ပင်လယ်နီကမ်းရိုးတန်းမှာ တည်ဆောက်နေတဲ့အကြီးစား ခရီးသွားလုပ်ငန်းစီမံကိန်း The Red Sea Project (ဗဟုသုတဆောင်းပါး)
575
Pika (NP News) - ဇွန် ၂၂
Red Sea Project သည် ဆော်ဒီအာရေးဗျနိုင်ငံ ပင်လယ်နီကမ်းရိုးတန်းတွင်တည်ဆောက်နေသည့် အကြီးစား ခရီးသွားလုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ပြီး ပင်လယ်နီဟု ရည်ညွှန်းခေါ်ဆိုကြောင်းလည်းသိရသည်။ Public Investment Fund အဖွဲ့အစည်းက ပိုင်ဆိုင်သော Red Sea Global ကုမ္ပဏီက တည်ဆောက်မည့် အဆိုပါစီမံကိန်းသည် Saudi Vision 2030 အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ Red Sea Project ကို ဆော်ဒီအာရေးဗျအိမ်ရှေ့ မင်းသား မိုဟာ မက်ဘင်ဆော်လ်မန်က ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင်အပြီး သတ်နိုင်ရန်ရည်ရွယ်ထားပြီး အခန်းပေါင်း(၈) ထောင်ပါဝင်သည့် ဟိုတယ်အဆောက်အအုံ(၅၀)ခု၊ ကျွန်း(၂၂)ခုနှင့် ကုန်းတွင်းပိုင်းနေရာ(၆)ခုတွင် လူနေအိမ်ပေါင်း(၁)ထောင် ကျော်ထားရှိရန်ရည်ရွယ်ထားကြောင်းလည်း သိရသည်။ အဆိုပါစီမံကိန်းသည် ဆော်ဒီအာရေးဗျအနောက်ဘက်ကမ်းရိုးတန်း တဗက်ပြည်နယ် Umluj မြို့နှင့် Al-Wajh မြို့ကြား တွင်တည်ရှိပြီး ဧရိယာအကျယ်အဝန်း (၂၈၀ဝဝ)စတုရန်းကီလို မီတာရှိမည်လည်းဖြစ်သည်။ ယင်းဧရိယာအတွင်း ပျက်စီး ယိုယွင်းမှုမရှိသော ကမ်းလွန်ကျွန်း(၉၀)ကျော်၊ ကီလိုမီတာ(၂၀ဝ)ကျော်ရှိသော ပင်လယ် နီကမ်းရိုးတန်း၊ ကမ်းခြေများ၊ သဲကန္တာရ၊ တောင်တန်းများနှင့် မီးတောင်များပါဝင်မည်ဖြစ်ကြောင်း လည်းသိရသည်။ ထို့ပြင် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်များနှင့် ဒီရေတောများအပြင် အရေးကြီးသော မျိုးစိတ်များပါဝင်သည့် (၂၀၈၁)စတုရန်းကီလို မီတာကျယ်ဝန်းသော Al Wajh ရေကန်လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ Red Sea Project အတွက် ခန့်မှန်းခြေ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိ ကန်ဒေါ်လာ(၂၈)ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားကြသည်။
Red Sea Project ဖြစ်လာခဲ့တဲ့ သမိုင်းကြောင်း
Red Sea Project ကို ဆော်ဒီအာရေးဗျနိုင်ငံ၏ ရေနံအပေါ်မှီခိုအားထားမှုကို လျှော့ချရန်၊ နိုင်ငံတွင်း စီးပွားရေး ကိုကွဲပြားစေရန်နှင့် အများပြည်သူဝန် ဆောင်မှုကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစီအစဉ်တစ်ခုဖြစ်သည့် Saudi Vision ၂၀၃၀ ၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်က ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို Public Investment Fund အဖွဲ့ အစည်းက တည်ထောင်ခဲ့သည့် ကုမ္ပဏီများစွာထဲက တစ်ခုဖြစ်သော Red Sea Global ကုမ္ပဏီက တည်ဆောက်မည် လည်းဖြစ်သည်။ Red Sea Project အတွက် တည်ဆောက်မှုများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ အဆိုပါစီမံကိန်း၏ ပထမဆုံးဟိုတယ်(၃)လုံးကို ၂၀၂၃ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး အခြားဟိုတယ်(၁၆)လုံး၊ ပင်လယ်နီနိုင်ငံတကာလေဆိပ်၊ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် လှေဆိပ်တစ်ခု၊ သမိုင်းဝင်နေရာများနှင့် အပန်းဖြေစခန်းများကို ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်ရန် မျှော်လင့်ထား ကြောင်းသိရ သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် Red Sea Project ၏ ပထမဆုံး ခရီးသွားနေရာဖြစ်သော Six Senses Southern Dunes ဟိုတယ်ကို ဧည့်သည်များအတွက် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Red Sea Project ၏ ဒုတိယ ခရီးသွားနေရာနှင့် ပထမဆုံး ကျွန်းအပန်းဖြေစခန်း ဖြစ်သော St. Regis Hotels & Resorts ကို Ummahat ကျွန်းစုများတွင် ဖွင့်လှစ်ခဲ့သည်။ ပြီးခဲ့သည့်မေလတွင် Nujuma, a Ritz-Carlton Reserve ဟိုတယ်ကို Ummahat ကျွန်းစုများတွင် ထပ်မံဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ခရီးသွားနေရာများ
Red Sea Project တွင် ၂၀၂၄ ခုနှစ်အထိ ခရီးသွားနေရာ(၅)နေရာ ပါဝင်မည်ဖြစ်ပြီး ခရီးသွားနေရာ နှစ်ခုဖြစ် သော Southern Dune နှင့် Desert Rock တို့သည် ကုန်းတွင်းပိုင်းတွင် တည်ရှိမည်ဖြစ်သည်။ အခြားခရီးသွားနေရာ (၃)ခုမှာ ကျွန်းစု(၉၂)ခုအနက် (၃)ခုတွင် တည်ရှိ မည်ဖြစ်သည်။
ရှူရာ (Shura) ကျွန်း
ရှူရာကျွန်းသည် Red Sea Project ၏ အဓိက အချက်အချာကျသော ကျွန်းတစ်ခုဖြစ်သည်။ ထို့ပြင် ရှူရာကျွန်း သည် Red Sea Project ၏ ရည်မှန်း ချက်အထားဆုံး ဆောက်လုပ်ရေးစီမံကိန်းဖြစ်သော Coral Bloom သုခဘုံ၏ နေအိမ်လည်းဖြစ်သည်။ Coral Bloom သုခဘုံကို ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ထုတ်ပြန်ပြသခဲ့ ခြင်းဖြစ်ပြီး လန်ဒန်အခြေစိုက် ဗိသုကာပညာကုမ္ပဏီ Foster + Partners က ဒီဇိုင်းဆွဲထားကြောင်း သိရသည်။ ရှူရာကျွန်းတွင် Hyatt, Fairmont, Inter Continental, Rosewood, Jumeirah, Faena, Raffles, Miraval, Edition နှင့် SLS တို့အပါအဝင် အမျိုးမျိုးသောတံဆိပ်များမှ ဟိုတယ် (၁၁)လုံး ကို တည်ဆောက်သွားမည်လည်းဖြစ်သည်။ ရှူနရာကျွန်းတွင် ဆော်ဒီအာရေးဗျ၏ ပထမဆုံး(၁၈)ကျင်းပါသော ဂေါက် ကွင်း Shura Links နှင့် clubhouse လည်း ပါဝင်မည်ဖြစ်သည်။ (၇၅၀ဝ)ကိုက် အကျယ်ရှိသော ဂေါက်ကွင်းကို ဂေါက်ကွင်း ဗိသုကာပညာရှင် Brian Curley က ဒီဇိုင်းဆွဲ ထားခြင်းဖြစ်ပြီး clubhouse ကို Foster + Partners ကုမ္ပဏီက ဒီဇိုင်းဆွဲထားကာ ၂၀၂၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြသည်။ ထို့ပြင် ရှူရာကျွန်းနှင့် ဆော်ဒီအာရေးဗျ ကုန်းတွင်းပိုင်းကို အရှည်(၁ ဒသမ ၂)ကီလိုမီတာရှိသောတံတားဖြင့် ချိတ်ဆက်ထားမည်ဖြစ်ပြီး အဆိုပါတံတားကို ဂရိနိုင်ငံ အေသင်မြို့အခြေစိုက်ဆောက်လုပ်ရေး ကုမ္ပဏီ Archirodon က ဒီဇိုင်းဆွဲကာ ဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် Red Sea Global ကုမ္ပဏီသည် ရှူရာကျွန်းပေါ်တွင် Four Seasons အပန်းဖြေဟို တယ်ကို ဖွင့်လှစ်ရန်အတွက် Kingdom Holding ကုမ္ပဏီနှင့် အမေရိကန်ဒေါ်လာ(၅၃၃)သန်းတန်ဖိုးရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ၤသကမ ှနျေသညျ အပန်းဖြေဟိုတယ်ကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်ရန် မျှော်မှန်း ထားကြသည်။
Ummahat ကျွန်းစု
Ummahat ကျွန်းစုသည် St. Regis Red Sea Resort ဟိုတယ်နှင့် Nujuma, a Ritz Carlton Reserve ဟိုတယ် တို့တည်ရှိသည့် ကျွန်းစုဖြစ်သည်။ အဆိုပါ ဟိုတယ်နှစ်ခုစလုံးကို ရေပေါ်ရှပ်ပြေးလေယာဉ် သို့မဟုတ် စင်းလုံးငှား လှေဖြင့် ဝင်ရောက်နိုင်ကြောင်းလည်းသိရသည်။ St. Regis Red Sea Resort ဟိုတယ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သည့် ပထမဆုံးကျွန်းအပန်းဖြေစခန်းဖြစ်ပြီး ဂျပန်ဗိသုကာ ပညာရှင် Kengo Kuma ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ Nujuma, a Ritz-Carlton Reserve ဟိုတယ်ကို ၂၀၂၄ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသတွင် ဈေးအကြီးဆုံးဟိုတယ်တစ်ခုဖြစ်သည်။ Nujuma, a Ritz-Carlton Reserve ဟိုတယ်တွင် တစ်ညတည်းခိုခ သည် အမေရိကန်ဒေါ်လာ(၃၄၃၁)ဒေါ်လာ ကုန်ကျကြောင်းလည်းသိရသည်။ Nujuma, a Ritz-Carlton Reserve ဟိုတယ်တွင် အပန်းဖြေဇိမ်ခံအိမ် (၆၃)လုံးရှိပြီး တစ်ခုချင်းစီတွင် sea view ပါသည့် သီးသန့်ရေကူးကန်ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်ကို Foster + Partners ကုမ္ပဏီက ဒီဇိုင်း ဆွဲထားခြင်းဖြစ်သည်။
Sheybarah ကျွန်း
Sheybarah ကျွန်းသည် Red Sea Global ကုမ္ပဏီက ဖန်တီးထားကာ Shebara ဟုအမည်ပေး ထားသော အခန်း(၇၃)ခန်းပါ ဇိမ်ခံဟိုတယ် Shebara Resort တည်ရှိရာနေရာဖြစ်သည်။ အဆိုပါ အပန်းဖြေစခန်းတွင် ဒူဘိုင်းအခြေစိုက် ဗိသုကာပညာကုမ္ပဏီ Killa Design က ဒီဇိုင်းဆွဲထားသော orbs ပုံစံပြု လုပ်ထားသည့် ရေပေါ်ရောင် ပြန်သံမဏိအိမ်များပါဝင်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း သိရသည်။ တန်ချိန်(၁၅၀) ရှိသော အိမ်များကို Sharjah မြို့ရှိ Grankraft ကုမ္ပဏီက ဖန်တီးခဲ့ခြင်း ဖြစ်ပြီး Sheybarah ကျွန်းကိုပို့ဆောင်ကာ Mammoet ကုမ္ပဏီက တပ်ဆင်ခဲ့ခြင်းဖြစ်သည်။
Southern Dunes အပန်းဖြေစခန်း
Six Senses Southern Dunes အပန်းဖြေ စခန်းသည် Umluj မြို့ အရှေ့မြောက်ဘက်ကီလိုမီ တာ(၁၀ဝ) အကွာရှိ Alnesai သဲကန္တာရတွင် တည်ရှိသော ကုန်းတွင်းအပန်းဖြေစခန်းတစ်ခုဖြစ်သည်။ အဆိုပါအပန်းဖြေ စခန်းတွင် ဇိမ်ခံအိမ်(၄၀)လုံးနှင့် အခန်း(၃၆)ခန်းပါ ဟိုတယ်တစ်ခုတို့ ပါဝင်မည်လည်း ဖြစ်သည်။ ထို့ပြင် Six Senses Southern Dunes အပန်းဖြေစခန်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ခရီးသွား ဧည့်သည်များကို စတင်လက်ခံခဲ့သည့် Red Sea Project ၏ ပထမဆုံးခရီး သွားနေရာဖြစ်ကြောင်း လည်းသိရသည်။ Six Senses Southern Dunes အပန်းဖြေစခန်းကို Foster + Partners ကုမ္ပဏီက ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။
Desert Rockt ပန်းဖြေစခန်း
Desert Rockt ပန်းဖြေစခန်းသည် ကျောက်တောင်ကြီးများအတွင်း တည်ဆောက်ထားသော ဇိမ်ခံအိမ်(၄၈)လုံး နှင့်ဟိုတည် အခန်း (၁၂)ခန်းတို့ ပါဝင်သည့် ကုန်းတွင်းအပန်းဖြေစခန်းတစ်ခုဖြစ်သည်။ Desert Rockt ပန်းဖြေစခန်းကို မိုင်ယာမီအခြေစိုက် Desert Rockt ဗိသုကာ ကုမ္ပဏီက ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး
Red Sea Project ကို ၂၀၂၅ ခုနှစ်တွင် ပြီးစီးမည့်ပင်လယ်နီအပြည် ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဝင်ရောက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါလေဆိပ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ပထမဆုံး လေကြောင်းပျံသန်းမှုကို လက်ခံရရှိခဲ့ပြီး ရီယာ့ဒ်မြို့ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Saudia လေကြောင်းလိုင်း၏ ပျံသန်းမှုကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ပင်လယ်နီ နိုင်ငံတကာလေဆိပ်သို့ ပထမဆုံးနိုင်ငံ တကာလေကြောင်းပျံသန်းမှုမှာ ၂၀၂၄ ခုနှစ် ဧပြီလကဖြစ်ပြီး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ flydubai လေကြောင်းလိုင်း၏ ပျံသန်းမှုဖြစ်သည်။ သဲသောင်ပြင်အခုံးများကဲ့သို့ တည်ဆောက်ထားသော ပင်လယ်နီအပြည်ပြည် ဆိုင်ရာ လေဆိပ်၏ ဒီဇိုင်းကို Foster + Partners ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အဆိုပါလေဆိပ် သို့ရောက်လျှင် ခရီးသွားများကို ၎င်းတို့သွားလိုသော နေရာကိုရောက်အောင် ပို့ဆောင်ပေးရန်အတွက် Lucid Air လျှပ်စစ်ကားများကို အသုံးပြု ထားကြောင်းလည်းသိရသည်။ Public Investment Fund အဖွဲ့အစည်းသည် Lucid Motors ကုမ္ပဏီတွင် ရှယ်ယာ(၆၀)ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင် ကြောင်းလည်းသိရသည်။ Red Sea Project တွင် ဆော်ဒီ အာရေးဗျ၏အကြီးဆုံးအားသွင်းကွန်ရက် ပါဝင်ပြီး Lucid Air လျှပ်စစ်ကားများနှင့် Mercedes-Benz EQS လျှပ်စစ်ကား များအတွက် အားသွင်းရုံ(၁၅၀)ရှိမည်လည်းဖြစ်သည်။ Ummahat ကျွန်းစုများကဲ့သို့သော အချို့သောကျွန်းများသည် ရွက်လှေများ၊ ရေပေါ်ရှပ်ပြေးလေယာဉ်များဖြင့်သာ ဝင်ရောက်နိုင်ကြောင်းသိရသည်။ Red Sea Global ကုမ္ပဏီသည် ဆော်ဒီအာရေးဗျ၏ ပထမဆုံး ရေပေါ်ရှပ်ပြေးလေယာဉ်ကုမ္ပဏီဖြစ်သော Fly Red Sea ကိုတည်ထောင်ခဲ့ပြီး ခရီးသွား များကို အဆိုပါ ကျွန်းများဆီသို့ Cessna Caravan ၂၀၈ ရေပေါ် ရှပ်ပြေးလေယာဉ်(၄)စင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ် သည်။
ကြော်ငြာများ
၂၀၂၄ ခုနှစ် မတ်လတွင် နာမည်ကျော်ဘောလုံး ကစားသမားစီရော်နယ်ဒိုသည် St. Regis Red Sea Resort ဟိုတယ်သို့ သွားရောက်လည်ပတ်ခဲ့ ကြောင်းသိရသည်။ စီရော်နယ်ဒိုသည် St. Regis Red Sea Resort အပန်းဖြေ စခန်းကို ၎င်း၏အင်စတာဂရမ်အကောင့်ပေါ်တွင် ကြော်ငြာခဲ့ပြီး နောက် ယခုဇွန်လတွင် ကြကြာယေ Nujuma, a Ritz-Carlton Reserve ဟိုတယ်ကိုသွားရောက်လည်ပတ်ခဲ့ ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် Red Sea Global ကုမ္ပဏီသည် ''Beneath the Surface: The Fight for Corals'' အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ရန်အတွက် Warner Bros. Discovery မီဒီယာလုပ်ငန်းစုနှင့် ပူးပေါင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
zawgyi version
ပင္လယ္နီကမ္း႐ိုးတန္းမွာ တည္ေဆာက္ေနတဲ့အႀကီးစား ခရီးသြားလုပ္ငန္းစီမံကိန္း The Red Sea Project (ဗဟုသုတေဆာင္းပါး)
Pika (NP News) - ဇြန္ ၂၂
Red Sea Project သည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ပင္လယ္နီကမ္း႐ိုးတန္းတြင္တည္ေဆာက္ေနသည့္ အႀကီးစား ခရီးသြားလုပ္ငန္းစီမံကိန္းတစ္ခုျဖစ္ၿပီး ပင္လယ္နီဟု ရည္ၫႊန္းေခၚဆိုေၾကာင္းလည္းသိရသည္။ Public Investment Fund အဖြဲ႕အစည္းက ပိုင္ဆိုင္ေသာ Red Sea Global ကုမၸဏီက တည္ေဆာက္မည့္ အဆိုပါစီမံကိန္းသည္ Saudi Vision 2030 အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းလည္းျဖစ္သည္။ Red Sea Project ကို ေဆာ္ဒီအာေရးဗ်အိမ္ေရွ႕ မင္းသား မိုဟာ မက္ဘင္ေဆာ္လ္မန္က ၂၀၁၇ ခုႏွစ္ ဇူလိုင္လတြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ ၂၀၃၀ ျပည့္ႏွစ္တြင္အၿပီး သတ္ႏိုင္ရန္ရည္႐ြယ္ထားၿပီး အခန္းေပါင္း(၈) ေထာင္ပါဝင္သည့္ ဟိုတယ္အေဆာက္အအုံ(၅၀)ခု၊ ကြၽန္း(၂၂)ခုႏွင့္ ကုန္းတြင္းပိုင္းေနရာ(၆)ခုတြင္ လူေနအိမ္ေပါင္း(၁)ေထာင္ ေက်ာ္ထားရွိရန္ရည္႐ြယ္ထားေၾကာင္းလည္း သိရသည္။ အဆိုပါစီမံကိန္းသည္ ေဆာ္ဒီအာေရးဗ်အေနာက္ဘက္ကမ္း႐ိုးတန္း တဗက္ျပည္နယ္ Umluj ၿမိဳ႕ႏွင့္ Al-Wajh ၿမိဳ႕ၾကား တြင္တည္ရွိၿပီး ဧရိယာအက်ယ္အဝန္း (၂၈၀ဝဝ)စတုရန္းကီလို မီတာရွိမည္လည္းျဖစ္သည္။ ယင္းဧရိယာအတြင္း ပ်က္စီး ယိုယြင္းမႈမရွိေသာ ကမ္းလြန္ကြၽန္း(၉၀)ေက်ာ္၊ ကီလိုမီတာ(၂၀ဝ)ေက်ာ္ရွိေသာ ပင္လယ္ နီကမ္း႐ိုးတန္း၊ ကမ္းေျခမ်ား၊ သဲကႏၲာရ၊ ေတာင္တန္းမ်ားႏွင့္ မီးေတာင္မ်ားပါဝင္မည္ျဖစ္ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ သႏၲာေက်ာက္တန္းမ်ား၊ ပင္လယ္ျမက္မ်ားႏွင့္ ဒီေရေတာမ်ားအျပင္ အေရးႀကီးေသာ မ်ိဳးစိတ္မ်ားပါဝင္သည့္ (၂၀၈၁)စတုရန္းကီလို မီတာက်ယ္ဝန္းေသာ Al Wajh ေရကန္လည္း ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။ Red Sea Project အတြက္ ခန႔္မွန္းေျခ စုစုေပါင္းကုန္က်စရိတ္မွာ အေမရိ ကန္ေဒၚလာ(၂၈)ဘီလ်ံေက်ာ္ရွိမည္ဟု ခန႔္မွန္းထားၾကသည္။
Red Sea Project ျဖစ္လာခဲ့တဲ့ သမိုင္းေၾကာင္း
Red Sea Project ကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၏ ေရနံအေပၚမွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္၊ ႏိုင္ငံတြင္း စီးပြားေရး ကိုကြဲျပားေစရန္ႏွင့္ အမ်ားျပည္သူဝန္ ေဆာင္မႈက႑မ်ားဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ အစီအစဥ္တစ္ခုျဖစ္သည့္ Saudi Vision ၂၀၃၀ ၏တစ္စိတ္တစ္ပိုင္းအျဖစ္ ေဆာ္ဒီအာေရးဗ် အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ေဆာ္လ္မန္က ၂၀၁၇ ခုႏွစ္ ဇူလိုင္လတြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ အဆိုပါစီမံကိန္းကို Public Investment Fund အဖြဲ႕ အစည္းက တည္ေထာင္ခဲ့သည့္ ကုမၸဏီမ်ားစြာထဲက တစ္ခုျဖစ္ေသာ Red Sea Global ကုမၸဏီက တည္ေဆာက္မည္ လည္းျဖစ္သည္။ Red Sea Project အတြက္ တည္ေဆာက္မႈမ်ားကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္ခဲ့ၿပီး ၂၀၃၀ ျပည့္ႏွစ္တြင္ အၿပီးသတ္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။ အဆိုပါစီမံကိန္း၏ ပထမဆုံးဟိုတယ္(၃)လုံးကို ၂၀၂၃ ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ၿပီး အျခားဟိုတယ္(၁၆)လုံး၊ ပင္လယ္နီႏိုင္ငံတကာေလဆိပ္၊ သေဘၤာမ်ား ဆိုက္ကပ္ႏိုင္မည့္ ေလွဆိပ္တစ္ခု၊ သမိုင္းဝင္ေနရာမ်ားႏွင့္ အပန္းေျဖစခန္းမ်ားကို ၂၀၂၄ ခုႏွစ္တြင္ ဖြင့္လွစ္ရန္ ေမွ်ာ္လင့္ထား ေၾကာင္းသိရ သည္။ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလတြင္ Red Sea Project ၏ ပထမဆုံး ခရီးသြားေနရာျဖစ္ေသာ Six Senses Southern Dunes ဟိုတယ္ကို ဧည့္သည္မ်ားအတြက္ ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ Red Sea Project ၏ ဒုတိယ ခရီးသြားေနရာႏွင့္ ပထမဆုံး ကြၽန္းအပန္းေျဖစခန္း ျဖစ္ေသာ St. Regis Hotels & Resorts ကို Ummahat ကြၽန္းစုမ်ားတြင္ ဖြင့္လွစ္ခဲ့သည္။ ၿပီးခဲ့သည့္ေမလတြင္ Nujuma, a Ritz-Carlton Reserve ဟိုတယ္ကို Ummahat ကြၽန္းစုမ်ားတြင္ ထပ္မံဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။
ခရီးသြားေနရာမ်ား
Red Sea Project တြင္ ၂၀၂၄ ခုႏွစ္အထိ ခရီးသြားေနရာ(၅)ေနရာ ပါဝင္မည္ျဖစ္ၿပီး ခရီးသြားေနရာ ႏွစ္ခုျဖစ္ ေသာ Southern Dune ႏွင့္ Desert Rock တို႔သည္ ကုန္းတြင္းပိုင္းတြင္ တည္ရွိမည္ျဖစ္သည္။ အျခားခရီးသြားေနရာ (၃)ခုမွာ ကြၽန္းစု(၉၂)ခုအနက္ (၃)ခုတြင္ တည္ရွိ မည္ျဖစ္သည္။
ရႉရာ (Shura) ကြၽန္း
ရႉရာကြၽန္းသည္ Red Sea Project ၏ အဓိက အခ်က္အခ်ာက်ေသာ ကြၽန္းတစ္ခုျဖစ္သည္။ ထို႔ျပင္ ရႉရာကြၽန္း သည္ Red Sea Project ၏ ရည္မွန္း ခ်က္အထားဆုံး ေဆာက္လုပ္ေရးစီမံကိန္းျဖစ္ေသာ Coral Bloom သုခဘုံ၏ ေနအိမ္လည္းျဖစ္သည္။ Coral Bloom သုခဘုံကို ေဆာ္ဒီအာေရးဗ် အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ေဆာ္လ္မန္က ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္ထုတ္ျပန္ျပသခဲ့ ျခင္းျဖစ္ၿပီး လန္ဒန္အေျခစိုက္ ဗိသုကာပညာကုမၸဏီ Foster + Partners က ဒီဇိုင္းဆြဲထားေၾကာင္း သိရသည္။ ရႉရာကြၽန္းတြင္ Hyatt, Fairmont, Inter Continental, Rosewood, Jumeirah, Faena, Raffles, Miraval, Edition ႏွင့္ SLS တို႔အပါအဝင္ အမ်ိဳးမ်ိဳးေသာတံဆိပ္မ်ားမွ ဟိုတယ္ (၁၁)လုံး ကို တည္ေဆာက္သြားမည္လည္းျဖစ္သည္။ ရႉနရာကြၽန္းတြင္ ေဆာ္ဒီအာေရးဗ်၏ ပထမဆုံး(၁၈)က်င္းပါေသာ ေဂါက္ ကြင္း Shura Links ႏွင့္ clubhouse လည္း ပါဝင္မည္ျဖစ္သည္။ (၇၅၀ဝ)ကိုက္ အက်ယ္ရွိေသာ ေဂါက္ကြင္းကို ေဂါက္ကြင္း ဗိသုကာပညာရွင္ Brian Curley က ဒီဇိုင္းဆြဲ ထားျခင္းျဖစ္ၿပီး clubhouse ကို Foster + Partners ကုမၸဏီက ဒီဇိုင္းဆြဲထားကာ ၂၀၂၅ ခုႏွစ္တြင္ ဖြင့္လွစ္ႏိုင္ရန္ ေမွ်ာ္မွန္းထားၾကသည္။ ထို႔ျပင္ ရႉရာကြၽန္းႏွင့္ ေဆာ္ဒီအာေရးဗ် ကုန္းတြင္းပိုင္းကို အရွည္(၁ ဒသမ ၂)ကီလိုမီတာရွိေသာတံတားျဖင့္ ခ်ိတ္ဆက္ထားမည္ျဖစ္ၿပီး အဆိုပါတံတားကို ဂရိႏိုင္ငံ ေအသင္ၿမိဳ႕အေျခစိုက္ေဆာက္လုပ္ေရး ကုမၸဏီ Archirodon က ဒီဇိုင္းဆြဲကာ ေဆာက္ လုပ္ခဲ့ျခင္းျဖစ္သည္။ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ တြင္ Red Sea Global ကုမၸဏီသည္ ရႉရာကြၽန္းေပၚတြင္ Four Seasons အပန္းေျဖဟို တယ္ကို ဖြင့္လွစ္ရန္အတြက္ Kingdom Holding ကုမၸဏီႏွင့္ အေမရိကန္ေဒၚလာ(၅၃၃)သန္းတန္ဖိုးရွိ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့သည္။ အဆိုပါ သၤကမ ွေန်သည် အပန္းေျဖဟိုတယ္ကို ၂၀၂၅ ခုႏွစ္ အေစာပိုင္းတြင္ ဖြင့္လွစ္ရန္ ေမွ်ာ္မွန္း ထားၾကသည္။
Ummahat ကြၽန္းစု
Ummahat ကြၽန္းစုသည္ St. Regis Red Sea Resort ဟိုတယ္ႏွင့္ Nujuma, a Ritz Carlton Reserve ဟိုတယ္ တို႔တည္ရွိသည့္ ကြၽန္းစုျဖစ္သည္။ အဆိုပါ ဟိုတယ္ႏွစ္ခုစလုံးကို ေရေပၚရွပ္ေျပးေလယာဥ္ သို႔မဟုတ္ စင္းလုံးငွား ေလွျဖင့္ ဝင္ေရာက္ႏိုင္ေၾကာင္းလည္းသိရသည္။ St. Regis Red Sea Resort ဟိုတယ္သည္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ စတင္ဖြင့္လွစ္ခဲ့သည့္ ပထမဆုံးကြၽန္းအပန္းေျဖစခန္းျဖစ္ၿပီး ဂ်ပန္ဗိသုကာ ပညာရွင္ Kengo Kuma ဒီဇိုင္းဆြဲထားျခင္း ျဖစ္သည္။ Nujuma, a Ritz-Carlton Reserve ဟိုတယ္ကို ၂၀၂၄ ခုႏွစ္ ေမလတြင္ ဖြင့္လွစ္ခဲ့ၿပီး အေရွ႕အလယ္ပိုင္း ေဒသတြင္ ေဈးအႀကီးဆုံးဟိုတယ္တစ္ခုျဖစ္သည္။ Nujuma, a Ritz-Carlton Reserve ဟိုတယ္တြင္ တစ္ညတည္းခိုခ သည္ အေမရိကန္ေဒၚလာ(၃၄၃၁)ေဒၚလာ ကုန္က်ေၾကာင္းလည္းသိရသည္။ Nujuma, a Ritz-Carlton Reserve ဟိုတယ္တြင္ အပန္းေျဖဇိမ္ခံအိမ္ (၆၃)လုံးရွိၿပီး တစ္ခုခ်င္းစီတြင္ sea view ပါသည့္ သီးသန႔္ေရကူးကန္ပါဝင္ေၾကာင္း သိရသည္။ အဆိုပါ ဟိုတယ္ကို Foster + Partners ကုမၸဏီက ဒီဇိုင္း ဆြဲထားျခင္းျဖစ္သည္။
Sheybarah ကြၽန္း
Sheybarah ကြၽန္းသည္ Red Sea Global ကုမၸဏီက ဖန္တီးထားကာ Shebara ဟုအမည္ေပး ထားေသာ အခန္း(၇၃)ခန္းပါ ဇိမ္ခံဟိုတယ္ Shebara Resort တည္ရွိရာေနရာျဖစ္သည္။ အဆိုပါ အပန္းေျဖစခန္းတြင္ ဒူဘိုင္းအေျခစိုက္ ဗိသုကာပညာကုမၸဏီ Killa Design က ဒီဇိုင္းဆြဲထားေသာ orbs ပုံစံျပဳ လုပ္ထားသည့္ ေရေပၚေရာင္ ျပန္သံမဏိအိမ္မ်ားပါဝင္ၿပီး ၂၀၂၄ ခုႏွစ္အတြင္း ဖြင့္လွစ္ရန္စီစဥ္ထားေၾကာင္း သိရသည္။ တန္ခ်ိန္(၁၅၀) ရွိေသာ အိမ္မ်ားကို Sharjah ၿမိဳ႕ရွိ Grankraft ကုမၸဏီက ဖန္တီးခဲ့ျခင္း ျဖစ္ၿပီး Sheybarah ကြၽန္းကိုပို႔ေဆာင္ကာ Mammoet ကုမၸဏီက တပ္ဆင္ခဲ့ျခင္းျဖစ္သည္။
Southern Dunes အပန္းေျဖစခန္း
Six Senses Southern Dunes အပန္းေျဖ စခန္းသည္ Umluj ၿမိဳ႕ အေရွ႕ေျမာက္ဘက္ကီလိုမီ တာ(၁၀ဝ) အကြာရွိ Alnesai သဲကႏၲာရတြင္ တည္ရွိေသာ ကုန္းတြင္းအပန္းေျဖစခန္းတစ္ခုျဖစ္သည္။ အဆိုပါအပန္းေျဖ စခန္းတြင္ ဇိမ္ခံအိမ္(၄၀)လုံးႏွင့္ အခန္း(၃၆)ခန္းပါ ဟိုတယ္တစ္ခုတို႔ ပါဝင္မည္လည္း ျဖစ္သည္။ ထို႔ျပင္ Six Senses Southern Dunes အပန္းေျဖစခန္းသည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလတြင္ ခရီးသြား ဧည့္သည္မ်ားကို စတင္လက္ခံခဲ့သည့္ Red Sea Project ၏ ပထမဆုံးခရီး သြားေနရာျဖစ္ေၾကာင္း လည္းသိရသည္။ Six Senses Southern Dunes အပန္းေျဖစခန္းကို Foster + Partners ကုမၸဏီက ဒီဇိုင္းဆြဲခဲ့ျခင္း ျဖစ္သည္။
Desert Rockt ပန္းေျဖစခန္း
Desert Rockt ပန္းေျဖစခန္းသည္ ေက်ာက္ေတာင္ႀကီးမ်ားအတြင္း တည္ေဆာက္ထားေသာ ဇိမ္ခံအိမ္(၄၈)လုံး ႏွင့္ဟိုတည္ အခန္း (၁၂)ခန္းတို႔ ပါဝင္သည့္ ကုန္းတြင္းအပန္းေျဖစခန္းတစ္ခုျဖစ္သည္။ Desert Rockt ပန္းေျဖစခန္းကို မိုင္ယာမီအေျခစိုက္ Desert Rockt ဗိသုကာ ကုမၸဏီက ဒီဇိုင္းဆြဲထားျခင္းျဖစ္သည္။
လမ္းပန္းဆက္သြယ္ေရး
Red Sea Project ကို ၂၀၂၅ ခုႏွစ္တြင္ ၿပီးစီးမည့္ပင္လယ္နီအျပည္ ျပည္ဆိုင္ရာေလဆိပ္မွတစ္ဆင့္ ဝင္ေရာက္မႈမ်ား လုပ္ေဆာင္ႏိုင္မည္ျဖစ္သည္။ အဆိုပါေလဆိပ္သည္ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလတြင္ ၎၏ပထမဆုံး ေလေၾကာင္းပ်ံသန္းမႈကို လက္ခံရရွိခဲ့ၿပီး ရီယာ့ဒ္ၿမိဳ႕ King Khalid အျပည္ျပည္ဆိုင္ရာေလဆိပ္မွ Saudia ေလေၾကာင္းလိုင္း၏ ပ်ံသန္းမႈကို လက္ခံရရွိခဲ့ျခင္းျဖစ္သည္။ ပင္လယ္နီ ႏိုင္ငံတကာေလဆိပ္သို႔ ပထမဆုံးႏိုင္ငံ တကာေလေၾကာင္းပ်ံသန္းမႈမွာ ၂၀၂၄ ခုႏွစ္ ဧၿပီလကျဖစ္ၿပီး ဒူဘိုင္းအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ flydubai ေလေၾကာင္းလိုင္း၏ ပ်ံသန္းမႈျဖစ္သည္။ သဲေသာင္ျပင္အခုံးမ်ားကဲ့သို႔ တည္ေဆာက္ထားေသာ ပင္လယ္နီအျပည္ျပည္ ဆိုင္ရာ ေလဆိပ္၏ ဒီဇိုင္းကို Foster + Partners ကုမၸဏီက ဒီဇိုင္းေရးဆြဲထားျခင္းျဖစ္သည္။ အဆိုပါေလဆိပ္ သို႔ေရာက္လွ်င္ ခရီးသြားမ်ားကို ၎တို႔သြားလိုေသာ ေနရာကိုေရာက္ေအာင္ ပို႔ေဆာင္ေပးရန္အတြက္ Lucid Air လွ်ပ္စစ္ကားမ်ားကို အသုံးျပဳ ထားေၾကာင္းလည္းသိရသည္။ Public Investment Fund အဖြဲ႕အစည္းသည္ Lucid Motors ကုမၸဏီတြင္ ရွယ္ယာ(၆၀)ရာခိုင္ႏႈန္းေက်ာ္ကို ပိုင္ဆိုင္ ေၾကာင္းလည္းသိရသည္။ Red Sea Project တြင္ ေဆာ္ဒီ အာေရးဗ်၏အႀကီးဆုံးအားသြင္းကြန္ရက္ ပါဝင္ၿပီး Lucid Air လွ်ပ္စစ္ကားမ်ားႏွင့္ Mercedes-Benz EQS လွ်ပ္စစ္ကား မ်ားအတြက္ အားသြင္း႐ုံ(၁၅၀)ရွိမည္လည္းျဖစ္သည္။ Ummahat ကြၽန္းစုမ်ားကဲ့သို႔ေသာ အခ်ိဳ႕ေသာကြၽန္းမ်ားသည္ ႐ြက္ေလွမ်ား၊ ေရေပၚရွပ္ေျပးေလယာဥ္မ်ားျဖင့္သာ ဝင္ေရာက္ႏိုင္ေၾကာင္းသိရသည္။ Red Sea Global ကုမၸဏီသည္ ေဆာ္ဒီအာေရးဗ်၏ ပထမဆုံး ေရေပၚရွပ္ေျပးေလယာဥ္ကုမၸဏီျဖစ္ေသာ Fly Red Sea ကိုတည္ေထာင္ခဲ့ၿပီး ခရီးသြား မ်ားကို အဆိုပါ ကြၽန္းမ်ားဆီသို႔ Cessna Caravan ၂၀၈ ေရေပၚ ရွပ္ေျပးေလယာဥ္(၄)စင္းျဖင့္ ပို႔ေဆာင္ေပးမည္ျဖစ္ သည္။
ေၾကာ္ျငာမ်ား
၂၀၂၄ ခုႏွစ္ မတ္လတြင္ နာမည္ေက်ာ္ေဘာလုံး ကစားသမားစီေရာ္နယ္ဒိုသည္ St. Regis Red Sea Resort ဟိုတယ္သို႔ သြားေရာက္လည္ပတ္ခဲ့ ေၾကာင္းသိရသည္။ စီေရာ္နယ္ဒိုသည္ St. Regis Red Sea Resort အပန္းေျဖ စခန္းကို ၎၏အင္စတာဂရမ္အေကာင့္ေပၚတြင္ ေၾကာ္ျငာခဲ့ၿပီး ေနာက္ ယခုဇြန္လတြင္ ၾကၾကာေယ Nujuma, a Ritz-Carlton Reserve ဟိုတယ္ကိုသြားေရာက္လည္ပတ္ခဲ့ ေၾကာင္းသိရသည္။ ၂၀၂၄ ခုႏွစ္ ဧၿပီလတြင္ Red Sea Global ကုမၸဏီသည္ ''Beneath the Surface: The Fight for Corals'' အမည္ရွိ မွတ္တမ္း႐ုပ္ရွင္ကို ထုတ္လုပ္ရန္အတြက္ Warner Bros. Discovery မီဒီယာလုပ္ငန္းစုႏွင့္ ပူးေပါင္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။