မြောက်ကိုရီးယားအစိုးရက ထိပ်ဖူးများစွာပါဝင်တဲ့ ဒုံးကျည်တွေထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်နေ
1046
Pika (NP News) - ဇွန် ၂၇
မြောက်ကိုရီးယားအစိုးရဟာ ထိပ်ဖူးများစွာပါဝင်တဲ့ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNAက ဇွန်လ(၂၇)ရက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
အဲဒီစမ်းသပ်မှုကို ဇွန်လ(၂၆)ရက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လောင်စာဆီအခဲသုံး တာဝေးနဲ့ တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်တွေနဲ့အတူ ပထမအဆင့်အင်ဂျင်ကို အသုံးပြုပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ KCNA က ဖော်ပြထားပါ တယ်။
မြောက်ကိုရီးယားအစိုးရဟာ အသံထက်မြန်တဲ့ဒုံးကျည်လို့ယူဆရတဲ့ဒုံးကျည်ကို နိုင်ငံအရှေ့ဖက်ကမ်းရိုးတန်းကနေ စမ်းသပ်ပစ်လွှတ်ခဲ့ပေမယ့်လည်း လေထဲမှာပဲပေါက်ကွဲသွားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောဆိုခဲ့ပြီး နောက် တစ်ရက်အကြာမှာ ယခုလိုစမ်းသပ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဇွန်လ(၂၇)ရက်က လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှုအတွင်း ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်(၃)ခုဆီကို တိကျစွာဦးတည်လမ်းညွှန်ထားတဲ့ ထိပ်ဖူး တွေကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့တယ်လို့ KCNA က ဖော်ပြထားပါတယ်။
KCNA က “ဒီစမ်းသပ်မှုရဲ့ရည်ရွယ်ချက်ကတော့ ထိပ်ဖူးအများအပြားကို အသုံးပြုပြီး ပစ်မှတ်တွေကို ဖျက်ဆီးပစ် နိုင်တဲ့စွမ်းရည်ကို မြှင့်တင်ဖို့လုပ်ဆောင်တာပဲဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ကိုရီးယားဟာ အမှိုက်တွေဖြည့်ထားတဲ့ ရာနဲ့ချီတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်ကို စေလွှတ်ပေးပို့ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားရဲ့ အဲဒီလုပ်ရပ်ဟာ ရွံရှာဖွယ်ကောင်းပြီး ရန်စနေတာမျိုးဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က ပြစ်တင်ဝေဖန် ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
ေျမာက္ကိုရီးယားအစိုးရက ထိပ္ဖူးမ်ားစြာပါဝင္တဲ့ ဒုံးက်ည္ေတြထုတ္လုပ္ႏိုင္ဖို႔ စမ္းသပ္မႈေတြ လုပ္ေဆာင္ေန
Pika (NP News) - ဇြန္ ၂၇
ေျမာက္ကိုရီးယားအစိုးရဟာ ထိပ္ဖူးမ်ားစြာပါဝင္တဲ့ဒုံးက်ည္ေတြကို တီထြင္ထုတ္လုပ္ဖို႔ ရည္႐ြယ္တဲ့အေရးႀကီးတဲ့ စမ္းသပ္မႈတစ္ခုကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNAက ဇြန္လ(၂၇)ရက္မွာ ေရးသား ေဖာ္ျပခဲ့ပါတယ္။
အဲဒီစမ္းသပ္မႈကို ဇြန္လ(၂၆)ရက္က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေလာင္စာဆီအခဲသုံး တာေဝးနဲ႔ တာလတ္ပစ္ ပဲ့ထိန္း ဒုံးက်ည္ေတြနဲ႔အတူ ပထမအဆင့္အင္ဂ်င္ကို အသုံးျပဳၿပီး လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ KCNA က ေဖာ္ျပထားပါ တယ္။
ေျမာက္ကိုရီးယားအစိုးရဟာ အသံထက္ျမန္တဲ့ဒုံးက်ည္လို႔ယူဆရတဲ့ဒုံးက်ည္ကို ႏိုင္ငံအေရွ႕ဖက္ကမ္း႐ိုးတန္းကေန စမ္းသပ္ပစ္လႊတ္ခဲ့ေပမယ့္လည္း ေလထဲမွာပဲေပါက္ကြဲသြားတယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာဆိုခဲ့ၿပီး ေနာက္ တစ္ရက္အၾကာမွာ ယခုလိုစမ္းသပ္မႈထြက္ေပၚလာတာျဖစ္ပါတယ္။ ဇြန္လ(၂၇)ရက္က လုပ္ေဆာင္ခဲ့တဲ့ စမ္းသပ္မႈအတြင္း ဒုံးက်ည္ဟာ သတ္မွတ္ထားတဲ့ ပစ္မွတ္(၃)ခုဆီကို တိက်စြာဦးတည္လမ္းၫႊန္ထားတဲ့ ထိပ္ဖူး ေတြကို ေအာင္ျမင္စြာ ခြဲထုတ္ႏိုင္ခဲ့တယ္လို႔ KCNA က ေဖာ္ျပထားပါတယ္။
KCNA က “ဒီစမ္းသပ္မႈရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ထိပ္ဖူးအမ်ားအျပားကို အသုံးျပဳၿပီး ပစ္မွတ္ေတြကို ဖ်က္ဆီးပစ္ ႏိုင္တဲ့စြမ္းရည္ကို ျမႇင့္တင္ဖို႔လုပ္ေဆာင္တာပဲျဖစ္ပါတယ္” လို႔ ေရးသားထားပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေျမာက္ကိုရီးယားဟာ အမႈိက္ေတြျဖည့္ထားတဲ့ ရာနဲ႔ခ်ီတဲ့ မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားဘက္ကို ေစလႊတ္ေပးပို႔ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားရဲ႕ အဲဒီလုပ္ရပ္ဟာ ႐ြံရွာဖြယ္ေကာင္းၿပီး ရန္စေနတာမ်ိဳးျဖစ္တယ္လို႔ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က ျပစ္တင္ေဝဖန္ ေျပာဆိုခဲ့ပါတယ္။