စပျစ်စိုက်ပျိုးရန် မြေလွတ်မြေရိုင်းကို မိမိတို့လုပ်ကိုင်နိုင်မှုအရ တိုးချဲ့လျှောက်ထားနိုင်

390

Pearl (NP News) - စက်တင်ဘာ ၂၁
စပျစ်သီးနှံစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ မိမိတို့လုပ်ကိုင်နိုင်မှုအရ တိုးချဲ့ လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်က) စပျစ်သီးနှံစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသောကုမ္ပဏီများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အသုံးပြုလုပ်ကိုင်နိုင်ရေး အသိပေးဆွေးနွေးကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသူများအနေဖြင့် မိမိအမှန်တကယ်လုပ်ကိုင်နိုင်သည့် မြေပမာဏကိုသာ အသုံးပြုခွင့်လျှောက်ထားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သတ်မှတ်ဧရိယာပြည့်အကောင်အထည်ဖော်ပြီးပါက မိမိတို့လုပ်ကိုင်နိုင်မှုအရ ဒုတိယအကြိမ်၊ တတိယအကြိမ် စသဖြင့် တိုးချဲ့လျှောက်ထားနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဥပဒေအရ ချထားသောမြေများ၌ လုပ်ငန်းအကောင်အထည်ဖော်ရန် လေးနှစ် ခွင့်ပြုထားသော်လည်း စပျစ်သည် စိုက်ပျိုးပြီးသုံးနှစ်အကြာတွင် ဝင်ငွေရရှိနိုင်သောကြောင့် မြေချထားပြီးသုံးနှစ်အတွင်း အပြီးသတ်စိုက်ပျိုးရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် မြေခွန်ကင်းလွှတ်ခွင့်ကို သုံးနှစ်ခွင့်ပြုပေးမည်ဖြစ် သော်လည်း ယင်းသုံးနှစ်တာကာလအတွင်း Performance Guarantee (PG) အာမခံကြေး ပေးသွင်းရမည်ဖြစ် ကြောင်းလည်း သိရသည်။

Zawgyi Version:
စပ်စ္စိုက္ပ်ိဳးရန္ ေျမလြတ္ေျမ႐ိုင္းကို မိမိတို႔လုပ္ကိုင္ႏိုင္မႈအရ တိုးခ်ဲ႕ေလွ်ာက္ထားႏိုင္
Pearl (NP News) - စက္တင္ဘာ ၂၁
စပ်စ္သီးႏွံစိုက္ပ်ိဳးရန္ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ား မိမိတို႔လုပ္ကိုင္ႏိုင္မႈအရ တိုးခ်ဲ႕ ေလွ်ာက္ထားႏိုင္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (စက္တင္ဘာ ၂၀ ရက္က) စပ်စ္သီးႏွံစိုက္ပ်ိဳးရန္ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ေလွ်ာက္ထားလာေသာကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ားအား ေတြ႕ဆုံ၍ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲေရးဥပေဒႏွင့္အညီ အသုံးျပဳလုပ္ကိုင္ႏိုင္ေရး အသိေပးေဆြးေႏြးက်င္းပခဲ့ေၾကာင္း သိရသည္။
ေဆြးေႏြးပြဲတြင္ ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္က ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားလုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ ေလွ်ာက္ထားလာသူမ်ားအေနျဖင့္ မိမိအမွန္တကယ္လုပ္ကိုင္ႏိုင္သည့္ ေျမပမာဏကိုသာ အသုံးျပဳခြင့္ေလွ်ာက္ထားေစလိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ သတ္မွတ္ဧရိယာျပည့္အေကာင္အထည္ေဖာ္ၿပီးပါက မိမိတို႔လုပ္ကိုင္ႏိုင္မႈအရ ဒုတိယအႀကိမ္၊ တတိယအႀကိမ္ စသျဖင့္ တိုးခ်ဲ႕ေလွ်ာက္ထားႏိုင္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ဥပေဒအရ ခ်ထားေသာေျမမ်ား၌ လုပ္ငန္းအေကာင္အထည္ေဖာ္ရန္ ေလးႏွစ္ ခြင့္ျပဳထားေသာ္လည္း စပ်စ္သည္ စိုက္ပ်ိဳးၿပီးသုံးႏွစ္အၾကာတြင္ ဝင္ေငြရရွိႏိုင္ေသာေၾကာင့္ ေျမခ်ထားၿပီးသုံးႏွစ္အတြင္း အၿပီးသတ္စိုက္ပ်ိဳးရန္ လိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေျမခြန္ကင္းလႊတ္ခြင့္ကို သုံးႏွစ္ခြင့္ျပဳေပးမည္ျဖစ္ ေသာ္လည္း ယင္းသုံးႏွစ္တာကာလအတြင္း Performance Guarantee (PG) အာမခံေၾကး ေပးသြင္းရမည္ျဖစ္ ေၾကာင္းလည္း သိရသည္။