မက္ကဆီကိုနိုင်ငံမှာ လိင်တူချစ်သူ စုံတွဲ ၁ဝဝ ကျော် တစ်ရက်တည်း လက်ထပ်ထိမ်းမြားခဲ့ကြ

 561

ရောင်နီ (NP News) - ဇူလိုင် ၁

မက္ကဆီကိုစီးတီးမှာ gay pride celebrations month (လိင်တူ ချစ်သူများအတွက် ဂုဏ်ယူရတဲ့လ) တစ်စိတ်တစ်ပိုင်းအဖြစ် သောကြာနေ့(ဇွန်လ ၂၈ ရက်) က လိင်တူချစ်သူစုံတွဲ ၁၀၀ ကျော် လက်ထပ်ခဲ့ကြပါတယ်။

အစီရင်ခံစာများအရ အခမ်းအနားကို မက္ကဆီကိုစီးတီး၊ Gay Choir မှာ ပြုလုပ်ခဲ့ပြီး လက်ထပ်ခဲ့တဲ့ စုံတွဲ ၁၄၇ တွဲထိ ရှိတယ်လို့ သိရပါတယ်။ မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးဟာ လိင်တူလက်ထပ်ခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာ လှုပ်ရှားမှုအများဆုံးဖြစ်ပြီး လိင်တူလက်ထပ်ခြင်းကို ၂ဝဝ၉ ခုနှစ်ကတည်းက တရားဝင်ခွင့်ပြုထား တဲ့နိုင်ငံဖြစ်ပါတယ်။

လိင်တူမင်္ဂလာပွဲတွေကို Pride Month ဆိုရင် မြို့တော်မှာ နှစ်စဉ်ကျင်းပကြလေ့ရှိပါတယ်။ ၂ဝ၂၃ ခုနှစ်ကလည်း မက္ကဆီကိုစီးတီးမှာ လိင်တူစုံတွဲ ၁၂ဝ ခန့် လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါအခမ်းအနားအတွက် စုံတွဲတွေ အကုန်အကျသက်သာစေဖို့လည်း ဒေသန္တရအစိုးရက ငွေကြေးထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံမွာ လိင္တူခ်စ္သူ စုံတြဲ ၁ဝဝ ေက်ာ္ တစ္ရက္တည္း လက္ထပ္ထိမ္းျမားခဲ့ၾက
ေရာင္နီ (NP News) - ဇူလိုင္ ၁

မကၠဆီကိုစီးတီးမွာ gay pride celebrations month (လိင္တူ ခ်စ္သူမ်ားအတြက္ ဂုဏ္ယူရတဲ့လ) တစ္စိတ္တစ္ပိုင္းအျဖစ္ ေသာၾကာေန႔(ဇြန္လ ၂၈ ရက္) က လိင္တူခ်စ္သူစုံတြဲ ၁၀၀ ေက်ာ္ လက္ထပ္ခဲ့ၾကပါတယ္။

အစီရင္ခံစာမ်ားအရ အခမ္းအနားကို မကၠဆီကိုစီးတီး၊ Gay Choir မွာ ျပဳလုပ္ခဲ့ၿပီး လက္ထပ္ခဲ့တဲ့ စုံတြဲ ၁၄၇ တြဲထိ ရွိတယ္လို႔ သိရပါတယ္။ မကၠဆီကိုႏိုင္ငံၿမိဳ႕ေတာ္ မကၠဆီကိုစီးတီးဟာ လိင္တူလက္ထပ္ျခင္းနဲ႔ပတ္သက္ၿပီး တစ္ကမာၻလုံးမွာ လႈပ္ရွားမႈအမ်ားဆုံးျဖစ္ၿပီး လိင္တူလက္ထပ္ျခင္းကို ၂ဝဝ၉ ခုႏွစ္ကတည္းက တရားဝင္ခြင့္ျပဳထား တဲ့ႏိုင္ငံျဖစ္ပါတယ္။

လိင္တူမဂၤလာပြဲေတြကို Pride Month ဆိုရင္ ၿမိဳ႕ေတာ္မွာ ႏွစ္စဥ္က်င္းပၾကေလ့ရွိပါတယ္။ ၂ဝ၂၃ ခုႏွစ္ကလည္း မကၠဆီကိုစီးတီးမွာ လိင္တူစုံတြဲ ၁၂ဝ ခန႔္ လက္ထပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။
အဆိုပါအခမ္းအနားအတြက္ စုံတြဲေတြ အကုန္အက်သက္သာေစဖို႔လည္း ေဒသႏၲရအစိုးရက ေငြေၾကးေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.