"အလောင်းတွေကို အိမ်ထဲပစ်ထည့်ပြီး မီးရှို့သွားကြတာ" (လွိုင်ကော်မြို့ရဲ့ စစ်ပွဲကာလဖြစ်ရပ်အစုံစုံ) (အင်တာဗျူး)

 12755

သန့်ဇင် (NP News) - ဇူလိုင် ၆

KNDF နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့နှင့် တစ်ဝိုက်၌ ၁.၁.၁.၁ စစ်ဆင်ရေးကိုဖော်ဆောင်ကာ ပစ်ခတ်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့ပြီးနောက် စစ်ဘေးသင့်ပြည်သူအများအပြား နေရပ်စွန့်ခွာရသကဲ့သို့ အစိုးရရုံးဌာနအချို့သည်လည်း ထိခိုက်မှုရှိခဲ့သည်။ သို့သော် ယခုအခါ လွိုင်ကော်မြို့ကို တပ်မတော်ကထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေ၊ စစ်ဘေးသင့်ပြည်သူများ ပြန်လည်ဝင်ရောက်လာ သည့် အခြေအနေနှင့်ပတ်သက်၍ The Statesman ဂျာနယ်၏ လွိုင်ကော်မြို့ခံသတင်းရင်းမြစ်တစ်ဦးအား မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါ သည်။

မေး - လွိုင်ကော်မြို့က လက်ရှိအခြေအနေ ဘယ်လို ရှိလဲခင်ဗျ။
ဖြေ - လွိုင်ကော်မြို့အခြေအနေက ကျွန်တော့် အမြင်ပြောရရင်တော့ အစိုးရအဖွဲ့က ပြန်ပြီးလည်ပတ်နေတယ်ပေါ့။ နဂိုကတည်းက လည်ပတ်နေတာဆိုပေမယ့် အခုကတော့ မြို့လည်းစည်ကားအောင် ပြန်ပြီးဆောင်ရွက်နေပါတယ်။ နောက်ပြီး ရုံးတွေမှာလည်း အခမ်းအနားတွေပြန်လုပ်နေတယ်။ ဝန်ထမ်းတော်တော်များများလည်း ဒီမှာပြန်ရောက်နေကြတယ်။ ပထမတုန်းကတော့ သူတို့စစ်ရှောင်ထဲမှာ တော့ပါသွားတယ်။ အခုတော့မြို့မှာက ပြည်သူတော် တော်များများလည်း ပြန်ဝင်လာနေပြီ။

မေး- ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတဲ့ အခြေအနေကို သိပါရစေ။
ဖြေ - လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးကို အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်။ အခုက တောင် ကြီးကနေ လွိုင်ကော်မြို့ကို လွိုင်ကော်-ဆီဆိုင်လမ်း ကနေ ကားတွေနဲ့ ဘိလပ်မြေအိတ်တွေ၊ အိမ်ဆောက်ပစ္စည်းတွေပေါ့ အဲဒါတွေသယ်နေတယ်။ အဲဒီလမ်း ကြောင်းမှာပဲ ဝန်ထမ်းတွေရော၊ ပြည်သူတွေရော ပြန်ဝင်နေကြတာရှိတယ်။

မေး - လက်ရှိမှာ လွိုင်ကော်မြို့ကို တပ်မတော်ကအလုံးစုံထိန်းချုပ်ထားတယ်လို့ ပြောလို့ရလားခင်ဗျ။
ဖြေ - ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီကြားထဲမှာ တိုက်ပွဲကြီးကြီးမားမားမရှိဘူးလေ။ ဒါပေမဲ့လို့ PDF တွေက မြို့ထဲကိုဝင်ထားတာ။ ဝင်ထားပြီးတော့မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့က တိုက်ခိုက်မှုတွေလုပ်ထားတဲ့အခါကျတော့ အကုန်လုံး ပြန်တော့မထွက်သေးဘူးဗျ။ နည်းနည်းတော့ကျန်သေးတယ်။ အဲဒီ အနည်းအကျဉ်းကပဲ ချောင်းမြောင်းပြီးတော့ Sniper နဲ့ပစ်ခတ်နှောင့်ယှက်တာတော့ရှိတယ်။ အင်နဲ့အားနဲ့ တိုက်တာတို့ ဘာတို့တော့မရှိတော့ဘူးဗျ။ လွိုင်ကော် မြို့က လုံးဝကို အေးချမ်းသွားတဲ့သဘောတော့မဟုတ် ပါဘူး။ PDF ကအနည်းအကျဉ်းတော့ရှိသေးတဲ့အတွက် အကုန်လုံးတော့ပြန်ဝင်လို့မရသေးဘူး။ မြို့ရဲ့ လေးပုံတစ်ပုံလောက်တော့ တချို့ရပ်ကွက် တွေကျန်ဦးမယ်။ ကျန်တဲ့ရပ်ကွက်တွေကတော့ ပြည် သူတွေပြန်ရောက်နေပြီဗျ။

မေး - ဒေသခံတွေပြန်ရောက်လာပြီဆိုတော့ လွိုင် ကော်မြို့ တရားဥပဒေစိုးမိုးရေးက ဘယ်လိုအခြေ အနေ ရှိပါသလဲ။
ဖြေ - တရားဥပဒေစိုးမိုးရေးမှာ ကျန်တာတွေတော့ နှောင့်ယှက်တာ ဒုက္ခပေးတာမရှိပါဘူး။ ပြန်ရောက် တဲ့နေရာတွေမှာတော့ အေးအေးချမ်းချမ်းပါပဲ။ ခိုးဆိုး လုနှိုက်တို့၊ မှုခင်းဖြစ်တာတို့ဘာတို့တော့မရှိဘူးဗျ။ ပြည်သူတွေပြန်ရောက်နေတာဆိုတော့ ပျက်စီးသွားတဲ့ သူတို့အိမ်တွေကို ပြန်လည်ထူထောင်ဖို့ သူတို့ လည်းသူတို့နည်းသူတို့ဟန်နဲ့ လုပ်တယ်။ အစိုးရက လည်း ရုံးပိုင်းဆိုင်ရာတွေ။ နောက်ပြီး တောင်ဈေးဆို တဲ့ဈေးကြီးကို သန့်ရှင်းရေးပြန်လုပ်နေတယ်။ ဈေး ကြီးနှစ်ထပ်ပြန်ဆောက်ဖို့တွေ။ အစိုးရကတော့ လွိုင် ကော်မြို့ပြန်လည်စည်ကားဖို့ အင်နဲ့အားနဲ့တော့လုပ်နေတာပါပဲ။

မေး - လွိုင်ကော်မြို့မှာ တိုက်ပွဲမဖြစ်ခင်နဲ့ တိုက်ပွဲဖြစ် ပွားပြီးအခြေအနေမှာ မြို့ခံတွေရဲ့စိတ်အခြေအနေဘယ်လိုမျိုးကွာခြားမှုရှိသွားလဲ။
ဖြေ - မြို့ခံတွေရဲ့စိတ်အခြေအနေကို အထင်နဲ့ အမြင်နဲ့ပြောရရင်တော့ တော်တော်တော့ စိတ်ဆင်းရဲ မှုဖြစ်သွားတယ်။ စိတ်ဆင်းရဲမှု ဖြစ်သွားတယ်ဆိုတာ က သူတို့အိုးအိမ်တွေပျက်စီးသွားတာကိုး။ အဲဒီတော့ ပျက်စီးသွားတဲ့အတွက် ဘယ်လိုပြန်ပြီးထူထောင် မလဲပေါ့။ မိုးတွင်းကာလလည်းဖြစ်တယ်။ စစ်ရဲ့ဒဏ် ကြောင့် တချို့အိမ်ဆို လက်နက်ကြီးကျလို့ ပေါက်ပြဲ တာရှိတယ်။ တချို့ဆို အိမ်ခေါင်မိုးသွပ်တွေ ပေါက် ပြဲတဲ့အခါကျတော့ မိုးရွာရင် မိုးရေယိုတာကြောင့် အတွင်းပိုင်းတွေပါ အကုန်ပျက်စီးသွားတာမျိုးတွေရှိ တယ်။ နောက်တစ်ချက် ကျွန်တော်သိရတာပေါ့။ PDF နဲ့တိုက်ပွဲဖြစ်တော့ PDF တွေက သူတို့ဘက်ကအလောင်းတွေကျတဲ့အခါကျတော့ (၇)လောင်း၊ (၈)လောင်းလောက်ကို သူတို့က မမြှုပ်နိုင်တဲ့အခါ ကျတော့ အိမ်တွေထဲကိုဆွဲထည့်ပြီး ကားတာယာကွင်း တွေပစ်ထည့်ပြီး အဲဒီအိမ်ကို သူတို့ကမီးရှို့ပစ်တာ။ သူတို့ကတော့ မီးသင်္ဂြိုဟ်တဲ့ပုံစံမျိုးပေါ့။ တိုက်ပွဲဖြစ် တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့အလောင်း တွေပြန်ကောက်တာကို လက်မခံဘူး။ အဲဒီတော့ ရ သလောက်ပြန်ဆွဲယူသွားတယ်။ မနိုင်ရင် နီးစပ်ရာ အိမ်တွေထဲဆွဲထည့်ပြီး မီးရှို့သွားကြတယ်။ အဲဒါ ကြောင့် အိမ်တော်တော်များများကလည်း လက်နက် ကြီးကြောင့်မီးလောင်တာရှိသလို သူတို့အဲဒီလိုလုပ်လို့ မီးလောင်ကုန်တာတွေလည်းရှိတယ်။ ဒီလို သူတို့ အိမ်တွေပျက်စီးတာကြည့်ပြီး ပြန်မလာနိုင်တဲ့ ပြည်သူကတော့ ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ စိတ်မကောင်းတာမျိုးကျတော့ ကျွန်တော်တို့ကလည်း မမေးဖြစ်ဘူး။ တချို့ဆို အိမ်တိုင်တောင်မရှိတော့ဘူး ပြာကျသွားတာ။ အဲဒါတွေက ပြည်သူတွေအိမ်မှ မဟုတ်ဘူးဗျ။ အစိုးရရုံးတွေကိုလည်း ဒီကောင်တွေ (PDF/KNDF) က အကုန်လုံးမီးရှို့သွားတာ။ မီးရှို့ သွားတော့ တချို့ရုံးတွေမှာ ရုံးပိုင်းဆိုင်ရာအချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေ မီးရှို့ခံထားရတော့ အစိုးရကတော့ တော်တော်လေးတော့ ပြန်လုပ်ယူရဦး မယ်။

မေး - အစိုးရရုံးတွေမီးရှို့ခံထားရတာဆိုတော့ မီးလောင်ပျက်စီးသွားတဲ့ အစိုးရအဆောက်အအုံ ဘယ်လောက်များလဲခင်ဗျ။
ဖြေ - ရုံးတော်တော်များများက မီးလောင်တာရှိသလို တချို့ကျတော့ ပျက်စီးတာများတယ်။ တပ်မတော်က လက်နက်ကြီးနဲ့ပစ်လို့တော့ ရုံးတိုင်းက မီးမလောင်ဘူး။ သူတို့(PDF)ဝင်ပြီးမီးရှို့ခဲ့လို့သာ ရုံးတွေက မီးလောင်သွားကြတာ။ တော်တော်များများကိုဖြစ်တာ။ အကောင်းတိုင်းရှိတာဆိုလို့ ကျွန်တော်သိရသလောက် လွှတ်တော်ရုံးရယ်၊ အစိုးရရုံးရယ်၊ ဒကစရုံး ရယ်အဲလောက်ပဲကျန်မယ်။ နောက်ပြီး ဆေးရုံကျန် မယ်။ တချို့ရုံးတွေကတော့ PDF တွေရောက်တဲ့ နေရာတွေ ပျက်စီးသွားကြတယ်။ ဘာလို့ဆို PDF ရှိတဲ့နေရာ တိုက်ပွဲဖြစ်တာကိုး။ တိုက်ပွဲဖြစ်လို့ ရုံး တွေပျက်စီးတယ်။ ခရိုင်တရားရုံးတွေ၊ MPT တာဝါတိုင်တွေနဲ့ တခြားရုံးတွေ သုံးလို့မရအောင်ဖျက်ဆီး သွားတာ။ နောက်ပြီး ရဲပြည်နယ်ရုံးလည်း ကျသွား ပြီးတော့ PDF တွေ နေရာကြာကြာလေးယူတယ်။ ပြီးတော့မှ နောက်ဆုံး ရုံးကိုမီးရှို့ပစ်လိုက်ကြတယ်။ အမှန်ကတော့ အစိုးရရုံးမှန်သမျှကို လည်ပတ်လို့မရအောင် ဖျက်ဆီးပစ်ခဲ့ကြတယ်။ တော်တော်များများမှာ အစိုးရရုံးတွေကို အဓိကပစ်မှတ်ထားပြီးလုပ်ကြတယ်။ တောင်ဈေးကြီးဆိုလည်း အကုန်လုံးပြာကျသွားတယ်။ သူတို့က အခုချိန်ထိ ထုထည်ကောင်းကောင်း ရှိတဲ့နေရာမှာ လေယာဉ်လာတော့လည်း ပစ်လို့မရအောင် လက်နက်ကြီးနဲ့လည်း ပစ်လို့မရအောင် နေရာယူပြီး လုံးခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ချောင်းပြီးပစ်တာရှိတယ်။ အဲဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း သေချာလေးဂရုတစိုက်နဲ့ရှင်းလင်းနေတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ပြောသလို အနိမ့်ဆုံး အဆင့်နဲ့ အနည်းဆုံးအင်အားနဲ့လုပ်ရတဲ့အခါမျိုးကျတော့ အားမလိုအားမရတော့ဖြစ်တယ်လို့ပြောကြတယ်ဗျ။ ဘာလို့ဆို ထိန်းထိန်းသိမ်းသိမ်းလုပ်ရတယ် ဆိုတာက ပြည်သူတွေရဲ့အိုးအိမ်တွေကို မပျက်စီးအောင် အတတ်နိုင်ဆုံးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေတာပဲ။ အရင်ကလို စစ်ကိုစစ်နဲ့တူအောင် တိုက်မယ်ဆိုရင် မြို့ကတော့ တစ်ယောက်မှတောင် ကျန်မှာမဟုတ်ဘူး။ အဲဒီလိုလည်း တပ်ကအဖြစ်မခံ ဘူး။ ပြည်သူတွေကိုလည်း အိုးအိမ်ထိခိုက်မှု အနည်း ဆုံးဖြစ်အောင်လည်း ပြန်လုပ်တယ်။ နောက်ပြီး မြို့ကို လည်းအပျက်မခံဘူး။

မေး - တိုက်ပွဲကြောင့် မြို့ရဲ့ဘယ်နေရာတွေမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သွားလဲခင်ဗျ။
ဖြေ - လွိုင်ကော်တက္ကသိုလ်ရှိတဲ့အနီးအနား PDF တွေအခြေချတဲ့နေရာတွေပေါ့။ နောက်ပြီး ဒေါဥခူ၊ မှုံပြာ၊ မိုင်းလုံ နောက်ပြီး နောင်ယား(က)(ခ)၊ နောက် ပြီးတော့ ဝန်ထမ်းတွေနေတဲ့ တိုက်(၆)လုံးဆိုတာရှိ တယ်။ အဲဒီနားက ကညနရုံးတွေအကုန်လုံးက တော်တော်လေးကို ပျက်စီးသွားတယ်။ ကျန်တဲ့ရုံးတွေကျ တော့လည်း သူတို့ဘက်က ရှော့တိုက်ဒုံးတွေ ရမ်းသမ်းပစ်တဲ့အခါကျတော့ ဘုရားကျောင်းတွေလည်း ပျက်စီးတယ်။ ချာ့ချ်ကျောင်းတွေလည်းပျက်စီးတာ ပေါ့။ ဘယ်သူထိထိ သူတို့ကတော့ ရမ်းသမ်းပြီးပစ်တာပေါ့။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲဖြစ်ပြီး ထွက် ပြေးကြအောင်ပေါ့။ အဲဒီရည်ရွယ်ချက်တွေနဲ့ပစ်တာပေါ့။ ရှော့တိုက်ဒုံးဆိုတာလည်း လက်နက်ကြီးပေါ့လေ။ အဲဒီကောင်နဲ့ပစ်လိုက်တဲ့အခါမှာကျတော့ မှန်တွေကွဲတယ်။ အမိုးတွေပေါက်ပြဲတယ်။ ရုံးကား တွေ ပျက်စီးတယ်။ နောက်ပြီးတော့ ဒရုန်းနဲ့လာကြဲတာ တွေလည်းရှိတယ်။ အဲဒါကတော့ နည်းနည်းအပျက် အစီးနည်းတယ်ပြောရမယ်။ PDF တွေရောက်တဲ့ နေ ရာတွေကတော့ ဘာမှကိုမရှိတော့တာ။ ဒေါဥခူထဲက EPC ရုံးဆိုလည်းမရှိတော့ဘူး။ ပြီးတော့ ထွေအုပ် ဝန်ထမ်းအိမ်ရာတွေ။ မြို့ရဲ့ (၄)ပုံ(၃)ပုံလောက် ပျက် စီးသွားတာ။ ကျွန်တော်မြင်တာတောင် အဲဒီလောက်ပဲ ရှိသေးတယ်။ အမှန်အဲဒီထက်မကရှိနိုင်သေးတယ်။ မင်္ဂလာဈေးကြီးတစ်ခုလုံးလည်း ဖျက်ဆီးသွားတယ်။ PDF တွေကတိုက်ပြီး ပစ္စည်းတွေကို အကုန်ယူတယ်။ ပြီးတော့အကုန်မီးရှို့သွားကြတယ်။

မေး - ဟုတ်ကဲ့အစ်ကို မြို့ခံလူထုအနေနဲ့ကော နေရပ်ပြန်လည်ရောက်ရှိလာပြီးနောက် ဘယ်လိုအခြေ အနေရှိလဲ။
ဖြေ - လက်ရှိဈေးကြီးရဲ့တောင်ဘက် နမ့်ဘော်ဝမ်ဘက်မှာဈေးလေးဆောက်တယ်။ အဲဒီဈေးလေးက တော့ နည်းနည်းပြန်စည်နေတယ်။ တချို့ သိတဲ့လူတွေက ဈေးလာဝယ်လို့တွေတဲ့အခါကျတော့ တော်တော်တော့ စိတ်မကောင်းတဲ့ပုံစံပေါ့။ ကျွန်တော်တို့ အသိတွေတောင်မှ မေးရမှာတောင် စိတ်ထဲမှာမကောင်းဘူး။ ဘယ်တုန်းကပြန်ရောက်တာလဲ။ ဘယ်မှာသွားရှောင်ကြတာလဲ အဆင်ပြေကြလား ဒီလောက် ပဲမေးရတာပေါ့။ ဖြစ်ဖြစ်ချင်းတုန်းကတော့ သူလည်း သူဦးတည်ရာပြေး ကိုယ်လည်းကိုဦးတည်ရာ ပြေးနေ ကြရတာကို။

မေး - လွိုင်ကော်မြို့ရဲ့ စီးပွားရေးအခြေအနေကကော လက်ရှိဘယ်လိုလည်ပတ်နေလဲ။
ဖြေ - စီးပွားရေးကတော့ ဘာမှကိုမလုပ်နိုင်သေးဘူး။ စစ်ရှောင်ပြီးပြန်လာတဲ့အဖွဲ့တွေကို အစိုးရကနေ ထောက်ပံ့မှုတွေ လုပ်ပေးတယ်။ အများကြီးမဟုတ်ပေမယ့် ရောက်တဲ့အခါမှာ အခက်အခဲဖြစ်တဲ့လူတွေကို အဆင်ပြေသလိုလေးတော့ လုပ်ပေးတာပေါ့။ နဂိုကတော့ စိုက်ပျိုးရေးရှိတယ်။ အခုကတော့ ရွာတွေကကို စိုက်ပျိုးရေးမလုပ်နိုင်တဲ့အခါကျတော့ အကုန်လုံးက ပြေးရလွှားရတာ။ နောက်တစ်ချက်က ကျွန်တော်ထင်တယ် စိုက်ခင်းတွေထဲမှာ ဟိုဘက်ကပစ်တာတွေ ဒီဘက်ကပစ်လို့ကျတဲ့ ဗုံးသီးတွေမကွဲတာတွေရှိတော့ မဆင်းရဲကြဘူး။ ဒါတွေအကုန်လုံးရှင်းလင်းပြီးမှ သွား ကြလာကြရမှာ။ အခုကမြို့ထဲမှာတောင် ပြန်ဝင်တဲ့လူ တွေက ဈေးနားတစ်ဝိုက်တွေမှာပဲ စုပြီးနေကြတာ။ အဲဒီနားမှာ ကိုယ့်အိမ်ကိုယ်မပြန်ရဲသေးဘူး။ တချို့ဆို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေရာယူထားတာရှိတယ်။ တချို့မှာလည်း PDF တွေရှိတယ်။ မှားပြီး ပစ်မှာစိုးတာ။ အဆိုးဆုံးကဘာလဲဆိုတော့ နှစ်ဖက်ထောင် ထားတဲ့မိုင်းတွေ အဲဒီတော့ဘယ်နားမိုင်း ထောင်ထား မှန်းမသိတဲ့အတွက် ရပ်ကွက်တော်တော်များများက တော့ ပြန်မဝင်ရဲသေးဘူး။ ဈေးရှိတဲ့ နမ့်ဘော်ဝမ် ဘက်မှာပဲ ပြန်ဝင်ကြတယ်။

မေး - တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် အနားဝန်းကျင်ကရပ်ကွက်တွေမှာကော ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်တာမျိုးရှိပြီလား။
ဖြေ - ကျွန်တော်တော့ အဲဒီဘက်ကို မရောက်ဖြစ် သေးဘူး။ တချို့တလေတော့ ပြန်ဝင်နေတယ်လို့တော့ ပြောကြတယ်။ ဖုန်းဆက်သွယ်ပြီးလှမ်းမေးကြတော့ ပြန်ရောက်နေကြပြီလို့တော့ပြောကြတယ်။

မေး - အခုထိကော မြို့ထဲမှာပစ်ခတ်မှုတွေရှိနေလား။
ဖြေ - အခုနောက်ပိုင်းတော့ ပစ်ခတ်မှုတွေ ပပျောက်သွားတယ်ဗျ။ အခုဆိုကျွန်တော်အေးအေးဆေးဆေး ဖုန်းပြောလို့ရတယ်။ အရင်ကဆို ဖုန်းပြောလို့မရဘူး။ အကာအကွယ်ကနေယူပြောရတယ်။ အခုတော့ တော်တော်လေးပျောက်သွားပြီ။ ကျွန်တော့်အထင် မြို့ ထဲမှာလက်ကျန်အဖွဲ့တွေရှိတယ်။ ပြန် ဆုတ်ခွာလိမ့်မယ်ထင်တယ်။ ဘာလို့ဆို ပြန်ဆုတ်မှဖြစ်မယ့်အနေ အထားဖြစ်နေပြီ။ ဘာလို့ဆို PDF အဖွဲ့ကနည်းသွားပြီလေ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း နေရာတော် တော်များများမှာရောက်လာပြီး စိုးမိုးထားတဲ့အနေအထားရှိတယ်။

မေး - လွိုင်ကော်မြို့ကိုပြန်လည်ရောက်ရှိလာတဲ့ ဒေသခံတွေအနေနဲ့ကော၊ စားဝတ်နေရေးအခက်အခဲ တွေ ရင်ဆိုင်နေရတဲ့အခြေအနေကို သိပါရစေ။
ဖြေ - စားဝတ်နေရေးကတော့ နဂိုရှိခဲ့တဲ့ ရှိတာနဲ့ပဲ အဆင်ပြေအောင်စားနေရတာပေါ့။ စီးပွားရေးက တော့မလုပ်နိုင်သေးဘူး။ တချို့လည်း ဈေးလေးတွေ ပြန်ရောင်းနေကြတယ်။ ဈေးရောင်းတဲ့လူက အများ ဆုံးပဲ။ ကျန်တဲ့လုပ်ငန်းလည်ပတ်မှုတော့မရှိဘူး။ သန့် ရှင်းရေးလုပ်တာတို့ အစိုးရကလုပ်တဲ့ ဒေသဖွံ့ဖြိုးရေး နဲ့ ပြန်လည်ပျိုးထောင်ရေးအပိုင်းတွေမှာ အလုပ်သ မားတွေအဖြစ် အလုပ်တွေတော့ ပြန်လုပ်နေကြရ တယ်။ တချို့ကျတော့လည်း ဒေသခံရွာတွေကနေ အသီးအရွက်တွေ၊ အသားငါးတွေဈေးကို လာရောင်း တာတွေတော့ရှိတယ်ဗျ။ မြို့ပေါ်ကလူတွေကတော့ ပန်းရန်လုပ်တာတို့ ဘာတို့ပေါ့ အဲဒါတွေလုပ်တယ်။ ရုံးတွေဘာတွေကို အုတ်တံတိုင်းတွေပြန်လုပ်နေတာ တွေတွေ့တယ်။

မေး - အစိုးရဝန်ထမ်းတွေကကော ဘယ်လိုမျိုးရပ် တည်နေကြရလဲခင်ဗျ။
ဖြေ - ဝန်ထမ်းကတော့ ဒီမှာ သူ့လစာနဲ့ပဲပြန်လည် ရပ်တည်နေကြရတာပေါ့။ ဝန်ထမ်းတော်တော်များ များက ပြန်ရောက်ပေမယ့် မူရင်းဌာနတွေကိုတော့ မပြန်နိုင်ကြသေးဘူး။ အစိုးရက လုံခြုံတဲ့နေရာတွေ၊ သူနာပြုကျောင်းလိုနေရာတွေနဲ့ ဆေးခန်းဆေးရုံတွေ ပေါ့။ တချို့ကျတော့ လူမနေတဲ့နေရာတွေမှာ နေရာ ပြန်လည်ချထားရေးတော့ အစိုးရအဖွဲ့က ပြန်စီစဉ် ပေးနေတယ်။ လွှတ်တော်အဆောင်တွေမှာကျတော့ ရိပ်သာအဆောင်တွေရှိတယ်။ အဲဒီမှာကတော့ ညွှန်မှူးအဆင့်တွေကို ထားတယ်ထင်ပါတယ်။ ကျန်တဲ့ ဝန်ထမ်းတွေကတော့ များရင်များသလို နည်းရင် နည်းသလို စီမံပေးတယ်ဗျ။ ထွေအုပ်ရုံးကတော့ ရုံးပြန်လည်ပတ်နေတယ်။ သူကတော့ ရုံးတက်နေရ တယ်။ ဒကစနေပြီးတော့ အကြိုအပို့အတွက် ဖယ်ရီ သဘောမျိုးလုပ်ပေးနေတယ်။

မေး - လွိုင်ကော်မြို့တည်ငြိမ်အေးချမ်းရေးက တိုး တက်လာသလား ခင်ဗျ။
ဖြေ - မြို့တည်ငြိမ်အေးချမ်းရေးကတော့ တဖြည်း ဖြည်းနဲ့ ပိုမိုတိုးတက်ကောင်းမွန်လာတယ်လို့ ပြောရ မှာပေါ့။ အရင်တုန်းက သွားဖို့လာဖို့က အခြေအနေ ကြည့်ပြီးသွားလာနေရတာ။ ကျွန်တော်တို့လည်း အပစ်ခံရမှာကြောက်တာတို့ Sniper နဲ့လှမ်းပစ်မှာ ကြောက်ရတာတို့ပေါ့။ အခုတော့ အဲဒီလိုမဟုတ်တော့ ဘူး။ ဆိုင်ကယ်တွေနဲ့ လူတွေသွားလာနေကြပြီ။ ဆိုင်ကယ်နဲ့ ဈေးရောင်းတဲ့လူတွေရှိတယ်။ နောက်ပြီးတော့ တောင်ကြီးဘက်ကနေမြို့ထဲမှာ ကားတွေတောက် လျှောက်ဝင်နေတော့ အရင်လို တိတ်ဆိတ်သွားတာက နေ အခုတော့နည်းနည်းလေးပြန်စည်ကားလာပြီလို့ပြောရမှာပေါ့။

မေး - KNDF ၊ PDF ဝင်သိမ်းခံလိုက်ရတဲ့ လွိုင်ကော်တက္ကသိုလ်အခြေအနေကော လက်ရှိ ဘယ်လို ရှိလဲခင်ဗျ။
ဖြေ - ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီဘက်တွေကို မသွားရဲသေးဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေကြားထဲမှာ အရပ်သားကိုခွင့်မပြုဘူးဆိုတာက မိုင်းတွေကြောင့်ပါ။ မိုင်းတွေကတော့ အဲဒီဘက် တွေမှာရှိတာပေါ့။ PDF တွေဝင်သွားတဲ့ အဲဒီဘက် တွေကအဆိုးဆုံးပဲ။ ဒီဘက်တွေတောင်မှ အစိုးရက ဒီလမ်းတော့ဖွင့်ပြီ။ ဒီလမ်းကသွားလို့ရတယ်။ အဲဒီလို နေရာမျိုးတွေပဲသွားရဲတာ။ ဒီနယ်မြေကသွားလို့ရပြီ ဆိုပြီး ခွင့်ပြုပေးထားတဲ့နေရာတွေ အဲဒီနေရာတွေက သေချာပေါက် မိုင်းရှင်းပြီးသွားပြီ သွားလို့လာလို့စိတ် ချရပြီဆိုတဲ့နေရာတွေကိုပဲ ကျွန်တော်တို့တွေကလည်း သွားရဲတယ်။ တက္ကသိုလ်ဘက်ကတော့ အစိုးရကလည်းခွင့်မပြုဘူး။ ခွင့်မပြုတဲ့အထဲကမှ PDFကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်အထင်နဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကလည်း PDF အထင်နဲ့ ထင်ယောင်ထင် မှားတွေဖြစ်မှာလည်းစိုးတာပေါ့။

မေး - လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးမှာ အခက်အခဲတွေရှိနိုင်လားခင်ဗျ။
ဖြေ - အခက်အခဲကတော့ သေချာပေါက်ရှိနိုင်တာပေါ့။ ဘာလို့ဆို အဆောက်အအုံတွေက အကုန်ပြိုကျသွား တယ်ဆိုတော့ ဒီဟာကြီးကို အရင်ဖယ်ရှား ရှင်းလင်းရ မယ်။ ဖယ်ရှားရှင်းလင်းတဲ့အခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေက အရင်ဆုံးမိုင်းကို တာဝန်ယူပေးရမှာ။ အဲဒါပြီး တော့မှ ဖယ်ရှားရှင်းလင်းရေးကိုလုပ်ရဦးမယ်။ အဲဒီ အပြင်ကိုမှ တည်ဆောက်ပြုပြင်ရေးပြန်လုပ်ရဦးမယ် ထင်တယ်။ ဒီမှာပြန်ဝင်လာတဲ့ ပြည်သူတွေကတော့ ဒီအလုပ်တွေပဲလုပ်ရဦးမယ်။ ပြန်ဝင်လာတဲ့လူနဲ့စာရင် လူနည်းတောင်နည်သေးတယ်ထင်တယ်။ တစ်ပြိုင် တည်းလုပ်မယ်ဆိုရင် လုပ်သားတွေအများကြီးလို တယ်။ နေပြည်တော်ကြီးစတည်ဆောက်သလိုပေါ့ အင်အားက အများကြီးလိုမယ်လို့တော့ ကျွန်တော် ထင်တယ်။ ကျွန်တော်ထင်တယ် မိုးတွင်းမှာတော့ သွားလို့လာလို့ရပြီး အေးချမ်းတဲ့ရပ်ကွက်တွေမှာ အဆောက်အအုံတွေကို အရင်ဘက်ဟိုးတွေနဲ့ဖယ်ထုတ်ပြီးမှရမယ်။ မိုးကုန်ပြီးတော့မှ ဆောင်းတွင်း ပွင့်လင်းရာသီရောက်မှ တည်ဆောက်ရေးကိုပြန်ပြီးစတင်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ အစိုးရဌာန တွေက စီမံကိန်းတွေစီမံချက်တွေနဲ့ရေးဆွဲပြီးတော့ အရပ်သားလိုပြောရရင် အစီအစဉ်တွေလုပ်နေ ကြတယ်ဗျ။ တချို့ဌာနတွေကတော့ ဖယ်ရှားရှင်းလင်း ရေးတွေလုပ်နေကြပါပြီ။

မေး - လွိုင်ကော်တက္ကသိုလ်အနီးက ရပ်ကွက်တွေမှာ ဒေသခံတွေပြန်ဝင်ပြီး နေထိုင်လို့မရသေးဘူးဆိုတော့ သူတို့ကဘယ်နေရာတွေမှာ နေကြလဲခင်ဗျ။
ဖြေ - အဲဒီလူတွေကလည်း မြို့ရဲ့တောင်ဘက်ခြမ်းပေါ့။ နမ့်ဘော်ဝမ်ဆိုတာ ဈေးကြီးရဲ့တောင်ဘက် ကြည် သာယာရပ်ကွက်တို့၊ နမ့်ဘော်ဝမ်(က)(ခ)တို့ အဲဒီ ရပ်ကွက်တွေထဲမှာ နေကြတယ်။ နောက်တစ်ချက်က ဒီနားက ဒကစနားက ကျောင်းတွေမှာတော့ ဝန်းထမ်း အများစုကအဲဒီမှာနေကြတယ်။ နောက်ပြီး (၅၄)တပ် ရှိတယ်။ အဲဒီတပ်နားက လုံခြုံမှုရှိတဲ့နေရာတွေမှာ တော့ ဈေးဆိုင်တွေပြန်ဖွင့်ပြီး နေကြပြီဗျ။ အများစု ကတော့ စားဝတ်နေရေးအတွက် ရောင်းလို့ရတာ လေးတွေရောင်းကြတာပေါ့။ ဘာလို့ဆို စိုက်ပျိုးရေး ကလည်း လုပ်လို့မရသေးတာဆိုတော့ အိမ်ဆိုင်လေး တွေပြန်ဖွင့်ကြတယ်။ လက်ဖက်ရည်ဆိုင်လေးတွေ ပေါ့။ အဲဒီဟာလေးတွေကို ဆိုင်ကယ်သမားတွေက လာယူပြီး ဝန်ထမ်းတွေရှိတဲ့နေရာသွားရောင်း အဲဒီလို လေးပေါ့။ ဝန်ထမ်းတွေကလည်းသူတို့လာ ရောင်းမှ အဆင်ပြေတာကို သွားရလာရတာလည်း သိပ်အဆင် မပြေသေးဘူးပေါ့လေ။ သွားလို့တော့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က အရှိန်က မသေသေး တော့လန့်နေကြတာပေါ့။ စစ်ပွဲရဲ့အကျိုးဆက်တွေ ပေါ့။ အမှန်ကမြို့သိမ်းကနေ မြို့ဖျက်ဖြစ်သွားတာပေါ့။

မေး - နောက်တစ်ခုကတော့ လွိုင်ကော်မြို့မှာတိုက် ပွဲတွေပြန်ဖြစ်လာနိုင်တယ်ထင်လားခင်ဗျ။
ဖြေ - ကျွန်တော်ကြားရသလောက်ကတော့ မဖြစ်နိုင် တော့ဘူးဗျ။ မဖြစ်နိုင်တော့ဘူးဆိုတာက လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မြို့အပြင်ဘက်မှာ PDF တွေလာရောက်ခိုအောင်းနိုင်တဲ့နေရာတွေထိလိုက်ပြီး ရှင်းလင်းနေတယ်လို့တော့ ကျွန်တော်သတင်းကြားတယ်။ တိုက်ပွဲတွေကတော့ မြို့နဲ့တော်တော်ဝေးဝေးလေး မှာတော့ သေနတ်သံတွေ၊ အမြောက်သံတွေတော့ ကြားနေရတယ်။ မြို့ထဲမှာအနည်းအကျဉ်းတော့ ရှိသေးတယ် သူတို့ကမထွက်သေးဘူး။ သူတို့ကိုလည်း ဘယ်လိုကြောင့်လဲတော့မသိဘူး။ ထပ်ပြီးရှင်းရင် ထပ်ပြီးအိမ်တွေပျက်စီးကုန်မှာစိုးလို့လားတော့မသိဘူး။ အစိုးရကတော့ ဖြည်းဖြည်းချင်းကိုင်တွယ်နေတဲ့ ပုံစံပါပဲ။ တပ်ကတော့ရှင်းရင်တော့ရတယ်။ ဒါမှမ ဟုတ် PDF ကအင်အားနည်းသွားရင် သူတို့ဟာသူတို့ နောက်ပြန်ဆုတ်သွားအောင် အဲဒီလိုပဲလုပ်မလားပေါ့ နော်။ မြို့ပြင်မှာဆိုရင်တော့ သေချာတယ်လုပ်မှာ။ ဒီမြို့ထဲမှာကတော့ ပြည်သူတွေအသက်အိုးအိမ်တွေ ရှိနေတဲ့အတွက် ဖြည်းဖြည်းချင်းဆောက်ရွက်နေ တယ်လို့တော့ မြင်မိပါတယ်။ သူတို့ကရှိသေးတယ် တက္ကသိုလ်အနားတစ်ဝိုက်မှာရှိတယ်။ မှုံပြာဘက်နဲ့ မင်္ဂလာဘက်မှာတော့ အသံမကြားတော့ဘူး။ တက္ကသိုလ်နဲ့ယဉ်ကျေးမှုပြတိုက်ပေါ့ အဲဒီနားနဲ့ နောင် ယား(က)(ခ)အဲဒီရပ်ကွက်တွေမှာပဲရှိတော့တယ်။ နောက်ပြီး အကျဉ်းထောင်နားပတ်ပတ်လည်လည်မှာ ရှိမယ်။ PDF တွေကထောင်ကိုရချင်တာမရဘူးဖြစ်နေတာနဲ့ အဲဒီနားမှာ ခိုအောင်းနေတာ။ အဲဒီကနေ နောက်ကအင်အားကိုစောင့်နေတာ။ တပ်ကလည်း နောက်ကအင်အားမဝင်နိုင်အောင် ဖြတ်ထားတာဆို တော့ အပြင်မှာလည်းတိုက်ပွဲတွေဖြစ်တော့ မြို့ထဲက PDF တွေကိုလာပြီးတော့မကူနိုင်ဘူး။ ဒီကလည်း ရှေ့ဆက်မတိုးနိုင်တော့ သူတို့ဟာ သူတို့ပြန်ပျောက် သွားမယ်ထင်ပါတယ်။

မေး - တိုက်ပွဲတွေပြီးတော့ နေရပ်စွန့်ခွာပြည်သူတွေ ကကော လွိုင်ကော်မြို့ကို ဘယ်အချိန်ကပြန်ရောက် လာခဲ့တာလဲခင်ဗျ။
ဖြေ - ဒေသခံတွေပြန်ရောက်တာက (၆)လပိုင်း (၁)ရက်နေ့ကပြန်ရောက်လာတယ်လို့ ယူဆရတာ ပေါ့နော်။ အခုအချိန်ထိ တဖြည်းဖြည်းနဲ့ တဖွဲဖွဲပြန်ပြီး ဝင်ရောက်နေထိုင်နေကြတာ။ ပထမတုန်းကကြားတာ တွေရှိတယ်။ PDF တွေကလမ်းကနေပိတ်တယ်တဲ့။ တိုက်ပွဲကာလဖြစ်နေလို့ ပြန်ဝင်ခွင့်မပြုဘူး။ ဒါပေမဲ့ စစ်ဘေးရှောင်ရတာက အပြင်မှာ ၄၊ ၅၊ ၆ လ လောက် ကြာလာတဲ့အခါမှာတော့ အိမ်ငှားနေရတာတို့၊ လုပ် ငန်းတွေအဆင်မပြေတာတို့ဖြစ်နေတော့ တော်တော် များများကပြန်လာချင်နေပြီ။ နောက်တော့ တောင်ကြီး ဘက်ကနေလမ်းပွင့်သွားတဲ့အခါမှာ အဲဒီလမ်းကနေအရပ်သားကားတွေပြန်ဝင်လာတယ်။ တချို့ကလည်း သေလည်းသေပါစေ ကိုယ့်နေရာပဲ ကိုယ်ပြန်နေချင် တယ်ဆိုပြီး ပြန်လာတာတွေ။ အဲဒီလို ပြန်လာရင်းနဲ့ အခုတော့မနက်ပိုင်းတွေမှာဆို ဈေးထဲမှာ စည်စည်ကားကားတော့ပြန်ဖြစ်နေပါပြီ။

မေး - လွိုင်ကော်မြို့တိုက်ပွဲမှာ PDFဘက်က ဘယ် လောက်ထိကျဆုံးခဲ့လဲခင်ဗျ။
ဖြေ - အဲဒါနဲ့ပတ်သက်ပြီးပြောရရင်တော့ သူတို့က အင်အားများတယ်။ အဲဒီထဲကမှာ လွိုင်ကော်မြို့က ကယန်းလူမျိုးတော်တော်များများက PDF ဘက်မှာပါသွားတယ်။ မြို့ထဲမှာတိုက်ပွဲလုပ်လို့ အားပေး ထောက်ခံတာတွေလည်းပါတယ်။ ထောက်ပို့တွေ ဘာတွေလည်း အစုံပေါ့ဗျာ။ သူတို့ရဲ့အားပေးအား မြှောက်မှုကြောင့် ဒီလိုလည်းဖြစ်သွားတာ။ အဲဒီမှာ သူတို့ဘက်ကတိုက်ပွဲဖြစ်ရင် လူ(၃ဝဝဝ)လောက် ပါရင် လက်နက်ကိုင်တာက (၁၀ဝဝ)ပဲ။ နောက်က (၂၀ဝဝ)လောက်က ထောက်ပို့ပါတယ်။ ဆေးတပ် သားတို့ သယ်ယူပို့ဆောင်ရေးတို့ပေါ့။ သူတို့လူကျသွားရင် သေနတ်သွားယူတယ်၊ အလောင်းပြန်ကောက်တယ်။ ကျတာတော့ကျတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားစစ်လိုက်တဲ့အခါမှာကျတော့ အလောင်းတောင် မသယ်ဘူး။ လေယာဉ်နဲ့ပစ်နေတာကြီးကို သူတို့ ဘက်က မထိခိုက်စရာအကြောင်းမရှိဘူးလေ။ တချို့ ဆို အိမ်ကြီးမီးလောင်နေလို့ကြည့်လိုက်ရင် အိမ်ထဲမှာ မီးလောင်နေတဲ့အလောင်းတွေ မီးမလောင်သေးတဲ့ အလောင်းတွေနဲ့ သေတဲ့အထဲမှာ မိန်းကလေးတွေ တောင်ပါတယ်။ သူတို့က အလောင်းတွေကို အိမ်ထဲ ထည့်ပြီး မီးရှို့သွားတာ။ ပြောချင်တာကတော့ အကျ အဆုံးတော့ရှိတယ်။ အရေအတွက်ကိုတော့ အတိ အကျပြောဖို့က ခက်ပါတယ်။

မေး - နောက်တစ်ခုကတော့ လွိုင်ကော်မြို့ နယ်ထဲ မှာကော PDF ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိသေး လားခင်ဗျ။
ဖြေ - ကျွန်တော်သတင်းကြားရသလောက်ကတော့ ရွာတွေတော်တော်များများလည်း ပြေးလွှားနေရတာ။ လွိုင်ကော်နဲ့ တောင်ကြီးသွားလမ်းမှာရှိတဲ့ ကယန်းရွာ တွေကလည်း တော်တော်များများပျက်သွားပြီ။ အဲဒီတော့ ထိတွေ့မှုရှိတဲ့ရွာတွေနဲ့ အဲဒီရွာတွေကလည်း သူတို့လူတွေချည်းပဲဆိုတော့ ပုန်းခိုပြီးစစ်တပ်ကိုပစ်တဲ့အခါမှာ ပြန်ပစ်တာပေါ့။ စစ်တပ်ကတော့ စပြီးပစ်တာမရှိဘူး။ သူတို့ကလာပစ်လို့ပြန်ပစ်တဲ့အခါမှာ အဲဒီ ရွာတွေကတော့ ပျက်ကုန်တာ။ အခုတော့ အဲဒီလိုနဲ့ ရွာဘက်ကလူတွေလည်း ပြေးလွှားနေရတော့ သူတို့ လည်း စစ်ကိုတော်တော်လေး ရွံမုန်းလာတဲ့သဘော တော့ရှိပြီလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ထင်ထား တာက လွိုင်ကော်မြို့ကိုသိမ်းလိုက်ပြီး မြို့ကိုအစိုးရ အဖွဲ့ လက်ရှိအုပ်ချုပ်သလိုမျိုး သူတို့ကလည်း အုပ်ချုပ်မယ်ဆိုပြီးထင်နေလိုက်တာ။ လွယ်လွယ်နဲ့မရ တဲ့အခါမှာ အကုန်လုံးက ဒုက္ခရောက်ကုန်တာပါ။ ရွာ တွေတော်တော်များများလည်း သူတို့က ထိန်းချုပ် တယ်သာပြောတာ။ တော်တော်များများ ပျက်စီးသွားတယ်။ ချယ်ရီကုန်းဘက်မှာတော့ စည်ကားနေတယ် လို့တော့ကြားပါတယ်။

မေး - နောက်ဆုံးအနေနဲ့ လွိုင်ကော်မြို့ပြန်လည် ထူထောင်ရေးနဲ့ပတ်သက်ပြီး အစ်ကို့အမြင်နဲ့ သုံး သပ်ချက်လေးလည်း ပြောပေးပါဦးခင်ဗျ။
ဖြေ - အခုတော့ လွိုင်ကော်မြို့က အေးချမ်းစပြုလာ ပါပြီ။ (၉၀)ရာခိုင်နှုန်းလောက်က အဆင်ပြေနေပြီး တော့ (၁၀)ရာခိုင်နှုန်းလောက်ပဲ ကျန်မှာပါ။ အခုက မိုးတွင်းကာလလည်းဖြစ်နေတဲ့အတွက် ပြန်လည် တည်ဆောက်ရေးတွေမှာ အခက်အခဲရှိတယ်။ ရှင်းလင်းရေးအရင်လုပ်ရဦးမယ်။ အဲဒါလုပ်ပြီးတော့မှ တည်ဆောက်ပြုပြင်ရေးတွေလုပ်ရမယ်။ လက်ရှိ အစိုးရအဖွဲ့မှာလည်း ဝန်ထမ်းအဖွဲ့တွေပြန်ရောက်ပြီး တော့မှ ကိုယ့်ဌာနအသီးသီးရဲ့ အခက်အခဲအဖြစ် အပျက်တွေကို ဘယ်လိုပြန်လုပ်မယ်ဆိုတာတွေ အစည်းအဝေးလုပ်မယ်လို့လည်း ကြားရပါတယ်။ အဲဒီတော့ ပွင့်လင်းရာသီရောက်မှပဲ တည်ဆောက်ရေး တွေပြန်လုပ်ဆောင်မယ်ထင်ပါတယ်။ ပြီးတော့ ဒီ ဒေသကလည်း တောင်တန်းဒေသဖြစ်တော့ မိုးကများ တယ်။ မိုးတွင်းမှာ တည်ဆောက်ပြုပြင်ရေးက အခက်အခဲရှိတယ်။ အခုကတည်းက ဘိလပ်မြေ၊ သွပ်၊ သံ တွေပြန်စုနေတာတော့ တွေ့ရတယ်။ အခုတော့ အားယူနေဆဲကာလပါပဲ။ မိုင်းရှင်းလင်းပြီးရင်တော့ အကုန်လုံး အေးချမ်းသွားလိမ့်မယ်လို့တော့ ထင်ပါ တယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

zawgyi version
"အေလာင္းေတြကို အိမ္ထဲပစ္ထည့္ၿပီး မီးရႈိ႕သြားၾကတာ" (လြိဳင္ေကာ္ၿမိဳ႕ရဲ႕ စစ္ပြဲကာလ ျဖစ္ရပ္အစုံစုံ) (အင္တာဗ်ဴး)
သန႔္ဇင္ (NP News) - ဇူလိုင္ ၆

KNDF ႏွင့္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားသည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ကယားျပည္နယ္၏ၿမိဳ႕ေတာ္ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ တစ္ဝိုက္၌ ၁.၁.၁.၁ စစ္ဆင္ေရးကိုေဖာ္ေဆာင္ကာ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို စတင္ျပဳလုပ္ခဲ့ၿပီးေနာက္ စစ္ေဘးသင့္ျပည္သူအမ်ားအျပား ေနရပ္စြန႔္ခြာရသကဲ့သို႔ အစိုးရ႐ုံးဌာနအခ်ိဳ႕သည္လည္း ထိခိုက္မႈရွိခဲ့သည္။ သို႔ေသာ္ ယခုအခါ လြိဳင္ေကာ္ၿမိဳ႕ကို တပ္မေတာ္ကထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ကာ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္အေျခအေန၊ စစ္ေဘးသင့္ျပည္သူမ်ား ျပန္လည္ဝင္ေရာက္လာ သည့္ အေျခအေနႏွင့္ပတ္သက္၍ The Statesman ဂ်ာနယ္၏ လြိဳင္ေကာ္ၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးအား ေမးျမန္းထားခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါ သည္။

ေမး - လြိဳင္ေကာ္ၿမိဳ႕က လက္ရွိအေျခအေန ဘယ္လို ရွိလဲခင္ဗ်။
ေျဖ - လြိဳင္ေကာ္ၿမိဳ႕အေျခအေနက ကြၽန္ေတာ့္ အျမင္ေျပာရရင္ေတာ့ အစိုးရအဖြဲ႕က ျပန္ၿပီးလည္ပတ္ေနတယ္ေပါ့။ နဂိုကတည္းက လည္ပတ္ေနတာဆိုေပမယ့္ အခုကေတာ့ ၿမိဳ႕လည္းစည္ကားေအာင္ ျပန္ၿပီးေဆာင္႐ြက္ေနပါတယ္။ ေနာက္ၿပီး ႐ုံးေတြမွာလည္း အခမ္းအနားေတြျပန္လုပ္ေနတယ္။ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားလည္း ဒီမွာျပန္ေရာက္ေနၾကတယ္။ ပထမတုန္းကေတာ့ သူတို႔စစ္ေရွာင္ထဲမွာ ေတာ့ပါသြားတယ္။ အခုေတာ့ၿမိဳ႕မွာက ျပည္သူေတာ္ ေတာ္မ်ားမ်ားလည္း ျပန္ဝင္လာေနၿပီ။

ေမး- ျပန္လည္ထူေထာင္ေရးလုပ္ေဆာင္ေနတဲ့ အေျခအေနကို သိပါရေစ။
ေျဖ - လက္ရွိမွာေတာ့ ျပန္လည္ထူေထာင္ေရးကို အစိုးရအဖြဲ႕က ေဆာင္႐ြက္ေနတယ္။ အခုက ေတာင္ ႀကီးကေန လြိဳင္ေကာ္ၿမိဳ႕ကို လြိဳင္ေကာ္-ဆီဆိုင္လမ္း ကေန ကားေတြနဲ႔ ဘိလပ္ေျမအိတ္ေတြ၊ အိမ္ေဆာက္ပစၥည္းေတြေပါ့ အဲဒါေတြသယ္ေနတယ္။ အဲဒီလမ္း ေၾကာင္းမွာပဲ ဝန္ထမ္းေတြေရာ၊ ျပည္သူေတြေရာ ျပန္ဝင္ေနၾကတာရွိတယ္။

ေမး - လက္ရွိမွာ လြိဳင္ေကာ္ၿမိဳ႕ကို တပ္မေတာ္ကအလုံးစုံထိန္းခ်ဳပ္ထားတယ္လို႔ ေျပာလို႔ရလားခင္ဗ်။
ေျဖ - ေျပာလို႔ရပါတယ္။ ဘာလို႔ဆို ဒီၾကားထဲမွာ တိုက္ပြဲႀကီးႀကီးမားမားမရွိဘူးေလ။ ဒါေပမဲ့လို႔ PDF ေတြက ၿမိဳ႕ထဲကိုဝင္ထားတာ။ ဝင္ထားၿပီးေတာ့မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔က တိုက္ခိုက္မႈေတြလုပ္ထားတဲ့အခါက်ေတာ့ အကုန္လုံး ျပန္ေတာ့မထြက္ေသးဘူးဗ်။ နည္းနည္းေတာ့က်န္ေသးတယ္။ အဲဒီ အနည္းအက်ဥ္းကပဲ ေခ်ာင္းေျမာင္းၿပီးေတာ့ Sniper နဲ႔ပစ္ခတ္ေႏွာင့္ယွက္တာေတာ့ရွိတယ္။ အင္နဲ႔အားနဲ႔ တိုက္တာတို႔ ဘာတို႔ေတာ့မရွိေတာ့ဘူးဗ်။ လြိဳင္ေကာ္ ၿမိဳ႕က လုံးဝကို ေအးခ်မ္းသြားတဲ့သေဘာေတာ့မဟုတ္ ပါဘူး။ PDF ကအနည္းအက်ဥ္းေတာ့ရွိေသးတဲ့အတြက္ အကုန္လုံးေတာ့ျပန္ဝင္လို႔မရေသးဘူး။ ၿမိဳ႕ရဲ႕ ေလးပုံတစ္ပုံေလာက္ေတာ့ တခ်ိဳ႕ရပ္ကြက္ ေတြက်န္ဦးမယ္။ က်န္တဲ့ရပ္ကြက္ေတြကေတာ့ ျပည္ သူေတြျပန္ေရာက္ေနၿပီဗ်။

ေမး - ေဒသခံေတြျပန္ေရာက္လာၿပီဆိုေတာ့ လြိဳင္ ေကာ္ၿမိဳ႕ တရားဥပေဒစိုးမိုးေရးက ဘယ္လိုအေျခ အေန ရွိပါသလဲ။
ေျဖ - တရားဥပေဒစိုးမိုးေရးမွာ က်န္တာေတြေတာ့ ေႏွာင့္ယွက္တာ ဒုကၡေပးတာမရွိပါဘူး။ ျပန္ေရာက္ တဲ့ေနရာေတြမွာေတာ့ ေအးေအးခ်မ္းခ်မ္းပါပဲ။ ခိုးဆိုး လုႏႈိက္တို႔၊ မႈခင္းျဖစ္တာတို႔ဘာတို႔ေတာ့မရွိဘူးဗ်။ ျပည္သူေတြျပန္ေရာက္ေနတာဆိုေတာ့ ပ်က္စီးသြားတဲ့ သူတို႔အိမ္ေတြကို ျပန္လည္ထူေထာင္ဖို႔ သူတို႔ လည္းသူတို႔နည္းသူတို႔ဟန္နဲ႔ လုပ္တယ္။ အစိုးရက လည္း ႐ုံးပိုင္းဆိုင္ရာေတြ။ ေနာက္ၿပီး ေတာင္ေဈးဆို တဲ့ေဈးႀကီးကို သန႔္ရွင္းေရးျပန္လုပ္ေနတယ္။ ေဈး ႀကီးႏွစ္ထပ္ျပန္ေဆာက္ဖို႔ေတြ။ အစိုးရကေတာ့ လြိဳင္ ေကာ္ၿမိဳ႕ျပန္လည္စည္ကားဖို႔ အင္နဲ႔အားနဲ႔ေတာ့လုပ္ေနတာပါပဲ။

ေမး - လြိဳင္ေကာ္ၿမိဳ႕မွာ တိုက္ပြဲမျဖစ္ခင္နဲ႔ တိုက္ပြဲျဖစ္ ပြားၿပီးအေျခအေနမွာ ၿမိဳ႕ခံေတြရဲ႕စိတ္အေျခအေနဘယ္လိုမ်ိဳးကြာျခားမႈရွိသြားလဲ။
ေျဖ - ၿမိဳ႕ခံေတြရဲ႕စိတ္အေျခအေနကို အထင္နဲ႔ အျမင္နဲ႔ေျပာရရင္ေတာ့ ေတာ္ေတာ္ေတာ့ စိတ္ဆင္းရဲ မႈျဖစ္သြားတယ္။ စိတ္ဆင္းရဲမႈ ျဖစ္သြားတယ္ဆိုတာ က သူတို႔အိုးအိမ္ေတြပ်က္စီးသြားတာကိုး။ အဲဒီေတာ့ ပ်က္စီးသြားတဲ့အတြက္ ဘယ္လိုျပန္ၿပီးထူေထာင္ မလဲေပါ့။ မိုးတြင္းကာလလည္းျဖစ္တယ္။ စစ္ရဲ႕ဒဏ္ ေၾကာင့္ တခ်ိဳ႕အိမ္ဆို လက္နက္ႀကီးက်လို႔ ေပါက္ၿပဲ တာရွိတယ္။ တခ်ိဳ႕ဆို အိမ္ေခါင္မိုးသြပ္ေတြ ေပါက္ ၿပဲတဲ့အခါက်ေတာ့ မိုး႐ြာရင္ မိုးေရယိုတာေၾကာင့္ အတြင္းပိုင္းေတြပါ အကုန္ပ်က္စီးသြားတာမ်ိဳးေတြရွိ တယ္။ ေနာက္တစ္ခ်က္ ကြၽန္ေတာ္သိရတာေပါ့။ PDF နဲ႔တိုက္ပြဲျဖစ္ေတာ့ PDF ေတြက သူတို႔ဘက္ကအေလာင္းေတြက်တဲ့အခါက်ေတာ့ (၇)ေလာင္း၊ (၈)ေလာင္းေလာက္ကို သူတို႔က မျမႇဳပ္ႏိုင္တဲ့အခါ က်ေတာ့ အိမ္ေတြထဲကိုဆြဲထည့္ၿပီး ကားတာယာကြင္း ေတြပစ္ထည့္ၿပီး အဲဒီအိမ္ကို သူတို႔ကမီးရႈိ႕ပစ္တာ။ သူတို႔ကေတာ့ မီးသၿဂႋဳဟ္တဲ့ပုံစံမ်ိဳးေပါ့။ တိုက္ပြဲျဖစ္ ေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက သူတို႔အေလာင္း ေတြျပန္ေကာက္တာကို လက္မခံဘူး။ အဲဒီေတာ့ ရ သေလာက္ျပန္ဆြဲယူသြားတယ္။ မႏိုင္ရင္ နီးစပ္ရာ အိမ္ေတြထဲဆြဲထည့္ၿပီး မီးရႈိ႕သြားၾကတယ္။ အဲဒါ ေၾကာင့္ အိမ္ေတာ္ေတာ္မ်ားမ်ားကလည္း လက္နက္ ႀကီးေၾကာင့္မီးေလာင္တာရွိသလို သူတို႔အဲဒီလိုလုပ္လို႔ မီးေလာင္ကုန္တာေတြလည္းရွိတယ္။ ဒီလို သူတို႔ အိမ္ေတြပ်က္စီးတာၾကည့္ၿပီး ျပန္မလာႏိုင္တဲ့ ျပည္သူကေတာ့ ဘယ္လိုလုပ္ေပ်ာ္ႏိုင္မွာလဲ။ စိတ္မေကာင္းတာမ်ိဳးက်ေတာ့ ကြၽန္ေတာ္တို႔ကလည္း မေမးျဖစ္ဘူး။ တခ်ိဳ႕ဆို အိမ္တိုင္ေတာင္မရွိေတာ့ဘူး ျပာက်သြားတာ။ အဲဒါေတြက ျပည္သူေတြအိမ္မွ မဟုတ္ဘူးဗ်။ အစိုးရ႐ုံးေတြကိုလည္း ဒီေကာင္ေတြ (PDF/KNDF) က အကုန္လုံးမီးရႈိ႕သြားတာ။ မီးရႈိ႕ သြားေတာ့ တခ်ိဳ႕႐ုံးေတြမွာ ႐ုံးပိုင္းဆိုင္ရာအခ်က္အလက္ေတြနဲ႔ စာ႐ြက္စာတမ္းေတြ မီးရႈိ႕ခံထားရေတာ့ အစိုးရကေတာ့ ေတာ္ေတာ္ေလးေတာ့ ျပန္လုပ္ယူရဦး မယ္။

ေမး - အစိုးရ႐ုံးေတြမီးရႈိ႕ခံထားရတာဆိုေတာ့ မီးေလာင္ပ်က္စီးသြားတဲ့ အစိုးရအေဆာက္အအုံ ဘယ္ေလာက္မ်ားလဲခင္ဗ်။
ေျဖ - ႐ုံးေတာ္ေတာ္မ်ားမ်ားက မီးေလာင္တာရွိသလို တခ်ိဳ႕က်ေတာ့ ပ်က္စီးတာမ်ားတယ္။ တပ္မေတာ္က လက္နက္ႀကီးနဲ႔ပစ္လို႔ေတာ့ ႐ုံးတိုင္းက မီးမေလာင္ဘူး။ သူတို႔(PDF)ဝင္ၿပီးမီးရႈိ႕ခဲ့လို႔သာ ႐ုံးေတြက မီးေလာင္သြားၾကတာ။ ေတာ္ေတာ္မ်ားမ်ားကိုျဖစ္တာ။ အေကာင္းတိုင္းရွိတာဆိုလို႔ ကြၽန္ေတာ္သိရသေလာက္ လႊတ္ေတာ္႐ုံးရယ္၊ အစိုးရ႐ုံးရယ္၊ ဒကစ႐ုံး ရယ္အဲေလာက္ပဲက်န္မယ္။ ေနာက္ၿပီး ေဆး႐ုံက်န္ မယ္။ တခ်ိဳ႕႐ုံးေတြကေတာ့ PDF ေတြေရာက္တဲ့ ေနရာေတြ ပ်က္စီးသြားၾကတယ္။ ဘာလို႔ဆို PDF ရွိတဲ့ေနရာ တိုက္ပြဲျဖစ္တာကိုး။ တိုက္ပြဲျဖစ္လို႔ ႐ုံး ေတြပ်က္စီးတယ္။ ခ႐ိုင္တရား႐ုံးေတြ၊ MPT တာဝါတိုင္ေတြနဲ႔ တျခား႐ုံးေတြ သုံးလို႔မရေအာင္ဖ်က္ဆီး သြားတာ။ ေနာက္ၿပီး ရဲျပည္နယ္႐ုံးလည္း က်သြား ၿပီးေတာ့ PDF ေတြ ေနရာၾကာၾကာေလးယူတယ္။ ၿပီးေတာ့မွ ေနာက္ဆုံး ႐ုံးကိုမီးရႈိ႕ပစ္လိုက္ၾကတယ္။ အမွန္ကေတာ့ အစိုးရ႐ုံးမွန္သမွ်ကို လည္ပတ္လို႔မရေအာင္ ဖ်က္ဆီးပစ္ခဲ့ၾကတယ္။ ေတာ္ေတာ္မ်ားမ်ားမွာ အစိုးရ႐ုံးေတြကို အဓိကပစ္မွတ္ထားၿပီးလုပ္ၾကတယ္။ ေတာင္ေဈးႀကီးဆိုလည္း အကုန္လုံးျပာက်သြားတယ္။ သူတို႔က အခုခ်ိန္ထိ ထုထည္ေကာင္းေကာင္း ရွိတဲ့ေနရာမွာ ေလယာဥ္လာေတာ့လည္း ပစ္လို႔မရေအာင္ လက္နက္ႀကီးနဲ႔လည္း ပစ္လို႔မရေအာင္ ေနရာယူၿပီး လုံးၿခဳံေရးတပ္ဖြဲ႕ဝင္ေတြလာရင္ ေခ်ာင္းၿပီးပစ္တာရွိတယ္။ အဲဒါေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကလည္း ေသခ်ာေလးဂ႐ုတစိုက္နဲ႔ရွင္းလင္းေနတယ္။ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ေျပာသလို အနိမ့္ဆုံး အဆင့္နဲ႔ အနည္းဆုံးအင္အားနဲ႔လုပ္ရတဲ့အခါမ်ိဳးက်ေတာ့ အားမလိုအားမရေတာ့ျဖစ္တယ္လို႔ေျပာၾကတယ္ဗ်။ ဘာလို႔ဆို ထိန္းထိန္းသိမ္းသိမ္းလုပ္ရတယ္ ဆိုတာက ျပည္သူေတြရဲ႕အိုးအိမ္ေတြကို မပ်က္စီးေအာင္ အတတ္ႏိုင္ဆုံးေတာ့ ထိန္းထိန္းသိမ္းသိမ္းနဲ႔ လုပ္ေနတာပဲ။ အရင္ကလို စစ္ကိုစစ္နဲ႔တူေအာင္ တိုက္မယ္ဆိုရင္ ၿမိဳ႕ကေတာ့ တစ္ေယာက္မွေတာင္ က်န္မွာမဟုတ္ဘူး။ အဲဒီလိုလည္း တပ္ကအျဖစ္မခံ ဘူး။ ျပည္သူေတြကိုလည္း အိုးအိမ္ထိခိုက္မႈ အနည္း ဆုံးျဖစ္ေအာင္လည္း ျပန္လုပ္တယ္။ ေနာက္ၿပီး ၿမိဳ႕ကို လည္းအပ်က္မခံဘူး။

ေမး - တိုက္ပြဲေၾကာင့္ ၿမိဳ႕ရဲ႕ဘယ္ေနရာေတြမွာ ထိခိုက္ပ်က္စီးမႈအမ်ားဆုံးျဖစ္သြားလဲခင္ဗ်။
ေျဖ - လြိဳင္ေကာ္တကၠသိုလ္ရွိတဲ့အနီးအနား PDF ေတြအေျခခ်တဲ့ေနရာေတြေပါ့။ ေနာက္ၿပီး ေဒါဥခူ၊ မႈံျပာ၊ မိုင္းလုံ ေနာက္ၿပီး ေနာင္ယား(က)(ခ)၊ ေနာက္ ၿပီးေတာ့ ဝန္ထမ္းေတြေနတဲ့ တိုက္(၆)လုံးဆိုတာရွိ တယ္။ အဲဒီနားက ကညန႐ုံးေတြအကုန္လုံးက ေတာ္ေတာ္ေလးကို ပ်က္စီးသြားတယ္။ က်န္တဲ့႐ုံးေတြက် ေတာ့လည္း သူတို႔ဘက္က ေရွာ့တိုက္ဒုံးေတြ ရမ္းသမ္းပစ္တဲ့အခါက်ေတာ့ ဘုရားေက်ာင္းေတြလည္း ပ်က္စီးတယ္။ ခ်ာ့ခ်္ေက်ာင္းေတြလည္းပ်က္စီးတာ ေပါ့။ ဘယ္သူထိထိ သူတို႔ကေတာ့ ရမ္းသမ္းၿပီးပစ္တာေပါ့။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ဖ႐ိုဖရဲျဖစ္ၿပီး ထြက္ ေျပးၾကေအာင္ေပါ့။ အဲဒီရည္႐ြယ္ခ်က္ေတြနဲ႔ပစ္တာေပါ့။ ေရွာ့တိုက္ဒုံးဆိုတာလည္း လက္နက္ႀကီးေပါ့ေလ။ အဲဒီေကာင္နဲ႔ပစ္လိုက္တဲ့အခါမွာက်ေတာ့ မွန္ေတြကြဲတယ္။ အမိုးေတြေပါက္ၿပဲတယ္။ ႐ုံးကား ေတြ ပ်က္စီးတယ္။ ေနာက္ၿပီးေတာ့ ဒ႐ုန္းနဲ႔လာႀကဲတာ ေတြလည္းရွိတယ္။ အဲဒါကေတာ့ နည္းနည္းအပ်က္ အစီးနည္းတယ္ေျပာရမယ္။ PDF ေတြေရာက္တဲ့ ေန ရာေတြကေတာ့ ဘာမွကိုမရွိေတာ့တာ။ ေဒါဥခူထဲက EPC ႐ုံးဆိုလည္းမရွိေတာ့ဘူး။ ၿပီးေတာ့ ေထြအုပ္ ဝန္ထမ္းအိမ္ရာေတြ။ ၿမိဳ႕ရဲ႕ (၄)ပုံ(၃)ပုံေလာက္ ပ်က္ စီးသြားတာ။ ကြၽန္ေတာ္ျမင္တာေတာင္ အဲဒီေလာက္ပဲ ရွိေသးတယ္။ အမွန္အဲဒီထက္မကရွိႏိုင္ေသးတယ္။ မဂၤလာေဈးႀကီးတစ္ခုလုံးလည္း ဖ်က္ဆီးသြားတယ္။ PDF ေတြကတိုက္ၿပီး ပစၥည္းေတြကို အကုန္ယူတယ္။ ၿပီးေတာ့အကုန္မီးရႈိ႕သြားၾကတယ္။

ေမး - ဟုတ္ကဲ့အစ္ကို ၿမိဳ႕ခံလူထုအေနနဲ႔ေကာ ေနရပ္ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ဘယ္လိုအေျခ အေနရွိလဲ။
ေျဖ - လက္ရွိေဈးႀကီးရဲ႕ေတာင္ဘက္ နမ့္ေဘာ္ဝမ္ဘက္မွာေဈးေလးေဆာက္တယ္။ အဲဒီေဈးေလးက ေတာ့ နည္းနည္းျပန္စည္ေနတယ္။ တခ်ိဳ႕ သိတဲ့လူေတြက ေဈးလာဝယ္လို႔ေတြတဲ့အခါက်ေတာ့ ေတာ္ေတာ္ေတာ့ စိတ္မေကာင္းတဲ့ပုံစံေပါ့။ ကြၽန္ေတာ္တို႔ အသိေတြေတာင္မွ ေမးရမွာေတာင္ စိတ္ထဲမွာမေကာင္းဘူး။ ဘယ္တုန္းကျပန္ေရာက္တာလဲ။ ဘယ္မွာသြားေရွာင္ၾကတာလဲ အဆင္ေျပၾကလား ဒီေလာက္ ပဲေမးရတာေပါ့။ ျဖစ္ျဖစ္ခ်င္းတုန္းကေတာ့ သူလည္း သူဦးတည္ရာေျပး ကိုယ္လည္းကိုဦးတည္ရာ ေျပးေန ၾကရတာကို။

ေမး - လြိဳင္ေကာ္ၿမိဳ႕ရဲ႕ စီးပြားေရးအေျခအေနကေကာ လက္ရွိဘယ္လိုလည္ပတ္ေနလဲ။
ေျဖ - စီးပြားေရးကေတာ့ ဘာမွကိုမလုပ္ႏိုင္ေသးဘူး။ စစ္ေရွာင္ၿပီးျပန္လာတဲ့အဖြဲ႕ေတြကို အစိုးရကေန ေထာက္ပံ့မႈေတြ လုပ္ေပးတယ္။ အမ်ားႀကီးမဟုတ္ေပမယ့္ ေရာက္တဲ့အခါမွာ အခက္အခဲျဖစ္တဲ့လူေတြကို အဆင္ေျပသလိုေလးေတာ့ လုပ္ေပးတာေပါ့။ နဂိုကေတာ့ စိုက္ပ်ိဳးေရးရွိတယ္။ အခုကေတာ့ ႐ြာေတြကကို စိုက္ပ်ိဳးေရးမလုပ္ႏိုင္တဲ့အခါက်ေတာ့ အကုန္လုံးက ေျပးရလႊားရတာ။ ေနာက္တစ္ခ်က္က ကြၽန္ေတာ္ထင္တယ္ စိုက္ခင္းေတြထဲမွာ ဟိုဘက္ကပစ္တာေတြ ဒီဘက္ကပစ္လို႔က်တဲ့ ဗုံးသီးေတြမကြဲတာေတြရွိေတာ့ မဆင္းရဲၾကဘူး။ ဒါေတြအကုန္လုံးရွင္းလင္းၿပီးမွ သြား ၾကလာၾကရမွာ။ အခုကၿမိဳ႕ထဲမွာေတာင္ ျပန္ဝင္တဲ့လူ ေတြက ေဈးနားတစ္ဝိုက္ေတြမွာပဲ စုၿပီးေနၾကတာ။ အဲဒီနားမွာ ကိုယ့္အိမ္ကိုယ္မျပန္ရဲေသးဘူး။ တခ်ိဳ႕ဆို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ေနရာယူထားတာရွိတယ္။ တခ်ိဳ႕မွာလည္း PDF ေတြရွိတယ္။ မွားၿပီး ပစ္မွာစိုးတာ။ အဆိုးဆုံးကဘာလဲဆိုေတာ့ ႏွစ္ဖက္ေထာင္ ထားတဲ့မိုင္းေတြ အဲဒီေတာ့ဘယ္နားမိုင္း ေထာင္ထား မွန္းမသိတဲ့အတြက္ ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားက ေတာ့ ျပန္မဝင္ရဲေသးဘူး။ ေဈးရွိတဲ့ နမ့္ေဘာ္ဝမ္ ဘက္မွာပဲ ျပန္ဝင္ၾကတယ္။

ေမး - တိုက္ပြဲျပင္းထန္ခဲ့တဲ့ လြိဳင္ေကာ္တကၠသိုလ္ အနားဝန္းက်င္ကရပ္ကြက္ေတြမွာေကာ ေဒသခံေတြ ျပန္လည္ဝင္ေရာက္ေနထိုင္တာမ်ိဳးရွိၿပီလား။
ေျဖ - ကြၽန္ေတာ္ေတာ့ အဲဒီဘက္ကို မေရာက္ျဖစ္ ေသးဘူး။ တခ်ိဳ႕တေလေတာ့ ျပန္ဝင္ေနတယ္လို႔ေတာ့ ေျပာၾကတယ္။ ဖုန္းဆက္သြယ္ၿပီးလွမ္းေမးၾကေတာ့ ျပန္ေရာက္ေနၾကၿပီလို႔ေတာ့ေျပာၾကတယ္။

ေမး - အခုထိေကာ ၿမိဳ႕ထဲမွာပစ္ခတ္မႈေတြရွိေနလား။
ေျဖ - အခုေနာက္ပိုင္းေတာ့ ပစ္ခတ္မႈေတြ ပေပ်ာက္သြားတယ္ဗ်။ အခုဆိုကြၽန္ေတာ္ေအးေအးေဆးေဆး ဖုန္းေျပာလို႔ရတယ္။ အရင္ကဆို ဖုန္းေျပာလို႔မရဘူး။ အကာအကြယ္ကေနယူေျပာရတယ္။ အခုေတာ့ ေတာ္ေတာ္ေလးေပ်ာက္သြားၿပီ။ ကြၽန္ေတာ့္အထင္ ၿမိဳ႕ ထဲမွာလက္က်န္အဖြဲ႕ေတြရွိတယ္။ ျပန္ ဆုတ္ခြာလိမ့္မယ္ထင္တယ္။ ဘာလို႔ဆို ျပန္ဆုတ္မွျဖစ္မယ့္အေန အထားျဖစ္ေနၿပီ။ ဘာလို႔ဆို PDF အဖြဲ႕ကနည္းသြားၿပီေလ။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကလည္း ေနရာေတာ္ ေတာ္မ်ားမ်ားမွာေရာက္လာၿပီး စိုးမိုးထားတဲ့အေနအထားရွိတယ္။

ေမး - လြိဳင္ေကာ္ၿမိဳ႕ကိုျပန္လည္ေရာက္ရွိလာတဲ့ ေဒသခံေတြအေနနဲ႔ေကာ၊ စားဝတ္ေနေရးအခက္အခဲ ေတြ ရင္ဆိုင္ေနရတဲ့အေျခအေနကို သိပါရေစ။
ေျဖ - စားဝတ္ေနေရးကေတာ့ နဂိုရွိခဲ့တဲ့ ရွိတာနဲ႔ပဲ အဆင္ေျပေအာင္စားေနရတာေပါ့။ စီးပြားေရးက ေတာ့မလုပ္ႏိုင္ေသးဘူး။ တခ်ိဳ႕လည္း ေဈးေလးေတြ ျပန္ေရာင္းေနၾကတယ္။ ေဈးေရာင္းတဲ့လူက အမ်ား ဆုံးပဲ။ က်န္တဲ့လုပ္ငန္းလည္ပတ္မႈေတာ့မရွိဘူး။ သန႔္ ရွင္းေရးလုပ္တာတို႔ အစိုးရကလုပ္တဲ့ ေဒသဖြံ႕ၿဖိဳးေရး နဲ႔ ျပန္လည္ပ်ိဳးေထာင္ေရးအပိုင္းေတြမွာ အလုပ္သ မားေတြအျဖစ္ အလုပ္ေတြေတာ့ ျပန္လုပ္ေနၾကရ တယ္။ တခ်ိဳ႕က်ေတာ့လည္း ေဒသခံ႐ြာေတြကေန အသီးအ႐ြက္ေတြ၊ အသားငါးေတြေဈးကို လာေရာင္း တာေတြေတာ့ရွိတယ္ဗ်။ ၿမိဳ႕ေပၚကလူေတြကေတာ့ ပန္းရန္လုပ္တာတို႔ ဘာတို႔ေပါ့ အဲဒါေတြလုပ္တယ္။ ႐ုံးေတြဘာေတြကို အုတ္တံတိုင္းေတြျပန္လုပ္ေနတာ ေတြေတြ႕တယ္။

ေမး - အစိုးရဝန္ထမ္းေတြကေကာ ဘယ္လိုမ်ိဳးရပ္ တည္ေနၾကရလဲခင္ဗ်။
ေျဖ - ဝန္ထမ္းကေတာ့ ဒီမွာ သူ႔လစာနဲ႔ပဲျပန္လည္ ရပ္တည္ေနၾကရတာေပါ့။ ဝန္ထမ္းေတာ္ေတာ္မ်ား မ်ားက ျပန္ေရာက္ေပမယ့္ မူရင္းဌာနေတြကိုေတာ့ မျပန္ႏိုင္ၾကေသးဘူး။ အစိုးရက လုံၿခဳံတဲ့ေနရာေတြ၊ သူနာျပဳေက်ာင္းလိုေနရာေတြနဲ႔ ေဆးခန္းေဆး႐ုံေတြ ေပါ့။ တခ်ိဳ႕က်ေတာ့ လူမေနတဲ့ေနရာေတြမွာ ေနရာ ျပန္လည္ခ်ထားေရးေတာ့ အစိုးရအဖြဲ႕က ျပန္စီစဥ္ ေပးေနတယ္။ လႊတ္ေတာ္အေဆာင္ေတြမွာက်ေတာ့ ရိပ္သာအေဆာင္ေတြရွိတယ္။ အဲဒီမွာကေတာ့ ၫႊန္မႉးအဆင့္ေတြကို ထားတယ္ထင္ပါတယ္။ က်န္တဲ့ ဝန္ထမ္းေတြကေတာ့ မ်ားရင္မ်ားသလို နည္းရင္ နည္းသလို စီမံေပးတယ္ဗ်။ ေထြအုပ္႐ုံးကေတာ့ ႐ုံးျပန္လည္ပတ္ေနတယ္။ သူကေတာ့ ႐ုံးတက္ေနရ တယ္။ ဒကစေနၿပီးေတာ့ အႀကိဳအပို႔အတြက္ ဖယ္ရီ သေဘာမ်ိဳးလုပ္ေပးေနတယ္။

ေမး - လြိဳင္ေကာ္ၿမိဳ႕တည္ၿငိမ္ေအးခ်မ္းေရးက တိုး တက္လာသလား ခင္ဗ်။
ေျဖ - ၿမိဳ႕တည္ၿငိမ္ေအးခ်မ္းေရးကေတာ့ တျဖည္း ျဖည္းနဲ႔ ပိုမိုတိုးတက္ေကာင္းမြန္လာတယ္လို႔ ေျပာရ မွာေပါ့။ အရင္တုန္းက သြားဖို႔လာဖို႔က အေျခအေန ၾကည့္ၿပီးသြားလာေနရတာ။ ကြၽန္ေတာ္တို႔လည္း အပစ္ခံရမွာေၾကာက္တာတို႔ Sniper နဲ႔လွမ္းပစ္မွာ ေၾကာက္ရတာတို႔ေပါ့။ အခုေတာ့ အဲဒီလိုမဟုတ္ေတာ့ ဘူး။ ဆိုင္ကယ္ေတြနဲ႔ လူေတြသြားလာေနၾကၿပီ။ ဆိုင္ကယ္နဲ႔ ေဈးေရာင္းတဲ့လူေတြရွိတယ္။ ေနာက္ၿပီးေတာ့ ေတာင္ႀကီးဘက္ကေနၿမိဳ႕ထဲမွာ ကားေတြေတာက္ ေလွ်ာက္ဝင္ေနေတာ့ အရင္လို တိတ္ဆိတ္သြားတာက ေန အခုေတာ့နည္းနည္းေလးျပန္စည္ကားလာၿပီလို႔ေျပာရမွာေပါ့။

ေမး - KNDF ၊ PDF ဝင္သိမ္းခံလိုက္ရတဲ့ လြိဳင္ေကာ္တကၠသိုလ္အေျခအေနေကာ လက္ရွိ ဘယ္လို ရွိလဲခင္ဗ်။
ေျဖ - ပြင့္ပြင့္လင္းလင္းေျပာရရင္ အဲဒီဘက္ေတြကို မသြားရဲေသးဘူး။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ PDF ေတြၾကားထဲမွာ အရပ္သားကိုခြင့္မျပဳဘူးဆိုတာက မိုင္းေတြေၾကာင့္ပါ။ မိုင္းေတြကေတာ့ အဲဒီဘက္ ေတြမွာရွိတာေပါ့။ PDF ေတြဝင္သြားတဲ့ အဲဒီဘက္ ေတြကအဆိုးဆုံးပဲ။ ဒီဘက္ေတြေတာင္မွ အစိုးရက ဒီလမ္းေတာ့ဖြင့္ၿပီ။ ဒီလမ္းကသြားလို႔ရတယ္။ အဲဒီလို ေနရာမ်ိဳးေတြပဲသြားရဲတာ။ ဒီနယ္ေျမကသြားလို႔ရၿပီ ဆိုၿပီး ခြင့္ျပဳေပးထားတဲ့ေနရာေတြ အဲဒီေနရာေတြက ေသခ်ာေပါက္ မိုင္းရွင္းၿပီးသြားၿပီ သြားလို႔လာလို႔စိတ္ ခ်ရၿပီဆိုတဲ့ေနရာေတြကိုပဲ ကြၽန္ေတာ္တို႔ေတြကလည္း သြားရဲတယ္။ တကၠသိုလ္ဘက္ကေတာ့ အစိုးရကလည္းခြင့္မျပဳဘူး။ ခြင့္မျပဳတဲ့အထဲကမွ PDFကလည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္အထင္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္ေတြကလည္း PDF အထင္နဲ႔ ထင္ေယာင္ထင္ မွားေတြျဖစ္မွာလည္းစိုးတာေပါ့။

ေမး - လြိဳင္ေကာ္ၿမိဳ႕ျပန္လည္ထူေထာင္ေရးမွာ အခက္အခဲေတြရွိႏိုင္လားခင္ဗ်။
ေျဖ - အခက္အခဲကေတာ့ ေသခ်ာေပါက္ရွိႏိုင္တာေပါ့။ ဘာလို႔ဆို အေဆာက္အအုံေတြက အကုန္ၿပိဳက်သြား တယ္ဆိုေတာ့ ဒီဟာႀကီးကို အရင္ဖယ္ရွား ရွင္းလင္းရ မယ္။ ဖယ္ရွားရွင္းလင္းတဲ့အခါမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေတြက အရင္ဆုံးမိုင္းကို တာဝန္ယူေပးရမွာ။ အဲဒါၿပီး ေတာ့မွ ဖယ္ရွားရွင္းလင္းေရးကိုလုပ္ရဦးမယ္။ အဲဒီ အျပင္ကိုမွ တည္ေဆာက္ျပဳျပင္ေရးျပန္လုပ္ရဦးမယ္ ထင္တယ္။ ဒီမွာျပန္ဝင္လာတဲ့ ျပည္သူေတြကေတာ့ ဒီအလုပ္ေတြပဲလုပ္ရဦးမယ္။ ျပန္ဝင္လာတဲ့လူနဲ႔စာရင္ လူနည္းေတာင္နည္ေသးတယ္ထင္တယ္။ တစ္ၿပိဳင္ တည္းလုပ္မယ္ဆိုရင္ လုပ္သားေတြအမ်ားႀကီးလို တယ္။ ေနျပည္ေတာ္ႀကီးစတည္ေဆာက္သလိုေပါ့ အင္အားက အမ်ားႀကီးလိုမယ္လို႔ေတာ့ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ထင္တယ္ မိုးတြင္းမွာေတာ့ သြားလို႔လာလို႔ရၿပီး ေအးခ်မ္းတဲ့ရပ္ကြက္ေတြမွာ အေဆာက္အအုံေတြကို အရင္ဘက္ဟိုးေတြနဲ႔ဖယ္ထုတ္ၿပီးမွရမယ္။ မိုးကုန္ၿပီးေတာ့မွ ေဆာင္းတြင္း ပြင့္လင္းရာသီေရာက္မွ တည္ေဆာက္ေရးကိုျပန္ၿပီးစတင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အစိုးရဌာန ေတြက စီမံကိန္းေတြစီမံခ်က္ေတြနဲ႔ေရးဆြဲၿပီးေတာ့ အရပ္သားလိုေျပာရရင္ အစီအစဥ္ေတြလုပ္ေန ၾကတယ္ဗ်။ တခ်ိဳ႕ဌာနေတြကေတာ့ ဖယ္ရွားရွင္းလင္း ေရးေတြလုပ္ေနၾကပါၿပီ။

ေမး - လြိဳင္ေကာ္တကၠသိုလ္အနီးက ရပ္ကြက္ေတြမွာ ေဒသခံေတြျပန္ဝင္ၿပီး ေနထိုင္လို႔မရေသးဘူးဆိုေတာ့ သူတို႔ကဘယ္ေနရာေတြမွာ ေနၾကလဲခင္ဗ်။
ေျဖ - အဲဒီလူေတြကလည္း ၿမိဳ႕ရဲ႕ေတာင္ဘက္ျခမ္းေပါ့။ နမ့္ေဘာ္ဝမ္ဆိုတာ ေဈးႀကီးရဲ႕ေတာင္ဘက္ ၾကည္ သာယာရပ္ကြက္တို႔၊ နမ့္ေဘာ္ဝမ္(က)(ခ)တို႔ အဲဒီ ရပ္ကြက္ေတြထဲမွာ ေနၾကတယ္။ ေနာက္တစ္ခ်က္က ဒီနားက ဒကစနားက ေက်ာင္းေတြမွာေတာ့ ဝန္းထမ္း အမ်ားစုကအဲဒီမွာေနၾကတယ္။ ေနာက္ၿပီး (၅၄)တပ္ ရွိတယ္။ အဲဒီတပ္နားက လုံၿခဳံမႈရွိတဲ့ေနရာေတြမွာ ေတာ့ ေဈးဆိုင္ေတြျပန္ဖြင့္ၿပီး ေနၾကၿပီဗ်။ အမ်ားစု ကေတာ့ စားဝတ္ေနေရးအတြက္ ေရာင္းလို႔ရတာ ေလးေတြေရာင္းၾကတာေပါ့။ ဘာလို႔ဆို စိုက္ပ်ိဳးေရး ကလည္း လုပ္လို႔မရေသးတာဆိုေတာ့ အိမ္ဆိုင္ေလး ေတြျပန္ဖြင့္ၾကတယ္။ လက္ဖက္ရည္ဆိုင္ေလးေတြ ေပါ့။ အဲဒီဟာေလးေတြကို ဆိုင္ကယ္သမားေတြက လာယူၿပီး ဝန္ထမ္းေတြရွိတဲ့ေနရာသြားေရာင္း အဲဒီလို ေလးေပါ့။ ဝန္ထမ္းေတြကလည္းသူတို႔လာ ေရာင္းမွ အဆင္ေျပတာကို သြားရလာရတာလည္း သိပ္အဆင္ မေျပေသးဘူးေပါ့ေလ။ သြားလို႔ေတာ့ရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္က အရွိန္က မေသေသး ေတာ့လန႔္ေနၾကတာေပါ့။ စစ္ပြဲရဲ႕အက်ိဳးဆက္ေတြ ေပါ့။ အမွန္ကၿမိဳ႕သိမ္းကေန ၿမိဳ႕ဖ်က္ျဖစ္သြားတာေပါ့။

ေမး - ေနာက္တစ္ခုကေတာ့ လြိဳင္ေကာ္ၿမိဳ႕မွာတိုက္ ပြဲေတြျပန္ျဖစ္လာႏိုင္တယ္ထင္လားခင္ဗ်။
ေျဖ - ကြၽန္ေတာ္ၾကားရသေလာက္ကေတာ့ မျဖစ္ႏိုင္ ေတာ့ဘူးဗ်။ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာက လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက ၿမိဳ႕အျပင္ဘက္မွာ PDF ေတြလာေရာက္ခိုေအာင္းႏိုင္တဲ့ေနရာေတြထိလိုက္ၿပီး ရွင္းလင္းေနတယ္လို႔ေတာ့ ကြၽန္ေတာ္သတင္းၾကားတယ္။ တိုက္ပြဲေတြကေတာ့ ၿမိဳ႕နဲ႔ေတာ္ေတာ္ေဝးေဝးေလး မွာေတာ့ ေသနတ္သံေတြ၊ အေျမာက္သံေတြေတာ့ ၾကားေနရတယ္။ ၿမိဳ႕ထဲမွာအနည္းအက်ဥ္းေတာ့ ရွိေသးတယ္ သူတို႔ကမထြက္ေသးဘူး။ သူတို႔ကိုလည္း ဘယ္လိုေၾကာင့္လဲေတာ့မသိဘူး။ ထပ္ၿပီးရွင္းရင္ ထပ္ၿပီးအိမ္ေတြပ်က္စီးကုန္မွာစိုးလို႔လားေတာ့မသိဘူး။ အစိုးရကေတာ့ ျဖည္းျဖည္းခ်င္းကိုင္တြယ္ေနတဲ့ ပုံစံပါပဲ။ တပ္ကေတာ့ရွင္းရင္ေတာ့ရတယ္။ ဒါမွမ ဟုတ္ PDF ကအင္အားနည္းသြားရင္ သူတို႔ဟာသူတို႔ ေနာက္ျပန္ဆုတ္သြားေအာင္ အဲဒီလိုပဲလုပ္မလားေပါ့ ေနာ္။ ၿမိဳ႕ျပင္မွာဆိုရင္ေတာ့ ေသခ်ာတယ္လုပ္မွာ။ ဒီၿမိဳ႕ထဲမွာကေတာ့ ျပည္သူေတြအသက္အိုးအိမ္ေတြ ရွိေနတဲ့အတြက္ ျဖည္းျဖည္းခ်င္းေဆာက္႐ြက္ေန တယ္လို႔ေတာ့ ျမင္မိပါတယ္။ သူတို႔ကရွိေသးတယ္ တကၠသိုလ္အနားတစ္ဝိုက္မွာရွိတယ္။ မႈံျပာဘက္နဲ႔ မဂၤလာဘက္မွာေတာ့ အသံမၾကားေတာ့ဘူး။ တကၠသိုလ္နဲ႔ယဥ္ေက်းမႈျပတိုက္ေပါ့ အဲဒီနားနဲ႔ ေနာင္ ယား(က)(ခ)အဲဒီရပ္ကြက္ေတြမွာပဲရွိေတာ့တယ္။ ေနာက္ၿပီး အက်ဥ္းေထာင္နားပတ္ပတ္လည္လည္မွာ ရွိမယ္။ PDF ေတြကေထာင္ကိုရခ်င္တာမရဘူးျဖစ္ေနတာနဲ႔ အဲဒီနားမွာ ခိုေအာင္းေနတာ။ အဲဒီကေန ေနာက္ကအင္အားကိုေစာင့္ေနတာ။ တပ္ကလည္း ေနာက္ကအင္အားမဝင္ႏိုင္ေအာင္ ျဖတ္ထားတာဆို ေတာ့ အျပင္မွာလည္းတိုက္ပြဲေတြျဖစ္ေတာ့ ၿမိဳ႕ထဲက PDF ေတြကိုလာၿပီးေတာ့မကူႏိုင္ဘူး။ ဒီကလည္း ေရွ႕ဆက္မတိုးႏိုင္ေတာ့ သူတို႔ဟာ သူတို႔ျပန္ေပ်ာက္ သြားမယ္ထင္ပါတယ္။

ေမး - တိုက္ပြဲေတြၿပီးေတာ့ ေနရပ္စြန႔္ခြာျပည္သူေတြ ကေကာ လြိဳင္ေကာ္ၿမိဳ႕ကို ဘယ္အခ်ိန္ကျပန္ေရာက္ လာခဲ့တာလဲခင္ဗ်။
ေျဖ - ေဒသခံေတြျပန္ေရာက္တာက (၆)လပိုင္း (၁)ရက္ေန႔ကျပန္ေရာက္လာတယ္လို႔ ယူဆရတာ ေပါ့ေနာ္။ အခုအခ်ိန္ထိ တျဖည္းျဖည္းနဲ႔ တဖြဲဖြဲျပန္ၿပီး ဝင္ေရာက္ေနထိုင္ေနၾကတာ။ ပထမတုန္းကၾကားတာ ေတြရွိတယ္။ PDF ေတြကလမ္းကေနပိတ္တယ္တဲ့။ တိုက္ပြဲကာလျဖစ္ေနလို႔ ျပန္ဝင္ခြင့္မျပဳဘူး။ ဒါေပမဲ့ စစ္ေဘးေရွာင္ရတာက အျပင္မွာ ၄၊ ၅၊ ၆ လ ေလာက္ ၾကာလာတဲ့အခါမွာေတာ့ အိမ္ငွားေနရတာတို႔၊ လုပ္ ငန္းေတြအဆင္မေျပတာတို႔ျဖစ္ေနေတာ့ ေတာ္ေတာ္ မ်ားမ်ားကျပန္လာခ်င္ေနၿပီ။ ေနာက္ေတာ့ ေတာင္ႀကီး ဘက္ကေနလမ္းပြင့္သြားတဲ့အခါမွာ အဲဒီလမ္းကေနအရပ္သားကားေတြျပန္ဝင္လာတယ္။ တခ်ိဳ႕ကလည္း ေသလည္းေသပါေစ ကိုယ့္ေနရာပဲ ကိုယ္ျပန္ေနခ်င္ တယ္ဆိုၿပီး ျပန္လာတာေတြ။ အဲဒီလို ျပန္လာရင္းနဲ႔ အခုေတာ့မနက္ပိုင္းေတြမွာဆို ေဈးထဲမွာ စည္စည္ကားကားေတာ့ျပန္ျဖစ္ေနပါၿပီ။

ေမး - လြိဳင္ေကာ္ၿမိဳ႕တိုက္ပြဲမွာ PDFဘက္က ဘယ္ ေလာက္ထိက်ဆုံးခဲ့လဲခင္ဗ်။
ေျဖ - အဲဒါနဲ႔ပတ္သက္ၿပီးေျပာရရင္ေတာ့ သူတို႔က အင္အားမ်ားတယ္။ အဲဒီထဲကမွာ လြိဳင္ေကာ္ၿမိဳ႕က ကယန္းလူမ်ိဳးေတာ္ေတာ္မ်ားမ်ားက PDF ဘက္မွာပါသြားတယ္။ ၿမိဳ႕ထဲမွာတိုက္ပြဲလုပ္လို႔ အားေပး ေထာက္ခံတာေတြလည္းပါတယ္။ ေထာက္ပို႔ေတြ ဘာေတြလည္း အစုံေပါ့ဗ်ာ။ သူတို႔ရဲ႕အားေပးအား ေျမႇာက္မႈေၾကာင့္ ဒီလိုလည္းျဖစ္သြားတာ။ အဲဒီမွာ သူတို႔ဘက္ကတိုက္ပြဲျဖစ္ရင္ လူ(၃ဝဝဝ)ေလာက္ ပါရင္ လက္နက္ကိုင္တာက (၁၀ဝဝ)ပဲ။ ေနာက္က (၂၀ဝဝ)ေလာက္က ေထာက္ပို႔ပါတယ္။ ေဆးတပ္ သားတို႔ သယ္ယူပို႔ေဆာင္ေရးတို႔ေပါ့။ သူတို႔လူက်သြားရင္ ေသနတ္သြားယူတယ္၊ အေလာင္းျပန္ေကာက္တယ္။ က်တာေတာ့က်တယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ သြားစစ္လိုက္တဲ့အခါမွာက်ေတာ့ အေလာင္းေတာင္ မသယ္ဘူး။ ေလယာဥ္နဲ႔ပစ္ေနတာႀကီးကို သူတို႔ ဘက္က မထိခိုက္စရာအေၾကာင္းမရွိဘူးေလ။ တခ်ိဳ႕ ဆို အိမ္ႀကီးမီးေလာင္ေနလို႔ၾကည့္လိုက္ရင္ အိမ္ထဲမွာ မီးေလာင္ေနတဲ့အေလာင္းေတြ မီးမေလာင္ေသးတဲ့ အေလာင္းေတြနဲ႔ ေသတဲ့အထဲမွာ မိန္းကေလးေတြ ေတာင္ပါတယ္။ သူတို႔က အေလာင္းေတြကို အိမ္ထဲ ထည့္ၿပီး မီးရႈိ႕သြားတာ။ ေျပာခ်င္တာကေတာ့ အက် အဆုံးေတာ့ရွိတယ္။ အေရအတြက္ကိုေတာ့ အတိ အက်ေျပာဖို႔က ခက္ပါတယ္။

ေမး - ေနာက္တစ္ခုကေတာ့ လြိဳင္ေကာ္ၿမိဳ႕ နယ္ထဲ မွာေကာ PDF ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြရွိေသး လားခင္ဗ်။
ေျဖ - ကြၽန္ေတာ္သတင္းၾကားရသေလာက္ကေတာ့ ႐ြာေတြေတာ္ေတာ္မ်ားမ်ားလည္း ေျပးလႊားေနရတာ။ လြိဳင္ေကာ္နဲ႔ ေတာင္ႀကီးသြားလမ္းမွာရွိတဲ့ ကယန္း႐ြာ ေတြကလည္း ေတာ္ေတာ္မ်ားမ်ားပ်က္သြားၿပီ။ အဲဒီေတာ့ ထိေတြ႕မႈရွိတဲ့႐ြာေတြနဲ႔ အဲဒီ႐ြာေတြကလည္း သူတို႔လူေတြခ်ည္းပဲဆိုေတာ့ ပုန္းခိုၿပီးစစ္တပ္ကိုပစ္တဲ့အခါမွာ ျပန္ပစ္တာေပါ့။ စစ္တပ္ကေတာ့ စၿပီးပစ္တာမရွိဘူး။ သူတို႔ကလာပစ္လို႔ျပန္ပစ္တဲ့အခါမွာ အဲဒီ ႐ြာေတြကေတာ့ ပ်က္ကုန္တာ။ အခုေတာ့ အဲဒီလိုနဲ႔ ႐ြာဘက္ကလူေတြလည္း ေျပးလႊားေနရေတာ့ သူတို႔ လည္း စစ္ကိုေတာ္ေတာ္ေလး ႐ြံမုန္းလာတဲ့သေဘာ ေတာ့ရွိၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူတို႔ထင္ထား တာက လြိဳင္ေကာ္ၿမိဳ႕ကိုသိမ္းလိုက္ၿပီး ၿမိဳ႕ကိုအစိုးရ အဖြဲ႕ လက္ရွိအုပ္ခ်ဳပ္သလိုမ်ိဳး သူတို႔ကလည္း အုပ္ခ်ဳပ္မယ္ဆိုၿပီးထင္ေနလိုက္တာ။ လြယ္လြယ္နဲ႔မရ တဲ့အခါမွာ အကုန္လုံးက ဒုကၡေရာက္ကုန္တာပါ။ ႐ြာ ေတြေတာ္ေတာ္မ်ားမ်ားလည္း သူတို႔က ထိန္းခ်ဳပ္ တယ္သာေျပာတာ။ ေတာ္ေတာ္မ်ားမ်ား ပ်က္စီးသြားတယ္။ ခ်ယ္ရီကုန္းဘက္မွာေတာ့ စည္ကားေနတယ္ လို႔ေတာ့ၾကားပါတယ္။

ေမး - ေနာက္ဆုံးအေနနဲ႔ လြိဳင္ေကာ္ၿမိဳ႕ျပန္လည္ ထူေထာင္ေရးနဲ႔ပတ္သက္ၿပီး အစ္ကို႔အျမင္နဲ႔ သုံး သပ္ခ်က္ေလးလည္း ေျပာေပးပါဦးခင္ဗ်။
ေျဖ - အခုေတာ့ လြိဳင္ေကာ္ၿမိဳ႕က ေအးခ်မ္းစျပဳလာ ပါၿပီ။ (၉၀)ရာခိုင္ႏႈန္းေလာက္က အဆင္ေျပေနၿပီး ေတာ့ (၁၀)ရာခိုင္ႏႈန္းေလာက္ပဲ က်န္မွာပါ။ အခုက မိုးတြင္းကာလလည္းျဖစ္ေနတဲ့အတြက္ ျပန္လည္ တည္ေဆာက္ေရးေတြမွာ အခက္အခဲရွိတယ္။ ရွင္းလင္းေရးအရင္လုပ္ရဦးမယ္။ အဲဒါလုပ္ၿပီးေတာ့မွ တည္ေဆာက္ျပဳျပင္ေရးေတြလုပ္ရမယ္။ လက္ရွိ အစိုးရအဖြဲ႕မွာလည္း ဝန္ထမ္းအဖြဲ႕ေတြျပန္ေရာက္ၿပီး ေတာ့မွ ကိုယ့္ဌာနအသီးသီးရဲ႕ အခက္အခဲအျဖစ္ အပ်က္ေတြကို ဘယ္လိုျပန္လုပ္မယ္ဆိုတာေတြ အစည္းအေဝးလုပ္မယ္လို႔လည္း ၾကားရပါတယ္။ အဲဒီေတာ့ ပြင့္လင္းရာသီေရာက္မွပဲ တည္ေဆာက္ေရး ေတြျပန္လုပ္ေဆာင္မယ္ထင္ပါတယ္။ ၿပီးေတာ့ ဒီ ေဒသကလည္း ေတာင္တန္းေဒသျဖစ္ေတာ့ မိုးကမ်ား တယ္။ မိုးတြင္းမွာ တည္ေဆာက္ျပဳျပင္ေရးက အခက္အခဲရွိတယ္။ အခုကတည္းက ဘိလပ္ေျမ၊ သြပ္၊ သံ ေတြျပန္စုေနတာေတာ့ ေတြ႕ရတယ္။ အခုေတာ့ အားယူေနဆဲကာလပါပဲ။ မိုင္းရွင္းလင္းၿပီးရင္ေတာ့ အကုန္လုံး ေအးခ်မ္းသြားလိမ့္မယ္လို႔ေတာ့ ထင္ပါ တယ္။

အခုလို ျပည့္ျပည့္စုံစုံေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.