‘‘ Quad ’’ မှသည် ‘‘ Squad ’’ ဆီသို့ (ဆောင်းပါး)

 854

ALynn (NP News) - ဇွန် ၁၁

အင်ဒိုပစိဖိတ်ဒေသအတွင်း မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြင့်မားလာကြောင်း သရုပ် သကန်ပြတဲ့အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင် ၄ နိုင်ငံ ပါဝင်တဲ့ “Squad” အဖွဲ့ အဖြစ် လှုပ်ရှားဆောင်ရွက်နေကြောင်း အသိပေးခဲ့ပါတယ်။ Squad ကာကွယ်ရေးအကြီးအကဲတွေရဲ့ ပထမဆုံးတွေ့ဆုံမှုကို ၂၀၂၃ ခုနှစ် ဇွန်လမှာ ပြုလုပ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲကျင်းပနေစဉ်မှာပဲ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ပြင် ၂၀၂၄ ခုနှစ် ဧပြီလမှာ လေးနိုင်ငံက ပူးတွဲရေကြောင်းကင်းလှည့်ခြင်းကို ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း တရုတ်နဲ့ဖိလစ်ပိုင်တို့အကြား တင်းမာမှုမြင့်တက်လာတာကို သိသာစေတဲ့ လှုပ်ရှားမှု တစ်ခုလည်း ဖြစ်နေပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေ၊ နယ်နိမိတ်ပြဿနာတွေကြောင့် အိမ်နီးချင်းနိုင်ငံ တွေအဖို့ စိုးရိမ်မှုတွေ မြင့်မားလာစေပါတယ်။ Squad အဖွဲ့ကြီးမှာတော့ အရင်း အမြစ်ပိုင်းရော၊ စွမ်းဆောင်ရည်ပိုင်းရော သာလွန်တဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဒေသတွင်းနိုင်ငံတွေအတွက် မျှော်လင့်ချက် တစ်ခုတော့ဖြစ်လာ စေပါ တယ်။ Squad အဖွဲ့မှာဆိုရင် အမေရိကန်ရဲ့ဒေသ တွင်းမိတ်ဖက်တွေဖြစ်တဲ့ ဩစတြေးလျနဲ့ ဂျပန်က ရေကြောင်းနဲ့ ကာကွယ်ရေးဆိုင်ရာ အထောက်အပံ့တွေကို ဖောဖောသီသီ ပေးနိုင်ပါတယ်။ ဖိလစ်ပိုင် အနေနဲ့ကတော့ ၎င်းရဲ့တည်ရှိမှု ကိုက ပထဝီအနေ အထားအရ အရေးပါနေတာကြောင့် ဒီအဖွဲ့ထဲမှာ ပါဝင်ဖို့ အခွင့်အရေးရလာတာ ဖြစ်ပါတယ်။

Quad က အလုပ်မဖြစ်လို့ Squad ကို ဖွဲ့စည်းခြင်းလား
လေးနိုင်ငံလုံခြုံရေးဆိုင်ရာမိတ်ဖက်ဖြစ်တဲ့ Quad ဟာ အင်ဒိုပစိဖိတ်ဒေသရဲ့ လုံခြုံရေးကို ဖြေရှင်းဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာ ယခုဆိုရင် ဆယ်စုနှစ် ၂ ခုနီးပါး ရှိပြီဖြစ်ပါတယ်။ လုံခြုံရေးကို ဦး စားပေးပေါ်ပေါက်လာခြင်းဖြစ်ပေမယ့် Quad ရဲ့ မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေမှာ စီးပွားရေး၊ သံတမန်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍ တွေလည်း ပါဝင်နေပါတယ်။ သို့သော် Quad အဖွဲ့အနေနဲ့ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မတူကွဲပြားတဲ့ အမျိုးသားအကျိုး စီးပွားနဲ့ ရည်မှန်းချက်တွေကို လိုက်ညှိနေရတာပဲဖြစ် ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မဟာဗျူဟာမြင်သုံးသပ် ချက်တွေနဲ့ စီးပွားရေးအကျိုးအမြတ်တွေက အတိတ် ကပဋိပက္ခတွေကို အခြေခံနေတာကြောင့် တချို့ကိစ္စတွေမှာ ညှိယူဖို့ ကြန့်ကြာနေတတ်ပါတယ်။ အထူး သဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားရာ မှာ စည်းမျဉ်းကို အခြေခံတဲ့နည်းလမ်းကို ကျင့်သုံးတဲ့အတွက်ကြောင့် အရေးကြီးတဲ့ကိစ္စရပ်တွေမှာ သဘောတူညီချက်ရဖို့ ခက်ခဲနေတတ်ပါတယ်။

ဒါ့ပြင် Squad ပေါ်လာချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် Quad ခေါင်းဆောင်တွေရဲ့ နယူးဒေ လီထိပ်သီးအစည်း အဝေးကို ရွှေ့ဆိုင်းလိုက်တာအပြင် အိန္ဒိယရဲ့ မကြာသေးမီက နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အပြောင်းအလဲတွေဖြစ်တဲ့ ရုရှား -ယူကရိန်းပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေမှာ ကြားနေအဖြစ်သာနေခြင်း၊ အမေရိကန်ရဲ့ လိုလားချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရုရှားနဲ့ ကုန်သွယ်မှုဆက်ဆံရေး ရှိနေခြင်း၊ ရုရှားထုတ် S-400 ဒုံးကျည်စနစ်တွေ ဝယ်ယူခြင်း၊ အီရန်နဲ့ Chabahar ဆိပ်ကမ်းသဘော တူညီချက်ပြုလုပ်ခြင်းတို့ကြောင့် Quad ရဲ့ စည်းလုံး ညီညွတ်မှုအပေါ် သံသယ ဖြစ်စရာတွေ တိုးပွားလာပါတယ်။

ဒါဆိုရင် Quad က အလုပ်မဖြစ်ဖူးလို့ ဆိုလိုချင်တာလား။ အဲဒီလို ယူဆလို့တော့မရပါဘူး။ ပထဝီနိုင်ငံရေးမှာ တံခါးချပ်တိုင်းက အရေးပါနေလို့ လုံးဝပိတ်ပစ်တယ်ဆိုတာမျိုးက ရှားပါတယ်။ မဟာ မိတ်ဆက်ဆံရေးနဲ့ပတ်သက်လို့ အမေရိကန်က စစ်အေးတိုက်ပွဲကာလတစ်လျှောက်လုံး hub-and-spoke model ကိုကျင့်သုံးခဲ့ပါတယ်။ ၎င်းက ဗဟို ချက်မနေရာမှာရှိနေပြီး အခြားသော မဟာမိတ်နိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး လက်တံတွေကို ဖြန့်ကြက်တဲ့ပုံစံမျိုးဖြစ် ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် ဗဟုဝင်ရိုးကမ္ဘာကို ရောက်လာတဲ့အချိန်မှာ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေက အသွင် အမျိုးမျိုးဖြစ်လာတော့ ပိုပြီးများပြားတဲ့ကွန်ရက်ပုံစံဗျူဟာနဲ့သွားမှ အဆင်ပြေတော့မယ့်အနေအထား‌ရောက်လာ ပါ တယ်။ ဥပမာ- တရားဝင်မဟာမိတ်တွေဖြစ်တဲ့ နေတိုးဟာ ပြောင်းလဲလာတဲ့ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးနဲ့ ပတ်သက် လို့ တုံ့ပြန်ရာမှာ လိုက်လျောညီထွေမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တရားဝင်မဟုတ်တဲ့ QUAD, AUKUS နဲ့ Squad တို့လို မိတ်ဖက်အဖွဲ့တွေကနေတစ်ဆင့် လတ်တလောဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို လိုက်လျောညီထွေရှိတဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေနဲ့ တုံ့ပြန်သွားဖို့အကြောင်း ဖန်လာရပါတော့တယ်။ လက်ရှိပုံစံကတော့ အင်ဒို-ပစိဖိတ် ဒေသတစ်ဝိုက်က စိတ်တူသဘောထားတူရှိတဲ့ နိုင်ငံတွေနဲ့အတူ အလွတ်သဘောမဟာမိတ်ဖွဲ့ခြင်း ဖြစ်ပြီးဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုက်လျောညီထွေရှိရှိ ပူးပေါင်းဆောင်ရွက်သွားဖို့ ပဲဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ Quad, AUKUS နဲ့ Squad တို့ဟာ အရေးပါတဲ့ ဇာတ်ကောင်တွေဖြစ်ပြီး သူတို့ဟာ တသီး တသန့်ပုံစံမျိုးနဲ့ လှုပ်ရှားတာ ထက်အခြားသော ဒေသတွင်းအဖွဲ့အစည်းတွေ ဥပမာ- အာဆီယံလို ဒေသတွင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုလည်း လုပ်ဆောင်တတ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ရာ ကနေ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်သလို မဟာဗျူဟာမြောက် ပေါင်းစည်းမှုဆီဦးတည် နိုင်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ ပိုမိုခိုင်မာပြီး သာတူညီမျှရှိတဲ့ လုံခြုံရေးမူဘောင် တစ်ခုအဖြစ် ဖန်တီးလာနိုင်မှာ ပဲဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသရဲ့ ပြောင်းလဲလျက်ရှိတဲ့ လုံခြုံရေးပြဿနာတွေနှင့် ပထဝီဝင်နိုင်ငံရေး အနေအထားတွေ ကြောင့် အလွတ်သဘောအုပ်စု အသစ်တွေ ပေါ်ပေါက်လာတာ အံ့ဩစရာတော့ မရှိပါဘူး။ နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး တိုးတက်စေဖို့အတွက် မဟာမိတ်တွေဖွဲ့၊ ဆက်ဆံရေးတွေ တိုးမြှင့်ကြခြင်းဖြင့် အင်ဒို- ပစိဖိတ်ဒေသက အချက်အချာကျတဲ့ မဟာဗျူဟာတိုက်ပွဲတွေဆင်နွှဲရာ ဖြစ်လာပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးပွေလီသော လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် နောက်ထပ် Quad နဲ့တူတဲ့ မဟာမိတ်အဖွဲ့တွေကို ထပ်မံထူထောင်ဖို့ အဓိပ္ပာယ်ရှိ လာတာ ဖြစ်ပါတယ်။

လျှော့တွက်လို့မရတဲ့ Quad ရဲ့ဖြစ်တည်မှု
နီးစပ်တဲ့ဒေသတွင်းလေ့လာသုံးသပ်သူ အချို့က “Squad က Quad ထက်ပိုပြီး အလုပ်ဖြစ်မယ့် ယန္တရား တစ်ခုဖြစ်တယ်” လို့သုံးသပ်ထားကြပါတယ်။ တရုတ်ရဲ့ ဖိလစ်ပိုင်အပေါ် တိုးပွားလာတဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့အတွက် Squad က အချိန်ကိုက်ဖြစ်ပေါ်လာတဲ့ ယန္တရားဖြစ်ပါတယ်။ ဖိလစ်ပိုင်က တရုတ်ရဲ့ တရားမဝင်ရေကြောင်းပိုင် နက်ဆိုင်ရာတောင်းဆိုမှုတွေကို နိုင်ငံရေး၊ စစ်ရေးဆိုင်ရာနည်းလမ်းပေါင်းစုံနဲ့ ပြန်တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစောပိုင်းမှာ အမေရိကန်က သမ္မတ Ferdinand Marcos Jr. ကို ယုံကြည်လို့ရမရ တွေဝေနေသေး ပေမယ့် အခုတော့ ဖိလစ်ပိုင်က အမေရိကန်ရဲ့ အဓိကမိတ်ဖက်ဖြစ်လာခဲ့ပါတယ်။

Squad အဖွဲ့နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဖို့ အချက်(၂) ချက်ရှိနေပါတယ်။ ပထမအချက်ကတော့ ဖိလစ်ပိုင်က ၎င်းရဲ့မိတ်ဖက်တွေနဲ့အတူ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို တန်ပြန်ဖို့ စစ်ဆင်ရေးလှုပ်ရှားတွေမှာ ပါဝင်ဖို့ အတွက် စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ လုပ်ဆောင်နိုင်စွမ်းက ကင်းမဲ့နေပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် အနေနဲ့ ှဆကေိ အဖွဲ့ကပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့က မစွမ်းနိုင်သေးပါဘူး။ ဒါ့ပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံစည်းမျဉ်းဥပဒေတွေ၊ ကတိကဝတ်တွေကလည်း ဖိလစ်ပိုင်ရဲ့လှုပ်ရှားဆောင်ရွက် မှုတွေအပေါ် ကန့်သတ်လာနိုင်ပါ တယ်။ ဒါကြောင့် Squad အဖွဲ့အနေနဲ့ တောင်တရုတ်ပင်လယ်ရေပြင်မှာ အကန့်အသတ်နဲ့သာ အလုပ်ဖြစ်မယ်လို့ဆိုလို ချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ Quad ကို အလုပ်မဖြစ်ဖူးဆိုပြီး အလျင်စလို ဖယ်ထုတ်ပစ်တာမျိုး မလုပ်သင့် ပါဘူး။ အိန္ဒိယရွေးကောက်ပွဲ ရလဒ်နဲ့ နောက်ထပ် Quad ထိပ်သီးညီလာခံ ကျင်းပမယ့် အချိန်ရယ်က Quad တကယ် အလုပ် ဖြစ်/ မဖြစ် အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အစိုးရသစ် ဖွဲ့စည်းပြီးရင် အိန္ဒိယက Quad ထိပ်သီးအစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ နှစ်ဝက်လောက်မှာ ကျင်းပသွားဖို့ ရည်ရွယ်ထားပါတယ်။

အိန္ဒိယရဲ့ မကြာသေးမီက ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ Quad ရဲ့စည်းလုံးညီ ညွတ်မှုကို ချိန်ထိုးကြည့် မယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးရဲ့မှတ်ချက်ကိုပဲ ကိုးကားချင်ပါတယ်။ ၂၀၂၂ ခုနှစ် မြူးနစ်လုံခြုံရေး ညီလာခံမှာ ၎င်းက “Quad ကို တခြားစာချုပ်မဟာမိတ်တွေနဲ့နှိုင်းယှဉ်လို့မရကြောင်း၊ Quad က အလွတ်သဘောမဟာ မိတ်ဖြစ်ပြီး မတူကွဲပြားပြောင်းလဲနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ၂၁ ရာစုနည်းလမ်းနဲ့ဖြေရှင်းခြင်း ဖြစ်ကြောင်း” မှတ်ချက်ပြုခဲ့ပါတယ်။ အိန္ဒိယက ဖိလစ်ပိုင်၊ ဩစတြေးလျနဲ့ ဂျပန်တို့လို အမေရိကန်ရဲ့ စာချုပ်မဟာမိတ် မဟုတ်ပါဘူး။ အိန္ဒိယရဲ့ ပထဝီအနေအထား၊ စစ်ရေးစွမ်းဆောင်ရည်နဲ့ လူဦးရေ တိုးပွားနှုန်းတွေက Quad အဖွဲ့ကြီးအတွက် အဖိုးမ ဖြတ်နိုင်တဲ့ အဖွဲ့ဝင်ဖြစ်လာစေပါတယ်။ ၂၀၂၄ ခုနှစ်မှာ Quad ထိပ်သီးညီလာခံကို လက်ခံကျင်းပမယ့် အိန္ဒိယအနေနဲ့ Quad ရဲ့ လုံခြုံရေးနဲ့စစ်ရေးကဏ္ဍတွေကိုသာ ပိုအာရုံစိုက်သင့်ပါတယ်။ Quad အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ၎င်း ရဲ့အရေးပါမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ဆိုရင် ၎င်းဖွဲ့ စည်းရခြင်းရဲ့ အဓိကရည်မှန်းချက်ကို အဖွဲ့ဝင်တွေ အနေနဲ့ မမေ့လျော့ဘဲ လိုက်နာဆောင်ရွက်ကြဖို့ပါပဲ။ Quad ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ အင်ဒို-ပစိဖိတ် ဒေသတွင်း လုံခြုံရေးကို အမှန်တကယ်ကာကွယ်ထိန်း သိမ်းနိုင်မယ်ဆိုရင် ၎င်းရဲ့အခန်းကဏ္ဍက မှေးမှိန် သွားမှာမဟုတ်ပါဘူး။

Squad လိုအုပ်စုငယ်လေးတွေဖွဲ့စည်းဖို့ တွန်းအားပေးနေတဲ့ Minilateralism အယူအဆ ကမ္ဘာ့အခင်း အကျင်းဟာ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ စစ်အေး တိုက်ပွဲ အပြီးမှာ ဧကဝင်ရိုးကမ္ဘာ့အခင်းအကျင်းပုံစံနဲ့ သွားပေမယ့် ယခုထောင်စုနှစ် သစ်ကာလမှာတော့ ဗဟုဝင်ရိုးကမ္ဘာဆီကို ဦးတည်နေပါပြီ။ ဗဟုဝင်ရိုးကမ္ဘာမှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့အတွက် သိသာထင်ရှားတဲ့ အတား အဆီးတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် “Minilateralism” လို့ခေါ်တဲ့ သေးငယ်သောဝင်ရိုးများကို ဖန်တီးခြင်း အယူအဆနဲ့ ရှေ့ဆက်သွားဖို့ ဖြစ်လာပါတယ်။ Minilateralism အယူအဆအရ တူညီတဲ့စိန်ခေါ်မှုတွေနဲ့ အကျိုးစီးပွားအတွက် အုပ်စုငယ်လေးတွေကို ဖွဲ့စည်းကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ခေတ်မှာ နိုင်ငံတွေက အုပ်စုငယ်လေးတွေများစွာဖွဲ့ စည်းပြီး အခက်အခဲတွေကို အတူတကွရင်ဆိုင်ဖြေရှင်း ဖို့နဲ့ အပြန်အလှန် အကျိုးစီးပွားတွေကို ရယူရှာဖွေကြဖို့ ကြိုးပမ်းလာကြတာကို တွေ့ရပါတယ်။

Squad အဖွဲ့ပေါ်ပေါက်လာခြင်းကလည်း Minilateralism သဘောတရားပေါ်မှာပဲ အခြေခံနေပါတယ်။ ၎င်းတို့ရဲ့ ဘုံရန်သူ၊ ဘုံအန္တရာယ်က တရုတ်ဖြစ်သလို အင်ဒို-ပစိဖိတ်ဒေသကလည်း ၎င်းတို့ရဲ့ အကျိုးစီးပွားတည်ရှိရာ ဒေသဖြစ်တဲ့အတွက်ကြောင့် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့က အုပ်စုငယ်လေးကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။ အလားတူပဲ Quad တို့ AUKUS တို့ကလည်း ဤသို့ဤနှယ် သဘောတရားကိုအခြေခံပြီး ပေါ်ပေါက်လာ ခြင်းဖြစ်တယ်။ ဒါ့ကြောင့် Squad အဖွဲ့တင်မှမဟုတ်ဘူး။ နိုင်ငံတွေက ဘုံရန်သူနဲ့ အကျိုးစီးပွားတူရင် နောက်ထပ်အဖွဲ့ ပေါင်းများစွာကို ထပ်မံဖွဲ့စည်းသွားဦးမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် Squad ဟာလည်း Quad နဲ့ AUKUS တို့နည်းတူ တူညီသော ရည်မှန်းချက်တွေအပေါ် အခြေခံပြီး ပေါ်ပေါက်လာတဲ့ အလွတ်သဘောအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ Squad အဖွဲ့အစည်းသစ် ပေါ်ပေါက်လာလို့ Quad လို ယခင်က ဖွဲ့စည်းထားတဲ့ အုပ်စုတွေက အလုပ်မဖြစ်ဘူးလားလို့လည်း ကျွန်ုပ်တို့ ယူဆလို့မရပါဘူး။ ယနေ့ခေတ် ပထဝီနိုင်ငံရေး တိုက်ပွဲတွေမှာ အဘက်ဘက်ကနေ နည်းလမ်းပေါင်းစုံသုံးပြီး အသာစီးရဖို့ ကြိုးပမ်းနေကြတဲ့အတွက် အဖွဲ့အစည်းအားလုံးက သူ့နေရာနဲ့သူ လှုပ်ရှားဆောင်ရွက် နေမှာပါပဲ။ အဓိကက တော့ ဖွဲ့စည်းတည်ထောင်ရခြင်းရဲ့ မူလပန်းတိုင်၊ မူလရည်မှန်းချက်ကို မမေ့မလျော့ဘဲ ဆက်တိုက်ကြိုးပမ်းသွားမယ် ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်သလို နိုင်ငံတွေအနေနဲ့လည်း ဒီလိုအုပ်စု ငယ်လေးတွေ ဖွဲ့စည်းရကျိုးနပ်စေမှာ ဖြစ်တယ်လို့ သုံးသပ်ရေးသားလိုက်ရပါတယ်။

zawgyi version
‘‘ Quad ’’ မွသည္ ‘‘ Squad ’’ ဆီသို႔ (ေဆာင္းပါး)
ALynn (NP News) - ဇြန္ ၁၁

အင္ဒိုပစိဖိတ္ေဒသအတြင္း မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈ အရွိန္အဟုန္ ျမင့္မားလာေၾကာင္း သ႐ုပ္ သကန္ျပတဲ့အေနနဲ႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးက အေမရိကန္၊ ဩစေၾတးလ်၊ ဂ်ပန္နဲ႔ ဖိလစ္ပိုင္ ၄ ႏိုင္ငံ ပါဝင္တဲ့ “Squad” အဖြဲ႕ အျဖစ္ လႈပ္ရွားေဆာင္႐ြက္ေနေၾကာင္း အသိေပးခဲ့ပါတယ္။ Squad ကာကြယ္ေရးအႀကီးအကဲေတြရဲ႕ ပထမဆုံးေတြ႕ဆုံမႈကို ၂၀၂၃ ခုႏွစ္ ဇြန္လမွာ ျပဳလုပ္တဲ့ ရွန္ဂရီလာေဆြးေႏြးပြဲက်င္းပေနစဥ္မွာပဲ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါ့ျပင္ ၂၀၂၄ ခုႏွစ္ ဧၿပီလမွာ ေလးႏိုင္ငံက ပူးတြဲေရေၾကာင္းကင္းလွည့္ျခင္းကို ဖိလစ္ပိုင္ရဲ႕ သီးသန႔္စီးပြားေရးဇုန္ထဲမွာ ျပဳလုပ္ခဲ့ပါတယ္။ ဒါဟာ ေဒသတြင္း တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔အၾကား တင္းမာမႈျမင့္တက္လာတာကို သိသာေစတဲ့ လႈပ္ရွားမႈ တစ္ခုလည္း ျဖစ္ေနပါတယ္။ ေဒသတြင္းမွာ တ႐ုတ္ရဲ႕ လႈပ္ရွားမႈေတြ၊ နယ္နိမိတ္ျပႆနာေတြေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံ ေတြအဖို႔ စိုးရိမ္မႈေတြ ျမင့္မားလာေစပါတယ္။ Squad အဖြဲ႕ႀကီးမွာေတာ့ အရင္း အျမစ္ပိုင္းေရာ၊ စြမ္းေဆာင္ရည္ပိုင္းေရာ သာလြန္တဲ့ ႏိုင္ငံေတြနဲ႔ ဖြဲ႕စည္းထားတာေၾကာင့္ ေဒသတြင္းႏိုင္ငံေတြအတြက္ ေမွ်ာ္လင့္ခ်က္ တစ္ခုေတာ့ျဖစ္လာ ေစပါ တယ္။ Squad အဖြဲ႕မွာဆိုရင္ အေမရိကန္ရဲ႕ေဒသ တြင္းမိတ္ဖက္ေတြျဖစ္တဲ့ ဩစေၾတးလ်နဲ႔ ဂ်ပန္က ေရေၾကာင္းနဲ႔ ကာကြယ္ေရးဆိုင္ရာ အေထာက္အပံ့ေတြကို ေဖာေဖာသီသီ ေပးႏိုင္ပါတယ္။ ဖိလစ္ပိုင္ အေနနဲ႔ကေတာ့ ၎ရဲ႕တည္ရွိမႈ ကိုက ပထဝီအေန အထားအရ အေရးပါေနတာေၾကာင့္ ဒီအဖြဲ႕ထဲမွာ ပါဝင္ဖို႔ အခြင့္အေရးရလာတာ ျဖစ္ပါတယ္။

Quad က အလုပ္မျဖစ္လို႔ Squad ကို ဖြဲ႕စည္းျခင္းလား
ေလးႏိုင္ငံလုံၿခဳံေရးဆိုင္ရာမိတ္ဖက္ျဖစ္တဲ့ Quad ဟာ အင္ဒိုပစိဖိတ္ေဒသရဲ႕ လုံၿခဳံေရးကို ေျဖရွင္းေဆာင္႐ြက္ဖို႔ ဖြဲ႕စည္းထားတာ ယခုဆိုရင္ ဆယ္စုႏွစ္ ၂ ခုနီးပါး ရွိၿပီျဖစ္ပါတယ္။ လုံၿခဳံေရးကို ဦး စားေပးေပၚေပါက္လာျခင္းျဖစ္ေပမယ့္ Quad ရဲ႕ မဟာဗ်ဴဟာက်တဲ့ ပူးေပါင္းေဆာင္႐ြက္ျခင္းေတြမွာ စီးပြားေရး၊ သံတမန္ေရးနဲ႔ နည္းပညာပိုင္းဆိုင္ရာ က႑ ေတြလည္း ပါဝင္ေနပါတယ္။ သို႔ေသာ္ Quad အဖြဲ႕အေနနဲ႔ အဓိကရင္ဆိုင္ေနရတဲ့ ျပႆနာကေတာ့ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ မတူကြဲျပားတဲ့ အမ်ိဳးသားအက်ိဳး စီးပြားနဲ႔ ရည္မွန္းခ်က္ေတြကို လိုက္ညႇိေနရတာပဲျဖစ္ ပါတယ္။ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ မဟာဗ်ဴဟာျမင္သုံးသပ္ ခ်က္ေတြနဲ႔ စီးပြားေရးအက်ိဳးအျမတ္ေတြက အတိတ္ ကပဋိပကၡေတြကို အေျခခံေနတာေၾကာင့္ တခ်ိဳ႕ကိစၥေတြမွာ ညႇိယူဖို႔ ၾကန႔္ၾကာေနတတ္ပါတယ္။ အထူး သျဖင့္ ေဒသတြင္း ၿခိမ္းေျခာက္မႈေတြကို ဟန႔္တားရာ မွာ စည္းမ်ဥ္းကို အေျခခံတဲ့နည္းလမ္းကို က်င့္သုံးတဲ့အတြက္ေၾကာင့္ အေရးႀကီးတဲ့ကိစၥရပ္ေတြမွာ သေဘာတူညီခ်က္ရဖို႔ ခက္ခဲေနတတ္ပါတယ္။

ဒါ့ျပင္ Squad ေပၚလာခ်ိန္မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ Quad ေခါင္းေဆာင္ေတြရဲ႕ နယူးေဒ လီထိပ္သီးအစည္း အေဝးကို ေ႐ႊ႕ဆိုင္းလိုက္တာအျပင္ အိႏၵိယရဲ႕ မၾကာေသးမီက ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ အေျပာင္းအလဲေတြျဖစ္တဲ့ ႐ုရွား -ယူကရိန္းပဋိပကၡဆိုင္ရာ ကုလသမဂၢ ဆုံးျဖတ္ခ်က္ေတြမွာ ၾကားေနအျဖစ္သာေနျခင္း၊ အေမရိကန္ရဲ႕ လိုလားခ်က္နဲ႔ ဆန႔္က်င္ဘက္ျဖစ္တဲ့ ႐ုရွားနဲ႔ ကုန္သြယ္မႈဆက္ဆံေရး ရွိေနျခင္း၊ ႐ုရွားထုတ္ S-400 ဒုံးက်ည္စနစ္ေတြ ဝယ္ယူျခင္း၊ အီရန္နဲ႔ Chabahar ဆိပ္ကမ္းသေဘာ တူညီခ်က္ျပဳလုပ္ျခင္းတို႔ေၾကာင့္ Quad ရဲ႕ စည္းလုံး ညီၫြတ္မႈအေပၚ သံသယ ျဖစ္စရာေတြ တိုးပြားလာပါတယ္။

ဒါဆိုရင္ Quad က အလုပ္မျဖစ္ဖူးလို႔ ဆိုလိုခ်င္တာလား။ အဲဒီလို ယူဆလို႔ေတာ့မရပါဘူး။ ပထဝီႏိုင္ငံေရးမွာ တံခါးခ်ပ္တိုင္းက အေရးပါေနလို႔ လုံးဝပိတ္ပစ္တယ္ဆိုတာမ်ိဳးက ရွားပါတယ္။ မဟာ မိတ္ဆက္ဆံေရးနဲ႔ပတ္သက္လို႔ အေမရိကန္က စစ္ေအးတိုက္ပြဲကာလတစ္ေလွ်ာက္လုံး hub-and-spoke model ကိုက်င့္သုံးခဲ့ပါတယ္။ ၎က ဗဟို ခ်က္မေနရာမွာရွိေနၿပီး အျခားေသာ မဟာမိတ္ႏိုင္ငံေတြနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး လက္တံေတြကို ျဖန႔္ၾကက္တဲ့ပုံစံမ်ိဳးျဖစ္ ပါတယ္။ ဒါေပမဲ့ ဒီဘက္ေခတ္ ဗဟုဝင္႐ိုးကမာၻကို ေရာက္လာတဲ့အခ်ိန္မွာ အႏၲရာယ္ေတြ၊ စိန္ေခၚမႈေတြက အသြင္ အမ်ိဳးမ်ိဳးျဖစ္လာေတာ့ ပိုၿပီးမ်ားျပားတဲ့ကြန္ရက္ပုံစံဗ်ဴဟာနဲ႔သြားမွ အဆင္ေျပေတာ့မယ့္အေနအထား‌ေရာက္လာ ပါ တယ္။ ဥပမာ- တရားဝင္မဟာမိတ္ေတြျဖစ္တဲ့ ေနတိုးဟာ ေျပာင္းလဲလာတဲ့ အင္ဒို-ပစိဖိတ္ေဒသလုံၿခဳံေရးနဲ႔ ပတ္သက္ လို႔ တုံ႔ျပန္ရာမွာ လိုက္ေလ်ာညီေထြမရွိတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ တရားဝင္မဟုတ္တဲ့ QUAD, AUKUS နဲ႔ Squad တို႔လို မိတ္ဖက္အဖြဲ႕ေတြကေနတစ္ဆင့္ လတ္တေလာျဖစ္ေပၚေနတဲ့ စိန္ေခၚမႈေတြကို လိုက္ေလ်ာညီေထြရွိတဲ့ လုံၿခဳံေရးဆိုင္ရာအစီအမံေတြနဲ႔ တုံ႔ျပန္သြားဖို႔အေၾကာင္း ဖန္လာရပါေတာ့တယ္။ လက္ရွိပုံစံကေတာ့ အင္ဒို-ပစိဖိတ္ ေဒသတစ္ဝိုက္က စိတ္တူသေဘာထားတူရွိတဲ့ ႏိုင္ငံေတြနဲ႔အတူ အလြတ္သေဘာမဟာမိတ္ဖြဲ႕ျခင္း ျဖစ္ၿပီးေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးအတြက္ လိုက္ေလ်ာညီေထြရွိရွိ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ပဲျဖစ္ပါတယ္။

အင္ဒို-ပစိဖိတ္ေဒသမွာ Quad, AUKUS နဲ႔ Squad တို႔ဟာ အေရးပါတဲ့ ဇာတ္ေကာင္ေတြျဖစ္ၿပီး သူတို႔ဟာ တသီး တသန႔္ပုံစံမ်ိဳးနဲ႔ လႈပ္ရွားတာ ထက္အျခားေသာ ေဒသတြင္းအဖြဲ႕အစည္းေတြ ဥပမာ- အာဆီယံလို ေဒသတြင္းအဖြဲ႕ေတြနဲ႔ ဆက္သြယ္ပူးေပါင္းေဆာင္႐ြက္ျခင္းေတြကိုလည္း လုပ္ေဆာင္တတ္ပါတယ္။ ဒီလိုပူးေပါင္းေဆာင္႐ြက္ရာ ကေန ေဒသတြင္းႏိုင္ငံေတြနဲ႔ ဆက္သြယ္ဆက္ဆံေရးကို ျမႇင့္တင္ေပးႏိုင္သလို မဟာဗ်ဴဟာေျမာက္ ေပါင္းစည္းမႈဆီဦးတည္ ႏိုင္ၿပီး အင္ဒို-ပစိဖိတ္ေဒသမွာ ပိုမိုခိုင္မာၿပီး သာတူညီမွ်ရွိတဲ့ လုံၿခဳံေရးမူေဘာင္ တစ္ခုအျဖစ္ ဖန္တီးလာႏိုင္မွာ ပဲျဖစ္ပါတယ္။

အင္ဒို-ပစိဖိတ္ေဒသရဲ႕ ေျပာင္းလဲလ်က္ရွိတဲ့ လုံၿခဳံေရးျပႆနာေတြႏွင့္ ပထဝီဝင္ႏိုင္ငံေရး အေနအထားေတြ ေၾကာင့္ အလြတ္သေဘာအုပ္စု အသစ္ေတြ ေပၚေပါက္လာတာ အံ့ဩစရာေတာ့ မရွိပါဘူး။ ႏိုင္ငံေတြက သူတို႔ရဲ႕ အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔နဲ႔ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရး တိုးတက္ေစဖို႔အတြက္ မဟာမိတ္ေတြဖြဲ႕၊ ဆက္ဆံေရးေတြ တိုးျမႇင့္ၾကျခင္းျဖင့္ အင္ဒို- ပစိဖိတ္ေဒသက အခ်က္အခ်ာက်တဲ့ မဟာဗ်ဴဟာတိုက္ပြဲေတြဆင္ႏႊဲရာ ျဖစ္လာပါတယ္။ အင္ဒို-ပစိဖိတ္ေဒသမွာ ႀကဳံေတြ႕ေနရတဲ့ ရႈပ္ေထြးေပြလီေသာ လုံၿခဳံေရးဆိုင္ရာ ျပႆနာေတြေၾကာင့္ ေနာက္ထပ္ Quad နဲ႔တူတဲ့ မဟာမိတ္အဖြဲ႕ေတြကို ထပ္မံထူေထာင္ဖို႔ အဓိပၸာယ္ရွိ လာတာ ျဖစ္ပါတယ္။

ေလွ်ာ့တြက္လို႔မရတဲ့ Quad ရဲ႕ျဖစ္တည္မႈ
နီးစပ္တဲ့ေဒသတြင္းေလ့လာသုံးသပ္သူ အခ်ိဳ႕က “Squad က Quad ထက္ပိုၿပီး အလုပ္ျဖစ္မယ့္ ယႏၲရား တစ္ခုျဖစ္တယ္” လို႔သုံးသပ္ထားၾကပါတယ္။ တ႐ုတ္ရဲ႕ ဖိလစ္ပိုင္အေပၚ တိုးပြားလာတဲ့ ရန္လိုမႈေတြကို တုံ႔ျပန္ဖို႔အတြက္ Squad က အခ်ိန္ကိုက္ျဖစ္ေပၚလာတဲ့ ယႏၲရားျဖစ္ပါတယ္။ ဖိလစ္ပိုင္က တ႐ုတ္ရဲ႕ တရားမဝင္ေရေၾကာင္းပိုင္ နက္ဆိုင္ရာေတာင္းဆိုမႈေတြကို ႏိုင္ငံေရး၊ စစ္ေရးဆိုင္ရာနည္းလမ္းေပါင္းစုံနဲ႔ ျပန္တုံ႔ျပန္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ အေစာပိုင္းမွာ အေမရိကန္က သမၼတ Ferdinand Marcos Jr. ကို ယုံၾကည္လို႔ရမရ ေတြေဝေနေသး ေပမယ့္ အခုေတာ့ ဖိလစ္ပိုင္က အေမရိကန္ရဲ႕ အဓိကမိတ္ဖက္ျဖစ္လာခဲ့ပါတယ္။

Squad အဖြဲ႕နဲ႔ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားဖို႔ အခ်က္(၂) ခ်က္ရွိေနပါတယ္။ ပထမအခ်က္ကေတာ့ ဖိလစ္ပိုင္က ၎ရဲ႕မိတ္ဖက္ေတြနဲ႔အတူ အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ကို တန္ျပန္ဖို႔ စစ္ဆင္ေရးလႈပ္ရွားေတြမွာ ပါဝင္ဖို႔ အတြက္ စစ္ေရးအရျဖစ္ေစ၊ စီးပြားေရးအရျဖစ္ေစ လုပ္ေဆာင္ႏိုင္စြမ္းက ကင္းမဲ့ေနပါတယ္။ ဒါေၾကာင့္ ဖိလစ္ပိုင္ အေနနဲ႔ ွဆေကိ အဖြဲ႕ကေပးအပ္တဲ့တာဝန္ေတြကို ထမ္းေဆာင္ဖို႔က မစြမ္းႏိုင္ေသးပါဘူး။ ဒါ့ျပင္ အာဆီယံက ခ်မွတ္ထားတဲ့ ဘုံစည္းမ်ဥ္းဥပေဒေတြ၊ ကတိကဝတ္ေတြကလည္း ဖိလစ္ပိုင္ရဲ႕လႈပ္ရွားေဆာင္႐ြက္ မႈေတြအေပၚ ကန႔္သတ္လာႏိုင္ပါ တယ္။ ဒါေၾကာင့္ Squad အဖြဲ႕အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္ေရျပင္မွာ အကန႔္အသတ္နဲ႔သာ အလုပ္ျဖစ္မယ္လို႔ဆိုလို ခ်င္ပါတယ္။ ဒုတိယအခ်က္အေနနဲ႔ကေတာ့ Quad ကို အလုပ္မျဖစ္ဖူးဆိုၿပီး အလ်င္စလို ဖယ္ထုတ္ပစ္တာမ်ိဳး မလုပ္သင့္ ပါဘူး။ အိႏၵိယေ႐ြးေကာက္ပြဲ ရလဒ္နဲ႔ ေနာက္ထပ္ Quad ထိပ္သီးညီလာခံ က်င္းပမယ့္ အခ်ိန္ရယ္က Quad တကယ္ အလုပ္ ျဖစ္/ မျဖစ္ အဆုံးအျဖတ္ေပးသြားမွာပဲ ျဖစ္ပါတယ္။ အစိုးရသစ္ ဖြဲ႕စည္းၿပီးရင္ အိႏၵိယက Quad ထိပ္သီးအစည္း အေဝးကို ၂၀၂၄ ခုႏွစ္၊ ႏွစ္ဝက္ေလာက္မွာ က်င္းပသြားဖို႔ ရည္႐ြယ္ထားပါတယ္။

အိႏၵိယရဲ႕ မၾကာေသးမီက ေျပာင္းလဲလာတဲ့ ႏိုင္ငံျခားေရးမူဝါဒနဲ႔ Quad ရဲ႕စည္းလုံးညီ ၫြတ္မႈကို ခ်ိန္ထိုးၾကည့္ မယ္ဆိုရင္လည္း အိႏၵိယႏိုင္ငံ ျခားေရးဝန္ႀကီးရဲ႕မွတ္ခ်က္ကိုပဲ ကိုးကားခ်င္ပါတယ္။ ၂၀၂၂ ခုႏွစ္ ျမဴးနစ္လုံၿခဳံေရး ညီလာခံမွာ ၎က “Quad ကို တျခားစာခ်ဳပ္မဟာမိတ္ေတြနဲ႔ႏႈိင္းယွဥ္လို႔မရေၾကာင္း၊ Quad က အလြတ္သေဘာမဟာ မိတ္ျဖစ္ၿပီး မတူကြဲျပားေျပာင္းလဲေနတဲ့ ကမာၻလုံးဆိုင္ရာ ျပႆနာေတြကို ၂၁ ရာစုနည္းလမ္းနဲ႔ေျဖရွင္းျခင္း ျဖစ္ေၾကာင္း” မွတ္ခ်က္ျပဳခဲ့ပါတယ္။ အိႏၵိယက ဖိလစ္ပိုင္၊ ဩစေၾတးလ်နဲ႔ ဂ်ပန္တို႔လို အေမရိကန္ရဲ႕ စာခ်ဳပ္မဟာမိတ္ မဟုတ္ပါဘူး။ အိႏၵိယရဲ႕ ပထဝီအေနအထား၊ စစ္ေရးစြမ္းေဆာင္ရည္နဲ႔ လူဦးေရ တိုးပြားႏႈန္းေတြက Quad အဖြဲ႕ႀကီးအတြက္ အဖိုးမ ျဖတ္ႏိုင္တဲ့ အဖြဲ႕ဝင္ျဖစ္လာေစပါတယ္။ ၂၀၂၄ ခုႏွစ္မွာ Quad ထိပ္သီးညီလာခံကို လက္ခံက်င္းပမယ့္ အိႏၵိယအေနနဲ႔ Quad ရဲ႕ လုံၿခဳံေရးနဲ႔စစ္ေရးက႑ေတြကိုသာ ပိုအာ႐ုံစိုက္သင့္ပါတယ္။ Quad အေနနဲ႔ အင္ဒို-ပစိဖိတ္ေဒသမွာ ၎ ရဲ႕အေရးပါမႈကို ဆက္လက္ထိန္းသိမ္းထားဖို႔ဆိုရင္ ၎ဖြဲ႕ စည္းရျခင္းရဲ႕ အဓိကရည္မွန္းခ်က္ကို အဖြဲ႕ဝင္ေတြ အေနနဲ႔ မေမ့ေလ်ာ့ဘဲ လိုက္နာေဆာင္႐ြက္ၾကဖို႔ပါပဲ။ Quad ရဲ႕ အႏၲိမရည္မွန္းခ်က္ျဖစ္တဲ့ အင္ဒို-ပစိဖိတ္ ေဒသတြင္း လုံၿခဳံေရးကို အမွန္တကယ္ကာကြယ္ထိန္း သိမ္းႏိုင္မယ္ဆိုရင္ ၎ရဲ႕အခန္းက႑က ေမွးမွိန္ သြားမွာမဟုတ္ပါဘူး။

Squad လိုအုပ္စုငယ္ေလးေတြဖြဲ႕စည္းဖို႔ တြန္းအားေပးေနတဲ့ Minilateralism အယူအဆ ကမာၻ႔အခင္း အက်င္းဟာ လြန္ခဲ့တဲ့ ရာစုႏွစ္အတြင္း သိသာထင္ရွားတဲ့ အေျပာင္းအလဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ စစ္ေအး တိုက္ပြဲ အၿပီးမွာ ဧကဝင္႐ိုးကမာၻ႔အခင္းအက်င္းပုံစံနဲ႔ သြားေပမယ့္ ယခုေထာင္စုႏွစ္ သစ္ကာလမွာေတာ့ ဗဟုဝင္႐ိုးကမာၻဆီကို ဦးတည္ေနပါၿပီ။ ဗဟုဝင္႐ိုးကမာၻမွာေတာ့ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ သိသာထင္ရွားတဲ့ အတား အဆီးေတြ ရွိလာတာကို ေတြ႕ရပါတယ္။ ဒီစိန္ေခၚမႈေတြကို တုံ႔ျပန္ဖို႔အတြက္ “Minilateralism” လို႔ေခၚတဲ့ ေသးငယ္ေသာဝင္႐ိုးမ်ားကို ဖန္တီးျခင္း အယူအဆနဲ႔ ေရွ႕ဆက္သြားဖို႔ ျဖစ္လာပါတယ္။ Minilateralism အယူအဆအရ တူညီတဲ့စိန္ေခၚမႈေတြနဲ႔ အက်ိဳးစီးပြားအတြက္ အုပ္စုငယ္ေလးေတြကို ဖြဲ႕စည္းၾကျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ယေန႔ေခတ္မွာ ႏိုင္ငံေတြက အုပ္စုငယ္ေလးေတြမ်ားစြာဖြဲ႕ စည္းၿပီး အခက္အခဲေတြကို အတူတကြရင္ဆိုင္ေျဖရွင္း ဖို႔နဲ႔ အျပန္အလွန္ အက်ိဳးစီးပြားေတြကို ရယူရွာေဖြၾကဖို႔ ႀကိဳးပမ္းလာၾကတာကို ေတြ႕ရပါတယ္။

Squad အဖြဲ႕ေပၚေပါက္လာျခင္းကလည္း Minilateralism သေဘာတရားေပၚမွာပဲ အေျခခံေနပါတယ္။ ၎တို႔ရဲ႕ ဘုံရန္သူ၊ ဘုံအႏၲရာယ္က တ႐ုတ္ျဖစ္သလို အင္ဒို-ပစိဖိတ္ေဒသကလည္း ၎တို႔ရဲ႕ အက်ိဳးစီးပြားတည္ရွိရာ ေဒသျဖစ္တဲ့အတြက္ေၾကာင့္ အေမရိကန္၊ ဩစေၾတးလ်၊ ဂ်ပန္နဲ႔ ဖိလစ္ပိုင္တို႔က အုပ္စုငယ္ေလးကို ဖြဲ႕စည္းလိုက္ျခင္း ျဖစ္ပါတယ္။ အလားတူပဲ Quad တို႔ AUKUS တို႔ကလည္း ဤသို႔ဤႏွယ္ သေဘာတရားကိုအေျခခံၿပီး ေပၚေပါက္လာ ျခင္းျဖစ္တယ္။ ဒါ့ေၾကာင့္ Squad အဖြဲ႕တင္မွမဟုတ္ဘူး။ ႏိုင္ငံေတြက ဘုံရန္သူနဲ႔ အက်ိဳးစီးပြားတူရင္ ေနာက္ထပ္အဖြဲ႕ ေပါင္းမ်ားစြာကို ထပ္မံဖြဲ႕စည္းသြားဦးမွာျဖစ္ပါတယ္။

အခ်ဳပ္အားျဖင့္ဆိုရရင္ Squad ဟာလည္း Quad နဲ႔ AUKUS တို႔နည္းတူ တူညီေသာ ရည္မွန္းခ်က္ေတြအေပၚ အေျခခံၿပီး ေပၚေပါက္လာတဲ့ အလြတ္သေဘာအဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ အင္ဒို-ပစိဖိတ္ေဒသမွာ Squad အဖြဲ႕အစည္းသစ္ ေပၚေပါက္လာလို႔ Quad လို ယခင္က ဖြဲ႕စည္းထားတဲ့ အုပ္စုေတြက အလုပ္မျဖစ္ဘူးလားလို႔လည္း ကြၽႏ္ုပ္တို႔ ယူဆလို႔မရပါဘူး။ ယေန႔ေခတ္ ပထဝီႏိုင္ငံေရး တိုက္ပြဲေတြမွာ အဘက္ဘက္ကေန နည္းလမ္းေပါင္းစုံသုံးၿပီး အသာစီးရဖို႔ ႀကိဳးပမ္းေနၾကတဲ့အတြက္ အဖြဲ႕အစည္းအားလုံးက သူ႔ေနရာနဲ႔သူ လႈပ္ရွားေဆာင္႐ြက္ ေနမွာပါပဲ။ အဓိကက ေတာ့ ဖြဲ႕စည္းတည္ေထာင္ရျခင္းရဲ႕ မူလပန္းတိုင္၊ မူလရည္မွန္းခ်က္ကို မေမ့မေလ်ာ့ဘဲ ဆက္တိုက္ႀကိဳးပမ္းသြားမယ္ ဆိုရင္ေတာ့ အခ်ိန္အတိုင္းအတာတစ္ခုအတြင္းမွာ ေအာင္ျမင္မႈကို ရရွိႏိုင္မွာျဖစ္သလို ႏိုင္ငံေတြအေနနဲ႔လည္း ဒီလိုအုပ္စု ငယ္ေလးေတြ ဖြဲ႕စည္းရက်ိဳးနပ္ေစမွာ ျဖစ္တယ္လို႔ သုံးသပ္ေရးသားလိုက္ရပါတယ္။

Related news

© 2021. All rights reserved.