ကမ္ဘာ့အဖွဲ့အစည်းတွေထဲမှာ အဓိကအရေးပါတဲ့ အာဆီယံအဖွဲ့

382

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၈
ကမ္ဘာတစ်ဝန်းရှိ အဓိကအရေးပါတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာ အာဆီယံအဖွဲ့ရဲ့ ထိပ်သီးအစည်း အဝေးကို ယခုလအောက်တိုဘာလ(၂၆)ရက်ကနေ (၂၈)ရက်အထိ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ (၂၀၂၅)ခုနှစ်အတွက် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့နိုင်ငံဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များအပြင် အာရှတိုက်အတွင်းရှိ ခေါင်းဆောင်များလည်းတက်ရောက်မှာ ဖြစ်တယ်။
အာဆီယံအဖွဲ့ (သို့) အရှေ့တောင်အာရှ နိုင်ငံများအသင်းဟာ အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံ ပေါင်း (၁၀)နိုင်ငံပေါင်းစည်းဖွဲ့စည်းထားတဲ့ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာအသင်းဖြစ်ပါတယ်။ အာဆီယံကို (၁၉၆၇) ခုနှစ် ဩဂုတ်လ(၈)ရက်မှာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘန်ကောက်ကြေညာစာတမ်းနဲ့စတင်ဖွဲ့စည်းခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ (၁၉၆၇)ခုနှစ်မှာ အာဆီယံကြေညာချက် သို့မဟုတ် (ဘန်ကောက် ကြေညာစာတမ်း) ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပဋိညာဉ် မူဝါဒနဲ့အညီ တရားမျှတရေး၊ ဥပဒေများနဲ့အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ရရှိရေးကိုမြှင့်တင်နိုင်ဖို့ အာဆီယံ ဒေသအတွင်း နိုင်ငံများအကြား စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်ဖို့အပြင် လွတ်လပ်ပြီးငြိမ်းချမ်းတဲ့ သယံဇာတပြည့်စုံတဲ့ ဘဝသို့ရောက်ရှိအောင် အာဆီယံ ဒေသအတွင်းရှိ လူထုတစ်ရပ်လုံးနဲ့ သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်း ဆောင်ရွက်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ အခြားနိုင်ငံတကာအဖွဲ့အစည်း တွေအတိုင်း ရည်ရွယ်ချက်တွေရှိနေ ပြီး အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်က တစ်ဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတိုးတက်ဖြစ်ပေါ်လာမှုကို မြှင့်တင်ဖို့၊ အင်အားကြီး ပြိုင်ဆိုင်မှုတွေ ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့ မလာအောင် ဒေသတွင် နိုင်ငံရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကို ကာ ကွယ်ဖို့ အပြင်ဒေသအတွင်းနိုင်ငံအချင်းချင်း ဖြစ်ပေါ်လာတဲ့သဘောထားကွဲလွဲမှုတွေကို ထိန်းသိမ်းဖြေ ရှင်းပေးနိုင်အောင် ရည်ရွယ်ထားပါတယ်။ အာဆီယံ အဖွဲ့ရဲ့အခြေခံပဋိညာဉ်အခြေခံစည်းမျဉ်း(၆)ရပ် ရှိနေပြီး အဲဒီစည်းမျဉ်းတွေထဲမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေ ပိုင်ဆိုင်မှုအပြင် အမျိုးသားရေးလက္ခဏာတွေကို အပြန်အလှန်လေးစားမှုရှိရေး၊ နိုင်ငံတစ်နိုင်ငံရဲ့ တည်ရှိ ခွင့်အခွင့်အရေးကို တခြားအဖွဲ့ဝင်နိုင်ငံတွေက ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း၊ ခြိမ်း ခြောက်ခြင်းတို့ကနေကင်းလွတ်စေဖို့အချက်တွေ ပါဝင်နေပါတယ်။ ဒါ့ပြင် အဖွဲ့ဝင်တစ်နိုင်ငံရဲ့ ပြည် တွင်းရေးကို တခြားအဖွဲ့ဝင်နိုင်ငံတွေက ဝင်ရောက် စွက်ဖက်ခြင်းမပြုလုပ်ဖို့၊ အငြင်းပွားမှုတွေကို ငြိမ်း ချမ်းစွာဖြေရှင်းဖို့၊ အာဏာသုံးပြီး ခြိမ်းခြောက်မှုတွေ မပြုလုပ်ဖို့၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ထိထိရောက် ရောက်ပူးပေါင်းကူညီဆောင်ရွက်ဖို့ စတဲ့အချက်တွေ ဟာလည်း အာဆီယံအဖွဲ့ရဲ့အခြေခံစည်းမျဉ်းစည်း ကမ်းတွေထဲမှာပါဝင်နေပါတယ်။ အာဆီယံအဖွဲ့ကို စတင်ဖွဲ့စည်းချိန်က နိုင်ငံပေါင်း (၅)နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ ပေမယ့် လက်ရှိအချိန်မှာတော့ တရားဝင်အဖွဲ့ဝင်နိုင်ငံပေါင်းအနည်းဆုံး (၁၀)နိုင်ငံအထိရှိနေပြီး မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး မှာ အရှေ့တီ မောနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် အသိမှတ်ပြုလက်ခံဖွယ်ရှိနေပါတယ်။ အာဆီယံအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် (၁၇)နှစ်အကြာမှာ ဘရူးနိုင်းနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခွင့်ပြုခဲ့သလို (၁၉၉၅) ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ၊ (၁၉၉၇)ခုနှစ်မှာ လာအိုနိုင်ငံနဲ့ မြန် မာနိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်မံပါဝင်ခွင့်ပြုခဲ့ ပါတယ်။ (၁၉၉၉)ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်မံပါဝင်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀)နိုင်ငံပါဝင်လျက်ရှိနေပါတယ်။ အာဆီ ယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်မှုများ၊ အာဆီယံဒေသတွင်း ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ အစားအစာ၊ လယ်ယာနဲ့ သစ် တော ကဏ္ဍများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာ ဖွံ့ဖြိုး တိုး တက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒါ့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင် ရာလုပ်ငန်းများ၊ အာဆီယံနိုင်ငံများအကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများ၊ သတင်းနဲ့ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ ကမ္ဘာလှည့် ခရီး သွားလုပ်ငန်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းရပ်များနဲ့ ဘဏ္ဍရေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားမှာလည်း ပူးပေါင်းဆောင်ရွက်ရေး အဆင့်(၃)ဆင့်ရှိနေပြီး တစ်ဦး နဲ့တစ်ဦးထိတွေ့ပြီး ယုံကြည်မှုတည်ဆောက်ခြင်း၊ အရေးအခင်းတစ်ခုဖြစ်ပေါ်မလာမီ သံတမန် နည် အရ ကြိုတင်ဝင်ရောက်ကာကွယ်ခြင်းနဲ့ ပဋိပက္ခဖြစ် စေမယ့်နည်းလမ်းတွေကို သတိပြုရှောင်ရှား ဖြေရှင်းစေခြင်းတို့ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ ကုလ သမဂ္ဂအဖွဲ့၊ ဥရောပသမဂ္ဂအဖွဲ့အပြင် ကမ္ဘာ့ စီးပွားရေး အင်အားတောင့်တင်းတဲ့နိုင်ငံတွေနဲ့လည်း ဆွေးနွေး မှုမိတ်ဖက်နိုင်ငံအဖြစ်တည်ဆောက်ထား တယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ရဲ့ ဆွေးနွေးမှုမိတ်ဖက် နိုင်ငံတွေဟာ ဩစတြေးလျနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ က နေဒါ၊ ဂျပန်၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ နယူးဇီလန်နဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပြီး အဲဒီဆွေးနွေးမှုမိတ်ဖက်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ကြပါတယ်။ အာဆီယံထိပ်သီးအစည်းဝေးဟာ အာဆီယံအဖွဲ့ရဲ့ အဆင့်မြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံများက အဖွဲ့နဲ့ သက်ဆိုင်တဲ့အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက လူဦးရေ အများ ဆုံးနိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ စုစုပေါင်းလူဦးရေဟာ (၂၀၂၄)ခုနှစ်အတွင်း ခန့်မှန်းခြေအားဖြင့် သန်း (၇၀ဝ)ခန့်ရှိနေကာ အာဆီယံ အဖွဲ့ရဲ့ စုစုပေါင်းဂျီဒီပီဟာ (၂၀၂၄)ခုနှစ်စစ်တမ်း အရ အနည်းဆုံး အမေရိကန်ဒေါ်လာ (၄) ထရီလျံခန့် ရှိနေပါတယ်။ အာဆီယံအဖွဲ့ရဲ့ စုစုပေါင်း ဂျီဒီပီ တန်ဖိုးဟာ ကမ္ဘာ့စုစုပေါင်းဂျီဒီပီရဲ့ (၄) ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စုစုပေါင်း လူဦးရေသန်း (၇၀ဝ)နီးပါးရှိနေတဲ့အတွက် ဈေး ကွက်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုရှိနိုင်ပြီး လူငယ်အများစုရှိနေတာကြောင့် အလုပ်အကိုင်နယ်ပယ်တွေမှာလည်း ဆောင်ရွက်မှုတိုးတက်နိုင်ပါ တယ်။ ASEAN Free Trade Area (AFTA), RCEP စတဲ့ သံတမန်ဆိုင်ရာ သဘောတူညီချက်တွေကြောင့် စီးပွားရေးအပြန်အလှန်စီးဆင်းမှုများပြားလျက်ရှိနေပါတယ်။
အာဆီယံအဖွဲ့ဟာ အာရှတိုက်ဒေသအတွင်းရှိအဖွဲ့အစည်းတွေထဲမှာ ဂုဏ်သိက္ခာရှိတဲ့အဖွဲ့စည်း အဖြစ်ရပ်တည်နေသလို နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာလည်း အဓိကအရေးပါတဲ့အဖွဲ့စည်းအဖြစ် ရပ်တည်နေပါတယ်။ အာဆီယံအဖွဲ့ရဲ့ ပိုင်နက်နယ်မြေအကျယ်အဝန်းအားဖြင့် ကမ္ဘာမြေမျက်နှာပြင် ဧရိယာ စုစုပေါင်းရဲ့ (၃)ရာခိုင်နှုန်းရှိပြီး စတုရန်းကီလိုမီတာ (၄.၄၆)သန်းရှိနေပါတယ်။ အာဆီယံအဖွဲ့ရဲ့ ဖွဲ့စည်းထားတဲ့စည်းမျဉ်းစည်းကမ်း စံနှုန်းသတ်မှတ်ချက်တွေ အရ ဘက်လိုက်မှုကင်းတဲ့အဖွဲ့စည်းအဖြစ် နှစ်ပေါင်း (၆၀)ကြာရပ်တည်နိုင်ခဲ့ရာအနာဂတ်မှာလည်း ဂုဏ်သိက္ခာကောင်းမွန်တဲ့အဖွဲ့စည်းအဖြစ် ဆက်လက်ရပ်တည်နိုင်ဖွယ်ရှိနေပါတယ်။

Zawgyi Version:
ကမာၻ႔အဖြဲ႕အစည္းေတြထဲမွာ အဓိကအေရးပါတဲ့ အာဆီယံအဖြဲ႕
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၈
ကမာၻတစ္ဝန္းရွိ အဓိကအေရးပါတဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြထဲမွာ အာဆီယံအဖြဲ႕ရဲ႕ ထိပ္သီးအစည္း အေဝးကို ယခုလေအာက္တိုဘာလ(၂၆)ရက္ကေန (၂၈)ရက္အထိ မေလးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပေနၿပီျဖစ္ပါတယ္။ မေလးရွားႏိုင္ငံဟာ (၂၀၂၅)ခုႏွစ္အတြက္ အာဆီယံအဖြဲ႕ရဲ႕ အလွည့္က်ဥကၠ႒ အျဖစ္ တာဝန္ယူထားတဲ့ႏိုင္ငံျဖစ္ၿပီး အာဆီယံထိပ္သီးအစည္းအေဝးကို အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ အပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ေခါင္းေဆာင္မ်ားအျပင္ အာရွတိုက္အတြင္းရွိ ေခါင္းေဆာင္မ်ားလည္းတက္ေရာက္မွာ ျဖစ္တယ္။
အာဆီယံအဖြဲ႕ (သို႔) အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္းဟာ အေရွ႕ေတာင္အာရွေဒသအတြင္းရွိ ႏိုင္ငံ ေပါင္း (၁၀)ႏိုင္ငံေပါင္းစည္းဖြဲ႕စည္းထားတဲ့ ႏိုင္ငံေရးနဲ႔စီးပြားေရးဆိုင္ရာအသင္းျဖစ္ပါတယ္။ အာဆီယံကို (၁၉၆၇) ခုႏွစ္ ဩဂုတ္လ(၈)ရက္မွာ မေလးရွား၊ အင္ဒိုနီးရွား၊ စင္ကာပူ၊ ထိုင္းနဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဘန္ေကာက္ေၾကညာစာတမ္းနဲ႔စတင္ဖြဲ႕စည္းခဲ့ၿပီး အင္ဒိုနီးရွား၊ မေလးရွား၊ စင္ကာပူ၊ ထိုင္း၊ ဖိလစ္ပိုင္ႏိုင္ငံတို႔ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ (၁၉၆၇)ခုႏွစ္မွာ အာဆီယံေၾကညာခ်က္ သို႔မဟုတ္ (ဘန္ေကာက္ ေၾကညာစာတမ္း) ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။ အာဆီယံအဖြဲ႕ကို ကမာၻ႔ကုလသမဂၢရဲ႕ ပဋိညာဥ္ မူဝါဒနဲ႔အညီ တရားမွ်တေရး၊ ဥပေဒမ်ားနဲ႔အညီ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္မႈ ရရွိေရးကိုျမႇင့္တင္ႏိုင္ဖို႔ အာဆီယံ ေဒသအတြင္း ႏိုင္ငံမ်ားအၾကား စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ နည္းပညာ၊ ပညာေရးနယ္ပယ္မ်ားမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔အျပင္ လြတ္လပ္ၿပီးၿငိမ္းခ်မ္းတဲ့ သယံဇာတျပည့္စုံတဲ့ ဘဝသို႔ေရာက္ရွိေအာင္ အာဆီယံ ေဒသအတြင္းရွိ လူထုတစ္ရပ္လုံးနဲ႔ သားစဥ္ေျမးဆက္ အက်ိဳးခံစားႏိုင္ေရးပူးေပါင္း ေဆာင္႐ြက္ဖို႔ ရည္႐ြယ္ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ အာဆီယံအဖြဲ႕ဟာ အျခားႏိုင္ငံတကာအဖြဲ႕အစည္း ေတြအတိုင္း ရည္႐ြယ္ခ်က္ေတြရွိေန ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္က တစ္ဆင့္ ေဒသတြင္း စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈတိုးတက္ျဖစ္ေပၚလာမႈကို ျမႇင့္တင္ဖို႔၊ အင္အားႀကီး ၿပိဳင္ဆိုင္မႈေတြ ေဒသအတြင္း စိမ့္ဝင္ပ်ံ႕ႏွံ႔ မလာေအာင္ ေဒသတြင္ ႏိုင္ငံေရးနဲ႔ စီးပြားေရးတည္ၿငိမ္မႈကို ကာ ကြယ္ဖို႔ အျပင္ေဒသအတြင္းႏိုင္ငံအခ်င္းခ်င္း ျဖစ္ေပၚလာတဲ့သေဘာထားကြဲလြဲမႈေတြကို ထိန္းသိမ္းေျဖ ရွင္းေပးႏိုင္ေအာင္ ရည္႐ြယ္ထားပါတယ္။ အာဆီယံ အဖြဲ႕ရဲ႕အေျခခံပဋိညာဥ္အေျခခံစည္းမ်ဥ္း(၆)ရပ္ ရွိေနၿပီး အဲဒီစည္းမ်ဥ္းေတြထဲမွာ အဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမ ပိုင္ဆိုင္မႈအျပင္ အမ်ိဳးသားေရးလကၡဏာေတြကို အျပန္အလွန္ေလးစားမႈရွိေရး၊ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တည္ရွိ ခြင့္အခြင့္အေရးကို တျခားအဖြဲ႕ဝင္ႏိုင္ငံေတြက ဝင္ေရာက္စြက္ဖက္ျခင္း၊ ႏိုင္လိုမင္းထက္ျပဳျခင္း၊ ၿခိမ္း ေျခာက္ျခင္းတို႔ကေနကင္းလြတ္ေစဖို႔အခ်က္ေတြ ပါဝင္ေနပါတယ္။ ဒါ့ျပင္ အဖြဲ႕ဝင္တစ္ႏိုင္ငံရဲ႕ ျပည္ တြင္းေရးကို တျခားအဖြဲ႕ဝင္ႏိုင္ငံေတြက ဝင္ေရာက္ စြက္ဖက္ျခင္းမျပဳလုပ္ဖို႔၊ အျငင္းပြားမႈေတြကို ၿငိမ္း ခ်မ္းစြာေျဖရွင္းဖို႔၊ အာဏာသုံးၿပီး ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ဖို႔၊ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း ထိထိေရာက္ ေရာက္ပူးေပါင္းကူညီေဆာင္႐ြက္ဖို႔ စတဲ့အခ်က္ေတြ ဟာလည္း အာဆီယံအဖြဲ႕ရဲ႕အေျခခံစည္းမ်ဥ္းစည္း ကမ္းေတြထဲမွာပါဝင္ေနပါတယ္။ အာဆီယံအဖြဲ႕ကို စတင္ဖြဲ႕စည္းခ်ိန္က ႏိုင္ငံေပါင္း (၅)ႏိုင္ငံနဲ႔ ဖြဲ႕စည္းခဲ့ ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ တရားဝင္အဖြဲ႕ဝင္ႏိုင္ငံေပါင္းအနည္းဆုံး (၁၀)ႏိုင္ငံအထိရွိေနၿပီး မေလးရွားႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ (၄၇) ႀကိမ္ေျမာက္ အာဆီယံထိပ္သီး အစည္းအေဝး မွာ အေရွ႕တီ ေမာႏိုင္ငံကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ အသိမွတ္ျပဳလက္ခံဖြယ္ရွိေနပါတယ္။ အာဆီယံအဖြဲ႕ကို စတင္ဖြဲ႕စည္းခဲ့ၿပီးေနာက္ (၁၇)ႏွစ္အၾကာမွာ ဘ႐ူးႏိုင္းႏိုင္ငံကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ခြင့္ျပဳခဲ့သလို (၁၉၉၅) ခုႏွစ္မွာ ဗီယက္နမ္ႏိုင္ငံ၊ (၁၉၉၇)ခုႏွစ္မွာ လာအိုႏိုင္ငံနဲ႔ ျမန္ မာႏိုင္ငံတို႔ကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ထပ္မံပါဝင္ခြင့္ျပဳခဲ့ ပါတယ္။ (၁၉၉၉)ခုႏွစ္မွာေတာ့ ကေမာၻဒီးယားႏိုင္ငံကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ထပ္မံပါဝင္ခြင့္ျပဳခဲ့ၿပီး လက္ရွိအခ်ိန္မွာ အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၁၀)ႏိုင္ငံပါဝင္လ်က္ရွိေနပါတယ္။ အာဆီ ယံအဖြဲ႕ဟာ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ရင္းႏွီးျမႇဳပ္ႏွံမႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာေဆာင္႐ြက္မႈမ်ား၊ အာဆီယံေဒသတြင္း ငါးလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ခ်က္မ်ား၊ အစားအစာ၊ လယ္ယာနဲ႔ သစ္ ေတာ က႑မ်ားဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား၊ ကုန္စည္ေရာင္းဝယ္ေရးဆိုင္ရာ ဖြံ႕ၿဖိဳး တိုး တက္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေနပါတယ္။ ဒါ့ျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြၾကားမွာလည္း ဝန္ေဆာင္မႈကုန္သြယ္ေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား၊ စက္မႈက႑ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုင္ရာလုပ္ငန္းမ်ား၊ ပတ္ဝန္းက်င္ ထိန္း သိမ္းေရးဆိုင္ ရာလုပ္ငန္းမ်ား၊ အာဆီယံႏိုင္ငံမ်ားအၾကား သိပၸံႏွင့္ နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာလုပ္ငန္းမ်ား၊ သတင္းနဲ႔ယဥ္ေက်းမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းမ်ား၊ ဆက္သြယ္ေရး ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈလုပ္ငန္းမ်ား၊ စြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာလုပ္ငန္းမ်ား၊ ကမာၻလွည့္ ခရီး သြားလုပ္ငန္း ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈလုပ္ငန္းရပ္မ်ားနဲ႔ ဘ႑ေရးလုပ္ငန္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းမ်ားပူးေပါင္းေဆာင္႐ြက္လ်က္ရွိေနပါတယ္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားမွာလည္း ပူးေပါင္းေဆာင္႐ြက္ေရး အဆင့္(၃)ဆင့္ရွိေနၿပီး တစ္ဦး နဲ႔တစ္ဦးထိေတြ႕ၿပီး ယုံၾကည္မႈတည္ေဆာက္ျခင္း၊ အေရးအခင္းတစ္ခုျဖစ္ေပၚမလာမီ သံတမန္ နည္ အရ ႀကိဳတင္ဝင္ေရာက္ကာကြယ္ျခင္းနဲ႔ ပဋိပကၡျဖစ္ ေစမယ့္နည္းလမ္းေတြကို သတိျပဳေရွာင္ရွား ေျဖရွင္းေစျခင္းတို႔ျဖစ္ပါတယ္။ အာဆီယံအဖြဲ႕ဟာ ကုလ သမဂၢအဖြဲ႕၊ ဥေရာပသမဂၢအဖြဲ႕အျပင္ ကမာၻ႔ စီးပြားေရး အင္အားေတာင့္တင္းတဲ့ႏိုင္ငံေတြနဲ႔လည္း ေဆြးေႏြး မႈမိတ္ဖက္ႏိုင္ငံအျဖစ္တည္ေဆာက္ထား တယ္လို႔ သိရပါတယ္။ အာဆီယံအဖြဲ႕ရဲ႕ ေဆြးေႏြးမႈမိတ္ဖက္ ႏိုင္ငံေတြဟာ ဩစေၾတးလ်ႏိုင္ငံ၊ အိႏၵိယ ႏိုင္ငံ၊ က ေနဒါ၊ ဂ်ပန္၊ ႐ုရွား၊ တ႐ုတ္၊ ေတာင္ကိုရီးယား၊ ဥေရာပသမဂၢ၊ နယူးဇီလန္နဲ႔ အေမရိကန္ႏိုင္ငံတို႔ ျဖစ္ၿပီး အဲဒီေဆြးေႏြးမႈမိတ္ဖက္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြဟာ အာဆီယံထိပ္သီးအစည္းအေဝးကို တက္ေရာက္ၾကပါတယ္။ အာဆီယံထိပ္သီးအစည္းေဝးဟာ အာဆီယံအဖြဲ႕ရဲ႕ အဆင့္ျမင့္ဆုံး အာဏာပိုင္ အဖြဲ႕အစည္းျဖစ္ၿပီး အာဆီယံအလွည့္က် ဥကၠ႒ႏိုင္ငံမ်ားက အဖြဲ႕နဲ႔ သက္ဆိုင္တဲ့အစည္းအေဝးမ်ားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပရပါတယ္။ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြထဲမွာ အင္ဒိုနီးရွားႏိုင္ငံက လူဦးေရ အမ်ား ဆုံးႏိုင္ငံျဖစ္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ စုစုေပါင္းလူဦးေရဟာ (၂၀၂၄)ခုႏွစ္အတြင္း ခန႔္မွန္းေျခအားျဖင့္ သန္း (၇၀ဝ)ခန႔္ရွိေနကာ အာဆီယံ အဖြဲ႕ရဲ႕ စုစုေပါင္းဂ်ီဒီပီဟာ (၂၀၂၄)ခုႏွစ္စစ္တမ္း အရ အနည္းဆုံး အေမရိကန္ေဒၚလာ (၄) ထရီလ်ံခန႔္ ရွိေနပါတယ္။ အာဆီယံအဖြဲ႕ရဲ႕ စုစုေပါင္း ဂ်ီဒီပီ တန္ဖိုးဟာ ကမာၻ႔စုစုေပါင္းဂ်ီဒီပီရဲ႕ (၄) ရာခိုင္ႏႈန္းရွိတယ္လို႔ သိရပါတယ္။ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ စုစုေပါင္း လူဦးေရသန္း (၇၀ဝ)နီးပါးရွိေနတဲ့အတြက္ ေဈး ကြက္ပိုင္းဆိုင္ရာ စြမ္းေဆာင္ႏိုင္မႈရွိႏိုင္ၿပီး လူငယ္အမ်ားစုရွိေနတာေၾကာင့္ အလုပ္အကိုင္နယ္ပယ္ေတြမွာလည္း ေဆာင္႐ြက္မႈတိုးတက္ႏိုင္ပါ တယ္။ ASEAN Free Trade Area (AFTA), RCEP စတဲ့ သံတမန္ဆိုင္ရာ သေဘာတူညီခ်က္ေတြေၾကာင့္ စီးပြားေရးအျပန္အလွန္စီးဆင္းမႈမ်ားျပားလ်က္ရွိေနပါတယ္။
အာဆီယံအဖြဲ႕ဟာ အာရွတိုက္ေဒသအတြင္းရွိအဖြဲ႕အစည္းေတြထဲမွာ ဂုဏ္သိကၡာရွိတဲ့အဖြဲ႕စည္း အျဖစ္ရပ္တည္ေနသလို ႏိုင္ငံတကာအဖြဲ႕အစည္းေတြထဲမွာလည္း အဓိကအေရးပါတဲ့အဖြဲ႕စည္းအျဖစ္ ရပ္တည္ေနပါတယ္။ အာဆီယံအဖြဲ႕ရဲ႕ ပိုင္နက္နယ္ေျမအက်ယ္အဝန္းအားျဖင့္ ကမာၻေျမမ်က္ႏွာျပင္ ဧရိယာ စုစုေပါင္းရဲ႕ (၃)ရာခိုင္ႏႈန္းရွိၿပီး စတုရန္းကီလိုမီတာ (၄.၄၆)သန္းရွိေနပါတယ္။ အာဆီယံအဖြဲ႕ရဲ႕ ဖြဲ႕စည္းထားတဲ့စည္းမ်ဥ္းစည္းကမ္း စံႏႈန္းသတ္မွတ္ခ်က္ေတြ အရ ဘက္လိုက္မႈကင္းတဲ့အဖြဲ႕စည္းအျဖစ္ ႏွစ္ေပါင္း (၆၀)ၾကာရပ္တည္ႏိုင္ခဲ့ရာအနာဂတ္မွာလည္း ဂုဏ္သိကၡာေကာင္းမြန္တဲ့အဖြဲ႕စည္းအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ဖြယ္ရွိေနပါတယ္။