ရေအားလျှပ်စစ်စီမံကိန်းကြီး (၅)ခုအနက် စီမံကိန်း(၃)ခုမှာ နယ်မြေအခြေအနေများကြောင့် နှစ်နှင့်ချီ ရပ်နားထားရ

 127

သန့်ဇင် (NP News) - အောက်တိုဘာ ၂၈

အစိုးရ ရေအားလျှပ်စစ်စီမံကိန်းကြီး (၅)ခုအနက် စီမံကိန်း(၃)ခုမှာ တိုက်ပွဲများနှင့် နယ်မြေ မတည်မငြိမ်မှုများကြောင့် နှစ်နှင့်ချီရပ်နားထားရဆဲဖြစ်ကြောင်း NP News က စုံစမ်းသိရှိရသည်။
ပြည်ထောင်စုဘဏ္ဍာငွေဖြင့် တည်ဆောင်နေသော ရေအားလျှပ်စစ်စီမံကိန်းကြီး (၅)ခုမှာ အ လယ်ပေါင်းလောင်းစံမံကိန်း၊ ရွှေလီ(၃) စီမံကိန်း၊ အထက်ရဲရွာစီမံကိန်း၊ သူဌေးချောင်းစီမံကိန်းနှင့် အထက်ကျိုင်း တောင်းစီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကြီး(၅)ခုအနက် သူဌေး ချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သူဌေးချောင်းပေါ်တွင် ဖော်ဆောင် လျက်ရှိသည့် စီမံကိန်းဖြစ်ပြီး (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော်လည်း နယ်မြေအခြေအနေအရ (၁) နှစ်ကျော် ရပ်နားထားရကြောင်း သိရသည်။
ထို့ပြင် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည်လည်း ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် (၂) နှစ်နီးပါးအကြာ ရပ်နားထားရကြောင်း သိရသည်။ အလားတူ ရွှေလီ (၃) စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့၏မြောက်ဘက် (၁၂) မိုင် ခန့် အကွာ ရွှေလီမြစ်ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသည့်စီမံကိန်းဖြစ်ပြီး လက်ရှိအချိန်အထိ ရပ် နားထားရကြောင်း သိရသည်။
“သူဌေးစီမံကိန်းကတော့ သံတွဲမြို့မှာရှိတာပေါ့။ အဲဒါကတော့ (၂၀၂၄) တည်းက နယ်မြေ အခြေ အနေတွေအရ ရပ်နားထားရတယ်။ နောက် ရွှေလီ (၃) စီမံကိန်းဆိုတာရှိတယ်။ ရှမ်းမြောက်မှာ ရှိတယ်။ နောက်ပြီး ရှမ်းမြောက်မှာပဲ အထက်ရဲရွာစီမံကိန်းဆိုတာရှိတယ်။ အဲဒါတွေလည်း အဲဒီလိုပဲ (၂၀၂၃၊ ၂၀၂၄) တို့မှာ နယ်မြေအခြေအနေအရ လုံးဝရပ်ဆိုင်းသွားလိုက်ရတယ်” ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာန နှင့် နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါ ရပ်နားထားရသော စီမံကိန်းကြီး (၃) ခုသည် စုစုပေါင်းတပ်ဆင်စက်အင်အား (၁၄ ၄၁) မဂ္ဂါဝပ်ရှိရာ လက်ရှိတွင်သာ ယင်းစီမံကိန်းများ ပြီးပါက လျှပ်စစ်ဓာတ်အားနှစ်စဉ် ကီလိုဝပ်နာရီ သန်း ပေါင်း (၅၁၉၅) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင် ပြည်ထောင်စုဘဏ္ဍာငွေဖြင့် တည်ဆောက်နေဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီး (၅)ခုအနက် အလယ်ပေါင်းလောင်းစီမံကိန်းနှင့် အထက်ကျိုင်းတောင်းစီမံကိန်းတို့ (၂) ခုသာ ဆက်လက်တည်ဆောက်နေဆဲဖြစ်ဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ်တော့ ရေအားလျှပ်စစ်စီမံကိန်းထဲမှာ ရှမ်းတောင်မှာ အထက်ကျိုင်း တောင်း စီမံကိန်းတစ်ခုပဲ ဆောင်ရွက်ဆဲ အနေအထား မှာရှိတယ်။ အဲဒါကတော့ (၂၀၂၇-၂၀၂၈) ဘဏ္ဍာ နှစ် အစလောက်မှာတော့ ပြီးအောင်လို့ကြိုးစားပြီး တော့ဆောင်ရွက်နေပါတယ်။ ရှမ်းတောင်မှာရှိတာပါ သူကတော့ (၅၁) မဂ္ဂါဝပ်ရှိတယ်။ အခုလက်ရှိမှာ အကောင်အထည်ဖော်နေပါတယ်။ လက်ရှိမှာတော့ နေပြည်တော်မှာ အလယ်ပေါင်းလောင်း စီမံကိန်းကတော့ လုပ်နေတာရှိတယ်။ အလယ်ပေါင်းလောင်း က တော့ အစပဲရှိပါသေးတယ်”ဟု ၎င်းက ဆက်ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေအားလျှပ်စစ်စီမံကိန်း (၁၀) ခုရှိသည့်အနက် စီမံကိန်းကြီး (၈) ခုနှင့် အသေးစားစီမံကိန်း(၂) ခုရှိကြောင်း သိရ သည်။ အလယ်ပေါင်းလောင်းစီမံကိန်းသည် (၁၆၆) မဂ္ဂပါဝပ်၊ ရွှေလီ(၃)စီမံကိန်းသည် (၁၀၅၀) မဂ္ဂါဝပ်၊ ဒီးဒုတ်စီမံကိန်းသည် (၆၆) မဂ္ဂါဝပ်၊ အထက်ရဲရွာ စီမံ ကိန်းသည် (၂၈၀) မဂ္ဂါဝပ်၊ သူဌေး စီမံကိန်းသည် (၁၁၁) မဂ္ဂါဝပ်၊ အထက်ကျိုင်းတောင်း စီမံကိန်းသည် (၅၁) မဂ္ဂါဝပ်၊ အထက်ဘီလူးချောင်း စီမံကိန်းသည် (၃၀) မဂ္ဂါဝပ်နှင် အလယ်ရဲရွာစီမံကိန်းသည် (၇၅၀) မဂ္ဂါဝပ် စက်တပ်ဆင်အင်အားရှိစီမံကိန်းကြီးများဖြစ်ကြောင်း သိရသည်။
အလားတူ စက်တပ်ဆင်အင်အား (၆) မဂ္ဂါဝပ်ရှိ နမ့်ပင စီမံကိန်းနှင့် တပ်ဆင်စက်အင်အား (၄) မဂ္ဂါဝပ်ရှိ ဟွေထိုက် စီမံကိန်းတို့သည် အသေးစား ရေအားလျှပ်စစ်စီမံကိန်းများဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။

Zawgyi Version:
ေရအားလွ်ပ္စစ္စီမံကိန္းႀကီး (၅)ခုအနက္ စီမံကိန္း(၃)ခုမွာ နယ္ေျမအေျခအေနမ်ားေၾကာင့္ ႏွစ္ႏွင့္ခ်ီ ရပ္နားထားရ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၈
အစိုးရ ေရအားလွ်ပ္စစ္စီမံကိန္းႀကီး (၅)ခုအနက္ စီမံကိန္း(၃)ခုမွာ တိုက္ပြဲမ်ားႏွင့္ နယ္ေျမ မတည္မၿငိမ္မႈမ်ားေၾကာင့္ ႏွစ္ႏွင့္ခ်ီရပ္နားထားရဆဲျဖစ္ေၾကာင္း NP News က စုံစမ္းသိရွိရသည္။
ျပည္ေထာင္စုဘ႑ာေငြျဖင့္ တည္ေဆာင္ေနေသာ ေရအားလွ်ပ္စစ္စီမံကိန္းႀကီး (၅)ခုမွာ အ လယ္ေပါင္းေလာင္းစံမံကိန္း၊ ေ႐ႊလီ(၃) စီမံကိန္း၊ အထက္ရဲ႐ြာစီမံကိန္း၊ သူေဌးေခ်ာင္းစီမံကိန္းႏွင့္ အထက္က်ိဳင္း ေတာင္းစီမံကိန္းတို႔ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ စီမံကိန္းႀကီး(၅)ခုအနက္ သူေဌး ေခ်ာင္း ေရအားလွ်ပ္စစ္စီမံကိန္းသည္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္ရွိ သူေဌးေခ်ာင္းေပၚတြင္ ေဖာ္ေဆာင္ လ်က္ရွိသည့္ စီမံကိန္းျဖစ္ၿပီး (၈၀) ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီျဖစ္ေသာ္လည္း နယ္ေျမအေျခအေနအရ (၁) ႏွစ္ေက်ာ္ ရပ္နားထားရေၾကာင္း သိရသည္။
ထို႔ျပင္ အထက္ရဲ႐ြာ ေရအားလွ်ပ္စစ္ စီမံကိန္းသည္လည္း ဒု႒ဝတီျမစ္ (ျမစ္ငယ္ျမစ္) ေပၚတြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး တိုက္ပြဲမ်ားေၾကာင့္ (၂) ႏွစ္နီးပါးအၾကာ ရပ္နားထားရေၾကာင္း သိရသည္။ အလားတူ ေ႐ႊလီ (၃) စီမံကိန္းသည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မိုးမိတ္ၿမိဳ႕၏ေျမာက္ဘက္ (၁၂) မိုင္ ခန႔္ အကြာ ေ႐ႊလီျမစ္ေပၚတြင္ အေကာင္အထည္ေဖာ္လ်က္ရွိသည့္စီမံကိန္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ရပ္ နားထားရေၾကာင္း သိရသည္။
“သူေဌးစီမံကိန္းကေတာ့ သံတြဲၿမိဳ႕မွာရွိတာေပါ့။ အဲဒါကေတာ့ (၂၀၂၄) တည္းက နယ္ေျမ အေျခ အေနေတြအရ ရပ္နားထားရတယ္။ ေနာက္ ေ႐ႊလီ (၃) စီမံကိန္းဆိုတာရွိတယ္။ ရွမ္းေျမာက္မွာ ရွိတယ္။ ေနာက္ၿပီး ရွမ္းေျမာက္မွာပဲ အထက္ရဲ႐ြာစီမံကိန္းဆိုတာရွိတယ္။ အဲဒါေတြလည္း အဲဒီလိုပဲ (၂၀၂၃၊ ၂၀၂၄) တို႔မွာ နယ္ေျမအေျခအေနအရ လုံးဝရပ္ဆိုင္းသြားလိုက္ရတယ္” ဟု လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာန ႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။
အဆိုပါ ရပ္နားထားရေသာ စီမံကိန္းႀကီး (၃) ခုသည္ စုစုေပါင္းတပ္ဆင္စက္အင္အား (၁၄ ၄၁) မဂၢါဝပ္ရွိရာ လက္ရွိတြင္သာ ယင္းစီမံကိန္းမ်ား ၿပီးပါက လွ်ပ္စစ္ဓာတ္အားႏွစ္စဥ္ ကီလိုဝပ္နာရီ သန္း ေပါင္း (၅၁၉၅) ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရ သည္။ လက္ရွိတြင္ ျပည္ေထာင္စုဘ႑ာေငြျဖင့္ တည္ေဆာက္ေနဆဲ ေရအားလွ်ပ္စစ္စီမံကိန္းႀကီး (၅)ခုအနက္ အလယ္ေပါင္းေလာင္းစီမံကိန္းႏွင့္ အထက္က်ိဳင္းေတာင္းစီမံကိန္းတို႔ (၂) ခုသာ ဆက္လက္တည္ေဆာက္ေနဆဲျဖစ္ျဖစ္ေၾကာင္း သိရသည္။
“အခုေလာေလာဆယ္ေတာ့ ေရအားလွ်ပ္စစ္စီမံကိန္းထဲမွာ ရွမ္းေတာင္မွာ အထက္က်ိဳင္း ေတာင္း စီမံကိန္းတစ္ခုပဲ ေဆာင္႐ြက္ဆဲ အေနအထား မွာရွိတယ္။ အဲဒါကေတာ့ (၂၀၂၇-၂၀၂၈) ဘ႑ာ ႏွစ္ အစေလာက္မွာေတာ့ ၿပီးေအာင္လို႔ႀကိဳးစားၿပီး ေတာ့ေဆာင္႐ြက္ေနပါတယ္။ ရွမ္းေတာင္မွာရွိတာပါ သူကေတာ့ (၅၁) မဂၢါဝပ္ရွိတယ္။ အခုလက္ရွိမွာ အေကာင္အထည္ေဖာ္ေနပါတယ္။ လက္ရွိမွာေတာ့ ေနျပည္ေတာ္မွာ အလယ္ေပါင္းေလာင္း စီမံကိန္းကေတာ့ လုပ္ေနတာရွိတယ္။ အလယ္ေပါင္းေလာင္း က ေတာ့ အစပဲရွိပါေသးတယ္”ဟု ၎က ဆက္ေျပာသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရအားလွ်ပ္စစ္စီမံကိန္း (၁၀) ခုရွိသည့္အနက္ စီမံကိန္းႀကီး (၈) ခုႏွင့္ အေသးစားစီမံကိန္း(၂) ခုရွိေၾကာင္း သိရ သည္။ အလယ္ေပါင္းေလာင္းစီမံကိန္းသည္ (၁၆၆) မဂၢပါဝပ္၊ ေ႐ႊလီ(၃)စီမံကိန္းသည္ (၁၀၅၀) မဂၢါဝပ္၊ ဒီးဒုတ္စီမံကိန္းသည္ (၆၆) မဂၢါဝပ္၊ အထက္ရဲ႐ြာ စီမံ ကိန္းသည္ (၂၈၀) မဂၢါဝပ္၊ သူေဌး စီမံကိန္းသည္ (၁၁၁) မဂၢါဝပ္၊ အထက္က်ိဳင္းေတာင္း စီမံကိန္းသည္ (၅၁) မဂၢါဝပ္၊ အထက္ဘီလူးေခ်ာင္း စီမံကိန္းသည္ (၃၀) မဂၢါဝပ္ႏွင္ အလယ္ရဲ႐ြာစီမံကိန္းသည္ (၇၅၀) မဂၢါဝပ္ စက္တပ္ဆင္အင္အားရွိစီမံကိန္းႀကီးမ်ားျဖစ္ေၾကာင္း သိရသည္။
အလားတူ စက္တပ္ဆင္အင္အား (၆) မဂၢါဝပ္ရွိ နမ့္ပင စီမံကိန္းႏွင့္ တပ္ဆင္စက္အင္အား (၄) မဂၢါဝပ္ရွိ ေဟြထိုက္ စီမံကိန္းတို႔သည္ အေသးစား ေရအားလွ်ပ္စစ္စီမံကိန္းမ်ားျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.