ဘဏ်များအနေဖြင့် ဘဏ်တွင်သိုလှောင်နိုင်သည့် ငွေသားပမာဏအတွင်း ‌ထုတ်ပေးနေပြီး ဘဏ်များ၏လိုအပ်ချက်ငွေသားများကို လုံလောက်စွာဖြည့်ပေးနေကြောင်း ဗဟိုဘဏ်ပြော

 12928

ယွန်း(NP News) - ဇူလိုင် ၁၁

ဘဏ်များအနေဖြင့် လာရောက်ထုတ်ယူသူများကို ဘဏ်တွင် သိုလှောင်နိုင်သည့် ငွေသား ပမာဏအတွင်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထုတ်ပေး‌နေပြီး ဗဟိုဘဏ်အနေဖြင့်လည်း ဘဏ်များ၏ လိုအပ်ချက်ငွေသားများကို လုံလောက်စွာဖြည့်ဆည်း ထုတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ထုတ်ဖော်ပြော ဆိုထားသည်။

ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ယမန်နေ့(ဇူလိုင်လ ၁၀ ရက်)နေ့တွင် မီဒီယာများအား အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ ဒီဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒီဂျစ်တယ်ငွေပေးချေမှုကို ပိုမိုအလေးပေးအကောင်အထည်ဖော်နေပြီး ငွေသားစီမံခန့်ခွဲမှု အစီအ စဥ်များအတိုင်း Digital Platform များ တည်ဆောက်ထားကြောင်း သိရသည်။ ထို့ပြင် ဘဏ်များမှ Payment Platform များတည်ဆောက်လျက်ရှိပြီး လက်ရှိတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်နေကာ နိုင်ငံတကာငွေပေးချေမှုတွင်လည်း ဘဏ်များမှတစ်ဆင့်ဆောင်ရွက်နိုင်ရေး အလေးပေးဆောင်ရွက်နေကြောင်း ဒေါက်တာလင်းအောင်က ဆိုထားသည်။

အလားတူ ဘဏ်များအနေဖြင့် သတ်မှတ်စည်းမျဥ်းစည်းမကမ်းများနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယခင်ကပင်အကြိမ်ကြိမ်ညွှန်ကြားထားပြီး ဥပမာအားဖြင့် Special Account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့်ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားကြောင်း ဒေါက်တာလင်းအောင်က အသိပေးထားသည်။

ထို့ပြင် ငွေပေးချေမှုများ လျှင်မြန်စွာ အဆင်ပြေနိုင်စေရန်အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြစ်သည့် Electronic Card များဖြင့်လည်းကောင်း၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် Mobile Pay များ၊ Internet ဘဏ်လုပ်ငန်းများ၊ Mobile Wallet များအသုံးပြု၍ ငွေလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ငွေပေးချေမှုများနှင့် ငွေကြေးလွှဲပြောင်းခြင်းများအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပြီး စိုးရိမ်ပူပန်မှုမရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က အသိပေးထားသည်။

သို့သော် ပြည်သူများအနေဖြင့် မိမိအပ်နှံထားသည့် အပ်နှံငွေအမျိုးအစားပေါ်မူတည်၍ ငွေထုတ်ယူရာတွင် ကွဲပြားမှုများရှိနိုင်ပြီး ငွေစုဘဏ်စာရင်း Saving Account ဆိုပါက (၁) ပတ် (၁) ကြိမ် ငွေထုတ်ယူနိုင်ကာ စာရင်းသေအပ်ငွေ Fix Deposit ဆိုပါက သက်တမ်းပြည့်သည့် အချိန်မှသာ ငွေထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရသည်။

zawgyi version
ဘဏ္မ်ားအေနျဖင့္ ဘဏ္တြင္ သိုေလွာင္ႏိုင္သည့္ ေငြသားပမာဏအတြင္း ‌ထုတ္ေပးေနၿပီး ဘဏ္မ်ား၏လိုအပ္ခ်က္ေငြသားမ်ားကို လုံေလာက္စြာျဖည့္ေပးေနေၾကာင္း ဗဟိုဘဏ္ေျပာ
ယြန္း(NP News) - ဇူလိုင္ ၁၁

ဘဏ္မ်ားအေနျဖင့္ လာေရာက္ထုတ္ယူသူမ်ားကို ဘဏ္တြင္ သိုေလွာင္ႏိုင္သည့္ ေငြသား ပမာဏအတြင္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ထုတ္ေပး‌ေနၿပီး ဗဟိုဘဏ္အေနျဖင့္လည္း ဘဏ္မ်ား၏ လိုအပ္ခ်က္ေငြသားမ်ားကို လုံေလာက္စြာျဖည့္ဆည္း ထုတ္ေပးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဒုတိယဥကၠ႒ ေဒါက္တာလင္းေအာင္က ထုတ္ေဖာ္ေျပာ ဆိုထားသည္။

ဒုတိယဥကၠ႒ ေဒါက္တာလင္းေအာင္က ယမန္ေန႔(ဇူလိုင္လ ၁၀ ရက္)ေန႔တြင္ မီဒီယာမ်ားအား အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

ဗဟိုဘဏ္အေနျဖင့္ အစိုးရ၏ ဒီဂ်စ္တယ္စီးပြားေရးကို အေကာင္အထည္ေဖာ္ရာတြင္ ဒီဂ်စ္တယ္ေငြေပးေခ်မႈကို ပိုမိုအေလးေပးအေကာင္အထည္ေဖာ္ေနၿပီး ေငြသားစီမံခန႔္ခြဲမႈ အစီအ စဥ္မ်ားအတိုင္း Digital Platform မ်ား တည္ေဆာက္ထားေၾကာင္း သိရသည္။ ထို႔ျပင္ ဘဏ္မ်ားမွ Payment Platform မ်ားတည္ေဆာက္လ်က္ရွိၿပီး လက္ရွိတြင္လည္း အဆင္ေျပစြာ ေဆာင္႐ြက္ေနကာ ႏိုင္ငံတကာေငြေပးေခ်မႈတြင္လည္း ဘဏ္မ်ားမွတစ္ဆင့္ေဆာင္႐ြက္ႏိုင္ေရး အေလးေပးေဆာင္႐ြက္ေနေၾကာင္း ေဒါက္တာလင္းေအာင္က ဆိုထားသည္။

အလားတူ ဘဏ္မ်ားအေနျဖင့္ သတ္မွတ္စည္းမ်ဥ္းစည္းမကမ္းမ်ားႏွင့္အညီ ေငြသားထုတ္ယူခြင့္ျပဳႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ယခင္ကပင္အႀကိမ္ႀကိမ္ၫႊန္ၾကားထားၿပီး ဥပမာအားျဖင့္ Special Account ျဖစ္ပါက ေငြသားထည့္သြင္းခဲ့သည့္ပမာဏအတိုင္း ထုတ္ယူခြင့္ျပဳထားေၾကာင္း ေဒါက္တာလင္းေအာင္က အသိေပးထားသည္။

ထို႔ျပင္ ေငြေပးေခ်မႈမ်ား လွ်င္ျမန္စြာ အဆင္ေျပႏိုင္ေစရန္အတြက္ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈနည္းလမ္းမ်ားျဖစ္သည့္ Electronic Card မ်ားျဖင့္လည္းေကာင္း၊ ဘဏ္မ်ား၏ မိုဘိုင္းဘဏ္လုပ္ငန္းႏွင့္ Mobile Pay မ်ား၊ Internet ဘဏ္လုပ္ငန္းမ်ား၊ Mobile Wallet မ်ားအသုံးျပဳ၍ ေငြလႊဲေျပာင္းေပးေခ်မႈမ်ား ေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေငြေပးေခ်မႈမ်ားႏွင့္ ေငြေၾကးလႊဲေျပာင္းျခင္းမ်ားအတြက္ အကန႔္အသတ္မရွိ ေဆာင္႐ြက္ႏိုင္ၿပီး စိုးရိမ္ပူပန္မႈမရွိရန္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုဥကၠ႒ ေဒါက္တာလင္းေအာင္က အသိေပးထားသည္။

သို႔ေသာ္ ျပည္သူမ်ားအေနျဖင့္ မိမိအပ္ႏွံထားသည့္ အပ္ႏွံေငြအမ်ိဳးအစားေပၚမူတည္၍ ေငြထုတ္ယူရာတြင္ ကြဲျပားမႈမ်ားရွိႏိုင္ၿပီး ေငြစုဘဏ္စာရင္း Saving Account ဆိုပါက (၁) ပတ္ (၁) ႀကိမ္ ေငြထုတ္ယူႏိုင္ကာ စာရင္းေသအပ္ေငြ Fix Deposit ဆိုပါက သက္တမ္းျပည့္သည့္ အခ်ိန္မွသာ ေငြထုတ္ယူႏိုင္မွာျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.