သမ္မတပူတင်က မြောက်ကိုရီးယားခရီးစဉ်နှင့်ပတ်သက်၍ ၎င်း၏ရည်မှန်းချက်များကို ဖော်ပြ

 1530

ALynn (NP News) - ဇွန် ၁၈

အနောက်နိုင်ငံများ၏ဖိအားများကို ခုခံကာကွယ်သည့်အနေဖြင့် မော်စကိုနှင့် ပြုံယမ်းတို့သည် ကုန်သွယ်ရေးနှင့် လုံခြုံရေးအစီအစဉ်များကို ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားသို့ ၎င်း၏အင်္ဂါနေ့ခရီးစဉ်မတိုင်မီ ပြောကြားခဲ့သည်။

ရုရှားသမ္မတသည် ၎င်း၏ရည်မှန်းချက်များကို မြောက်ကိုရီးယားနေ့စဉ်ထုတ် Rodong Sinmun မှ ထုတ်ဝေသည့် ဆောင်းပါးတွင် ဖော်ပြခဲ့သည်။ “နိုင်ငံတကာဆက်ဆံရေးတွင် ဒီမိုကရေစီနှင့် တည်ငြိမ်မှု ပိုမိုရရှိလာစေရန် ရုရှားနှင့် မြောက်ကိုရီးယားတို့သည် အနောက်နိုင်ငံများမှ ထိန်းချုပ်ခြင်းမပြုနိုင်သော အပြန်အလှန်ကုန်သွယ်ရေးနှင့် အဖြေရှာခြင်းယန္တရားများကို ဖော်ဆောင်မည်ဖြစ်ပြီး တရားမဝင်သော တစ်ဖက်သတ်ကန့်သတ်ချက်များကို ပူးတွဲဆန့်ကျင်ကာ ယူရေးရှားတွင် တန်းတူညီမျှနှင့် ဖြိုဖျက်၍မရနိုင်သော လုံခြုံရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ခြင်းများကို ပုံဖော်သွားမည်ဖြစ်ကြောင်း”ပူတင်က ရေးသားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်ရန် “ပညာတော်သင်၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် လူငယ်နှင့်အားကစားကဏ္ဍတို့တွင် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံမှု"တိုးမြှင့်ရန် ကတိပြုခဲ့သည်။ ဆိုဗီယက်စစ်တပ်သည် ၁၉၄၅ ခုနှစ်တွင် ဂျပန်သိမ်းပိုက်မှုမှလွတ်မြောက်ရန် ကိုရီးယားလူမျိုးများကို ကူညီပေးခဲ့ကြောင်းနှင့် မော်စကိုသည် မြောက်ကိုရီးယားကို အသိအမှတ်ပြုပြီး သံတမန်ဆက်ဆံရေးထူထောင်သည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း သမ္မတပူတင်ကဖော်ပြခဲ့သည်။ အမေရိကန် ကျောထောက်နောက်ခံပြု တောင်ကိုရီးယားနှင့် (၁၉၅၀-၁၉၅၃) တွင် ကိုရီးယား စစ်ပွဲကို ဆင်နွှဲအပြီးတွင်လည်း မြောက်ကိုရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရာတွင် ဆိုဗီယက်က ကူညီပေးခဲ့သည်။

အင်္ဂါနေ့ (ဇွန်လ ၁၈ ရက်) ခရီးစဉ်သည် ယခင်ခေါင်းဆောင် ကင်ဂျုံအီနှင့် တွေ့ဆုံခဲ့သည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပူတင်၏ မြောက်ကိုရီးယားသို့ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလက ၎င်းသည် ရုရှားနိုင်ငံအရှေ့ပိုင်းရှိ Vostochny အာကာသစခန်းတွင် လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လက်ခံတွေ့ဆုံခဲ့သည်။ ရုရှားကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊ ဒုတိယဝန်ကြီးချုပ် Denis Manturov၊ ကာကွယ် ရေးဝန်ကြီး Andrey Belousov၊ ကျန်းမာရေးဝန်ကြီး Mikhail Murashko၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး Roman Starovoyt၊ Roscosmos အာကာသအေဂျင်စီအကြီးအကဲ Yuri Borisov နှင့် ရုရှားမီးရထားလမ်းဆိုင်ရာ အကြီးအကဲ Oleg Belozyorov တို့လည်း ပါဝင်မည်ဖြစ်သည်။

zawgyi version
သမၼတပူတင္က ေျမာက္ကိုရီးယားခရီးစဥ္ႏွင့္ပတ္သက္၍ ၎၏ရည္မွန္းခ်က္မ်ားကို ေဖာ္ျပ
ALynn (NP News) - ဇြန္ ၁၈

အေနာက္ႏိုင္ငံမ်ား၏ဖိအားမ်ားကို ခုခံကာကြယ္သည့္အေနျဖင့္ ေမာ္စကိုႏွင့္ ၿပဳံယမ္းတို႔သည္ ကုန္သြယ္ေရးႏွင့္ လုံၿခဳံေရးအစီအစဥ္မ်ားကို ပူးေပါင္းေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႐ုရွား သမၼတ ဗလာဒီမာပူတင္က ေျမာက္ကိုရီးယားသို႔ ၎၏အဂၤါေန႔ခရီးစဥ္မတိုင္မီ ေျပာၾကားခဲ့သည္။

႐ုရွားသမၼတသည္ ၎၏ရည္မွန္းခ်က္မ်ားကို ေျမာက္ကိုရီးယားေန႔စဥ္ထုတ္ Rodong Sinmun မွ ထုတ္ေဝသည့္ ေဆာင္းပါးတြင္ ေဖာ္ျပခဲ့သည္။ “ႏိုင္ငံတကာဆက္ဆံေရးတြင္ ဒီမိုကေရစီႏွင့္ တည္ၿငိမ္မႈ ပိုမိုရရွိလာေစရန္ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားတို႔သည္ အေနာက္ႏိုင္ငံမ်ားမွ ထိန္းခ်ဳပ္ျခင္းမျပဳႏိုင္ေသာ အျပန္အလွန္ကုန္သြယ္ေရးႏွင့္ အေျဖရွာျခင္းယႏၲရားမ်ားကို ေဖာ္ေဆာင္မည္ျဖစ္ၿပီး တရားမဝင္ေသာ တစ္ဖက္သတ္ကန႔္သတ္ခ်က္မ်ားကို ပူးတြဲဆန႔္က်င္ကာ ယူေရးရွားတြင္ တန္းတူညီမွ်ႏွင့္ ၿဖိဳဖ်က္၍မရႏိုင္ေသာ လုံၿခဳံေရးဆိုင္ရာ ဖြဲ႕စည္းတည္ေဆာက္ျခင္းမ်ားကို ပုံေဖာ္သြားမည္ျဖစ္ေၾကာင္း”ပူတင္က ေရးသားခဲ့သည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကား ယုံၾကည္မႈႏွင့္ အျပန္အလွန္နားလည္မႈတို႔ကို ျမႇင့္တင္ရန္ “ပညာေတာ္သင္၊ ခရီးသြားက႑၊ ယဥ္ေက်းမႈဖလွယ္ျခင္းႏွင့္ လူငယ္ႏွင့္အားကစားက႑တို႔တြင္ ျပည္သူအခ်င္းခ်င္း အျပန္အလွန္ဆက္ဆံမႈ"တိုးျမႇင့္ရန္ ကတိျပဳခဲ့သည္။ ဆိုဗီယက္စစ္တပ္သည္ ၁၉၄၅ ခုႏွစ္တြင္ ဂ်ပန္သိမ္းပိုက္မႈမွလြတ္ေျမာက္ရန္ ကိုရီးယားလူမ်ိဳးမ်ားကို ကူညီေပးခဲ့ေၾကာင္းႏွင့္ ေမာ္စကိုသည္ ေျမာက္ကိုရီးယားကို အသိအမွတ္ျပဳၿပီး သံတမန္ဆက္ဆံေရးထူေထာင္သည့္ ပထမဆုံးႏိုင္ငံျဖစ္ေၾကာင္း သမၼတပူတင္ကေဖာ္ျပခဲ့သည္။ အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳ ေတာင္ကိုရီးယားႏွင့္ (၁၉၅၀-၁၉၅၃) တြင္ ကိုရီးယား စစ္ပြဲကို ဆင္ႏႊဲအၿပီးတြင္လည္း ေျမာက္ကိုရီးယားႏိုင္ငံ ျပန္လည္တည္ေဆာက္ရာတြင္ ဆိုဗီယက္က ကူညီေပးခဲ့သည္။

အဂၤါေန႔ (ဇြန္လ ၁၈ ရက္) ခရီးစဥ္သည္ ယခင္ေခါင္းေဆာင္ ကင္ဂ်ဳံအီႏွင့္ ေတြ႕ဆုံခဲ့သည့္ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ပူတင္၏ ေျမာက္ကိုရီးယားသို႔ ပထမဆုံး ခရီးစဥ္ျဖစ္သည္။ ၿပီးခဲ့သည့္ စက္တင္ဘာလက ၎သည္ ႐ုရွားႏိုင္ငံအေရွ႕ပိုင္းရွိ Vostochny အာကာသစခန္းတြင္ လက္ရွိ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္အား လက္ခံေတြ႕ဆုံခဲ့သည္။ ႐ုရွားကိုယ္စားလွယ္အဖြဲ႕တြင္ ႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov၊ ဒုတိယဝန္ႀကီးခ်ဳပ္ Denis Manturov၊ ကာကြယ္ ေရးဝန္ႀကီး Andrey Belousov၊ က်န္းမာေရးဝန္ႀကီး Mikhail Murashko၊ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Roman Starovoyt၊ Roscosmos အာကာသေအဂ်င္စီအႀကီးအကဲ Yuri Borisov ႏွင့္ ႐ုရွားမီးရထားလမ္းဆိုင္ရာ အႀကီးအကဲ Oleg Belozyorov တို႔လည္း ပါဝင္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.