ရုရှားက မြေပြင်သုံး တာလတ်နှင့် တာတိုပစ် ဒုံးကျည်များ ထုတ်လုပ်ခြင်းကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ပူတင် ဖွင့်ဟပြောဆို

 590

ALynn (NP News) - ဇွန် ၃ဝ

ရုရှားသည် မြေပြင်သုံး တာလတ်နှင့် တာတိုပစ် ဒုံးကျည်များ ထုတ်လုပ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်ခြင်း တို့ကို ပြန်လည်လုပ်ဆောင်နိုင်သည်ဟု သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ Intermed iate-Range Nuclear Forces Treaty (INF) စာချုပ်အရ အဆိုပါ ဒုံးကျည်များကို ကန့်သတ်ထားသော်လည်း ၎င်းစာချုပ်ကို ၂၀၁၉ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
ထို့နောက် ရုရှားသည် အမေရိကန်နှင့် အဆိုပါလက်နက်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ကျက်ခြင်းအား ဆောင်ရွက်ခြင်း မပြုရန် သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်ခဲ့သည်။

သမ္မတပူတင်သည် သောကြာနေ့ (ဇွန်လ ၂၈ ရက်) က နိုင်ငံ၏ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် “လတ်တလော အမေရိကန်၏ ရန်လိုသော လုပ်ရပ်များသည် မော်စကို၏ လက်နက်များဆိုင်ရာ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာကြောင်း” ပြောကြားခဲ့သည်။

မော်စကိုသည် INF သဘောတူညီချက် ပျက်ပြားသွားသော်လည်း “အမေရိကန်က အဆိုပါဒုံးကျည်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြန့်ကျက်မထားသရွေ့ ရုရှားကလည်း ၎င်းဒုံးကျည်များ မထုတ်လုပ်၊ ဖြန့်ကျက်မှုမပြု” ဟူသောကတိအတိုင်း နေထိုင်ခဲ့သည်ဟု ပူတင်က မှတ်ချက်ပြုခဲ့သည်။

သို့သော် ဝါရှင်တန်သည် ထိုကဲ့သို့သော ဒုံးကျည်များကို နိုင်ငံရပ်ခြားတွင် တပ်ဖြန့်ချလာခြင်းကြောင့် အခြေအနေ ပြောင်းလဲသွားပြီဖြစ်ကြောင်း သမ္မတက ပြောကြား ခဲ့သည်။

“အမေရိကန်ဟာ ဒီဒုံးကျည်စနစ်တွေကို ထုတ်လုပ်ရုံတင်မကဘဲ ဥရောပနှင့် ဒိန်းမတ်နိုင်ငံများတွင်လည်း လေ့ကျင့်မှုများတွင် အသုံးပြုဖို့ ဖြန့်ကျက်ထားကြောင်း၊ မကြာသေးမီကလည်း ဖိလစ်ပိုင်တွင် ၎င်းဒုံးကျည်များရှိနေ ကြောင်း သတင်းရရှိခဲ့သည်” ဟု ပူတင်က ဖော်ပြခဲ့သည်။
“ရုရှားသည် ယခုအခါ ယင်းကိစ္စကို တုံ့ပြန်ဖို့နဲ့ နောက်ထပ်ခြေလှမ်းများအတွက် ဆုံးဖြတ်ရန် လိုအပ်လာပြီးဖြစ် ကြောင်း၊ တာလတ်နှင့် တာတိုပစ် ဒုံးကျည်များ ပြန်လည်ထုတ်လုပ်ဖို့ စတင်ခြင်းသည် နိုင်ငံအတွက် တစ်ခုတည်း သော ရွေးချယ်မှုဖြစ်ကြောင်း” ၎င်းက အကြံပြုခဲ့သည်။
၁၉၈၇ INF စာချုပ်တွင် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံ (ရုရှား) တို့အား မြေပြင်သုံး ပဲ့ထိန်းဒုံးကျည်များနှင့် ခရုဇ် ဒုံးကျည်များ ထုတ်လုပ်ခြင်းအပြင် ၎င်းတို့၏ သက်ဆိုင်ရာလောင်ချာများကို အကွာအဝေး ၅၀၀ မှ ၅၅၀၀ ကီလိုမီတာ (၃၁၀ မှ ၃၄၂၀ မိုင်အထိ) ထုတ်လုပ်ခြင်းမှ တားမြစ်ထားသည်။ သို့သော် စာချုပ်သည် တူညီသော အကွာအဝေးရှိ ဝေဟင်နှင့် ပင်လယ်ပြင်သုံး စနစ်များအပေါ် သက်ရောက်မှုမရှိပါ။

ထရမ့်အုပ်ချုပ်မှုအောက်တွင် ၂၀၁၉ ခုနှစ်၌ ၎င်းသဘောတူညီချက် ပျက်သွားခဲ့ပြီး မော်စကိုက ၎င်းစာချုပ်အား ပြင်းပြင်းထန်ထန် ချိုးဖောက်သည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။ သို့သော် ၎င်းစွပ်စွဲချက်များအတွက် ခိုင်လုံသော အထောက်အထား မပြနိုင်ခဲ့ပါ။ ရုရှားသည် ၀ါရှင်တန်၏ လုပ်ရပ်များနှင့် သဘောတူညီချက်ကို ချိုးဖောက်နိုင်ခြေကို နှစ်ပေါင်းများစွာကြာအောင် စိုးရိမ်မှုများ မြင့်တက်နေခဲ့ပြီး လေယာဉ်ပစ်ဒုံးများအနေနဲ့သာမကဘဲ မြေပြင်ပစ် ဒုံးကျည်များအဖြစ်လည်း ဆောင်ရွက်နိုင်သော ဥရောပတွင် တပ်ဖြန့်ချထားသည့် အမေရိကန်၏ ဒုံးကျည်ကာကွယ် ရေးစနစ်များကို ရုရှားက ထောက်ပြထားသည်။

Zawgyi Version;
႐ုရွားက ေျမျပင္သုံး တာလတ္ႏွင့္ တာတိုပစ္ ဒုံးက်ည္မ်ား ထုတ္လုပ္ျခင္းကို ျပန္လည္စတင္ေတာ့မည္ျဖစ္ေၾကာင္း ပူတင္ ဖြင့္ဟေျပာဆို
ALynn (NP News) - ဇြန္ ၃ဝ

႐ုရွားသည္ ေျမျပင္သုံး တာလတ္ႏွင့္ တာတိုပစ္ ဒုံးက်ည္မ်ား ထုတ္လုပ္ျခင္းႏွင့္ ကမာၻလုံးဆိုင္ရာျဖန႔္က်က္ျခင္း တို႔ကို ျပန္လည္လုပ္ေဆာင္ႏိုင္သည္ဟု သမၼတ ဗလာဒီမာပူတင္က ေျပာၾကားခဲ့သည္။ Intermed iate-Range Nuclear Forces Treaty (INF) စာခ်ဳပ္အရ အဆိုပါ ဒုံးက်ည္မ်ားကို ကန႔္သတ္ထားေသာ္လည္း ၎စာခ်ဳပ္ကို ၂၀၁၉ ခုႏွစ္တြင္ ဖ်က္သိမ္းခဲ့သည္။
ထို႔ေနာက္ ႐ုရွားသည္ အေမရိကန္ႏွင့္ အဆိုပါလက္နက္မ်ား ထုတ္လုပ္ျခင္းႏွင့္ ျဖန႔္က်က္ျခင္းအား ေဆာင္႐ြက္ျခင္း မျပဳရန္ သေဘာတူညီခ်က္အတိုင္း ဆက္လက္ရပ္တည္ခဲ့သည္။

သမၼတပူတင္သည္ ေသာၾကာေန႔ (ဇြန္လ ၂၈ ရက္) က ႏိုင္ငံ၏ လုံၿခဳံေရးေကာင္စီအၿမဲတမ္းအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ “လတ္တေလာ အေမရိကန္၏ ရန္လိုေသာ လုပ္ရပ္မ်ားသည္ ေမာ္စကို၏ လက္နက္မ်ားဆိုင္ရာ ရပ္တည္ခ်က္ကို ျပန္လည္သုံးသပ္ဖို႔ လိုအပ္လာေၾကာင္း” ေျပာၾကားခဲ့သည္။

ေမာ္စကိုသည္ INF သေဘာတူညီခ်က္ ပ်က္ျပားသြားေသာ္လည္း “အေမရိကန္က အဆိုပါဒုံးက်ည္မ်ားကို ကမာၻတစ္ဝွမ္းလုံးတြင္ ျဖန႔္က်က္မထားသေ႐ြ႕ ႐ုရွားကလည္း ၎ဒုံးက်ည္မ်ား မထုတ္လုပ္၊ ျဖန႔္က်က္မႈမျပဳ” ဟူေသာကတိအတိုင္း ေနထိုင္ခဲ့သည္ဟု ပူတင္က မွတ္ခ်က္ျပဳခဲ့သည္။

သို႔ေသာ္ ဝါရွင္တန္သည္ ထိုကဲ့သို႔ေသာ ဒုံးက်ည္မ်ားကို ႏိုင္ငံရပ္ျခားတြင္ တပ္ျဖန႔္ခ်လာျခင္းေၾကာင့္ အေျခအေန ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း သမၼတက ေျပာၾကား ခဲ့သည္။

“အေမရိကန္ဟာ ဒီဒုံးက်ည္စနစ္ေတြကို ထုတ္လုပ္႐ုံတင္မကဘဲ ဥေရာပႏွင့္ ဒိန္းမတ္ႏိုင္ငံမ်ားတြင္လည္း ေလ့က်င့္မႈမ်ားတြင္ အသုံးျပဳဖို႔ ျဖန႔္က်က္ထားေၾကာင္း၊ မၾကာေသးမီကလည္း ဖိလစ္ပိုင္တြင္ ၎ဒုံးက်ည္မ်ားရွိေန ေၾကာင္း သတင္းရရွိခဲ့သည္” ဟု ပူတင္က ေဖာ္ျပခဲ့သည္။
“႐ုရွားသည္ ယခုအခါ ယင္းကိစၥကို တုံ႔ျပန္ဖို႔နဲ႔ ေနာက္ထပ္ေျခလွမ္းမ်ားအတြက္ ဆုံးျဖတ္ရန္ လိုအပ္လာၿပီးျဖစ္ ေၾကာင္း၊ တာလတ္ႏွင့္ တာတိုပစ္ ဒုံးက်ည္မ်ား ျပန္လည္ထုတ္လုပ္ဖို႔ စတင္ျခင္းသည္ ႏိုင္ငံအတြက္ တစ္ခုတည္း ေသာ ေ႐ြးခ်ယ္မႈျဖစ္ေၾကာင္း” ၎က အႀကံျပဳခဲ့သည္။
၁၉၈၇ INF စာခ်ဳပ္တြင္ အေမရိကန္ႏွင့္ ဆိုဗီယက္ယူနီယံ (႐ုရွား) တို႔အား ေျမျပင္သုံး ပဲ့ထိန္းဒုံးက်ည္မ်ားႏွင့္ ခ႐ုဇ္ ဒုံးက်ည္မ်ား ထုတ္လုပ္ျခင္းအျပင္ ၎တို႔၏ သက္ဆိုင္ရာေလာင္ခ်ာမ်ားကို အကြာအေဝး ၅၀၀ မွ ၅၅၀၀ ကီလိုမီတာ (၃၁၀ မွ ၃၄၂၀ မိုင္အထိ) ထုတ္လုပ္ျခင္းမွ တားျမစ္ထားသည္။ သို႔ေသာ္ စာခ်ဳပ္သည္ တူညီေသာ အကြာအေဝးရွိ ေဝဟင္ႏွင့္ ပင္လယ္ျပင္သုံး စနစ္မ်ားအေပၚ သက္ေရာက္မႈမရွိပါ။

ထရမ့္အုပ္ခ်ဳပ္မႈေအာက္တြင္ ၂၀၁၉ ခုႏွစ္၌ ၎သေဘာတူညီခ်က္ ပ်က္သြားခဲ့ၿပီး ေမာ္စကိုက ၎စာခ်ဳပ္အား ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္သည္ဟု အေမရိကန္က စြပ္စြဲခဲ့သည္။ သို႔ေသာ္ ၎စြပ္စြဲခ်က္မ်ားအတြက္ ခိုင္လုံေသာ အေထာက္အထား မျပႏိုင္ခဲ့ပါ။ ႐ုရွားသည္ ၀ါရွင္တန္၏ လုပ္ရပ္မ်ားႏွင့္ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ႏိုင္ေျခကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စိုးရိမ္မႈမ်ား ျမင့္တက္ေနခဲ့ၿပီး ေလယာဥ္ပစ္ဒုံးမ်ားအေနနဲ႔သာမကဘဲ ေျမျပင္ပစ္ ဒုံးက်ည္မ်ားအျဖစ္လည္း ေဆာင္႐ြက္ႏိုင္ေသာ ဥေရာပတြင္ တပ္ျဖန႔္ခ်ထားသည့္ အေမရိကန္၏ ဒုံးက်ည္ကာကြယ္ ေရးစနစ္မ်ားကို ႐ုရွားက ေထာက္ျပထားသည္။

Related news

© 2021. All rights reserved.