အသက်(၁၆)နှစ်ဖြင့် တရားသူကြီးဖြစ်လာသည့် အမေရိကန်အထက်တန်းကျောင်းသား

 66

Pika (NP News) - ဇူလိုင် ၂

အမေရိကန်နိုင်ငံရှိ မက်ဆာချူးဆက်ပြည်နယ်ရှိ အထက်တန်းကျောင်းသားတစ်ဦးသည် နိုင်ငံ တွင်းတွင် အသက်အငယ်ဆုံး တရားသူကြီးတစ်ဦးဖြစ်လာခဲ့ပြီး အစိုးရတွင် လူငယ်များ၏စွမ်းဆောင် ရည်များကို ပြသရန် လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ Henry Buckley ဟု အမည်ရသည့် အဆိုပါ အထက်တန်းကျောင်းသားသည် အသက်(၁၆)နှစ်နှင့် (၃)ရက်သာရှိသေးပြီး အမေရိကန်နိုင်ငံတွင်းတွင် အသက်အငယ်ဆုံးတရားသူကြီးတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

Henry Buckley က “ကျွန်တော်က တရားသူကြီးတစ်ဦးလို့ ပြောလိုက်တဲ့အချိန်မှာ လူတိုင်းက ကျွန်တော့်ကိုယုံကြည်ဖို့ အခက်အခဲတွေရှိနေတုန်းပါပဲ။ အဲဒီလိုပဲဖြစ်ကြမယ်ဆိုတာ ကျွန်တော် အစ တည်းက နားလည်ပါတယ်” ဟုပြောဆိုခဲ့သည်။ မက်ဆာချူးဆက်ပြည်နယ် Hingham မြို့တွင် နေထိုင် သည့် Henry Buckley သည် အသက်(၁၆)နှစ်ဖြင့် အဆိုပါ ရာထူးအတွက်ရွေးချယ်ခြင်းကိုခံခဲ့ရပြီး ၎င်း ၏အသက်ထက်(၂)ဆကျော်ပိုကြီးသော အရာရှိများကြားတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်း သိရသည်။

Henry Buckley က “အာမခံနဲ့ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တွေကို ကြားနာဖို့ ကျွန်တော့်ကို ဘယ်တုန်းကမှ မခေါ်ခဲ့ကြပေမယ့် အဲဒီအပိုင်းက ကျွန်တော်ကျွမ်းကျင်တဲ့အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း စာရွက်စာတမ်းတွေကို မှတ်သားပြီး နိုင်ငံတစ်ဝန်းအသုံးပြုတဲ့ တရားသူကြီးလက်စွဲစာအုပ် ကို ထုတ်ဝေပေးဖို့ ကျွန်တော်ကူညီပေးခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။

zawgyi version
အသက္(၁၆)ႏွစ္ျဖင့္ တရားသူႀကီးျဖစ္လာသည့္ အေမရိကန္အထက္တန္းေက်ာင္းသား
Pika (NP News) - ဇူလိုင္ ၂

အေမရိကန္ႏိုင္ငံရွိ မက္ဆာခ်ဴးဆက္ျပည္နယ္ရွိ အထက္တန္းေက်ာင္းသားတစ္ဦးသည္ ႏိုင္ငံ တြင္းတြင္ အသက္အငယ္ဆုံး တရားသူႀကီးတစ္ဦးျဖစ္လာခဲ့ၿပီး အစိုးရတြင္ လူငယ္မ်ား၏စြမ္းေဆာင္ ရည္မ်ားကို ျပသရန္ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Henry Buckley ဟု အမည္ရသည့္ အဆိုပါ အထက္တန္းေက်ာင္းသားသည္ အသက္(၁၆)ႏွစ္ႏွင့္ (၃)ရက္သာရွိေသးၿပီး အေမရိကန္ႏိုင္ငံတြင္းတြင္ အသက္အငယ္ဆုံးတရားသူႀကီးတစ္ဦးျဖစ္ေၾကာင္းလည္းသိရသည္။

Henry Buckley က “ကြၽန္ေတာ္က တရားသူႀကီးတစ္ဦးလို႔ ေျပာလိုက္တဲ့အခ်ိန္မွာ လူတိုင္းက ကြၽန္ေတာ့္ကိုယုံၾကည္ဖို႔ အခက္အခဲေတြရွိေနတုန္းပါပဲ။ အဲဒီလိုပဲျဖစ္ၾကမယ္ဆိုတာ ကြၽန္ေတာ္ အစ တည္းက နားလည္ပါတယ္” ဟုေျပာဆိုခဲ့သည္။ မက္ဆာခ်ဴးဆက္ျပည္နယ္ Hingham ၿမိဳ႕တြင္ ေနထိုင္ သည့္ Henry Buckley သည္ အသက္(၁၆)ႏွစ္ျဖင့္ အဆိုပါ ရာထူးအတြက္ေ႐ြးခ်ယ္ျခင္းကိုခံခဲ့ရၿပီး ၎ ၏အသက္ထက္(၂)ဆေက်ာ္ပိုႀကီးေသာ အရာရွိမ်ားၾကားတြင္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

Henry Buckley က “အာမခံနဲ႔ရာဇဝတ္မႈဆိုင္ရာ တိုင္ၾကားခ်က္ေတြကို ၾကားနာဖို႔ ကြၽန္ေတာ့္ကို ဘယ္တုန္းကမွ မေခၚခဲ့ၾကေပမယ့္ အဲဒီအပိုင္းက ကြၽန္ေတာ္ကြၽမ္းက်င္တဲ့အပိုင္းတစ္ခုပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း စာ႐ြက္စာတမ္းေတြကို မွတ္သားၿပီး ႏိုင္ငံတစ္ဝန္းအသုံးျပဳတဲ့ တရားသူႀကီးလက္စြဲစာအုပ္ ကို ထုတ္ေဝေပးဖို႔ ကြၽန္ေတာ္ကူညီေပးခဲ့ပါတယ္”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.