်နက်ကြောင့်၊ လူကြောင့်၊ အင်အားကြောင့် တိုင်းရင်းသားတစ်ခုရဲ့ ဘုမိနတ်သန်ကို တခြားတိုင်းရင်းသားတစ်ခုက ရယူသင့်၊ မသင့်ဆိုတဲ့ မေးခွန်းသည် သမိုင်းအရ၊ လက်တွေ့အနေအထားအရ လက်နက်ကိုင်တွေကြားမှာ တစ်ဖက်နဲ့ တစ်ဖက် သံသယလေးတွေ၊ မေးချင်စရာလေးတွေပေါ့ဗျာ ဒါလေးတွေ ဒွိဟပွားစရာလေးတွေ ဖြစ်နေပြီလို့တော့ သုံးသပ်လို့ ရတာပေါ့” ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။

လတ်တလောအခြေအနေတွင် TNLA နှင့် SSPP တို့အကြား နယ်မြေအငြင်းပွားမှုများကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်ပေါ် နေကြောင်း SSPP အဖွဲ့ မေ ၃၁ ရက်နေ့တွင် အသိပေးကြေညာထားသည်။ TNLA အဖွဲ့သည် မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသားစီရလိုမှု၊ လူမျိုးရေးခွဲခြားဆက်ဆံလိုမှုတို့ဖြင့် ပြုမူပြောဆိုမှုများရှိနေပြီး ၎င်းအပေါ် လုံးဝကန့်ကွက်ရှုတ်ချကြောင်းလည်း SSPP က ကြေညာထားသည်။

“နယ်မြေလုတိုက်ပွဲတွေက ဖြစ်လည်း ဖြစ်လာနိုင်တာပေါ့၊ ဖြစ်လည်း မဖြစ်လာနိုင်ဘူးပေါ့။ အဲဒါက ထိန်းညှိနိုင်မှုနဲ့ ဆိုင်လိမ့် မယ်။ သူတို့အားလုံးသည် FPNCC ရဲ့ ညှိနှိုင်းမှုအောက်မှာ နိုင်ငံရေးညှိနှိုင်းမှုအောက်မှာ ဆိုရင်ပေါ့။ FPNCC ရဲ့ ဦးဆောင်ဦးရွက်ပြုတဲ့ ပုဂ္ဂိုလ်တွေဘက်က ဘယ်လောက်ပါဝင်လာသလဲဆိုတာနဲ့ ဆိုင်မှာပေါ့။ နောက် ဟိုင်ဂင် ၁၊ ၂၊ ၃၊ ၄ ပေါ့ အဲဒီရဲ့ သဘောတူညီချက်အပေါ်မှာ ပါဝင်လာတဲ့အဖွဲ့အစည်းအချင်းချင်း ဘယ်လောက်အထိ နှစ်ဖက်သဘောတူညီမှုကို လိုက်နာ နိုင်သလဲဆိုတာနဲ့လည်း ဆိုင်မှာပေါ့။ ဆိုတော့ အဲဒီနှစ်ခုအရပဲ သုံးသပ်ရမှာပေါ့။ ဖြစ်လည်း ဖြစ်လာနိုင်တယ်။ ဖြစ်လည်း မဖြစ်လာနိုင်ဘူးပေါ့” ဟု ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။

zawgyi version
ရွမ္းျပည္ေျမာက္ပိုင္းတြင္ FPNCC အဖြဲ႕ဝင္ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ၾကား နယ္ေျမလုသည့္အျငင္းပြားမႈမ်ားေၾကာင့္ တင္းမာမႈမ်ား ဆက္ျဖစ္ေန

ျမဴနစ္ (NP News) - ဇြန္ ၁

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ FPNCC အဖြဲ႕ဝင္ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ၾကား နယ္ေျမလုသည့္အျငင္းပြားမႈမ်ား ျဖစ္ေပၚေနကာ တင္းမာမႈမ်ား ဆက္လက္ျဖစ္ပြားေနေၾကာင္း သိရသည္။

ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ(FPNCC)ကို “ဝ”လက္နက္ကိုင္အဖြဲ႕ UWSA က ဦးေဆာင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ၎ေကာ္မတီကို မဟာမိတ္လက္နက္ကိုင္မ်ားျဖစ္ေသာ UWSA၊ MNDAA၊ TNLA၊ AA၊ KIA၊ SSPP၊ NDAA တို႔ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။
MNDAA၊ TNLA၊ AA တို႔သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း၌ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ တိုက္ပြဲမ်ားကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့ၿပီး ကြတ္ခိုင္ၿမိဳ႕အပါအဝင္ ၿမိဳ႕ေပါင္း (၁၀)ခုထက္မနည္းကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တပ္မေတာ္ႏွင့္ MNDAA၊ TNLA၊ AA တို႔သည္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ႏွစ္ဖက္အပစ္အခတ္ရပ္စဲထားၿပီး ၎လက္နက္ကိုင္အဖြဲ႕မ်ားသည္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ေနလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။၁၀၂၇ စစ္ဆင္ေရးအတြင္း ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ ၿမိဳ႕မ်ားအနက္ ကြတ္ခိုင္၊ နမ့္ခမ္းအပါအဝင္ ၿမိဳ႕(၇)ၿမိဳ႕တြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား စတင္ေဖာ္ေဆာင္ေနၿပီးျဖစ္ေၾကာင္း တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ဘက္က ထုတ္ျပန္ေၾကညာခဲ့သည္ကိုေတြ႕ရသည္။

သို႔ေသာ္ လက္ရွိတြင္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း၌ TNLA အဖြဲ႕၊ MNDAA အဖြဲ႕၊ KIA အဖြဲ႕တို႔ၾကား နယ္ေျမအျငင္းပြားမႈမ်ား ျဖစ္ေပၚေနလ်က္ရွိၿပီး ၿပီးခဲ့ေသာ ဧၿပီ ၁၉ ရက္တြင္ ေမာ္ဟန္ေက်း႐ြာအုပ္စုအနီးတြင္ TNLA ႏွင့္ MNDAA တို႔ၾကား ႏွစ္ဖက္ထိေတြ႕ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ဖူးသည္။ “ကြတ္ခိုင္လြင္ျပင္သည္ KIA ကလည္း သူ႔ရဲ႕ဘူမိနတ္သန္လို႔ သတ္မွတ္ထားမွာေပါ့။ သမိုင္းအရအျဖစ္ျဖစ္၊ သူ႔ရဲ႕လူမ်ိဳးႏြယ္စု အခုထိရွိၾကတာကို။ သိပ္ၿပီးေတာ့ အတင္အခ်မ်ားတဲ့ ရွမ္းေျမာက္ရဲ႕ အေနအထားေပါ့။ ျမန္မာ့တပ္မေတာ္ဘက္က တစ္နည္းအားျဖင့္ ဗဟိုအစိုးရရဲ႕ အုပ္ခ်ဳပ္မႈကို ေနာက္ကိုဆုတ္လိုက္တာနဲ႔ အဲဒီေလဟာနယ္ကို ဝင္လုၾကတာေပါ့ဗ်ာ။ သူပိုင္ တယ္။ ငါပိုင္တယ္။ ဒီျပႆနာကိုရွင္းဖို႔အတြက္ ညႇိႏႈိင္းမႈမရွိရင္ အခ်င္းခ်င္းျပန္တိုက္ၾကရေတာ့မွာေပါ့။ သူ႔မွာလည္း လက္နက္ရွိတယ္။ ကိုယ့္မွာလည္း လက္နက္ရွိတယ္။ ဒါေပမဲ့ ဒီေျမေတြအားလုံးသည္ ရွမ္းတို႔ရဲ႕ဘူမိနတ္သန္ဆိုရင္ ရွမ္းလူထုက ဘယ္ခံမွာလဲဗ်”ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ သိန္းနီၿမိဳ႕နယ္အတြင္းတြင္လည္း ၿပီးခဲ့ေသာ မတ္လ၌ ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ SSPP ႏွင့္ နယ္ေျမအျငင္းပြားမႈမ်ား ျဖစ္ေပၚကာ ထိေတြ႕တိုက္ပြဲတခ်ိဳ႕ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ သိန္းနီၿမိဳ႕နယ္အတြင္း၌ရွိေနေသာ ၎တို႔၏ တပ္စခန္းကို MNDAA အဖြဲ႕က ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း SSPP အဖြဲ႕က အသိေပးထုတ္ျပန္ခဲ့ဖူးသည္။

အလားတူ TNLA အဖြဲ႕က အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ နမ့္ခမ္းၿမိဳ႕နယ္အတြင္းတြင္လည္း SSPP ႏွင့္ TNLA အဖြဲ႕တို႔ၾကား နယ္ေျမအျငင္းပြားေနမႈမ်ားေၾကာင့္ စစ္ေရးတင္းမာေနလ်က္ရွိသည္။ နမ့္ခမ္းေဒသသည္ ယခင္ကတည္းက SSPP အဖြဲ႕ဝင္မ်ား လႈပ္ရွားရာေဒသျဖစ္ေသာ္လည္း TNLA အဖြဲ႕သည္ ယင္းနယ္ေျမအတြင္းမွ ထြက္ခြာသြားရန္ SSPP အဖြဲ႕ဝင္မ်ားကို ဖိအားေပးေနဆဲျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့ေသာ ေမ ၂၇ ရက္တြင္ TNLA အဖြဲ႕သည္ နမ့္ခမ္းေဒသအတြင္းရွိ SSPP အဖြဲ႕ဝင္မ်ားကို သာလြန္အင္အားျဖင့္ ဝိုင္းကာ အဖြဲ႕ဝင္ေပါင္း(၁၀၀)ေက်ာ္ကို ဖမ္းဆီးေခၚမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ “လက္နက္ေၾကာင့္၊ လူေၾကာင့္၊ အင္အားေၾကာင့္ တိုင္းရင္းသားတစ္ခုရဲ႕ ဘုမိနတ္သန္ကို တျခားတိုင္းရင္းသားတစ္ခုက ရယူသင့္၊ မသင့္ဆိုတဲ့ ေမးခြန္းသည္ သမိုင္းအရ၊ လက္ေတြ႕အေနအထားအရ လက္နက္ကိုင္ေတြၾကားမွာ တစ္ဖက္နဲ႔ တစ္ဖက္ သံသယေလးေတြ၊ ေမးခ်င္စရာေလးေတြေပါ့ဗ်ာ ဒါေလးေတြ ဒြိဟပြားစရာေလးေတြ ျဖစ္ေနၿပီလို႔ေတာ့ သုံးသပ္လို႔ ရတာေပါ့” ဟု ေဒါက္တာေအးေမာင္က ဆက္လက္ေျပာသည္။

လတ္တေလာအေျခအေနတြင္ TNLA ႏွင့္ SSPP တို႔အၾကား နယ္ေျမအျငင္းပြားမႈမ်ားေၾကာင့္ ႏွစ္ဖက္တင္းမာမႈမ်ားျဖစ္ေပၚ ေနေၾကာင္း SSPP အဖြဲ႕ ေမ ၃၁ ရက္ေန႔တြင္ အသိေပးေၾကညာထားသည္။ TNLA အဖြဲ႕သည္ မဟာမိတ္က်င့္ဝတ္မဲ့စြာ ႏိုင္ငံေရးအသားစီရလိုမႈ၊ လူမ်ိဳးေရးခြဲျခားဆက္ဆံလိုမႈတို႔ျဖင့္ ျပဳမူေျပာဆိုမႈမ်ားရွိေနၿပီး ၎အေပၚ လုံးဝကန႔္ကြက္ရႈတ္ခ်ေၾကာင္းလည္း SSPP က ေၾကညာထားသည္။

“နယ္ေျမလုတိုက္ပြဲေတြက ျဖစ္လည္း ျဖစ္လာႏိုင္တာေပါ့၊ ျဖစ္လည္း မျဖစ္လာႏိုင္ဘူးေပါ့။ အဲဒါက ထိန္းညႇိႏိုင္မႈနဲ႔ ဆိုင္လိမ့္ မယ္။ သူတို႔အားလုံးသည္ FPNCC ရဲ႕ ညႇိႏႈိင္းမႈေအာက္မွာ ႏိုင္ငံေရးညႇိႏႈိင္းမႈေအာက္မွာ ဆိုရင္ေပါ့။ FPNCC ရဲ႕ ဦးေဆာင္ဦး႐ြက္ျပဳတဲ့ ပုဂၢိဳလ္ေတြဘက္က ဘယ္ေလာက္ပါဝင္လာသလဲဆိုတာနဲ႔ ဆိုင္မွာေပါ့။ ေနာက္ ဟိုင္ဂင္ ၁၊ ၂၊ ၃၊ ၄ ေပါ့ အဲဒီရဲ႕ သေဘာတူညီခ်က္အေပၚမွာ ပါဝင္လာတဲ့အဖြဲ႕အစည္းအခ်င္းခ်င္း ဘယ္ေလာက္အထိ ႏွစ္ဖက္သေဘာတူညီမႈကို လိုက္နာ ႏိုင္သလဲဆိုတာနဲ႔လည္း ဆိုင္မွာေပါ့။ ဆိုေတာ့ အဲဒီႏွစ္ခုအရပဲ သုံးသပ္ရမွာေပါ့။ ျဖစ္လည္း ျဖစ္လာႏိုင္တယ္။ ျဖစ္လည္း မျဖစ္လာႏိုင္ဘူးေပါ့” ဟု ေဒါက္တာေအးေမာင္က သုံးသပ္ထားသည္။

Related news

© 2021. All rights reserved.