အပစ်အခတ်ရပ်စဲရန် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်သော်လည်း အစ္စရေးတပ်များ ဆက်လက်တိုက်ခိုက်နေ

 1265

Htay Oung (NP News) - ဇွန် ၁၂

ဂါဇာကမ်းမြှောင်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ် အခတ်ရပ်စဲရေး အစီအစဉ်အပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် “စကိုင်း_နယူးစ်” က ယမန်နေ့ (ဇွန်လ ၁၁ ရက်)က ရေးသားပါတယ်။

အမေရိကန်က တင်သွင်းခဲ့တဲ့ အဲ့ဒီအစီအစဉ်မှာ စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်တဲ့ အဆင့်သုံးဆင့် ပါဝင်ပါတယ်။ ဟားမတ်စ်တို့က စေ့စပ်ညှိနှိုင်းပေးသူများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပေမယ့် အစ္စရေးကတော့ အမြဲတန်း အပစ်အခတ်ရပ်စဲရေး မတိုင်မီ ပါလက်စတိုင်းစစ်သွေးကြွတို့ရဲ့ စစ်စွမ်းရည်ကို ဖျက်သိမ်းရန် တောင်း ဆိုတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ပတ်သက်ပြီး မကျေနပ်နိုင်ပဲ ရှိနေပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်မှာ ဓား စာခံများ လွတ်မြောက်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးတို့ကိုလည်း တောင်းဆို ထားပါ တယ်။ ၁၅- နိုင်ငံပါ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄-နိုင်ငံတို့က အဲ့ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ဗီတိုအခွင့် အရေးပိုင်ဆိုင်ထားတဲ့ ရုရှားကတော့ မကန့်ကွက်ပဲ ကြားနေခဲ့ပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲ ရေးနဲ့ ပတ်သက်ပြီး နောက်ထပ် ထိခိုက်နစ်နာမှုများ မဖြစ်ရအောင် အမေရိကန်နဲ့ ဗြိတိန်သံတမန်များက တိုက်တွန်းထားပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အထိ ရည်ရွယ်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဟား မတ်စ်တို့က သဘောတူပါတယ်။ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ အမေရိကန် နိုင်ငံခြားရေး ဝန် ကြီးက မြင်ထားတဲ့အတိုင်း အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းဖို့ ပါလက်စတိုင်းစစ်သွေးကြွတို့က ဆန္ဒရှိပါတယ်။

ဂါဇာကမ်းမြှောင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများကို လာမယ့် ရက်များအတွင်း ဆက်လက်ပြု လုပ် သွားကြပါလိမ့်မယ်။ ယခင်ကတည်းက ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ နှစ်ဦးစ လုံးတို့အကြား တူညီတဲ့ အခြေခံအချက်များ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ လုံခြုံရေးကောင်စီက ဆုံးဖြတ် သည့်တိုင် ဂါဇာကမ်းမြောင်ဒေသအတွင်း တိုက်ခိုက်မှုများကို အစ္စရေးက ဆက်လက်လုပ်ဆောင်နေပါတယ်။ ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်များ ဆုတ်ခွာရေးကိစ္စနဲ့ လုံခြုံရေးကောင်စီရဲ့ ဓားစာခံများ လဲလှယ်ဖို့ ဆက်စပ် ထားခြင်းကို ဟားမတ်စ်က လက်ခံပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကြောင့် အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရပါ တယ်။ ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးတို့အတွက် အစီအစဉ် များကို အမေရိကန်က လုပ်ဆောင်နေပါတယ်။ ယခင်အားထုတ်မှုများ မအောင်မြင်ခဲ့ဖူးတဲ့အတွက် ဂါဇာ ကမ်းမြောင်နေ ပါလက်စတိုင်းသားတို့ကတော့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် အတော်သတိထားပြီး အကောင်းမြင်ပေးကြပါတယ်။

လက်ဘနွန်မှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တို့အကြား ပဋိပက္ခဖြစ်နိုင်ချေအတွက်လည်း စိုးရိမ်နေ ကြပါတယ်။ အခြေအနေအားလုံးကို ကြားဝင်ဖျန်ဖြေရာမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားစွာပါဝင် နေပြီး အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းခြင်းများကို ဝေဖန် ပြောဆိုလာရပါတယ် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်များက ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဖက်စလုံး မှာ ထိခိုက်ကျဆုံးမှုများရှိနေဆဲဖြစ်ပါတယ်။ ထပ်ခါတလဲလဲ အကြိမ် ကြိုးပမ်းနေသည့်တိုင် ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိတဲ့အထိဆိုတာ အလှမ်းဝေးနေပါတယ်။

ဓားစာခံများကို ကယ်ဆယ်ဖို့ အစ္စရေး၏ စစ်ဆင်ရေးအတွင်း ဂါဇာနေ အရပ်သားများကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စ အပြင် ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုတို့က လူစည်ကားတဲ့ နေရာကို စီးနင်းမှုကိုလည်း စစ်ရာဇဝတ် မှုအဖြစ် သတ်မှတ်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အင်္ဂါနေ့က ပြောပါတယ်။ ဓါးစာခံ ဖမ်းဆီး ထားတဲ့ ဟားမတ်စ်တို့ရှိရာ ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ လူနေရပ်ကွက်တစ်ခုကို လေကြောင်းမှ တိုက်ခိုက် ခြင်း အပါအဝင် ချေမှုန်းရေး ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ စစ်ဆင်ရေးမှာ ပါလက်စတိုင်းအရပ်သား ၂၇၀ ကျော် သေဆုံးခဲ့ရပါတယ်။

လူနေထူထပ်တဲ့ ဧရိယာအတွင်း စီးနင်းမှု ပြုလုပ်ရာမှာ အစ္စရေးအနေနဲ့ နိုင်ငံတကာ စစ်ဥပဒေများကို လိုက် နာခြင်း ရှိ-မရှိ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက မေးခွန်းထုတ်ခဲ့ပါတယ်။ အဲ့ဒီလိုနေရာမျိုူမှာမှ ဓားစာခံတွေကို ဖမ်းဆီးထားခြင်းဖြင့် အရပ်သားများကို အန္တရာယ်ဖြစ်စေတယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များအပေါ် ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ နှစ်ဖက်စလုံးဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ရှိနေပြီလို့ စွပ်စွဲခံထားရပါတယ်။

အစ္စရေးကတော့ ကုလသမဂ္ဂဟာ ဂျူးတို့အပေါ်မှာပဲ တစ်ဖက်သပ်တရားမျှတမှုမရှိစွာ ပြစ်တင်ဝေဖန်နေ ကြောင်း ပဋိပက္ခမှာ အရပ်သားသေဆုံးမှု မြင့်မားလာရတဲ့ကိစ္စအတွက် ဟားမတ်စ်တို့မှာသာ အပြစ်ရှိတယ်လို့ တုန့်ပြန်ပါတယ်။ ၂၀၂၃-ခုနှစ် အောက်တိုဘာ ၇-ရက်နေ့မှာ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တို့က အစ္စ ရေးတောင်ပိုင်း လူနေရပ်ကွက်ကို တိုက်ခိုက်ခြင်းဖြင့် ပဋိပက္ခစတင်ခဲ့ပြီး နှစ်ဖက်သွေးချောင်းစီး ပ၌ိပက္ခကို ဦးတည်သွားပါတယ်။ ဟားမတ်စ်တို့လက်ချက်နဲ့ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ရတယ်လို့ အစ္စရေးဘက်က သတင်းထုတ်ပြန်ခဲ့ုပြီး တစ်ဆက်တည်းမှာပဲ ဂါဇာဒေသကို ဗုံးကြဲခြင်း၊ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် လူပေါင်း ၃၇,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက ပြောပါတယ်။ ဟားမတ်စ်တို့က ဓားစာခံ ၂၅၀ ခန့်ကို ဂါဇာသို့ခေါ်ဆောင်သွားခဲ့ပြီး အပစ်အခတ်ရပ်စဲချိန် အခိုက်အတန့်မှာ ဓါးစာခံ ၁၀၀ ကျော်ကို ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ခန့်နဲ့ အလဲအလှယ်လုပ်ခဲ့ပါတယ်။ ယခုအချိန်ထိ ဟားမတ်စ်တို့လက်တွင်း ဓါးစာခံအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဓားစာခံအချို့ သေဆုံးသွားပြီလို့ အစ္စရေး အာဏာပိုင်များက ကြေညာခဲ့ပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံလိုက်တဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အဖြေပေးချက်ကို ကာတာနဲ့ အီဂျစ်ရှိ ဖျန်ဖြေသူများထံ တင်ပြလိုက်တယ်လို့ ဟားမတ်စ်နဲ့ ပါလက်စ တိုင်း အစ္စလာမ်မစ်ဂျီဟတ်တိုက်ခိုက်ရေးသမားတို့က ပြောဆိုကြောင်း အယ်လ်ဂျားဇီးယားက ယနေ့ (ဇွန်လ ၁၂ ရက်)မှာ ရေးသားပါတယ်။

လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သူတို့ရဲ့ အကြီးတန်း တပ်မှူးတစ်ဦး သေဆုံးတယ်လို့ ဟစ်ဇ်ဘို လာတို့က ကြေညာပါတယ်။ တယ်လက်_အဗ္ဗဒူလာလို့ လူသိများသူဟာ ယခုလအတွင်း ကျဆုံးရတဲ့ ရာထူး အ ကြီးဆုံး ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦးဖြစ်ပြီး လက်ဘနွန်တောင်ပိုင်း ဂျူရာမြို့ တိုက်ခိုက်ခံရစဉ် လူအများအပြား တို့လည်း သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

တစ်ပြိုင်တည်းမှာပဲ ဂျူးတို့သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့တည်ရာ ဂျီနင်းမြို့အနီး ကေ့ဖ်ဒန်မြို့ကိုလည်း အစ္စရေးတပ်များ ဝင်ရောက်စီးနင်းတဲ့အတွက် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာဒေသမှာ အစ္စရေးက ထိုးစစ်ဆင်ခဲ့အတွက် အနည်းဆုံး လူ ၃၇,၁၆၄ ဦး သေဆုံးပြီး ၈၄,၈၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးကတော့ ဟားမတ်စ်တို့လက်ချက်နဲ့ သူတို့ဘက်မှာ သေဆုံးရသူပေါင်း ၁,၁၃၉ ဦးတယ်လို့ ပြင်ဆင်သတင်းထုတ်ပြန်ပြီး လူအတော်များများကို ဂါဇာမှာ ဖမ်းဆီးထားဆဲပဲလို့ ပြောပါတယ်။

စစ်ပွဲရဲ့ စောစောပိုင်းလများအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုများမှာ ဂါဇာတောင်ပိုင်း “ခန်းယူနွတ်မြို့” က အပြင်း ထန်ဆုံး ခံစားရပါတယ်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်သွားတဲ့အခါ အစ္စရေးတပ်များ ဝင်ရောက်လာပြီး ဧပြီ လစောစောပိုင်း ပြန်လည် ဆုတ်ခွာသွားချိန်အထိ အဲ့ဒီနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ပါတယ်။ အစ္စရေး တပ်များ ဆုတ်ခွာသွားပြီးနောက် ကျဉ်းမြောင်းတဲ့ ကမ်းမြှောင်အတွင် ပြေးစရာမြေ မရှိဖြစ်နေတဲ့ ပါလက်စတိုင်း ဒေသခံတွေက ပျက်စီးသွားတဲ့ သူတို့ရဲ့ မြို့အတွင်း ပြန်လည်ဝင်ရောက်နေကြဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ကုလသမဂ္ဂရဲ့ ယခု ဆုံးဖြတ်ချက်ကို အစ္စရေးဘက်ကလည်း အကောင်အထည်ဖော်စေ ချင်တယ်လို့ ဟားမတ်စ်တို့က ဆိုပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ တင်ပြချက်ကို အမေရိကန်အစိုးရက လက်ခံရ ရှိတယ်လို့ အတည်ပြုခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အိမ်ဖြူ တော်ဟာ လက်ရှိအခြေအနေကို အကဲဖြတ်နေပြီး ဟားမတ်စ်တို့တင်ပြချက်အပေါ် အထောက်အကူ ဖြစ်စေဖို့ ကြိုးစားနေကြောင်း အသေးစိတ်အားဖြင့် ဆောင်ရွက်နေပုံရတယ်လို့ ဆိုပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်တို့ အဖြေပေးရန် အခွင့်အရေးရှိတယ်လို့ စောစောပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ဖူးပါတယ်။ ယခုအခါ အခြေအနေမှာ ပြောင်းလဲသွား ပုံရပါတယ်။ ဟားမတ်စ်တို့က တုံ့ပြန်လာတဲ့အတွက် အစ္စရေးတို့အပေါ် မူတည်သွားပါတယ်။ ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်ရှိ ရာဖာမြို့ရှိ နေအိမ်တစ်လုံးကို အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် တစ်ဦးသေဆုံးပြီး အခြားတစ်ဦးဒဏ်ရာရရှိကြောင်း၊ အလယ်ပိုင်း ဂါဇာစီးတီးရှိ အခြားနေအိမ်များ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးကြောင်း အယ်လ်ဂျားဇီးယားက ဆက်လက်ဖော်ပြပါတယ်။

(Sky News., 11 June 2024,” UN Security Council votes in favour of Israel-Hamas ceasefire resolution” နှင့် အခြားဆက်စပ်သတင်းများကို ဘာသာပြန်ဆို စုစည်းသည်။)

zawgyi version
အပစ္အခတ္ရပ္စဲရန္ ကုလလုံၿခဳံေရးေကာင္စီဆုံးျဖတ္ေသာ္လည္း အစၥေရးတပ္မ်ား ဆက္ လက္တိုက္ခိုက္ေန
Htay Oung (NP News) - ဇြန္ ၁၂

ဂါဇာကမ္းေျမႇာင္ေဒသမွာ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡနဲ႔ ပတ္သက္ၿပီး အစၥေရးနဲ႔ ဟားမတ္စ္တို႔အၾကား အပစ္ အခတ္ရပ္စဲေရး အစီအစဥ္အေပၚ ေထာက္ခံေၾကာင္း ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ဆုံးျဖတ္လိုက္တယ္လို႔ ၿဗိတိန္အေျခစိုက္ “စကိုင္း_နယူးစ္” က ယမန္ေန႔ (ဇြန္လ ၁၁ ရက္)က ေရးသားပါတယ္။

အေမရိကန္က တင္သြင္းခဲ့တဲ့ အဲ့ဒီအစီအစဥ္မွာ စစ္ပြဲအဆုံးသတ္ရန္ ရည္႐ြယ္တဲ့ အဆင့္သုံးဆင့္ ပါဝင္ပါတယ္။ ဟားမတ္စ္တို႔က ေစ့စပ္ညႇိႏႈိင္းေပးသူမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူညီခဲ့ေပမယ့္ အစၥေရးကေတာ့ အၿမဲတန္း အပစ္အခတ္ရပ္စဲေရး မတိုင္မီ ပါလက္စတိုင္းစစ္ေသြးႂကြတို႔ရဲ႕ စစ္စြမ္းရည္ကို ဖ်က္သိမ္းရန္ ေတာင္း ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ ပတ္သက္ၿပီး မေက်နပ္ႏိုင္ပဲ ရွိေနပါတယ္။ အေမရိကန္ရဲ႕ အဆိုျပဳခ်က္မွာ ဓား စာခံမ်ား လြတ္ေျမာက္ေရးနဲ႔ ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္တည္ေဆာက္ေရးတို႔ကိုလည္း ေတာင္းဆို ထားပါ တယ္။ ၁၅- ႏိုင္ငံပါ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ၁၄-ႏိုင္ငံတို႔က အဲ့ဒီဆုံးျဖတ္ခ်က္ကို ေထာက္ခံခဲ့ၿပီး ဗီတိုအခြင့္ အေရးပိုင္ဆိုင္ထားတဲ့ ႐ုရွားကေတာ့ မကန႔္ကြက္ပဲ ၾကားေနခဲ့ပါတယ္။ ႏွစ္ဖက္စလုံးအေနနဲ႔ အပစ္အခတ္ရပ္စဲ ေရးနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ ထိခိုက္နစ္နာမႈမ်ား မျဖစ္ရေအာင္ အေမရိကန္နဲ႔ ၿဗိတိန္သံတမန္မ်ားက တိုက္တြန္းထားပါတယ္။

ဂါဇာမွာ အစၥေရးနဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ဖို႔အထိ ရည္႐ြယ္တဲ့ ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္ကို ဟား မတ္စ္တို႔က သေဘာတူပါတယ္။ အျပဳသေဘာေဆာင္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈလို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ ႀကီးက ျမင္ထားတဲ့အတိုင္း အေသးစိတ္ အခ်က္အလက္ေတြကို ညႇိႏႈိင္းဖို႔ ပါလက္စတိုင္းစစ္ေသြးႂကြတို႔က ဆႏၵရွိပါတယ္။

ဂါဇာကမ္းေျမႇာင္ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားကို လာမယ့္ ရက္မ်ားအတြင္း ဆက္လက္ျပဳ လုပ္ သြားၾကပါလိမ့္မယ္။ ယခင္ကတည္းက ၾကားဝင္ဖ်န္ေျဖေရး ႀကိဳးပမ္းမႈမ်ားမွာ အစၥေရးနဲ႔ ဟားမတ္စ္တို႔ ႏွစ္ဦးစ လုံးတို႔အၾကား တူညီတဲ့ အေျခခံအခ်က္မ်ား ရွာေဖြဖို႔ အခက္အခဲ ရွိခဲ့ပါတယ္။ လုံၿခဳံေရးေကာင္စီက ဆုံးျဖတ္ သည့္တိုင္ ဂါဇာကမ္းေျမာင္ေဒသအတြင္း တိုက္ခိုက္မႈမ်ားကို အစၥေရးက ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ဂါဇာကမ္းေျမာင္မွ အစၥေရးတပ္မ်ား ဆုတ္ခြာေရးကိစၥနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕ ဓားစာခံမ်ား လဲလွယ္ဖို႔ ဆက္စပ္ ထားျခင္းကို ဟားမတ္စ္က လက္ခံပါတယ္။

ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ပြဲေၾကာင့္ အေသအေပ်ာက္နဲ႔ ပ်က္စီးဆုံးရႈံးမႈမ်ား အႀကီးအက်ယ္ ျဖစ္ေပၚခဲ့ရပါ တယ္။ ဂါဇာကမ္းေျမာင္ေဒသရဲ႕ လုံၿခဳံေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ ျပန္လည္တည္ေဆာက္ေရးတို႔အတြက္ အစီအစဥ္ မ်ားကို အေမရိကန္က လုပ္ေဆာင္ေနပါတယ္။ ယခင္အားထုတ္မႈမ်ား မေအာင္ျမင္ခဲ့ဖူးတဲ့အတြက္ ဂါဇာ ကမ္းေျမာင္ေန ပါလက္စတိုင္းသားတို႔ကေတာ့ အပစ္အခတ္ရပ္စဲေရး အဆိုျပဳခ်က္အေပၚ အေတာ္သတိထားၿပီး အေကာင္းျမင္ေပးၾကပါတယ္။

လက္ဘႏြန္မွာ အစၥေရးနဲ႔ ဟစ္ဇ္ဘိုလာလက္နက္ကိုင္တို႔အၾကား ပဋိပကၡျဖစ္ႏိုင္ေခ်အတြက္လည္း စိုးရိမ္ေန ၾကပါတယ္။ အေျခအေနအားလုံးကို ၾကားဝင္ဖ်န္ေျဖရာမွာ အေမရိကန္ရဲ႕ အခန္းက႑ဟာ ႀကီးမားစြာပါဝင္ ေနၿပီး အစၥေရးရဲ႕ စစ္ေရးလႈပ္ရွားမႈေၾကာင့္ အရပ္သားမ်ား ထိခိုက္ေသဆုံးမႈ ျဖစ္ပြားခဲ့ျခင္းျခင္းမ်ားကို ေဝဖန္ ေျပာဆိုလာရပါတယ္ ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးတပ္မ်ားက ဆက္လက္တိုက္ခိုက္ေနၿပီး ႏွစ္ဖက္စလုံး မွာ ထိခိုက္က်ဆုံးမႈမ်ားရွိေနဆဲျဖစ္ပါတယ္။ ထပ္ခါတလဲလဲ အႀကိမ္ ႀကိဳးပမ္းေနသည့္တိုင္ ေရရွည္တည္တံ့တဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မ်ား ရရွိတဲ့အထိဆိုတာ အလွမ္းေဝးေနပါတယ္။

ဓားစာခံမ်ားကို ကယ္ဆယ္ဖို႔ အစၥေရး၏ စစ္ဆင္ေရးအတြင္း ဂါဇာေန အရပ္သားမ်ားကို သတ္ျဖတ္ခဲ့တဲ့ ကိစၥ အျပင္ ပါလက္စတိုင္း လက္နက္ကိုင္အုပ္စုတို႔က လူစည္ကားတဲ့ ေနရာကို စီးနင္းမႈကိုလည္း စစ္ရာဇဝတ္ မႈအျဖစ္ သတ္မွတ္ႏိုင္တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက အဂၤါေန႔က ေျပာပါတယ္။ ဓါးစာခံ ဖမ္းဆီး ထားတဲ့ ဟားမတ္စ္တို႔ရွိရာ ဂါဇာကမ္းေျမာင္အလယ္ပိုင္းရွိ လူေနရပ္ကြက္တစ္ခုကို ေလေၾကာင္းမွ တိုက္ခိုက္ ျခင္း အပါအဝင္ ေခ်မႈန္းေရး ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီ စစ္ဆင္ေရးမွာ ပါလက္စတိုင္းအရပ္သား ၂၇၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။

လူေနထူထပ္တဲ့ ဧရိယာအတြင္း စီးနင္းမႈ ျပဳလုပ္ရာမွာ အစၥေရးအေနနဲ႔ ႏိုင္ငံတကာ စစ္ဥပေဒမ်ားကို လိုက္ နာျခင္း ရွိ-မရွိ ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူက ေမးခြန္းထုတ္ခဲ့ပါတယ္။ အဲ့ဒီလိုေနရာမ်ိဳူမွာမွ ဓားစာခံေတြကို ဖမ္းဆီးထားျခင္းျဖင့္ အရပ္သားမ်ားကို အႏၲရာယ္ျဖစ္ေစတယ္လို႔ ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ ကိုလည္း ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။ ႏွစ္ဖက္စလုံးဟာ စစ္ရာဇဝတ္မႈ က်ဴးလြန္ရာေရာက္ရွိေနၿပီလို႔ စြပ္စြဲခံထားရပါတယ္။

အစၥေရးကေတာ့ ကုလသမဂၢဟာ ဂ်ဴးတို႔အေပၚမွာပဲ တစ္ဖက္သပ္တရားမွ်တမႈမရွိစြာ ျပစ္တင္ေဝဖန္ေန ေၾကာင္း ပဋိပကၡမွာ အရပ္သားေသဆုံးမႈ ျမင့္မားလာရတဲ့ကိစၥအတြက္ ဟားမတ္စ္တို႔မွာသာ အျပစ္ရွိတယ္လို႔ တုန႔္ျပန္ပါတယ္။ ၂၀၂၃-ခုႏွစ္ ေအာက္တိုဘာ ၇-ရက္ေန႔မွာ ပါလက္စတိုင္းစစ္ေသြးႂကြ ဟားမတ္စ္တို႔က အစၥ ေရးေတာင္ပိုင္း လူေနရပ္ကြက္ကို တိုက္ခိုက္ျခင္းျဖင့္ ပဋိပကၡစတင္ခဲ့ၿပီး ႏွစ္ဖက္ေသြးေခ်ာင္းစီး ပ၌ိပကၡကို ဦးတည္သြားပါတယ္။ ဟားမတ္စ္တို႔လက္ခ်က္နဲ႔ လူေပါင္း ၁၂၀၀ ခန႔္ ေသဆုံးခဲ့ရတယ္လို႔ အစၥေရးဘက္က သတင္းထုတ္ျပန္ခဲ့ုၿပီး တစ္ဆက္တည္းမွာပဲ ဂါဇာေဒသကို ဗုံးႀကဲျခင္း၊ က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္ျခင္းျဖင့္ လူေပါင္း ၃၇,၀၀၀ ေက်ာ္ ေသဆုံးခဲ့ရတယ္လို႔ ပါလက္စတိုင္း က်န္းမာေရးအာဏာပိုင္မ်ားက ေျပာပါတယ္။ ဟားမတ္စ္တို႔က ဓားစာခံ ၂၅၀ ခန႔္ကို ဂါဇာသို႔ေခၚေဆာင္သြားခဲ့ၿပီး အပစ္အခတ္ရပ္စဲခ်ိန္ အခိုက္အတန႔္မွာ ဓါးစာခံ ၁၀၀ ေက်ာ္ကို ပါလက္စတိုင္းအက်ဥ္းသား ၂၄၀ ခန႔္နဲ႔ အလဲအလွယ္လုပ္ခဲ့ပါတယ္။ ယခုအခ်ိန္ထိ ဟားမတ္စ္တို႔လက္တြင္း ဓါးစာခံအမ်ားအျပားကို ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ၿပီး ဓားစာခံအခ်ိဳ႕ ေသဆုံးသြားၿပီလို႔ အစၥေရး အာဏာပိုင္မ်ားက ေၾကညာခဲ့ပါတယ္။

ဂါဇာမွာ အပစ္အခတ္ရပ္စဲဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ေထာက္ခံလိုက္တဲ့ အဆိုျပဳခ်က္နဲ႔ ပတ္သက္ၿပီး သူတို႔ရဲ႕ အေျဖေပးခ်က္ကို ကာတာနဲ႔ အီဂ်စ္ရွိ ဖ်န္ေျဖသူမ်ားထံ တင္ျပလိုက္တယ္လို႔ ဟားမတ္စ္နဲ႔ ပါလက္စ တိုင္း အစၥလာမ္မစ္ဂ်ီဟတ္တိုက္ခိုက္ေရးသမားတို႔က ေျပာဆိုေၾကာင္း အယ္လ္ဂ်ားဇီးယားက ယေန႔ (ဇြန္လ ၁၂ ရက္)မွာ ေရးသားပါတယ္။

လက္ဘႏြန္မွာ အစၥေရးရဲ႕ တိုက္ခိုက္မႈအတြင္း သူတို႔ရဲ႕ အႀကီးတန္း တပ္မႉးတစ္ဦး ေသဆုံးတယ္လို႔ ဟစ္ဇ္ဘို လာတို႔က ေၾကညာပါတယ္။ တယ္လက္_အဗၺဒူလာလို႔ လူသိမ်ားသူဟာ ယခုလအတြင္း က်ဆုံးရတဲ့ ရာထူး အ ႀကီးဆုံး ဟစ္ဇ္ဘိုလာ တပ္မႉးတစ္ဦးျဖစ္ၿပီး လက္ဘႏြန္ေတာင္ပိုင္း ဂ်ဴရာၿမိဳ႕ တိုက္ခိုက္ခံရစဥ္ လူအမ်ားအျပား တို႔လည္း ေသဆုံးခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိပါတယ္။

တစ္ၿပိဳင္တည္းမွာပဲ ဂ်ဴးတို႔သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းရွိ ပါလက္စတိုင္း အုပ္ခ်ဳပ္ေရးအဖြဲ႕တည္ရာ ဂ်ီနင္းၿမိဳ႕အနီး ေက့ဖ္ဒန္ၿမိဳ႕ကိုလည္း အစၥေရးတပ္မ်ား ဝင္ေရာက္စီးနင္းတဲ့အတြက္ လူေျခာက္ဦးထက္မနည္း ေသဆုံးခဲ့ရပါတယ္။ ေအာက္တိုဘာ ၇ ရက္ေန႔ေနာက္ပိုင္း ဂါဇာေဒသမွာ အစၥေရးက ထိုးစစ္ဆင္ခဲ့အတြက္ အနည္းဆုံး လူ ၃၇,၁၆၄ ဦး ေသဆုံးၿပီး ၈၄,၈၃၂ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ အစၥေရးကေတာ့ ဟားမတ္စ္တို႔လက္ခ်က္နဲ႔ သူတို႔ဘက္မွာ ေသဆုံးရသူေပါင္း ၁,၁၃၉ ဦးတယ္လို႔ ျပင္ဆင္သတင္းထုတ္ျပန္ၿပီး လူအေတာ္မ်ားမ်ားကို ဂါဇာမွာ ဖမ္းဆီးထားဆဲပဲလို႔ ေျပာပါတယ္။

စစ္ပြဲရဲ႕ ေစာေစာပိုင္းလမ်ားအတြင္း အစၥေရးရဲ႕ တိုက္ခိုက္မႈမ်ားမွာ ဂါဇာေတာင္ပိုင္း “ခန္းယူႏြတ္ၿမိဳ႕” က အျပင္း ထန္ဆုံး ခံစားရပါတယ္။ ေဒသခံမ်ား ထြက္ေျပးတိမ္းေရွာင္သြားတဲ့အခါ အစၥေရးတပ္မ်ား ဝင္ေရာက္လာၿပီး ဧၿပီ လေစာေစာပိုင္း ျပန္လည္ ဆုတ္ခြာသြားခ်ိန္အထိ အဲ့ဒီနယ္ေျမတစ္ခုလုံးကို သိမ္းပိုက္ထားခဲ့ပါတယ္။ အစၥေရး တပ္မ်ား ဆုတ္ခြာသြားၿပီးေနာက္ က်ဥ္းေျမာင္းတဲ့ ကမ္းေျမႇာင္အတြင္ ေျပးစရာေျမ မရွိျဖစ္ေနတဲ့ ပါလက္စတိုင္း ေဒသခံေတြက ပ်က္စီးသြားတဲ့ သူတို႔ရဲ႕ ၿမိဳ႕အတြင္း ျပန္လည္ဝင္ေရာက္ေနၾကဆဲျဖစ္ပါတယ္။

အပစ္အခတ္ရပ္စဲေရး ကုလသမဂၢရဲ႕ ယခု ဆုံးျဖတ္ခ်က္ကို အစၥေရးဘက္ကလည္း အေကာင္အထည္ေဖာ္ေစ ခ်င္တယ္လို႔ ဟားမတ္စ္တို႔က ဆိုပါတယ္။ ဟားမတ္စ္အဖြဲ႕ရဲ႕ တင္ျပခ်က္ကို အေမရိကန္အစိုးရက လက္ခံရ ရွိတယ္လို႔ အတည္ျပဳခဲ့ေၾကာင္း အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ အိမ္ျဖဴ ေတာ္ဟာ လက္ရွိအေျခအေနကို အကဲျဖတ္ေနၿပီး ဟားမတ္စ္တို႔တင္ျပခ်က္အေပၚ အေထာက္အကူ ျဖစ္ေစဖို႔ ႀကိဳးစားေနေၾကာင္း အေသးစိတ္အားျဖင့္ ေဆာင္႐ြက္ေနပုံရတယ္လို႔ ဆိုပါတယ္။

သမၼတဘိုင္ဒန္ရဲ႕ အပစ္အခတ္ရပ္စဲေရး အဆိုျပဳခ်က္ကို ဟားမတ္စ္တို႔ အေျဖေပးရန္ အခြင့္အေရးရွိတယ္လို႔ ေစာေစာပိုင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ဖူးပါတယ္။ ယခုအခါ အေျခအေနမွာ ေျပာင္းလဲသြား ပုံရပါတယ္။ ဟားမတ္စ္တို႔က တုံ႔ျပန္လာတဲ့အတြက္ အစၥေရးတို႔အေပၚ မူတည္သြားပါတယ္။ ဂါဇာေတာင္ပိုင္း အီဂ်စ္နယ္စပ္ရွိ ရာဖာၿမိဳ႕ရွိ ေနအိမ္တစ္လုံးကို အစၥေရးစစ္တပ္က ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ ကေလးငယ္ တစ္ဦးေသဆုံးၿပီး အျခားတစ္ဦးဒဏ္ရာရရွိေၾကာင္း၊ အလယ္ပိုင္း ဂါဇာစီးတီးရွိ အျခားေနအိမ္မ်ား ကိုလည္း ဗုံးႀကဲတိုက္ခိုက္ခဲ့ေပမယ့္ အေသအေပ်ာက္စာရင္းကိုမူ မသိရွိရေသးေၾကာင္း အယ္လ္ဂ်ားဇီးယားက ဆက္လက္ေဖာ္ျပပါတယ္။

(Sky News., 11 June 2024,” UN Security Council votes in favour of Israel-Hamas ceasefire resolution” ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို ဘာသာျပန္ဆို စုစည္းသည္။)

Related news

© 2021. All rights reserved.