အထည်ချုပ်အော်ဒါရရှိမှု ယခင်နှစ်ထက်မြင့်တက်လာပြီး ဒီဇင်ဘာလအထိပြည့်နေ

 1593

ယွန်း (NP News) - ဇွန် ၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာကြောင့် ပြည်တွင်း၌ အထည်အော်ဒါရရှိမှု ယခင်နှစ်ထက်ပိုများနေကြောင်း အထည်ချုပ်လုပ်ငန်းများထံ NP News က စုံစမ်း မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ပြည်တွင်း၌အထည်အော်ဒါရရှိမှုများပြားနေပြီး လာမည့်ဒီဇင်ဘာလအထိ အော်ဒါများပြည့်နေရာကုမ္ပဏီ၏ လုပ်ဆောင်ချက်အပေါ်မူတည်၍ စက်ရုံတစ်ရုံချင်းအလိုက် အော်ဒါရရှိမှု အနည်းငယ်ကွဲလွဲနိုင်ကြောင်း သိရသည်။ “လက်ရှိအော်ဒါအနေအထားကတော့ အရမ်းကောင်းပါတယ်။ ဒီနှစ်ကတော့ အော်ဒါပိုများတယ်။ များလာတယ်ဆိုတာက ဘင်္ဂလားဒေ့ရှ် ပြဿနာကြောင့်ပေါ့။ တကယ်လုပ်နေတဲ့သူတွေအတွက် အော်ဒါကို တာဝန်ကျေအောင်အပ်နိုင်မယ့် သူတွေအတွက်ကတော့ ဒီဇင်ဘာအထိ အော်ဒါတွေ ပြည့်နေပါတယ်။ တချို့လည်း ဧပြီလောက်အထိ သွားတာပေါ့နော်။ တစ်ချို့က ၃ လတစ်ဖြတ်၊ ၆ လတစ်ဖြတ်၊ ၉ လတစ်ဖြတ်၊ တစ်နှစ်တစ်ခါလည်းရှိတယ်။ ကုမ္ပဏီရဲ့ Brand ပေါ်မှာမူတည်တာ‌ပေါ့။ ချိတ်ဆက်တဲ့အဖွဲ့အစည်းပေါ့။ ကုမ္ပဏီနဲ့ သူရဲ့လုပ်ဆောင်မှုပေါ်မှာ မူတည်ပြီးတော့ အနည်းငယ်တော့ ကွဲသွားတယ်ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်မှာက လုပ်အားခကို နှစ်ဆတိုးတောင်းလိုက်တဲ့အတွက်ကြောင့် အဲဒီကိုသွားနေတဲ့အော်ဒါက မြန်မာနိုင်ငံကို လှည့်ဝင်လာတဲ့ သဘောပေါ့။ လတ်တ လောတော့မြန်မာနိုင်ငံမှာတော့ ဒီကိစ္စတွေသိပ်မရှိသေးဘူး” ဟု ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်မှုဇုန်လုပ်ငန်းရှင်အချို့၏ပြောကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များရှိ စက်ရုံတစ်ရုံလျှင် ကျွမ်းကျင်လုပ်သားလိုအပ်ချက် အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်းသိရသည်။ လက်ရှိတွင် စစ်မှုထမ်းဥပဒေကြောင့် အလုပ်ထွက်သွားကြသူများလည်းရှိနေသည့်အတွက် ကျွမ်းကျင်လုပ်သားရှားပါးမှု မြင့်တက်လာပြီး အထည်အော်ဒါများပြားလျက်ရှိခြင်းကြောင့် လုပ်သား ခေါ်ယူမှုများလည်း ရှိနေကြောင်း သိရသည်။ “ကျွမ်းကျင်လုပ်သားတွေရှားတော့ရှိတဲ့ အလုပ်သမားတွေကို စက်တွေ ကိုင်တတ်အောင် သင်ပေးနေတာပေါ့။ စက်တွေကလည်း ခေတ်မီကုန်ပြီ။ အရင်ဆိုရင် စက်နှစ်လုံး၊ သုံးလုံးလုပ်မှ တစ်ကြောင်းဖြစ်မယ့်ဟာကို စက်တစ်လုံးတည်းနဲ့ တစ်ကြောင်းဖြစ်မယ့် ဟာတွေ စက်တွေပေါ်လာပြီ။ စက်တွေကတီထွင်မှုတွေက အရမ်းများတဲ့အခါကျတော့ တချို့ကျတော့ မကိုင်တတ်တာတွေရှိတယ်။ အဲဒါတွေကျတော့ သေချာသင်ပေးရတာပေါ့။ အဲဒီလိုလုပ်လိုက်တော့ သူတို့လည်း ပိုတက်သွားသလို ပိုက်ဆံလည်းပိုရသွားတာပေါ့။ အခုဆိုရင် ပြောင်းတာရွှေ့တာတွေလည်း သိပ်မတွေ့ရသလောက်ပဲ။ အသစ်တွေလည်း သိပ်မဖွင့်တော့သလို အဟောင်းတွေကလည်း အော်ဒါတွေ မနိုင်လို့သာ လူတွေခေါ်နေကြတာ။ တချို့ဆိုရာနဲ့ တချို့ဆိုထောင် နဲ့ချီ ခေါ်နေကြတာ။ စက်ရုံတစ်ရုံဆို လူ(၂၀ဝဝ)ရှိတယ်။ ထပ်ပြီး(၂၀ဝဝ)ခေါ်နေတယ်” ဟု အထက်ပါ အထည်ချုပ်လုပ်ငန်းရှင်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းရှိ လုပ်သားများအနေဖြင့် နိုင်ငံခြားထွက်ခွာမှု ပိုမိုများပြားလာခဲ့ရာ လက်ရှိတွင် နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃)ကို ထပ်မံခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၅)မှစတင်၍ အမျိုးသမီးများကို ခေါ်ယူသွားမည်ဟု သတင်းများထွက် ပေါ်နေပြီး လက်ရှိတွင် စက်ရုံလုပ်ငန်းရှင်များ အပါအဝင် စက်ရုံဝန်ထမ်းအမျိုးသမီးများအနေဖြင့် အဆိုပါ ထုတ်ပြန်ချက်အပေါ် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ ဒါပေမဲ့ ဒီရက်ပိုင်းမှာ အမျိုးသမီးစစ်မှုထမ်း ခေါ်တဲ့ကိစ္စရှိနေတော့ အမျိုးသမီးတွေစိတ်ပူနေကြ တယ်။ အဲဒီတော့ နောင်လာမယ့် တစ်လနှစ်လမှာဖြစ်လာမယ့် ကိစ္စလေးကိုတော့ စိုးရိမ်နေရတာပေါ့။ စိတ်တွေးပူနေရတာပေါ့။ အဲဒါကြောင့်မို့လို့ လုပ်သားတွေကို ပြောချင်တာကတော့ ဒီမှာလုပ်လည်း ရတဲ့သူတွေရနေကြပါတယ်။ ဘယ်စက်ရုံတွေ ရတယ်၊ မရဘူးဆိုတာ လေ့လာပါ။ ရချင်တယ်ဆို ကိုယ်တိုင်ကြိုးစားရမယ်။ နိုင်ငံခြားသွားမယ်ဆိုရင်လည်း ကိုယ်သွားမယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ဘာသာ စကားကိုတော့ ထမင်းစား၊ ရေ‌သောက်တော့ တက်အောင်လုပ်ပါ။ ပြီးရင်သေချာ ချိတ်ဆက်ပြီးမှ သွားပါလို့ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်းမှအထည်ချုပ်လုပ်ငန်းအများစုမှာ လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေခြင်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်း (၈၀)ရာခိုင်နှုန်းကျော်မှာ ရန်ကုန်မြို့၌တည်ရှိနေပြီး လုပ်သားပေါင်း(၈)သိန်းနီးပါးကို အလုပ်အကိုင်အခွင့်အလမ်းများပေးထားကြောင်း သိရသည်။ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုအပါအဝင် နိုင်ငံရေးပဋိပက္ခများကြောင့် အထည်ချုပ်စက်ရုံများတွင် အော်ဒါမရရှိမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအထိ ရင်ဆိုင်ခဲ့ရသည်။

zawgyi version
အထည္ခ်ဳပ္ေအာ္ဒါရရွိမႈ ယခင္ႏွစ္ထက္ျမင့္တက္လာၿပီး ဒီဇင္ဘာလအထိျပည့္ေန
ယြန္း (NP News) - ဇြန္ ၂၀

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ ျပႆနာေၾကာင့္ ျပည္တြင္း၌ အထည္ေအာ္ဒါရရွိမႈ ယခင္ႏွစ္ထက္ပိုမ်ားေနေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းမ်ားထံ NP News က စုံစမ္း ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ျပည္တြင္း၌အထည္ေအာ္ဒါရရွိမႈမ်ားျပားေနၿပီး လာမည့္ဒီဇင္ဘာလအထိ ေအာ္ဒါမ်ားျပည့္ေနရာကုမၸဏီ၏ လုပ္ေဆာင္ခ်က္အေပၚမူတည္၍ စက္႐ုံတစ္႐ုံခ်င္းအလိုက္ ေအာ္ဒါရရွိမႈ အနည္းငယ္ကြဲလြဲႏိုင္ေၾကာင္း သိရသည္။ “လက္ရွိေအာ္ဒါအေနအထားကေတာ့ အရမ္းေကာင္းပါတယ္။ ဒီႏွစ္ကေတာ့ ေအာ္ဒါပိုမ်ားတယ္။ မ်ားလာတယ္ဆိုတာက ဘဂၤလားေဒ့ရွ္ ျပႆနာေၾကာင့္ေပါ့။ တကယ္လုပ္ေနတဲ့သူေတြအတြက္ ေအာ္ဒါကို တာဝန္ေက်ေအာင္အပ္ႏိုင္မယ့္ သူေတြအတြက္ကေတာ့ ဒီဇင္ဘာအထိ ေအာ္ဒါေတြ ျပည့္ေနပါတယ္။ တခ်ိဳ႕လည္း ဧၿပီေလာက္အထိ သြားတာေပါ့ေနာ္။ တစ္ခ်ိဳ႕က ၃ လတစ္ျဖတ္၊ ၆ လတစ္ျဖတ္၊ ၉ လတစ္ျဖတ္၊ တစ္ႏွစ္တစ္ခါလည္းရွိတယ္။ ကုမၸဏီရဲ႕ Brand ေပၚမွာမူတည္တာ‌ေပါ့။ ခ်ိတ္ဆက္တဲ့အဖြဲ႕အစည္းေပါ့။ ကုမၸဏီနဲ႔ သူရဲ႕လုပ္ေဆာင္မႈေပၚမွာ မူတည္ၿပီးေတာ့ အနည္းငယ္ေတာ့ ကြဲသြားတယ္ေပါ့ေနာ္။ ဘဂၤလားေဒ့ရွ္မွာက လုပ္အားခကို ႏွစ္ဆတိုးေတာင္းလိုက္တဲ့အတြက္ေၾကာင့္ အဲဒီကိုသြားေနတဲ့ေအာ္ဒါက ျမန္မာႏိုင္ငံကို လွည့္ဝင္လာတဲ့ သေဘာေပါ့။ လတ္တ ေလာေတာ့ျမန္မာႏိုင္ငံမွာေတာ့ ဒီကိစၥေတြသိပ္မရွိေသးဘူး” ဟု ျပည္တြင္းရွိ အထည္ခ်ဳပ္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

စက္မႈဇုန္လုပ္ငန္းရွင္အခ်ိဳ႕၏ေျပာၾကားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားရွိ စက္႐ုံတစ္႐ုံလွ်င္ ကြၽမ္းက်င္လုပ္သားလိုအပ္ခ်က္ အနည္းဆုံး ၂၀ ရာခိုင္ႏႈန္းခန႔္အထိ ရွိေနေၾကာင္းသိရသည္။ လက္ရွိတြင္ စစ္မႈထမ္းဥပေဒေၾကာင့္ အလုပ္ထြက္သြားၾကသူမ်ားလည္းရွိေနသည့္အတြက္ ကြၽမ္းက်င္လုပ္သားရွားပါးမႈ ျမင့္တက္လာၿပီး အထည္ေအာ္ဒါမ်ားျပားလ်က္ရွိျခင္းေၾကာင့္ လုပ္သား ေခၚယူမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ “ကြၽမ္းက်င္လုပ္သားေတြရွားေတာ့ရွိတဲ့ အလုပ္သမားေတြကို စက္ေတြ ကိုင္တတ္ေအာင္ သင္ေပးေနတာေပါ့။ စက္ေတြကလည္း ေခတ္မီကုန္ၿပီ။ အရင္ဆိုရင္ စက္ႏွစ္လုံး၊ သုံးလုံးလုပ္မွ တစ္ေၾကာင္းျဖစ္မယ့္ဟာကို စက္တစ္လုံးတည္းနဲ႔ တစ္ေၾကာင္းျဖစ္မယ့္ ဟာေတြ စက္ေတြေပၚလာၿပီ။ စက္ေတြကတီထြင္မႈေတြက အရမ္းမ်ားတဲ့အခါက်ေတာ့ တခ်ိဳ႕က်ေတာ့ မကိုင္တတ္တာေတြရွိတယ္။ အဲဒါေတြက်ေတာ့ ေသခ်ာသင္ေပးရတာေပါ့။ အဲဒီလိုလုပ္လိုက္ေတာ့ သူတို႔လည္း ပိုတက္သြားသလို ပိုက္ဆံလည္းပိုရသြားတာေပါ့။ အခုဆိုရင္ ေျပာင္းတာေ႐ႊ႕တာေတြလည္း သိပ္မေတြ႕ရသေလာက္ပဲ။ အသစ္ေတြလည္း သိပ္မဖြင့္ေတာ့သလို အေဟာင္းေတြကလည္း ေအာ္ဒါေတြ မႏိုင္လို႔သာ လူေတြေခၚေနၾကတာ။ တခ်ိဳ႕ဆိုရာနဲ႔ တခ်ိဳ႕ဆိုေထာင္ နဲ႔ခ်ီ ေခၚေနၾကတာ။ စက္႐ုံတစ္႐ုံဆို လူ(၂၀ဝဝ)ရွိတယ္။ ထပ္ၿပီး(၂၀ဝဝ)ေခၚေနတယ္” ဟု အထက္ပါ အထည္ခ်ဳပ္လုပ္ငန္းရွင္က ဆိုသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၀)ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ ျပည္သူ႔စစ္မႈထမ္းဥပေဒေၾကာင့္ ျပည္တြင္းရွိ လုပ္သားမ်ားအေနျဖင့္ ႏိုင္ငံျခားထြက္ခြာမႈ ပိုမိုမ်ားျပားလာခဲ့ရာ လက္ရွိတြင္ နစကအေနျဖင့္ ျပည္သူ႔စစ္မႈထမ္း အမွတ္စဥ္(၃)ကို ထပ္မံေခၚယူရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။ ထို႔ျပင္ နစကအေနျဖင့္ ျပည္သူ႔စစ္မႈထမ္း အမွတ္စဥ္(၅)မွစတင္၍ အမ်ိဳးသမီးမ်ားကို ေခၚယူသြားမည္ဟု သတင္းမ်ားထြက္ ေပၚေနၿပီး လက္ရွိတြင္ စက္႐ုံလုပ္ငန္းရွင္မ်ား အပါအဝင္ စက္႐ုံဝန္ထမ္းအမ်ိဳးသမီးမ်ားအေနျဖင့္ အဆိုပါ ထုတ္ျပန္ခ်က္အေပၚ စိုးရိမ္မႈမ်ားရွိေနေၾကာင္း သိရသည္။

“ ဒါေပမဲ့ ဒီရက္ပိုင္းမွာ အမ်ိဳးသမီးစစ္မႈထမ္း ေခၚတဲ့ကိစၥရွိေနေတာ့ အမ်ိဳးသမီးေတြစိတ္ပူေနၾက တယ္။ အဲဒီေတာ့ ေနာင္လာမယ့္ တစ္လႏွစ္လမွာျဖစ္လာမယ့္ ကိစၥေလးကိုေတာ့ စိုးရိမ္ေနရတာေပါ့။ စိတ္ေတြးပူေနရတာေပါ့။ အဲဒါေၾကာင့္မို႔လို႔ လုပ္သားေတြကို ေျပာခ်င္တာကေတာ့ ဒီမွာလုပ္လည္း ရတဲ့သူေတြရေနၾကပါတယ္။ ဘယ္စက္႐ုံေတြ ရတယ္၊ မရဘူးဆိုတာ ေလ့လာပါ။ ရခ်င္တယ္ဆို ကိုယ္တိုင္ႀကိဳးစားရမယ္။ ႏိုင္ငံျခားသြားမယ္ဆိုရင္လည္း ကိုယ္သြားမယ့္ႏိုင္ငံနဲ႔ကိုက္ညီတဲ့ ဘာသာ စကားကိုေတာ့ ထမင္းစား၊ ေရ‌ေသာက္ေတာ့ တက္ေအာင္လုပ္ပါ။ ၿပီးရင္ေသခ်ာ ခ်ိတ္ဆက္ၿပီးမွ သြားပါလို႔ေျပာခ်င္တယ္” ဟု ၎က ေျပာသည္။

ျပည္တြင္းမွအထည္ခ်ဳပ္လုပ္ငန္းအမ်ားစုမွာ လက္ခစားစနစ္ျဖင့္ ခ်ဳပ္လုပ္ေနျခင္းျဖစ္ၿပီး အထည္ခ်ဳပ္လုပ္ငန္း (၈၀)ရာခိုင္ႏႈန္းေက်ာ္မွာ ရန္ကုန္ၿမိဳ႕၌တည္ရွိေနၿပီး လုပ္သားေပါင္း(၈)သိန္းနီးပါးကို အလုပ္အကိုင္အခြင့္အလမ္းမ်ားေပးထားေၾကာင္း သိရသည္။ ျပည္တြင္း၌ ကိုဗစ္-၁၉ ေရာဂါ ႐ိုက္ခတ္မႈအပါအဝင္ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ အထည္ခ်ဳပ္စက္႐ုံမ်ားတြင္ ေအာ္ဒါမရရွိမႈႏွင့္ ကုန္ၾကမ္းျပတ္လပ္မႈမ်ားကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအထိ ရင္ဆိုင္ခဲ့ရသည္။

Related news

© 2021. All rights reserved.