တရုတ်နိုင်ငံရဲ့ နာမည်ကြီး ပန်ဒါ သုတေသနစင်တာမှာ အမှိုက်ပစ်မှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၁၂ ဦး ပြည်ဝင်ခွင့်ပိတ်ခံရ

978

ရောင်နီ (NP News) - ဇွန် ၂ဝ
တရုတ်နိုင်ငံရဲ့လူသိများတဲ့ ပန်ဒါဝက်ဝံ သုတေသနနဲ့ မွေးမြူတဲ့စင်တာမှာ တားမြစ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တဲ့ ခရီးသွား တစ်ဒါဇင်ခန့် ပြည်ဝင်ခွင့် ပိတ်ခံရတယ်လို့ သိရပါတယ်။
ပန်ဒါ သုတေသန အခြေစိုက်စခန်းက ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း စည်းကမ်းချိုးဖောက်မှုနဲ့ပတ်သက်ပြီး ပန်းခြံမှ တားမြစ်ခံထားရတဲ့ ခရီးသွား ၁၂ ဦးကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့အကြောင်း တရားဝင် WeChat အကောင့်မှာ တနင်္လာနေ့ (ဇွန် ၁၇) က ထုတ်ပြန် ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ အသက် ၂၆ နှစ်မှ ၆၁ နှစ်ကြားရှိကြပြီး ပြည်တွင်း (သို့မဟုတ်) နိုင်ငံခြားသားခရီးသွားတွေ ဟုတ်/မဟုတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
အဆိုပါခရီးသွားတွေက မျှစ်၊ စီးကရက်တွေလို အမှိုက်တွေကို ပန်ဒါတွေ ရှိတဲ့ခြံထဲ ပစ်ချခဲ့ကြသလို ကြက်ဥနဲ့ ပေါင်မုန့်ကိုလည်း ခြံထဲလွှင့်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံးဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ စီချွမ်ပြည်နယ်ရှိ Giant Panda မျိုးပွားခြင်းဆိုင်ရာစင်တာဟာ ၁၉၈၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အင်စတီကျုရဲ့ဝက်ဘ်ဆိုဒ် အဆိုအရ၊ ၎င်းကို တစ်နှစ်အတွင်းဧည့်သည် ၉ သန်းကျော် လာရောက်လေ့ရှိပါတယ်။
စင်တာမှာ ပန်ဒါတွေရဲ့လှုပ်ရှားမှုဧရိယာထဲကို အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း၊ အစာများ စွန့်ပစ်ခြင်း နဲ့ ၄င်းတို့ရဲ့ဘေးကင်းရေးကို ခြိမ်းခြောက်တဲ့အခြားအပြုအမူတွေကို တားမြစ်ထားပြီး စည်းကမ်းချိုးဖောက်သူတွေကို တစ်နှစ်မှ ငါးနှစ်အထိ ပြည်ဝင်ခွင့်ပိတ်ပင်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရဲ႕ နာမည္ႀကီး ပန္ဒါ သုေတသနစင္တာမွာ အမႈိက္ပစ္မႈေၾကာင့္ ကမာၻလွည့္ခရီးသြား ၁၂ ဦး ျပည္ဝင္ခြင့္ပိတ္ခံရ
ေရာင္နီ (NP News) - ဇြန္ ၂ဝ
တ႐ုတ္ႏိုင္ငံရဲ႕လူသိမ်ားတဲ့ ပန္ဒါဝက္ဝံ သုေတသနနဲ႔ ေမြးျမဴတဲ့စင္တာမွာ တားျမစ္ထားတဲ့ စည္းကမ္းခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့တဲ့ ခရီးသြား တစ္ဒါဇင္ခန႔္ ျပည္ဝင္ခြင့္ ပိတ္ခံရတယ္လို႔ သိရပါတယ္။
ပန္ဒါ သုေတသန အေျခစိုက္စခန္းက ယခုႏွစ္ ဧၿပီလမွ ဇြန္လအတြင္း စည္းကမ္းခ်ိဳးေဖာက္မႈနဲ႔ပတ္သက္ၿပီး ပန္းၿခံမွ တားျမစ္ခံထားရတဲ့ ခရီးသြား ၁၂ ဦးကို ျပည္ဝင္ခြင့္ ပိတ္ပင္လိုက္တဲ့အေၾကာင္း တရားဝင္ WeChat အေကာင့္မွာ တနလၤာေန႔ (ဇြန္ ၁၇) က ထုတ္ျပန္ ခဲ့ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြဟာ အသက္ ၂၆ ႏွစ္မွ ၆၁ ႏွစ္ၾကားရွိၾကၿပီး ျပည္တြင္း (သို႔မဟုတ္) ႏိုင္ငံျခားသားခရီးသြားေတြ ဟုတ္/မဟုတ္ကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။
အဆိုပါခရီးသြားေတြက မွ်စ္၊ စီးကရက္ေတြလို အမႈိက္ေတြကို ပန္ဒါေတြ ရွိတဲ့ၿခံထဲ ပစ္ခ်ခဲ့ၾကသလို ၾကက္ဥနဲ႔ ေပါင္မုန႔္ကိုလည္း ၿခံထဲလႊင့္ပစ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံးဆြဲေဆာင္မႈတစ္ခုျဖစ္တဲ့ စီခြၽမ္ျပည္နယ္ရွိ Giant Panda မ်ိဳးပြားျခင္းဆိုင္ရာစင္တာဟာ ၁၉၈၇ ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး အင္စတီက်ဳရဲ႕ဝက္ဘ္ဆိုဒ္ အဆိုအရ၊ ၎ကို တစ္ႏွစ္အတြင္းဧည့္သည္ ၉ သန္းေက်ာ္ လာေရာက္ေလ့ရွိပါတယ္။
စင္တာမွာ ပန္ဒါေတြရဲ႕လႈပ္ရွားမႈဧရိယာထဲကို အမႈိက္ပစ္ျခင္း၊ တံေတြးေထြးျခင္း၊ အစာမ်ား စြန႔္ပစ္ျခင္း နဲ႔ ၄င္းတို႔ရဲ႕ေဘးကင္းေရးကို ၿခိမ္းေျခာက္တဲ့အျခားအျပဳအမူေတြကို တားျမစ္ထားၿပီး စည္းကမ္းခ်ိဳးေဖာက္သူေတြကို တစ္ႏွစ္မွ ငါးႏွစ္အထိ ျပည္ဝင္ခြင့္ပိတ္ပင္ႏိုင္တယ္လို႔ သိရပါတယ္။