တောင်တရုတ်ပင်လယ်၌ တရုတ်တို့ တစ်ဖက်သတ်ကြေညာသည့် ရေပြင်ဧရိယာ နှစ်ဆ တိုးလာ

 2110

Htay Oung (NP News) - ဇူလိုင် ၈

အခြားနိုင်ငံတွေက သူတို့ရဲ့သီးသန့် စီးပွားရေး ဇုန် (EEZ) ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ရေပြင်အတွင်းကို ပေကျင်းရဲ့သင်္ဘောတွေ ကင်းလှည့်ခြင်းဟာ ပုံမှန်လိုလိုဖြစ်လာပါတယ်။ ဒါတင်မက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်သင်္ဘောကြီးကိုပါ ထည့်သွင်းအသုံး ပြုလာခြင်းက လေ့လာသူများအတွက် စိတ်ဝင်စား စရာပဲဖြစ်တယ်လို့ မနီလာအခြေစိုက် " အင်ကွိုင် ရာနက် " ဒီဂျစ်တယ် မီဒီယာက ဇူလိုင်လ ၃ ရက်က ရေးသားပါတယ်။

" ကြောက်စရာ ဧရာမသတ္တဝါကြီး "လို့ အများ ခေါ်ဝေါ်နေကြတဲ့ တရုတ်ကမ်းခြေ စောင့်တပ်ရဲ့အဲဒီသင်္ဘောကြီးဟာ သူတို့ပိုင်ရေပြင်ဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာထားတဲ့ " မျဉ်းတို ၁၀ ခု " ဧရိယာအတွင်း လှည့်လည်သွားလာနေခြင်းဖြစ်ပြီး ပေကျင်းက ထပ်မံပြင်ဆင်သတ်မှတ်လိုက်တဲ့ အဲဒီရေပြင်ဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၇ ထရီလျံ တန်ဖိုးရှိ နိုငံတကာ ကုန်သွယ်ရေကြောင်း သင်္ဘောများဖြတ်သန်းရာ တောင်တရုတ်ပင်လယ် တစ်ခွင်လုံးနီးပါး ကျယ်ပြန့်ပါတယ်။ ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံခန့်ရှိနေပြီး ပင်လယ်ကြမ်းပြင်မှ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့အပြင် အဖိုးတန်သတ္တုတွေလည်း တူးဖော်နိုင်မယ့် အလားအလာကောင်းတွေ ပြည့်နှက်နေပါတယ်။

ယခင် သူတို့ရဲ့ " မျဉ်းတို ၉ လိုင်း "အစား ၂ဝ၂၃ ခုနှစ် တရုတ်နိုင်ငံရဲ့ "မျဉ်းတို ၁၀ လိုင်း " ပြင်ဆင်ချက်မှာ ထိုင်ဝမ်ကျွန်းရဲ့အရှေ့ဘက် ပင်လယ်ရေပြင်ကိုပါ သူတို့ပိုင်ဆိုင်ကြောင်း ထည့်သွင်းထားပါတယ်။ မျဉ်းတို ၉ လိုင်းတုန်းက ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အထူး သီးသန့်စီးပွားရေးဇုန်ရေပြင်များပါဝင်နေတဲ့အတွက် နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ကြောင်း ၂ဝ၁၆ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က အမိန့်ချမှတ် ခဲ့ပြီးပါပြီ။ ခုတော့ ထိုင်ဝမ်ကျွန်းတစ်ခုလုံးနဲ့ အရှေ့ ဘက်ဝန်းကျင်ရေပြင်ပါ ပါလာတဲ့အတွက် တရုတ်ရဲ့ သူတို့ပိုင်ဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာချက်ပါ ဧရိယာဟာ နှစ်ဆတိုးလာပြီး ICJ ဆုံးဖြတ်ချက်ကို ပယ်ချရာ ရောက်ရှိပါတယ်။

တရုတ်ဟာ အမေရိကန်နည်းတူ “ရောမ သဘောတူညီချက်”ကို လက်မှတ်ရေထိုးခြင်းမပြုတဲ့ နိုင်ငံဖြစ်ပြီး ICJ ရဲ့ စီရင်ဆုံးဖြတ်မှုကိုလည်း အသိအမှတ်မပြုပါဘူး။ အလားတူ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီရန်၊ တူရကီအပါအဝင် နိုင်ငံအတော်များများကလည်း အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ ဝင်နိုင်ငံကြီးအနေနဲ့ ICJ မှာ တရုတ်တရားသူကြီး တစ်ဦး ပါဝင်နေပါတယ်။

မျဉ်းကြောင်းတို ၉ လိုင်းဆိုတာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းမှအစပြုပြီး ဟိုင်နန်ကျွန်းတောင်ပိုင်းအထိ “ ပစောက်” ပုံသဏ္ဌာန် တောင်တရုတ်ပင်လယ်အတွင်း ရေပြင်ဖြစ်ပါတယ်။ ပါရာဆဲလ်ကျွန်းများ၊ စပရက် လီကျွန်းများ၊ ပါရာတပ်စ်ကျွန်းအပြင် ဗီရီကာ၊ မက်ဆီ လက်စ်၊ စကားဘရောက် စည်းတိမ်ရေပြင်များလည်း ပါဝင်ပါတယ်။ အဲဒီ ရေပြင်ဟာ သူတို့အပိုင်ဖြစ်ကြောင်း ပေကျင်းရဲ့ သိမ်းကျုံးကြေညာချက်ဟာ သူတို့ရဲ့အ ထူးသီးသန့်စီးပွားဇုန် နယ်မြေတွေလည်း ပါဝင်နေတဲ့ အတွက် သမ္မတ ဘန်နစ်နိုအကွီနိုလက်ထက် ဖိလစ် ပိုင်နိုင်ငံကို စိန်ခေါ်သလို ရှိခဲ့ပါတယ်။ တစ်နှစ် အကြာ ၂၀၁၃ ခုနှစ် ပါနမ်တပ်ခေါ် စကားဘရော့ စည်းတိမ် ရေပြင်အရေးမှာ နှစ်နိုင်ငံ ပြင်းထန်စွာ ထိပ်တိုက်တွေ့ ခဲ့ကြပါတယ်။ ခုတော့ အဲဒီရေပြင်ကို တရုတ်က ရာ ခိုင်နှုန်းပြည့် ထိန်းချုပ်လိုက်ပါပြီ။

ရလဒ်အနေနဲ့ကတော့ တရုတ်ရဲ့စကားချိုချို လေးနဲ့ “နယ်မြေချဲ့ထွင်ရေး လောဘ”လို့ လေ့လာ သူများ ပြောဆိုနေကြတာဟာ တကယ်ကြီးပါလားလို့ မနီလာကိုယ်တိုင် နားလည်သွားပြီး ဖိလစ်ပိုင် နိုင်ငံ အထူးသီးသန့်စီးပွားရေးဇုန်အနောက်ပိုင်း ရေပြင်များကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားရင်း နှစ်နိုင်ငံထိပ်တိုက်တွေ့များ ပြင်းထန်စွာ ဖြစ်ပေါ်နေပါ တယ်။
အရွယ်အစား အလွန်ကြီးမားတဲ့အတွက် “သင်္ဘောဘီလူး” လို့ ခေါ်ဆိုနေကြတဲ့ အဲဒီ တရုတ် ကမ်းခြေစောင့်ရေယာဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အ နောက်ဖိလစ်ပိုင်ပင်လယ်ရှိ ဖိလစ်ပိုင်ရေပိုင်နက် နယ်မြေအများအပြားအတွင်း ဖြတ်သွားခဲ့ကြောင်း တချို့နေရာတွေမှာ ကမ်းရိုးတန်းမှ(၁၂)မိုင်အကွာ “ပိုင်နက်ရေပြင်” အတွင်းထိ ကျူးကျော်ဝင်ရောက် ခဲ့တယ်လို့ မနီလာရေတပ်က ပြောပါတယ်။

တရုတ်သင်္ဘောဟာ နိုင်ငံတကာ ကမ်းခြေစောင့် တပ်တွေမှာ အရွယ်အစားအကြီးဆုံးဖြစ်ပြီး ဧရိယာနံပါတ် “၃၉၀၁”ဖြစ်ကြောင်း၊ တန်ချိန် ၁၂၀ဝ၀ ခန့်ရှိပြီး အ ရှည် (၁၆၅) မီတာ၊ ဗြက် (၂၂) မီတာရှိတဲ့အတွက် သာမန်ဘောလုံးကွင်းတစ်ခုထက် (၆၅) မီတာ ပို ရှည်နေပါတယ်။ ဖိလစ်ပိုင်ကျွန်းစုတွေရဲ့ရေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မလေးရှားနဲ့ ဘရူ နိုင်းတို့ရဲ့ အထူးသီးသန့်စီးပွားရေးဇုန်တွေအတွင်း ကို လည်း ကျူးကျော်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို မပြန်မီ တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းတွေနဲ့ ကျွန်းတွေအသီးသီးအနီးမှာ ကျောက်ချရပ်နားခဲ့ပါ တယ်။ သင်္ဘောခုတ်မောင်းရာ လမ်းကြောင်းဟာ ဖိ လစ်ပိုင်နိုင်ငံကို အထူးပစ်မှတ်ထားပုံရပြီး ဒေသတွင်းတင်းမာမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ကျွမ်း ကျင်သူတွေက မှတ်ချက်ပြုခဲ့ပါတယ်။

စက္ကင်းသောမတ်စ်ရှို စည်းတိမ်ရေပြင်ဟာ ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ကျွန်း အနောက်ဘက် မိုင် ၁၂၀ ခန့်အကွာမှာတည်ရှိပြီး တရုတ်နိုင်ငံရဲ့ အနီးဆုံး မြေသားထုကြီးဖြစ်တဲ့ ဟိုင်နမ်ကျွန်းမှ မိုင် ၆၂၀ ကျော် ဝေးပါတယ်။ စကားဘရောက် စည်းတိမ်ရေပြင်မှာ တမင်သောင်ထိုးတင်ထားတဲ့ ဒုတိယကမ္ဘာစစ်ကျန် “ဘီအာပီ ဆီယာရာ မာဒရီ” စစ်သင်္ဘောဟောင်းကြီး ပေါ်မှာ ဖိလစ်ပိုင်ရေတပ်ရဲ့ ရှေ့တန်းကင်းစခန်းတစ်ခု တပ်စွဲထားပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက တရုတ် ကမ်းခြေစောင့်သင်္ဘောဟာ ဖိလစ်ပိုင် ငါးဖမ်းဘုတ် တွေကို ရေအမြောက်နဲ့ထိုးပက်မောင်းထုတ်ခဲ့ပြီး ဖိလစ်ပိုင်ကလည်း တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အဲဒီရေပြင်မှာ တရုတ်ငါးဖမ်း သင်္ဘော ၂၈၇ စင်း ဝင်ရောက်ခဲ့ပြီး ငါးတန်ချိန် ၂၆၀ ကျော် ခိုးယူဖမ်းဆီးခဲ့တယ်လို့ ဖိလစ်ပိုင်က သံသယရှိပါတယ်။ ဒီအတွက် ပေကျင်းရှိ ဖိလစ်ပိုင်သံရုံးနဲ့ မနီလာရှိ တရုတ်သံရုံးတို့ ရှေ့မှာနှစ် ဖက်နိုင်ငံသား အသီးသီးတို့က ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ခုနောက်ပိုင်း တရုတ်ကမ်းခြေစောင့် သင်္ဘောဟာ ဘီအာပီဆီယာရာ မာဒရီသင်္ဘော ဟောင်းကြီးအတွက် ရိက္ခာပစ္စည်း ထောက်ပံ့ခြင်းတွေ ကို ဟန့်တားလာပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေ သန္တာကျွန်းတန်းတွေ၊ စည်းတမ်ရေပြင်တွေ ပိုင်ဆိုင် မှုနဲ့ပတ်သက်ပြီး ပေကျင်းနဲ့ အငြင်းပွားလျက်ရှိရာ ထိုင်ဝမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့ပါဝင်ပါတယ်။ တရုတ်ကမ်းခြေစောင့် သင်္ဘောတွေရဲ့ခုတ်မောင်းသွားရာ လမ်းကြောင်းဟာ သူတို့ကြေညာထားတဲ့ မျဉ်းတိုလိုင်းတွေတစ်လျှောက် ဖြစ်ကြောင်း၊ တောင်ဘက်မှာ မလေးရှားနဲ့ အရှေ့ ဘက်မှာ ဖိလစ်ပိုင်တို့ပိုင် ရေပြင်တွေရှိပေမယ့် ဖိလစ် ပိုင်ကို ပိုမိုအာရုံစိုက်ပုံရတယ်လို့ အမေရိကန် စတင်း ဖို့ဒ်တက္ကသိုလ် ဂေါ်ဒီယန်စင်တာ အမျိုးသားလုံခြုံ ရေးဆန်းသစ်ပြောင်းလဲမှု ဗော်လံတီယာအဖွဲ့ ဒါရိုက် တာဖြစ်သူ ပိုဝဲလ်က သုံးသပ်ပါတယ်။

မကြာသေးမီရက်တွေအတွင်း တရုတ်ကမ်း ခြေစောင့်တပ်သင်္ဘောကြီးတစ်စင်းဟာ အနောက် ဖိလစ်ပိုင်ပင်လယ်အတွင်း ကင်းလှည့်နေပြီး ကျွန်း တွေနဲ့ စည်းတိမ်ရေပြင်တွေတစ်လျှောက် ခုတ် မောင်းသွားလာနေကြောင်း သူတို့ရဲ့ ရေကြောင်းပိုင်နက်ပိုင်ဆိုင်မှုကို တခြားနိုင်ငံတွေလည်း သိရှိလိုက် နာလာစေဖို့ အင်အားပြသခြင်းဖြစ်ကြောင်း၊ ဒေသ တွင်း သူတို့ရဲ့ချဲ့ထွင်ထားတဲ့ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မာစေရန် နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် ပြင်ဆင်နေတယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါ တယ်။ တရုတ်ဟာ စစ်ရေးအရ ပါဝါရှိပေမယ့် တောင် တရုတ်ပင်လယ်ရဲ့မြင့်မားတဲ့လေတိုက်နှုန်း၊ လှိုင်း ထန်တဲ့ရေပြင်သဘာဝတွေနဲ့ အန္တရာယ်ရှိတဲ့ မုန် တိုင်းတွေရဲ့ စိန်ခေါ်မှုအခြေအနေတွေအတွက် ပြင် ဆင်နေချိန်မှာ သမားရိုးကျစစ်အခြေခံမူတွေကို လိုက် နာ နေရဆဲဖြစ်ပါတယ်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္၌ တ႐ုတ္တို႔ တစ္ဖက္သတ္ေၾကညာသည့္ ေရျပင္ဧရိယာ ႏွစ္ဆ တိုးလာ
Htay Oung (NP News) - ဇူလိုင္ ၈

အျခားႏိုင္ငံေတြက သူတို႔ရဲ႕သီးသန႔္ စီးပြားေရး ဇုန္ (EEZ) ျဖစ္တယ္လို႔ ေျပာဆိုထားတဲ့ ေရျပင္အတြင္းကို ေပက်င္းရဲ႕သေဘၤာေတြ ကင္းလွည့္ျခင္းဟာ ပုံမွန္လိုလိုျဖစ္လာပါတယ္။ ဒါတင္မက တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ ကမာၻ႔အႀကီးဆုံး ကမ္းေျခေစာင့္သေဘၤာႀကီးကိုပါ ထည့္သြင္းအသုံး ျပဳလာျခင္းက ေလ့လာသူမ်ားအတြက္ စိတ္ဝင္စား စရာပဲျဖစ္တယ္လို႔ မနီလာအေျခစိုက္ " အင္ကြိဳင္ ရာနက္ " ဒီဂ်စ္တယ္ မီဒီယာက ဇူလိုင္လ ၃ ရက္က ေရးသားပါတယ္။

" ေၾကာက္စရာ ဧရာမသတၱဝါႀကီး "လို႔ အမ်ား ေခၚေဝၚေနၾကတဲ့ တ႐ုတ္ကမ္းေျခ ေစာင့္တပ္ရဲ႕အဲဒီသေဘၤာႀကီးဟာ သူတို႔ပိုင္ေရျပင္ျဖစ္ေၾကာင္း တစ္ဖက္သတ္ေၾကညာထားတဲ့ " မ်ဥ္းတို ၁၀ ခု " ဧရိယာအတြင္း လွည့္လည္သြားလာေနျခင္းျဖစ္ၿပီး ေပက်င္းက ထပ္မံျပင္ဆင္သတ္မွတ္လိုက္တဲ့ အဲဒီေရျပင္ဟာ ႏွစ္စဥ္ အေမရိကန္ ေဒၚလာ ၃ ဒသမ ၃၇ ထရီလ်ံ တန္ဖိုးရွိ ႏိုငံတကာ ကုန္သြယ္ေရေၾကာင္း သေဘၤာမ်ားျဖတ္သန္းရာ ေတာင္တ႐ုတ္ပင္လယ္ တစ္ခြင္လုံးနီးပါး က်ယ္ျပန႔္ပါတယ္။ ကမာၻ႔ေရေၾကာင္း ကုန္သြယ္မႈ စုစုေပါင္းရဲ႕ သုံးပုံတစ္ပုံခန႔္ရွိေနၿပီး ပင္လယ္ၾကမ္းျပင္မွ ေရနံစိမ္းနဲ႔ သဘာဝဓာတ္ေငြ႕အျပင္ အဖိုးတန္သတၱဳေတြလည္း တူးေဖာ္ႏိုင္မယ့္ အလားအလာေကာင္းေတြ ျပည့္ႏွက္ေနပါတယ္။

ယခင္ သူတို႔ရဲ႕ " မ်ဥ္းတို ၉ လိုင္း "အစား ၂ဝ၂၃ ခုႏွစ္ တ႐ုတ္ႏိုင္ငံရဲ႕ "မ်ဥ္းတို ၁၀ လိုင္း " ျပင္ဆင္ခ်က္မွာ ထိုင္ဝမ္ကြၽန္းရဲ႕အေရွ႕ဘက္ ပင္လယ္ေရျပင္ကိုပါ သူတို႔ပိုင္ဆိုင္ေၾကာင္း ထည့္သြင္းထားပါတယ္။ မ်ဥ္းတို ၉ လိုင္းတုန္းက ဘ႐ူႏိုင္း၊ မေလးရွား၊ ထိုင္ဝမ္ နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕ အထူး သီးသန႔္စီးပြားေရးဇုန္ေရျပင္မ်ားပါဝင္ေနတဲ့အတြက္ ႏိုင္ငံတကာဥပေဒနဲ႔ မညီၫြတ္ေၾကာင္း ၂ဝ၁၆ ခုႏွစ္ မွာ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ က အမိန႔္ခ်မွတ္ ခဲ့ၿပီးပါၿပီ။ ခုေတာ့ ထိုင္ဝမ္ကြၽန္းတစ္ခုလုံးနဲ႔ အေရွ႕ ဘက္ဝန္းက်င္ေရျပင္ပါ ပါလာတဲ့အတြက္ တ႐ုတ္ရဲ႕ သူတို႔ပိုင္ျဖစ္ေၾကာင္း တစ္ဖက္သတ္ေၾကညာခ်က္ပါ ဧရိယာဟာ ႏွစ္ဆတိုးလာၿပီး ICJ ဆုံးျဖတ္ခ်က္ကို ပယ္ခ်ရာ ေရာက္ရွိပါတယ္။

တ႐ုတ္ဟာ အေမရိကန္နည္းတူ “ေရာမ သေဘာတူညီခ်က္”ကို လက္မွတ္ေရထိုးျခင္းမျပဳတဲ့ ႏိုင္ငံျဖစ္ၿပီး ICJ ရဲ႕ စီရင္ဆုံးျဖတ္မႈကိုလည္း အသိအမွတ္မျပဳပါဘူး။ အလားတူ ႐ုရွား၊ အိႏၵိယ၊ ပါကစၥတန္၊ အင္ဒိုနီးရွား၊ အီရန္၊ တူရကီအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားကလည္း အသိအမွတ္မျပဳပါဘူး။ ဒါေပမဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အၿမဲတန္းအဖြဲ႕ ဝင္ႏိုင္ငံႀကီးအေနနဲ႔ ICJ မွာ တ႐ုတ္တရားသူႀကီး တစ္ဦး ပါဝင္ေနပါတယ္။

မ်ဥ္းေၾကာင္းတို ၉ လိုင္းဆိုတာ ထိုင္ဝမ္ကြၽန္း ေတာင္ပိုင္းမွအစျပဳၿပီး ဟိုင္နန္ကြၽန္းေတာင္ပိုင္းအထိ “ ပေစာက္” ပုံသဏၭာန္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရျပင္ျဖစ္ပါတယ္။ ပါရာဆဲလ္ကြၽန္းမ်ား၊ စပရက္ လီကြၽန္းမ်ား၊ ပါရာတပ္စ္ကြၽန္းအျပင္ ဗီရီကာ၊ မက္ဆီ လက္စ္၊ စကားဘေရာက္ စည္းတိမ္ေရျပင္မ်ားလည္း ပါဝင္ပါတယ္။ အဲဒီ ေရျပင္ဟာ သူတို႔အပိုင္ျဖစ္ေၾကာင္း ေပက်င္းရဲ႕ သိမ္းက်ဳံးေၾကညာခ်က္ဟာ သူတို႔ရဲ႕အ ထူးသီးသန႔္စီးပြားဇုန္ နယ္ေျမေတြလည္း ပါဝင္ေနတဲ့ အတြက္ သမၼတ ဘန္နစ္ႏိုအကြီႏိုလက္ထက္ ဖိလစ္ ပိုင္ႏိုင္ငံကို စိန္ေခၚသလို ရွိခဲ့ပါတယ္။ တစ္ႏွစ္ အၾကာ ၂၀၁၃ ခုႏွစ္ ပါနမ္တပ္ေခၚ စကားဘေရာ့ စည္းတိမ္ ေရျပင္အေရးမွာ ႏွစ္ႏိုင္ငံ ျပင္းထန္စြာ ထိပ္တိုက္ေတြ႕ ခဲ့ၾကပါတယ္။ ခုေတာ့ အဲဒီေရျပင္ကို တ႐ုတ္က ရာ ခိုင္ႏႈန္းျပည့္ ထိန္းခ်ဳပ္လိုက္ပါၿပီ။

ရလဒ္အေနနဲ႔ကေတာ့ တ႐ုတ္ရဲ႕စကားခ်ိဳခ်ိဳ ေလးနဲ႔ “နယ္ေျမခ်ဲ႕ထြင္ေရး ေလာဘ”လို႔ ေလ့လာ သူမ်ား ေျပာဆိုေနၾကတာဟာ တကယ္ႀကီးပါလားလို႔ မနီလာကိုယ္တိုင္ နားလည္သြားၿပီး ဖိလစ္ပိုင္ ႏိုင္ငံ အထူးသီးသန႔္စီးပြားေရးဇုန္အေနာက္ပိုင္း ေရျပင္မ်ားကို ျပန္လည္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားရင္း ႏွစ္ႏိုင္ငံထိပ္တိုက္ေတြ႕မ်ား ျပင္းထန္စြာ ျဖစ္ေပၚေနပါ တယ္။
အ႐ြယ္အစား အလြန္ႀကီးမားတဲ့အတြက္ “သေဘၤာဘီလူး” လို႔ ေခၚဆိုေနၾကတဲ့ အဲဒီ တ႐ုတ္ ကမ္းေျခေစာင့္ေရယာဥ္ဟာ ၿပီးခဲ့တဲ့ ဇြန္လမွာ အ ေနာက္ဖိလစ္ပိုင္ပင္လယ္ရွိ ဖိလစ္ပိုင္ေရပိုင္နက္ နယ္ေျမအမ်ားအျပားအတြင္း ျဖတ္သြားခဲ့ေၾကာင္း တခ်ိဳ႕ေနရာေတြမွာ ကမ္း႐ိုးတန္းမွ(၁၂)မိုင္အကြာ “ပိုင္နက္ေရျပင္” အတြင္းထိ က်ဴးေက်ာ္ဝင္ေရာက္ ခဲ့တယ္လို႔ မနီလာေရတပ္က ေျပာပါတယ္။

တ႐ုတ္သေဘၤာဟာ ႏိုင္ငံတကာ ကမ္းေျခေစာင့္ တပ္ေတြမွာ အ႐ြယ္အစားအႀကီးဆုံးျဖစ္ၿပီး ဧရိယာနံပါတ္ “၃၉၀၁”ျဖစ္ေၾကာင္း၊ တန္ခ်ိန္ ၁၂၀ဝ၀ ခန႔္ရွိၿပီး အ ရွည္ (၁၆၅) မီတာ၊ ျဗက္ (၂၂) မီတာရွိတဲ့အတြက္ သာမန္ေဘာလုံးကြင္းတစ္ခုထက္ (၆၅) မီတာ ပို ရွည္ေနပါတယ္။ ဖိလစ္ပိုင္ကြၽန္းစုေတြရဲ႕ေရပိုင္နက္အတြင္း ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး မေလးရွားနဲ႔ ဘ႐ူ ႏိုင္းတို႔ရဲ႕ အထူးသီးသန႔္စီးပြားေရးဇုန္ေတြအတြင္း ကို လည္း က်ဴးေက်ာ္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံကို မျပန္မီ ေတာင္တ႐ုတ္ပင္လယ္ သႏၲာေက်ာက္တန္းေတြနဲ႔ ကြၽန္းေတြအသီးသီးအနီးမွာ ေက်ာက္ခ်ရပ္နားခဲ့ပါ တယ္။ သေဘၤာခုတ္ေမာင္းရာ လမ္းေၾကာင္းဟာ ဖိ လစ္ပိုင္ႏိုင္ငံကို အထူးပစ္မွတ္ထားပုံရၿပီး ေဒသတြင္းတင္းမာမႈေတြကို ျဖစ္ေပၚေစတယ္လို႔ ကြၽမ္း က်င္သူေတြက မွတ္ခ်က္ျပဳခဲ့ပါတယ္။

စကၠင္းေသာမတ္စ္ရႈိ စည္းတိမ္ေရျပင္ဟာ ဖိလစ္ပိုင္ႏိုင္ငံ ပါလာဝမ္ကြၽန္း အေနာက္ဘက္ မိုင္ ၁၂၀ ခန႔္အကြာမွာတည္ရွိၿပီး တ႐ုတ္ႏိုင္ငံရဲ႕ အနီးဆုံး ေျမသားထုႀကီးျဖစ္တဲ့ ဟိုင္နမ္ကြၽန္းမွ မိုင္ ၆၂၀ ေက်ာ္ ေဝးပါတယ္။ စကားဘေရာက္ စည္းတိမ္ေရျပင္မွာ တမင္ေသာင္ထိုးတင္ထားတဲ့ ဒုတိယကမာၻစစ္က်န္ “ဘီအာပီ ဆီယာရာ မာဒရီ” စစ္သေဘၤာေဟာင္းႀကီး ေပၚမွာ ဖိလစ္ပိုင္ေရတပ္ရဲ႕ ေရွ႕တန္းကင္းစခန္းတစ္ခု တပ္စြဲထားပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက တ႐ုတ္ ကမ္းေျခေစာင့္သေဘၤာဟာ ဖိလစ္ပိုင္ ငါးဖမ္းဘုတ္ ေတြကို ေရအေျမာက္နဲ႔ထိုးပက္ေမာင္းထုတ္ခဲ့ၿပီး ဖိလစ္ပိုင္ကလည္း တ႐ုတ္ငါးဖမ္းသမားေတြကို ဖမ္းဆီးခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္ အဲဒီေရျပင္မွာ တ႐ုတ္ငါးဖမ္း သေဘၤာ ၂၈၇ စင္း ဝင္ေရာက္ခဲ့ၿပီး ငါးတန္ခ်ိန္ ၂၆၀ ေက်ာ္ ခိုးယူဖမ္းဆီးခဲ့တယ္လို႔ ဖိလစ္ပိုင္က သံသယရွိပါတယ္။ ဒီအတြက္ ေပက်င္းရွိ ဖိလစ္ပိုင္သံ႐ုံးနဲ႔ မနီလာရွိ တ႐ုတ္သံ႐ုံးတို႔ ေရွ႕မွာႏွစ္ ဖက္ႏိုင္ငံသား အသီးသီးတို႔က ကန႔္ကြက္ဆႏၵျပမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ ခုေနာက္ပိုင္း တ႐ုတ္ကမ္းေျခေစာင့္ သေဘၤာဟာ ဘီအာပီဆီယာရာ မာဒရီသေဘၤာ ေဟာင္းႀကီးအတြက္ ရိကၡာပစၥည္း ေထာက္ပံ့ျခင္းေတြ ကို ဟန႔္တားလာပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အတြင္း ကြၽန္းေတြ သႏၲာကြၽန္းတန္းေတြ၊ စည္းတမ္ေရျပင္ေတြ ပိုင္ဆိုင္ မႈနဲ႔ပတ္သက္ၿပီး ေပက်င္းနဲ႔ အျငင္းပြားလ်က္ရွိရာ ထိုင္ဝမ္၊ ဘ႐ူႏိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္ နဲ႔ အင္ဒိုနီးရွားတို႔ပါဝင္ပါတယ္။ တ႐ုတ္ကမ္းေျခေစာင့္ သေဘၤာေတြရဲ႕ခုတ္ေမာင္းသြားရာ လမ္းေၾကာင္းဟာ သူတို႔ေၾကညာထားတဲ့ မ်ဥ္းတိုလိုင္းေတြတစ္ေလွ်ာက္ ျဖစ္ေၾကာင္း၊ ေတာင္ဘက္မွာ မေလးရွားနဲ႔ အေရွ႕ ဘက္မွာ ဖိလစ္ပိုင္တို႔ပိုင္ ေရျပင္ေတြရွိေပမယ့္ ဖိလစ္ ပိုင္ကို ပိုမိုအာ႐ုံစိုက္ပုံရတယ္လို႔ အေမရိကန္ စတင္း ဖို႔ဒ္တကၠသိုလ္ ေဂၚဒီယန္စင္တာ အမ်ိဳးသားလုံၿခဳံ ေရးဆန္းသစ္ေျပာင္းလဲမႈ ေဗာ္လံတီယာအဖြဲ႕ ဒါ႐ိုက္ တာျဖစ္သူ ပိုဝဲလ္က သုံးသပ္ပါတယ္။

မၾကာေသးမီရက္ေတြအတြင္း တ႐ုတ္ကမ္း ေျခေစာင့္တပ္သေဘၤာႀကီးတစ္စင္းဟာ အေနာက္ ဖိလစ္ပိုင္ပင္လယ္အတြင္း ကင္းလွည့္ေနၿပီး ကြၽန္း ေတြနဲ႔ စည္းတိမ္ေရျပင္ေတြတစ္ေလွ်ာက္ ခုတ္ ေမာင္းသြားလာေနေၾကာင္း သူတို႔ရဲ႕ ေရေၾကာင္းပိုင္နက္ပိုင္ဆိုင္မႈကို တျခားႏိုင္ငံေတြလည္း သိရွိလိုက္ နာလာေစဖို႔ အင္အားျပသျခင္းျဖစ္ေၾကာင္း၊ ေဒသ တြင္း သူတို႔ရဲ႕ခ်ဲ႕ထြင္ထားတဲ့ နယ္ေျမပိုင္ဆိုင္မႈကို ခိုင္မာေစရန္ နဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ ပဋိပကၡေတြအတြက္ ျပင္ဆင္ေနတယ္လို႔ ေလ့လာသူေတြက ယုံၾကည္ၾကပါ တယ္။ တ႐ုတ္ဟာ စစ္ေရးအရ ပါဝါရွိေပမယ့္ ေတာင္ တ႐ုတ္ပင္လယ္ရဲ႕ျမင့္မားတဲ့ေလတိုက္ႏႈန္း၊ လႈိင္း ထန္တဲ့ေရျပင္သဘာဝေတြနဲ႔ အႏၲရာယ္ရွိတဲ့ မုန္ တိုင္းေတြရဲ႕ စိန္ေခၚမႈအေျခအေနေတြအတြက္ ျပင္ ဆင္ေနခ်ိန္မွာ သမား႐ိုးက်စစ္အေျခခံမူေတြကို လိုက္ နာ ေနရဆဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.