မိုးတွင်းကာလ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပရဟိတအသင်းများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထား

642

သန့်ဇင် (NP News) - ဇွန် ၁၃
မိုးတွင်းကာလ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပရဟိတအသင်းများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြကြောင်း လူမှုကယ်ဆယ်ရေးအသင်းအချို့ထံ NP News က မြေးမြန်းထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးလယ်နှင့် မိုးနှောင်းပိုင်းကာလများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ဒေသခံပရဟိတအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အထက်ပါကဲ့သို့ ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းက ဆယ်စုနှစ်တစ်ခုနီးပါးကြာရပ်တည်လာခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းပါ။ အဲဒီတော့ သဘာဝဘေးတင်မဟုတ်ပါဘူး။ နွေရာသီမှာဆိုလည်း မီးလောင်မှုဖြစ်တဲ့နေရာဒေသတွေကို အသင်းရေသယ်ယာဉ်နဲ့ မီးငြှိမ်းသတ်ဖို့ မီသတ်ကိုကူညီတာ၊ မိုးတွင်းဆိုရင်လည်း ရေဘေး၊ မြေပြိုဘေးစတဲ့အရာတွေဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ အခြားအသင်းအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေပြင်ဆင်ထားတာရှိပါတယ်။ ဒါတွေကပုံမှန်လုပ်နေကြအတိုင်းပါပဲ။ အခုမိုးတွင်း မှာတော့ စက်စမ်းတာတွေ လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်တာတွေ၊ အသစ်စုဖွဲ့ပြင်ဆင်တာတွေလုပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ရွှေရောင်သမိုင်း အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင်ဒေသခံပရဟိတ လူမှုကူညီရေးအသင်းများအနေဖြင့် ရေကြီးရေလျှံမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အခြားမည်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုမဆိုသွားရောက်ကူညီနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ပြောသည်။ အလားတူ စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင်လည်း မိုးတွင်းကာလ၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ် နိုင်သည့်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
“ဒီမှာကတော့ ဒေသတွင်းကူညီရေးအသင်းအဖွဲ့တွေရယ် မီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်ထားတာမျိုးတွေရှိပါတယ်။ လောလောဆယ်ဆယ်တော့ မြစ်ရေအခြေအနေက စောင့်ကြည့်နေဆဲပေါ့နော်။ စောင့်ကြည့်ပြီးတော့မှ အရင်နှစ်တွေကထက်မဆိုးဘူး၊ ဆိုးမယ်ဆိုတာ ရေအခြေအနေပေါ်မူတည်ပြီး လိုအပ်တာမျိုးကို ထပ်တိုးပြင်ဆင်ရမှာပေါ့။ မြစ်ရေကြီးရင်တော့ မြို့ဘက်ခြမ်းနဲ့ ကျေးရွာတွေကို စားနပ်ရိက္ခာနဲ့ ရှာဖွေကယ်ဆယ်ရေးအပိုင်းကို နှစ်စဉ်လုပ်လေ့ရှိပါတယ်။ အရင်နှစ်တုန်းကဆို မုံရွာမြို့ပေါ်မှာတင် အိမ်ခြေရာကျော် လောက်ပြောင်းရွှေ့တာကို ကူညီပေးခဲ့တာရှိတယ်။ အခြားသဘာဝဘေးနဲ့ပတ်သက်ပြီး သစ်ပင်လဲတာမျိုးတို့ဘာတို့ဆိုရင်လည်း ချိန်းဆွဲတို့ အခြားရှာဖွေကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းတို့ စုဆောင်းထားတာတွေလည်းရှိပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ပေးဆပ်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ မော်လမြိုင်မြို့နယ်တွင်လည်း မိုးတွင်းကာလ၌ နှစ်စဉ်မိုးရေချိန်(၁၀)လက်မထက်ကျော်လွန်လာပါက သံလွင်မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုဖြစ်နိုင်သောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီမှာရှိတဲ့အသင်းတွေက ဇွန်လ ၇ ရက်နေ့ကတော့ မုန်တိုင်းဘေး၊ ရေ ဘေးနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကြိုတင်လေ့ကျင်မှုတွေလုပ်ထားတာရှိတယ်။ အသင်းရဲ့လိုအပ်တဲ့ပစ္စည်းတွေကို ဖြည့်တင်းဖို့ကတော့ လက်ရှိဘဏ္ဍာရေးအနေအထားအရ ရှိတာလေးကိုပဲ ပြုပြင်သုံးနေရတာမျိုးတွေရှိပါတယ်”ဟု မွန်ပြည်နယ်မော်လမြိုင်မြို့အခြေစိုက် ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် မိုးတွင်းကာလ၌ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ကြရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာထားသော မိုးလေဝသသတင်းများကို သိရှိထားရန်နှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာပါက လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို အကူအညီတောင်းရန် အထက်ပါအသင်းများက အကြံပြုပြောဆိုထားသည်။

zawgyi version
မိုးတြင္းကာလ၌ ျဖစ္ေပၚလာႏိုင္သည့္ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ပတ္သက္၍ ပရဟိတအသင္းမ်ားတြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳတင္ျပင္ဆင္ထား
သန႔္ဇင္ (NP News) - ဇြန္ ၁၃
မိုးတြင္းကာလ၌ ျဖစ္ေပၚလာႏိုင္သည့္ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ပတ္သက္၍ ပရဟိတအသင္းမ်ားတြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳတင္ျပင္ဆင္ထားၾကေၾကာင္း လူမႈကယ္ဆယ္ေရးအသင္းအခ်ိဳ႕ထံ NP News က ေျမးျမန္းထားခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ မိုးလယ္ႏွင့္ မိုးေႏွာင္းပိုင္းကာလမ်ား၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနသည့္အတြက္ ေဒသခံပရဟိတအသင္းမ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ အထက္ပါကဲ့သို႔ ႀကိဳတင္ျပင္ဆင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔အသင္းက ဆယ္စုႏွစ္တစ္ခုနီးပါးၾကာရပ္တည္လာခဲ့တဲ့ လူမႈကူညီကယ္ဆယ္ေရးအသင္းပါ။ အဲဒီေတာ့ သဘာဝေဘးတင္မဟုတ္ပါဘူး။ ေႏြရာသီမွာဆိုလည္း မီးေလာင္မႈျဖစ္တဲ့ေနရာေဒသေတြကို အသင္းေရသယ္ယာဥ္နဲ႔ မီးျငႇိမ္းသတ္ဖို႔ မီသတ္ကိုကူညီတာ၊ မိုးတြင္းဆိုရင္လည္း ေရေဘး၊ ေျမၿပိဳေဘးစတဲ့အရာေတြျဖစ္ပြားခဲ့ရင္ သက္ဆိုင္ရာ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြ၊ အျခားအသင္းအဖြဲ႕ေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ ကူညီကယ္ဆယ္ေရးပစၥည္းေတြျပင္ဆင္ထားတာရွိပါတယ္။ ဒါေတြကပုံမွန္လုပ္ေနၾကအတိုင္းပါပဲ။ အခုမိုးတြင္း မွာေတာ့ စက္စမ္းတာေတြ လိုအပ္တဲ့စမ္းသပ္မႈေတြျပဳလုပ္တာေတြ၊ အသစ္စုဖြဲ႕ျပင္ဆင္တာေတြလုပ္ပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီးအေျခစိုက္ ေ႐ႊေရာင္သမိုင္း အေရးေပၚကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ျပင္ေဒသခံပရဟိတ လူမႈကူညီေရးအသင္းမ်ားအေနျဖင့္ ေရႀကီးေရလွ်ံမႈမ်ားႏွင့္ အျခားေသာ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚလာပါက အျခားမည္သည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားကိုမဆိုသြားေရာက္ကူညီႏိုင္ရန္ ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္းလည္း အထက္ပါတာဝန္ရွိသူက ေျပာသည္။ အလားတူ စစ္ကိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္တြင္လည္း မိုးတြင္းကာလ၌ ခ်င္းတြင္းျမစ္ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚ ႏိုင္သည့္အတြက္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ား ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ေဒသခံလူမႈကယ္ဆယ္ေရးအသင္းက ေျပာသည္။
“ဒီမွာကေတာ့ ေဒသတြင္းကူညီေရးအသင္းအဖြဲ႕ေတြရယ္ မီးသတ္တပ္ဖြဲ႕နဲ႔ပူးေပါင္းၿပီး ႀကိဳတင္ျပင္ဆင္ထားတာမ်ိဳးေတြရွိပါတယ္။ ေလာေလာဆယ္ဆယ္ေတာ့ ျမစ္ေရအေျခအေနက ေစာင့္ၾကည့္ေနဆဲေပါ့ေနာ္။ ေစာင့္ၾကည့္ၿပီးေတာ့မွ အရင္ႏွစ္ေတြကထက္မဆိုးဘူး၊ ဆိုးမယ္ဆိုတာ ေရအေျခအေနေပၚမူတည္ၿပီး လိုအပ္တာမ်ိဳးကို ထပ္တိုးျပင္ဆင္ရမွာေပါ့။ ျမစ္ေရႀကီးရင္ေတာ့ ၿမိဳ႕ဘက္ျခမ္းနဲ႔ ေက်း႐ြာေတြကို စားနပ္ရိကၡာနဲ႔ ရွာေဖြကယ္ဆယ္ေရးအပိုင္းကို ႏွစ္စဥ္လုပ္ေလ့ရွိပါတယ္။ အရင္ႏွစ္တုန္းကဆို မုံ႐ြာၿမိဳ႕ေပၚမွာတင္ အိမ္ေျခရာေက်ာ္ ေလာက္ေျပာင္းေ႐ႊ႕တာကို ကူညီေပးခဲ့တာရွိတယ္။ အျခားသဘာဝေဘးနဲ႔ပတ္သက္ၿပီး သစ္ပင္လဲတာမ်ိဳးတို႔ဘာတို႔ဆိုရင္လည္း ခ်ိန္းဆြဲတို႔ အျခားရွာေဖြကယ္ဆယ္ေရးနဲ႔ပတ္သက္တဲ့ပစၥည္းတို႔ စုေဆာင္းထားတာေတြလည္းရွိပါတယ္”ဟု စစ္ကိုင္းတိုင္းေဒသႀကီးအေျခစိုက္ ေပးဆပ္သူလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အလားတူ ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္လည္း မိုးတြင္းကာလ၌ ႏွစ္စဥ္မိုးေရခ်ိန္(၁၀)လက္မထက္ေက်ာ္လြန္လာပါက သံလြင္ျမစ္ေရျမင့္တက္ကာ ေရႀကီးေရလွ်ံမႈျဖစ္ႏိုင္ေသာေၾကာင့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေဒသခံလူမႈကယ္ဆယ္ေရးအသင္းမ်ားက သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းေလ့က်င့္မႈမ်ား ျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ ဒီမွာရွိတဲ့အသင္းေတြက ဇြန္လ ၇ ရက္ေန႔ကေတာ့ မုန္တိုင္းေဘး၊ ေရ ေဘးနဲ႔ပတ္သက္ၿပီး ကူညီကယ္ဆယ္ေရးေတြလုပ္ဖို႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ႀကိဳတင္ေလ့က်င္မႈေတြလုပ္ထားတာရွိတယ္။ အသင္းရဲ႕လိုအပ္တဲ့ပစၥည္းေတြကို ျဖည့္တင္းဖို႔ကေတာ့ လက္ရွိဘ႑ာေရးအေနအထားအရ ရွိတာေလးကိုပဲ ျပဳျပင္သုံးေနရတာမ်ိဳးေတြရွိပါတယ္”ဟု မြန္ျပည္နယ္ေမာ္လၿမိဳင္ၿမိဳ႕အေျခစိုက္ ဘိုဘိုဝင္းအေရးေပၚကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ မိုးတြင္းကာလ၌ျဖစ္ေပၚလာႏိုင္သည့္ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ပတ္သက္၍ ျပည္သူမ်ားအေနျဖင့္ သတိရွိစြာေနထိုင္ၾကရန္၊ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွထုတ္ျပန္ေၾကညာထားေသာ မိုးေလဝသသတင္းမ်ားကို သိရွိထားရန္ႏွင့္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလာပါက လူမႈကူညီကယ္ဆယ္ေရးအသင္းမ်ားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို အကူအညီေတာင္းရန္ အထက္ပါအသင္းမ်ားက အႀကံျပဳေျပာဆိုထားသည္။