ပေကျင်းက ကျူးကျော်လျှင် ထိုင်ဝမ်ကို ခုခံကာကွယ်မည့် ဝါရှင်တန်နှင့် ၂၀၂၇ ခုနှစ်မတိုင်မီ စစ်ပွဲကြီးဖြစ်ပွားလာနိုင်

 3894

Htay Oung (NP News) - ဇွန် ၁၈

ထိုင်ဝမ်ကျူးကျော်ရန် ကြိုးပမ်းမှု အကြိုအဖြစ် အမေရိကန်နဲ့ တရုတ်တို့ဟာ ပစိဖိတ်သမုဒ္ဒရာမှာ မောင်းသူမဲ့ယာဉ်များအလုံးအရင်းနဲ့လက်တွေ့စစ်ကစားနေကြပါတယ်။ ထိုင်ဝမ်ရေ လက်ကြားကို “ဒရုန်းတို့ကြီးစိုးတဲ့ ငရဲဘုံ” အဖြစ် ပြောင်းလဲရေး အစီအစဉ်များကို ရေးဆွဲထားပြီး အမေရိကန်တပ်များ စစ်ကူ ရောက်ရှိလာတဲ့အထိ တရုတ်တပ်ဖွဲ့ဝင်များကို နှောင့်နှေးစေလိမ့်မယ်လို့ ပင်တာဂွန်အရာရှိများက ပြောဆိုကြောင်း လန်ဒန်အခြေစိုက် “တယ်လီဂရပ်ဖ်” က ဇွန် ၁၅ ရက်မှာ ရေးသားပါတယ်။

အမေရိကန်စစ်ဘက်ဆိုင်ရာ ဗျူဟာမှူးတွေဟာ တရုတ်တို့ရဲ့ သင်္ဘောနဲ့ ဂျက်လေယာဉ်များကို ဟန့်တားပိတ်ဆို့ရန် ဝေဟင်နဲ့ ပင်လယ်ပြင်သွား မောင်းသူမဲ့ယာဉ်များကို အသုံးပြုနေပြီး အလားတူ ပေကျင်းကလည်း သူတို့ရဲ့ ဒရုန်းများနဲ့ တုန့်ပြန်လှုပ်ရှားနေပါတယ်။ တရုတ်တို့ ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် ထိုင်ဝမ်ကို ခုခံကာကွယ်မယ်လို့ အမေရိကန်က ပြောကြားထားပြီး ၂၀၂၄ ခုနှစ်မတိုင်မီ ကျူးကျော်မှု ဖြစ်ပွားနိုင်တယ်လို့ စီအိုင်အေ အရာရှိများက ယုံကြည်နေပါတယ်။ ကိုယ့်ဖာသာ သီးခြားအုပ်ချုပ်နေတဲ့ ကျွန်းတိုင်းပြည်ကို သူတို့ရဲ့ နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း ကြေညာထားတဲ့ တရုတ်နိုင်ငံဟာ အင်အားအလုံးအရင်းသုံးပြီး လျှပ်တပြက် စစ်ဆင်သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

အမေရိကန်ရေတပ်နဲ့ လေတပ်က ထိုင်ဝမ်ကို အကူအညီပေးနိုင်တဲ့အထိ အချိန်ဆွဲထားနိုင်မယ့် “ရက်ပလီကေတာ” အမည်ရှိ စစ်ဆင်ရေးကို ပင်တာဂွန်စစ်ဌာနချုပ်က ဆင်နွှဲနေပြီး၊ ထောင်ပေါင်းများစွာသော ဒရုန်းယာဉ်များကို ပစ်လွှတ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ထိုင်ဝမ်အရေးကို နိုင်ငံတကာနဲ့အတူ ပူးပေါင်းကိုင်တွယ်ဆောင်ရွက်ခြင်းမတိုင်မီ တရုတ်ရဲ့ လှုပ်ရှားမှုများကို ဇက်ကြိုးဆွဲဖို့ “လို-တို-ရှင်းစစ်ပွဲ” စစ်ပွဲနဲ့ စတင်ရင်ဆိုင်ထားဖို့ရှိကြောင်း၊ “ငရဲတွင်းမှ လွတ်မြောက်ခြင်း” အမည်ရှိ စစ်ဆင်ရေးဟာ ကျူးကျော်မှုကို တစ်လအထိ နှောင့်နှေးစေမှာဖြစ်ကြောင်း အမေရိကန် ပစိဖိတ်စစ်ဒေသ တပ်မှူးကြီး အဒမ်ဆင်မြူရယ် ပါပရိုက ဝါရှင်တန်ပို့စ်ကို ပြောပြပါတယ်။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကထက်စာရင် ပိုမိုကြီးမားတဲ့ ရေတပ်ကို ပိုင်ဆိုင်လာကြောင်း၊ အမေရိကန်ရေတပ်ရဲ့ အရွယ်အစားထက် ကျော်လွန်လာပြီး အလုံးအရင်းအင်အားမှာ အားသာချက်ရှိကြောင်း ပင်တာဂွန်က ဝန်ခံပါတယ်။ ဒါပေမဲ့ ဒရုန်းစစ်ပွဲမှာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်ခြင်းအားဖြင့် ရေတပ်အ အရွယ်အစား ကွာခြားမှုကို ကျော်လွှားဖို့ ပြင်ဆင်နေပါတယ်။ လွန်ခဲ့တဲ့နှစ် သြဂုတ်လကတည်း စတင်ခဲ့တဲ့ ရက်ပလီကေတာ စစ်ဆင်ရေးအစီအစဉ်မှ ပထမဆုံးအသုတ် မောင်းသူမဲ့လေယာဉ်တွေဟာ ပစိဖိတ်သမုဒ္ဒရာမှာ ရောက်ရှိနှင့် ပြီးပါပြီ၊ အစီအစဉ်တစ်ခုလုံးရဲ့ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ဘီလျံ (ပေါင် ၇၉၀ သန်း) ခန့်ဖြစ်တယ်လို့ သိရှိရပါတယ်။

အုပ်စုဖွဲ့ ပျံသန်းဖို့အတွက် စီစဉ်ထားတဲ့ ဒရုန်းအများစုကို အမျိုးအစားခွဲခြားထားပေမယ့် Switchblade 600 ဒရုန်းများပါဝင်ကြောင်း လက်ထောက်ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်ခ်က အတည်ပြုပါတယ်။ အဲ့ဒီ မော်ဒယ် ဒရုန်းတွေဟာ ၂၃ မိုင်အကွာအဝေးမှ ကျည်ကာ ယာဉ်များကို ဖျက်ဆီးရာမှာ ထိရောက်ကြောင်း ယူကရိန်းစစ်ပွဲအတွင်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။ အခြား မောင်းသူမဲ့ယာဉ်များက ရေအောက်မှာလည်း ငုပ်လျှိုးလှုပ်ရှားဖို့ ရှိနေပြီး တတိယအမျိုးအစားကတော့ တရုတ်လေယာဉ်တွေနဲ့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်များကို ပစ်ချရာမှာ ပူးပေါင်းပါလိမ့်မယ်။ တရုတ်ကလည်း အမေရိကန်မောင်းသူမဲ့ယာဉ်များ တန်ပြန်ရေး မဟာဗျူဟာများကို အသေးစိတ် ဂရုတစိုက် ဖော်ဆောင်နေပါတယ်။ ဝါရှင်တန်ရဲ့ ကာကွယ်ရေးစနစ်များကို ကျော်လွှားပြီး ကျူးကျော်တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်လျှက်ရှိကြောင်း ညွှန်ပြနေတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ လှုပ်ရှားမှုများကို လေ့လာနေသူများက ပြောပါတယ်။

တရုတ်ရဲ့ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်နိုင်စွမ်းကို အမေရိကန်အနေနဲ့ မေ့မထားသင့်ကြောင်း၊ ရန်သူတွေကို တိုက်ခိုက်ဖို့ PLA အနေနဲ့ ဝေဟင်စက်ရုပ်အမြောက်အမြားကိုလည်း ချထားမှာသေချာကြောင်း တရုတ်လေတပ်မတော်ဆိုင်ရာ စက်ယန္တရားပစ္စည်းကျွမ်းကျင်သူဟောင်းတစ်ဦးက “ဆောက်သ်ချိုင်းနားမော နင်းပို့စ်” နဲ့ အင်တာဗျူးတစ်ခုမှာ မှတ်ချက်ပေးပါတယ်။

အမေရိကန်ဟာ ပိုမိုအရေအတွက်များပြားပြီး အမျိုးစုံလင်တဲ့ PLA ဒရုန်းယာဉ်စုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားသင့်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားမှာ ထောင်နဲ့ချီတဲ့ မောင်းသူမဲ့လေယာဉ်တွေ ဖြန့်ကျက်ချထားရေးဟာ အမေရိကန်အတွက် အပမ်းမကြီးပေမယ့် သူ့ရဲ့ပစိဖိတ်လေတပ်အခြေစိုက်စခန်းတွေအပေါ် ကာကွယ်ရေးမှာ အားနည်းသွားနိုင်ကြောင်း၊ လျှပ်စစ်သံလိုက်လှိုင်း စွက်ဖက်နှောက်ယှက်မှုနဲ့ အဆင့်မြင့်ကြားဖြတ် ဟန့်တားရေးစနစ်တွေလည်း ရှိနေတယ်လို့ ထင်မြင်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့လ ထိုင်ဝမ်ကျွန်ပတ်ပတ်လည်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး မကြာသေးမီကပဲ ကျွန်းအနီးမှာ တရုတ်စစ်တပ်က မောင်းသူမဲ့လေယာဉ်များနဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ကျူးကျော်ခံရရင် ထိုင်ဝမ်ဘက်က ရပ်တည်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကတိပြုခဲ့ပေမယ့် ကျွန်းနိုင်ငံမှာ အမေရိကန်တပ်များ ချထားရေးကိုတော့ ငြင်းပယ်ခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရန့်ကတော့ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာခဲ့ရင် အမေရိကန်စစ်အင်အား အသုံးပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်ချက်ကို အတိအလင်း ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုနေပါတယ်။

PLA ရဲ့ ပြင်ဆင်မှုတွေဟာ ၂၀၂၇-ခုနှစ်မှာ ကျူးကျော်ဖို့ အလားအလာရှိပေမယ့် ယူကရိန်းပဋိပက္ခရဲ့ အကျိုးဆက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ ပေကျင်းဟာ ဒီလောက် အန္တရာယ်များတဲ့ စစ်ပွဲကို စတင်ဖို့ ရှိ-မရှိ လေ့လာသူ အတော်များများက သံသယဖြစ်နေကြပါတယ်။ ပေကျင်းအနေနဲ့ ကိုယ်ထိလက်ရောက် ကျူးကျော်ခြင်းအစား ထိုင်ဝမ်အပေါ် ပိတ်ဆို့တားဆီးမှုများ သို့မဟုတ် စီးပွားရေးအရ ဖိအားပေးခြင်းမျိုးလို အခြားနည်းလမ်းများကို ကျင့်သုံးလောက်တယ်လို့ တရုတ်ရေးရာ ကျွမ်းကျင်သူ ကလာ့စ်လာရီက ခန့်မှန်းပါတယ်။ အမှန်တကယ်ကျူးကျော်ခဲ့ရင် အောင်မြင်လိမ့်မယ်လို့ တရုတ်တွေ ကိုယ်တိုင် ယုံကြည်ထားပုံ သိပ်မတွေ့ရကြောင်း၊ တရုတ်နိုင်ငံအတွင်းမှာ မသေချာမရေရာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ခြင်းဟာ သမားရိုးကျ မြေပြင်စစ်ပွဲများနဲ့ အလွန်အမင်းကွာခြားကြောင်း၊ ဒီလို ကိစ္စမျိုးမှာ အလောင်းအစားလုပ်ဖို့ ကြိုးပမ်းခြင်းဟာ ဆိုးရွားတဲ့ ပြောင်းပြန်အကျိုးဆက်များကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန် ကွန်ဂရက်လွှတ်တော် မူဝါဒချမှတ်သူများကို အကြံပေးနေတဲ့ “ဝီလ်ဆင်စင်တာ” တရုတ်ရေးရာ သုတေသနမှူးတစ်ဦးဖြစ်သူ ကလာ့စ်လာရီက ဆိုပါတယ်။

zawgyi version
ေပက်င္းက က်ဴးေက်ာ္လွ်င္ ထိုင္ဝမ္ကို ခုခံကာကြယ္မည့္ ဝါရွင္တန္ႏွင့္ ၂၀၂၇ ခုႏွစ္မတိုင္မီ စစ္ပြဲႀကီးျဖစ္ပြားလာႏိုင္
Htay Oung (NP News) - ဇြန္ ၁၈

ထိုင္ဝမ္က်ဴးေက်ာ္ရန္ ႀကိဳးပမ္းမႈ အႀကိဳအျဖစ္ အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ ပစိဖိတ္သမုဒၵရာမွာ ေမာင္းသူမဲ့ယာဥ္မ်ားအလုံးအရင္းနဲ႔လက္ေတြ႕စစ္ကစားေနၾကပါတယ္။ ထိုင္ဝမ္ေရ လက္ၾကားကို “ဒ႐ုန္းတို႔ႀကီးစိုးတဲ့ ငရဲဘုံ” အျဖစ္ ေျပာင္းလဲေရး အစီအစဥ္မ်ားကို ေရးဆြဲထားၿပီး အေမရိကန္တပ္မ်ား စစ္ကူ ေရာက္ရွိလာတဲ့အထိ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ားကို ေႏွာင့္ေႏွးေစလိမ့္မယ္လို႔ ပင္တာဂြန္အရာရွိမ်ားက ေျပာဆိုေၾကာင္း လန္ဒန္အေျခစိုက္ “တယ္လီဂရပ္ဖ္” က ဇြန္ ၁၅ ရက္မွာ ေရးသားပါတယ္။

အေမရိကန္စစ္ဘက္ဆိုင္ရာ ဗ်ဴဟာမႉးေတြဟာ တ႐ုတ္တို႔ရဲ႕ သေဘၤာနဲ႔ ဂ်က္ေလယာဥ္မ်ားကို ဟန႔္တားပိတ္ဆို႔ရန္ ေဝဟင္နဲ႔ ပင္လယ္ျပင္သြား ေမာင္းသူမဲ့ယာဥ္မ်ားကို အသုံးျပဳေနၿပီး အလားတူ ေပက်င္းကလည္း သူတို႔ရဲ႕ ဒ႐ုန္းမ်ားနဲ႔ တုန႔္ျပန္လႈပ္ရွားေနပါတယ္။ တ႐ုတ္တို႔ က်ဴးေက်ာ္ဝင္ေရာက္လာမယ္ဆိုရင္ ထိုင္ဝမ္ကို ခုခံကာကြယ္မယ္လို႔ အေမရိကန္က ေျပာၾကားထားၿပီး ၂၀၂၄ ခုႏွစ္မတိုင္မီ က်ဴးေက်ာ္မႈ ျဖစ္ပြားႏိုင္တယ္လို႔ စီအိုင္ေအ အရာရွိမ်ားက ယုံၾကည္ေနပါတယ္။ ကိုယ့္ဖာသာ သီးျခားအုပ္ခ်ဳပ္ေနတဲ့ ကြၽန္းတိုင္းျပည္ကို သူတို႔ရဲ႕ နယ္ေျမအစိတ္အပိုင္းျဖစ္ေၾကာင္း ေၾကညာထားတဲ့ တ႐ုတ္ႏိုင္ငံဟာ အင္အားအလုံးအရင္းသုံးၿပီး လွ်ပ္တျပက္ စစ္ဆင္သိမ္းပိုက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။

အေမရိကန္ေရတပ္နဲ႔ ေလတပ္က ထိုင္ဝမ္ကို အကူအညီေပးႏိုင္တဲ့အထိ အခ်ိန္ဆြဲထားႏိုင္မယ့္ “ရက္ပလီေကတာ” အမည္ရွိ စစ္ဆင္ေရးကို ပင္တာဂြန္စစ္ဌာနခ်ဳပ္က ဆင္ႏႊဲေနၿပီး၊ ေထာင္ေပါင္းမ်ားစြာေသာ ဒ႐ုန္းယာဥ္မ်ားကို ပစ္လႊတ္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။
ထိုင္ဝမ္အေရးကို ႏိုင္ငံတကာနဲ႔အတူ ပူးေပါင္းကိုင္တြယ္ေဆာင္႐ြက္ျခင္းမတိုင္မီ တ႐ုတ္ရဲ႕ လႈပ္ရွားမႈမ်ားကို ဇက္ႀကိဳးဆြဲဖို႔ “လို-တို-ရွင္းစစ္ပြဲ” စစ္ပြဲနဲ႔ စတင္ရင္ဆိုင္ထားဖို႔ရွိေၾကာင္း၊ “ငရဲတြင္းမွ လြတ္ေျမာက္ျခင္း” အမည္ရွိ စစ္ဆင္ေရးဟာ က်ဴးေက်ာ္မႈကို တစ္လအထိ ေႏွာင့္ေႏွးေစမွာျဖစ္ေၾကာင္း အေမရိကန္ ပစိဖိတ္စစ္ေဒသ တပ္မႉးႀကီး အဒမ္ဆင္ျမဴရယ္ ပါပ႐ိုက ဝါရွင္တန္ပို႔စ္ကို ေျပာျပပါတယ္။

တ႐ုတ္ႏိုင္ငံဟာ လြန္ခဲ့တဲ့ သုံးႏွစ္ေက်ာ္ကထက္စာရင္ ပိုမိုႀကီးမားတဲ့ ေရတပ္ကို ပိုင္ဆိုင္လာေၾကာင္း၊ အေမရိကန္ေရတပ္ရဲ႕ အ႐ြယ္အစားထက္ ေက်ာ္လြန္လာၿပီး အလုံးအရင္းအင္အားမွာ အားသာခ်က္ရွိေၾကာင္း ပင္တာဂြန္က ဝန္ခံပါတယ္။ ဒါေပမဲ့ ဒ႐ုန္းစစ္ပြဲမွာ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္ျခင္းအားျဖင့္ ေရတပ္အ အ႐ြယ္အစား ကြာျခားမႈကို ေက်ာ္လႊားဖို႔ ျပင္ဆင္ေနပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ၾသဂုတ္လကတည္း စတင္ခဲ့တဲ့ ရက္ပလီေကတာ စစ္ဆင္ေရးအစီအစဥ္မွ ပထမဆုံးအသုတ္ ေမာင္းသူမဲ့ေလယာဥ္ေတြဟာ ပစိဖိတ္သမုဒၵရာမွာ ေရာက္ရွိႏွင့္ ၿပီးပါၿပီ၊ အစီအစဥ္တစ္ခုလုံးရဲ႕ စုစုေပါင္းကုန္က်စရိတ္မွာ ေဒၚလာ ၁ ဘီလ်ံ (ေပါင္ ၇၉၀ သန္း) ခန႔္ျဖစ္တယ္လို႔ သိရွိရပါတယ္။

အုပ္စုဖြဲ႕ ပ်ံသန္းဖို႔အတြက္ စီစဥ္ထားတဲ့ ဒ႐ုန္းအမ်ားစုကို အမ်ိဳးအစားခြဲျခားထားေပမယ့္ Switchblade 600 ဒ႐ုန္းမ်ားပါဝင္ေၾကာင္း လက္ေထာက္ကာကြယ္ေရးဝန္ႀကီး ကက္သလင္းဟစ္ခ္က အတည္ျပဳပါတယ္။ အဲ့ဒီ ေမာ္ဒယ္ ဒ႐ုန္းေတြဟာ ၂၃ မိုင္အကြာအေဝးမွ က်ည္ကာ ယာဥ္မ်ားကို ဖ်က္ဆီးရာမွာ ထိေရာက္ေၾကာင္း ယူကရိန္းစစ္ပြဲအတြင္း သက္ေသျပခဲ့တယ္လို႔ ဆိုပါတယ္။ အျခား ေမာင္းသူမဲ့ယာဥ္မ်ားက ေရေအာက္မွာလည္း ငုပ္လွ်ိဳးလႈပ္ရွားဖို႔ ရွိေနၿပီး တတိယအမ်ိဳးအစားကေတာ့ တ႐ုတ္ေလယာဥ္ေတြနဲ႔ ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္မ်ားကို ပစ္ခ်ရာမွာ ပူးေပါင္းပါလိမ့္မယ္။ တ႐ုတ္ကလည္း အေမရိကန္ေမာင္းသူမဲ့ယာဥ္မ်ား တန္ျပန္ေရး မဟာဗ်ဴဟာမ်ားကို အေသးစိတ္ ဂ႐ုတစိုက္ ေဖာ္ေဆာင္ေနပါတယ္။ ဝါရွင္တန္ရဲ႕ ကာကြယ္ေရးစနစ္မ်ားကို ေက်ာ္လႊားၿပီး က်ဴးေက်ာ္တိုက္ခိုက္ႏိုင္ဖို႔ ျပင္ဆင္လွ်က္ရွိေၾကာင္း ၫႊန္ျပေနတယ္လို႔ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ရဲ႕ လႈပ္ရွားမႈမ်ားကို ေလ့လာေနသူမ်ားက ေျပာပါတယ္။

တ႐ုတ္ရဲ႕ ကမာၻ႔အႀကီးဆုံး ဒ႐ုန္းထုတ္လုပ္ႏိုင္စြမ္းကို အေမရိကန္အေနနဲ႔ ေမ့မထားသင့္ေၾကာင္း၊ ရန္သူေတြကို တိုက္ခိုက္ဖို႔ PLA အေနနဲ႔ ေဝဟင္စက္႐ုပ္အေျမာက္အျမားကိုလည္း ခ်ထားမွာေသခ်ာေၾကာင္း တ႐ုတ္ေလတပ္မေတာ္ဆိုင္ရာ စက္ယႏၲရားပစၥည္းကြၽမ္းက်င္သူေဟာင္းတစ္ဦးက “ေဆာက္သ္ခ်ိဳင္းနားေမာ နင္းပို႔စ္” နဲ႔ အင္တာဗ်ဴးတစ္ခုမွာ မွတ္ခ်က္ေပးပါတယ္။

အေမရိကန္ဟာ ပိုမိုအေရအတြက္မ်ားျပားၿပီး အမ်ိဳးစုံလင္တဲ့ PLA ဒ႐ုန္းယာဥ္စုကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာ စဥ္းစားသင့္ေၾကာင္း၊ ထိုင္ဝမ္ေရလက္ၾကားမွာ ေထာင္နဲ႔ခ်ီတဲ့ ေမာင္းသူမဲ့ေလယာဥ္ေတြ ျဖန႔္က်က္ခ်ထားေရးဟာ အေမရိကန္အတြက္ အပမ္းမႀကီးေပမယ့္ သူ႔ရဲ႕ပစိဖိတ္ေလတပ္အေျခစိုက္စခန္းေတြအေပၚ ကာကြယ္ေရးမွာ အားနည္းသြားႏိုင္ေၾကာင္း၊ လွ်ပ္စစ္သံလိုက္လႈိင္း စြက္ဖက္ေႏွာက္ယွက္မႈနဲ႔ အဆင့္ျမင့္ၾကားျဖတ္ ဟန႔္တားေရးစနစ္ေတြလည္း ရွိေနတယ္လို႔ ထင္ျမင္ခ်က္ေပးပါတယ္။

ၿပီးခဲ့တဲ့လ ထိုင္ဝမ္ကြၽန္ပတ္ပတ္လည္မွာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္က စစ္ေရးေလ့က်င့္မႈမ်ားကို ျပဳလုပ္ခဲ့ၿပီး မၾကာေသးမီကပဲ ကြၽန္းအနီးမွာ တ႐ုတ္စစ္တပ္က ေမာင္းသူမဲ့ေလယာဥ္မ်ားနဲ႔ စစ္ေရးေလ့က်င့္ခဲ့ပါတယ္။ က်ဴးေက်ာ္ခံရရင္ ထိုင္ဝမ္ဘက္က ရပ္တည္ဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ကတိျပဳခဲ့ေပမယ့္ ကြၽန္းႏိုင္ငံမွာ အေမရိကန္တပ္မ်ား ခ်ထားေရးကိုေတာ့ ျငင္းပယ္ခဲ့ပါတယ္။ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေဒၚနယ္ထရန႔္ကေတာ့ ထိုင္ဝမ္ကို တ႐ုတ္က က်ဴးေက်ာ္လာခဲ့ရင္ အေမရိကန္စစ္အင္အား အသုံးျပဳမယ့္ကိစၥနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ ရပ္တည္ခ်က္ကို အတိအလင္း ထုတ္ေဖာ္ေျပာၾကားဖို႔ ျငင္းဆိုေနပါတယ္။

PLA ရဲ႕ ျပင္ဆင္မႈေတြဟာ ၂၀၂၇-ခုႏွစ္မွာ က်ဴးေက်ာ္ဖို႔ အလားအလာရွိေပမယ့္ ယူကရိန္းပဋိပကၡရဲ႕ အက်ိဳးဆက္ေတြကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေနရတဲ့ ေပက်င္းဟာ ဒီေလာက္ အႏၲရာယ္မ်ားတဲ့ စစ္ပြဲကို စတင္ဖို႔ ရွိ-မရွိ ေလ့လာသူ အေတာ္မ်ားမ်ားက သံသယျဖစ္ေနၾကပါတယ္။ ေပက်င္းအေနနဲ႔ ကိုယ္ထိလက္ေရာက္ က်ဴးေက်ာ္ျခင္းအစား ထိုင္ဝမ္အေပၚ ပိတ္ဆို႔တားဆီးမႈမ်ား သို႔မဟုတ္ စီးပြားေရးအရ ဖိအားေပးျခင္းမ်ိဳးလို အျခားနည္းလမ္းမ်ားကို က်င့္သုံးေလာက္တယ္လို႔ တ႐ုတ္ေရးရာ ကြၽမ္းက်င္သူ ကလာ့စ္လာရီက ခန႔္မွန္းပါတယ္။ အမွန္တကယ္က်ဴးေက်ာ္ခဲ့ရင္ ေအာင္ျမင္လိမ့္မယ္လို႔ တ႐ုတ္ေတြ ကိုယ္တိုင္ ယုံၾကည္ထားပုံ သိပ္မေတြ႕ရေၾကာင္း၊ တ႐ုတ္ႏိုင္ငံအတြင္းမွာ မေသခ်ာမေရရာမႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။

ကြၽန္းတစ္ကြၽန္းကို သိမ္းပိုက္ျခင္းဟာ သမား႐ိုးက် ေျမျပင္စစ္ပြဲမ်ားနဲ႔ အလြန္အမင္းကြာျခားေၾကာင္း၊ ဒီလို ကိစၥမ်ိဳးမွာ အေလာင္းအစားလုပ္ဖို႔ ႀကိဳးပမ္းျခင္းဟာ ဆိုး႐ြားတဲ့ ေျပာင္းျပန္အက်ိဳးဆက္မ်ားကိုသာ ျဖစ္ေပၚေစႏိုင္ေၾကာင္း အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ မူဝါဒခ်မွတ္သူမ်ားကို အႀကံေပးေနတဲ့ “ဝီလ္ဆင္စင္တာ” တ႐ုတ္ေရးရာ သုေတသနမႉးတစ္ဦးျဖစ္သူ ကလာ့စ္လာရီက ဆိုပါတယ္။

Related news

© 2021. All rights reserved.