စင်ကာပူမှာ Punggol ရပ်ကွက် တိုက်ခန်း ၁၁ လွှာကို မိချောင်းတစ်ကောင် ရောက်လာမှုဖြစ်ပွား

 11570

ရောင်နီ (NP News) - ဇွန် ၂၉

စင်ကာပူမှာ ကြာသပတေးနေ့ (ဇွန် ၂၇ ရက်) ညပိုင်းက Punggol ရပ်ကွက်ရဲ့တိုက်ခန်း ၁၁ လွှာ ဝရံတာမှာ မိချောင်းတစ်ကောင် ရောက်ရှိနေခဲ့ပါတယ်။

အဆိုပါ မိချောင်းကြောင့် တိုက်ခန်းမှာ နေထိုင်သူဖြစ်တဲ့ ဂျက်ဖရေးတော့ဟ်တို့မိသားစုဟာ ထိတ်လန့်ခဲ့ရပြီး ဝရံတာ တံခါးကိုလည်း အတွင်းကနေ သော့ခတ်ထားရတယ်လို့ ဆိုပါတယ်။ မိချောင်းကြီး တိုက်ခန်းပေါ်ကို ရောက်လာတဲ့အချိန်ကတော့ ညနေ ၅ နာရီခန့်အချိန်လို့ သိရပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မစ္စတာတော့ဟ်ဟာ အပြင်ရောက်နေတဲ့အချိန် သူ့အိမ်ပတ်ဝန်းကျင်ကို CCTV ကနေ ကြည့်လိုက်ချိန်မှာ အဲဒီမိချောင်းတလှုပ်လှုပ်နဲ့ တက်လာနေတာ တွေ့ရပြီး ချက်ချင်း အိမ်အပြေးအလွှား ပြန်လာခဲ့ရကာ အိမ်နီးချင်းတွေကိုလည်း ကူညီပေးဖို့ အကြောင်းကြားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ မိချောင်းဟာ မစ္စတာတော့ဟ်တို့ တိုက်ခန်း ၁၁ လွှာကိုရောက်တော့ ဝရံတာမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Animal Concerns Research and Education Society (Acres) နဲ့ အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (NParks) မှ လူနှစ်ဦးအဖွဲ့ရောက်ရှိလာခဲ့ပြီး မိချောင်းကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
Punggol မှာ မိချောင်းကို တွေ့ရတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ အခြား မျောက်များ၊ တောဝက်များ၊ မြွေတွေကိုလည်း ရပ်ကွက်နဲ့ ပန်းခြံတဝိုက် တွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ Punggol ရပ္ကြက္ တိုက္ခန္း ၁၁ လႊာကို မိေခ်ာင္းတစ္ေကာင္ ေရာက္လာမႈျဖစ္ပြား
ေရာင္နီ (NP News) - ဇြန္ ၂၉

စင္ကာပူမွာ ၾကာသပေတးေန႔ (ဇြန္ ၂၇ ရက္) ညပိုင္းက Punggol ရပ္ကြက္ရဲ႕တိုက္ခန္း ၁၁ လႊာ ဝရံတာမွာ မိေခ်ာင္းတစ္ေကာင္ ေရာက္ရွိေနခဲ့ပါတယ္။

အဆိုပါ မိေခ်ာင္းေၾကာင့္ တိုက္ခန္းမွာ ေနထိုင္သူျဖစ္တဲ့ ဂ်က္ဖေရးေတာ့ဟ္တို႔မိသားစုဟာ ထိတ္လန႔္ခဲ့ရၿပီး ဝရံတာ တံခါးကိုလည္း အတြင္းကေန ေသာ့ခတ္ထားရတယ္လို႔ ဆိုပါတယ္။ မိေခ်ာင္းႀကီး တိုက္ခန္းေပၚကို ေရာက္လာတဲ့အခ်ိန္ကေတာ့ ညေန ၅ နာရီခန႔္အခ်ိန္လို႔ သိရပါတယ္။ အိမ္ရွင္ျဖစ္တဲ့ မစၥတာေတာ့ဟ္ဟာ အျပင္ေရာက္ေနတဲ့အခ်ိန္ သူ႔အိမ္ပတ္ဝန္းက်င္ကို CCTV ကေန ၾကည့္လိုက္ခ်ိန္မွာ အဲဒီမိေခ်ာင္းတလႈပ္လႈပ္နဲ႔ တက္လာေနတာ ေတြ႕ရၿပီး ခ်က္ခ်င္း အိမ္အေျပးအလႊား ျပန္လာခဲ့ရကာ အိမ္နီးခ်င္းေတြကိုလည္း ကူညီေပးဖို႔ အေၾကာင္းၾကားခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါ မိေခ်ာင္းဟာ မစၥတာေတာ့ဟ္တို႔ တိုက္ခန္း ၁၁ လႊာကိုေရာက္ေတာ့ ဝရံတာမွာ ပိတ္မိေနခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ Animal Concerns Research and Education Society (Acres) နဲ႔ အမ်ိဳးသားဥယ်ာဥ္မ်ားဘုတ္အဖြဲ႕ (NParks) မွ လူႏွစ္ဦးအဖြဲ႕ေရာက္ရွိလာခဲ့ၿပီး မိေခ်ာင္းကို ဖမ္းဆီးေခၚေဆာင္သြားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
Punggol မွာ မိေခ်ာင္းကို ေတြ႕ရတာဟာ အဆန္းေတာ့ မဟုတ္ပါဘူး။ အျခား ေမ်ာက္မ်ား၊ ေတာဝက္မ်ား၊ ေႁမြေတြကိုလည္း ရပ္ကြက္နဲ႔ ပန္းၿခံတဝိုက္ ေတြ႕ရေလ့ရွိတယ္လို႔ သိရပါတယ္။

Picture

Nora Hom (hom)

04/07/2024 21:18

မိကျောင်းမဟုတ်ပါဘူး ဖွတ်ကောင်ပါ

Related news

© 2021. All rights reserved.