မင်းဘူး-ပဒါန်းသွားလမ်းတွင် ခရီးသည်ကားတစ်စီးကို AA အဖွဲ့ ပစ်ခတ်မှုကြောင့် (၂)နှစ်အရွယ်ကလေးငယ် အပါအဝင် ၅ ဦး သေဆုံး

 1859

NP News - ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူး-ပဒါန်းသွားလမ်းတွင် ခရီးသည်တင်ကားတစ်စီးကို AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ရာ (၂)နှစ်အရွယ်ကလေးငယ် အပါအဝင် ၅ ဦး သေဆုံးသွားခဲ့ကြောင်း ပဒါန်းအခြေစိုက် သတင်းရင်းမြစ် တစ်ဦးနဲ့ မင်းဘူးဘက်မှ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန် ၈ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်တွင် မကွေးတိုင်း၊ ဒေသအခေါ်ပိန်းရေစမ်းအနီးတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပဒါန်းကနေ အမ်းကိုသွားတဲ့ မှန်လုံကားအပစ်ခံရတာ။ အမ်းမြို့မှာကျောင်းပြန်တက်လို့ရပြီဆိုတော့ ကျောင်းတက် ဖို့ပြန်သွားတဲ့ကျောင်းသားတွေလည်း ပါတာပေါ့နော်။ အဲဒီမှာ မကွေးတိုင်းအစွန် ပိန်းရေစမ်းလို့ခေါ်တဲ့နေရာမှ AA က ဟိုဘက်က ၄၊၅ယောက် ဒီဘက်က ၄၊၅၊၆ယောက်ညှပ်ပစ်လိုက်တာ။ အဲဒီအထဲမှာ ကလေးတစ်ဦးက (၂)နှစ် လောက်ပဲ ရှိဦးမယ်။ မိခင်နဲ့ရင်ဝယ်ပိုက်လေး အခုထိ ကလေးအလောင်းကော မိခင်အလောင်းကောက တော်တော် နဲ့ ဖယ်လို့မရဘူး" ဟု အထက်ပါသတင်းအရစ်အမြစ်က NP News ကို ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် HONDAI အမျိုးအစား မှန်လုံကားပေါ်တွင် လိုက်ပါလာသည့် လူ(၁၆)ဦး အနက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ယာဉ်မောင်းကတော့ ခြေထောက်တွေကျိုးပဲ့ပြီး မသေတဲ့ခရီးသည်တစ်ယောက်က ကားမောင်းပြီး မင်းဘူးဆေးရုံ ကို ရောက်လာတယ်။ ကားကလည်း ပေပွနေတာပဲ ကျည်တွေ မှန်ထားတာ။ အဲဒီမှာ လူကြီးက ၄ယောက်နဲ့ ကလေး လေး ၂ နှစ်သားလေးတစ်ယောက်နဲ့ဆို ၅ ယောက် သေသွားတယ်" ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်ခဲ့ရသည့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူများမှာ အမ်းမြို့တွင် နေထိုင်သူများဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားချိန်တွင် ပဒါန်းဘက်သို့ နေရပ်စွန့်ခွာရောက်ရှိနေသူများဖြစ်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အတွက် ကလေးငယ်များအား ကျောင်းအပ်နှံရန်ပြန်လည်သွားရောက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံပရဟိတအသင်းက မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

Zawgyi Version;
မင္းဘူး-ပဒါန္းသြားလမ္းတြင္ ခရီးသည္ကားတစ္စီးကို AA အဖြဲ႕ ပစ္ခတ္မႈေၾကာင့္ (၂)ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ ၅ ဦး ေသဆုံး
NP News - ဇြန္ ၉

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး-ပဒါန္းသြားလမ္းတြင္ ခရီးသည္တင္ကားတစ္စီးကို AA လက္နက္ကိုင္အဖြဲ႕က ပစ္ခတ္ခဲ့ရာ (၂)ႏွစ္အ႐ြယ္ကေလးငယ္ အပါအဝင္ ၅ ဦး ေသဆုံးသြားခဲ့ေၾကာင္း ပဒါန္းအေျခစိုက္ သတင္းရင္းျမစ္ တစ္ဦးနဲ႔ မင္းဘူးဘက္မွ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္ ၈ ရက္)၊ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ မေကြးတိုင္း၊ ေဒသအေခၚပိန္းေရစမ္းအနီးတြင္ ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ပဒါန္းကေန အမ္းကိုသြားတဲ့ မွန္လုံကားအပစ္ခံရတာ။ အမ္းၿမိဳ႕မွာေက်ာင္းျပန္တက္လို႔ရၿပီဆိုေတာ့ ေက်ာင္းတက္ ဖို႔ျပန္သြားတဲ့ေက်ာင္းသားေတြလည္း ပါတာေပါ့ေနာ္။ အဲဒီမွာ မေကြးတိုင္းအစြန္ ပိန္းေရစမ္းလို႔ေခၚတဲ့ေနရာမွ AA က ဟိုဘက္က ၄၊၅ေယာက္ ဒီဘက္က ၄၊၅၊၆ေယာက္ညႇပ္ပစ္လိုက္တာ။ အဲဒီအထဲမွာ ကေလးတစ္ဦးက (၂)ႏွစ္ ေလာက္ပဲ ရွိဦးမယ္။ မိခင္နဲ႔ရင္ဝယ္ပိုက္ေလး အခုထိ ကေလးအေလာင္းေကာ မိခင္အေလာင္းေကာက ေတာ္ေတာ္ နဲ႔ ဖယ္လို႔မရဘူး" ဟု အထက္ပါသတင္းအရစ္အျမစ္က NP News ကို ေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ HONDAI အမ်ိဳးအစား မွန္လုံကားေပၚတြင္ လိုက္ပါလာသည့္ လူ(၁၆)ဦး အနက္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ ၅ ဦး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
"ယာဥ္ေမာင္းကေတာ့ ေျခေထာက္ေတြက်ိဳးပဲ့ၿပီး မေသတဲ့ခရီးသည္တစ္ေယာက္က ကားေမာင္းၿပီး မင္းဘူးေဆး႐ုံ ကို ေရာက္လာတယ္။ ကားကလည္း ေပပြေနတာပဲ က်ည္ေတြ မွန္ထားတာ။ အဲဒီမွာ လူႀကီးက ၄ေယာက္နဲ႔ ကေလး ေလး ၂ ႏွစ္သားေလးတစ္ေယာက္နဲ႔ဆို ၅ ေယာက္ ေသသြားတယ္" ဟု ၎က ဆက္ေျပာသည္။

အဆိုပါ ပစ္ခတ္ခဲ့ရသည့္ ခရီးသည္တင္ကားေပၚတြင္ လိုက္ပါလာသူမ်ားမွာ အမ္းၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္ၿပီး တိုက္ပြဲမ်ားျဖစ္ပြားခ်ိန္တြင္ ပဒါန္းဘက္သို႔ ေနရပ္စြန္႔ခြာေရာက္ရွိေနသူမ်ားျဖစ္ကာ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္သည့္အတြက္ ကေလးငယ္မ်ားအား ေက်ာင္းအပ္ႏွံရန္ျပန္လည္သြားေရာက္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

ေသဆုံးထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေဒသခံပရဟိတအသင္းက မင္းဘူးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

© 2021. All rights reserved.