စစ်နယ်ကျယ်ဝန်းလာသည့် ရခိုင် (အခန်းဆက်ဆောင်းပါးရှည် - အပိုင်း ၂)

 4429

ဒေါက်တာအေးမောင်(NP News) - ဇွန် ၁၉

စစ်တွေမြို့ကို ULA/AA က တိုက်ခိုက်လာနိုင်သလား။
စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့ တော်ဖြစ်၏။ ULA/AA သည် စစ်တွေမြို့ကို အရပ်(၃) မျက်နှာမှ ဝိုင်းပတ်ပိတ်ဆို့ထား၏။ (၃)မိုင် ခန့်ကျယ်သော ကုလားတန်မြစ်ဝခြားသည့် ပေါက်တောနယ် ဖရုံကာကျွန်းများ၊ (၃) မိုင်ခန့်ကျယ်သော မယူမြစ်ဝခြားသည့် မယူကမ်း၊ အငူမော်နှင့်(၂)မိုင် ခန့် ကျယ်သော မူစဲမြစ်ခြားသည့် ရသေ့တောင်၊ မူစဲ ကျွန်းနှင့် မင်းဂံချောင်းခြားသည့် ပုဏ္ဏားကျွန်းနယ် တို့ဖြစ်၏။ ဘင်္ဂလားပင်လယ်အော်၊ မြစ်ကြောင်း၊ ချောင်းများနှင့် မြို့နီးဆိပ်ကမ်းအားလုံးသည် မြန်မာ့ တပ်မတော်(ရေ)၏ ထိန်းချုပ်မှုအောက်တွင်ရှိ၏။ စစ်တွေသည် ကျုံးပတ်လည်ဝိုင်းနေသော မင်းနေပြည် တော်နှင့်တူ၏။ တပ်မတော်စခန်း၊ တပ်ရင်း၊ တပ်မ တို့မှရရှိခဲ့သည့် နည်းဗျူဟာမြောက် လက်နက်ကြီးများဖြင့်လည်းကောင်း၊ ရှော့တိုက်ဒုန်းပစ်စင် လက်နက်ကြီးများဖြင့်လည်းကောင်း၊ Drop Bombs ပါ Drones များဖြင့်လည်းကောင်း၊ စစ်တွေမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များကို ချိန်ရွယ်ထားကောင်း ထား နိုင်၏။ စစ်တွေမြို့သည် နစက၏ဂုဏ်သိက္ခာအရ အမြင့်ဆုံး အကာအကွယ်ပြုရမည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့တော်ဖြစ်ရာ တိုက်ကွက်ဖော်မည်ဟု အယောင်ပြ ကောလာဟလလွှင့်ထားသည့် နည်းဗျူဟာသည် ULA/AA အတွက် ပိုမိုထိရောက်သည်ဟု မြင်၏။ မြို့သိမ်းတိုက်ပွဲတိုင်းတွင် အတွင်းအပြင် ချိတ်ဆက်မှုရှိရှိ ပူးညှပ်တိုက်ကွက်ဖော်ခြင်းသည် ထိရောက်သည့် နည်းဗျူဟာဖြစ်၏။ တပ်မတော်သည် စနစ်တကျ ချေဖျက်နိုင်ရန် ခံစစ်ဗျူဟာ အဆင့်ဆင့် ခင်းထားပုံရ၏။ အစွမ်းကုန် ကာကွယ်ရန် အမိန့်ရပြီး ဖြစ်ပုံလည်းရ၏။ စဉ်းစားမိသလောက် စစ်တုရင်ကစားကွက်၌ စစ်တွေ မည်သော နယ်ရုပ်ပွန်းသည် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်ကြီးတစ်ခုအတွက် အကောင်းဆုံးသော ညှိနှိုင်းရေးလက်နက်တစ်ခုသာဖြစ်နိုင်၏။ ရထား ကာ စတယ်ဖြင့်ပိတ်၊ မြင်းခုန်ကွက်ဖြင့် ထောက်ကာ၊ ပညာရှိ မှူးမတ် ဘိရှော့၏ သတ်ကွက်လမ်းဖွင့်ပြီး၊ ဘုရင်ကို ပစ်မှတ်ချိန်၊ ဘုရင်မဖြင့် မျှားခေါ်၊ ချက်ကွက်ဖော်သည့် ULA/AA ၏ ကစားကွက် ဖြစ်ဟန်တူ၏။

အောက်ပါအချက်များသည် စစ်တွေကို ULA/AA က တိုက်ကွက်မဖော်ဘဲ လက်ရှောင်ဖြစ်မည့် အကြောင်းရင်းများအဖြစ် မြင်၏။

(က) ကယားပြည်နယ်၏မြို့တော် လွိုင်ကော် ပြီးနောက် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ကို မြို့ပျက်ကြီးအဖြစ် နိုင်ငံရေးအရ စစ်ရေးခေါင်းဆောင်များက မမြင်တွေ့လိုနိုင်ခြေရှိခြင်း၊ ကချင်တို့၏ မြို့ တော် မြစ်ကြီးနားကိုဝေးစွ၊ ကချင်ပြည်နယ်၏ မည်သည့်မြို့၌မဆို KIA သည် ယနေ့ထိ လိမ္မာပါးနပ် စွာဖြင့် မည်သည့်တိုက်ကွက်ဖော်မှုမှ မရှိခြင်း၊ စစ် စခန်းများသို့သာ စစ်မြှူပြီး မြို့ရွာများကိုဆင်ခြင် သိဖြင့် ကာကွယ်မှုပြုမြဲပြုနေခြင်းတို့သည် KIA ၏ နိုင်ငံရေးအရ အမြဲ လိမ္မာပါးနပ်စွာ အကွက်ရွှေ့ပြီး မှသာ စစ်ရေးတည်ဆောက်တတ်သည်ကို စံပြု နမူနာ ယူနိုင်ခြေ ရှိခြင်း။

(ခ) သဲချောင်း၊ ဒါးပိုင်၊ ဘာဆာရာ၊ ဘုမေ၊ သက်ကေပြင်နှင့် အခြားဒုက္ခသည်စခန်းတို့တွင် ကမ္ဘာ၏ အာရုံ အစူးစိုက်ခံရဆုံးသော၊ စစ်ဘေးရှောင်ရန် ပြေးစရာမြေပင် မရှိတော့သော၊ ဘင်္ဂါလီဒုက္ခသည် နှစ်သိန်းခန့်သည် စစ်တွေမြို့၏ အဆင်းရဲဆုံးရပ်ကွက် မင်းဂံနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များအနီး ဆက်စပ်နေရာများတွင် နေထိုင်နေကြရခြင်းကြောင့် စခန်းတိုင်းသည် အချိန်မရွေး လက်နက်ကြီး ကျည်ကျရာ လမ်းကြောင်း၌ရှိရာ ကမ္ဘာ့သတင်းမီဒီယာများ၏ မျက်နှာဖုံးသတင်း ဖြစ်သွားနိုင်ခြေရှိခြင်း။ (မင်းပြား မွတ်စ လင်ရွာ လက်နက်ကြီးကျမှု၊ သေဆုံးမှုဖြစ်စဉ် သတင်းများသည်ပင်လျှင် နိုင်ငံတကာ၏ အထူး အာရုံစူးစိုက်မှုရ နိုင်ငံရေးတိုက်ကွက်ပါ စစ်ရေးသတင်းဖြစ်ရာ) ဤဖြစ်စဉ်မျိုးသည် စစ်တွေမြို့ကို တိုက်ကွက်ဖော်က အချိန်မရွေး ပေါ်ပေါက်လာနိုင်ခြေရှိခြင်း။

(ဂ) အိန္ဒိယအစိုးရ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ကုလားတန်ဘက်စုံစီမံကိန်း အခြေပြုရာ စစ်တွေ ဆိပ်ကမ်းသစ်ကြီး တည်ရှိခြင်း။ (အိန္ဒိယ အစိုးရသည် ULA/AA က ၎င်းအား အသိအမှတ် ပြု ပေးစေလိုသည့် အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ဖွယ်ရှိခြင်းနှင့် ယနေ့အထိ အိန္ဒိယသည် သူ၏ပြိုင်ဘက် တရုတ်အပေါ် မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ခေါင်းကိုင်ဖခင်အဖြစ်သာ အမြင်ရှိပုံရနေခြင်း၊ ပ လက်ဝ-မီဇိုရမ် နယ်စပ်ကုန်သွယ်မှုသည် စစ်တွေ ဆိပ်ကမ်းကို စစ်မဲ့ဇုန်အဖြစ် အာမခံမှုနှင့် တိုက်ရိုက် ဆက်စပ်နိုင်ခြေရှိခြင်း။)

(ဃ) ညှိနှိုင်းရေးလက်နက်များအနက် ပြည်နယ်အစိုးရရုံးစိုက်ရာအရပ်၏ တည်ငြိမ်လုံခြုံမှုကို အာမခံ ပေးခြင်းသည် တစ်ဖက်အဖွဲ့အစည်းအတွက် ဂုဏ်သိက္ခာအားဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ယုံကြည်မှု လက်နက်ဖြစ်သည်ကို လိမ္မာပါးနပ်စွာ အသုံးချလိုခြင်း။ စသည့်အချက်များကြောင့် စစ်တွေသည် ULA/ AA ၏ တိုက်ခိုက်လာနိုင်ခြေ အလွန်နည်းသည်ဟု မြင်၏။

ကျောက်ဖြူမြို့ကို ULA/AA က တိုက်ခိုက်လာနိုင်သလား။
၁၀။ ကျောက်ဖြူမြို့သည် BRI ၏ ကျောက်ဖြူ SEZ, Deep Sea Port, CMEC နှင့် ကူမင်း-ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်းတို့၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ဖြစ်၏။ ကိုရီးယားဒေဝူး Dae­woo ၏ ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းနှင့် သဘာဝ ဓာတ်ငွေ့သန့်စင်စက်ရုံ၊ တရုတ်၏ ၅၀ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ တရုတ် ၏ မဒေးကျွန်း ရေနံသိုလှောင်ကန်များ၊ ရေနံတင်ဆိပ် ကမ်းကြီးများ၊ ဓညဝတီရေတပ်စခန်းဌာနချုပ်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အစပြုရာ တ ရုတ်၏ အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက်စပ်ဆိုင်သည့် မဟာဗျူဟာမြောက် အရေးပါသည့်မြို့ဖြစ် ၏။ ရခိုင်ကမ်းရိုးတန်း၏ အလယ်ဗဟို၌ တည်ရှိသည့် မြို့ဖြစ်၏။ ပထဝီနိုင်ငံရေး၊ စစ်ရေးအရ မဟာဗျူဟာမြောက် အလွန်အရေးပါ၏။ လူထု၏ နိုင်ငံရေးရေချိန်သည် မြင့်၏။ မျှတ၏။ အမျိုးသားရေး နှင့် လူမှုသဟဇာတ၊ အမျိုး ဘာသာ သာသနာနှင့် ရေရှည်ငြိမ်းချမ်းမှု၊ အတူယှဉ်တွဲနေထိုင်နိုင်မှု၊ အမြင် ဖြူစင်ကြ၏။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်အမြင် ပီပြင်ကြည်လင်ကြ၏။ တတိယအကြိမ် သမ္မတသက်တမ်း အစပြုသည့် မစ္စတာ ရှီကျင့်ဖျင်၏ BRI သည် သူ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအမြင်နှင့် ယဉ်ကျေးမှုလမ်းသစ်၏ ပင်မရေစီး ဖြစ်၏။ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မည့် အဂ္ဂမဟာဗျူဟာ ဖြစ်၏။ ကျောက်ဖြူသည် ယူနန်၏ အရေးပါသည့် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်၌ တည်ရှိ၏။ ၎င်းမှ ဗဟိုအာရှနှင့် အာဖရိက၊ လက်တင် အမေရိကဆီထိ ခရီးရှည် သွားရန် ရည်ရွယ်ပုံရ၏။
အောက်ပါအချက်များသည် ကျောက်ဖြူမြို့ကို လက်ရှောင်မှဖြစ်မည့် အကြောင်းရင်းများအဖြစ် မြင်၏။

(က) “ဝ”၊ မိုင်းလား သည် နယကနှင့် အပစ်ရပ် စာချုပ်ဖြင့် ဖွံ့ဖြိုးမှုတည်ဆောက်၏။ ငြိမ်းချမ်းရေး ခရီးရှည်ဖြင့် ရည်မှန်းချက်ကိုချီတက်ဆဲဖြစ်၏။ တစ်ပါတီစနစ်၊ ပြည်သူ့အာဏာပိုင်အဖွဲ့တို့ဖြင့် အုပ်ချုပ် ရေး နှင့်တရားစီရင်ရေးကို အကောင်အထည်ဖော်၏။ တရုတ်၏ ပုံစံတူပါတီ၊ တပ်မတော်၊ တရားစီရင် ရေး၊ အုပ်ချုပ်ရေးစနစ်ဖြစ်၏။ ULA/AA သည် “ဝ” ကဲ့ သို့ သူ့ထက်မနိမ့်သည့်အဆင့် လိုချင်သည် Confed­eration ထက်မနိမ့်သည်ကို ရည်မှန်းသည်ဟု ပြော၏။ ၎င်းကို ငြိမ်းချမ်းမှုအခြေခံမှသာ တည်ဆောက်နိုင်၏။

(ခ) မြောက်ပိုင်း(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နောက်၊ ရှမ်းမြောက်သည် ဟိုင်ဂင် သဘောတူညီချက် ဖြင့် “ဝ”နှင့် မိုင်းလားပုံစံတူ အပစ်ရပ်လာ၏။ ကိုးကန့် သည် အထူးဒေသ(၁)အဖြစ် ပြန်ရလို၏။ “ဝ”နှင့် မိုင်းလားကဲ့သို့ ပုံစံတူတည်ဆောက်လို၏။ နယ်စပ် ကုန်သွယ်မှုကို ချင်းရွှေဟော်၊ လောက်ကိုင်တို့၌ ပြန်လည် စတင် ဖွင့်လှစ်လို၏။ CMEC သည် ချိတ်ဆက်လမ်းကြောင်းတလျှောက် တည်ငြိမ်အေးချမ်းမှ ကုန်စည်ပို့ဆောင်မှု၊ ကုန်သွယ်မှုနှင့် ငွေကြေးလည်ပတ်စီးဆင်းမှု အဆင်ပြေချောမွေ့မည်ဖြစ်၏။ ဟိုင် ဂင် တွေ့ဆုံဆွေးနွေးမှု နောက်တစ်ကြိမ်သည် ကျောက်ဖြူအထိ ခရီးရှည်ချီတက်ဖြစ်မှသာ ရခိုင်ဒေသ၏ အနာဂတ်ခရီး အဖြေညှိနိုင်ကြမည်ထင်ပါ၏။ တရုတ်သည် ဟိုင်ဂင်ကို တိုက်ပွဲဖြစ်နေဆဲ ရခိုင်ဒေသ ကျောက်ဖြူအထိ ခရီးဆက်လိုပုံရ၏။ ဧပြီလ ပဉ္စမအကြိမ်တွေ့ဆုံဆွေးနွေးမှု Agenda ၌ ပါသွားခဲ့ ဖွယ်ရှိ၏။

(ဂ) ULA/AA စိုးမိုးထားသည့် ပလက်ဝနှင့် ဆက်စပ်ဒေသအားလုံး၏ ပင်လယ်ထွက်ပေါက်သည် ပေါက်တောဖြစ်သကဲ့သို့ ရသေ့တောင်ဖြစ်၏။ အင်အားကြီးနှစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားရှိရာ အရပ်သည် စစ်တွေနှင့်ကျောက်ဖြူဖြစ်၏။ ဘင်္ဂလား ပင်လယ်အော်၏ ကျောက်ဖြူ၊ စစ်တွေနှင့် မောင်တော နိုင်ငံတကာဆက်စပ် ပင်လယ်ရေပြင်စိုးမိုးမှုသည် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် ပင်လယ် ရေကြောင်းကုန်သွယ်မှု၌ အရေးပါ၏။ ဘင်္ဂလားပင်လယ်အော်၏ မြန်မာ့ရေပိုင်နက်ကို မြန်မာ့ ရေတပ်တော်သည် ထိန်းချုပ်ထားဆဲဖြစ်၏။ ပင်လယ်ထွက်ပေါက် မရက ကုန်သွယ်မှုဖြင့် စီးပွားရေး တည်ဆောက်ရန် ဖြစ်နိုင်ခြေ အလွန်နည်း၏။

(ဃ) ကြည်းတပ် အင်အားသာလွန်သည့် ULA /AA သည် ရမ်းဗြဲဒေသကိုထိန်းချုပ်ထားပြီး၊ ကုန်း မြေချင်း ဆက်စပ်နေသည့် ကျောက်ဖြူ၏ သဘာဝ ဓာတ်ငွေ့သန့်စင်စက်ရုံနှင့် ဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံတို့ကို ဝိုင်းပတ်ပိတ်ဆို့ထားရေး တိုက်ကွက်ဖော်ခြင်း ဖြစ်နိုင်ခြေသည် ရာခိုင်နှုန်းများ၏။ ကျောက်ဖြူမြို့သည် တရုတ်၏ အမျိုးသားအကျိုးစီးပွားတည်ရှိရာဖြစ်သဖြင့် ဟိုင်ဂင်သဘောတူညီချက် အရ နှစ်ဖက်စောင့်စည်းရမည့် ကန့်သတ်ချက်၌ပါပုံရ၏။ တရုတ်၏ အမျိုးသားအကျိုးစီးပွားဖြစ်ရာ နှစ်ဖက်လုံးက ဟိုင်ဂင်သဘောတူညီမှုအရ ကာကွယ်ပေးရမည် ဖြစ်၏။

ULA/AA သည် အောက်ပါကဏ္ဍများကို ကျောက်ဖြူမြို့သိမ်းတိုက်ပွဲထက် အထူးအာရုံစူးစိုက် ပုံရသည်ဟုမြင်၏။
(၁) သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုထိန်းချုပ်နိုင်ခြင်းသည် ရခိုင်ဒေသ၌ လျှပ်စစ်ဓာတ်အားလိုအပ်မှုကို “ကြီးအုံကြီးဝ”၊ အားကိုးရန်မလိုဘဲ မီးပေးခလုတ်ရခြင်းဖြစ်ရာ အာရုံစူးစိုက်ပုံရသည်ဟုမြင်၏။

(၂) သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံ ထိန်းချုပ်မှုရခြင်းသည် ပင်လယ်ပြင်ရှိ တွင်းတူးစင်ကိုရရန်မလို ဘဲ ဖြတ်သန်းမှုဓာတ်ငွေ့ပမာဏ၏ ရာခိုင်နှုန်းတစ်ခုကို ဒေဝူးအပါအဝင် (တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မြန်မာအစိုးရ MOGE) တို့က ရခြင်းဖြစ်ရာ အာရုံစူးစိုက်ပုံရသည်ဟု မြင်၏။ သို့ဖြင့် နည်းဗျူဟာအရ စစ်တွေ၊ ကျောက်ဖြူမြို့တို့ကို ULA/AA မှ တိုက်ကွက်ဖော် သိမ်းပိုက်ရေးထက် တရုတ်နှင့် အိန္ဒိယတို့ ၏ အမျိုးသားအကျိုးစီးပွားကို ကိုယ်တိုင်ကာကွယ်ပေးသည့် နိုင်ငံရေးနှင့် သံတမန်ရေးအရ အသိအမှတ်ပြု မိတ်ဖက်အကျိုးစီးပွား ချဉ်းကပ်မှုပုံစံသစ်သို့သာ သွားလိုပုံရ၏။ နည်းတူ ရခိုင်လူထု၏ တည်ဆောက်ပြီး ဖြစ်သော မြို့ပြ၊ ရုပ်ဝတ္ထုနှင့် လူမှုစီးပွားဘဝကို ထိခိုက်မှု အနည်းဆုံးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သည့် လိမ္မာပါးနပ်ပြီး ဆင်ခြင်သိပါသော နိုင်ငံရေး၊ စစ်ရေးအရွေ့သို့ ဦးတည် လိုသည့် ပိတ်ဆို့မှု ဖြစ်ပုံရသည်ဟုမြင်၏။

ဆက်လက်ဖော်ပြပါမည် . . .

zawgyi version
စစ္နယ္က်ယ္ဝန္းလာသည့္ ရခိုင္ (အခန္းဆက္ေဆာင္းပါးရွည္ - အပိုင္း ၂)
ေဒါက္တာေအးေမာင္(NP News) - ဇြန္ ၁၉

စစ္ေတြၿမိဳ႕ကို ULA/AA က တိုက္ခိုက္လာႏိုင္သလား။
စစ္ေတြၿမိဳ႕သည္ ရခိုင္ျပည္နယ္၏ ၿမိဳ႕ ေတာ္ျဖစ္၏။ ULA/AA သည္ စစ္ေတြၿမိဳ႕ကို အရပ္(၃) မ်က္ႏွာမွ ဝိုင္းပတ္ပိတ္ဆို႔ထား၏။ (၃)မိုင္ ခန႔္က်ယ္ေသာ ကုလားတန္ျမစ္ဝျခားသည့္ ေပါက္ေတာနယ္ ဖ႐ုံကာကြၽန္းမ်ား၊ (၃) မိုင္ခန႔္က်ယ္ေသာ မယူျမစ္ဝျခားသည့္ မယူကမ္း၊ အငူေမာ္ႏွင့္(၂)မိုင္ ခန႔္ က်ယ္ေသာ မူစဲျမစ္ျခားသည့္ ရေသ့ေတာင္၊ မူစဲ ကြၽန္းႏွင့္ မင္းဂံေခ်ာင္းျခားသည့္ ပုဏၰားကြၽန္းနယ္ တို႔ျဖစ္၏။ ဘဂၤလားပင္လယ္ေအာ္၊ ျမစ္ေၾကာင္း၊ ေခ်ာင္းမ်ားႏွင့္ ၿမိဳ႕နီးဆိပ္ကမ္းအားလုံးသည္ ျမန္မာ့ တပ္မေတာ္(ေရ)၏ ထိန္းခ်ဳပ္မႈေအာက္တြင္ရွိ၏။ စစ္ေတြသည္ က်ဳံးပတ္လည္ဝိုင္းေနေသာ မင္းေနျပည္ ေတာ္ႏွင့္တူ၏။ တပ္မေတာ္စခန္း၊ တပ္ရင္း၊ တပ္မ တို႔မွရရွိခဲ့သည့္ နည္းဗ်ဴဟာေျမာက္ လက္နက္ႀကီးမ်ားျဖင့္လည္းေကာင္း၊ ေရွာ့တိုက္ဒုန္းပစ္စင္ လက္နက္ႀကီးမ်ားျဖင့္လည္းေကာင္း၊ Drop Bombs ပါ Drones မ်ားျဖင့္လည္းေကာင္း၊ စစ္ေတြၿမိဳ႕ေပၚရွိ စစ္ေရးပစ္မွတ္မ်ားကို ခ်ိန္႐ြယ္ထားေကာင္း ထား ႏိုင္၏။ စစ္ေတြၿမိဳ႕သည္ နစက၏ဂုဏ္သိကၡာအရ အျမင့္ဆုံး အကာအကြယ္ျပဳရမည့္ ျပည္နယ္အစိုးရ ႐ုံးစိုက္ရာ ၿမိဳ႕ေတာ္ျဖစ္ရာ တိုက္ကြက္ေဖာ္မည္ဟု အေယာင္ျပ ေကာလာဟလလႊင့္ထားသည့္ နည္းဗ်ဴဟာသည္ ULA/AA အတြက္ ပိုမိုထိေရာက္သည္ဟု ျမင္၏။ ၿမိဳ႕သိမ္းတိုက္ပြဲတိုင္းတြင္ အတြင္းအျပင္ ခ်ိတ္ဆက္မႈရွိရွိ ပူးညႇပ္တိုက္ကြက္ေဖာ္ျခင္းသည္ ထိေရာက္သည့္ နည္းဗ်ဴဟာျဖစ္၏။ တပ္မေတာ္သည္ စနစ္တက် ေခ်ဖ်က္ႏိုင္ရန္ ခံစစ္ဗ်ဴဟာ အဆင့္ဆင့္ ခင္းထားပုံရ၏။ အစြမ္းကုန္ ကာကြယ္ရန္ အမိန႔္ရၿပီး ျဖစ္ပုံလည္းရ၏။ စဥ္းစားမိသေလာက္ စစ္တုရင္ကစားကြက္၌ စစ္ေတြ မည္ေသာ နယ္႐ုပ္ပြန္းသည္ ရည္႐ြယ္ထားသည့္ လုပ္ငန္းစဥ္ႀကီးတစ္ခုအတြက္ အေကာင္းဆုံးေသာ ညႇိႏႈိင္းေရးလက္နက္တစ္ခုသာျဖစ္ႏိုင္၏။ ရထား ကာ စတယ္ျဖင့္ပိတ္၊ ျမင္းခုန္ကြက္ျဖင့္ ေထာက္ကာ၊ ပညာရွိ မႉးမတ္ ဘိေရွာ့၏ သတ္ကြက္လမ္းဖြင့္ၿပီး၊ ဘုရင္ကို ပစ္မွတ္ခ်ိန္၊ ဘုရင္မျဖင့္ မွ်ားေခၚ၊ ခ်က္ကြက္ေဖာ္သည့္ ULA/AA ၏ ကစားကြက္ ျဖစ္ဟန္တူ၏။

ေအာက္ပါအခ်က္မ်ားသည္ စစ္ေတြကို ULA/AA က တိုက္ကြက္မေဖာ္ဘဲ လက္ေရွာင္ျဖစ္မည့္ အေၾကာင္းရင္းမ်ားအျဖစ္ ျမင္၏။

(က) ကယားျပည္နယ္၏ၿမိဳ႕ေတာ္ လြိဳင္ေကာ္ ၿပီးေနာက္ ရခိုင္ျပည္နယ္၏ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ကို ၿမိဳ႕ပ်က္ႀကီးအျဖစ္ ႏိုင္ငံေရးအရ စစ္ေရးေခါင္းေဆာင္မ်ားက မျမင္ေတြ႕လိုႏိုင္ေျခရွိျခင္း၊ ကခ်င္တို႔၏ ၿမိဳ႕ ေတာ္ ျမစ္ႀကီးနားကိုေဝးစြ၊ ကခ်င္ျပည္နယ္၏ မည္သည့္ၿမိဳ႕၌မဆို KIA သည္ ယေန႔ထိ လိမၼာပါးနပ္ စြာျဖင့္ မည္သည့္တိုက္ကြက္ေဖာ္မႈမွ မရွိျခင္း၊ စစ္ စခန္းမ်ားသို႔သာ စစ္ျမႇဴၿပီး ၿမိဳ႕႐ြာမ်ားကိုဆင္ျခင္ သိျဖင့္ ကာကြယ္မႈျပဳၿမဲျပဳေနျခင္းတို႔သည္ KIA ၏ ႏိုင္ငံေရးအရ အၿမဲ လိမၼာပါးနပ္စြာ အကြက္ေ႐ႊ႕ၿပီး မွသာ စစ္ေရးတည္ေဆာက္တတ္သည္ကို စံျပဳ နမူနာ ယူႏိုင္ေျခ ရွိျခင္း။

(ခ) သဲေခ်ာင္း၊ ဒါးပိုင္၊ ဘာဆာရာ၊ ဘုေမ၊ သက္ေကျပင္ႏွင့္ အျခားဒုကၡသည္စခန္းတို႔တြင္ ကမာၻ၏ အာ႐ုံ အစူးစိုက္ခံရဆုံးေသာ၊ စစ္ေဘးေရွာင္ရန္ ေျပးစရာေျမပင္ မရွိေတာ့ေသာ၊ ဘဂၤါလီဒုကၡသည္ ႏွစ္သိန္းခန႔္သည္ စစ္ေတြၿမိဳ႕၏ အဆင္းရဲဆုံးရပ္ကြက္ မင္းဂံႏွင့္ တပ္မေတာ္ တပ္ရင္းတပ္ဖြဲ႕မ်ားအနီး ဆက္စပ္ေနရာမ်ားတြင္ ေနထိုင္ေနၾကရျခင္းေၾကာင့္ စခန္းတိုင္းသည္ အခ်ိန္မေ႐ြး လက္နက္ႀကီး က်ည္က်ရာ လမ္းေၾကာင္း၌ရွိရာ ကမာၻ႔သတင္းမီဒီယာမ်ား၏ မ်က္ႏွာဖုံးသတင္း ျဖစ္သြားႏိုင္ေျခရွိျခင္း။ (မင္းျပား မြတ္စ လင္႐ြာ လက္နက္ႀကီးက်မႈ၊ ေသဆုံးမႈျဖစ္စဥ္ သတင္းမ်ားသည္ပင္လွ်င္ ႏိုင္ငံတကာ၏ အထူး အာ႐ုံစူးစိုက္မႈရ ႏိုင္ငံေရးတိုက္ကြက္ပါ စစ္ေရးသတင္းျဖစ္ရာ) ဤျဖစ္စဥ္မ်ိဳးသည္ စစ္ေတြၿမိဳ႕ကို တိုက္ကြက္ေဖာ္က အခ်ိန္မေ႐ြး ေပၚေပါက္လာႏိုင္ေျခရွိျခင္း။

(ဂ) အိႏၵိယအစိုးရ၏ အမ်ိဳးသား အက်ိဳးစီးပြားျဖစ္သည့္ ကုလားတန္ဘက္စုံစီမံကိန္း အေျချပဳရာ စစ္ေတြ ဆိပ္ကမ္းသစ္ႀကီး တည္ရွိျခင္း။ (အိႏၵိယ အစိုးရသည္ ULA/AA က ၎အား အသိအမွတ္ ျပဳ ေပးေစလိုသည့္ အင္အားႀကီးႏိုင္ငံတစ္ခု ျဖစ္ဖြယ္ရွိျခင္းႏွင့္ ယေန႔အထိ အိႏၵိယသည္ သူ၏ၿပိဳင္ဘက္ တ႐ုတ္အေပၚ မဟာမိတ္ (၃)ဖြဲ႕၏ ၁၀၂၇ စစ္ဆင္ေရး ေခါင္းကိုင္ဖခင္အျဖစ္သာ အျမင္ရွိပုံရေနျခင္း၊ ပ လက္ဝ-မီဇိုရမ္ နယ္စပ္ကုန္သြယ္မႈသည္ စစ္ေတြ ဆိပ္ကမ္းကို စစ္မဲ့ဇုန္အျဖစ္ အာမခံမႈႏွင့္ တိုက္႐ိုက္ ဆက္စပ္ႏိုင္ေျခရွိျခင္း။)

(ဃ) ညႇိႏႈိင္းေရးလက္နက္မ်ားအနက္ ျပည္နယ္အစိုးရ႐ုံးစိုက္ရာအရပ္၏ တည္ၿငိမ္လုံၿခဳံမႈကို အာမခံ ေပးျခင္းသည္ တစ္ဖက္အဖြဲ႕အစည္းအတြက္ ဂုဏ္သိကၡာအားျဖင့္ တန္ဖိုးမျဖတ္ႏိုင္သည့္ ယုံၾကည္မႈ လက္နက္ျဖစ္သည္ကို လိမၼာပါးနပ္စြာ အသုံးခ်လိုျခင္း။ စသည့္အခ်က္မ်ားေၾကာင့္ စစ္ေတြသည္ ULA/ AA ၏ တိုက္ခိုက္လာႏိုင္ေျခ အလြန္နည္းသည္ဟု ျမင္၏။

ေက်ာက္ျဖဴၿမိဳ႕ကို ULA/AA က တိုက္ခိုက္လာႏိုင္သလား။
၁၀။ ေက်ာက္ျဖဴၿမိဳ႕သည္ BRI ၏ ေက်ာက္ျဖဴ SEZ, Deep Sea Port, CMEC ႏွင့္ ကူမင္း-ေက်ာက္ျဖဴ အျမန္ရထားလမ္းစီမံကိန္းတို႔၏ အိႏၵိယ သမုဒၵရာ ထြက္ေပါက္ျဖစ္၏။ ကိုရီးယားေဒဝူး Dae­woo ၏ ေရေအာက္ဓာတ္ေငြ႕ပိုက္လိုင္းႏွင့္ သဘာဝ ဓာတ္ေငြ႕သန႔္စင္စက္႐ုံ၊ တ႐ုတ္၏ ၅၀ မဂၢါဝပ္ သဘာဝ ဓာတ္ေငြ႕သုံး လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံ၊ တ႐ုတ္ ၏ မေဒးကြၽန္း ေရနံသိုေလွာင္ကန္မ်ား၊ ေရနံတင္ဆိပ္ ကမ္းႀကီးမ်ား၊ ဓညဝတီေရတပ္စခန္းဌာနခ်ဳပ္ႏွင့္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား အစျပဳရာ တ ႐ုတ္၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ တိုက္႐ိုက္စပ္ဆိုင္သည့္ မဟာဗ်ဴဟာေျမာက္ အေရးပါသည့္ၿမိဳ႕ျဖစ္ ၏။ ရခိုင္ကမ္း႐ိုးတန္း၏ အလယ္ဗဟို၌ တည္ရွိသည့္ ၿမိဳ႕ျဖစ္၏။ ပထဝီႏိုင္ငံေရး၊ စစ္ေရးအရ မဟာဗ်ဴဟာေျမာက္ အလြန္အေရးပါ၏။ လူထု၏ ႏိုင္ငံေရးေရခ်ိန္သည္ ျမင့္၏။ မွ်တ၏။ အမ်ိဳးသားေရး ႏွင့္ လူမႈသဟဇာတ၊ အမ်ိဳး ဘာသာ သာသနာႏွင့္ ေရရွည္ၿငိမ္းခ်မ္းမႈ၊ အတူယွဥ္တြဲေနထိုင္ႏိုင္မႈ၊ အျမင္ ျဖဴစင္ၾက၏။ ၿငိမ္းခ်မ္းမႈ၊ တည္ၿငိမ္မႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အနာဂတ္အျမင္ ပီျပင္ၾကည္လင္ၾက၏။ တတိယအႀကိမ္ သမၼတသက္တမ္း အစျပဳသည့္ မစၥတာ ရွီက်င့္ဖ်င္၏ BRI သည္ သူ၏ ကမာၻလုံးဆိုင္ရာ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရးအျမင္ႏွင့္ ယဥ္ေက်းမႈလမ္းသစ္၏ ပင္မေရစီး ျဖစ္၏။ မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္မည့္ အဂၢမဟာဗ်ဴဟာ ျဖစ္၏။ ေက်ာက္ျဖဴသည္ ယူနန္၏ အေရးပါသည့္ အိႏၵိယ သမုဒၵရာထြက္ေပါက္၌ တည္ရွိ၏။ ၎မွ ဗဟိုအာရွႏွင့္ အာဖရိက၊ လက္တင္ အေမရိကဆီထိ ခရီးရွည္ သြားရန္ ရည္႐ြယ္ပုံရ၏။
ေအာက္ပါအခ်က္မ်ားသည္ ေက်ာက္ျဖဴၿမိဳ႕ကို လက္ေရွာင္မွျဖစ္မည့္ အေၾကာင္းရင္းမ်ားအျဖစ္ ျမင္၏။

(က) “ဝ”၊ မိုင္းလား သည္ နယကႏွင့္ အပစ္ရပ္ စာခ်ဳပ္ျဖင့္ ဖြံ႕ၿဖိဳးမႈတည္ေဆာက္၏။ ၿငိမ္းခ်မ္းေရး ခရီးရွည္ျဖင့္ ရည္မွန္းခ်က္ကိုခ်ီတက္ဆဲျဖစ္၏။ တစ္ပါတီစနစ္၊ ျပည္သူ႔အာဏာပိုင္အဖြဲ႕တို႔ျဖင့္ အုပ္ခ်ဳပ္ ေရး ႏွင့္တရားစီရင္ေရးကို အေကာင္အထည္ေဖာ္၏။ တ႐ုတ္၏ ပုံစံတူပါတီ၊ တပ္မေတာ္၊ တရားစီရင္ ေရး၊ အုပ္ခ်ဳပ္ေရးစနစ္ျဖစ္၏။ ULA/AA သည္ “ဝ” ကဲ့ သို႔ သူ႔ထက္မနိမ့္သည့္အဆင့္ လိုခ်င္သည္ Confed­eration ထက္မနိမ့္သည္ကို ရည္မွန္းသည္ဟု ေျပာ၏။ ၎ကို ၿငိမ္းခ်မ္းမႈအေျခခံမွသာ တည္ေဆာက္ႏိုင္၏။

(ခ) ေျမာက္ပိုင္း(၃)ဖြဲ႕၏ ၁၀၂၇ စစ္ဆင္ေရး ေနာက္၊ ရွမ္းေျမာက္သည္ ဟိုင္ဂင္ သေဘာတူညီခ်က္ ျဖင့္ “ဝ”ႏွင့္ မိုင္းလားပုံစံတူ အပစ္ရပ္လာ၏။ ကိုးကန႔္ သည္ အထူးေဒသ(၁)အျဖစ္ ျပန္ရလို၏။ “ဝ”ႏွင့္ မိုင္းလားကဲ့သို႔ ပုံစံတူတည္ေဆာက္လို၏။ နယ္စပ္ ကုန္သြယ္မႈကို ခ်င္းေ႐ႊေဟာ္၊ ေလာက္ကိုင္တို႔၌ ျပန္လည္ စတင္ ဖြင့္လွစ္လို၏။ CMEC သည္ ခ်ိတ္ဆက္လမ္းေၾကာင္းတေလွ်ာက္ တည္ၿငိမ္ေအးခ်မ္းမွ ကုန္စည္ပို႔ေဆာင္မႈ၊ ကုန္သြယ္မႈႏွင့္ ေငြေၾကးလည္ပတ္စီးဆင္းမႈ အဆင္ေျပေခ်ာေမြ႕မည္ျဖစ္၏။ ဟိုင္ ဂင္ ေတြ႕ဆုံေဆြးေႏြးမႈ ေနာက္တစ္ႀကိမ္သည္ ေက်ာက္ျဖဴအထိ ခရီးရွည္ခ်ီတက္ျဖစ္မွသာ ရခိုင္ေဒသ၏ အနာဂတ္ခရီး အေျဖညႇိႏိုင္ၾကမည္ထင္ပါ၏။ တ႐ုတ္သည္ ဟိုင္ဂင္ကို တိုက္ပြဲျဖစ္ေနဆဲ ရခိုင္ေဒသ ေက်ာက္ျဖဴအထိ ခရီးဆက္လိုပုံရ၏။ ဧၿပီလ ပၪၥမအႀကိမ္ေတြ႕ဆုံေဆြးေႏြးမႈ Agenda ၌ ပါသြားခဲ့ ဖြယ္ရွိ၏။

(ဂ) ULA/AA စိုးမိုးထားသည့္ ပလက္ဝႏွင့္ ဆက္စပ္ေဒသအားလုံး၏ ပင္လယ္ထြက္ေပါက္သည္ ေပါက္ေတာျဖစ္သကဲ့သို႔ ရေသ့ေတာင္ျဖစ္၏။ အင္အားႀကီးႏွစ္ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားရွိရာ အရပ္သည္ စစ္ေတြႏွင့္ေက်ာက္ျဖဴျဖစ္၏။ ဘဂၤလား ပင္လယ္ေအာ္၏ ေက်ာက္ျဖဴ၊ စစ္ေတြႏွင့္ ေမာင္ေတာ ႏိုင္ငံတကာဆက္စပ္ ပင္လယ္ေရျပင္စိုးမိုးမႈသည္ အိႏၵိယႏွင့္ဘဂၤလားေဒ့ရွ္ ပင္လယ္ ေရေၾကာင္းကုန္သြယ္မႈ၌ အေရးပါ၏။ ဘဂၤလားပင္လယ္ေအာ္၏ ျမန္မာ့ေရပိုင္နက္ကို ျမန္မာ့ ေရတပ္ေတာ္သည္ ထိန္းခ်ဳပ္ထားဆဲျဖစ္၏။ ပင္လယ္ထြက္ေပါက္ မရက ကုန္သြယ္မႈျဖင့္ စီးပြားေရး တည္ေဆာက္ရန္ ျဖစ္ႏိုင္ေျခ အလြန္နည္း၏။

(ဃ) ၾကည္းတပ္ အင္အားသာလြန္သည့္ ULA /AA သည္ ရမ္းၿဗဲေဒသကိုထိန္းခ်ဳပ္ထားၿပီး၊ ကုန္း ေျမခ်င္း ဆက္စပ္ေနသည့္ ေက်ာက္ျဖဴ၏ သဘာဝ ဓာတ္ေငြ႕သန႔္စင္စက္႐ုံႏွင့္ ဓာတ္ေငြ႕သုံး ဓာတ္အား ေပးစက္႐ုံတို႔ကို ဝိုင္းပတ္ပိတ္ဆို႔ထားေရး တိုက္ကြက္ေဖာ္ျခင္း ျဖစ္ႏိုင္ေျခသည္ ရာခိုင္ႏႈန္းမ်ား၏။ ေက်ာက္ျဖဴၿမိဳ႕သည္ တ႐ုတ္၏ အမ်ိဳးသားအက်ိဳးစီးပြားတည္ရွိရာျဖစ္သျဖင့္ ဟိုင္ဂင္သေဘာတူညီခ်က္ အရ ႏွစ္ဖက္ေစာင့္စည္းရမည့္ ကန႔္သတ္ခ်က္၌ပါပုံရ၏။ တ႐ုတ္၏ အမ်ိဳးသားအက်ိဳးစီးပြားျဖစ္ရာ ႏွစ္ဖက္လုံးက ဟိုင္ဂင္သေဘာတူညီမႈအရ ကာကြယ္ေပးရမည္ ျဖစ္၏။

ULA/AA သည္ ေအာက္ပါက႑မ်ားကို ေက်ာက္ျဖဴၿမိဳ႕သိမ္းတိုက္ပြဲထက္ အထူးအာ႐ုံစူးစိုက္ ပုံရသည္ဟုျမင္၏။
(၁) သဘာဝဓာတ္ေငြ႕ျဖင့္ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံကိုထိန္းခ်ဳပ္ႏိုင္ျခင္းသည္ ရခိုင္ေဒသ၌ လွ်ပ္စစ္ဓာတ္အားလိုအပ္မႈကို “ႀကီးအုံႀကီးဝ”၊ အားကိုးရန္မလိုဘဲ မီးေပးခလုတ္ရျခင္းျဖစ္ရာ အာ႐ုံစူးစိုက္ပုံရသည္ဟုျမင္၏။

(၂) သဘာဝဓာတ္ေငြ႕သန႔္စင္စက္႐ုံ ထိန္းခ်ဳပ္မႈရျခင္းသည္ ပင္လယ္ျပင္ရွိ တြင္းတူးစင္ကိုရရန္မလို ဘဲ ျဖတ္သန္းမႈဓာတ္ေငြ႕ပမာဏ၏ ရာခိုင္ႏႈန္းတစ္ခုကို ေဒဝူးအပါအဝင္ (တ႐ုတ္၊ အိႏၵိယ၊ ေတာင္ကိုရီး ယား၊ ျမန္မာအစိုးရ MOGE) တို႔က ရျခင္းျဖစ္ရာ အာ႐ုံစူးစိုက္ပုံရသည္ဟု ျမင္၏။ သို႔ျဖင့္ နည္းဗ်ဴဟာအရ စစ္ေတြ၊ ေက်ာက္ျဖဴၿမိဳ႕တို႔ကို ULA/AA မွ တိုက္ကြက္ေဖာ္ သိမ္းပိုက္ေရးထက္ တ႐ုတ္ႏွင့္ အိႏၵိယတို႔ ၏ အမ်ိဳးသားအက်ိဳးစီးပြားကို ကိုယ္တိုင္ကာကြယ္ေပးသည့္ ႏိုင္ငံေရးႏွင့္ သံတမန္ေရးအရ အသိအမွတ္ျပဳ မိတ္ဖက္အက်ိဳးစီးပြား ခ်ဥ္းကပ္မႈပုံစံသစ္သို႔သာ သြားလိုပုံရ၏။ နည္းတူ ရခိုင္လူထု၏ တည္ေဆာက္ၿပီး ျဖစ္ေသာ ၿမိဳ႕ျပ၊ ႐ုပ္ဝတၳဳႏွင့္ လူမႈစီးပြားဘဝကို ထိခိုက္မႈ အနည္းဆုံးႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ရန္ ရည္႐ြယ္သည့္ လိမၼာပါးနပ္ၿပီး ဆင္ျခင္သိပါေသာ ႏိုင္ငံေရး၊ စစ္ေရးအေ႐ြ႕သို႔ ဦးတည္ လိုသည့္ ပိတ္ဆို႔မႈ ျဖစ္ပုံရသည္ဟုျမင္၏။

ဆက္လက္ေဖာ္ျပပါမည္ . . .

Related news

© 2021. All rights reserved.