စစ်တပ်နဲ့ ကမ္ဘာမကျေလောက်တဲ့ ရန်ငြိုးမျိုးရှိခဲ့ပေမယ့် တိုင်းပြည်မျက်နှာကြည့်ခဲ့သူ (အတ္ထုပ္ပတ္တိ)
8800
ဂျန်ဇက် (NP News) - ဇွန် ၁၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်တွေထဲမှာ သက်တမ်းအကြာဆုံး တာဝန်ယူနိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ကို ပြပါဆိုရင် လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ပြရမှာဖြစ်ပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိ ရှိတ်ဟာစီနာဟာ ကမ္ဘာပေါ်ရှိ အမျိုးသမီးဝန်ကြီးချုပ်တွေထဲမှာလည်း သက်တမ်း အကြာဆုံးတာဝန်ယူနိုင်ခဲ့သူဖြစ်ပေမယ့် ဝန်ကြီးချုပ်မဖြစ်ခင်ခက်ခဲတဲ့ စိန်ခေါ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသူဖြစ်ပါတယ်။
ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးတည်ထောင်သူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပထမဆုံးသမ္မတ ဖြစ်တဲ့ မူဂျိဘာရာမန်ရဲ့သမီးဖြစ်ပေမယ့် နိုင်ငံရေးလောကဓံကို ဆိုးရွားစွာရင်ဆိုင်ဖြတ် သန်းခဲ့ရသူဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရှိတ်ဟာစီနာဟာ သမ္မတတစ်ဦးရဲ့သမီးဖြစ်ခဲ့ပေမယ့် ပြည်ပြေးအဖြစ် ရှင်သန်နေထိုင်ခဲ့ရသလို အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူဖြစ်ပါတယ်။
ရှိတ်ဟာဆီနာကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ (၂၈)ရက်မှာ ဂိုပါလ်ဂန်ခရိုင်၊ တွန်ဂျီပါရာမြို့မှာ မွေးဖွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန်ရဲ့ သားသမီး (၅)ဦးအနက် အကြီးဆုံး သမီးဖြစ်ပါတယ်။ သူဟာ ဒါကာတက္ကသိုလ်မှ ၁၉၇၃ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝမှာတည်းက လူထုလှုပ် ရှားမှုများအားလုံးမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဘွဲ့ရရှိပြီးနောက် နှစ်နှစ်အကြာမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကာလအတွင်း ရှိတ်ဟာစီနာရဲ့ ခင်ပွန်းဖြစ်သူကလွဲပြီး ဖခင်ဖြစ်သူအပါအဝင် မိသားစုဝင်အများ အပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က စစ်အာဏာသိမ်းမှုကာလအတွင်း စစ်သားတွေဟာ ရှိတ်ဟာစီနာရဲ့ ဖခင်ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လွတ်လပ်ရေးဖခင် ဘန်ဂါ ဘန်ဒူ ရှိတ်မူဂျီဘူရာမန်၊ မိခင်ဖြစ်သူ၊ မောင်သုံးဦးနဲ့ ညီမတစ်ဦးအပြင် မိသားစုဝင်အများအပြားကိုလုပ် ကြံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရှိတ်ဟာစီနာနဲ့ သား နှစ်ဦးတို့ဟာ ဥရောပတိုက်ကို အလည်အပတ်သွားရောက်ခဲ့တဲ့အတွက် လုပ်ကြံခံရမှုဘေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ရှိတ်ဟာစီနာဟာ စစ်တပ်ရဲ့လုပ်ကြံမှုကြောင့် မိဘ၊ ဆွေမျိုးအများအပြား ဆုံးရှုံးခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီးအိမ်မှာခိုလှုံနေထိုင်ခဲ့ရသလို အိန္ဒိယနိုင်ငံမှာလည်း နိုင်ငံရေးခိုလှုံခွင့်နဲ့နေထိုင်ခဲ့ရပါ တယ်။ အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်အာဏာသိမ်း စစ်တပ်ဟာ ရှိတ်ဟာစီနာတို့သားအမိတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ ပြန်လာခွင့်ပိတ်ပင်ခဲ့ပါတယ်။ ရှိတ်ဟာစီနာဟာ ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖခင်ဖြစ်သူတည်ထောင်ခဲ့တဲ့ အေဝါမီလိဂ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ၁၉၈၁ ခုနှစ်မှာ မေလမှာ မိခင်နိုင်ငံကို ပြန်လာခဲ့ရာ အေဝါမီလိဂ်ပါတီ အားပေးထောက်ခံသူတွေရဲ့ ကြိုဆိုခြင်းကိုခံခဲ့ရပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အဝါမီလိဂ် ပါတီကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာ (၃) နေရာ အနိုင်ရရှိခဲ့သလို ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပါလီမန်အတွင်း အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ရှိတ်ဟာစီနာဟာ အဲဒီအချိန် တုန်းက ပါလီမန်ရှိ နိုင်ငံရေးပါတီအားလုံးကို ဦးဆောင်ပြီး သမ္မတစနစ်ကနေ ပါလီမန်စနစ်သို့ ပြောင်းလဲခဲ့ပါတယ်။
ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားဘဝကို ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် မိသား စုဝင်အများအပြား ကို လုပ်ကြံခဲ့တဲ့စစ်တပ်ကို ဖြုတ်ချနိုင်ဖို့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ၁၉၈၁ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ ဦးဆောင်လုပ်ကိုင်ခဲ့ပြီး မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။
၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ အတိုက်ခံပါတီခေါင်းဆောင်အဖြစ်ရပ်တည်ခဲ့ပြီး နိုင်ငံအတွင်း နှစ်ပေါင်း များစွာကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှိတ်ဟာစီနာ ဦးဆောင်နေတဲ့ အေဝါမီလိဂ်ပါတီ အနိုင်ရပြီးနောက် ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံရဲ့ဝန်ကြီးချုပ်အဖြစ် ၁၉၉၆ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ် အထိ တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။
အေဝါမီလိဂ်ပါတီဟာ စစ်တပ်နဲ့ ရင်းနှီးမှု ရှိတဲ့Bangladesh Nationalist Party ကို အနိုင်ရဖို့ကြိုးပမ်းပြီး ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရတာဖြစ်ပါတယ်။ ရှိတ်ဟာစီနာဟာ ၂၀ဝ၁ ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဝန်ကြီးချုပ်အဖြစ်ဆက်လက်တာဝန်ယူခွင့်မရဘဲ အတိုက်ခံခေါင်းဆောင်အဖြစ် ရပ်တည်လှုပ် ရှားခဲ့ရပါတယ်။
အတိုက်အခံပါတီခေါင်းဆောင်အဖြစ် လှုပ်ရှားနေချိန်အတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး ရှိတ်ဟာစီနာဦးဆောင်နေတဲ့ အေဝါမီလိဂ်ပါတီရဲ့ အဓိကအရေးပါသူပါတီဝင်အများအပြားလုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ အေဝါမီလိဂ်ပါတီနဲ့ဘီအမ်ပီပါတီတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး ပါတီတစ်ခုက အာဏာရချိန်မှာ ပြိုင်ဘက်ပါတီကိုအလဲထိုးနိုင်ဖို့ ကြိုးပမ်းခဲ့ရာ ကြီးမားတဲ့ဆန္ဒပြပွဲတွေ လည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
ရှိတ်ဟာစီနာဦးဆောင်တဲ့ အေဝါမီလိဂ် ပါတီနဲ့ ၎င်းရဲ့အဓိကပြိုင်ဘက် ဘီအမ်ပီပါတီ ကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးအငြင်းပွားမှုတွေ၊ ပြဿနာ တွေကြောင့် စစ်တပ်က ကြားဝင်ဆောင်ရွက်မှုတွေလည်းရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်တပ်က နိုင်ငံရေးပါတီတွေကြား ကြားဝင်ထိန်းသိမ်းမှုပြု လုပ်နေတဲ့ ကာလအတွင်း ရှိတ်ဟာစီနာဟာ၂၀ဝ၆ ခု နှစ်ကနေ ၂၀ဝ၈ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရဖူးပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့အစိုးရအဖွဲ့ဟာ အဲဒီအချိန်တုန်းက ရှိတ်ဟာစီနာ ကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက်တင်ပြီး ဖမ်း ဆီးထောင်ချခဲ့ပေမယ့် ၂၀ဝ၈ ခုနှစ်မှာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ရှိတ်ဟာ စီနာဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး စစ်တပ်ကို နိုင်ငံရေးပြဿနာတွေထဲ ကြားမဝင် အောင် ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂၀ဝ၈ ခုနှစ်နောက်ပိုင်းတည်းက စစ်တပ်ဟာ နိုင်ငံရေးလောကမှာ တိုက်ရိုက်ပါဝင်ပတ်သက်တာ မျိုးမရှိခဲ့ဘဲ ရှိတ်ဟာစီနာအနေနဲ့ ၂၀ဝ၉ ခုနှစ် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရှိတ်ဟာစီနာဟာ ၂၀ဝ၉ ခုနှစ် ရွေး ကောက်ပွဲနောက်ပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ (၄) ခုကို ဆက်တိုက်အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခွင့်ရခဲ့ပါတယ်။ နိုင်ငံရေးလောကကို စတင် ဝင်ရောက်ချိန်က စစ်တပ်အပြင် စစ်တပ်ကကျော ထောက်နောက်ခံပေးထားတဲ့ ဘီအမ်ပီပါတီတို့ကို ဝေဖန်တိုက်ခိုက်တဲ့ပုံစံမျိုးလုပ်ဆောင်ခဲ့ပေမယ့် ၂၀ဝ၈ ခုနှစ်နောက်ပိုင်းမှာတော့ အဓိကပြိုင်ဘက် ပါတီဖြစ်တဲ့ ဘီအမ်ပီပါတီကို အနိုင်ရယူနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုစည်းရုံးပြီး ဆက်ဆံရေးကောင်းအောင်တည်ဆောက်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။
ရှိတ်ဟာစီနာဟာ နိုင်ငံရေးလောကဓံကို ခါးသီးစွာရင်ဆိုင်တွေ့ကြုံခဲ့ရပြီး သူရဲ့နိုင်ငံရေး သမားဘဝအတွင်း လုပ်ကြံခံရမှုအကြိမ်ပေါင်း အနည်းဆုံး (၁၉) ကြိမ်နဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရ ပါတယ်။ ရှိတ်ဟာစီနာဟာ ၂၀ဝ၄ ခုနှစ်ကဖြစ်ပွားတဲ့ ဗုံးခွဲလုပ်ကြံမှုအတွင်း ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ ပြီး သူရဲ့အကြားအာရုံ ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အမျိုးသမီးဝန်ကြီးချုပ်သမိုင်းမှာ သက်တမ်းအကြာဆုံးဝန်ကြီးချုပ်တစ်ဦးအဖြစ် တာ ဝန်ယူနိုင်ဖို့ စိန်ခေါ်မှုပေါင်းများစွာနဲ့ လုပ်ကြံခံရမှု ပေါင်းများစွာကို အောင်မြင်စွာရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူလို့ဆိုနိုင်ပါတယ်။ ရှိတ်ဟာစီနာဟာ ဘီအမ်ပီပါတီ ကို အနိုင်ရယူဖို့အတွက် အဓိကအဖွဲ့အစည်းတစ်ခုဖြစ် တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို အောင်အောင်မြင်မြင် စည်းရုံးနိုင်မှုမရှိဘူးဆိုရင် လက်ရှိအချိန်မှာလည်း ဝန်ကြီးချုပ်အဖြစ်ရပ်တည်ခွင့်ရမှာမဟုတ်ဘဲ စွဲချက်အ မျိုးမျိုးရင်ဆိုင်ရကာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
zawgyi version
စစ္တပ္နဲ႔ ကမာၻမေက်ေလာက္တဲ့ ရန္ၿငိဳးမ်ိဳးရွိခဲ့ေပမယ့္ တိုင္းျပည္မ်က္ႏွာ ၾကည့္ခဲ့သူ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၀
ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္ေတြထဲမွာ သက္တမ္းအၾကာဆုံး တာဝန္ယူႏိုင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ကို ျပပါဆိုရင္ လက္ရွိဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာကို ျပရမွာျဖစ္ပါတယ္။
အသက္ ၇၆ ႏွစ္အ႐ြယ္ရွိ ရွိတ္ဟာစီနာဟာ ကမာၻေပၚရွိ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ေတြထဲမွာလည္း သက္တမ္း အၾကာဆုံးတာဝန္ယူႏိုင္ခဲ့သူျဖစ္ေပမယ့္ ဝန္ႀကီးခ်ဳပ္မျဖစ္ခင္ခက္ခဲတဲ့ စိန္ေခၚမႈေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ခဲ့ရသူျဖစ္ပါတယ္။
ရွိတ္ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ပထမဆုံးတည္ေထာင္သူနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ပထမဆုံးသမၼတ ျဖစ္တဲ့ မူဂ်ိဘာရာမန္ရဲ႕သမီးျဖစ္ေပမယ့္ ႏိုင္ငံေရးေလာကဓံကို ဆိုး႐ြားစြာရင္ဆိုင္ျဖတ္ သန္းခဲ့ရသူျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ရွိတ္ဟာစီနာဟာ သမၼတတစ္ဦးရဲ႕သမီးျဖစ္ခဲ့ေပမယ့္ ျပည္ေျပးအျဖစ္ ရွင္သန္ေနထိုင္ခဲ့ရသလို အက်ဥ္းေထာင္ထဲမွာ ႏွစ္ေပါင္းမ်ားစြာၾကာဖမ္းဆီးထိန္းသိမ္းခံခဲ့ရဖူးသူျဖစ္ပါတယ္။
ရွိတ္ဟာဆီနာကို ၁၉၄၇ ခုႏွစ္ စက္တင္ဘာလ (၂၈)ရက္မွာ ဂိုပါလ္ဂန္ခ႐ိုင္၊ တြန္ဂ်ီပါရာၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ လြတ္လပ္ေရးကို ရယူေပးခဲ့တဲ့ ဘန္ဂါဘန္ဒူ ရွိတ္မူဂ်ီဘူရာမန္ရဲ႕ သားသမီး (၅)ဦးအနက္ အႀကီးဆုံး သမီးျဖစ္ပါတယ္။ သူဟာ ဒါကာတကၠသိုလ္မွ ၁၉၇၃ ခုႏွစ္မွာ ဘြဲ႕ရရွိခဲ့ၿပီး တကၠသိုလ္ေက်ာင္းသားဘဝမွာတည္းက လူထုလႈပ္ ရွားမႈမ်ားအားလုံးမွာ ပါဝင္ေဆာင္႐ြက္ခဲ့သူျဖစ္ပါတယ္။ ဘြဲ႕ရရွိၿပီးေနာက္ ႏွစ္ႏွစ္အၾကာမွာျဖစ္ပြားခဲ့တဲ့ စစ္အာဏာသိမ္းမႈကာလအတြင္း ရွိတ္ဟာစီနာရဲ႕ ခင္ပြန္းျဖစ္သူကလြဲၿပီး ဖခင္ျဖစ္သူအပါအဝင္ မိသားစုဝင္အမ်ား အျပား လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ၁၉၇၅ ခုႏွစ္ ဩဂုတ္လ ၁၅ ရက္ေန႔က စစ္အာဏာသိမ္းမႈကာလအတြင္း စစ္သားေတြဟာ ရွိတ္ဟာစီနာရဲ႕ ဖခင္ျဖစ္သလို ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕လြတ္လပ္ေရးဖခင္ ဘန္ဂါ ဘန္ဒူ ရွိတ္မူဂ်ီဘူရာမန္၊ မိခင္ျဖစ္သူ၊ ေမာင္သုံးဦးနဲ႔ ညီမတစ္ဦးအျပင္ မိသားစုဝင္အမ်ားအျပားကိုလုပ္ ႀကံခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ရွိတ္ဟာစီနာနဲ႔ သား ႏွစ္ဦးတို႔ဟာ ဥေရာပတိုက္ကို အလည္အပတ္သြားေရာက္ခဲ့တဲ့အတြက္ လုပ္ႀကံခံရမႈေဘးကေန လြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။
ရွိတ္ဟာစီနာဟာ စစ္တပ္ရဲ႕လုပ္ႀကံမႈေၾကာင့္ မိဘ၊ ေဆြမ်ိဳးအမ်ားအျပား ဆုံးရႈံးခဲ့ရၿပီးေနာက္ ဂ်ာမနီႏိုင္ငံ ဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္ ႀကီးအိမ္မွာခိုလႈံေနထိုင္ခဲ့ရသလို အိႏၵိယႏိုင္ငံမွာလည္း ႏိုင္ငံေရးခိုလႈံခြင့္နဲ႔ေနထိုင္ခဲ့ရပါ တယ္။ အဲဒီအခ်ိန္တုန္းက ဘဂၤလားေဒ့ရွ္အာဏာသိမ္း စစ္တပ္ဟာ ရွိတ္ဟာစီနာတို႔သားအမိေတြကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံဆီ ျပန္လာခြင့္ပိတ္ပင္ခဲ့ပါတယ္။ ရွိတ္ဟာစီနာဟာ ၁၉၈၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ဖခင္ျဖစ္သူတည္ေထာင္ခဲ့တဲ့ ေအဝါမီလိဂ္ပါတီဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ၁၉၈၁ ခုႏွစ္မွာ ေမလမွာ မိခင္ႏိုင္ငံကို ျပန္လာခဲ့ရာ ေအဝါမီလိဂ္ပါတီ အားေပးေထာက္ခံသူေတြရဲ႕ ႀကိဳဆိုျခင္းကိုခံခဲ့ရပါတယ္။ ၁၉၈၆ ခုႏွစ္မွာ က်င္းပတဲ့ ပါလီမန္ေ႐ြးေကာက္ပြဲမွာ အဝါမီလိဂ္ ပါတီကို ကိုယ္စားျပဳပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး အမတ္ေနရာ (၃) ေနရာ အႏိုင္ရရွိခဲ့သလို ၁၉၉၁ ခုႏွစ္ ေ႐ြးေကာက္ပြဲအၿပီးမွာ ဘဂၤလားေဒ့ရွ္ ပၪၥမအႀကိမ္ ပါလီမန္အတြင္း အတိုက္အခံေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။ ရွိတ္ဟာစီနာဟာ အဲဒီအခ်ိန္ တုန္းက ပါလီမန္ရွိ ႏိုင္ငံေရးပါတီအားလုံးကို ဦးေဆာင္ၿပီး သမၼတစနစ္ကေန ပါလီမန္စနစ္သို႔ ေျပာင္းလဲခဲ့ပါတယ္။
ရွိတ္ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးသမားဘဝကို ပါဝင္ေဆာင္႐ြက္ခဲ့ၿပီးေနာက္ မိသား စုဝင္အမ်ားအျပား ကို လုပ္ႀကံခဲ့တဲ့စစ္တပ္ကို ျဖဳတ္ခ်ႏိုင္ဖို႔ စစ္အစိုးရဆန႔္က်င္ေရးလႈပ္ရွားမႈေတြကို ၁၉၈၁ ခုႏွစ္ကေန ၁၉၉၁ ခုႏွစ္အထိ ဦးေဆာင္လုပ္ကိုင္ခဲ့ၿပီး ေမွ်ာ္လင့္မထားတဲ့ စိန္ေခၚမႈေတြရင္ဆိုင္ခဲ့ရပါတယ္။
၁၉၉၁ ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္အထိ အတိုက္ခံပါတီေခါင္းေဆာင္အျဖစ္ရပ္တည္ခဲ့ၿပီး ႏိုင္ငံအတြင္း ႏွစ္ေပါင္း မ်ားစြာၾကာအုပ္ခ်ဳပ္ခဲ့တဲ့ အာဏာရွင္စနစ္ကို တိုက္ဖ်က္ႏိုင္ဖို႔ ဦးေဆာင္ႀကိဳးပမ္းခဲ့ပါတယ္။ ၁၉၉၆ ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ရွိတ္ဟာစီနာ ဦးေဆာင္ေနတဲ့ ေအဝါမီလိဂ္ပါတီ အႏိုင္ရၿပီးေနာက္ ရွိတ္ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ ငံရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ ၁၉၉၆ ခုႏွစ္ကေန ၂၀ဝ၁ ခုႏွစ္ အထိ တာဝန္ယူခြင့္ရရွိခဲ့ပါတယ္။
ေအဝါမီလိဂ္ပါတီဟာ စစ္တပ္နဲ႔ ရင္းႏွီးမႈ ရွိတဲ့Bangladesh Nationalist Party ကို အႏိုင္ရဖို႔ႀကိဳးပမ္းၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမဆုံးအႀကိမ္ ေ႐ြးခ်ယ္ခံရတာျဖစ္ပါတယ္။ ရွိတ္ဟာစီနာဟာ ၂၀ဝ၁ ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ အတြက္ ဝန္ႀကီးခ်ဳပ္အျဖစ္ဆက္လက္တာဝန္ယူခြင့္မရဘဲ အတိုက္ခံေခါင္းေဆာင္အျဖစ္ ရပ္တည္လႈပ္ ရွားခဲ့ရပါတယ္။
အတိုက္အခံပါတီေခါင္းေဆာင္အျဖစ္ လႈပ္ရွားေနခ်ိန္အတြင္း လုပ္ႀကံသတ္ျဖတ္မႈေတြ ရင္ဆိုင္ခဲ့ရေပမယ့္ ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ရွိတ္ဟာစီနာဦးေဆာင္ေနတဲ့ ေအဝါမီလိဂ္ပါတီရဲ႕ အဓိကအေရးပါသူပါတီဝင္အမ်ားအျပားလုပ္ႀကံ သတ္ျဖတ္ျခင္းခံခဲ့ရပါတယ္။ ေအဝါမီလိဂ္ပါတီနဲ႔ဘီအမ္ပီပါတီတို႔ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးသမိုင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီး ပါတီတစ္ခုက အာဏာရခ်ိန္မွာ ၿပိဳင္ဘက္ပါတီကိုအလဲထိုးႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ရာ ႀကီးမားတဲ့ဆႏၵျပပြဲေတြ လည္း ျဖစ္ေပၚခဲ့ဖူးပါတယ္။
ရွိတ္ဟာစီနာဦးေဆာင္တဲ့ ေအဝါမီလိဂ္ ပါတီနဲ႔ ၎ရဲ႕အဓိကၿပိဳင္ဘက္ ဘီအမ္ပီပါတီ ၾကား ျဖစ္ပြားေနတဲ့ ႏိုင္ငံေရးအျငင္းပြားမႈေတြ၊ ျပႆနာ ေတြေၾကာင့္ စစ္တပ္က ၾကားဝင္ေဆာင္႐ြက္မႈေတြလည္းရွိခဲ့ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ စစ္တပ္က ႏိုင္ငံေရးပါတီေတြၾကား ၾကားဝင္ထိန္းသိမ္းမႈျပဳ လုပ္ေနတဲ့ ကာလအတြင္း ရွိတ္ဟာစီနာဟာ၂၀ဝ၆ ခု ႏွစ္ကေန ၂၀ဝ၈ ခုႏွစ္အတြင္း ဖမ္းဆီးထိန္းသိမ္းခံခဲ့ ရဖူးပါတယ္။
စစ္တပ္ေက်ာေထာက္ေနာက္ခံေပးထားတဲ့အစိုးရအဖြဲ႕ဟာ အဲဒီအခ်ိန္တုန္းက ရွိတ္ဟာစီနာ ကို အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ စြဲခ်က္တင္ၿပီး ဖမ္း ဆီးေထာင္ခ်ခဲ့ေပမယ့္ ၂၀ဝ၈ ခုႏွစ္မွာ က်န္းမာေရး အေၾကာင္းျပခ်က္နဲ႔ ျပန္လႊတ္ေပးခဲ့ပါတယ္။ ရွိတ္ဟာ စီနာဟာ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ စစ္တပ္နဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္ပိုမိုတည္ေဆာက္ႏိုင္ခဲ့ၿပီး စစ္တပ္ကို ႏိုင္ငံေရးျပႆနာေတြထဲ ၾကားမဝင္ ေအာင္ ႀကိဳးပမ္းေပးႏိုင္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာ ၂၀ဝ၈ ခုႏွစ္ေနာက္ပိုင္းတည္းက စစ္တပ္ဟာ ႏိုင္ငံေရးေလာကမွာ တိုက္႐ိုက္ပါဝင္ပတ္သက္တာ မ်ိဳးမရွိခဲ့ဘဲ ရွိတ္ဟာစီနာအေနနဲ႔ ၂၀ဝ၉ ခုႏွစ္ ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရရွိခဲ့တာ ျဖစ္ပါတယ္။
ရွိတ္ဟာစီနာဟာ ၂၀ဝ၉ ခုႏွစ္ ေ႐ြး ေကာက္ပြဲေနာက္ပိုင္း က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲ (၄) ခုကို ဆက္တိုက္အႏိုင္ရခဲ့ၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခြင့္ရခဲ့ပါတယ္။ ႏိုင္ငံေရးေလာကကို စတင္ ဝင္ေရာက္ခ်ိန္က စစ္တပ္အျပင္ စစ္တပ္ကေက်ာ ေထာက္ေနာက္ခံေပးထားတဲ့ ဘီအမ္ပီပါတီတို႔ကို ေဝဖန္တိုက္ခိုက္တဲ့ပုံစံမ်ိဳးလုပ္ေဆာင္ခဲ့ေပမယ့္ ၂၀ဝ၈ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ အဓိကၿပိဳင္ဘက္ ပါတီျဖစ္တဲ့ ဘီအမ္ပီပါတီကို အႏိုင္ရယူႏိုင္ဖို႔ ဘဂၤလားေဒ့ရွ္စစ္တပ္ကိုစည္း႐ုံးၿပီး ဆက္ဆံေရးေကာင္းေအာင္တည္ေဆာက္ႏိုင္ခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေျပာပါတယ္။
ရွိတ္ဟာစီနာဟာ ႏိုင္ငံေရးေလာကဓံကို ခါးသီးစြာရင္ဆိုင္ေတြ႕ႀကဳံခဲ့ရၿပီး သူရဲ႕ႏိုင္ငံေရး သမားဘဝအတြင္း လုပ္ႀကံခံရမႈအႀကိမ္ေပါင္း အနည္းဆုံး (၁၉) ႀကိမ္နဲ႔ ရင္ဆိုင္ေတြ႕ႀကဳံခဲ့ရ ပါတယ္။ ရွိတ္ဟာစီနာဟာ ၂၀ဝ၄ ခုႏွစ္ကျဖစ္ပြားတဲ့ ဗုံးခြဲလုပ္ႀကံမႈအတြင္း ျပင္းထန္တဲ့ဒဏ္ရာေတြရရွိခဲ့ ၿပီး သူရဲ႕အၾကားအာ႐ုံ ထိခိုက္ဆုံးရႈံးခဲ့ရတယ္လို႔ ဆိုပါတယ္။
ကမာၻ႔အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္သမိုင္းမွာ သက္တမ္းအၾကာဆုံးဝန္ႀကီးခ်ဳပ္တစ္ဦးအျဖစ္ တာ ဝန္ယူႏိုင္ဖို႔ စိန္ေခၚမႈေပါင္းမ်ားစြာနဲ႔ လုပ္ႀကံခံရမႈ ေပါင္းမ်ားစြာကို ေအာင္ျမင္စြာရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရသူလို႔ဆိုႏိုင္ပါတယ္။ ရွိတ္ဟာစီနာဟာ ဘီအမ္ပီပါတီ ကို အႏိုင္ရယူဖို႔အတြက္ အဓိကအဖြဲ႕အစည္းတစ္ခုျဖစ္ တဲ့ ဘဂၤလားေဒ့ရွ္စစ္တပ္ကို ေအာင္ေအာင္ျမင္ျမင္ စည္း႐ုံးႏိုင္မႈမရွိဘူးဆိုရင္ လက္ရွိအခ်ိန္မွာလည္း ဝန္ႀကီးခ်ဳပ္အျဖစ္ရပ္တည္ခြင့္ရမွာမဟုတ္ဘဲ စြဲခ်က္အ မ်ိဳးမ်ိဳးရင္ဆိုင္ရကာ အက်ဥ္းေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းခံရဖြယ္ရွိတယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။