မြောက်ကိုရီးယားက အမှိုက်တွေဖြည့်ထားတဲ့ မိုးပျံပူဖောင်း(၃၀၀)ကျော်ကို တောင်ကိုရီးယားကို ထပ်မံ စေလွှတ်ပေးပို့

 478

Pika (NP News) - ဇွန် ၂၅

မြောက်ကိုရီးယားအစိုးရဟာ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ ရာနဲ့ချီတဲ့မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်ကို ထပ်မံစေလွှတ်ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇွန်လ(၂၅)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဇွန်လ(၂၄)ရက် ညနေပိုင်းမှာ မြောက်ကိုရီးယားအစိုးရဟာ မိုးပျံပူဖောင်း အလုံးရေ(၃၅၀)ခန့်ကို တောင်ကိုရီးယား ကို စေလွှတ်ပေးပို့ခဲ့ပေမယ့်လည်း မိုးပျံပူဖောင်းအလုံးရေ(၁၀၀)ဝန်းကျင်ပဲ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံး (JCS)က ပြောကြားခဲ့ပါတယ်။ မိုးပျံပူဖောင်းတွေဟာ Gyeonggi ပြည်နယ် မြောက်ပိုင်းနဲ့ ဆိုးလ်မြို့တို့ကို ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် မိုးပျံပူဖောင်းအများစုကို စက္ကူအမှိုက်တွေနဲ့ဖြည့်ထားတယ်လို့ (JCS)က ထပ်မံပြောကြားခဲ့ပါတယ်။ (JCS)က “စိတ်ပိုင်းဆိုင်ရာစစ်ပွဲကိုလုပ်ဆောင်ဖို့ တောင်ကိုရီးယားစစ်တပ်က အဆင်သင့်ဖြစ်နေပါပြီ။ တုံ့ပြန်မှုတွေအားလုံး က မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေအပေါ် မူတည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့လုပ်ရပ်ဟာ ရွံရှာဖွယ်ကောင်းပြီး ရန်စနေတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတယွန်ဆက်ယိုလ်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နဲ့ ရုရှားသမ္မတပူတင်တို့ကြား ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးသဘောတူညီချက်ဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ယွန်ဆက်ယိုလ်က ထပ်မံပြောဆိုခဲ့ပါတယ်။
ယွန်ဆက်ယိုလ်က “မြောက်ကိုရီးယားက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တောင်ကိုရီးယားကို စိန်ခေါ်တာမျိုး တွေ မလုပ်ဆောင်နိုင်စေဖို့အတွက် ကျွန်တော်တို့စစ်တပ်ကို အသင့်အနေအထားနဲ့ ပြင်ဆင်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ရန်စမှုတွေအားလုံးကို ပြတ်ပြတ်သားသားလက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ” လို့ ပြော ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက အမႈိက္ေတြျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္း(၃၀၀)ေက်ာ္ကို ေတာင္ကိုရီးယားကို ထပ္မံ ေစလႊတ္ ေပးပို႔
Pika (NP News) - ဇြန္ ၂၅

ေျမာက္ကိုရီးယားအစိုးရဟာ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ ရာနဲ႔ခ်ီတဲ့မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားဘက္ကို ထပ္မံေစလႊတ္ေပးပို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ဇြန္လ(၂၅)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဇြန္လ(၂၄)ရက္ ညေနပိုင္းမွာ ေျမာက္ကိုရီးယားအစိုးရဟာ မိုးပ်ံပူေဖာင္း အလုံးေရ(၃၅၀)ခန႔္ကို ေတာင္ကိုရီးယား ကို ေစလႊတ္ေပးပို႔ခဲ့ေပမယ့္လည္း မိုးပ်ံပူေဖာင္းအလုံးေရ(၁၀၀)ဝန္းက်င္ပဲ ေရာက္ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္ဦးစီးခ်ဳပ္မ်ား႐ုံး (JCS)က ေျပာၾကားခဲ့ပါတယ္။ မိုးပ်ံပူေဖာင္းေတြဟာ Gyeonggi ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ဆိုးလ္ၿမိဳ႕တို႔ကို ေရာက္ရွိခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ မိုးပ်ံပူေဖာင္းအမ်ားစုကို စကၠဴအမႈိက္ေတြနဲ႔ျဖည့္ထားတယ္လို႔ (JCS)က ထပ္မံေျပာၾကားခဲ့ပါတယ္။ (JCS)က “စိတ္ပိုင္းဆိုင္ရာစစ္ပြဲကိုလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားစစ္တပ္က အဆင္သင့္ျဖစ္ေနပါၿပီ။ တုံ႔ျပန္မႈေတြအားလုံး က ေျမာက္ကိုရီးယားရဲ႕ လုပ္ရပ္ေတြအေပၚ မူတည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားရဲ႕လုပ္ရပ္ဟာ ႐ြံရွာဖြယ္ေကာင္းၿပီး ရန္စေနတဲ့လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ ေတာင္ကိုရီးယား သမၼတယြန္ဆက္ယိုလ္က ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ခ်ဳပ္ဆိုခဲ့တဲ့ ကာကြယ္ေရးသေဘာတူညီခ်က္ဟာ ကုလသမဂၢလုံၿခဳံေရး ေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္ေနတာျဖစ္တယ္လို႔ ယြန္ဆက္ယိုလ္က ထပ္မံေျပာဆိုခဲ့ပါတယ္။
ယြန္ဆက္ယိုလ္က “ေျမာက္ကိုရီးယားက ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ေတာင္ကိုရီးယားကို စိန္ေခၚတာမ်ိဳး ေတြ မလုပ္ေဆာင္ႏိုင္ေစဖို႔အတြက္ ကြၽန္ေတာ္တို႔စစ္တပ္ကို အသင့္အေနအထားနဲ႔ ျပင္ဆင္ထားပါတယ္။ ေျမာက္ကိုရီးယားရဲ႕ရန္စမႈေတြအားလုံးကို ျပတ္ျပတ္သားသားလက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာ ပါတယ္။

Related news

© 2021. All rights reserved.