AA ရဲ့ ခြိမ်းခြောက်သံအောက်က မောင်တောဒေသခံပြည်သူတွေရဲ့ “ ဘဝ ”နဲ့ “ ဆန္ဒ ” (အင်တာ‌ဗျူး)

 4086

သန့်ဇင်(NP News) - ဇွန် ၃၈

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA က တိုက် ပွဲများဖော်ဆောင်ပြီးနောက် တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။ ထို့ပြင် AA က မောင်တောမြို့နေပြည်သူလူထုကို ဇွန်လ ၁၆ ရက် ည ၉ နာရီမှ စတင်ထွက်ခွာရန် သတိပေးစာ တစ် စောင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ လက်ရှိ စစ်ဘေးသင့်ပြည်သူများ၏ အခြေအနေ၊ ဒုက္ခများနှင့် ရခိုင်ပြည်နယ်က စစ်ဘေးသင့် ပြည်သူတို့ဘဝများအကြောင်းကို NP News ၏ မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-လက်ရှိမှာ မောင်တောမြို့အခြေအနေက ဘယ် လိုရှိလဲခင်ဗျ။
ဖြေ-လက်ရှိအခြေအနေကတော့ မောင်တောမြို့နယ်မှာ ပန်းတောပြင်၊ ညောင်ချောင်းပေါ့နော် အဲဒီ ဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်။ အဲဒီဘက် မှာ AA တွေက ပိတ်ဆို့ထားတယ်။ အဲဒီဘက်ကပဲ AA တွေတက်လာလို့ တိုက်ပွဲဖြစ်လာတာကြောင့် ဟာပီရွာဆိုတဲ့အဲဒီနားလေးမှာ တိုက်ပွဲတွေဖြစ်နေ တယ်လို့တော့ကြားပါတယ်။ မြို့ထဲမှာတော့ ညနေပိုင်းတွေမှာ အိမ်တွေကို တပ်က ဝင်စစ်တယ်။ လော လောဆယ်မှာတော့ လေယာဉ်တွေနဲ့ ဘာညာတိုက်ပွဲ ဖြစ်ဖို့တော့မရှိသေးပါဘူး။

မေး- AA က ထုတ်ပြန်ချက်ထုတ်ပြီးနောက်မှာ မြို့ခံတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင် နေရလဲ။
ဖြေ- AAက ထုတ်ပြန်ချက်ထုတ်လိုက်တဲ့အချိန်မှာတော့ မြို့ကလူတွေအကုန်လုံးကတော့ ကြောက်လန့် ကြတာပေါ့နော်။ ငါတို့ဘယ်နားသွားနေရမလဲ။ တိုက်ပွဲကြားညပ်မှာလည်းကြောက်တယ်။ ပြီးတော့ စစ် ဘေးရှောင်ဖို့ဆိုလည်း လမ်းတွေကကျတော့ မြို့ထဲက နေထွက်လို့မရတဲ့အခြေအနေဖြစ်နေတယ်။ နောက်ပြီး တံတားတွေဘာတွေလည်း အချိုးခံထားရတယ်။ လောလောဆယ်တော့ မြို့ထဲက ထွက်လို့ မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် ကျီးလန့်စာစားနေရတဲ့ အခြေအနေဖြစ်နေတာပေါ့။

မေး- ဒေသခံတွေအနေနဲ့က ဘယ်ဒေသတွေကို နေရပ်စွန့်ခွာနေကြရလဲခင်ဗျာ။
ဖြေ- မောင်တောကလူတွေကတော့ မြောက်ပိုင်းက AA သိမ်းထားတဲ့ ကြိမ်ချောင်းတို့ဘက်မှာ တိမ်း ရှောင်နေကြတာတွေရှိတယ်။ နောက်ပြီးတော့ မောင်တောနဲ့ရသေ့တောင်ကြား၊ မောင်တောတောင်ပိုင်း ဘက်တွေမှာ တိမ်းရှောင်နေတာတွေရှိတယ်။ အဓိကတော့ မောင်တောရဲ့မြောက်ပိုင်းနဲ့ တောင်ပိုင်းဘက် ကို တိမ်းရှောင်နေကြတာများပါတယ်။ ရန်ကုန်ကို တိမ်းရှောင်သွားတဲ့လူတွေကတော့ လွန်ခဲ့တဲ့တစ်လ လောက်ကတည်းက တိမ်းရှောင်သွားကြတာပါ။

မေး- လက်ရှိမှာ စစ်ဖြစ်နေတာဆိုတော့ တပ်မတော်ရဲ့ ဒေသခံတွေကို ကာကွယ်ပေးနိုင်စွမ်းက ဘယ်လိုမြင်မိလဲ။
ဖြေ- တပ်မတော်တော့ လောလောဆယ်ဆယ်မှာ စခန်းတွေဆုတ်ခွာပေးနေရတော့ အခုကမြို့ပေါ်မှာပဲ ကျန်တော့ တိုက်ပွဲကတော့ အကြီးအကျယ်ဖြစ်မယ်။ သူတို့အနေနဲ့က ရေကြောင်းကနေတိုက်လို့တော့ရ တယ်။ ဒါပေမဲ့လို့ အခြေအနေကတော့ သိပ်ပြီးမကောင်းဘူးထင်တယ်။ တပ်ကတော့ဆုတ်ပေးရလိမ့် မယ်လို့တော့ထင်တယ်။ ဒါကြီးက ဘယ်လောက်ထိ ရှည်သွားမလဲဆိုတာတော့ မသိသေးဘူးပေါ့နော်။ အဲဒါကြောင့် ပြောလို့တော့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့ကအစွန်အဖျားလည်းဖြစ်နေတယ်လေ။ ဟို ဘက်တွေကသိမ်းထားပြီဆိုတော့ ခံစစ်နဲ့ပဲခုခံရမယ့် သဘောရှိတယ်။ ဒေသခံတွေကို ကာကွယ်ပေးနိုင် စွမ်းကတော့ သိပ်ပြီးအားရစရာတော့မရှိပါဘူး။

မေး-တိုက်ပွဲတွေမစတင်ခင်က မောင်တောမြို့အခြေအနေဘယ်လိုရှိလဲ၊ တိုက်ပွဲတွေဖြစ်ပြီးနောက်ကော ဘယ်လိုရှိလဲ ခင်ဗျာ
ဖြေ-တိုက်ပွဲတွေမဖြစ်ခင်ကတော့ နယ်စပ်ကုန်သွယ်ရေးတွေလည်းရှိတယ်။ စည်စည်ကားကားလည်းရှိ တယ်။ ကျွန်တော်တို့ ဒီဘက်မှာက အလုပ်အကိုင် စီးပွားရေးတွေရော ပို့ကုန်သွင်းကုန်တွေရော ကျွန်တော်တို့ဝန်ဆောင်မှုလုပ်ငန်းတွေရော အဆင်ပြေတာပေါ့နော်။ နယ်စပ်ကကုမ္ပဏီတွေလည်း ပခုက္ကူတို့ကနေ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးတို့ တင်ပို့လို့ရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ကိုယ်စားလှယ်ပုံစံမျိုး လုပ်လို့ရတဲ့အနေအထားရှိတာပေါ့နော်။ အခုကတော့ ဘယ်လိုမှ အဆင်မပြေ တော့ဘူး။ ဆိုင်တွေကလည်း ပိတ်ထားတယ်။ အဲဒီတော့ မြို့ပျက်ကြီးလိုဖြစ်နေတာပေါ့။

မေး-မောင်တောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝတွေဘယ်လောက် ပျက်စီးသွားကြလဲ။
ဖြေ-စစ်ပွဲတစ်ပွဲဖြစ်ရင်တော့ အကုန်လုံးကထိခိုက်တာပါပဲ။ သူဌေးတွေကနေစပြီးတော့ အောက်ခြေ လူတန်းစားအထိကတော့ အကုန်လုံးအလုပ်တွေ ရပ်တန့်သွားတော့ မျှော်လင့်ချက်လေးနဲ့ပဲ လိမ်ဖယ်လိမ် ဖယ်နေနေရတာပေါ့ဗျာ။

မေး-လက်ရှိမှာ မောင်တောမြို့ခံတွေ ဘယ်လိုရှင်သန် ရပ်တည်နေထိုင်နေကြရလဲ။
ဖြေ-ခုနပြောခဲ့သလိုပဲပေါ့။ မြို့ခံတွေကျတော့ အလုပ်တွေက ဘာမှလုပ်လို့မရတော့ဘူး။ ကိုယ့်အိမ်မှာ ပဲကိုယ်နေပြီးတော့ ဘယ်တော့ဘာဖြစ်မလဲ၊ ဘယ်နေရာဘာဖြစ်မလဲ စိုးရိမ်စိတ်တွေနဲ့ ထိတ်လန့်နေကြ ရတာပေါ့။ စားဝတ်နေရေးကလည်း အရင်တုန်းက ဘင်္ဂလားဒေ့ရှ်ကတင်သွင်းထားခဲ့ရတဲ့ စားသောက် ကုန်တွေနဲ့ပဲ ချွေတာပြီးစားနေရတယ်ပေါ့ဗျာ။

မေး-မောင်တောမြို့နယ်ထဲက ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေရဲ့အခြေအနေကကော ဘယ်လို ဖြစ်လာနိုင်တယ်လို့ထင်လဲခင်ဗျာ။
ဖြေ-အဓိကတော့ အခုကနှစ်ဖက်လုံးက ကြောက်နေကြတယ်။ အခုက တစ်ဖက်နဲ့တစ်ဖက်၊ တစ်ယောက်နဲ့ တစ်ယောက်က စိုးရိမ်စိတ်တွေနဲ့ ကြည့်နေရတဲ့အနေအထားပါ။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူးပေါ့။

မေး- AA က အရပ်ဘက်အုပ်ချုပ်ရေးဖော်ဆောင်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ထင်လား။ ရခိုင်ပြည် နယ်က ကာလရှည်ပရိပက္ခဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကြားကပြဿနာကို AA အနေနဲ့ ထိန်းချုပ်နိုင်မယ်ထင်လား၊ HandLe လုပ်နိုင်မယ် ထင်လား
ဖြေ- အရပ်ဘက်အုပ်ချုပ်ရေးဖော်ဆောင်နိုင်မယ်ဆိုရင် ဒီကလူမျိုးစုတွေ သဟဇာတဖြစ်ဖို့က သူတို့ဘက် က ချက်ချင်းတော့အဆင်ပြေမယ်မထင်ဘူး။ ကြိုးစားရမယ်လို့ထင်တယ်။ ပြီးတော့ ၂၀၁၂၊ ၂၀၁၇ မှာ ပြဿနာတွေတက်ထားတော့ အဲဒီအခက်အခဲတွေကို ချောချောမွေ့မွေ့နဲ့ ထိန်းချုပ်နိုင်ဖို့ကတော့ သိပ်တော့ မလွယ်လောက်ဘူး။ ဒီမှာကတခြားမြို့တွေ လိုမဟုတ်ဘူး Sensitive ဖြစ်တယ်။ တစ်ဖက်UN နဲ့ ဒီဘက်က NGO တွေကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြတာဆိုတော့ အခက်အခဲတော့ရှိ မယ်ထင်ပါတယ်။ မြို့ကိုထိန်းချုပ်တာက ထိန်းချုပ်နိုင်မယ်။ သဟဇာတဖြစ်အောင်ဆိုရင်တော့ ကြာနေ ဦးမယ်လို့ တော့ထင်ပါတယ်။

မေး-ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုက်ပွဲတွေကြောင့် မြို့ခံတွေက မြို့ကိုစွန့်ခွာနေကြရတာရှိပါ တယ်။ အဲဒီမြို့တွေ ပုံမှန်အခြေအနေပြန်ရောက်ဖို့အတွက် အချိန်ကြာဦးမယ်ထင်လားခင်ဗျာ
ဖြေ-စစ်ဘေးကရှောင်နေကြတဲ့လူတွေက မြို့ကို ဘယ်သူပဲသိမ်းသိမ်းပေါ့နော် ဝင်လာလို့ရတယ်ဆိုရင် တော့ဝင်မှာပေါ့။ ဒါပေမဲ့ တပ်ဘက်ကလည်း မြောက်ဦး၊ ကျောက်တော်ဘက်ကလို ကင်းထောက်ပြီး တော့ စခန်းတွေဗုံးကျဲတာတွေလုပ်နေတာဆိုတော့ ကြာဦးမယ်ထင်ပါတယ်။ ချက်ချင်းဝင်လာလို့ရမယ် လို့တော့ မထင်ပါဘူး။

မေး- ရခိုင်ပြည်နယ်ကစစ်ပွဲဟာ ကောင်းကျိုးကို ပေးတယ်လို့ထင်သလား၊ ဆိုးကျိုးကိုပေးတယ်လို့ထင် ပါသလား
ဖြေ-စစ်ပွဲဆိုတာ ကောင်းကျိုးမရှိပါဘူး။ ပြည်သူတွေ အတွက်ကတော့ ဆိုးကျိုးတွေပါပဲ။ အနိုင်ရတဲ့ ဘက်ကတော့ကောင်းကျိုးပေါ့။ ဒါပေမဲ့ ကောင်းကျိုးမလာခင်မှာတော့ အဓိကရင်ဆိုင်ရမှာက ဆိုးကျိုး ပါပဲ။ အဲဒါကြောင့် ကျွန်တော့်အမြင်ဆိုရင်တော့ ဆိုးကျိုးလို့ ပဲထင်ပါတယ်။

မေး-မောင်တောမြို့နဲ့ ပတ်သက်လို့ AA ကထုတ်ပြန် လိုက်တဲ့ဒေသခံတွေ မြို့ကို ည ၉ နာရီကစလို့ ထွက် ခွာရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ဘယ်သူတွေကို ရည်ရွယ်ပါသလဲ။ ဘာကြောင့်လို့ထင်ပါသလဲခင်ဗျာ
ဖြေ-ကျွန်တော်တို့ရဲ့ မောင်တောမြို့နဲ့ပတ်သက်လို့ ထုတ်ပြန်ချက်က ဘူးသီးတောင်ဖြစ်စဉ်တုန်းက ဘင်္ဂါ လီတွေကိုရောပြီးတော့ထုတ်တာပေါ့နော်။ အဓိကတော့ ဘင်္ဂါလီတွေစိုးရိမ်နေကြရတာပေါ့။ တခြားမြို့ တွေကိုထုတ်ပြန်တာမရှိဘူး။ သူ့ဘာသာသူထုတ်တာ မရှိဘူး။ အောက်ခြေကနေ လှမ်းပြောတာပဲရှိတယ်။ အခုထုတ်တဲ့ဟာက သူတို့ဘာသာသူတို့ ထိလွယ်ရှ လွယ်ဖြစ်ေဲနတာကြောင့်ပဲဖြစ်တယ်လို့ပဲထင်ပါတယ်။

မေး-ဟုတ်ကဲ့အစ်ကို။ နောက်တစ်ခုက ရခိုင်ပြည်နယ်တစ်ခုလုံးက တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဘယ်လောက်ထိ နစ်နာဆုံးရှုံးမှုတွေဖြစ်နေရပြီလဲ။
ဖြေ-အောက်ခြေလူတန်းစားကနေ သူဌေးတွေအထိ ထိခိုက်နေရတာပါဗျာ။ ထမင်းမစားရတဲ့သူတွေတောင် ရှိလို့ ရွာတွေမှာ စုပေါင်း ကျွေးမွေးနေရတယ်ကြားပါတယ်။

မေး-တိုက်ပွဲမဖြစ်ခင်က ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ အခြေအနေနဲ့ တိုက်ပွဲပြီးတဲ့နောက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကကွာခြားသွားမယ် ထင်လား၊ ရခိုင်ပြည်နယ်မှာ ဘယ်လောက်ထိ ထိခိုက်ပျက်စီးမှုတွေများ သွားမယ်လို့ ထင်ပါသလဲခင်ဗျာ
ဖြေ-အိုးအိမ်တွေပြန်မဆောက်နိုင်တာက သေချာသလောက်ပါပဲ။ ပိုက်ဆံရှိတဲ့လူတချို့ပဲ ပြန်ဆောက် နိုင်မှာသေချာပါတယ်။ အုတ်၊ သဲ၊ ကျောက်စတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလည်းဈေးကြီးတာကြောင့် မသေချာပါဘူး။ ဆက်သွယ်ရေးဖြတ်တောက်ခံရတာတွေ လုပ်ငန်းလည်ပတ်မှုနှောင့်နှေးတာတွေ ဘဏ်စနစ်တွေ အကုန်အဆင်မပြေမှာသေချာပါတယ်။

မေး-ရခိုင်ပြည်နယ်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တကယ်ပဲ ပြန်ပြီးလုပ်ဆောင်နိုင်မယ်လို့ ထင်လားခင်ဗျ။
ဖြေ-သိပ်တော့မဖြစ်နိုင်သေးဘူးထင်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ နိုင်ငံရေးအရွေ့တွေရှိမှသာ ပြန်လည် ထူထောင်ရေးအဆင်ပြေမယ်ထင်ပါတယ်။

မေး-ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကိုကော ဒေသခံတွေ ဘယ်လောက်ထိ ရင်ဆိုင်နေရလဲ၊ တိုက်ပွဲ မဖြစ်ခင်က ဈေးနှုန်းနဲ့ တိုက်ပွဲတွေဖြစ်ပေါ်လာပြီးနောက်ပိုင်း ဈေးနှုန်းတွေလည်း နှိုင်းယှဉ်ပြောပြ ပေးပါဦး ခင်ဗျာ
ဖြေ-ခုဆိုပိုဆိုးတာပေါ့။ အရင်က ကုလားအုတ် ခေါက်ဆွဲတစ်ထုပ်ကို ၁၃၀ဝ ကနေ ခု ၅၀ဝ၀ ကျော် နေပါပြီ။ ကြက်ဥလည်း ၃၀ဝ ကျော်ကနေ ၁၃၀ဝ အထိရှိနေပါတယ်။

မေး-အရင်က ငြိမ်သက်နေတဲ့ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်လာတာကြောင့် ပြည်သူတွေအတွက် စစ်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာတွေရှိနေသလား။
ဖြေ-စစ်ပွဲကတော့ဘယ်သူမှမဖြစ်စေချင်ကြဘူးပေါ့။ ၂၀၁၂ တုန်းကလည်း မောင်တောဘက်မှာ မွတ်စ လင်-ရခိုင်အရေးအခင်းဖြစ်တော့လည်း ရခိုင်တွေ ဒုက္ခရောက်တယ်။ စိတ်အနှောင့်အယှက်ဖြစ်တယ်။ စိတ်ဒဏ်ရာတွေရကြတယ်။ ၂၀၁၇ လည်းဖြစ်တယ်။ ၂၀၁၂ လည်းဖြစ်ပြီးတော့ ၂၀၁၉၊ ၂၀၂၀ အမြဲတမ်း တိုက်ပွဲတွေဖြစ်ပြီး ပရိပက္ခတစ်ခုမဟုတ်တစ်ခုကြုံနေရတော့ မောင်တောဒေသခံတွေအနေနဲ့က စီးပွား ရေးတွေ၊ လူမှုရေးတွေ ကောင်းကောင်းလုပ်လို့ မရဘူး။ ဘယ်တော့များဘာဖြစ်မလဲဆိုတဲ့စိတ်နဲ့ နေနေ ရတဲ့သဘောဖြစ်နေတာပေါ့နော်။ ပြည်သူတွေကတော့ တည်ငြိမ်ပြီးတော့ လုပ်ငန်းကိုင်ငန်းတွေအဆင် ပြေမယ်၊ သမာအာဇီဝနဲ့လုပ်နေရတဲ့ ကိုယ့်လုပ်ငန်းလေးကို အေးအေးချမ်းချမ်းနဲ့ လုပ်သွားချင်ကြတာ ပေါ့ဗျာ။ ပြည်သူတွေဖြစ်နေတဲ့အတွက် စစ်ပွဲကတော့ ဘယ်လိုမှမလိုလားဘူး။ တခြားပြည်နယ်တွေထက် ရခိုင်မှာက ဘင်္ဂါလီအရေးတွေလည်းရှိတယ်။ ရှုပ်ထွေးနေတော့လေ၊ နေတဲ့ပြည်သူတွေကတော့ ဘာမှ မကြားချင်တော့ဘူး။ ကောင်းရောင်းကောင်းဝယ်လေး နဲ့ အေးအေးချမ်းချမ်းနေချင်တာလေးပဲရှိပါတော့ တယ်။ စိတ်ဒဏ်ရာကတော့ ရတယ်လို့ပြောလို့ရသလို ပြောလို့လည်းမရပါဘူး။ အဓိကကတော့ နိုင်ငံ ရေးနဲ့ကင်းကင်းရှင်းရှင်းနဲ့ ကိုယ့်စီးပွားရေးလေးကို လုပ်ပြီးနေချင်တဲ့လူတွေက များပါတယ်ခင်ဗျ။

မေး- အစ်ကိုသိရသလောက် ဘင်္ဂါလီတွေဘက်က AA ကိုယုံကြည်မှုရှိတယ်ထင်လားခင်ဗျ။
ဖြေ- အနည်းစုတော့ယုံကြည်ကြပါတယ်။ အများစုက လူမျိုးရေးပြင်းထန်တော့ အဲဒီအချက်က သိပ်မထင်ပါ ဘူးဗျ။

မေး- ဒေသခံတစ်ယောက်အနေနဲ့ ရခိုင်ပြည်နယ်ကငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးက အဖြေ လို့ထင်လားခင်ဗျ။
ဖြေ- တစ်ဖက်နဲ့တစ်ဖက် အလျှော့ပေးပြီးတိုင်းပြည်ကောင်းဖို့ပဲကြည့်ပြီးဆွေးနွေးကြမယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးရေးကအဖြေပေါ့ဗျာ။ လက်ရှိတော့ ဘာဖြစ်နေလဲဆိုတာ မျက်မြင်ပါပဲ။ တစ်ဖက် ကတိုက်၊ တစ်ဖက်ကခုခံနဲ့ အားလုံးဒုက္ခရောက်နေကြတာပါ။ ခုနကပြောသလိုပဲ စားပွဲဝိုင်းမှာကိုယ်အဖွဲ့ တစ်ခုတည်းရလဒ်ကိုမကြည့်ဘဲ ရေရှည်ကိုကြည့်ပြီးဖြေရှင်းမှသာ ရလဒ်ထွက်မယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
AA ရဲ႕ ၿခိမ္းေျခာက္သံေအာက္က ေမာင္ေတာေဒသခံျပည္သူေတြရဲ႕ “ ဘဝ ”နဲ႔ “ ဆႏၵ ” (အင္တာ‌ဗ်ဴး)
သန႔္ဇင္(NP News) - ဇြန္ ၃၈

ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္အနီးမွ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္တို႔တြင္ AA က တိုက္ ပြဲမ်ားေဖာ္ေဆာင္ၿပီးေနာက္ တပ္မေတာ္ႏွင့္ AA တို႔ အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနခဲ့သည္။ ထို႔ျပင္ AA က ေမာင္ေတာၿမိဳ႕ေနျပည္သူလူထုကို ဇြန္လ ၁၆ ရက္ ည ၉ နာရီမွ စတင္ထြက္ခြာရန္ သတိေပးစာ တစ္ ေစာင္ ထုတ္ျပန္ေၾကညာခဲ့သည္။ အဆိုပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ လက္ရွိ စစ္ေဘးသင့္ျပည္သူမ်ား၏ အေျခအေန၊ ဒုကၡမ်ားႏွင့္ ရခိုင္ျပည္နယ္က စစ္ေဘးသင့္ ျပည္သူတို႔ဘဝမ်ားအေၾကာင္းကို NP News ၏ ေမာင္ေတာေဒသခံ သတင္းရင္းျမစ္တစ္ဦးအား ေမးျမန္းထားမႈမ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-လက္ရွိမွာ ေမာင္ေတာၿမိဳ႕အေျခအေနက ဘယ္ လိုရွိလဲခင္ဗ်။
ေျဖ-လက္ရွိအေျခအေနကေတာ့ ေမာင္ေတာၿမိဳ႕နယ္မွာ ပန္းေတာျပင္၊ ေညာင္ေခ်ာင္းေပါ့ေနာ္ အဲဒီ ဘက္မွာ ပစ္ခတ္သံေတြ ၾကားေနရတယ္။ အဲဒီဘက္ မွာ AA ေတြက ပိတ္ဆို႔ထားတယ္။ အဲဒီဘက္ကပဲ AA ေတြတက္လာလို႔ တိုက္ပြဲျဖစ္လာတာေၾကာင့္ ဟာပီ႐ြာဆိုတဲ့အဲဒီနားေလးမွာ တိုက္ပြဲေတြျဖစ္ေန တယ္လို႔ေတာ့ၾကားပါတယ္။ ၿမိဳ႕ထဲမွာေတာ့ ညေနပိုင္းေတြမွာ အိမ္ေတြကို တပ္က ဝင္စစ္တယ္။ ေလာ ေလာဆယ္မွာေတာ့ ေလယာဥ္ေတြနဲ႔ ဘာညာတိုက္ပြဲ ျဖစ္ဖို႔ေတာ့မရွိေသးပါဘူး။

ေမး- AA က ထုတ္ျပန္ခ်က္ထုတ္ၿပီးေနာက္မွာ ၿမိဳ႕ခံေတြအေနနဲ႔ ဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ ေနရလဲ။
ေျဖ- AAက ထုတ္ျပန္ခ်က္ထုတ္လိုက္တဲ့အခ်ိန္မွာေတာ့ ၿမိဳ႕ကလူေတြအကုန္လုံးကေတာ့ ေၾကာက္လန႔္ ၾကတာေပါ့ေနာ္။ ငါတို႔ဘယ္နားသြားေနရမလဲ။ တိုက္ပြဲၾကားညပ္မွာလည္းေၾကာက္တယ္။ ၿပီးေတာ့ စစ္ ေဘးေရွာင္ဖို႔ဆိုလည္း လမ္းေတြကက်ေတာ့ ၿမိဳ႕ထဲက ေနထြက္လို႔မရတဲ့အေျခအေနျဖစ္ေနတယ္။ ေနာက္ၿပီး တံတားေတြဘာေတြလည္း အခ်ိဳးခံထားရတယ္။ ေလာေလာဆယ္ေတာ့ ၿမိဳ႕ထဲက ထြက္လို႔ မရတဲ့အေျခအေနျဖစ္တဲ့အတြက္ေၾကာင့္ က်ီးလန႔္စာစားေနရတဲ့ အေျခအေနျဖစ္ေနတာေပါ့။

ေမး- ေဒသခံေတြအေနနဲ႔က ဘယ္ေဒသေတြကို ေနရပ္စြန႔္ခြာေနၾကရလဲခင္ဗ်ာ။
ေျဖ- ေမာင္ေတာကလူေတြကေတာ့ ေျမာက္ပိုင္းက AA သိမ္းထားတဲ့ ႀကိမ္ေခ်ာင္းတို႔ဘက္မွာ တိမ္း ေရွာင္ေနၾကတာေတြရွိတယ္။ ေနာက္ၿပီးေတာ့ ေမာင္ေတာနဲ႔ရေသ့ေတာင္ၾကား၊ ေမာင္ေတာေတာင္ပိုင္း ဘက္ေတြမွာ တိမ္းေရွာင္ေနတာေတြရွိတယ္။ အဓိကေတာ့ ေမာင္ေတာရဲ႕ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းဘက္ ကို တိမ္းေရွာင္ေနၾကတာမ်ားပါတယ္။ ရန္ကုန္ကို တိမ္းေရွာင္သြားတဲ့လူေတြကေတာ့ လြန္ခဲ့တဲ့တစ္လ ေလာက္ကတည္းက တိမ္းေရွာင္သြားၾကတာပါ။

ေမး- လက္ရွိမွာ စစ္ျဖစ္ေနတာဆိုေတာ့ တပ္မေတာ္ရဲ႕ ေဒသခံေတြကို ကာကြယ္ေပးႏိုင္စြမ္းက ဘယ္လိုျမင္မိလဲ။
ေျဖ- တပ္မေတာ္ေတာ့ ေလာေလာဆယ္ဆယ္မွာ စခန္းေတြဆုတ္ခြာေပးေနရေတာ့ အခုကၿမိဳ႕ေပၚမွာပဲ က်န္ေတာ့ တိုက္ပြဲကေတာ့ အႀကီးအက်ယ္ျဖစ္မယ္။ သူတို႔အေနနဲ႔က ေရေၾကာင္းကေနတိုက္လို႔ေတာ့ရ တယ္။ ဒါေပမဲ့လို႔ အေျခအေနကေတာ့ သိပ္ၿပီးမေကာင္းဘူးထင္တယ္။ တပ္ကေတာ့ဆုတ္ေပးရလိမ့္ မယ္လို႔ေတာ့ထင္တယ္။ ဒါႀကီးက ဘယ္ေလာက္ထိ ရွည္သြားမလဲဆိုတာေတာ့ မသိေသးဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ေျပာလို႔ေတာ့မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿမိဳ႕ကအစြန္အဖ်ားလည္းျဖစ္ေနတယ္ေလ။ ဟို ဘက္ေတြကသိမ္းထားၿပီဆိုေတာ့ ခံစစ္နဲ႔ပဲခုခံရမယ့္ သေဘာရွိတယ္။ ေဒသခံေတြကို ကာကြယ္ေပးႏိုင္ စြမ္းကေတာ့ သိပ္ၿပီးအားရစရာေတာ့မရွိပါဘူး။

ေမး-တိုက္ပြဲေတြမစတင္ခင္က ေမာင္ေတာၿမိဳ႕အေျခအေနဘယ္လိုရွိလဲ၊ တိုက္ပြဲေတြျဖစ္ၿပီးေနာက္ေကာ ဘယ္လိုရွိလဲ ခင္ဗ်ာ
ေျဖ-တိုက္ပြဲေတြမျဖစ္ခင္ကေတာ့ နယ္စပ္ကုန္သြယ္ေရးေတြလည္းရွိတယ္။ စည္စည္ကားကားလည္းရွိ တယ္။ ကြၽန္ေတာ္တို႔ ဒီဘက္မွာက အလုပ္အကိုင္ စီးပြားေရးေတြေရာ ပို႔ကုန္သြင္းကုန္ေတြေရာ ကြၽန္ေတာ္တို႔ဝန္ေဆာင္မႈလုပ္ငန္းေတြေရာ အဆင္ေျပတာေပါ့ေနာ္။ နယ္စပ္ကကုမၸဏီေတြလည္း ပခုကၠဴတို႔ကေန ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ငါးတို႔ တင္ပို႔လို႔ရတဲ့အတြက္ နယ္စပ္ကုန္သြယ္ေရးမွာ ကိုယ္စားလွယ္ပုံစံမ်ိဳး လုပ္လို႔ရတဲ့အေနအထားရွိတာေပါ့ေနာ္။ အခုကေတာ့ ဘယ္လိုမွ အဆင္မေျပ ေတာ့ဘူး။ ဆိုင္ေတြကလည္း ပိတ္ထားတယ္။ အဲဒီေတာ့ ၿမိဳ႕ပ်က္ႀကီးလိုျဖစ္ေနတာေပါ့။

ေမး-ေမာင္ေတာၿမိဳ႕နယ္မွာ တိုက္ပြဲေတြျဖစ္ၿပီးတဲ့ေနာက္ ၿမိဳ႕ခံေတြရဲ႕ လူမႈစီးပြားဘဝေတြဘယ္ေလာက္ ပ်က္စီးသြားၾကလဲ။
ေျဖ-စစ္ပြဲတစ္ပြဲျဖစ္ရင္ေတာ့ အကုန္လုံးကထိခိုက္တာပါပဲ။ သူေဌးေတြကေနစၿပီးေတာ့ ေအာက္ေျခ လူတန္းစားအထိကေတာ့ အကုန္လုံးအလုပ္ေတြ ရပ္တန႔္သြားေတာ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ပဲ လိမ္ဖယ္လိမ္ ဖယ္ေနေနရတာေပါ့ဗ်ာ။

ေမး-လက္ရွိမွာ ေမာင္ေတာၿမိဳ႕ခံေတြ ဘယ္လိုရွင္သန္ ရပ္တည္ေနထိုင္ေနၾကရလဲ။
ေျဖ-ခုနေျပာခဲ့သလိုပဲေပါ့။ ၿမိဳ႕ခံေတြက်ေတာ့ အလုပ္ေတြက ဘာမွလုပ္လို႔မရေတာ့ဘူး။ ကိုယ့္အိမ္မွာ ပဲကိုယ္ေနၿပီးေတာ့ ဘယ္ေတာ့ဘာျဖစ္မလဲ၊ ဘယ္ေနရာဘာျဖစ္မလဲ စိုးရိမ္စိတ္ေတြနဲ႔ ထိတ္လန႔္ေနၾက ရတာေပါ့။ စားဝတ္ေနေရးကလည္း အရင္တုန္းက ဘဂၤလားေဒ့ရွ္ကတင္သြင္းထားခဲ့ရတဲ့ စားေသာက္ ကုန္ေတြနဲ႔ပဲ ေခြၽတာၿပီးစားေနရတယ္ေပါ့ဗ်ာ။

ေမး-ေမာင္ေတာၿမိဳ႕နယ္ထဲက ရခိုင္တိုင္းရင္းသားေတြနဲ႔ ဘဂၤါလီေတြရဲ႕အေျခအေနကေကာ ဘယ္လို ျဖစ္လာႏိုင္တယ္လို႔ထင္လဲခင္ဗ်ာ။
ေျဖ-အဓိကေတာ့ အခုကႏွစ္ဖက္လုံးက ေၾကာက္ေနၾကတယ္။ အခုက တစ္ဖက္နဲ႔တစ္ဖက္၊ တစ္ေယာက္နဲ႔ တစ္ေယာက္က စိုးရိမ္စိတ္ေတြနဲ႔ ၾကည့္ေနရတဲ့အေနအထားပါ။ ေနာက္ပိုင္းေတာ့ ဘယ္လိုျဖစ္လာမလဲ မသိေသးဘူးေပါ့။

ေမး- AA က အရပ္ဘက္အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္မယ္ဆိုရင္ အဆင္ေျပႏိုင္မယ္လို႔ထင္လား။ ရခိုင္ျပည္ နယ္က ကာလရွည္ပရိပကၡျဖစ္တဲ့ ရခိုင္တိုင္းရင္းသားေတြနဲ႔ ဘဂၤါလီေတြၾကားကျပႆနာကို AA အေနနဲ႔ ထိန္းခ်ဳပ္ႏိုင္မယ္ထင္လား၊ HandLe လုပ္ႏိုင္မယ္ ထင္လား
ေျဖ- အရပ္ဘက္အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္ႏိုင္မယ္ဆိုရင္ ဒီကလူမ်ိဳးစုေတြ သဟဇာတျဖစ္ဖို႔က သူတို႔ဘက္ က ခ်က္ခ်င္းေတာ့အဆင္ေျပမယ္မထင္ဘူး။ ႀကိဳးစားရမယ္လို႔ထင္တယ္။ ၿပီးေတာ့ ၂၀၁၂၊ ၂၀၁၇ မွာ ျပႆနာေတြတက္ထားေတာ့ အဲဒီအခက္အခဲေတြကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ထိန္းခ်ဳပ္ႏိုင္ဖို႔ကေတာ့ သိပ္ေတာ့ မလြယ္ေလာက္ဘူး။ ဒီမွာကတျခားၿမိဳ႕ေတြ လိုမဟုတ္ဘူး Sensitive ျဖစ္တယ္။ တစ္ဖက္UN နဲ႔ ဒီဘက္က NGO ေတြကလည္း မ်က္စိေဒါက္ေထာက္ ၾကည့္ေနၾကတာဆိုေတာ့ အခက္အခဲေတာ့ရွိ မယ္ထင္ပါတယ္။ ၿမိဳ႕ကိုထိန္းခ်ဳပ္တာက ထိန္းခ်ဳပ္ႏိုင္မယ္။ သဟဇာတျဖစ္ေအာင္ဆိုရင္ေတာ့ ၾကာေန ဦးမယ္လို႔ ေတာ့ထင္ပါတယ္။

ေမး-ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာ တိုက္ပြဲေတြေၾကာင့္ ၿမိဳ႕ခံေတြက ၿမိဳ႕ကိုစြန႔္ခြာေနၾကရတာရွိပါ တယ္။ အဲဒီၿမိဳ႕ေတြ ပုံမွန္အေျခအေနျပန္ေရာက္ဖို႔အတြက္ အခ်ိန္ၾကာဦးမယ္ထင္လားခင္ဗ်ာ
ေျဖ-စစ္ေဘးကေရွာင္ေနၾကတဲ့လူေတြက ၿမိဳ႕ကို ဘယ္သူပဲသိမ္းသိမ္းေပါ့ေနာ္ ဝင္လာလို႔ရတယ္ဆိုရင္ ေတာ့ဝင္မွာေပါ့။ ဒါေပမဲ့ တပ္ဘက္ကလည္း ေျမာက္ဦး၊ ေက်ာက္ေတာ္ဘက္ကလို ကင္းေထာက္ၿပီး ေတာ့ စခန္းေတြဗုံးက်ဲတာေတြလုပ္ေနတာဆိုေတာ့ ၾကာဦးမယ္ထင္ပါတယ္။ ခ်က္ခ်င္းဝင္လာလို႔ရမယ္ လို႔ေတာ့ မထင္ပါဘူး။

ေမး- ရခိုင္ျပည္နယ္ကစစ္ပြဲဟာ ေကာင္းက်ိဳးကို ေပးတယ္လို႔ထင္သလား၊ ဆိုးက်ိဳးကိုေပးတယ္လို႔ထင္ ပါသလား
ေျဖ-စစ္ပြဲဆိုတာ ေကာင္းက်ိဳးမရွိပါဘူး။ ျပည္သူေတြ အတြက္ကေတာ့ ဆိုးက်ိဳးေတြပါပဲ။ အႏိုင္ရတဲ့ ဘက္ကေတာ့ေကာင္းက်ိဳးေပါ့။ ဒါေပမဲ့ ေကာင္းက်ိဳးမလာခင္မွာေတာ့ အဓိကရင္ဆိုင္ရမွာက ဆိုးက်ိဳး ပါပဲ။ အဲဒါေၾကာင့္ ကြၽန္ေတာ့္အျမင္ဆိုရင္ေတာ့ ဆိုးက်ိဳးလို႔ ပဲထင္ပါတယ္။

ေမး-ေမာင္ေတာၿမိဳ႕နဲ႔ ပတ္သက္လို႔ AA ကထုတ္ျပန္ လိုက္တဲ့ေဒသခံေတြ ၿမိဳ႕ကို ည ၉ နာရီကစလို႔ ထြက္ ခြာရမယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ဟာ ဘယ္သူေတြကို ရည္႐ြယ္ပါသလဲ။ ဘာေၾကာင့္လို႔ထင္ပါသလဲခင္ဗ်ာ
ေျဖ-ကြၽန္ေတာ္တို႔ရဲ႕ ေမာင္ေတာၿမိဳ႕နဲ႔ပတ္သက္လို႔ ထုတ္ျပန္ခ်က္က ဘူးသီးေတာင္ျဖစ္စဥ္တုန္းက ဘဂၤါ လီေတြကိုေရာၿပီးေတာ့ထုတ္တာေပါ့ေနာ္။ အဓိကေတာ့ ဘဂၤါလီေတြစိုးရိမ္ေနၾကရတာေပါ့။ တျခားၿမိဳ႕ ေတြကိုထုတ္ျပန္တာမရွိဘူး။ သူ႔ဘာသာသူထုတ္တာ မရွိဘူး။ ေအာက္ေျခကေန လွမ္းေျပာတာပဲရွိတယ္။ အခုထုတ္တဲ့ဟာက သူတို႔ဘာသာသူတို႔ ထိလြယ္ရွ လြယ္ျဖစ္ေဲနတာေၾကာင့္ပဲျဖစ္တယ္လို႔ပဲထင္ပါတယ္။

ေမး-ဟုတ္ကဲ့အစ္ကို။ ေနာက္တစ္ခုက ရခိုင္ျပည္နယ္တစ္ခုလုံးက တိုက္ပြဲေတြေၾကာင့္ ျပည္သူေတြ ဘယ္ေလာက္ထိ နစ္နာဆုံးရႈံးမႈေတြျဖစ္ေနရၿပီလဲ။
ေျဖ-ေအာက္ေျခလူတန္းစားကေန သူေဌးေတြအထိ ထိခိုက္ေနရတာပါဗ်ာ။ ထမင္းမစားရတဲ့သူေတြေတာင္ ရွိလို႔ ႐ြာေတြမွာ စုေပါင္း ေကြၽးေမြးေနရတယ္ၾကားပါတယ္။

ေမး-တိုက္ပြဲမျဖစ္ခင္က ရခိုင္ျပည္နယ္တစ္ခုလုံးရဲ႕ အေျခအေနနဲ႔ တိုက္ပြဲၿပီးတဲ့ေနာက္ ရခိုင္ျပည္နယ္ရဲ႕ အေျခအေနကကြာျခားသြားမယ္ ထင္လား၊ ရခိုင္ျပည္နယ္မွာ ဘယ္ေလာက္ထိ ထိခိုက္ပ်က္စီးမႈေတြမ်ား သြားမယ္လို႔ ထင္ပါသလဲခင္ဗ်ာ
ေျဖ-အိုးအိမ္ေတြျပန္မေဆာက္ႏိုင္တာက ေသခ်ာသေလာက္ပါပဲ။ ပိုက္ဆံရွိတဲ့လူတခ်ိဳ႕ပဲ ျပန္ေဆာက္ ႏိုင္မွာေသခ်ာပါတယ္။ အုတ္၊ သဲ၊ ေက်ာက္စတဲ့ ေဆာက္လုပ္ေရးပစၥည္းေတြလည္းေဈးႀကီးတာေၾကာင့္ မေသခ်ာပါဘူး။ ဆက္သြယ္ေရးျဖတ္ေတာက္ခံရတာေတြ လုပ္ငန္းလည္ပတ္မႈေႏွာင့္ေႏွးတာေတြ ဘဏ္စနစ္ေတြ အကုန္အဆင္မေျပမွာေသခ်ာပါတယ္။

ေမး-ရခိုင္ျပည္နယ္ရဲ႕ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို တကယ္ပဲ ျပန္ၿပီးလုပ္ေဆာင္ႏိုင္မယ္လို႔ ထင္လားခင္ဗ်။
ေျဖ-သိပ္ေတာ့မျဖစ္ႏိုင္ေသးဘူးထင္ပါတယ္။ ပိုမို ေကာင္းမြန္တဲ့ ႏိုင္ငံေရးအေ႐ြ႕ေတြရွိမွသာ ျပန္လည္ ထူေထာင္ေရးအဆင္ေျပမယ္ထင္ပါတယ္။

ေမး-ကုန္ေဈးႏႈန္းႀကီးျမင့္မႈေတြကိုေကာ ေဒသခံေတြ ဘယ္ေလာက္ထိ ရင္ဆိုင္ေနရလဲ၊ တိုက္ပြဲ မျဖစ္ခင္က ေဈးႏႈန္းနဲ႔ တိုက္ပြဲေတြျဖစ္ေပၚလာၿပီးေနာက္ပိုင္း ေဈးႏႈန္းေတြလည္း ႏႈိင္းယွဥ္ေျပာျပ ေပးပါဦး ခင္ဗ်ာ
ေျဖ-ခုဆိုပိုဆိုးတာေပါ့။ အရင္က ကုလားအုတ္ ေခါက္ဆြဲတစ္ထုပ္ကို ၁၃၀ဝ ကေန ခု ၅၀ဝ၀ ေက်ာ္ ေနပါၿပီ။ ၾကက္ဥလည္း ၃၀ဝ ေက်ာ္ကေန ၁၃၀ဝ အထိရွိေနပါတယ္။

ေမး-အရင္က ၿငိမ္သက္ေနတဲ့ရခိုင္ျပည္နယ္မွာ တစ္ေက်ာ့ျပန္တိုက္ပြဲေတြျဖစ္လာတာေၾကာင့္ ျပည္သူေတြအတြက္ စစ္နဲ႔ပတ္သက္ၿပီး စိတ္ဒဏ္ရာေတြရွိေနသလား။
ေျဖ-စစ္ပြဲကေတာ့ဘယ္သူမွမျဖစ္ေစခ်င္ၾကဘူးေပါ့။ ၂၀၁၂ တုန္းကလည္း ေမာင္ေတာဘက္မွာ မြတ္စ လင္-ရခိုင္အေရးအခင္းျဖစ္ေတာ့လည္း ရခိုင္ေတြ ဒုကၡေရာက္တယ္။ စိတ္အေႏွာင့္အယွက္ျဖစ္တယ္။ စိတ္ဒဏ္ရာေတြရၾကတယ္။ ၂၀၁၇ လည္းျဖစ္တယ္။ ၂၀၁၂ လည္းျဖစ္ၿပီးေတာ့ ၂၀၁၉၊ ၂၀၂၀ အၿမဲတမ္း တိုက္ပြဲေတြျဖစ္ၿပီး ပရိပကၡတစ္ခုမဟုတ္တစ္ခုႀကဳံေနရေတာ့ ေမာင္ေတာေဒသခံေတြအေနနဲ႔က စီးပြား ေရးေတြ၊ လူမႈေရးေတြ ေကာင္းေကာင္းလုပ္လို႔ မရဘူး။ ဘယ္ေတာ့မ်ားဘာျဖစ္မလဲဆိုတဲ့စိတ္နဲ႔ ေနေန ရတဲ့သေဘာျဖစ္ေနတာေပါ့ေနာ္။ ျပည္သူေတြကေတာ့ တည္ၿငိမ္ၿပီးေတာ့ လုပ္ငန္းကိုင္ငန္းေတြအဆင္ ေျပမယ္၊ သမာအာဇီဝနဲ႔လုပ္ေနရတဲ့ ကိုယ့္လုပ္ငန္းေလးကို ေအးေအးခ်မ္းခ်မ္းနဲ႔ လုပ္သြားခ်င္ၾကတာ ေပါ့ဗ်ာ။ ျပည္သူေတြျဖစ္ေနတဲ့အတြက္ စစ္ပြဲကေတာ့ ဘယ္လိုမွမလိုလားဘူး။ တျခားျပည္နယ္ေတြထက္ ရခိုင္မွာက ဘဂၤါလီအေရးေတြလည္းရွိတယ္။ ရႈပ္ေထြးေနေတာ့ေလ၊ ေနတဲ့ျပည္သူေတြကေတာ့ ဘာမွ မၾကားခ်င္ေတာ့ဘူး။ ေကာင္းေရာင္းေကာင္းဝယ္ေလး နဲ႔ ေအးေအးခ်မ္းခ်မ္းေနခ်င္တာေလးပဲရွိပါေတာ့ တယ္။ စိတ္ဒဏ္ရာကေတာ့ ရတယ္လို႔ေျပာလို႔ရသလို ေျပာလို႔လည္းမရပါဘူး။ အဓိကကေတာ့ ႏိုင္ငံ ေရးနဲ႔ကင္းကင္းရွင္းရွင္းနဲ႔ ကိုယ့္စီးပြားေရးေလးကို လုပ္ၿပီးေနခ်င္တဲ့လူေတြက မ်ားပါတယ္ခင္ဗ်။

ေမး- အစ္ကိုသိရသေလာက္ ဘဂၤါလီေတြဘက္က AA ကိုယုံၾကည္မႈရွိတယ္ထင္လားခင္ဗ်။
ေျဖ- အနည္းစုေတာ့ယုံၾကည္ၾကပါတယ္။ အမ်ားစုက လူမ်ိဳးေရးျပင္းထန္ေတာ့ အဲဒီအခ်က္က သိပ္မထင္ပါ ဘူးဗ်။

ေမး- ေဒသခံတစ္ေယာက္အေနနဲ႔ ရခိုင္ျပည္နယ္ကၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးေရးက အေျဖ လို႔ထင္လားခင္ဗ်။
ေျဖ- တစ္ဖက္နဲ႔တစ္ဖက္ အေလွ်ာ့ေပးၿပီးတိုင္းျပည္ေကာင္းဖို႔ပဲၾကည့္ၿပီးေဆြးေႏြးၾကမယ္ဆိုရင္ေတာ့ ေတြ႕ဆုံေဆြးေႏြးေရးကအေျဖေပါ့ဗ်ာ။ လက္ရွိေတာ့ ဘာျဖစ္ေနလဲဆိုတာ မ်က္ျမင္ပါပဲ။ တစ္ဖက္ ကတိုက္၊ တစ္ဖက္ကခုခံနဲ႔ အားလုံးဒုကၡေရာက္ေနၾကတာပါ။ ခုနကေျပာသလိုပဲ စားပြဲဝိုင္းမွာကိုယ္အဖြဲ႕ တစ္ခုတည္းရလဒ္ကိုမၾကည့္ဘဲ ေရရွည္ကိုၾကည့္ၿပီးေျဖရွင္းမွသာ ရလဒ္ထြက္မယ္ထင္ပါတယ္။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.