ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရန် နယ်စပ်မှတဆင့် ထွက်ခွာမှုများရှိနေသည့်အတွက် ထိုင်းမှ အကျိုးအမြတ်ရနေ

537

စော (NP News) - အောက်တိုဘာ ၁၇
ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရန် နယ်စပ်မှတဆင့် ထွက်ခွာမှုများရှိနေသည့်အတွက် ထိုင်းနိုင်ငံမှ အကျိုး အမြတ်ရနေကြောင်း ဂျပန်စာသင်တန်းကျောင်းဖွင့်လှစ်ထားသူတစ်ဦးက NP News သို့ပြောသည်။
ပြည်ပနိုင်ငံများအလိုက် အလုပ်ခေါ်စာ(Demand)တစ်စောင် လျှင် ထိုင်းနိုင်ငံကို (၅၀) ဦး၊ ဂျပန်နိုင်ငံကို (၁၅) ဦး၊ တောင်ကိုရီးယားနိုင်ငံကို (၁၀) ဦး နှင့် စင်ကာပူနိုင်ငံကို (၅) ဦးသာ စေလွှတ်ခွင့်ပြုထားကြော င်း သိရသည်။
ထိုသို့ကန့်သတ်လိုက်သည့်အတွက် ဂျပန်နိုင်ငံသို့ အလုပ်သွားလုပ်ကြမည့်လူငယ်များသည် တာချီလိတ်ဘက်မှ တဆင့် ယိုးဒယားသို့သွားရောက်ပြီး ၎င်းနိုင်ငံ၏ ဂျပန်စာသင်တန်းကျောင်းများတွင် ကျောင်းတက်ကာ ဂျပန်သို့ သွားကြကြောင်း သိရသည်။
“ယိုးဒယားနိုင်ငံရဲ့ဂျပန်စာသင်တန်းကျောင်းတွေမှာ တက်တယ်။ ပြီးတဲ့အခါကျတော့ ဂျပန်ကိုသွားတယ်။ ဟိုဘက်သံရုံးတွေက COE(Certificate of Eligibility) ဆိုတာရှိတယ်။ အဲဒီ Certificate တွေပေးနေတဲ့အတွက် ကြောင့်မို့လို့ အားလုံးကသွားလို့ရနေတယ်။ ဆိုတော့ ပြန်သုံးသပ်ရင် ဒီဟာက ဘယ်သူနစ်နာနေလဲဆိုတော့ ကျွန်တော်တို့တွေပဲ နစ်နာနေတာပေါ့။ ကျွန်တော်ဆီက သွားတဲ့ကလေးတွေက နစ်နာနေတာ ဘယ်လိုပဲ ပိတ်ပိတ်၊ နည်းမျိုးစုံနဲ့ထွက်ကြတာကို။ ပုံမှန်ဆိုရင် မြန်မာပြည်မှာ ဝန်ဆောင်ခက ဒေါ်လာ (၁၈၀၀)လောက်နဲ့ ထွက်လို့ရနေ တဲ့ဟာက ယိုးဒယားကို သွားအကျိုးပြုနေသလိုလဲဖြစ်နေတယ်။ တာချီလိတ်ကနေ ထွက်တယ်။ လေဆိပ်ကနေ ထွက်တယ်။ ဟိုဘက်မှာ ကျောင်းတက်တယ်ဆို ကျောင်းစရိတ်တွေထပ်ကုန်တယ်။ နေထိုင်စရိတ်တွေ ထပ်ကုန် တယ်။ တစ်ခါပြီးရင်သွားမယ်ဆိုရင် အလုပ်လျှောက်မဲ့ဝန်ဆောင်ခက ထပ်ကုန်တာဆိုတော့ တကယ်တကယ်က ကိုယ့်နိုင်ငံကသွားတဲ့ကလေးတွေပဲ နစ်နာပြီးတော့ ယိုးဒယားက အမြတ်ထွက်သလိုဖြစ်နေတာပေါ့။ မြန်မာနိုင်ငံ ကုမ္ပဏီတွေလည်းအလုပ်မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ထွက်ခွာမှုများရှိနေသည့်အပြင် နယ်စပ်လမ်းကြောင်းများမှတဆင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင် ပေးမည် ဟုဆိုကာ အခကြေးငွေများယူ၍ ဆောင်ရွက်နေသည့် ပြင်ပဂျပန် စာသင်တန်းကျောင်းများ ပိုမိုများပြားလာပြီး အလိမ်ခံရသည့်ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
“ဂျပန်က တော်တော်များများထွက်တဲ့ထဲပါတာပေါ့။ ဂျပန်နဲ့ပတ်သက်တဲ့ဟာတစ်ခုကတော့ ဖြေလျော့ပြီး စဉ်းစားပေးစေချင်တယ်။ အလုပ်နဲ့လာတဲ့ဟာက ဘယ်လိုပဲဖြစ်ဖြစ် ပိတ်ထားလဲထွက်မှာပဲ။ ထွက်သွားပြီးတော့ သူများနိုင်ငံက သွားအကျိုးရှိမယ်။ ကိုယ့်ကလေးက ပိုဒုက္ခရောက်တယ်။ အဲဒီတော့ ခိုးထွက်တဲ့လမ်းကြောင်းကို ဘယ်လိုနည်းနဲ့ပိတ်ပိတ် ရတဲ့နည်းတဲ့အကုန်ထွက်မှာပဲ။ ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ နယ်စပ်တွေကိုဘယ်လိုမှ ပိတ်လို့ မရတာ။ စစ်မှုမထမ်းမနေရဆိုတာက တစ်နှစ်မှလူဦးဘယ်လောက်မှမရှိဘူး။ ခေါ်တဲ့ဟာ ဘယ်လောက်မှမရှိတာကို သန်းနဲ့ချီပြီး သိန်းနဲ့ချီပြီး ထွက်နေကြတာကို ပြန်ကာသင့်တာပေါ့။ ပြန်ကာဗာလုပ်တဲ့အနေနဲ့ ဂျပန်နိုင်ငံကိုတော့ ဖွင့်ပေးသင့်တယ်။ နောက်တစ်ခါကျတော့ ဂျပန်နိုင်ငံကိုထွက်ပြီးရင်လဲ တရားဝင်ငွေပြန်လွှဲတာတွေကို သေချာ ကြပ်ကြပ်မတ်မတ်လုပ်စေချင်တယ်။ ယိုးဒယားကနေ ထွက်သွားတဲ့လူတွေကျရင် အခွန်လည်းကောက်လို့မရဘူး။ နိုင်ငံတကာမှ ရှိတဲ့သံရုံးတွေကလည်း အဲဒီလူတွေကို စီမံခန့်ခွဲဖို့ ခက်တယ်။ အဲဒီလူတွေအနေနဲ့ကလည်း အလည် Passport တွေနဲ့ထွက်တဲ့အတွက်ကြောင့်မို့လို့ အဲဒီစာအုပ်တွေကို နိုင်ငံခြားမှာသက်တမ်းကုန်သွားရင် ဆက်သွယ် ဆောင်ရွက်ဖို့ကခက်သွားကော သံရုံးတွေက အလည်အပတ်ကိုတိုးပေးလို့မရဘူး။ ဆိုတော့ ကိုယ်နိုင်ငံသားတွေပဲ ဒုက္ခရောက်တယ်။ ရသင့်တဲ့ အခွန်တွေဝင်ငွေတွေ ကိုယ့်နိုင်ငံက မရဘူး။ ကိုယ်နိုင်ငံက သွားတဲ့ကလေးတွေက သူများနိုင်ငံကသွားတဲ့ကလေးတွေထက် ပိုပြီးကုန်ကျပြီးတော့ ဒုက္ခနဲ့ခက်ခက်ခဲခဲသွားရတယ်” ဟု ၎င်းက အကြံပြု ပြောသည်။

Zawgyi Version:
ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သြားလုပ္ရန္ နယ္စပ္မွတဆင့္ ထြက္ခြာမႈမ်ားရွိေနသည့္အတြက္ ထိုင္းမွ အက်ိဳးအျမတ္ရ ေန
ေစာ (NP News) - ေအာက္တိုဘာ ၁၇
ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သြားလုပ္ရန္ နယ္စပ္မွတဆင့္ ထြက္ခြာမႈမ်ားရွိေနသည့္အတြက္ ထိုင္းႏိုင္ငံမွ အက်ိဳး အျမတ္ရေနေၾကာင္း ဂ်ပန္စာသင္တန္းေက်ာင္းဖြင့္လွစ္ထားသူတစ္ဦးက NP News သို႔ေျပာသည္။
ျပည္ပႏိုင္ငံမ်ားအလိုက္ အလုပ္ေခၚစာ(Demand)တစ္ေစာင္ လွ်င္ ထိုင္းႏိုင္ငံကို (၅၀) ဦး၊ ဂ်ပန္ႏိုင္ငံကို (၁၅) ဦး၊ ေတာင္ကိုရီးယားႏိုင္ငံကို (၁၀) ဦး ႏွင့္ စင္ကာပူႏိုင္ငံကို (၅) ဦးသာ ေစလႊတ္ခြင့္ျပဳထားေၾကာ င္း သိရသည္။
ထိုသို႔ကန႔္သတ္လိုက္သည့္အတြက္ ဂ်ပန္ႏိုင္ငံသို႔ အလုပ္သြားလုပ္ၾကမည့္လူငယ္မ်ားသည္ တာခ်ီလိတ္ဘက္မွ တဆင့္ ယိုးဒယားသို႔သြားေရာက္ၿပီး ၎ႏိုင္ငံ၏ ဂ်ပန္စာသင္တန္းေက်ာင္းမ်ားတြင္ ေက်ာင္းတက္ကာ ဂ်ပန္သို႔ သြားၾကေၾကာင္း သိရသည္။
“ယိုးဒယားႏိုင္ငံရဲ႕ဂ်ပန္စာသင္တန္းေက်ာင္းေတြမွာ တက္တယ္။ ၿပီးတဲ့အခါက်ေတာ့ ဂ်ပန္ကိုသြားတယ္။ ဟိုဘက္သံ႐ုံးေတြက COE(Certificate of Eligibility) ဆိုတာရွိတယ္။ အဲဒီ Certificate ေတြေပးေနတဲ့အတြက္ ေၾကာင့္မို႔လို႔ အားလုံးကသြားလို႔ရေနတယ္။ ဆိုေတာ့ ျပန္သုံးသပ္ရင္ ဒီဟာက ဘယ္သူနစ္နာေနလဲဆိုေတာ့ ကြၽန္ေတာ္တို႔ေတြပဲ နစ္နာေနတာေပါ့။ ကြၽန္ေတာ္ဆီက သြားတဲ့ကေလးေတြက နစ္နာေနတာ ဘယ္လိုပဲ ပိတ္ပိတ္၊ နည္းမ်ိဳးစုံနဲ႔ထြက္ၾကတာကို။ ပုံမွန္ဆိုရင္ ျမန္မာျပည္မွာ ဝန္ေဆာင္ခက ေဒၚလာ (၁၈၀၀)ေလာက္နဲ႔ ထြက္လို႔ရေန တဲ့ဟာက ယိုးဒယားကို သြားအက်ိဳးျပဳေနသလိုလဲျဖစ္ေနတယ္။ တာခ်ီလိတ္ကေန ထြက္တယ္။ ေလဆိပ္ကေန ထြက္တယ္။ ဟိုဘက္မွာ ေက်ာင္းတက္တယ္ဆို ေက်ာင္းစရိတ္ေတြထပ္ကုန္တယ္။ ေနထိုင္စရိတ္ေတြ ထပ္ကုန္ တယ္။ တစ္ခါၿပီးရင္သြားမယ္ဆိုရင္ အလုပ္ေလွ်ာက္မဲ့ဝန္ေဆာင္ခက ထပ္ကုန္တာဆိုေတာ့ တကယ္တကယ္က ကိုယ့္ႏိုင္ငံကသြားတဲ့ကေလးေတြပဲ နစ္နာၿပီးေတာ့ ယိုးဒယားက အျမတ္ထြက္သလိုျဖစ္ေနတာေပါ့။ ျမန္မာႏိုင္ငံ ကုမၸဏီေတြလည္းအလုပ္မျဖစ္ဘူး” ဟု ၎က ေျပာသည္။
ထိုသို႔ထြက္ခြာမႈမ်ားရွိေနသည့္အျပင္ နယ္စပ္လမ္းေၾကာင္းမ်ားမွတဆင့္ ဂ်ပန္ႏိုင္ငံသို႔ အျမန္ဆုံးပို႔ေဆာင္ ေပးမည္ ဟုဆိုကာ အခေၾကးေငြမ်ားယူ၍ ေဆာင္႐ြက္ေနသည့္ ျပင္ပဂ်ပန္ စာသင္တန္းေက်ာင္းမ်ား ပိုမိုမ်ားျပားလာၿပီး အလိမ္ခံရသည့္ျဖစ္စဥ္မ်ားလည္း ရွိေနေၾကာင္း သိရသည္။
“ဂ်ပန္က ေတာ္ေတာ္မ်ားမ်ားထြက္တဲ့ထဲပါတာေပါ့။ ဂ်ပန္နဲ႔ပတ္သက္တဲ့ဟာတစ္ခုကေတာ့ ေျဖေလ်ာ့ၿပီး စဥ္းစားေပးေစခ်င္တယ္။ အလုပ္နဲ႔လာတဲ့ဟာက ဘယ္လိုပဲျဖစ္ျဖစ္ ပိတ္ထားလဲထြက္မွာပဲ။ ထြက္သြားၿပီးေတာ့ သူမ်ားႏိုင္ငံက သြားအက်ိဳးရွိမယ္။ ကိုယ့္ကေလးက ပိုဒုကၡေရာက္တယ္။ အဲဒီေတာ့ ခိုးထြက္တဲ့လမ္းေၾကာင္းကို ဘယ္လိုနည္းနဲ႔ပိတ္ပိတ္ ရတဲ့နည္းတဲ့အကုန္ထြက္မွာပဲ။ ကိုယ့္ရဲ႕ဝန္ထမ္းေတြနဲ႔ နယ္စပ္ေတြကိုဘယ္လိုမွ ပိတ္လို႔ မရတာ။ စစ္မႈမထမ္းမေနရဆိုတာက တစ္ႏွစ္မွလူဦးဘယ္ေလာက္မွမရွိဘူး။ ေခၚတဲ့ဟာ ဘယ္ေလာက္မွမရွိတာကို သန္းနဲ႔ခ်ီၿပီး သိန္းနဲ႔ခ်ီၿပီး ထြက္ေနၾကတာကို ျပန္ကာသင့္တာေပါ့။ ျပန္ကာဗာလုပ္တဲ့အေနနဲ႔ ဂ်ပန္ႏိုင္ငံကိုေတာ့ ဖြင့္ေပးသင့္တယ္။ ေနာက္တစ္ခါက်ေတာ့ ဂ်ပန္ႏိုင္ငံကိုထြက္ၿပီးရင္လဲ တရားဝင္ေငြျပန္လႊဲတာေတြကို ေသခ်ာ ၾကပ္ၾကပ္မတ္မတ္လုပ္ေစခ်င္တယ္။ ယိုးဒယားကေန ထြက္သြားတဲ့လူေတြက်ရင္ အခြန္လည္းေကာက္လို႔မရဘူး။ ႏိုင္ငံတကာမွ ရွိတဲ့သံ႐ုံးေတြကလည္း အဲဒီလူေတြကို စီမံခန႔္ခြဲဖို႔ ခက္တယ္။ အဲဒီလူေတြအေနနဲ႔ကလည္း အလည္ Passport ေတြနဲ႔ထြက္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီစာအုပ္ေတြကို ႏိုင္ငံျခားမွာသက္တမ္းကုန္သြားရင္ ဆက္သြယ္ ေဆာင္႐ြက္ဖို႔ကခက္သြားေကာ သံ႐ုံးေတြက အလည္အပတ္ကိုတိုးေပးလို႔မရဘူး။ ဆိုေတာ့ ကိုယ္ႏိုင္ငံသားေတြပဲ ဒုကၡေရာက္တယ္။ ရသင့္တဲ့ အခြန္ေတြဝင္ေငြေတြ ကိုယ့္ႏိုင္ငံက မရဘူး။ ကိုယ္ႏိုင္ငံက သြားတဲ့ကေလးေတြက သူမ်ားႏိုင္ငံကသြားတဲ့ကေလးေတြထက္ ပိုၿပီးကုန္က်ၿပီးေတာ့ ဒုကၡနဲ႔ခက္ခက္ခဲခဲသြားရတယ္” ဟု ၎က အႀကံျပဳ ေျပာသည္။