စစ်ရှုံး TNLA အကြမ်းဖက်သောင်းကျန်းသူများက သီပေါမြို့ရှိဌာနဆိုင်ရာဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူလူထု၏နေအိမ်များအားမီးရှို့ထွက်ပြေး

 165

သုတကျော် ( NP News) - အောက်တိုဘာ ၁၆

စစ်ရှုံးနေသော TNLA အကြမ်းဖက်သောင်းကျန်းသူများက သီပေါမြို့ရှိဌာနဆိုင်ရာဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူလူထု၏နေအိမ်များအားမီးရှို့ထွက်ပြေးသွားခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။


တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် လည်းကောင်း၊ ကျောက်မဲမြို့အား အောက်တိုဘာ ၁ ရက် တွင်လည်း ကောင်း တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများက အတူတကွပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အလားတူ TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် ၎င်းဒေသ တစ်ဝိုက်ကိုလည်း ခေတ္တစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည် သိမ်းပိုက် ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် သီပေါမြို့အဝင် Toll Gate သို့ ရောက်ရှိစဉ် မြို့တွင်းမှ မီးခိုးလုံးများ တွေ့ရှိသဖြင့် မြို့တွင်းသို့ ဝင်ရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ သည် သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့် ပြည်သူလူထု၏ နေအိမ်များအား ရက်စက်ယုတ်မာစွာ မီးရှို့ ထွက်ပြေး သွားကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အခြားအဆောက်အအုံများ မီးကူး စက်မှုမရှိစေရေးအတွက် မီးငြှိမ်းသတ်နိုင်ရေးနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version

စစ္ရႈံး TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက သီေပါၿမိဳ႕ရွိဌာနဆိုင္ရာဆိုင္ရာအေဆာက္အအုံမ်ားႏွင့္ ျပည္သူလူထု၏ေနအိမ္မ်ားအားမီးရႈိ႕ထြက္ေျပး

သုတေက်ာ္ ( NP News) - ေအာက္တိုဘာ ၁၆

စစ္ရႈံးေနေသာ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက သီေပါၿမိဳ႕ရွိဌာနဆိုင္ရာဆိုင္ရာအေဆာက္အအုံမ်ားႏွင့္ ျပည္သူလူထု၏ေနအိမ္မ်ားအားမီးရႈိ႕ထြက္ေျပးသြားခဲ့ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။


တပ္မေတာ္အေနျဖင့္ TNLA အၾကမ္းဖက္အဖြဲ႕ႏွင့္ DPLA ၊ PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေခတၱစိုးမိုးထားသည့္ ၿမိဳ႕/႐ြာမ်ားအား ျပန္လည္ သိမ္းပိုက္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး (Counter-Terrorism Operation)မ်ားကို ေဆာင္႐ြက္ခဲ့ရာ ေနာင္ခ်ိဳၿမိဳ႕အား ၂၀၂၅ ခုႏွစ္၊ ဇူလိုင္ ၁၆ ရက္တြင္ လည္းေကာင္း၊ ေက်ာက္မဲၿမိဳ႕အား ေအာက္တိုဘာ ၁ ရက္ တြင္လည္း ေကာင္း တပ္မေတာ္က အၿပီးတိုင္ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေဒသျပန္လည္ထူေထာင္ ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္ႏွင့္ ေဒသခံ ျပည္သူမ်ားက အတူတကြပူးေပါင္းလက္တြဲ၍ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္။

အလားတူ TNLA အၾကမ္းဖက္အဖြဲ႕ႏွင့္ DPLA ၊ PDF အမည္ခံ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအေနျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕ႏွင့္ ၎ေဒသ တစ္ဝိုက္ကိုလည္း ေခတၱစိုးမိုးၿပီး အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္လ်က္ရွိသျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက သီေပါၿမိဳ႕ႏွင့္ ၎ေဒသတစ္ဝိုက္အား ျပန္လည္ သိမ္းပိုက္ ရရွိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိရာ ယေန႔ညေနပိုင္းတြင္ သီေပါၿမိဳ႕အဝင္ Toll Gate သို႔ ေရာက္ရွိစဥ္ ၿမိဳ႕တြင္းမွ မီးခိုးလုံးမ်ား ေတြ႕ရွိသျဖင့္ ၿမိဳ႕တြင္းသို႔ ဝင္ေရာက္ ရွင္းလင္းခဲ့ရာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား သည္ သီေပါၿမိဳ႕အတြင္းရွိ ဌာနဆိုင္ရာ အေဆာက္အအုံမ်ားျဖစ္သည့္ အက်ဥ္းဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ ေရးမႉး႐ုံး၊ ေျမစာရင္း႐ုံး၊ သီေပါဟိုတယ္အပါအဝင္ အျခားဌာနဆိုင္ရာအေဆာက္ အအုံမ်ားႏွင့္ ျပည္သူလူထု၏ ေနအိမ္မ်ားအား ရက္စက္ယုတ္မာစြာ မီးရႈိ႕ ထြက္ေျပး သြားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက အျခားအေဆာက္အအုံမ်ား မီးကူး စက္မႈမရွိေစေရးအတြက္ မီးျငႇိမ္းသတ္ႏိုင္ေရးႏွင့္ လိုအပ္သည့္ နယ္ေျမလုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.