ပြင်ပမီဒီယာ(၈)ခု၏ သတင်းထုတ်လွှင့်မှုအပေါ် သုံးသပ်တင်ပြချက် (ဆောင်းပါး)

 1717

NP News - ဇူလိုင် ၁ဝ

၁။ ပြည်ပအခြေစိုက်သတင်းမီဒီယာဌာနများ အနက် သတင်းတု၊ သတင်းမှား အများဆုံးလွှင့်တင်နေ သော သတင်းဌာန(၈)ခုဖြစ်သည့် BBC၊ VOA၊ RFA၊ DVB၊ The Irrawaddy၊ Mizzima၊ Mya­nmar Now နှင့် Khit Thit Media တို့၏ သတင်းလွှင့်တင်မှုများကို အောက်ပါအတိုင်း အကြောင်းအရာခွဲခြားပြီး နေ့စဉ်မှတ်တမ်းရယူ ဆောင်ရွက်လျက် ရှိသည်။
(က) အချက်အလက်ခိုင်မာမှုမရှိဘဲ ဖော်ပြမှု၊
(ခ) ပဋိပက္ခအားပေးလှုံ့ဆော်မှု၊
(ဂ) NUG/PDF သတင်း အသားပေးဖော်ပြမှုနှင့်
(ဃ) အခြားသာမန်သတင်း ။
သတင်းလွှင့်တင်ထားရှိမှုအခြေအနေ
၂။ RFA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ(၁၇) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၅၂၃) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၄၃%၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၄ % ၊ အချက်အလက်မခိုင်မာသည့် သတင်း ၁၄ %၊ အခြားသာမန်သတင်း ၂၃ % လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရပါသည်။
၃။ BBC မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၅၉) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၂၇ %၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၁၀%၊ အချက်အ လက်မခိုင်မာသည့်သတင်း ၁၃ %၊ အခြားသာမန်သ တင်း ၄၇ % လွှင့်တင်ထားကြောင်း အချက်အလက် မှတ်တမ်းများအရ တွေ့ရှိရသည်။
၄။ VOA Burmese မီဒီယာသည် တစ်ရက် လျှင် ပျမ်းမျှ(၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၃၈)ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၃၁%၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၁၈ %၊ အချက်အလက်မခိုင်မာသည့်သတင်း ၁၁ %၊ အခြားသာမန်သတင်း ၃၈ % လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၅။ DVB မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၁)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၆၃၀) ပုဒ်လွှင့်တင်ထား ပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၂၄ %၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၃ %၊ အချက်အလက်မခိုင်မာသည့် သတင်း ၃၀ %၊ အခြား သာမန်သတင်း ၄၀% လွှင့်တင်ထားကြောင်း အချက် အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၆။ Myanmar Now မီဒီယာအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ သတင်း (၅) ပုဒ်နှုန်းဖြင့် စုစု ပေါင်း(၁၆၁)ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေး လှုံ့ဆော်မှုသတင်း ၄၈ %၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၂၃%၊ အခြားသာမန်သတင်း ၂၇% ကို လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၇။ ခေတ်သစ်မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ(၃၇)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၁၁၇၀) ပုဒ်လွှင့် တင်ထားပြီး ပဋိပက္ခ အားပေးလှုံ့ဆော်မှုသတင်း ၃၇ %၊ အချက်အလက်ခိုင်မာမှုမရှိသည့်သတင်း ၁၇%၊ NUG/PDF သတင်းအသားပေးဖော်ပြမှု ၃၀% နှင့် အခြားသာမန်သတင်း ၁၄ % လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၈။ The Irrawaddy မီဒီယာသည် တစ်ရက် လျှင် ပျမ်းမျှ(၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၃၂)ပုဒ်လွှင့် တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၂၈%၊ အချက်အလက်မခိုင်မာသည့် သတင်း ၁၅%၊ သတင်း အသားပေးဖော်ပြမှု ၂၁%၊ အခြားသာမန်သတင်း ၃၄% လွှင့်တင်ထားကြောင်း အချက်အလက်မှတ် တမ်းများအရ တွေ့ရှိရသည်။
၉။ Mizzima မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ(၁၅)ပုဒ်နှုန်းဖြင့် စုစုပေါင်း(၄၆၄ )ပုဒ် လွှင့်တင် ထားပြီ NUG/PDF သတင်းအသားပေးဖော်ပြမှု ၁၉%၊ ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၃၁ %၊ အချက်အလက်မခိုင်မာသည့် သတင်း ၆%၊ အခြား သာမန်သတင်း ၃၂% လွှင့်တင်ထားကြောင်း အချက် အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
သတင်းထုတ်လွှင့်မှုများနှင့်ပတ်သက်၍ သုံးသပ်တင်ပြခြင်း
၁၀။ RFA Burmese နှင့်DVB သတင်းဌာနတို့သည် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားညီနောင်များနှင့် လိုအပ်သောစုဖွဲ့မှု၊ တည်ဆောက်မှုနှင့် ရသမျှအရင်းအနှီးများကိုစု ဆောင်းနေပြီး နောက်ဆုံးခံစစ်ဖြစ်သည့် မြေပြန့် ဒေသကို ဆက်လက်ထိုးစစ်ဆင်သွားဖို့ရှိကြောင်း အကြမ်းဖက်အဖွဲ့ NUG ဦးရည်မွန်၏ပြောကြား ချက်ကို အလေးပေးဖော်ပြထားသော အညာဒေ သမှာ မဟာဗျူဟာထိုးစစ်စတော့မယ်လို့ NUG ပြော ဟူသည့်သတင်း၊ နိုင်ငံအခြေအနေ စစ်ခေါင်းဆောင်ပြောဆိုချက်လက်တွေ့နဲ့ကွဲလွဲနေကြောင်းဝေဖန်(ရုပ်သံသတင်း)၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများသည် အသစ်အဆန်းမဟုတ်ဘဲ ဘင်္ဂါလီများ နေရပ်ပြန်ရေးအစီအစဉ်ကိုနှောင့်နှေးစေသည့် အကြောင်းပြချက်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Dennis Francis နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့၏ပြောကြားချက်ကို ကိုးကားဖော်ပြသည့် သတင်း၊ ဘယ်လ်ဂျီယံနိုင်ငံ အခြေ စိုက် နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG) မှ Richard Horsey နှင့် ဆက်သွယ်မေး မြန်းချက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိုးစစ်ဆင်ခံနေရသည့် မြန်မာနိုင်ငံသည် အစိတ်စိတ်အမြွှာမြွှာကွဲနိုင်ကြောင်းနှင့် တိုင်းရင်းသားအဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခများ ထပ်ဖြစ်လာ နိုင်ခြေရှိကြောင်းဖော်ပြသည့် မြန်မာနိုင်ငံပြိုကွဲနိုင် မယ့်အခြေအနေ ICG သုံးသပ်ဆိုသည့်သတင်း စသဖြင့် တစ်ဖက်သတ် ရေးသားဖော်ပြချက်များကို အဓိကလွှင့်တင်ထားကြောင်း သုံးသပ်တွေ့ရှိရသည်။
၁၁။ ခေတ်သစ်မီဒီယာသည် အကြမ်းဖက် PDF အဖွဲ့သို့ လူငယ်များဝင်ရောက်စေရန် ရည်ရွယ်ကာ အနယ်နယ်အရပ်ရပ်ရှိ PDF တပ်ရင်းများသို့ ဝင်ရောက်သူများပြားနေပြီး စစ်သင်တန်းပေးမှု အခြေ အနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လှုံ့ဆော်ရေးသားမှုများ၊ VPN အသုံးပြုမှုကန့်သတ်ခြင်း၊ စစ်ဆေးခြင်းနှင့် မိုဘိုင်းဖုန်းတွင် VPN ရှိပါက ဖမ်းဆီးငွေညှစ်သည့်သတင်း အကြောင်းအရာများ အပါအဝင် တပ်မတော်အပေါ် ယုံကြည်မှုကျဆင်းစေ ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ NUG/PDF အပေါ် ယုံကြည်မှုရှိလာစေရန် တစ်ဖက်သတ် ပြောဆိုရေးသားချက်များကို အဓိကလွှင့်တင်ကြောင်း သုံးသပ်တွေ့ရှိရသည်။
၁၂။ BBC သတင်းဌာနသည် တပ်မတော်စစ်သည်များအကျအဆုံးများနေပြီး တော်လှန်ရေးတပ်ဖွဲ့ များ အသာစီးရနေသယောင်ရေးသားဖော်ပြသည့် မုံရွာနမခအနီးက ကာကင်းစခန်းကို PDF ပူးပေါင်း အဖွဲ့တွေသိမ်း ဟူသည့်သတင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကောင်အထည် ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်သူများ ယုံမှားသံသယဖြစ်စေရန် ကလေးမြို့က ဖမ်းဆီးခံ လူငယ် ၂၀ဝ ကျော် အဆက်အသွယ်ပြတ် နေ ဆိုသည့်သတင်း၊ ရန်ကုန်မှာ ရခိုင်လူငယ်တချို့ ဖမ်းဆီးခံရသတင်း၊ အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူမှုတွေရှိနေဟူသည့် သတင်းအကြောင်းအရာများကို တပ်မတော်နှင့် ပြည်သူကြား အမုန်းပွားစေရန်၊ ပဋိပက္ခဖြစ်ပွားစေရန်ရည်ရွယ်၍ တစ်ဖက်သတ်ပြောဆိုရေးသား ထုတ်လွှင့်ကြောင်း တွေ့ရှိရသည်။
၁၃။ VOA သတင်းဌာနသည် တပ်မတော်နှင့် တိုင်းရင်းသားများ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စေရန်ရည်ရွယ်ကာ ရခိုင်ပြည်နယ် နှစ်ဖက်အသိုင်းအဝိုင်းရှိ ပြည်သူများကို မုန်းတီးမှုနှင့် အကြမ်းဖက်မှုမဖြစ်စေရေးလိုလားကြောင်း NUG ပြောခွင့်ရ ကိုနေဘုန်းလတ်၏ ပြောဆိုချက်ဖြစ်သည့် ဘင်္ဂါလီ အရပ်သားတွေကိုအကာအကွယ်ပေးဖို့ NUG နဲ့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်းဟူသည့် သတင်း၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာပွဲကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အများအပြားသေဆုံးခဲ့ရပြီး ဒေသခံပြည်သူများ၏ လုံခြုံရေးစိုးရိမ်နေရကြောင်း၊ မြန်မာနိုင်ငံတွင် VPN သုံးစွဲမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းများရှိကြောင်းကို ၎င်းတို့၏ အာဘော်ဖြင့် ပုံဖော်ဖန်တီးနှပ်ကြောင်းပေးရေးသားထုတ်လွှင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၁၄။ Mizzima သတင်းဌာနအနေဖြင့် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ပရောက် မြန်မာအားလုံးက ထောက်ခံအားပေးနေ သယောင်ဖော်ပြသည့် NUG နိုင်ငံ ခြားရေးဝန်ကြီးနှင့် ဩစတြေးလျရောက်မြန်မာများ ဘရစ္စဘိန်းမြို့တွင် တွေ့ဆုံဟူသည့်သတင်း၊ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး ဆန္ဒပြသည့်သတင်း၊ နေအိမ်မီးရှို့မှုများ ပြုလုပ် သတင်းနှင့်အချက်အလက်ခိုင်မာမှုမရှိသောသတင်း အကြောင်းအရာများကို ၎င်းတို့၏ အာဘော်ဖြင့် ရေးသားဖော်ပြကြောင်း သုံးသပ်တွေ့ရှိရသည်။
၁၅။ The Irrawaddy သတင်းဌာနသည် NUG လက်အောက်ခံ PDF များနှင့် မဟာမိတ်တိုင်း ရင်းသားများသည် စစ်ရေးအရ အသာစီးရနေကြောင်း၊ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ရန် ချီတက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် သေဆုံးမှု အများအပြားရှိကြောင်းကိုဖော်ပြသည့် မရဏလမ်း ပေါ်က အောင်ဇေယျစစ်ကြောင်း (ရုပ်သံသတင်း)၊ စစ်ဘေးနဲ့ဝမ်းရေးကြား ရှင်သန်ဖို့ရုန်းကန်နေရတဲ့ သံတွဲဒေသခံများ ဆောင်းပါးအပြင် ဒေသတွင်းတိုက်ပွဲ သတင်းများနှင့် ဝါဒဖြန့်သတင်းများကို အများဆုံး ဖော်ပြကြောင်း တွေ့ရှိရသည်။
၁၆။ Myanmar Now မီဒီယာအနေဖြင့် ပြည် သူ့စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရန်အ တွက် တပ်မတော်အနေဖြင့် လူငယ်များကို အတင်း အဓမ္မ ဖမ်းဆီးလူစုဆောင်းနေကြောင်းဖော်ပြသည့် စစ်တွေရှိ ဒုက္ခသည်စခန်းများတွင် စစ်သင်တန်း တက်ရန် လူရွေးချယ်သတင်း၊ အမျိုးသမီး စစ်မှုထမ်း စာရင်း ဒေသအချို့တွင် ကောက်ယူသတင်း၊ စစ်မှုမ ထမ်းလို၍တိမ်းရှောင်သည့် လူငယ်ခြောက်ဦး အမှုဖွင့် ခံရ ဆိုသည့်သတင်းများအပြင် ဝါဒမှိုင်းဖြန့်နေသော အချက်အလက်ခိုင်မာမှုမရှိသည့် မီဒီယာများဖြစ် ကြောင်း သုံးသပ်တွေ့ရှိရသည်။
၁၇။ BBC မီဒီယာ၏ “VPN ဆိုတာ ဘာလဲ” သတင်း၊ VOA Burmese မီဒီယာ၏ “AA ရဲ့ နိုင် ငံရေးမျှော်မှန်းချက်(ဗိုလ်ချုပ်ထွန်းမြတ်နိုင် အင်တာဗျူး ဒုတိယပိုင်း)” သတင်း၊ RFA Burmese ၏ “ရန်ကုန်လမ်းမပေါ်က အခမဲ့ဆံသ” သတင်း၊ DVB မီဒီယာ၏ “ မတူပီသိမ်းပြီးပါက စစ်ကိုင်းနှင့် မကွေးဘက် ဆင်းကူမည်ဟုတော်လှန်ရေးအင်အားစုများကပြော ” သတင်း၊ The Irrawaddy မီဒီယာ ၏ “BMW ကားလှူဒါန်းမှုကိုလက်ခံခဲ့လို့ ဝေဖန်ခံနေရတဲ့ ထိုင်းဆရာတော်” (ရုပ်/သံ) သတင်း၊ Mizzima မီဒီယာ၏ “သူမ” သတင်း၊ ခေတ်သစ် မီဒီယာ၏ “ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း လူထုသပိတ်ကို ကားဖြင့်တိုက်၍ ပစ်ခတ်ဖြိုခွင်းမှု၏ အဓိက စစ်တပ်ထောက်တိုင် မောင်ဦး ပစ်ခတ်ခံရပြီး သေဆုံး”သတင်းနှင့် Myanmar Now မီဒီယာ၏ “CDM စစ်အရာရှိက လုံခြုံရေးအရ သတင်းမှား လွှင့်ခဲ့ဟုဆို” သတင်းတို့မှာ လူစိတ်ဝင်စားမှုအများဆုံး ဖြစ်ကြောင်း တွေ့ရှိရသည်။
၁၈။ သတင်းဌာန (၈) ခုမှ သတင်းထုတ်လွှင့် ဖော်ပြမှုများကို ခြုံငုံသုံးသပ်ကြည့်ပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ထုတ်လွှင့်ဖော်ပြ ခြင်းမရှိဘဲ တပ်မတော်က အရပ်သားများကို အကြောင်းမဲ့ ပစ်ခတ်၊ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲ၊ အရပ်သားနေအိမ်များ၊ ရွာများကိုမီးရှို့သည့် ပုံသေ ရေးသားနည်းများအတိုင်း ရေးသားထုတ်လွှင့်နေသည် ကိုတွေ့ရှိရသည်။ ယခုလအတွင်း VPN အခက်အခဲ များကြောင့် သတင်းဌာန (၈) ခုအနက် သတင်းဌာန (၅)ခု၏ပို့စ်များကို Reaction ရရှိမှု အရေအတွက်မှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။ BBC သတင်းဌာနအနေဖြင့် ယခင်လ ပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၃၈၀ဝဝဝ) ရှိရာမှ ယခုလတွင် (၁၀ဝဝဝ) အထိ ၊ VOA သတင်းဌာနအနေဖြင့် ယခင်လပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၂၉၀ဝဝ)ရှိရာမှ ယခုလတွင် (၁၆၀ဝဝ)အထိ၊ RFA သတင်းဌာနအနေဖြင့် ယခင်လ ပို့စ် အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၅၀ဝဝဝ)ရှိရာမှ ယခုလတွင်(၂၂၀ဝဝ)အထိ၊ Myanmar Now သတင်းဌာနအနေဖြင့် ယခင်လ ပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၃၁၀ဝဝ) ရှိရာမှ ယခုလတွင် (၂၅၀ဝဝ)အထိ၊ Khit Thit သတင်းဌာနအနေဖြင့် ယခင်လ ပို့စ်အများ ဆုံးသတင်း၏ ျွနခေအငသည ရရှိမှုသည် (၈၂၀ဝဝ) ရှိရာ မှ ယခုလတွင် (၆၇၀ဝဝ) အထိ ကျဆင်းလာကြောင်း တွေ့ရှိရသည်။

zawgyi version
ျပင္ပမီဒီယာ(၈)ခု၏ သတင္းထုတ္လႊင့္မႈအေပၚ သုံးသပ္တင္ျပခ်က္
NP News (NP News) - ဇူလိုင္ ၁ဝ

၁။ ျပည္ပအေျခစိုက္သတင္းမီဒီယာဌာနမ်ား အနက္ သတင္းတု၊ သတင္းမွား အမ်ားဆုံးလႊင့္တင္ေန ေသာ သတင္းဌာန(၈)ခုျဖစ္သည့္ BBC၊ VOA၊ RFA၊ DVB၊ The Irrawaddy၊ Mizzima၊ Mya­nmar Now ႏွင့္ Khit Thit Media တို႔၏ သတင္းလႊင့္တင္မႈမ်ားကို ေအာက္ပါအတိုင္း အေၾကာင္းအရာခြဲျခားၿပီး ေန႔စဥ္မွတ္တမ္းရယူ ေဆာင္႐ြက္လ်က္ ရွိသည္။
(က) အခ်က္အလက္ခိုင္မာမႈမရွိဘဲ ေဖာ္ျပမႈ၊
(ခ) ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ၊
(ဂ) NUG/PDF သတင္း အသားေပးေဖာ္ျပမႈႏွင့္
(ဃ) အျခားသာမန္သတင္း ။
သတင္းလႊင့္တင္ထားရွိမႈအေျခအေန
၂။ RFA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ်(၁၇) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၅၂၃) ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၄၃%၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ ၄ % ၊ အခ်က္အလက္မခိုင္မာသည့္ သတင္း ၁၄ %၊ အျခားသာမန္သတင္း ၂၃ % လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရပါသည္။
၃။ BBC မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၈)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၅၉) ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၂၇ %၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ ၁၀%၊ အခ်က္အ လက္မခိုင္မာသည့္သတင္း ၁၃ %၊ အျခားသာမန္သ တင္း ၄၇ % လႊင့္တင္ထားေၾကာင္း အခ်က္အလက္ မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။
၄။ VOA Burmese မီဒီယာသည္ တစ္ရက္ လွ်င္ ပ်မ္းမွ်(၈)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၃၈)ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၃၁%၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ ၁၈ %၊ အခ်က္အလက္မခိုင္မာသည့္သတင္း ၁၁ %၊ အျခားသာမန္သတင္း ၃၈ % လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။
၅။ DVB မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၁)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၆၃၀) ပုဒ္လႊင့္တင္ထား ၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၂၄ %၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ ၃ %၊ အခ်က္အလက္မခိုင္မာသည့္ သတင္း ၃၀ %၊ အျခား သာမန္သတင္း ၄၀% လႊင့္တင္ထားေၾကာင္း အခ်က္ အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။
၆။ Myanmar Now မီဒီယာအေနျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ် သတင္း (၅) ပုဒ္ႏႈန္းျဖင့္ စုစု ေပါင္း(၁၆၁)ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပး လႈံ႕ေဆာ္မႈသတင္း ၄၈ %၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ ၂၃%၊ အျခားသာမန္သတင္း ၂၇% ကို လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။
၇။ ေခတ္သစ္မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ်(၃၇)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၁၁၇၀) ပုဒ္လႊင့္ တင္ထားၿပီး ပဋိပကၡ အားေပးလႈံ႕ေဆာ္မႈသတင္း ၃၇ %၊ အခ်က္အလက္ခိုင္မာမႈမရွိသည့္သတင္း ၁၇%၊ NUG/PDF သတင္းအသားေပးေဖာ္ျပမႈ ၃၀% ႏွင့္ အျခားသာမန္သတင္း ၁၄ % လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။
၈။ The Irrawaddy မီဒီယာသည္ တစ္ရက္ လွ်င္ ပ်မ္းမွ်(၈)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၃၂)ပုဒ္လႊင့္ တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၂၈%၊ အခ်က္အလက္မခိုင္မာသည့္ သတင္း ၁၅%၊ သတင္း အသားေပးေဖာ္ျပမႈ ၂၁%၊ အျခားသာမန္သတင္း ၃၄% လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္ တမ္းမ်ားအရ ေတြ႕ရွိရသည္။
၉။ Mizzima မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ်(၁၅)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း(၄၆၄ )ပုဒ္ လႊင့္တင္ ထားၿပီ NUG/PDF သတင္းအသားေပးေဖာ္ျပမႈ ၁၉%၊ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း ၃၁ %၊ အခ်က္အလက္မခိုင္မာသည့္ သတင္း ၆%၊ အျခား သာမန္သတင္း ၃၂% လႊင့္တင္ထားေၾကာင္း အခ်က္ အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။
သတင္းထုတ္လႊင့္မႈမ်ားႏွင့္ပတ္သက္၍ သုံးသပ္တင္ျပျခင္း
၁၀။ RFA Burmese ႏွင့္DVB သတင္းဌာနတို႔သည္ မဟာမိတ္ေတာ္လွန္ေရးအင္အားစုမ်ား၊ တိုင္းရင္းသားညီေနာင္မ်ားႏွင့္ လိုအပ္ေသာစုဖြဲ႕မႈ၊ တည္ေဆာက္မႈႏွင့္ ရသမွ်အရင္းအႏွီးမ်ားကိုစု ေဆာင္းေနၿပီး ေနာက္ဆုံးခံစစ္ျဖစ္သည့္ ေျမျပန႔္ ေဒသကို ဆက္လက္ထိုးစစ္ဆင္သြားဖို႔ရွိေၾကာင္း အၾကမ္းဖက္အဖြဲ႕ NUG ဦးရည္မြန္၏ေျပာၾကား ခ်က္ကို အေလးေပးေဖာ္ျပထားေသာ အညာေဒ သမွာ မဟာဗ်ဴဟာထိုးစစ္စေတာ့မယ္လို႔ NUG ေျပာ ဟူသည့္သတင္း၊ ႏိုင္ငံအေျခအေန စစ္ေခါင္းေဆာင္ေျပာဆိုခ်က္လက္ေတြ႕နဲ႔ကြဲလြဲေနေၾကာင္းေဝဖန္(႐ုပ္သံသတင္း)၊ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာ ပဋိပကၡမ်ားသည္ အသစ္အဆန္းမဟုတ္ဘဲ ဘဂၤါလီမ်ား ေနရပ္ျပန္ေရးအစီအစဥ္ကိုေႏွာင့္ေႏွးေစသည့္ အေၾကာင္းျပခ်က္ျဖစ္ေၾကာင္း ကုလသမဂၢ အေထြေထြညီလာခံဥကၠ႒ Dennis Francis ႏွင့္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔၏ေျပာၾကားခ်က္ကို ကိုးကားေဖာ္ျပသည့္ သတင္း၊ ဘယ္လ္ဂ်ီယံႏိုင္ငံ အေျခ စိုက္ ႏိုင္ငံတကာပဋိပကၡ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕(ICG) မွ Richard Horsey ႏွင့္ ဆက္သြယ္ေမး ျမန္းခ်က္တြင္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ား ထိုးစစ္ဆင္ခံေနရသည့္ ျမန္မာႏိုင္ငံသည္ အစိတ္စိတ္အႁမႊာႁမႊာကြဲႏိုင္ေၾကာင္းႏွင့္ တိုင္းရင္းသားအဖြဲ႕မ်ားအၾကား လက္နက္ကိုင္ပဋိပကၡမ်ား ထပ္ျဖစ္လာ ႏိုင္ေျခရွိေၾကာင္းေဖာ္ျပသည့္ ျမန္မာႏိုင္ငံၿပိဳကြဲႏိုင္ မယ့္အေျခအေန ICG သုံးသပ္ဆိုသည့္သတင္း စသျဖင့္ တစ္ဖက္သတ္ ေရးသားေဖာ္ျပခ်က္မ်ားကို အဓိကလႊင့္တင္ထားေၾကာင္း သုံးသပ္ေတြ႕ရွိရသည္။
၁၁။ ေခတ္သစ္မီဒီယာသည္ အၾကမ္းဖက္ PDF အဖြဲ႕သို႔ လူငယ္မ်ားဝင္ေရာက္ေစရန္ ရည္႐ြယ္ကာ အနယ္နယ္အရပ္ရပ္ရွိ PDF တပ္ရင္းမ်ားသို႔ ဝင္ေရာက္သူမ်ားျပားေနၿပီး စစ္သင္တန္းေပးမႈ အေျခ အေနမ်ား၊ ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍ လႈံ႕ေဆာ္ေရးသားမႈမ်ား၊ VPN အသုံးျပဳမႈကန႔္သတ္ျခင္း၊ စစ္ေဆးျခင္းႏွင့္ မိုဘိုင္းဖုန္းတြင္ VPN ရွိပါက ဖမ္းဆီးေငြညႇစ္သည့္သတင္း အေၾကာင္းအရာမ်ား အပါအဝင္ တပ္မေတာ္အေပၚ ယုံၾကည္မႈက်ဆင္းေစ ရန္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ား၊ NUG/PDF အေပၚ ယုံၾကည္မႈရွိလာေစရန္ တစ္ဖက္သတ္ ေျပာဆိုေရးသားခ်က္မ်ားကို အဓိကလႊင့္တင္ေၾကာင္း သုံးသပ္ေတြ႕ရွိရသည္။
၁၂။ BBC သတင္းဌာနသည္ တပ္မေတာ္စစ္သည္မ်ားအက်အဆုံးမ်ားေနၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ မ်ား အသာစီးရေနသေယာင္ေရးသားေဖာ္ျပသည့္ မုံ႐ြာနမခအနီးက ကာကင္းစခန္းကို PDF ပူးေပါင္း အဖြဲ႕ေတြသိမ္း ဟူသည့္သတင္း၊ ျပည္သူ႔စစ္မႈထမ္းဥပေဒအေကာင္အထည္ ေဖာ္ေဆာင္႐ြက္မႈႏွင့္စပ္လ်ဥ္း၍ ျပည္သူမ်ား ယုံမွားသံသယျဖစ္ေစရန္ ကေလးၿမိဳ႕က ဖမ္းဆီးခံ လူငယ္ ၂၀ဝ ေက်ာ္ အဆက္အသြယ္ျပတ္ ေန ဆိုသည့္သတင္း၊ ရန္ကုန္မွာ ရခိုင္လူငယ္တခ်ိဳ႕ ဖမ္းဆီးခံရသတင္း၊ အမ်ိဳးသမီးေတြ စစ္မႈထမ္းဖို႔ စာရင္းေကာက္ယူမႈေတြရွိေနဟူသည့္ သတင္းအေၾကာင္းအရာမ်ားကို တပ္မေတာ္ႏွင့္ ျပည္သူၾကား အမုန္းပြားေစရန္၊ ပဋိပကၡျဖစ္ပြားေစရန္ရည္႐ြယ္၍ တစ္ဖက္သတ္ေျပာဆိုေရးသား ထုတ္လႊင့္ေၾကာင္း ေတြ႕ရွိရသည္။
၁၃။ VOA သတင္းဌာနသည္ တပ္မေတာ္ႏွင့္ တိုင္းရင္းသားမ်ား လူမ်ိဳးေရး၊ ဘာသာေရး ပဋိပကၡ ျဖစ္ေစရန္ရည္႐ြယ္ကာ ရခိုင္ျပည္နယ္ ႏွစ္ဖက္အသိုင္းအဝိုင္းရွိ ျပည္သူမ်ားကို မုန္းတီးမႈႏွင့္ အၾကမ္းဖက္မႈမျဖစ္ေစေရးလိုလားေၾကာင္း NUG ေျပာခြင့္ရ ကိုေနဘုန္းလတ္၏ ေျပာဆိုခ်က္ျဖစ္သည့္ ဘဂၤါလီ အရပ္သားေတြကိုအကာအကြယ္ေပးဖို႔ NUG နဲ႔ အရပ္ဘက္အဖြဲ႕ေတြ တိုက္တြန္းဟူသည့္ သတင္း၊ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦး၏ မဂၤလာပြဲကို ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေဒသခံျပည္သူ အမ်ားအျပားေသဆုံးခဲ့ရၿပီး ေဒသခံျပည္သူမ်ား၏ လုံၿခဳံေရးစိုးရိမ္ေနရေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ VPN သုံးစြဲမႈႏွင့္ပတ္သက္၍ စစ္ေဆးျခင္းမ်ားရွိေၾကာင္းကို ၎တို႔၏ အာေဘာ္ျဖင့္ ပုံေဖာ္ဖန္တီးႏွပ္ေၾကာင္းေပးေရးသားထုတ္လႊင့္ေၾကာင္း သုံးသပ္ေတြ႕ရွိရပါသည္။
၁၄။ Mizzima သတင္းဌာနအေနျဖင့္ NUG ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားကို ျပည္ပေရာက္ ျမန္မာအားလုံးက ေထာက္ခံအားေပးေန သေယာင္ေဖာ္ျပသည့္ NUG ႏိုင္ငံ ျခားေရးဝန္ႀကီးႏွင့္ ဩစေၾတးလ်ေရာက္ျမန္မာမ်ား ဘရစၥဘိန္းၿမိဳ႕တြင္ ေတြ႕ဆုံဟူသည့္သတင္း၊ စစ္မႈထမ္းဥပေဒ ဖ်က္သိမ္းေရး ဆႏၵျပသည့္သတင္း၊ ေနအိမ္မီးရႈိ႕မႈမ်ား ျပဳလုပ္ သတင္းႏွင့္အခ်က္အလက္ခိုင္မာမႈမရွိေသာသတင္း အေၾကာင္းအရာမ်ားကို ၎တို႔၏ အာေဘာ္ျဖင့္ ေရးသားေဖာ္ျပေၾကာင္း သုံးသပ္ေတြ႕ရွိရသည္။
၁၅။ The Irrawaddy သတင္းဌာနသည္ NUG လက္ေအာက္ခံ PDF မ်ားႏွင့္ မဟာမိတ္တိုင္း ရင္းသားမ်ားသည္ စစ္ေရးအရ အသာစီးရေနေၾကာင္း၊ ျမဝတီၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ရန္ ခ်ီတက္လာသည့္ စစ္ေကာင္စီ၏ ေအာင္ေဇယ်စစ္ေၾကာင္းသည္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား၏တိုက္ခိုက္မႈေၾကာင့္ ေသဆုံးမႈ အမ်ားအျပားရွိေၾကာင္းကိုေဖာ္ျပသည့္ မရဏလမ္း ေပၚက ေအာင္ေဇယ်စစ္ေၾကာင္း (႐ုပ္သံသတင္း)၊ စစ္ေဘးနဲ႔ဝမ္းေရးၾကား ရွင္သန္ဖို႔႐ုန္းကန္ေနရတဲ့ သံတြဲေဒသခံမ်ား ေဆာင္းပါးအျပင္ ေဒသတြင္းတိုက္ပြဲ သတင္းမ်ားႏွင့္ ဝါဒျဖန႔္သတင္းမ်ားကို အမ်ားဆုံး ေဖာ္ျပေၾကာင္း ေတြ႕ရွိရသည္။
၁၆။ Myanmar Now မီဒီယာအေနျဖင့္ ျပည္ သူ႔စစ္မႈထမ္းဥပေဒအေကာင္အထည္ေဖာ္ရန္အ တြက္ တပ္မေတာ္အေနျဖင့္ လူငယ္မ်ားကို အတင္း အဓမၼ ဖမ္းဆီးလူစုေဆာင္းေနေၾကာင္းေဖာ္ျပသည့္ စစ္ေတြရွိ ဒုကၡသည္စခန္းမ်ားတြင္ စစ္သင္တန္း တက္ရန္ လူေ႐ြးခ်ယ္သတင္း၊ အမ်ိဳးသမီး စစ္မႈထမ္း စာရင္း ေဒသအခ်ိဳ႕တြင္ ေကာက္ယူသတင္း၊ စစ္မႈမ ထမ္းလို၍တိမ္းေရွာင္သည့္ လူငယ္ေျခာက္ဦး အမႈဖြင့္ ခံရ ဆိုသည့္သတင္းမ်ားအျပင္ ဝါဒမႈိင္းျဖန႔္ေနေသာ အခ်က္အလက္ခိုင္မာမႈမရွိသည့္ မီဒီယာမ်ားျဖစ္ ေၾကာင္း သုံးသပ္ေတြ႕ရွိရသည္။
၁၇။ BBC မီဒီယာ၏ “VPN ဆိုတာ ဘာလဲ” သတင္း၊ VOA Burmese မီဒီယာ၏ “AA ရဲ႕ ႏိုင္ ငံေရးေမွ်ာ္မွန္းခ်က္(ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ အင္တာဗ်ဴး ဒုတိယပိုင္း)” သတင္း၊ RFA Burmese ၏ “ရန္ကုန္လမ္းမေပၚက အခမဲ့ဆံသ” သတင္း၊ DVB မီဒီယာ၏ “ မတူပီသိမ္းၿပီးပါက စစ္ကိုင္းႏွင့္ မေကြးဘက္ ဆင္းကူမည္ဟုေတာ္လွန္ေရးအင္အားစုမ်ားကေျပာ ” သတင္း၊ The Irrawaddy မီဒီယာ ၏ “BMW ကားလႉဒါန္းမႈကိုလက္ခံခဲ့လို႔ ေဝဖန္ခံေနရတဲ့ ထိုင္းဆရာေတာ္” (႐ုပ္/သံ) သတင္း၊ Mizzima မီဒီယာ၏ “သူမ” သတင္း၊ ေခတ္သစ္ မီဒီယာ၏ “ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္နီလမ္း လူထုသပိတ္ကို ကားျဖင့္တိုက္၍ ပစ္ခတ္ၿဖိဳခြင္းမႈ၏ အဓိက စစ္တပ္ေထာက္တိုင္ ေမာင္ဦး ပစ္ခတ္ခံရၿပီး ေသဆုံး”သတင္းႏွင့္ Myanmar Now မီဒီယာ၏ “CDM စစ္အရာရွိက လုံၿခဳံေရးအရ သတင္းမွား လႊင့္ခဲ့ဟုဆို” သတင္းတို႔မွာ လူစိတ္ဝင္စားမႈအမ်ားဆုံး ျဖစ္ေၾကာင္း ေတြ႕ရွိရသည္။
၁၈။ သတင္းဌာန (၈) ခုမွ သတင္းထုတ္လႊင့္ ေဖာ္ျပမႈမ်ားကို ၿခဳံငုံသုံးသပ္ၾကည့္ပါက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ PDF အၾကမ္းဖက္အဖြဲ႕မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ထုတ္လႊင့္ေဖာ္ျပ ျခင္းမရွိဘဲ တပ္မေတာ္က အရပ္သားမ်ားကို အေၾကာင္းမဲ့ ပစ္ခတ္၊ တိုက္ပြဲျဖစ္ပြားမႈမရွိဘဲ ဗုံးႀကဲ၊ အရပ္သားေနအိမ္မ်ား၊ ႐ြာမ်ားကိုမီးရႈိ႕သည့္ ပုံေသ ေရးသားနည္းမ်ားအတိုင္း ေရးသားထုတ္လႊင့္ေနသည္ ကိုေတြ႕ရွိရသည္။ ယခုလအတြင္း VPN အခက္အခဲ မ်ားေၾကာင့္ သတင္းဌာန (၈) ခုအနက္ သတင္းဌာန (၅)ခု၏ပို႔စ္မ်ားကို Reaction ရရွိမႈ အေရအတြက္မွာလည္း သိသိသာသာ က်ဆင္းသြားခဲ့ပါသည္။ BBC သတင္းဌာနအေနျဖင့္ ယခင္လ ပို႔စ္အမ်ားဆုံး သတင္း၏ Reaction ရရွိမႈသည္ (၃၈၀ဝဝဝ) ရွိရာမွ ယခုလတြင္ (၁၀ဝဝဝ) အထိ ၊ VOA သတင္းဌာနအေနျဖင့္ ယခင္လပို႔စ္အမ်ားဆုံး သတင္း၏ Reaction ရရွိမႈသည္ (၂၉၀ဝဝ)ရွိရာမွ ယခုလတြင္ (၁၆၀ဝဝ)အထိ၊ RFA သတင္းဌာနအေနျဖင့္ ယခင္လ ပို႔စ္ အမ်ားဆုံးသတင္း၏ Reaction ရရွိမႈသည္ (၅၀ဝဝဝ)ရွိရာမွ ယခုလတြင္(၂၂၀ဝဝ)အထိ၊ Myanmar Now သတင္းဌာနအေနျဖင့္ ယခင္လ ပို႔စ္အမ်ားဆုံး သတင္း၏ Reaction ရရွိမႈသည္ (၃၁၀ဝဝ) ရွိရာမွ ယခုလတြင္ (၂၅၀ဝဝ)အထိ၊ Khit Thit သတင္းဌာနအေနျဖင့္ ယခင္လ ပို႔စ္အမ်ား ဆုံးသတင္း၏ ြၽနေခအငသည ရရွိမႈသည္ (၈၂၀ဝဝ) ရွိရာ မွ ယခုလတြင္ (၆၇၀ဝဝ) အထိ က်ဆင္းလာေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.