AA သယ်လာခဲ့သည့် စစ်ပွဲဆိုးကျိုးနှင့် သံတွဲမြို့၏ ခက်ခဲသွားသော အနာဂတ်များ (အင်တာဗျူး)

 7312

ပီယ (NP News) - ဇွန် ၂၀

ရခိုင်ပြည်နယ်တောင်ပိုင်းက သာယာလှပသည့်ငပလီကမ်းခြေအနီးတွင် တည်ရှိသော သံတွဲမြို့သည် အစဉ်အဆက် အေးချမ်းနေခဲ့ရာမှ ယခုအခါ စစ်ဘေးဒဏ်ကြားတွင် ရောက်ရှိ နေပြီဖြစ်သည်။ စစ်ဘေးကြောင့် စိုးရွံ့ကာဒေသခံများ အိုးအိမ်စွန့်ခွာနေရသကဲ့သို့ နောက် ဆက်တွဲအဖြစ် လူမှုစီးပွားဘဝများကိုပါ ထိခိုက်ကြုံတွေ့နေရပြီဖြစ်သည်။ ထို့ပြင် ရခိုင်ပြည် နယ်တွင် AA ၏ အရပ်ဘက် အုပ်ချုပ်ရေးဖော်ဆောင်မည်ဆိုသောအချက်နှင့်ပတ်သက်၍ လည်းစိုးရိမ်မှုများ ရှိနေသည့်အပေါ် သံတွဲမြို့မှ ဒေသခံတစ်ဦးကို The Statesman ဂျာနယ်မှ ဆက်သွယ်မေးမြန်းထားသည်များအား NP News မှ ထပ်ဆင့်ကောက်နှုတ်ဖော်ပြအပ်ပါသည်။

မေး - အခု တိုက်ပွဲတွေက မြို့အနားမှာ ဖြစ်နေကြတယ်ပေါ့နော်။ ဆိုတော့ သံတွဲမြို့ရဲ့ တိုက်ပွဲတွေ မဖြစ်ခင်က အခြေအနေနဲ့ အခုအခြေအနေကို အရင်ဆုံး ပြောပြပေးပါ။
ဖြေ - သံတွဲက ပထမက ဘာမှနီးပါးကို မဖြစ်ခဲ့တာလေ။ ဟိုး..မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အချိန်တွေမှာ ရော၊ ကျန်တဲ့ နေရာတွေ ဖြစ်လာတဲ့အချိန်မှာရော ဘာမှမဖြစ်ပဲ အေးအေးချမ်းချမ်းတော်တော်များများ နေလို့ရခဲ့တယ်။ မီးမှန်လို့၊ စားလို့သောက်လို့ လုပ်စား ရ အဆင်ပြေတယ်။ ဒါပေမဲ့ တိုက်ပွဲစပါပြီ ဆိုတဲ့ နေ့၊ တိုက်ပွဲရောက်လာပြီဆိုတဲ့နေ့ပြီးတော့ သုံးရက်မြောက်လောက်လည်းကျရော အခြေအနေ အားလုံး က ပြောင်းပြန်လန်သွားတယ်။ တချို့တလေ ရွာက လူတွေ ဈေးလာရောင်းလို့မရတော့ဘူး။ ကန့်သတ် ခံ ရတာတွေ ရှိလာတယ်၊ အသွားအလာ စစ်ဆေးတာ တွေရှိလာတယ်။ နောက်ပြီးတော့ ငပလီလို နေရာမျိုး တွေ သွားဖို့မလွယ်တော့ဘူး။ နောက်ပြီးတော့ ပင်လယ်ထဲကို ငါးဖမ်းလို့မရတာတွေ ဖြစ်သွားတယ် ပေါ့နော်။ အဲဒါတွေ ပိတ်ပင်ခံလိုက်ရတယ်။ အခု လက်ရှိ မီးပျက်တာ၊ ကုန်ဈေးနှုန်း စရိတ်ကြီးမြင့်တာ နောက်ပြီးတော့ ကျန်းမာရေးအတွက် ဆေးဝယ်လို့ မရတော့တာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆေးနဲ့ ဒိုက်ဘာလိုပစ္စည်းမျိုးတွေ ဝယ်လို့မရတာဆိုရင် လနဲ့ ချီပြီတောင် ကြာသွားပြီလေ။ အခြေအနေ နှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ပြောရမယ်ဆိုရင် လျှပ်စစ်မီး မရတာ တစ်လဆိုတဲ့ ကာလမှာတောင် လူတွေဆီက တော်တော် အသံထွက်လာပြီလေ။ တစ်လတောင် မပြည့်သေးဘူးလေ။ တိုက်ပွဲဖြစ်တယ်။ သူဌေးချောင်း ရေအားလျှပ်စစ်မှာ လျှပ်စစ်ဓာတ်အားပေးတဲ့နေရာ ထိမှန်တာကို သွားမပြင်နိုင်တာတွေ ဖြစ်လာပြီဆိုတဲ့ နေ့ကစပြီး မြို့ကညနေဆိုရင် မီးလုံးဝမရတော့ဘူး။ မီးမရတာ ဖြစ်တဲ့အတွက် ရေမော်တာက ရေတင်လို့ မရဘူး။ ရေတုံကင်တွေမှာ ရေသွားလှည့်ရတယ် အဲဒီလို အများကြီး ဖြစ်သွား တယ်။ လူတွေကလည်း အသံထွက်လာတာပေါ့။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကာလလေးနဲ့ နေရတာတောင် ငါတို့က နည်းနည်းအဆင်ပြေတယ် အသက်ရှူချောင်သေးတယ်။ အခုကတော့ လုံးဝကြီးကို ပြောင်းလဲသွားတယ် အဆင်မပြေတော့ဘူးဆိုတဲ့ အသံတွေထွက်လာတယ်ပေါ့လေ။ ကျွန်တော်တို့ ဒေသခံတွေရဲ့ စကားမှာတင် တွက်ချက်လို့ရတာကတော့ သူတို့ရဲ့အနေအထားက ပြောင်းပြန်ကို ဖြစ်သွားတယ်။ အစက အေးအေးဆေးဆေး အခုက တိုက်ပွဲကိုလည်း ကြောက်ရတယ်၊ အသွားအလာကိုလည်း ကြောက်ရတယ်။ ပြီးတော့ ရွှေဗျာ ရွှေရောင်းရင်တောင် တအားနှိမ်ပြီးဝယ်တာ။ မကြာသေးခင်က ၅၂ သိန်း ၅၈ ပေါက်ဈေး ဖြစ်ချိန်မှာတောင် သံတွဲမှာ ရွှေတစ်ကျပ်သား သွားရောင်းရင် ၃၈ သိန်းရဖို့တောင် တော်တော်လေး ပြောယူရတယ်။ အဲဒါတောင် လူရင်းမှရတယ်ဆိုတဲ့အနေအထား ဖြစ်သွားတယ်။

မေး - အရင်က ကာလအကြာကြီး အေးချမ်းခဲ့တဲ့ သံတွဲမြို့ခံတွေအတွက် အခုလိုတိုက်ပွဲတွေ ဖြစ်လာတာ က ရုတ်တရက် အံ့အားသင်စရာမကြုံစဖူး အခြေအနေ ဖြစ်သွားလား ခင်ဗျာ။
ဖြေ - သူတို့ ပထမတော့ မျှော်လင့်မထားဘူး။ အခြေအနေကိုကြည့်ပြီး ရောက်လာနိုင်တယ်ဆိုတာကို တော့ တွက်ဆကြတယ်။ နည်းနည်းအသံထွက်တယ်။ ဒါပေမယ့် မဖြစ်ဖူးတဲ့ အခြေအနေမှာ သူတို့စိတ်ထဲ လည်း ဖြစ်လာမှာမဟုတ်ပါဘူးဆိုတဲ့ စိတ်တွေက တော်တော်များများမှာ ရှိခဲ့တယ်။ အဲဒါက ဘယ်မှာ သိသာသလဲဆိုတော့ အခုတိုက်ပွဲတွေဖြစ်မှပဲ အမြန်ရှောင်ဖို့၊ အမြန်ထွက်ဖို့၊ နောက်ဆုံးလေယာဉ် လက် မှတ်ကို မတန်တဆဈေးပေးပြီး ချပေးတာတောင် လက်မှတ်မရတော့ဘူး။ အခုပိုက်ဆံပေးရင် နောက် ထပ် တစ်လလောက်မှ ရချင်ရမှာ။ သူတို့ လက်မှတ်ရဖို့ အလုအယက်ဝယ်ကြတယ်။ တချို့တွေက လက်မှတ်ခကို ဈေးအများကြီး ပိုပေးပြီး အမြန်ရှောင်ကြတာတွေ ဖြစ်တယ်ပေါ့နော်။ မြို့က လူတွေ အတွက် လုံးဝအဆန်းလို ဖြစ်နေတာ။ မကြုံဖူးတဲ့ နောက်မျိုးဆက်တွေအတွက် တိုက်ပွဲရောက်လာတယ်၊ မြောက်ပိုင်းလို၊ ကရင်တို့၊ ကချင်တို့လိုဖြစ်တော့ ဒါကဆန်းနေတယ်။ ဘာလို့လဲဆိုတော့ အခုမှ လက်နက် ကြီး ကျပြီးတော့ ဘယ်နေရာမှာ လူဘယ်နှယောက် ဘာဖြစ်သွားပြီ၊ ဆေးရုံကို လူတွေဘယ်လောက် ရောက်လာပြီ၊ ဘာတွေဖြစ်သွားပြီဆိုမှ သူတို့ နဖူးတွေ့၊ ဒူး တွေ့လာတာ။ သူတို့အတွက် ရှေ့မှာ နည်း နည်းလန့် နေခဲ့တာက စတည်းက လမ်းပိတ်ထားတော့ သူတို့ဆီ သယ်လို့မရတဲ့အချိန်မှာ အဲဒီတည်းက ရိပ်တော့ ရိပ်မိတယ်။ ကုန်စည် အခက်အခဲပဲ ဖြစ်တာပါ၊ တိုက်ပွဲက ရောက်မလာလောက်ဘူး အကောင်း မျှော်လင့်ကြတယ်။ အခုတိုက်ပွဲလည်း ရောက်လာရော Surprise လည်း ဖြစ်တယ်။ သွေးလည်း ပျက် သွားတာပေါ့။ ဘာလို့လဲဆိုတော့ ကြက်သားတစ်ပိဿာ နှစ်သောင်းခွဲဗျာ နောက်ပြီးတော့ ကြက်ဥ တစ်လုံးကို ရှစ်ရာ အဲဒီလို သူတို့တခါမှာ မမြင်ဖူးတာ၊ မကြားဖူးတာ မြင်ရတယ်။ ဖယောင်းတိုင်ဆိုရင် လည်း တစ်ထုပ်ကို ထောင်ဂဏန်းတွေ ချီပြီးတက်သွားတယ်။ အိမ်တွေမှာ ရေနံဆီ မီးခွက်တွေ လုပ်ပြီး တော့ ရေနံဆီတစ်ပုလင်း ကို(၄၀ဝဝ)နဲ့ ယူပြီးတော့ ရေနံဆီ မီးခွက်ကြီးတွေနဲ့ နေတဲ့ဘဝကို ရောက်သွား တယ်ပေါ့။ ဟိုးအရင်ဘဝကို ပြန်ရောက်သွားတယ်ဆိုတာ သူတို့ကိုယ်တိုင် အံ့ဩနေတယ်။ ပြီးတော့ သံ တွဲမှာ ကုန်းဈေးနှုန်းတွေကလည်း တက်သွားတဲ့အခါ အသားငါး ဝယ်စားဖို့ဆိုတာထက် ကြက်ဥတစ်လုံး တောင် ရှစ်ရာဆိုတော့ အရင်ကကြက်ဥတစ်လုံး၊ အာလူးတစ်ခြမ်းနဲ့ စားရတဲ့ ဘဝမျိုးဖြစ်သွားတယ်။ သူတို့အတွက်တော့ မကြုံဖူးတာ၊ အခုမှ ကြုံရတာဆိုတော့ အသစ်အဆန်းကြီး ဖြစ်နေတယ်။ ကရင်တို့၊ ကချင် တို့မှာ ဟိုးအရင်တည်းက ခံစားခဲ့ရတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အချိန်မှာ အခု နောက်ပိုင်းလူတွေ သိသွားတာပေါ့။ ပါးစပ်ကပြောတာက ဘယ်လောက်လွယ်တယ်၊ လက်ရှိ ရောက်လာတဲ့အချိန်မှာ ဘာဖြစ်သွားတယ် ဆိုတာကတော့ အခုမှ မျက်ဝါးထင်ထင်ဖြစ်တော့ အံ့ဩတာပေါ့။

မေး - မြို့ခံ ဘယ်လောက်ရာခိုင်နှုန်းလောက်က မြို့မှာကျန်ပြီး ဘယ်နေရာတွေကို စစ်ဘေးရှောင်သွား ကြပါသလဲ။
ဖြေ - အခုလာတဲ့သူတွေလည်း လာကြပြီ။ တချို့တွေကတော့ ဟိုမှာကိုယ့်အိမ်တွေ၊ ကိုယ့်ခြံတွေကို ပစ်ထားခဲ့ပြီးတော့ လာကြတာ။ တချို့တွေ စီးပွားရှိတဲ့သူတွေကလည်း ဟိုကပစ္စည်းတွေကို ရတဲ့ဈေးနဲ့ ရောင်း၊ ဒီမှာ အခန်းဝယ်လိုဝယ်၊ ငှားလိုငှား စီးပွားပြောင်းရွှေ့ပြီး နေတဲ့သူလည်းနေကြပြီ။ ကျွန်တော် ထင်တယ် သံတွဲမြို့မဈေးမှာ ဈေးဖွင့်တဲ့သူတွေကို မေးကြည့်သလောက်ကတော့ ဟင်းသီးဟင်းရွက် လာရောင်းတဲ့သူတွေ၊ အသားငါးရောင်းတဲ့သူတွေ ကျန်တဲ့သူတွေ နည်းနည်းလောက်ပဲရှိတော့ ဈေးမှာ ရောင်းတဲ့သူရဲ့ သုံးချိုးတစ်ချိုးပဲ ကျန်တယ်ဆိုတယ်။ သံတွဲမြို့ရဲ့ ထွက်ခွာမှုနှုန်းကလည်း မရောက်သေး တဲ့သူတွေ ရှိသေးတယ်၊ ထပ်လာမယ့်သူတွေ ရှိသေးတယ်ဆိုတော့ ကျွန်တော်ထင်တယ် ပိုက်ဆံရှိနဲ့ အ လယ်လတ်တန်းစား လူကထွက်လာတယ်ဆိုရင် တဝက်နဲ့ (၆၀)ရာခိုင်နှုန်းကတော့ အခု မြို့ကနေ ထွက် သွားမယ်။ ကျန်တဲ့ ရွာတွေကလူတွေ ကျန်ခဲ့မယ်။

အခု ရန်ကုန်မြို့ကို လာမယ်၊ ကားသေး သေးလေးနဲ့ လာမယ်ဆိုရင်တောင် တစ်ယောက်ကို နှစ်သိန်းကနေ ငါးသိန်းကြားလောက်ကို ကုန်ကျစရိတ်ရှိတော့ ဒါကငွေတတ်နိုင်တဲ့သူမှ လာနိုင်မယ့် အ နေအထား ဖြစ်သွားပြီ။ အမြင့်ဆုံးလေးဆယ်ပေါ့။ နောက်ဆုံးမြို့မှာ ကျန်ခဲ့မှာ။ ဒါက အကောင်းမြင်ပြီး ထွက်ထားတာ။ ကျွန်တော်ထင်တယ် (၇၅) ရာခိုင်နှုန်း ထွက်ပြီး (၂၅) ရာခိုင်နှုန်းကျန်ခဲ့တာတောင် ဖြစ် ကောင်း ဖြစ်သွားနိုင်တယ်။

မေး - သံတွဲဟာ စီးပွားရေးကောင်းတဲ့ မြို့လည်း ဖြစ်တဲ့အခါမှာ တိုက်ပွဲတွေကြောင့် မြို့ရဲ့ စီးပွားရေးက ဘယ်လောက်အထိ ထိခိုက်သွားလဲ၊ ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ ဘယ်လောက်အထိ ထိခိုက်သွားတယ် လို့ မြင်လဲ။
ဖြေ - အခုလက်ရှိ ဆိုင်ခန်းတွေ၊ ဆိုင်ခွဲပေါင်းများစွာ ပိုင်တဲ့သူတွေ၊ နောက်ပြီးတော့ ရွှေဆိုင်တွေ တည် ထောင်ထားတဲ့သူတွေ၊ သံတွဲမြို့ရဲ့ မြို့မျက်နှာဖုံးလို့ ပြောရမယ့်သူတွေ အများစုရန်ကုန်ကို တက်လာကြ တယ်။ အဲဒီမှာရှိတဲ့ အိမ်တွေ၊ ခြံတွေ ဒီအတိုင်း ပစ်ထားခဲ့တယ်။ ဒါတွေကို တခြားသူတွေလည်း တက်ပြီး နေရင်နေမယ် ဒါပေမဲ့ စိတ်မချရတဲ့ကြားက ငါတို့ အသက်ရှင်ရင်ပြီးပြီဆိုပြီး လာရတဲ့အနေအထားဖြစ် သွားတယ်။ သူတို့ဒီမှာ တစ်ကနေ ပြန်စကြရတယ်။ အခုတိုက်ပွဲ ဖြစ်တယ်။ စစ်ပွဲတွေကြောင့် ရန်ကုန်ကို လာရတယ်။ပြီးတော့ သူတို့ဘဝ အသစ်စပြီးတော့ တည်ထောင်ရမယ့် အနေအထား ဖြစ်သွားတယ်။ ကျွန်တော်ထင်ပါတယ်။ အနေအထားကတော့ အရင်က အနေအထားနဲ့ဆို ပြောင်းပြန်ကြီးတောင် ပြောင်းလဲသွားတယ်လို့ ပြောလို့ရတယ်။ ဆိုင်သမားတချို့ကကော ဆိုင်ပြန်ဖွင့်ပါ့မလား၊ နောက်ပြီးတော့ ပညာတတ် လူတန်းစားတွေမြို့ကို စွန့်ခွာပြီးတော့ လာကြတယ်ဆိုရင် အဲဒီလူတွေကကော မြို့ကို အကြောင်းအရာ တစ်ခုကြောင့် မဟုတ်ဘဲ ဒီအတိုင်း ပြန်ပြီးတော့ သွားဖို့အစီစဉ်ရှိသေးရဲ့လားဆိုတာ အများကြီးတွေးရင် ကျွန်တော်ထင်ပါတယ် သုံးချိုးနှစ်ချိုးလောက်က မပြန်လောက်ကြတော့ဘူး ထင်တယ်။ ပညာတတ်တွေ မပြန်ကြတော့ဘူး၊ စီးပွားရေးလည်း ဒီမှာနည်းနည်း လုပ်လို့ရတဲ့သူတွေ မပြန်ကြတော့ဘူး၊ လူငယ်တွေ မပြန်ကြတော့ဘူးဆိုရင်တော့ ကျွန်တော်ထင်တယ် မြို့ကအများကြီး ထိခိုက်သွားမှာ။ အခုတောင်မှ ဟိုရွာက လာရောင်းမှစားရတယ်ဆိုတာ ဖြစ်နေပြီဆိုတော့ စားရေး၊ သောက်ရေးပြီးတော့ စီးပွားရေး။ စားရေး၊သောက်ရေး ဆိုတာမှာ ကုန်စည် စီးဆင်းမှုအရ ကုန်ပစ္စည်း လည်း ကန့်သတ်ထားတယ်၊ ဆေးဝါးလည်း ကန့်သတ်ထားတယ်ဆိုတော့ သံတွဲ ကလာတဲ့သူဟာ စိတ်ဒဏ်ရာ ရသွားပြီ။ အဲဒီကိုပြန်ရင် ဆေးမရတာဖြစ်မလား၊ အစားအသောက် ခက်ခဲမလား၊ ရန်ကုန်ကို လာလို့ ကြက်ဥတစ်လုံး ငွေသုံးရာ နဲ့ ရရင်ဟိုမှာ ရှစ်ရာ၊ ငါတို့ပြန်ရင် ကောင်းပါ့မလား အများကြီး စဉ်းစားပြီးတော့ အေးချမ်းသွားရင်တော့ ဆုံးဖြတ်ချက်ချမယ့်သူတွေက ဟိုမှာရှိတဲ့စီးပွားကို ငါတို့ ရောင်းလိုက်မလား၊ ငှားလိုက်မလား လုပ်ပြီး သူတို့အတွက် စိတ်ချရတဲ့နေရာမျိုးတွေမှာ နေဖို့ရွေး ချယ်တာ ဖြစ်လာနိုင်တယ်။ အဲဒါဆိုရင်တော့ မြို့ရဲ့ စီးပွားရေး၊ လူမှုရေးက အများကြီး ထိခိုက်သွားနိုင် တယ်လို့ ကျွန်တော်ထင်တယ်။

မေး - တိုက်ပွဲကြောင့် ဒေသခံပေါ့နော် နေရပ်စွန့် ခွာရသူတွေအတွက် လူနေမှုပုံစံတွေကော ပြောင်း သွားလား
ဖြေ - လူနေမှုပုံစံတွေက လုံးဝပြောင်းလဲသွားတယ်ပေါ့။ လူနေမှုပုံစံဆိုတာမှာ အနီးစပ်ဆုံးပြောရရင် နယ် က အိမ်တွေ၊ ခြံတွေ ဘယ်လိုပြောမလဲဆို ရွာတွေမှာ အိမ်ကြီးရခိုင်နဲ့ နေခဲ့တဲ့သူတွေ အခုမတတ်သာလို့ သူတို့စီးပွားကို ရောင်းချပြီး ပြောင်းရွှေ့လာတဲ့ အချိန် မှာ ဒီမြို့ကြီးမှာနေဖို့၊ ထိုင်ဖို့ခက်တယ်။ ဒါက နှိမ် ပြောတာမဟုတ်ဘူး။ ဟိုမှာသူတို့ ခြံနဲ့ ဝန်းနဲ့ နေခဲ့တာ။ သူတို့မှာ ရေတွင်း၊ ရေကန် နဲ့ အပေါ်ထပ် အောက်ထပ် နဲ့ နေခဲ့ပြီးတော့ ရန်ကုန်က တိုက်ခန်းတွေက သူတို့ အတွက် စိတ်မွန်းကျပ်တာတွေ၊ တစ်ချိန်လုံး သူတို့ အဆင်မပြေခဲ့တာတွေ၊ အခုဒီကာလကြောင့် သူတို့ ပိုင်ဆိုင်မှု ယိုယွင်းသွားတာကြောင့် စိတ်ဒဏ်ရာရတာတွေပေါ့။ သူတို့မှာ စိတ်ဒဏ်ရာလည်းပါလာတယ်။ နောက်ပြီး သူတို့နေရထိုင်ရတာက ကျဉ်းကျဉ်းကျပ်ကျပ် နေရတယ်။ ဒီက တိုက်ခန်းလေးထဲမှာ အသက်ရှူ မဝဘူး။ ငါ့ကျန်းမာရေး ဘယ်လို ဖြစ်တယ်၊ ဟိုမှာ လေဘယ်လိုရှူလို့ရတယ်ဆိုတာ ပြောတဲ့သူတွေ အများကြီး ဖြစ်လာတယ်။ ငါတို့ ပြန်လို့ ရပါဦးမလား တွေးနေတာကလည်း သူတို့စိတ်ကို ခြောက်လှန့်မှုကော၊ စိတ်ဒဏ်ရာရသလို ဖြစ်သွား တယ်။ ဟိုမှာ သူတို့ ဘဝကိုတည်ဆောက်ထားခဲ့တာ ဖြစ်တဲ့အတွက် ဟိုမှာ သူတို့ အဆင်ပြေတယ်။ ဒီမှာ မိတ်အသစ်တွေ တည်ထောင်ရတယ်၊ ရန်ကုန်မှာ စီးပွားရေးလုပ်လို့ ဖြစ်ပါ့မလား အရာရာဟာ အပြောင်းအလဲ ဖြစ်သွားသလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရပြီး မယုံကြည်နိုင်လောက်တဲ့ အပြောင်းအလဲ ဖြစ်သွားတယ်လို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတာတွေ များတယ်။

မေး - လက်ရှိ ရခိုင်ပြည်နယ်အရေးကတော့ ရှုပ်ထွေးနေတာပေါ့။ ဆိုတော့ AA ရဲ့ လက်အောက် ရောက်ရင်၊ အုပ်ချုပ်မှုအောက် အဆင်ပြေမယ်ထင်လား။
ဖြေ - ကျွန်တော်တို့ဆီက လူတွေက ဖြေရှင်းနည်းကို ရှာတဲ့အခါ ကုတဲ့နည်းက မှားတော့မှားနေတယ် ဆို တာ ဘယ်သူမှလက်မခံဘူး။ ချပစ်လိုက်ကွာ၊ ချပစ်လိုက်ရင် ပြီးသွားတာပဲဆိုတာ။ ကိုယ့်ရှေ့ကို ရောက် မလာသေးသရွေ့ လူက ဒီလိုစကားမျိုးထွက်တယ်ဆိုတာ ဖြစ်လာတယ်။ အခု ကိုယ့်ရှေ့ကို တကယ် ရောက်လာတယ်။ သံတွဲက လူတွေက နှစ်ဖက်စလုံးကလည်း မပစ်နဲ့၊ မခတ်နဲ့ ကျွန်တော်တို့ကို သုံးရက် သို့မဟုတ် ငါးရက် အချိန်ပေး မှန်တာကို ပြောဆိုပြီး စစ်တမ်းကောက်မယ်။ ဘယ်ဘဝမျိုးလိုချင်လဲဆိုတဲ့ စစ်တမ်းပေါ့။ ဘာစကားသံထွက်မလဲဆိုရင် သေချာတယ်လေ။ အခုပြောနေပြီး နှစ်ဖက်စလုံးက နင်တို့ အတွက်ချည်းပဲ လုပ်နေတယ်။ ပြည်သူက ဘယ်လိုဖြစ်နေပြီဆိုတဲ့ အသံတွေ ထွက်နေပြီ။ ဘယ်သူ အုပ်ချုပ်ပါတယ် မပြောဘဲနဲ့ သံတွဲမြို့ခံတွေ ပြောတာက ငါတို့ဟိုးအရင်လို အေးအေးချမ်းချမ်းလေး နေရမယ်၊ စားတာ သောက်တာ ပုံမှန်လေးနဲ့ ဆေးဝါးနဲ့ ကျန်းကျန်းမာမာ နေရမယ်ဆိုရင် ဈေးတက်တာ တက်ပလေ့စေ အေးအေးချမ်းချမ်းနေရရင် တော်ပါပြီလို့ ပြောလာတဲ့လူက လူ(၁၀ဝ)မှာ (၈၀)လောက် ဖြစ်သွားပြီဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက နေရာတစ်ခုမှာ တိုက်ပွဲ ဆိုတာ မရောက်လာရင်ကောင်း တယ်။ ရောက်လာပြီဆိုတာနဲ့ အဲဒါဟာ အမြဲတမ်း အကြွင်းအကျန် အဖြစ်နဲ့ ဘယ်တော့မှ မပြတ်ပဲ ကျန်ခဲ့တာ များတယ်လေ။

မေး - သံတွဲရဲ့ အခြေအနေက လက်ရှိမှာ အေးချမ်းသွားမယ့် အခြေအနေမျိုးရှိမယ် မျှော်လင့်လား။
ဖြေ - ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ မြောက်ပိုင်းမှာ ငြိမ်းအေးသွားတဲ့ ကာလရောက်ခဲ့တယ်။ ဒါပေမဲ့ အခုတိုက်ပွဲ ပြန်ဖြစ်တော့လည်း အဲဒီရွာတွေမှာပဲ တကျော့ပြန် ဖြစ်တာပဲ။ အဲဒီနေရာကိုပဲ သံသရာလည်ပြီး ပြန်ရောက်တော့ သံတွဲမှာ အဲ့ဒီဆဲလ်တစ်ခုဝင်သွားပြီ ဖြစ်တဲ့အတွက် ဒါကြီး အမြစ်ပြတ်ဖို့၊ အေးဖို့က ဆုတောင်း ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး ဖြစ်သွားပြီ။ အေး လိုက်၊ ပြန်ဖြစ်လိုက်ဆိုတဲ့ ကာလတွေကလည်း အရင်က သမိုင်းမှာလည်း သာဓက ရှိဖူးတော့ အဲဒီလို ဖြစ်လာမလားပဲ စိုးရိမ်ရတာပေါ့။

မေး - လက်ရှိ ရခိုင်ပြည်နယ်မှာ AA ဘက်ကလည်း နယ်မြေထိန်းချုပ်မှုတွေ ရှိနေတယ်။ AA ရဲ့ အရပ် ဘက် အုပ်ချုပ်ရေးလုပ်မယ်ဆိုရင် ဒေသခံတစ်ယောက်အနေနဲ့ အဆင်ပြေမယ်ထင်လား။
ဖြေ - အုပ်ချုပ်မှုကိုပြောမယ်ဆိုရင် ကျွန်တော်တို့ အလုပ်တွေ လုပ်တာနဲ့ အတူတူပဲ။ လုပ်ငန်း အတွေ့ အကြုံ ဘယ်လောက်ရှိသလဲဆိုတာပေါ့။ အစိုးရ လုပ်တယ်ဆိုတာက တိုက်တဲ့အချိန်မှာ လွယ်တယ်၊ အစိုးရ တက်လုပ်မယ်ဆိုရင် မလွယ်တော့ဘူးဆိုတဲ့ ပြဿနာရှိတယ်။ နံပါတ်တစ်က ငွေကြေးပြဿနာ ပေါ့။ ကျွန်တော် မြန်မာငွေကိုသုံးမလား၊ ကိုယ့်ဟာနဲ့ကိုယ် ထုတ်မလား ဒါတွေပြဿနာရှိလာပြီ။ ဟုတ်ပြီ ငါတို့က ငွေထုတ်မယ်ပေါ့ဗျာ တင်စရာ ပိုက်ဆံပမာဏရှိသလား အများကြီးပဲ။ အဲဒါဆိုရင် ဒီဟာတွေ မရဘူးဆိုရင် ဒီကလူတွေနဲ့ပဲ ဆက်ပြီး လုပ်ရတော့မယ်ဗျာ။ အဲဒီမှာတင် တစ်ဆင့်လျော့သွားပြီ။ အဲဒါပြီး တော့ ဒီကဘဏ်တွေ မရှိရင် စီးပွားရေးလည်ပတ်ဖို့ လွယ်မလားစဉ်စားရပြီ။

ပြီးတော့ ငါတို့ အုပ်ချုပ်မှုကို ယုံကြည်ပြီး ဘယ်သူက ရင်းနှီးမြှုပ်နှံမှု လာလုပ်မလဲ၊ ငါတို့ တိုက်ပွဲ လုပ်ခဲ့လို့ ထွက်သွားတဲ့ သူတွေက ပြန်လာမလားဆိုတာ စဉ်းစားရတော့မယ်။ သူတို့ကို ယုံကြည်မှ ပြန် မှာလေ မယုံရင်မပြန်တော့ဘူး။ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်ဖို့ဆိုတာက စီးပွားရေးသမားနဲ့ ဆိုင် တဲ့အတွက် အဲဒါတွေကို သူတို့ Frame ချနိုင်မလား။ နောက်တစ်ချက်က ကျွန်တော်ထင်ပါတယ်။ အခုအ ချိန်မှာ ဘယ်သူတွေ ဘာတွေပဲပြောနေပြောနေ ဥပမာ AA ရသွားလို့ အုပ်ချုပ်မယ်ဆိုရင်လည်း အစက နေ အဆုံးအထိ ပြန်ထူထောင်ရမှာ အများကြီးပဲ။ အဲဒါကို တာဝန်ခံနိုင်လား ခေါင်းခံနိုင်လား။ ဒါမှမဟုတ် ပဲနဲ့ အခု ကရင်တွေ ကချင်တွေ ဘက်မှာလို ဒီအတိုင်း အမိန့်အာဏာနဲ့ အုပ်ချုပ်မလား အဲဒါဆိုရင်တော့ ကွဲပြားတာတွေ အများကြီး ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကျွန်တော်ထင်ပါတယ်။ အခု နှစ်ဖက်က ညှိမရ ဘူးဖြစ်နေပေမယ့် လမ်းပေါ်မှာဘုံခရီးတစ်ခု အတူရောက်ရင်တော့ တိုက်နေလို့ ပြီးတာမဟုတ်ဘူး။ နိုင်ငံရေး စကားပြောပြီး ဆွေးနွေးပြီးတော့ ငါလိုချင်တာချည်းပဲ တင်းထားလို့လည်း မရဘူး။ ဖြေလျှော့ သင့်တာ ဖြေလျှော့ပြီးတော့ ပြည်သူ မနစ်နာမယ့်လမ်းပေါ့။ ပြည်သူ ပြည်သူလို့ ပါးစပ်ထဲမှာ စကား ထည့်ပြီးပြောနေရင် အခု ဥစ္စာ ပြည်သူက နာနေပြီလေ။ ပြည်သူအတွက် ဘယ်နေရာမှာ သဘောတူ ကြမလဲ ပွိုင့် တစ်ခုမှ ထားပြီးတော့ ရပ်ကြမယ်ဆိုပြီး ဆုတ်မှအဆင်ပြေကြမှာ။ အခုက ဆေးဝါးမဝင် ကုန်ပစ္စည်း ဈေးတက်၊ မီးမရ၊ ရေမရ ပြည်သူကအများကြီးဖြစ်နေပြီ။ ကျွန်တော်တို့ထင်ပါတယ် အုပ်ချုပ် မယ့်လမ်းစဉ်ဆိုတာက ဝေးသေးတယ်။ အုပ်ချုပ်မယ်ဆိုရင် မူဝါဒဆွဲရမယ် အများကြီးလုပ်ရမယ်။ နိုင်တိုင်းဆိုပြီး ဝုန်းဆို ထလုပ်မယ်ဆိုရင်တော့ အကုန်က ဗြဲလရမ်း ကွဲပြဲထွက်နေသွားမှာ။ ကရင်နီ မှာလည်း ပထမအုပ်ချုပ်လို့ ရတယ် စာတွေထုတ်တယ်၊ မူဝါဒတွေ ထုတ်တယ်။ မျိုးစုံလုပ်တယ်။ ဒါပေမဲ့ သူတို့ တကယ်ရော ပြန်လည်ထူထောင်လို့ ရလို့လား။ သူတို့ ဩဇာကကော ဘယ်လောက်ကြီးမားလို့လဲ။ အညာတွေမှာကော ဟိုစာ ထုတ်တယ်။ဒီစာထုတ်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ထိရောက်အောင် သူတို့ ဩဇာသက်က သွားသလား။ စာတစ်စောင်ထုတ်ရင် အဲဒါသည် အမိန့်အဖြစ် တည်သလားပေါ့။ ဒါမှမဟုတ်ရင် လမ်းကြေးတွေ ကောက်ပြီး ဟိုနေရာပေးရ၊ ဒီနေရာပေးရ သူတို့ကလည်း အဲဒီလို လုပ်တယ်ဆိုရင် ရခိုင်မှာလည်း ဆင်တူကူးထားတဲ့ ပုံစံတွေသာ ဖြစ်လာမှာပေါ့။ ကျွန်တော်ထင်ပါတယ်။ အုပ်ချုပ်ရေးသွားမယ်ဆိုတာကို ရခိုင်ကလူတွေက စဉ်းစားတာ ဒီနေ့ ဘယ်လို နိုင်သွားပြီ၊ ဒီနေ့ဘယ်လို အုပ်ချုပ်မယ်ဆိုတာက ကျွန်တော်ထင်ပါတယ်။ ဒီနေ့နိုင်လို့ ဒီနေ့အုပ်ချုပ်လို့ မရဘူး။

နောက်ပြီးတော့ အဲဒီမှာ ငါတို့နိုင်သွားပြီ ဆိုပြီး ဘယ်သူက အုပ်ချုပ်မလဲ။ တိုက်တဲ့သူတွေက ငါတို့က အခရာကျတက်ပြီး အုပ်ချုပ်မလားဆိုပြီး ပြဿနာရှိတယ်။ တကယ့် နိုင်ငံရေးသမားကို နေရာ ပေးမလား၊ ငါတို့ မူဝါဒတကယ်ဆွဲနိုင်တဲ့လူကို နေရာပေးမလား၊ အဲဒီလူတွေနဲ့ ညှိနှိုင်းပြီး ဘယ်လို လုပ်မလဲဆိုတာ အများကြီး။ နောက်ပြီးတော့ သူတို့ဆီမှာ အဲဒီလိုပညာရှင်တွေ မွေးထားတာ ရှိသလား ပေါ့။ ဘောလုံးကန်ရင် ဖလားယူသလို ငါတို့ ကန်တယ်။ ငါတို့ နိုင်တယ်။ ငါတို့ ဖလားယူမယ် ဆိုတာမျိုး ဖြစ်သွားမှာပေါ့။ အဲဒါတွေ အားလုံးကို ဆက်စပ်ပြီး စဉ်းစားတာဖြစ်တဲ့အတွက် မလွယ်ကူနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ပြည်သူ အထိမနာမယ့်လမ်း၊ ပြည်သူ အဆင်ပြေစေမယ့် လမ်းကိုတော့ နှစ်ဖက်စ လုံးက စဉ်းစားတာ ပိုပြီး ထိရောက်မယ်၊ လက်တွေ့နဲ့ ကိုက်ညီလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
AA သယ္လာခဲ့သည့္ စစ္ပြဲဆိုးက်ိဳးႏွင့္ သံတြဲၿမိဳ႕၏ ခက္ခဲသြားေသာ အနာဂတ္မ်ား (အင္တာဗ်ဴး)
ပီယ (NP News) - ဇြန္ ၂၀

ရခိုင္ျပည္နယ္ေတာင္ပိုင္းက သာယာလွပသည့္ငပလီကမ္းေျခအနီးတြင္ တည္ရွိေသာ သံတြဲၿမိဳ႕သည္ အစဥ္အဆက္ ေအးခ်မ္းေနခဲ့ရာမွ ယခုအခါ စစ္ေဘးဒဏ္ၾကားတြင္ ေရာက္ရွိ ေနၿပီျဖစ္သည္။ စစ္ေဘးေၾကာင့္ စိုး႐ြံ႕ကာေဒသခံမ်ား အိုးအိမ္စြန႔္ခြာေနရသကဲ့သို႔ ေနာက္ ဆက္တြဲအျဖစ္ လူမႈစီးပြားဘဝမ်ားကိုပါ ထိခိုက္ႀကဳံေတြ႕ေနရၿပီျဖစ္သည္။ ထို႔ျပင္ ရခိုင္ျပည္ နယ္တြင္ AA ၏ အရပ္ဘက္ အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္မည္ဆိုေသာအခ်က္ႏွင့္ပတ္သက္၍ လည္းစိုးရိမ္မႈမ်ား ရွိေနသည့္အေပၚ သံတြဲၿမိဳ႕မွ ေဒသခံတစ္ဦးကို The Statesman ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားအား NP News မွ ထပ္ဆင့္ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။

ေမး - အခု တိုက္ပြဲေတြက ၿမိဳ႕အနားမွာ ျဖစ္ေနၾကတယ္ေပါ့ေနာ္။ ဆိုေတာ့ သံတြဲၿမိဳ႕ရဲ႕ တိုက္ပြဲေတြ မျဖစ္ခင္က အေျခအေနနဲ႔ အခုအေျခအေနကို အရင္ဆုံး ေျပာျပေပးပါ။
ေျဖ - သံတြဲက ပထမက ဘာမွနီးပါးကို မျဖစ္ခဲ့တာေလ။ ဟိုး..ေျမာက္ပိုင္းမွာ ျဖစ္ေနတဲ့ အခ်ိန္ေတြမွာ ေရာ၊ က်န္တဲ့ ေနရာေတြ ျဖစ္လာတဲ့အခ်ိန္မွာေရာ ဘာမွမျဖစ္ပဲ ေအးေအးခ်မ္းခ်မ္းေတာ္ေတာ္မ်ားမ်ား ေနလို႔ရခဲ့တယ္။ မီးမွန္လို႔၊ စားလို႔ေသာက္လို႔ လုပ္စား ရ အဆင္ေျပတယ္။ ဒါေပမဲ့ တိုက္ပြဲစပါၿပီ ဆိုတဲ့ ေန႔၊ တိုက္ပြဲေရာက္လာၿပီဆိုတဲ့ေန႔ၿပီးေတာ့ သုံးရက္ေျမာက္ေလာက္လည္းက်ေရာ အေျခအေန အားလုံး က ေျပာင္းျပန္လန္သြားတယ္။ တခ်ိဳ႕တေလ ႐ြာက လူေတြ ေဈးလာေရာင္းလို႔မရေတာ့ဘူး။ ကန႔္သတ္ ခံ ရတာေတြ ရွိလာတယ္၊ အသြားအလာ စစ္ေဆးတာ ေတြရွိလာတယ္။ ေနာက္ၿပီးေတာ့ ငပလီလို ေနရာမ်ိဳး ေတြ သြားဖို႔မလြယ္ေတာ့ဘူး။ ေနာက္ၿပီးေတာ့ ပင္လယ္ထဲကို ငါးဖမ္းလို႔မရတာေတြ ျဖစ္သြားတယ္ ေပါ့ေနာ္။ အဲဒါေတြ ပိတ္ပင္ခံလိုက္ရတယ္။ အခု လက္ရွိ မီးပ်က္တာ၊ ကုန္ေဈးႏႈန္း စရိတ္ႀကီးျမင့္တာ ေနာက္ၿပီးေတာ့ က်န္းမာေရးအတြက္ ေဆးဝယ္လို႔ မရေတာ့တာေပါ့။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ေဆးနဲ႔ ဒိုက္ဘာလိုပစၥည္းမ်ိဳးေတြ ဝယ္လို႔မရတာဆိုရင္ လနဲ႔ ခ်ီၿပီေတာင္ ၾကာသြားၿပီေလ။ အေျခအေန ႏွစ္ခုကို ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ ေျပာရမယ္ဆိုရင္ လွ်ပ္စစ္မီး မရတာ တစ္လဆိုတဲ့ ကာလမွာေတာင္ လူေတြဆီက ေတာ္ေတာ္ အသံထြက္လာၿပီေလ။ တစ္လေတာင္ မျပည့္ေသးဘူးေလ။ တိုက္ပြဲျဖစ္တယ္။ သူေဌးေခ်ာင္း ေရအားလွ်ပ္စစ္မွာ လွ်ပ္စစ္ဓာတ္အားေပးတဲ့ေနရာ ထိမွန္တာကို သြားမျပင္ႏိုင္တာေတြ ျဖစ္လာၿပီဆိုတဲ့ ေန႔ကစၿပီး ၿမိဳ႕ကညေနဆိုရင္ မီးလုံးဝမရေတာ့ဘူး။ မီးမရတာ ျဖစ္တဲ့အတြက္ ေရေမာ္တာက ေရတင္လို႔ မရဘူး။ ေရတုံကင္ေတြမွာ ေရသြားလွည့္ရတယ္ အဲဒီလို အမ်ားႀကီး ျဖစ္သြား တယ္။ လူေတြကလည္း အသံထြက္လာတာေပါ့။ ဘာလို႔လဲဆိုေတာ့ အရင္တုန္းက ကာလေလးနဲ႔ ေနရတာေတာင္ ငါတို႔က နည္းနည္းအဆင္ေျပတယ္ အသက္ရႉေခ်ာင္ေသးတယ္။ အခုကေတာ့ လုံးဝႀကီးကို ေျပာင္းလဲသြားတယ္ အဆင္မေျပေတာ့ဘူးဆိုတဲ့ အသံေတြထြက္လာတယ္ေပါ့ေလ။ ကြၽန္ေတာ္တို႔ ေဒသခံေတြရဲ႕ စကားမွာတင္ တြက္ခ်က္လို႔ရတာကေတာ့ သူတို႔ရဲ႕အေနအထားက ေျပာင္းျပန္ကို ျဖစ္သြားတယ္။ အစက ေအးေအးေဆးေဆး အခုက တိုက္ပြဲကိုလည္း ေၾကာက္ရတယ္၊ အသြားအလာကိုလည္း ေၾကာက္ရတယ္။ ၿပီးေတာ့ ေ႐ႊဗ်ာ ေ႐ႊေရာင္းရင္ေတာင္ တအားႏွိမ္ၿပီးဝယ္တာ။ မၾကာေသးခင္က ၅၂ သိန္း ၅၈ ေပါက္ေဈး ျဖစ္ခ်ိန္မွာေတာင္ သံတြဲမွာ ေ႐ႊတစ္က်ပ္သား သြားေရာင္းရင္ ၃၈ သိန္းရဖို႔ေတာင္ ေတာ္ေတာ္ေလး ေျပာယူရတယ္။ အဲဒါေတာင္ လူရင္းမွရတယ္ဆိုတဲ့အေနအထား ျဖစ္သြားတယ္။

ေမး - အရင္က ကာလအၾကာႀကီး ေအးခ်မ္းခဲ့တဲ့ သံတြဲၿမိဳ႕ခံေတြအတြက္ အခုလိုတိုက္ပြဲေတြ ျဖစ္လာတာ က ႐ုတ္တရက္ အံ့အားသင္စရာမႀကဳံစဖူး အေျခအေန ျဖစ္သြားလား ခင္ဗ်ာ။
ေျဖ - သူတို႔ ပထမေတာ့ ေမွ်ာ္လင့္မထားဘူး။ အေျခအေနကိုၾကည့္ၿပီး ေရာက္လာႏိုင္တယ္ဆိုတာကို ေတာ့ တြက္ဆၾကတယ္။ နည္းနည္းအသံထြက္တယ္။ ဒါေပမယ့္ မျဖစ္ဖူးတဲ့ အေျခအေနမွာ သူတို႔စိတ္ထဲ လည္း ျဖစ္လာမွာမဟုတ္ပါဘူးဆိုတဲ့ စိတ္ေတြက ေတာ္ေတာ္မ်ားမ်ားမွာ ရွိခဲ့တယ္။ အဲဒါက ဘယ္မွာ သိသာသလဲဆိုေတာ့ အခုတိုက္ပြဲေတြျဖစ္မွပဲ အျမန္ေရွာင္ဖို႔၊ အျမန္ထြက္ဖို႔၊ ေနာက္ဆုံးေလယာဥ္ လက္ မွတ္ကို မတန္တဆေဈးေပးၿပီး ခ်ေပးတာေတာင္ လက္မွတ္မရေတာ့ဘူး။ အခုပိုက္ဆံေပးရင္ ေနာက္ ထပ္ တစ္လေလာက္မွ ရခ်င္ရမွာ။ သူတို႔ လက္မွတ္ရဖို႔ အလုအယက္ဝယ္ၾကတယ္။ တခ်ိဳ႕ေတြက လက္မွတ္ခကို ေဈးအမ်ားႀကီး ပိုေပးၿပီး အျမန္ေရွာင္ၾကတာေတြ ျဖစ္တယ္ေပါ့ေနာ္။ ၿမိဳ႕က လူေတြ အတြက္ လုံးဝအဆန္းလို ျဖစ္ေနတာ။ မႀကဳံဖူးတဲ့ ေနာက္မ်ိဳးဆက္ေတြအတြက္ တိုက္ပြဲေရာက္လာတယ္၊ ေျမာက္ပိုင္းလို၊ ကရင္တို႔၊ ကခ်င္တို႔လိုျဖစ္ေတာ့ ဒါကဆန္းေနတယ္။ ဘာလို႔လဲဆိုေတာ့ အခုမွ လက္နက္ ႀကီး က်ၿပီးေတာ့ ဘယ္ေနရာမွာ လူဘယ္ႏွေယာက္ ဘာျဖစ္သြားၿပီ၊ ေဆး႐ုံကို လူေတြဘယ္ေလာက္ ေရာက္လာၿပီ၊ ဘာေတြျဖစ္သြားၿပီဆိုမွ သူတို႔ နဖူးေတြ႕၊ ဒူး ေတြ႕လာတာ။ သူတို႔အတြက္ ေရွ႕မွာ နည္း နည္းလန႔္ ေနခဲ့တာက စတည္းက လမ္းပိတ္ထားေတာ့ သူတို႔ဆီ သယ္လို႔မရတဲ့အခ်ိန္မွာ အဲဒီတည္းက ရိပ္ေတာ့ ရိပ္မိတယ္။ ကုန္စည္ အခက္အခဲပဲ ျဖစ္တာပါ၊ တိုက္ပြဲက ေရာက္မလာေလာက္ဘူး အေကာင္း ေမွ်ာ္လင့္ၾကတယ္။ အခုတိုက္ပြဲလည္း ေရာက္လာေရာ Surprise လည္း ျဖစ္တယ္။ ေသြးလည္း ပ်က္ သြားတာေပါ့။ ဘာလို႔လဲဆိုေတာ့ ၾကက္သားတစ္ပိႆာ ႏွစ္ေသာင္းခြဲဗ်ာ ေနာက္ၿပီးေတာ့ ၾကက္ဥ တစ္လုံးကို ရွစ္ရာ အဲဒီလို သူတို႔တခါမွာ မျမင္ဖူးတာ၊ မၾကားဖူးတာ ျမင္ရတယ္။ ဖေယာင္းတိုင္ဆိုရင္ လည္း တစ္ထုပ္ကို ေထာင္ဂဏန္းေတြ ခ်ီၿပီးတက္သြားတယ္။ အိမ္ေတြမွာ ေရနံဆီ မီးခြက္ေတြ လုပ္ၿပီး ေတာ့ ေရနံဆီတစ္ပုလင္း ကို(၄၀ဝဝ)နဲ႔ ယူၿပီးေတာ့ ေရနံဆီ မီးခြက္ႀကီးေတြနဲ႔ ေနတဲ့ဘဝကို ေရာက္သြား တယ္ေပါ့။ ဟိုးအရင္ဘဝကို ျပန္ေရာက္သြားတယ္ဆိုတာ သူတို႔ကိုယ္တိုင္ အံ့ဩေနတယ္။ ၿပီးေတာ့ သံ တြဲမွာ ကုန္းေဈးႏႈန္းေတြကလည္း တက္သြားတဲ့အခါ အသားငါး ဝယ္စားဖို႔ဆိုတာထက္ ၾကက္ဥတစ္လုံး ေတာင္ ရွစ္ရာဆိုေတာ့ အရင္ကၾကက္ဥတစ္လုံး၊ အာလူးတစ္ျခမ္းနဲ႔ စားရတဲ့ ဘဝမ်ိဳးျဖစ္သြားတယ္။ သူတို႔အတြက္ေတာ့ မႀကဳံဖူးတာ၊ အခုမွ ႀကဳံရတာဆိုေတာ့ အသစ္အဆန္းႀကီး ျဖစ္ေနတယ္။ ကရင္တို႔၊ ကခ်င္ တို႔မွာ ဟိုးအရင္တည္းက ခံစားခဲ့ရတာကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတဲ့အခ်ိန္မွာ အခု ေနာက္ပိုင္းလူေတြ သိသြားတာေပါ့။ ပါးစပ္ကေျပာတာက ဘယ္ေလာက္လြယ္တယ္၊ လက္ရွိ ေရာက္လာတဲ့အခ်ိန္မွာ ဘာျဖစ္သြားတယ္ ဆိုတာကေတာ့ အခုမွ မ်က္ဝါးထင္ထင္ျဖစ္ေတာ့ အံ့ဩတာေပါ့။

ေမး - ၿမိဳ႕ခံ ဘယ္ေလာက္ရာခိုင္ႏႈန္းေလာက္က ၿမိဳ႕မွာက်န္ၿပီး ဘယ္ေနရာေတြကို စစ္ေဘးေရွာင္သြား ၾကပါသလဲ။
ေျဖ - အခုလာတဲ့သူေတြလည္း လာၾကၿပီ။ တခ်ိဳ႕ေတြကေတာ့ ဟိုမွာကိုယ့္အိမ္ေတြ၊ ကိုယ့္ၿခံေတြကို ပစ္ထားခဲ့ၿပီးေတာ့ လာၾကတာ။ တခ်ိဳ႕ေတြ စီးပြားရွိတဲ့သူေတြကလည္း ဟိုကပစၥည္းေတြကို ရတဲ့ေဈးနဲ႔ ေရာင္း၊ ဒီမွာ အခန္းဝယ္လိုဝယ္၊ ငွားလိုငွား စီးပြားေျပာင္းေ႐ႊ႕ၿပီး ေနတဲ့သူလည္းေနၾကၿပီ။ ကြၽန္ေတာ္ ထင္တယ္ သံတြဲၿမိဳ႕မေဈးမွာ ေဈးဖြင့္တဲ့သူေတြကို ေမးၾကည့္သေလာက္ကေတာ့ ဟင္းသီးဟင္း႐ြက္ လာေရာင္းတဲ့သူေတြ၊ အသားငါးေရာင္းတဲ့သူေတြ က်န္တဲ့သူေတြ နည္းနည္းေလာက္ပဲရွိေတာ့ ေဈးမွာ ေရာင္းတဲ့သူရဲ႕ သုံးခ်ိဳးတစ္ခ်ိဳးပဲ က်န္တယ္ဆိုတယ္။ သံတြဲၿမိဳ႕ရဲ႕ ထြက္ခြာမႈႏႈန္းကလည္း မေရာက္ေသး တဲ့သူေတြ ရွိေသးတယ္၊ ထပ္လာမယ့္သူေတြ ရွိေသးတယ္ဆိုေတာ့ ကြၽန္ေတာ္ထင္တယ္ ပိုက္ဆံရွိနဲ႔ အ လယ္လတ္တန္းစား လူကထြက္လာတယ္ဆိုရင္ တဝက္နဲ႔ (၆၀)ရာခိုင္ႏႈန္းကေတာ့ အခု ၿမိဳ႕ကေန ထြက္ သြားမယ္။ က်န္တဲ့ ႐ြာေတြကလူေတြ က်န္ခဲ့မယ္။

အခု ရန္ကုန္ၿမိဳ႕ကို လာမယ္၊ ကားေသး ေသးေလးနဲ႔ လာမယ္ဆိုရင္ေတာင္ တစ္ေယာက္ကို ႏွစ္သိန္းကေန ငါးသိန္းၾကားေလာက္ကို ကုန္က်စရိတ္ရွိေတာ့ ဒါကေငြတတ္ႏိုင္တဲ့သူမွ လာႏိုင္မယ့္ အ ေနအထား ျဖစ္သြားၿပီ။ အျမင့္ဆုံးေလးဆယ္ေပါ့။ ေနာက္ဆုံးၿမိဳ႕မွာ က်န္ခဲ့မွာ။ ဒါက အေကာင္းျမင္ၿပီး ထြက္ထားတာ။ ကြၽန္ေတာ္ထင္တယ္ (၇၅) ရာခိုင္ႏႈန္း ထြက္ၿပီး (၂၅) ရာခိုင္ႏႈန္းက်န္ခဲ့တာေတာင္ ျဖစ္ ေကာင္း ျဖစ္သြားႏိုင္တယ္။

ေမး - သံတြဲဟာ စီးပြားေရးေကာင္းတဲ့ ၿမိဳ႕လည္း ျဖစ္တဲ့အခါမွာ တိုက္ပြဲေတြေၾကာင့္ ၿမိဳ႕ရဲ႕ စီးပြားေရးက ဘယ္ေလာက္အထိ ထိခိုက္သြားလဲ၊ ေဒသခံေတြရဲ႕ လူမႈစီးပြားဘဝ ဘယ္ေလာက္အထိ ထိခိုက္သြားတယ္ လို႔ ျမင္လဲ။
ေျဖ - အခုလက္ရွိ ဆိုင္ခန္းေတြ၊ ဆိုင္ခြဲေပါင္းမ်ားစြာ ပိုင္တဲ့သူေတြ၊ ေနာက္ၿပီးေတာ့ ေ႐ႊဆိုင္ေတြ တည္ ေထာင္ထားတဲ့သူေတြ၊ သံတြဲၿမိဳ႕ရဲ႕ ၿမိဳ႕မ်က္ႏွာဖုံးလို႔ ေျပာရမယ့္သူေတြ အမ်ားစုရန္ကုန္ကို တက္လာၾက တယ္။ အဲဒီမွာရွိတဲ့ အိမ္ေတြ၊ ၿခံေတြ ဒီအတိုင္း ပစ္ထားခဲ့တယ္။ ဒါေတြကို တျခားသူေတြလည္း တက္ၿပီး ေနရင္ေနမယ္ ဒါေပမဲ့ စိတ္မခ်ရတဲ့ၾကားက ငါတို႔ အသက္ရွင္ရင္ၿပီးၿပီဆိုၿပီး လာရတဲ့အေနအထားျဖစ္ သြားတယ္။ သူတို႔ဒီမွာ တစ္ကေန ျပန္စၾကရတယ္။ အခုတိုက္ပြဲ ျဖစ္တယ္။ စစ္ပြဲေတြေၾကာင့္ ရန္ကုန္ကို လာရတယ္။ၿပီးေတာ့ သူတို႔ဘဝ အသစ္စၿပီးေတာ့ တည္ေထာင္ရမယ့္ အေနအထား ျဖစ္သြားတယ္။ ကြၽန္ေတာ္ထင္ပါတယ္။ အေနအထားကေတာ့ အရင္က အေနအထားနဲ႔ဆို ေျပာင္းျပန္ႀကီးေတာင္ ေျပာင္းလဲသြားတယ္လို႔ ေျပာလို႔ရတယ္။ ဆိုင္သမားတခ်ိဳ႕ကေကာ ဆိုင္ျပန္ဖြင့္ပါ့မလား၊ ေနာက္ၿပီးေတာ့ ပညာတတ္ လူတန္းစားေတြၿမိဳ႕ကို စြန႔္ခြာၿပီးေတာ့ လာၾကတယ္ဆိုရင္ အဲဒီလူေတြကေကာ ၿမိဳ႕ကို အေၾကာင္းအရာ တစ္ခုေၾကာင့္ မဟုတ္ဘဲ ဒီအတိုင္း ျပန္ၿပီးေတာ့ သြားဖို႔အစီစဥ္ရွိေသးရဲ႕လားဆိုတာ အမ်ားႀကီးေတြးရင္ ကြၽန္ေတာ္ထင္ပါတယ္ သုံးခ်ိဳးႏွစ္ခ်ိဳးေလာက္က မျပန္ေလာက္ၾကေတာ့ဘူး ထင္တယ္။ ပညာတတ္ေတြ မျပန္ၾကေတာ့ဘူး၊ စီးပြားေရးလည္း ဒီမွာနည္းနည္း လုပ္လို႔ရတဲ့သူေတြ မျပန္ၾကေတာ့ဘူး၊ လူငယ္ေတြ မျပန္ၾကေတာ့ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္ထင္တယ္ ၿမိဳ႕ကအမ်ားႀကီး ထိခိုက္သြားမွာ။ အခုေတာင္မွ ဟို႐ြာက လာေရာင္းမွစားရတယ္ဆိုတာ ျဖစ္ေနၿပီဆိုေတာ့ စားေရး၊ ေသာက္ေရးၿပီးေတာ့ စီးပြားေရး။ စားေရး၊ေသာက္ေရး ဆိုတာမွာ ကုန္စည္ စီးဆင္းမႈအရ ကုန္ပစၥည္း လည္း ကန႔္သတ္ထားတယ္၊ ေဆးဝါးလည္း ကန႔္သတ္ထားတယ္ဆိုေတာ့ သံတြဲ ကလာတဲ့သူဟာ စိတ္ဒဏ္ရာ ရသြားၿပီ။ အဲဒီကိုျပန္ရင္ ေဆးမရတာျဖစ္မလား၊ အစားအေသာက္ ခက္ခဲမလား၊ ရန္ကုန္ကို လာလို႔ ၾကက္ဥတစ္လုံး ေငြသုံးရာ နဲ႔ ရရင္ဟိုမွာ ရွစ္ရာ၊ ငါတို႔ျပန္ရင္ ေကာင္းပါ့မလား အမ်ားႀကီး စဥ္းစားၿပီးေတာ့ ေအးခ်မ္းသြားရင္ေတာ့ ဆုံးျဖတ္ခ်က္ခ်မယ့္သူေတြက ဟိုမွာရွိတဲ့စီးပြားကို ငါတို႔ ေရာင္းလိုက္မလား၊ ငွားလိုက္မလား လုပ္ၿပီး သူတို႔အတြက္ စိတ္ခ်ရတဲ့ေနရာမ်ိဳးေတြမွာ ေနဖို႔ေ႐ြး ခ်ယ္တာ ျဖစ္လာႏိုင္တယ္။ အဲဒါဆိုရင္ေတာ့ ၿမိဳ႕ရဲ႕ စီးပြားေရး၊ လူမႈေရးက အမ်ားႀကီး ထိခိုက္သြားႏိုင္ တယ္လို႔ ကြၽန္ေတာ္ထင္တယ္။

ေမး - တိုက္ပြဲေၾကာင့္ ေဒသခံေပါ့ေနာ္ ေနရပ္စြန႔္ ခြာရသူေတြအတြက္ လူေနမႈပုံစံေတြေကာ ေျပာင္း သြားလား
ေျဖ - လူေနမႈပုံစံေတြက လုံးဝေျပာင္းလဲသြားတယ္ေပါ့။ လူေနမႈပုံစံဆိုတာမွာ အနီးစပ္ဆုံးေျပာရရင္ နယ္ က အိမ္ေတြ၊ ၿခံေတြ ဘယ္လိုေျပာမလဲဆို ႐ြာေတြမွာ အိမ္ႀကီးရခိုင္နဲ႔ ေနခဲ့တဲ့သူေတြ အခုမတတ္သာလို႔ သူတို႔စီးပြားကို ေရာင္းခ်ၿပီး ေျပာင္းေ႐ႊ႕လာတဲ့ အခ်ိန္ မွာ ဒီၿမိဳ႕ႀကီးမွာေနဖို႔၊ ထိုင္ဖို႔ခက္တယ္။ ဒါက ႏွိမ္ ေျပာတာမဟုတ္ဘူး။ ဟိုမွာသူတို႔ ၿခံနဲ႔ ဝန္းနဲ႔ ေနခဲ့တာ။ သူတို႔မွာ ေရတြင္း၊ ေရကန္ နဲ႔ အေပၚထပ္ ေအာက္ထပ္ နဲ႔ ေနခဲ့ၿပီးေတာ့ ရန္ကုန္က တိုက္ခန္းေတြက သူတို႔ အတြက္ စိတ္မြန္းက်ပ္တာေတြ၊ တစ္ခ်ိန္လုံး သူတို႔ အဆင္မေျပခဲ့တာေတြ၊ အခုဒီကာလေၾကာင့္ သူတို႔ ပိုင္ဆိုင္မႈ ယိုယြင္းသြားတာေၾကာင့္ စိတ္ဒဏ္ရာရတာေတြေပါ့။ သူတို႔မွာ စိတ္ဒဏ္ရာလည္းပါလာတယ္။ ေနာက္ၿပီး သူတို႔ေနရထိုင္ရတာက က်ဥ္းက်ဥ္းက်ပ္က်ပ္ ေနရတယ္။ ဒီက တိုက္ခန္းေလးထဲမွာ အသက္ရႉ မဝဘူး။ ငါ့က်န္းမာေရး ဘယ္လို ျဖစ္တယ္၊ ဟိုမွာ ေလဘယ္လိုရႉလို႔ရတယ္ဆိုတာ ေျပာတဲ့သူေတြ အမ်ားႀကီး ျဖစ္လာတယ္။ ငါတို႔ ျပန္လို႔ ရပါဦးမလား ေတြးေနတာကလည္း သူတို႔စိတ္ကို ေျခာက္လွန႔္မႈေကာ၊ စိတ္ဒဏ္ရာရသလို ျဖစ္သြား တယ္။ ဟိုမွာ သူတို႔ ဘဝကိုတည္ေဆာက္ထားခဲ့တာ ျဖစ္တဲ့အတြက္ ဟိုမွာ သူတို႔ အဆင္ေျပတယ္။ ဒီမွာ မိတ္အသစ္ေတြ တည္ေထာင္ရတယ္၊ ရန္ကုန္မွာ စီးပြားေရးလုပ္လို႔ ျဖစ္ပါ့မလား အရာရာဟာ အေျပာင္းအလဲ ျဖစ္သြားသလို စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာရၿပီး မယုံၾကည္ႏိုင္ေလာက္တဲ့ အေျပာင္းအလဲ ျဖစ္သြားတယ္လို႔ စိတ္ပိုင္းဆိုင္ရာ ခံစားေနရတာေတြ မ်ားတယ္။

ေမး - လက္ရွိ ရခိုင္ျပည္နယ္အေရးကေတာ့ ရႈပ္ေထြးေနတာေပါ့။ ဆိုေတာ့ AA ရဲ႕ လက္ေအာက္ ေရာက္ရင္၊ အုပ္ခ်ဳပ္မႈေအာက္ အဆင္ေျပမယ္ထင္လား။
ေျဖ - ကြၽန္ေတာ္တို႔ဆီက လူေတြက ေျဖရွင္းနည္းကို ရွာတဲ့အခါ ကုတဲ့နည္းက မွားေတာ့မွားေနတယ္ ဆို တာ ဘယ္သူမွလက္မခံဘူး။ ခ်ပစ္လိုက္ကြာ၊ ခ်ပစ္လိုက္ရင္ ၿပီးသြားတာပဲဆိုတာ။ ကိုယ့္ေရွ႕ကို ေရာက္ မလာေသးသေ႐ြ႕ လူက ဒီလိုစကားမ်ိဳးထြက္တယ္ဆိုတာ ျဖစ္လာတယ္။ အခု ကိုယ့္ေရွ႕ကို တကယ္ ေရာက္လာတယ္။ သံတြဲက လူေတြက ႏွစ္ဖက္စလုံးကလည္း မပစ္နဲ႔၊ မခတ္နဲ႔ ကြၽန္ေတာ္တို႔ကို သုံးရက္ သို႔မဟုတ္ ငါးရက္ အခ်ိန္ေပး မွန္တာကို ေျပာဆိုၿပီး စစ္တမ္းေကာက္မယ္။ ဘယ္ဘဝမ်ိဳးလိုခ်င္လဲဆိုတဲ့ စစ္တမ္းေပါ့။ ဘာစကားသံထြက္မလဲဆိုရင္ ေသခ်ာတယ္ေလ။ အခုေျပာေနၿပီး ႏွစ္ဖက္စလုံးက နင္တို႔ အတြက္ခ်ည္းပဲ လုပ္ေနတယ္။ ျပည္သူက ဘယ္လိုျဖစ္ေနၿပီဆိုတဲ့ အသံေတြ ထြက္ေနၿပီ။ ဘယ္သူ အုပ္ခ်ဳပ္ပါတယ္ မေျပာဘဲနဲ႔ သံတြဲၿမိဳ႕ခံေတြ ေျပာတာက ငါတို႔ဟိုးအရင္လို ေအးေအးခ်မ္းခ်မ္းေလး ေနရမယ္၊ စားတာ ေသာက္တာ ပုံမွန္ေလးနဲ႔ ေဆးဝါးနဲ႔ က်န္းက်န္းမာမာ ေနရမယ္ဆိုရင္ ေဈးတက္တာ တက္ပေလ့ေစ ေအးေအးခ်မ္းခ်မ္းေနရရင္ ေတာ္ပါၿပီလို႔ ေျပာလာတဲ့လူက လူ(၁၀ဝ)မွာ (၈၀)ေလာက္ ျဖစ္သြားၿပီဗ်။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက ေနရာတစ္ခုမွာ တိုက္ပြဲ ဆိုတာ မေရာက္လာရင္ေကာင္း တယ္။ ေရာက္လာၿပီဆိုတာနဲ႔ အဲဒါဟာ အၿမဲတမ္း အႂကြင္းအက်န္ အျဖစ္နဲ႔ ဘယ္ေတာ့မွ မျပတ္ပဲ က်န္ခဲ့တာ မ်ားတယ္ေလ။

ေမး - သံတြဲရဲ႕ အေျခအေနက လက္ရွိမွာ ေအးခ်မ္းသြားမယ့္ အေျခအေနမ်ိဳးရွိမယ္ ေမွ်ာ္လင့္လား။
ေျဖ - ကြၽန္ေတာ္တို႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တိုက္ပြဲျဖစ္ခဲ့တယ္။ ေျမာက္ပိုင္းမွာ ၿငိမ္းေအးသြားတဲ့ ကာလေရာက္ခဲ့တယ္။ ဒါေပမဲ့ အခုတိုက္ပြဲ ျပန္ျဖစ္ေတာ့လည္း အဲဒီ႐ြာေတြမွာပဲ တေက်ာ့ျပန္ ျဖစ္တာပဲ။ အဲဒီေနရာကိုပဲ သံသရာလည္ၿပီး ျပန္ေရာက္ေတာ့ သံတြဲမွာ အဲ့ဒီဆဲလ္တစ္ခုဝင္သြားၿပီ ျဖစ္တဲ့အတြက္ ဒါႀကီး အျမစ္ျပတ္ဖို႔၊ ေအးဖို႔က ဆုေတာင္း ႐ုံကလြဲၿပီး ဘာမွမတတ္ႏိုင္ဘူး ျဖစ္သြားၿပီ။ ေအး လိုက္၊ ျပန္ျဖစ္လိုက္ဆိုတဲ့ ကာလေတြကလည္း အရင္က သမိုင္းမွာလည္း သာဓက ရွိဖူးေတာ့ အဲဒီလို ျဖစ္လာမလားပဲ စိုးရိမ္ရတာေပါ့။

ေမး - လက္ရွိ ရခိုင္ျပည္နယ္မွာ AA ဘက္ကလည္း နယ္ေျမထိန္းခ်ဳပ္မႈေတြ ရွိေနတယ္။ AA ရဲ႕ အရပ္ ဘက္ အုပ္ခ်ဳပ္ေရးလုပ္မယ္ဆိုရင္ ေဒသခံတစ္ေယာက္အေနနဲ႔ အဆင္ေျပမယ္ထင္လား။
ေျဖ - အုပ္ခ်ဳပ္မႈကိုေျပာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အလုပ္ေတြ လုပ္တာနဲ႔ အတူတူပဲ။ လုပ္ငန္း အေတြ႕ အႀကဳံ ဘယ္ေလာက္ရွိသလဲဆိုတာေပါ့။ အစိုးရ လုပ္တယ္ဆိုတာက တိုက္တဲ့အခ်ိန္မွာ လြယ္တယ္၊ အစိုးရ တက္လုပ္မယ္ဆိုရင္ မလြယ္ေတာ့ဘူးဆိုတဲ့ ျပႆနာရွိတယ္။ နံပါတ္တစ္က ေငြေၾကးျပႆနာ ေပါ့။ ကြၽန္ေတာ္ ျမန္မာေငြကိုသုံးမလား၊ ကိုယ့္ဟာနဲ႔ကိုယ္ ထုတ္မလား ဒါေတြျပႆနာရွိလာၿပီ။ ဟုတ္ၿပီ ငါတို႔က ေငြထုတ္မယ္ေပါ့ဗ်ာ တင္စရာ ပိုက္ဆံပမာဏရွိသလား အမ်ားႀကီးပဲ။ အဲဒါဆိုရင္ ဒီဟာေတြ မရဘူးဆိုရင္ ဒီကလူေတြနဲ႔ပဲ ဆက္ၿပီး လုပ္ရေတာ့မယ္ဗ်ာ။ အဲဒီမွာတင္ တစ္ဆင့္ေလ်ာ့သြားၿပီ။ အဲဒါၿပီး ေတာ့ ဒီကဘဏ္ေတြ မရွိရင္ စီးပြားေရးလည္ပတ္ဖို႔ လြယ္မလားစဥ္စားရၿပီ။

ၿပီးေတာ့ ငါတို႔ အုပ္ခ်ဳပ္မႈကို ယုံၾကည္ၿပီး ဘယ္သူက ရင္းႏွီးျမႇဳပ္ႏွံမႈ လာလုပ္မလဲ၊ ငါတို႔ တိုက္ပြဲ လုပ္ခဲ့လို႔ ထြက္သြားတဲ့ သူေတြက ျပန္လာမလားဆိုတာ စဥ္းစားရေတာ့မယ္။ သူတို႔ကို ယုံၾကည္မွ ျပန္ မွာေလ မယုံရင္မျပန္ေတာ့ဘူး။ အုပ္ခ်ဳပ္ေရး ယႏၲရားကို လည္ပတ္ဖို႔ဆိုတာက စီးပြားေရးသမားနဲ႔ ဆိုင္ တဲ့အတြက္ အဲဒါေတြကို သူတို႔ Frame ခ်ႏိုင္မလား။ ေနာက္တစ္ခ်က္က ကြၽန္ေတာ္ထင္ပါတယ္။ အခုအ ခ်ိန္မွာ ဘယ္သူေတြ ဘာေတြပဲေျပာေနေျပာေန ဥပမာ AA ရသြားလို႔ အုပ္ခ်ဳပ္မယ္ဆိုရင္လည္း အစက ေန အဆုံးအထိ ျပန္ထူေထာင္ရမွာ အမ်ားႀကီးပဲ။ အဲဒါကို တာဝန္ခံႏိုင္လား ေခါင္းခံႏိုင္လား။ ဒါမွမဟုတ္ ပဲနဲ႔ အခု ကရင္ေတြ ကခ်င္ေတြ ဘက္မွာလို ဒီအတိုင္း အမိန႔္အာဏာနဲ႔ အုပ္ခ်ဳပ္မလား အဲဒါဆိုရင္ေတာ့ ကြဲျပားတာေတြ အမ်ားႀကီး ျဖစ္လာလိမ့္မယ္။ ၿပီးေတာ့ ကြၽန္ေတာ္ထင္ပါတယ္။ အခု ႏွစ္ဖက္က ညႇိမရ ဘူးျဖစ္ေနေပမယ့္ လမ္းေပၚမွာဘုံခရီးတစ္ခု အတူေရာက္ရင္ေတာ့ တိုက္ေနလို႔ ၿပီးတာမဟုတ္ဘူး။ ႏိုင္ငံေရး စကားေျပာၿပီး ေဆြးေႏြးၿပီးေတာ့ ငါလိုခ်င္တာခ်ည္းပဲ တင္းထားလို႔လည္း မရဘူး။ ေျဖေလွ်ာ့ သင့္တာ ေျဖေလွ်ာ့ၿပီးေတာ့ ျပည္သူ မနစ္နာမယ့္လမ္းေပါ့။ ျပည္သူ ျပည္သူလို႔ ပါးစပ္ထဲမွာ စကား ထည့္ၿပီးေျပာေနရင္ အခု ဥစၥာ ျပည္သူက နာေနၿပီေလ။ ျပည္သူအတြက္ ဘယ္ေနရာမွာ သေဘာတူ ၾကမလဲ ပြိဳင့္ တစ္ခုမွ ထားၿပီးေတာ့ ရပ္ၾကမယ္ဆိုၿပီး ဆုတ္မွအဆင္ေျပၾကမွာ။ အခုက ေဆးဝါးမဝင္ ကုန္ပစၥည္း ေဈးတက္၊ မီးမရ၊ ေရမရ ျပည္သူကအမ်ားႀကီးျဖစ္ေနၿပီ။ ကြၽန္ေတာ္တို႔ထင္ပါတယ္ အုပ္ခ်ဳပ္ မယ့္လမ္းစဥ္ဆိုတာက ေဝးေသးတယ္။ အုပ္ခ်ဳပ္မယ္ဆိုရင္ မူဝါဒဆြဲရမယ္ အမ်ားႀကီးလုပ္ရမယ္။ ႏိုင္တိုင္းဆိုၿပီး ဝုန္းဆို ထလုပ္မယ္ဆိုရင္ေတာ့ အကုန္က ၿဗဲလရမ္း ကြဲၿပဲထြက္ေနသြားမွာ။ ကရင္နီ မွာလည္း ပထမအုပ္ခ်ဳပ္လို႔ ရတယ္ စာေတြထုတ္တယ္၊ မူဝါဒေတြ ထုတ္တယ္။ မ်ိဳးစုံလုပ္တယ္။ ဒါေပမဲ့ သူတို႔ တကယ္ေရာ ျပန္လည္ထူေထာင္လို႔ ရလို႔လား။ သူတို႔ ဩဇာကေကာ ဘယ္ေလာက္ႀကီးမားလို႔လဲ။ အညာေတြမွာေကာ ဟိုစာ ထုတ္တယ္။ဒီစာထုတ္တယ္။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ ထိေရာက္ေအာင္ သူတို႔ ဩဇာသက္က သြားသလား။ စာတစ္ေစာင္ထုတ္ရင္ အဲဒါသည္ အမိန႔္အျဖစ္ တည္သလားေပါ့။ ဒါမွမဟုတ္ရင္ လမ္းေၾကးေတြ ေကာက္ၿပီး ဟိုေနရာေပးရ၊ ဒီေနရာေပးရ သူတို႔ကလည္း အဲဒီလို လုပ္တယ္ဆိုရင္ ရခိုင္မွာလည္း ဆင္တူကူးထားတဲ့ ပုံစံေတြသာ ျဖစ္လာမွာေပါ့။ ကြၽန္ေတာ္ထင္ပါတယ္။ အုပ္ခ်ဳပ္ေရးသြားမယ္ဆိုတာကို ရခိုင္ကလူေတြက စဥ္းစားတာ ဒီေန႔ ဘယ္လို ႏိုင္သြားၿပီ၊ ဒီေန႔ဘယ္လို အုပ္ခ်ဳပ္မယ္ဆိုတာက ကြၽန္ေတာ္ထင္ပါတယ္။ ဒီေန႔ႏိုင္လို႔ ဒီေန႔အုပ္ခ်ဳပ္လို႔ မရဘူး။

ေနာက္ၿပီးေတာ့ အဲဒီမွာ ငါတို႔ႏိုင္သြားၿပီ ဆိုၿပီး ဘယ္သူက အုပ္ခ်ဳပ္မလဲ။ တိုက္တဲ့သူေတြက ငါတို႔က အခရာက်တက္ၿပီး အုပ္ခ်ဳပ္မလားဆိုၿပီး ျပႆနာရွိတယ္။ တကယ့္ ႏိုင္ငံေရးသမားကို ေနရာ ေပးမလား၊ ငါတို႔ မူဝါဒတကယ္ဆြဲႏိုင္တဲ့လူကို ေနရာေပးမလား၊ အဲဒီလူေတြနဲ႔ ညႇိႏႈိင္းၿပီး ဘယ္လို လုပ္မလဲဆိုတာ အမ်ားႀကီး။ ေနာက္ၿပီးေတာ့ သူတို႔ဆီမွာ အဲဒီလိုပညာရွင္ေတြ ေမြးထားတာ ရွိသလား ေပါ့။ ေဘာလုံးကန္ရင္ ဖလားယူသလို ငါတို႔ ကန္တယ္။ ငါတို႔ ႏိုင္တယ္။ ငါတို႔ ဖလားယူမယ္ ဆိုတာမ်ိဳး ျဖစ္သြားမွာေပါ့။ အဲဒါေတြ အားလုံးကို ဆက္စပ္ၿပီး စဥ္းစားတာျဖစ္တဲ့အတြက္ မလြယ္ကူႏိုင္တဲ့အတြက္ အေကာင္းဆုံးကေတာ့ ျပည္သူ အထိမနာမယ့္လမ္း၊ ျပည္သူ အဆင္ေျပေစမယ့္ လမ္းကိုေတာ့ ႏွစ္ဖက္စ လုံးက စဥ္းစားတာ ပိုၿပီး ထိေရာက္မယ္၊ လက္ေတြ႕နဲ႔ ကိုက္ညီလိမ့္မယ္လို႔ သုံးသပ္ပါတယ္။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.