အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှုမှသည် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်သို့ (ဆောင်းပါး)

 852

သန်းထိုက်စိုး (NP News) - ဇွန် ၁၁

သမ္မတဗလာဒီမာပူတင်သည် ၂၀၂၄ ခုနှစ်၊ မေလ ၁၆၊ ၁၇ ရက်နေ့တို့တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရာ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ဆုံမှတ်တစ်ခု ဖြစ်လာပြီလားဟု ယူဆစရာဖြစ်လာခဲ့သည်။ အနောက်နိုင်ငံများ၏ ဖိအားများ တိုးမြင့်လာချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များက နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင် ရွက်မှုတိုးချဲ့ရန် ကတိပြုခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုများကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ယူကရိန်းစစ်ပွဲနှင့် ဆက်နွှယ်သည့်ကိစ္စရပ်များအပေါ် ဘုံသဘောတူညီချက်ကို လည်းရှာဖွေခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကြား အနှောင့် အယှက်ကင်းသည့် ငွေပေးချေမှုလမ်းကြောင်းတည်ဆောက်ရန် ကတိပြုခဲ့ကြသကဲ့သို့ နိုင်ငံရပ်ခြားတွင် အပ်နှံထားသည့် ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန် ကြိုးပမ်းမှုအပေါ်တွင်လည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ၏ ဦးတည်ချက်နှင့် ဘက်မလိုက်သည့်ရပ်တည်ချက် အပေါ်တန်ဖိုးထားကြောင်း ရုရှားမီဒီယာများတွင် ဖော်ပြခဲ့သည်။ နှစ်ဖက်လုံးသည် နိုင်ငံရေးနှင့်သံတမန်ရေးအရ ဖြေရှင်းလိုသည့် စိတ်ဆန္ဒရှိကြောင်းလည်း သဘောတူညီခဲ့ကြသည်။

သမ္မတပူတင်သည် ငါးကြိမ်မြောက် သက်တမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးတွင် ပထမဆုံး နိုင်ငံခြားခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတပူတင် တရုတ်နိုင်ငံသို့ သွားရောက်ရခြင်းနှင့်ပတ်သက်၍ ပထမအချက်အဖြစ် အနောက်နိုင်ငံများက ရုရှားရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲအဖြစ် လက်မခံခဲ့သည့်တိုင် တရုတ်နိုင်ငံက ၎င်းအား တရားဝင်ခေါင်းဆောင်အဖြစ် လက်ခံကြောင်းပြသရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်နိုင်သည်ဟု အမေရိကန်အခြေစိုက် Council on Foreign Relations မှ နိုင်ငံရေးသိပ္ပံပညာရှင် Liana Fix က သုံးသပ်သည်။ ဒုတိယအချက်မှာ နှစ်နိုင်ငံကြား ကာကွယ်ရေးကဏ္ဍတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက် ရန်နှင့် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံအား အကူအညီပေးနေခြင်းကြောင့် တရုတ်ဘဏ္ဍာရေး အင်စတီကျူးရှင်းများအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားရန် ဖြစ်နိုင်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင် Liana Fix က VOA သတင်းဌာန၏ အီးမေလ်ဖြင့်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်အပြီး ရက်ပိုင်း အတွင်းမှာပင် သမ္မတပူတင်၏ တရုတ်ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဥရောပခေါင်းဆောင်များကလည်း တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံကို ထောက်ပံ့နေခြင်းကို ရပ်တန့်ရန်စည်းရုံးခဲ့ရာ အောင် မြင်ခဲ့ခြင်းမရှိဟုဆိုသည်။

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု လေးလေးနက်နက် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံလုံး၏ မဟာဗျူဟာ မြောက် ရွေးချယ်မှုဖြစ်ကြောင်း၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဗဟုဝင်ရိုးကမ္ဘာကြီးစိုးသည့် သမိုင်းဝင်လမ်းကြောင်း နောက် လိုက်ပါရန် သမ္မတရှီကျင့်ဖျင်က သမ္မတပူတင် ကို ပြောဆိုခဲ့သည်။ သမ္မတပူတင်ကလည်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၄၀ ဘီလျံအထိ ရောက်ရှိသည်အထိ တိုးတက်လာမှုအပေါ် ချီးကျူးပြောဆိုခဲ့ပြီး တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပိုမိုတင်ပို့ ရောင်းချရန် ရည်မှန်းချက် ထားရှိကြောင်းလည်းပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအား စွမ်းဆောင်ရည်မြင့်မားအောင် အကူအညီပေးရေး၊ တရုတ်နိုင်ငံမြို့များကို သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် မြို့များဖြစ်စေရေး၊ ဈေးနှုန်းသက်သာသည့် စွမ်းအင်များရရှိစေရေး အကူအညီပေးရန် အဆင်သင့်ရှိကြောင်းလည်း သမ္မတပူတင်က ပြောဆိုခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကြားမိတ်ဖက်ဖြစ်မှုသည် မည်သူ့ကိုမှ ဆန့်ကျင်ရန်မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ၏ သာယာဝပြောမှု တိုးတက်စေရေးနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် အခင်းအကျင်းတစ်ခု ဖန်တီးရန်သာ ရည်ရွယ်ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံများကို ရည်ညွှန်းပြီး ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားမပါဘဲ ဆွေးနွေးပါက အလုပ်မဖြစ်နိုင်သည်ကို တရုတ်နိုင်ငံအနေဖြင့် နားလည်ကြောင်း ရုရှားသမ္မတပူတင်၏ နိုင်ငံခြားရေး မူဝါဒအကြံပေး Yuri Ushakov က ပြောကြားဖူးသည်။ ပေကျင်း၌ သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့တွေ့ဆုံသည့် အစည်းအဝေးတွင်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း Sergei Shoigu နှင့် လက်ရှိကာကွယ်ရေးဝန်ကြီး Andrey Belousov တို့ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦး သည် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ အဓိကကျသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။

ရုရှားမီဒီယာများသည် သမ္မတပူတင်၏ တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံကြား ခိုင်မာသည့် ဆက်ဆံ ရေးရှိကြောင်း အလေးပေးဖော်ပြခဲ့ကြသည်။ နှစ်နိုင်ငံဆက်ဆံရေး (၇၅)နှစ်ပြည့် မြောက်သည့်နှစ်လည်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်၏ နမူနာကောင်းတစ်ခုအဖြစ်ပင် ရည်ညွှန်းပြော ဆိုခဲ့ကြသည်။ တရုတ်နှင့်ရုရှားတို့သည် အာကာသနည်းပညာတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြသည်။ ရုရှားသည် အာကာသနည်း ပညာကဏ္ဍတွင် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကိုရုပ်သိမ်းပြီး တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ ပဲပိစပ်အဓိကတင် သွင်းသည့် နိုင်ငံဖြစ်လာနိုင်ခြေရှိမှုနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံစိုက်ပျိုးရေးပညာရှင်များကြား ဆွေး နွေးခဲ့ကြသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ ပဲပိစပ် တင်သွင်းမှုမှာ ဘရာဇီးလ် နိုင်ငံက(၇၀)ရာ ခိုင်နှုန်း၊ အမေရိကန်နိုင်ငံက(၂၄)ရာခိုင်နှုန်းလွှမ်းမိုးထား သည်။ ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးပို့ ကုန်တင်ပို့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ စားနပ်ရိက္ခာ တင်သွင်းမှုအပေါ် မှီခိုနေရ ခြင်းအား လျှော့ချကောင်း လျှော့ချလာနိုင်မည်ဖြစ်သည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ၂၀ဝ၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဒေသတွင်းဆိုင်ရာ နိုင်ငံ ရေး၊ စီးပွားရေးနှင့် လုံခြုံရေးအဖွဲ့အစည်း ဖြစ်သည့် Shanghai Cooperation Organization (SCO) အား ကမကထပြု၍ တည်ထောင် ခဲ့ကြသည့် နိုင်ငံများလည်းဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့သည်လည်း ၂၀၁၇ ခုနှစ်တွင် SCO အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ အီရန်နိုင်ငံသည်လည်း ၂၀၂၃ ခုနှစ်တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ်နှင့်ရုရှားနိုင်ငံ တို့အနေဖြင့် ဆက်စပ်ဒေသတွင်းတွင် တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် တစ်ဖက်ကိုတစ်ဖက် ထောက်ပံ့ပေးမှု ပိုမိုမြှင့်တင်သင့်ကြောင်း SCO နိုင်ငံခြားရေးဝန်ကြီးများ ဘေးပန်းအစည်းအဝေးတွင် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိက ရုရှားနိုင်ငံခြားရေး လာဗရော့ကို ပြောဆိုခဲ့သည်။ SCO အတွင်းတွေ့ဆုံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံအကျိုးစီးပွားအတွက်သာမက ဝင်ရိုးစုံကမ္ဘာယန္တရားလည်ပတ်မှု ဦးတည်ချက်နှင့်အတူ လိုက်ပါနိုင်ရန်အတွက်လည်း ရည်ရွယ်တွေ့ဆုံခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းဆိုင်ရာ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေအနေအားလုံးကို ပူးတွဲစောင့်ရှောက်ရန်၊ ပိုမိုတရားမျှတပြီး သင့်လျော်သည့် လမ်းကြောင်းတစ်ခုတွင် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် ရုရှားနိုင်ငံနှင့်လည်းကောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသည်။ နှစ်နိုင်ငံ သံတမန်တို့သည် ကိုရီးယားကျွန်းဆွယ်အခြေအနေ၊ ပင်လယ်နီဒေသတွင် ဖြစ်ပေါ်နေမှုများ၊ အရှေ့အလယ်ပိုင်းငြိမ်း ချမ်းရေးဖြစ်စဉ်အပါအဝင် အရေးကြီးကိစ္စရပ် အတော်များများအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်း ထုတ်ပြန်ခဲ့သည်။

အင်ဒိုပစိဖိတ်ဒေသတွင် အမေရိကန်ဦးဆောင်သည့် ထိန်းချုပ်ရေးမူဝါဒကို တန်ပြန်ရန်အတွက် တရုတ်နိုင်ငံက လည်း ဗဟိုအာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဦးတည်ကြိုးပမ်းလာခဲ့သည်။ အဆိုပါ ဗဟိုအာရှနိုင်ငံများသည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသည်ဟု တရုတ်နိုင်ငံက ယူဆထားသည့်ဒေသများဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှန်ကျန်းဒေသတည်ငြိမ်ရေး ထိန်းသိမ်းရန်အတွက်ဖြစ်စေ၊ စွမ်းအင်ဖူလုံရေးနှင့်ကုန်သွယ်ရေး တိုးချဲ့ရန် အတွက်ဖြစ်စေ အရေးကြီးသည့်နိုင်ငံများလည်းဖြစ်သည်။ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၃ ခုနှစ်အတွင်းကလည်း ဆိုဗီ ယက်အဖွဲ့ ဝင်နိုင်ငံဟောင်းများဖြစ်ကြသည့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံတို့ မှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကမူ သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုအပေါ် အရေးမကြီးသည့်ပုံစံမျိုး ပြောထားသည်။ နှစ်နိုင်ငံလုံးသည် အမေရိကန်တို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သောနည်းလမ်းများကို ဆောင်ရွက်နေကြသော်လည်း ၎င်းတို့နှစ်နိုင်ငံသည် တစ်နိုင်ငံအပေါ်တစ်နိုင်ငံက မယုံ ကြည်မှုမှာ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့သည်ဟု ဂျွန်ကာဘီကဆိုသည်။ မကြာသေးမီလပိုင်းအတွင်းက အမေရိ ကန်ထောက်လှမ်းရေး၏ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် ရုရှား နိုင်ငံသို့ မစ်ဆိုင်းဒုံးကျည်၊ တင့်ကား၊ လေယာဉ်နှင့်အခြားလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်း အစိတ်အပိုင်းများ၊ မိုက်ခရိုအီလက်ထရွန်နစ်များနှင့် အခြားနည်းပညာမြင့်ပစ္စည်းများ တိုးမြှင့်ရောင်းချနေသည်ဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာကို ကိုးကားပြောဆိုခဲ့သည်။

ဥရောပခေါင်းဆောင်များသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားကိုဖျောင်းဖျရန် တရုတ်နိုင်ငံကိုဖိအားပေး ခဲ့သော်လည်း အရာမထင်ဖြစ်ခဲ့သည်။ တရုတ်-ရုရှားဆက်ဆံရေးတွင် မဟာဗျူဟာ မြောက်အကျိုးစီးပွားများ ရှိနေသည်။ အထူးသဖြင့် နှစ်နိုင်ငံလုံးသည် ဥရောပနှင့်သာမက၊ အမေရိကန်နှင့်ပါ ဆက်ဆံရေးတင်းမာနေသည့်ချိန်ဖြစ်သည်ဟု လေ့လာသူများကဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံကိုပေးနေသည့်အကူအညီများ ဖြတ်တောက်ခြင်း အပါအဝင် ကိစ္စရပ်အတော်များများအပေါ်တွင် လိုက်လျောခဲ့သည့်တိုင် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ပြိုင်ဘက် သဘောထားခြင်းမှာ ပြောင်းလဲနိုင်ဖွယ်မရှိပါဟု Singapore's Nanyang Technological University ရှိ တရုတ် နိုင်ငံခြားရေးမူဝါဒလေ့လာသူ Hoo Tiang Boon က ယူဆသည်။ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံတို့သည် အရေးအယူ အလျှော့အတင်းပြုလုပ်ရန်အတွက် မက်လုံးမရှိကြဟု Hoo Tiang Boon က ယူဆခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားကို ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ ကြားနေအဖြစ်ရပ်တည်ခဲ့ သည်။ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်၍ အချက် (၁၂)ချက်ပါ ငြိမ်းချမ်းရေး အစီအမံ ကိုလည်း ထုတ်ပြန်ခဲ့သည်။ သမ္မတဇဲလန်းစကီးကမူ မည်သည့် စေ့စပ်ညှိနှိုင်းမှုမဆို နိုင်ငံ၏နယ်မြေများ ပြန်လည်ရရှိ ရေး၊ ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းရေး၊ အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ယူကရိန်းကို တိုက်ခိုက်ခဲ့ခြင်းအတွက် တာဝန်ရှိသူများကို တရားစီရင်ရေးနှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ရှိရမည် စသည့် အချက်များ ပါရှိရမည်ဟုဆိုသည်။

သမ္မတရှီကျင့်ဖျင်နှင့် သမ္မတပူတင်တို့သည် တစ်နှစ်တစ်ကြိမ် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်သွားရောက် လည်ပတ်ကြမည်ဟု ကတိကဝတ် ရှိထားသကဲ့သို့ ဖြစ်နေသည်။ သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုသည် နှစ်လခန့်အကြာတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံကြခြင်းဖြစ်သည်။ လာမည့်အောက်တိုဘာလ ရုရှားနိုင်ငံတွင် ကျင်းပမည့် BRICS ထိပ်သီးဆွေးနွေးပွဲတွင် ထပ်မံဆုံတွေ့ကြဦးမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားတပ်ဖွဲ့ဝင် များကို ယူကရိန်းသို့ မစေလွှတ်မီတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှု “no limits” partnership အဖြစ် နှစ်နိုင်ငံခေါင်းဆောင်များက ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးမှာ ခေတ်သစ် “New Era” သို့ ရောက်ရှိနေပြီဟု ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် သမ္မတပူတင် တရုတ်နိုင်ငံသို့ရောက်ရှိခဲ့ရာ သမ္မတရှီကျင့်ဖျင်က ၎င်းတို့ကြား ဆက်ဆံရေး မှာ လေးနက်သော မိတ်ဆွေဖြစ်မှု “ deep friendship ” အဖြစ်ဖော်ပြခဲ့သည်။ ယခုတစ်ခေါက် ၂၀၂၄ ခုနှစ် မတ်လ သမ္မတပူတင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် မဟာဗျူဟာမြောက်မိတ်ဖက် ဖြစ်မှု “Strategic partnership” အဖြစ် ဖော်ကျူးခဲ့ပြန်သည်။

ရုရှားနိုင်ငံသည် တရုတ်နှင့်ဆက်ဆံရေး ပိုမိုနီးကပ်လာပြီး ၎င်း၏ စွမ်းအင်အများစုကို တရုတ်နိုင်ငံသို့တင်ပို့ နေသည်။ ရုရှားနိုင်ငံသည် ဒဏ်ခတ် ပိတ်ဆို့မှုများကြားမှပင် ၎င်း၏ စစ်ဘက်လုပ်ငန်းများအတွက် တရုတ်ကုမ္ပဏီများ ထံမှ နည်းပညာမြင့် အစိတ်အပိုင်းများကို တင်သွင်းနေသည်။ နှစ်နိုင်ငံတို့သည် စစ်ရေးအရဆက်ဆံမှုတွင် နက်နက် ရှိုင်းရှိုင်းရှိလာသည်။ အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်တို့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာကြသည်။ ထို့ပြင် နှစ်နိုင်ငံပိုင်နက်နယ်မြေတို့တွင်လည်း မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာကြသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် အမေရိကန်ကြီးစိုးမှုကို တန်ပြန်ရန်အတွက် ဝင်ရိုးစုံကမ္ဘာပေါ် ပေါက်ရေး ကြိုးပမ်းရမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိကြသည်။ နှစ်နိုင်ငံလုံးသည် ဝင်ရိုးစုံ ကမ္ဘာသစ်တွင် အရေးပါသည့် ပလေယာများဖြစ်လာစေရေးအတွက်လည်း ကြိုးပမ်းနေကြသည်။ တရုတ်-ရုရှားဆက်ဆံရေးသည် အတိတ်ကာလက မည်သို့ သောမယုံကြည်မှုများပင် ရှိစေကာမူ ယခုအခါတွင် အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှုမှသည် မဟာဗျူဟာ မြောက်မိတ်ဖက်အဖြစ်သို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံရည်မှန်းချက်ဖြစ်သည့် ဝင်ရိုးစုံ ကမ္ဘာပုံဖော်ရေးအတွက် မည်သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမည်ဆိုသည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။

zawgyi version
အကန႔္အသတ္မရွိ မိတ္ဖက္ျဖစ္မႈမွသည္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္အျဖစ္သို႔ (ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇြန္ ၁၁

သမၼတဗလာဒီမာပူတင္သည္ ၂၀၂၄ ခုႏွစ္၊ ေမလ ၁၆၊ ၁၇ ရက္ေန႔တို႔တြင္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ရာ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏ ႏိုင္ငံျခားေရးမူဝါဒႏွင့္ပတ္သက္၍ ဆုံမွတ္တစ္ခု ျဖစ္လာၿပီလားဟု ယူဆစရာျဖစ္လာခဲ့သည္။ အေနာက္ႏိုင္ငံမ်ား၏ ဖိအားမ်ား တိုးျမင့္လာခ်ိန္တြင္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားက ႏိုင္ငံေရး၊ သံတမန္ေရး၊ စီးပြားေရးႏွင့္ စစ္ေရးက႑တို႔တြင္ ပူးေပါင္းေဆာင္ ႐ြက္မႈတိုးခ်ဲ႕ရန္ ကတိျပဳခဲ့ၾကသည္။ တစ္ခ်ိန္တည္းမွာပင္ အာရွ-ပစိဖိတ္ေဒသတြင္ အေမရိကန္ႏိုင္ငံ၏ လႈပ္ရွားမႈမ်ားကိုလည္း ျပစ္တင္ရႈတ္ခ်ခဲ့ၾကသည္။ ေခါင္းေဆာင္ႏွစ္ဦးတို႔သည္ ယူကရိန္းစစ္ပြဲႏွင့္ ဆက္ႏႊယ္သည့္ကိစၥရပ္မ်ားအေပၚ ဘုံသေဘာတူညီခ်က္ကို လည္းရွာေဖြခဲ့ၾကသည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံၾကား အေႏွာင့္ အယွက္ကင္းသည့္ ေငြေပးေခ်မႈလမ္းေၾကာင္းတည္ေဆာက္ရန္ ကတိျပဳခဲ့ၾကသကဲ့သို႔ ႏိုင္ငံရပ္ျခားတြင္ အပ္ႏွံထားသည့္ ပိုင္ဆိုင္မႈမ်ားကိုသိမ္းဆည္းရန္ ႀကိဳးပမ္းမႈအေပၚတြင္လည္း ျပစ္တင္ရႈတ္ခ်ခဲ့ၾကသည္။ ႐ုရွားႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ ၏ ဦးတည္ခ်က္ႏွင့္ ဘက္မလိုက္သည့္ရပ္တည္ခ်က္ အေပၚတန္ဖိုးထားေၾကာင္း ႐ုရွားမီဒီယာမ်ားတြင္ ေဖာ္ျပခဲ့သည္။ ႏွစ္ဖက္လုံးသည္ ႏိုင္ငံေရးႏွင့္သံတမန္ေရးအရ ေျဖရွင္းလိုသည့္ စိတ္ဆႏၵရွိေၾကာင္းလည္း သေဘာတူညီခဲ့ၾကသည္။

သမၼတပူတင္သည္ ငါးႀကိမ္ေျမာက္ သက္တမ္းအျဖစ္ က်မ္းသစၥာက်ိန္ဆိုအၿပီးတြင္ ပထမဆုံး ႏိုင္ငံျခားခရီးစဥ္ အျဖစ္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ျခင္းျဖစ္သည္။ သမၼတပူတင္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ရျခင္းႏွင့္ပတ္သက္၍ ပထမအခ်က္အျဖစ္ အေနာက္ႏိုင္ငံမ်ားက ႐ုရွားေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီး မွ်တသည့္ေ႐ြးေကာက္ပြဲအျဖစ္ လက္မခံခဲ့သည့္တိုင္ တ႐ုတ္ႏိုင္ငံက ၎အား တရားဝင္ေခါင္းေဆာင္အျဖစ္ လက္ခံေၾကာင္းျပသရန္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ျခင္းျဖစ္ႏိုင္သည္ဟု အေမရိကန္အေျခစိုက္ Council on Foreign Relations မွ ႏိုင္ငံေရးသိပၸံပညာရွင္ Liana Fix က သုံးသပ္သည္။ ဒုတိယအခ်က္မွာ ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးက႑တြင္ နက္နက္ရႈိင္းရႈိင္း ပူးေပါင္း ေဆာင္႐ြက္ ရန္ႏွင့္ ယူကရိန္းစစ္ပြဲတြင္ ႐ုရွားႏိုင္ငံအား အကူအညီေပးေနျခင္းေၾကာင့္ တ႐ုတ္ဘ႑ာေရး အင္စတီက်ဴးရွင္းမ်ားအေပၚ အေမရိကန္၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ေက်ာ္လႊားရန္ ျဖစ္ႏိုင္သည္ဟု ႏိုင္ငံေရးသိပၸံပညာရွင္ Liana Fix က VOA သတင္းဌာန၏ အီးေမလ္ျဖင့္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့သည္။ သမၼတရွီက်င့္ဖ်င္၏ ဥေရာပခရီးစဥ္အၿပီး ရက္ပိုင္း အတြင္းမွာပင္ သမၼတပူတင္၏ တ႐ုတ္ခရီးစဥ္ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။ ဥေရာပေခါင္းေဆာင္မ်ားကလည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္၍ ႐ုရွားႏိုင္ငံကို ေထာက္ပံ့ေနျခင္းကို ရပ္တန႔္ရန္စည္း႐ုံးခဲ့ရာ ေအာင္ ျမင္ခဲ့ျခင္းမရွိဟုဆိုသည္။

မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ ေလးေလးနက္နက္ ေဆာင္႐ြက္ရန္မွာ ႏွစ္ႏိုင္ငံလုံး၏ မဟာဗ်ဴဟာ ေျမာက္ ေ႐ြးခ်ယ္မႈျဖစ္ေၾကာင္း၊ ႏွစ္ဖက္အျပန္အလွန္အက်ိဳးရွိသည့္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးခ်ဲ႕ရန္၊ စီးပြားေရး ဂလိုဘယ္လိုက္ေဇးရွင္းႏွင့္ ဗဟုဝင္႐ိုးကမာၻႀကီးစိုးသည့္ သမိုင္းဝင္လမ္းေၾကာင္း ေနာက္ လိုက္ပါရန္ သမၼတရွီက်င့္ဖ်င္က သမၼတပူတင္ ကို ေျပာဆိုခဲ့သည္။ သမၼတပူတင္ကလည္း ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ ၂၄၀ ဘီလ်ံအထိ ေရာက္ရွိသည္အထိ တိုးတက္လာမႈအေပၚ ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး တ႐ုတ္ႏိုင္ငံသို႔ ေရနံႏွင့္သဘာဝ ဓာတ္ေငြ႕မ်ား ပိုမိုတင္ပို႔ ေရာင္းခ်ရန္ ရည္မွန္းခ်က္ ထားရွိေၾကာင္းလည္းေျပာဆိုခဲ့သည္။ ႐ုရွားႏိုင္ငံ အေနျဖင့္ တ႐ုတ္စီးပြားေရးလုပ္ငန္းမ်ားအား စြမ္းေဆာင္ရည္ျမင့္မားေအာင္ အကူအညီေပးေရး၊ တ႐ုတ္ႏိုင္ငံၿမိဳ႕မ်ားကို သဘာဝပတ္ဝန္းက်င္ႏွင့္ ကိုက္ညီသည့္ ၿမိဳ႕မ်ားျဖစ္ေစေရး၊ ေဈးႏႈန္းသက္သာသည့္ စြမ္းအင္မ်ားရရွိေစေရး အကူအညီေပးရန္ အဆင္သင့္ရွိေၾကာင္းလည္း သမၼတပူတင္က ေျပာဆိုခဲ့သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံၾကားမိတ္ဖက္ျဖစ္မႈသည္ မည္သူ႔ကိုမွ ဆန႔္က်င္ရန္မဟုတ္ေၾကာင္း၊ ႏွစ္ႏိုင္ငံ ျပည္သူမ်ား၏ သာယာဝေျပာမႈ တိုးတက္ေစေရးႏွင့္ ႏွစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပိုမိုေကာင္းမြန္သည့္ အခင္းအက်င္းတစ္ခု ဖန္တီးရန္သာ ရည္႐ြယ္ျခင္းျဖစ္သည္ဟု အေနာက္ႏိုင္ငံမ်ားကို ရည္ၫႊန္းၿပီး ေျပာဆိုခဲ့သည္။

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္၍ ႐ုရွားမပါဘဲ ေဆြးေႏြးပါက အလုပ္မျဖစ္ႏိုင္သည္ကို တ႐ုတ္ႏိုင္ငံအေနျဖင့္ နားလည္ေၾကာင္း ႐ုရွားသမၼတပူတင္၏ ႏိုင္ငံျခားေရး မူဝါဒအႀကံေပး Yuri Ushakov က ေျပာၾကားဖူးသည္။ ေပက်င္း၌ သမၼတပူတင္ႏွင့္ သမၼတရွီက်င့္ဖ်င္တို႔ေတြ႕ဆုံသည့္ အစည္းအေဝးတြင္လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးေဟာင္း Sergei Shoigu ႏွင့္ လက္ရွိကာကြယ္ေရးဝန္ႀကီး Andrey Belousov တို႔ တက္ေရာက္ခဲ့ၾကသည္။ ၎တို႔ႏွစ္ဦး သည္ ယူကရိန္း စစ္ပြဲႏွင့္ပတ္သက္၍ အဓိကက်သည့္ ပုဂၢိဳလ္မ်ားျဖစ္ၾကသည္။

႐ုရွားမီဒီယာမ်ားသည္ သမၼတပူတင္၏ တ႐ုတ္ႏိုင္ငံခရီးစဥ္ႏွင့္ပတ္သက္၍ ႏွစ္ႏိုင္ငံၾကား ခိုင္မာသည့္ ဆက္ဆံ ေရးရွိေၾကာင္း အေလးေပးေဖာ္ျပခဲ့ၾကသည္။ ႏွစ္ႏိုင္ငံဆက္ဆံေရး (၇၅)ႏွစ္ျပည့္ ေျမာက္သည့္ႏွစ္လည္းျဖစ္သည္။ ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ပတ္သက္၍ ႏိုင္ငံတကာဆက္ဆံေရး ပုံစံသစ္၏ နမူနာေကာင္းတစ္ခုအျဖစ္ပင္ ရည္ၫႊန္းေျပာ ဆိုခဲ့ၾကသည္။ တ႐ုတ္ႏွင့္႐ုရွားတို႔သည္ အာကာသနည္းပညာတြင္လည္း ပူးေပါင္းေဆာင္႐ြက္ရန္ ႀကိဳးပမ္းေနၾကသည္။ ႐ုရွားသည္ အာကာသနည္း ပညာက႑တြင္ ဥေရာပႏွင့္ ပူးေပါင္းေဆာင္႐ြက္မည့္ အစီအစဥ္ကို႐ုပ္သိမ္းၿပီး တ႐ုတ္ႏိုင္ငံ ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ႀကိဳးပမ္းလာျခင္းျဖစ္သည္။ ႐ုရွားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံသို႔ ပဲပိစပ္အဓိကတင္ သြင္းသည့္ ႏိုင္ငံျဖစ္လာႏိုင္ေျခရွိမႈႏွင့္ပတ္သက္၍လည္း ႏွစ္ႏိုင္ငံစိုက္ပ်ိဳးေရးပညာရွင္မ်ားၾကား ေဆြး ေႏြးခဲ့ၾကသည္။ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသို႔ ပဲပိစပ္ တင္သြင္းမႈမွာ ဘရာဇီးလ္ ႏိုင္ငံက(၇၀)ရာ ခိုင္ႏႈန္း၊ အေမရိကန္ႏိုင္ငံက(၂၄)ရာခိုင္ႏႈန္းလႊမ္းမိုးထား သည္။ ႐ုရွားႏိုင္ငံက တ႐ုတ္ႏိုင္ငံသို႔ စိုက္ပ်ိဳးေရးပို႔ ကုန္တင္ပို႔မႈေၾကာင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံ၏ စားနပ္ရိကၡာ တင္သြင္းမႈအေပၚ မွီခိုေနရ ျခင္းအား ေလွ်ာ့ခ်ေကာင္း ေလွ်ာ့ခ်လာႏိုင္မည္ျဖစ္သည္။

တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ၂၀ဝ၁ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့သည့္ ေဒသတြင္းဆိုင္ရာ ႏိုင္ငံ ေရး၊ စီးပြားေရးႏွင့္ လုံၿခဳံေရးအဖြဲ႕အစည္း ျဖစ္သည့္ Shanghai Cooperation Organization (SCO) အား ကမကထျပဳ၍ တည္ေထာင္ ခဲ့ၾကသည့္ ႏိုင္ငံမ်ားလည္းျဖစ္သည္။ အိႏၵိယႏွင့္ပါကစၥတန္ႏိုင္ငံတို႔သည္လည္း ၂၀၁၇ ခုႏွစ္တြင္ SCO အဖြဲ႕ဝင္ႏိုင္ငံမ်ား ျဖစ္လာခဲ့ၾကသည္။ အီရန္ႏိုင္ငံသည္လည္း ၂၀၂၃ ခုႏွစ္တြင္ တင္းျပည့္အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာခဲ့သည္။ တ႐ုတ္ႏွင့္႐ုရွားႏိုင္ငံ တို႔အေနျဖင့္ ဆက္စပ္ေဒသတြင္းတြင္ တည္ၿငိမ္မႈရွိေစရန္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ရန္ႏွင့္ တစ္ဖက္ကိုတစ္ဖက္ ေထာက္ပံ့ေပးမႈ ပိုမိုျမႇင့္တင္သင့္ေၾကာင္း SCO ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ေဘးပန္းအစည္းအေဝးတြင္ တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီးဝမ္ယိက ႐ုရွားႏိုင္ငံျခားေရး လာဗေရာ့ကို ေျပာဆိုခဲ့သည္။ SCO အတြင္းေတြ႕ဆုံမႈသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ဘုံအက်ိဳးစီးပြားအတြက္သာမက ဝင္႐ိုးစုံကမာၻယႏၲရားလည္ပတ္မႈ ဦးတည္ခ်က္ႏွင့္အတူ လိုက္ပါႏိုင္ရန္အတြက္လည္း ရည္႐ြယ္ေတြ႕ဆုံျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ေဒသတြင္းဆိုင္ရာ လုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေျခအေနအားလုံးကို ပူးတြဲေစာင့္ေရွာက္ရန္၊ ပိုမိုတရားမွ်တၿပီး သင့္ေလ်ာ္သည့္ လမ္းေၾကာင္းတစ္ခုတြင္ ကမာၻလုံးဆိုင္ရာစီမံခန႔္ခြဲမႈဖြံ႕ၿဖိဳးေရးကို ျမႇင့္တင္ရန္အတြက္ ႐ုရွားႏိုင္ငံႏွင့္လည္းေကာင္း၊ SCO အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ လည္းေကာင္း ပူးေပါင္းေဆာင္႐ြက္ရန္ ဆႏၵရွိေနသည္။ ႏွစ္ႏိုင္ငံ သံတမန္တို႔သည္ ကိုရီးယားကြၽန္းဆြယ္အေျခအေန၊ ပင္လယ္နီေဒသတြင္ ျဖစ္ေပၚေနမႈမ်ား၊ အေရွ႕အလယ္ပိုင္းၿငိမ္း ခ်မ္းေရးျဖစ္စဥ္အပါအဝင္ အေရးႀကီးကိစၥရပ္ အေတာ္မ်ားမ်ားအေပၚတြင္လည္း အျမင္ခ်င္းဖလွယ္ခဲ့ၾကေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း သတင္း ထုတ္ျပန္ခဲ့သည္။

အင္ဒိုပစိဖိတ္ေဒသတြင္ အေမရိကန္ဦးေဆာင္သည့္ ထိန္းခ်ဳပ္ေရးမူဝါဒကို တန္ျပန္ရန္အတြက္ တ႐ုတ္ႏိုင္ငံက လည္း ဗဟိုအာရွႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးတိုးျမႇင့္ရန္ ဦးတည္ႀကိဳးပမ္းလာခဲ့သည္။ အဆိုပါ ဗဟိုအာရွႏိုင္ငံမ်ားသည္ စြမ္းအင္အရင္းအျမစ္ ႂကြယ္ဝသည္ဟု တ႐ုတ္ႏိုင္ငံက ယူဆထားသည့္ေဒသမ်ားျဖစ္သည္။ သို႔ျဖစ္ရာ တ႐ုတ္ႏိုင္ငံ အေနာက္ပိုင္း ရွန္က်န္းေဒသတည္ၿငိမ္ေရး ထိန္းသိမ္းရန္အတြက္ျဖစ္ေစ၊ စြမ္းအင္ဖူလုံေရးႏွင့္ကုန္သြယ္ေရး တိုးခ်ဲ႕ရန္ အတြက္ျဖစ္ေစ အေရးႀကီးသည့္ႏိုင္ငံမ်ားလည္းျဖစ္သည္။ သမၼတရွီက်င့္ဖ်င္သည္ ၂၀၂၃ ခုႏွစ္အတြင္းကလည္း ဆိုဗီ ယက္အဖြဲ႕ ဝင္ႏိုင္ငံေဟာင္းမ်ားျဖစ္ၾကသည့္ ကာဇက္စတန္၊ ကာဂ်စၥတန္၊ တာဂ်စ္ကစၥတန္ႏွင့္ တာ့ခ္မင္နစၥတန္ ႏိုင္ငံတို႔ မွ ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံခဲ့သည္။

အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရး ေျပာခြင့္ရပုဂၢိဳလ္ ဂြၽန္ကာဘီကမူ သမၼတပူတင္ႏွင့္ သမၼတရွီက်င့္ဖ်င္တို႔၏ ေတြ႕ဆုံမႈအေပၚ အေရးမႀကီးသည့္ပုံစံမ်ိဳး ေျပာထားသည္။ ႏွစ္ႏိုင္ငံလုံးသည္ အေမရိကန္တို႔၏ အက်ိဳးစီးပြားႏွင့္ ဆန႔္က်င္ေသာနည္းလမ္းမ်ားကို ေဆာင္႐ြက္ေနၾကေသာ္လည္း ၎တို႔ႏွစ္ႏိုင္ငံသည္ တစ္ႏိုင္ငံအေပၚတစ္ႏိုင္ငံက မယုံ ၾကည္မႈမွာ ရွည္လ်ားေသာ သမိုင္းေၾကာင္းရွိခဲ့သည္ဟု ဂြၽန္ကာဘီကဆိုသည္။ မၾကာေသးမီလပိုင္းအတြင္းက အေမရိ ကန္ေထာက္လွမ္းေရး၏ ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ခဲ့သည္။ အဆိုပါထုတ္ျပန္ခ်က္တြင္ တ႐ုတ္ႏိုင္ငံသည္ ႐ုရွား ႏိုင္ငံသို႔ မစ္ဆိုင္းဒုံးက်ည္၊ တင့္ကား၊ ေလယာဥ္ႏွင့္အျခားလက္နက္မ်ား ထုတ္လုပ္ရာတြင္ အသုံးျပဳႏိုင္သည့္ စက္ပစၥည္း အစိတ္အပိုင္းမ်ား၊ မိုက္ခ႐ိုအီလက္ထ႐ြန္နစ္မ်ားႏွင့္ အျခားနည္းပညာျမင့္ပစၥည္းမ်ား တိုးျမႇင့္ေရာင္းခ်ေနသည္ဟု အေမရိကန္ေထာက္လွမ္းေရး အစီရင္ခံစာကို ကိုးကားေျပာဆိုခဲ့သည္။

ဥေရာပေခါင္းေဆာင္မ်ားသည္ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရး ႐ုရွားကိုေဖ်ာင္းဖ်ရန္ တ႐ုတ္ႏိုင္ငံကိုဖိအားေပး ခဲ့ေသာ္လည္း အရာမထင္ျဖစ္ခဲ့သည္။ တ႐ုတ္-႐ုရွားဆက္ဆံေရးတြင္ မဟာဗ်ဴဟာ ေျမာက္အက်ိဳးစီးပြားမ်ား ရွိေနသည္။ အထူးသျဖင့္ ႏွစ္ႏိုင္ငံလုံးသည္ ဥေရာပႏွင့္သာမက၊ အေမရိကန္ႏွင့္ပါ ဆက္ဆံေရးတင္းမာေနသည့္ခ်ိန္ျဖစ္သည္ဟု ေလ့လာသူမ်ားကဆိုသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံကိုေပးေနသည့္အကူအညီမ်ား ျဖတ္ေတာက္ျခင္း အပါအဝင္ ကိစၥရပ္အေတာ္မ်ားမ်ားအေပၚတြင္ လိုက္ေလ်ာခဲ့သည့္တိုင္ အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံကို ၿပိဳင္ဘက္ သေဘာထားျခင္းမွာ ေျပာင္းလဲႏိုင္ဖြယ္မရွိပါဟု Singapore's Nanyang Technological University ရွိ တ႐ုတ္ ႏိုင္ငံျခားေရးမူဝါဒေလ့လာသူ Hoo Tiang Boon က ယူဆသည္။ တ႐ုတ္ႏွင့္ အေမရိကန္ႏွစ္ႏိုင္ငံတို႔သည္ အေရးအယူ အေလွ်ာ့အတင္းျပဳလုပ္ရန္အတြက္ မက္လုံးမရွိၾကဟု Hoo Tiang Boon က ယူဆျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ ယူကရိန္းစစ္ပြဲႏွင့္ ပတ္သက္၍ ႐ုရွားကို ျပစ္တင္ရႈတ္ခ်ျခင္းမရွိဘဲ ၾကားေနအျဖစ္ရပ္တည္ခဲ့ သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးႏွင့္ပတ္သက္၍ အခ်က္ (၁၂)ခ်က္ပါ ၿငိမ္းခ်မ္းေရး အစီအမံ ကိုလည္း ထုတ္ျပန္ခဲ့သည္။ သမၼတဇဲလန္းစကီးကမူ မည္သည့္ ေစ့စပ္ညႇိႏႈိင္းမႈမဆို ႏိုင္ငံ၏နယ္ေျမမ်ား ျပန္လည္ရရွိ ေရး၊ ယူကရိန္းႏိုင္ငံအတြင္းရွိ ႐ုရွားတပ္ဖြဲ႕မ်ား ႐ုပ္သိမ္းေရး၊ အက်ဥ္းသားအားလုံး လြတ္ေျမာက္ေရး၊ ယူကရိန္းကို တိုက္ခိုက္ခဲ့ျခင္းအတြက္ တာဝန္ရွိသူမ်ားကို တရားစီရင္ေရးႏွင့္ ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္ရွိရမည္ စသည့္ အခ်က္မ်ား ပါရွိရမည္ဟုဆိုသည္။

သမၼတရွီက်င့္ဖ်င္ႏွင့္ သမၼတပူတင္တို႔သည္ တစ္ႏွစ္တစ္ႀကိမ္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ အျပန္အလွန္သြားေရာက္ လည္ပတ္ၾကမည္ဟု ကတိကဝတ္ ရွိထားသကဲ့သို႔ ျဖစ္ေနသည္။ သမၼတပူတင္ႏွင့္ သမၼတရွီက်င့္ဖ်င္တို႔၏ ေတြ႕ဆုံမႈသည္ ႏွစ္လခန႔္အၾကာတြင္ ဒုတိယအႀကိမ္ေျမာက္ ေတြ႕ဆုံၾကျခင္းျဖစ္သည္။ လာမည့္ေအာက္တိုဘာလ ႐ုရွားႏိုင္ငံတြင္ က်င္းပမည့္ BRICS ထိပ္သီးေဆြးေႏြးပြဲတြင္ ထပ္မံဆုံေတြ႕ၾကဦးမည္ျဖစ္သည္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ႐ုရွားတပ္ဖြဲ႕ဝင္ မ်ားကို ယူကရိန္းသို႔ မေစလႊတ္မီတြင္ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ အကန႔္အသတ္မရွိ မိတ္ဖက္ျဖစ္မႈ “no limits” partnership အျဖစ္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားက ေၾကညာခဲ့သည္။ ၂၀၂၃ ခုႏွစ္၊ မတ္လတြင္ သမၼတရွီက်င့္ဖ်င္ ႐ုရွားႏိုင္ငံသို႔သြားေရာက္ခဲ့ရာ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ေခတ္သစ္ “New Era” သို႔ ေရာက္ရွိေနၿပီဟု ေဖာ္ျပခဲ့သည္။ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလတြင္ သမၼတပူတင္ တ႐ုတ္ႏိုင္ငံသို႔ေရာက္ရွိခဲ့ရာ သမၼတရွီက်င့္ဖ်င္က ၎တို႔ၾကား ဆက္ဆံေရး မွာ ေလးနက္ေသာ မိတ္ေဆြျဖစ္မႈ “ deep friendship ” အျဖစ္ေဖာ္ျပခဲ့သည္။ ယခုတစ္ေခါက္ ၂၀၂၄ ခုႏွစ္ မတ္လ သမၼတပူတင္၏ တ႐ုတ္ႏိုင္ငံခရီးစဥ္တြင္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ ျဖစ္မႈ “Strategic partnership” အျဖစ္ ေဖာ္က်ဴးခဲ့ျပန္သည္။

႐ုရွားႏိုင္ငံသည္ တ႐ုတ္ႏွင့္ဆက္ဆံေရး ပိုမိုနီးကပ္လာၿပီး ၎၏ စြမ္းအင္အမ်ားစုကို တ႐ုတ္ႏိုင္ငံသို႔တင္ပို႔ ေနသည္။ ႐ုရွားႏိုင္ငံသည္ ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားၾကားမွပင္ ၎၏ စစ္ဘက္လုပ္ငန္းမ်ားအတြက္ တ႐ုတ္ကုမၸဏီမ်ား ထံမွ နည္းပညာျမင့္ အစိတ္အပိုင္းမ်ားကို တင္သြင္းေနသည္။ ႏွစ္ႏိုင္ငံတို႔သည္ စစ္ေရးအရဆက္ဆံမႈတြင္ နက္နက္ ရႈိင္းရႈိင္းရွိလာသည္။ အေရွ႕တ႐ုတ္ပင္လယ္ႏွင့္ ဂ်ပန္ပင္လယ္တို႔တြင္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္လာၾကသည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံပိုင္နက္နယ္ေျမတို႔တြင္လည္း ေျမျပင္တပ္ဖြဲ႕မ်ား၏ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္လာၾကသည္။

ႏွစ္ႏိုင္ငံေခါင္းေဆာင္တို႔သည္ အေမရိကန္ႀကီးစိုးမႈကို တန္ျပန္ရန္အတြက္ ဝင္႐ိုးစုံကမာၻေပၚ ေပါက္ေရး ႀကိဳးပမ္းရမည္ဟု မၾကာခဏ ထုတ္ေဖာ္ေျပာဆိုေလ့ရွိၾကသည္။ ႏွစ္ႏိုင္ငံလုံးသည္ ဝင္႐ိုးစုံ ကမာၻသစ္တြင္ အေရးပါသည့္ ပေလယာမ်ားျဖစ္လာေစေရးအတြက္လည္း ႀကိဳးပမ္းေနၾကသည္။ တ႐ုတ္-႐ုရွားဆက္ဆံေရးသည္ အတိတ္ကာလက မည္သို႔ ေသာမယုံၾကည္မႈမ်ားပင္ ရွိေစကာမူ ယခုအခါတြင္ အကန႔္အသတ္မရွိ မိတ္ဖက္ျဖစ္မႈမွသည္ မဟာဗ်ဴဟာ ေျမာက္မိတ္ဖက္အျဖစ္သို႔ တက္လွမ္းလာႏိုင္ခဲ့ၿပီျဖစ္ရာ ႏွစ္ႏိုင္ငံရည္မွန္းခ်က္ျဖစ္သည့္ ဝင္႐ိုးစုံ ကမာၻပုံေဖာ္ေရးအတြက္ မည္သို႔ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ၾကမည္ဆိုသည္ကို ေစာင့္ၾကည့္ရမည္သာျဖစ္သည္။

Related news

© 2021. All rights reserved.