အိမ်မွေးခွေးတွေကို စားပစ်ခဲ့တဲ့ မိကျောင်းကို ဒေသခံတွေက စွပ်ပြုတ်လုပ်သောက်

6507

Pika (NP News) - ဇွန် ၁၃
ဩစတြေးလျနိုင်ငံ ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုမှာ ခွေးတွေကိုစားပစ်တာမျိုးနဲ့ ကလေးငယ်တွေကို လိုက်ဆွဲတာတွေလုပ်ခဲ့တဲ့ ရေငန်မိကျောင်းတစ်ကောင်ကို ဒေသခံတွေက ဖမ်းဆီးပြီး စွပ်ပြုတ်အဖြစ် ချက်စားခဲ့တယ်လို့သိရပါတယ်။
အရှည် (၃ ဒသမ ၆)မီတာရှိတဲ့ မိကျောင်းဟာ ကလေးငယ်တွေနဲ့လူကြီးတွေကို လိုက်ဆွဲတာမျိုးတွေကိုလည်း လုပ်ခဲ့တယ်လို့ မြောက်ပိုင်းနယ်မြေရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ထုတ်ပြန်ချက်မှာ"ဒီမိကျောင်းဟာ ကျေးရွာအတွင်းမှာရှိတဲ့ ခွေးအကောင်ရေများစွာကိုလည်း စားပစ်တာမျိုးတွေရှိခဲ့ပါတယ်'လို့ ရေးသားထားပါတယ်။ ထို့နောက် Bulla အသိုင်းအဝိုင်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မြေပိုင်ရှင်တွေနဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ဇွန်လ(၁၁)ရက်နေ့မှာ ရဲတပ်ဖွဲ့ဟာ အဲဒီမိကျောင်းကို သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က "ဒေသခံအသိုင်းအဝိုင်းဟာ ဒီမိကျောင်းကို ရိုးရာဓလေ့အတိုင်းလုပ်ဆောင်တဲ့ ပွဲတော်အတွက် ပြင်ဆင်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီမိကျောင်းဟာ ယခုနှစ်အစောပိုင်းက ရေကြီးမှုတွေအတွင်း ဒါဝင်မြို့တောင်ဖက်ကို ခြောက်နာရီလောက်ကားမောင်းရတဲ့ ဒေသက လူနေအိမ်တွေအနီးမှာရှိတဲ့မြစ်ထဲကို ရောက်ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီမိကျောင်းဟာ အမျိုးမျိုးသောဟင်းပွဲတွေအတွက် အဓိကပါဝင်ပစ္စည်းအဖြစ် အဆုံးသတ်သွားခဲ့တယ်လို့ တပ်ကြပ်ကြီး Andrew McBride ကပြောကြားခဲ့ပါတယ်။
၎င်းက 'ဒီမိကျောင်းကို စွတ်ပြုတ်၊ အသားကင်တို့လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးတော့ အသားအနည်းငယ်ကို ချက်ပြုတ်ခဲ့တယ်လို့ထင်ပါတယ်။ အဲဒီဒေသမှာ တကယ်ကိုကြီးမားတဲ့ရိုးရာဓလေ့ပွဲတော်တစ်ခု ကျင်းပခဲ့ပါတယ်'လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
အိမ္ေမြးေခြးေတြကို စားပစ္ခဲ့တဲ့ မိေက်ာင္းကို ေဒသခံေတြက စြပ္ျပဳတ္လုပ္ေသာက္
Pika (NP News) - ဇြန္ ၁၃
ဩစေၾတးလ်ႏိုင္ငံ ေဝးလံေခါင္သီတဲ့ ေဒသတစ္ခုမွာ ေခြးေတြကိုစားပစ္တာမ်ိဳးနဲ႔ ကေလးငယ္ေတြကို လိုက္ဆြဲတာေတြလုပ္ခဲ့တဲ့ ေရငန္မိေက်ာင္းတစ္ေကာင္ကို ေဒသခံေတြက ဖမ္းဆီးၿပီး စြပ္ျပဳတ္အျဖစ္ ခ်က္စားခဲ့တယ္လို႔သိရပါတယ္။
အရွည္ (၃ ဒသမ ၆)မီတာရွိတဲ့ မိေက်ာင္းဟာ ကေလးငယ္ေတြနဲ႔လူႀကီးေတြကို လိုက္ဆြဲတာမ်ိဳးေတြကိုလည္း လုပ္ခဲ့တယ္လို႔ ေျမာက္ပိုင္းနယ္ေျမရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ထုတ္ျပန္ခ်က္မွာ"ဒီမိေက်ာင္းဟာ ေက်း႐ြာအတြင္းမွာရွိတဲ့ ေခြးအေကာင္ေရမ်ားစြာကိုလည္း စားပစ္တာမ်ိဳးေတြရွိခဲ့ပါတယ္'လို႔ ေရးသားထားပါတယ္။ ထို႔ေနာက္ Bulla အသိုင္းအဝိုင္းမွာရွိတဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ေျမပိုင္ရွင္ေတြနဲ႔ စကားေျပာဆိုမႈေတြ လုပ္ေဆာင္ၿပီးတဲ့ေနာက္ ဇြန္လ(၁၁)ရက္ေန႔မွာ ရဲတပ္ဖြဲ႕ဟာ အဲဒီမိေက်ာင္းကို သတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။ရဲတပ္ဖြဲ႕က "ေဒသခံအသိုင္းအဝိုင္းဟာ ဒီမိေက်ာင္းကို ႐ိုးရာဓေလ့အတိုင္းလုပ္ေဆာင္တဲ့ ပြဲေတာ္အတြက္ ျပင္ဆင္ခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီမိေက်ာင္းဟာ ယခုႏွစ္အေစာပိုင္းက ေရႀကီးမႈေတြအတြင္း ဒါဝင္ၿမိဳ႕ေတာင္ဖက္ကို ေျခာက္နာရီေလာက္ကားေမာင္းရတဲ့ ေဒသက လူေနအိမ္ေတြအနီးမွာရွိတဲ့ျမစ္ထဲကို ေရာက္ရွိခဲ့တာလို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီမိေက်ာင္းဟာ အမ်ိဳးမ်ိဳးေသာဟင္းပြဲေတြအတြက္ အဓိကပါဝင္ပစၥည္းအျဖစ္ အဆုံးသတ္သြားခဲ့တယ္လို႔ တပ္ၾကပ္ႀကီး Andrew McBride ကေျပာၾကားခဲ့ပါတယ္။
၎က 'ဒီမိေက်ာင္းကို စြတ္ျပဳတ္၊ အသားကင္တို႔လုပ္ခဲ့တယ္လို႔ ထင္ပါတယ္။ ၿပီးေတာ့ အသားအနည္းငယ္ကို ခ်က္ျပဳတ္ခဲ့တယ္လို႔ထင္ပါတယ္။ အဲဒီေဒသမွာ တကယ္ကိုႀကီးမားတဲ့႐ိုးရာဓေလ့ပြဲေတာ္တစ္ခု က်င္းပခဲ့ပါတယ္'လို႔ေျပာဆိုခဲ့ပါတယ္။