ရှမ်းပြည်နယ်က တန့်ယန်မြို့သို့ “ဝ” UWSA က အင်အားအများအပြားဖြင့် ဝင်ရောက်လာ

 4627

သုတကျော် (NP News) - ဇူလိုင် ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တည်ရှိသော တန့်ယန်မြို့သို့ “ဝ” အဖွဲ့ UWSA က အင်အားအများအပြားဖြင့် ယမန်နေ့ (ဇူလိုင်လ ၁ဝ ရက်) တွင် စတင် ဝင်ရောက်လာခဲ့ကြောင်း ထွက်ပေါ်နေသည့် ဗွီဒီယိုမှတ်တမ်းများအရ သိရသည်။
အဆိုပါဗွီဒီယိုတွင် ကားအများအပြား ပါဝင်ပြီး အင်အား ထောင်ချီမည်ဟု ခန့်မှန်းရကာ UWSA အလံ လွှင့်ထူထား သည်ကိုလည်း တွေ့မြင်ရသည်။
“သတင်းတွေအရတော့ တချို့က တန့်ယန်မှာ ကျန်ပြီး တချို့ကတော့ ဆက်ထွက်သွားတယ်လို့ ပြောတယ်။ အခြေ အနေကို မသိရသေးဘူး။ ကျွန်တော်တို့လည်း ကြားပါတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ထွက်ပေါ်နေသောသတင်းများအရ UWSA ၏ ၁၇၁ စစ်ဒေသမှ အင်အားများနှင့် တပ်မဟာ ၃၁၈ မှ အင်အားများ ပါဝင်သည်ဟု ဆိုသော်လည်း အဆိုပါအချက်ကို သီးသန့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Zawgyi Version;
ရွမ္းျပည္နယ္က တန႔္ယန္ၿမိဳ႕သို႔ “ဝ” UWSA က အင္အားအမ်ားအျပားျဖင့္ ဝင္ေရာက္လာ
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၁

ရွမ္းျပည္နယ္ ေျမာက္ပိုင္း တြင္ တည္ရွိေသာ တန႔္ယန္ၿမိဳ႕သို႔ “ဝ” အဖြဲ႕ UWSA က အင္အားအမ်ားအျပားျဖင့္ ယမန္ေန႔ (ဇူလိုင္လ ၁ဝ ရက္) တြင္ စတင္ ဝင္ေရာက္လာခဲ့ေၾကာင္း ထြက္ေပၚေနသည့္ ဗြီဒီယိုမွတ္တမ္းမ်ားအရ သိရသည္။
အဆိုပါဗြီဒီယိုတြင္ ကားအမ်ားအျပား ပါဝင္ၿပီး အင္အား ေထာင္ခ်ီမည္ဟု ခန႔္မွန္းရကာ UWSA အလံ လႊင့္ထူထား သည္ကိုလည္း ေတြ႕ျမင္ရသည္။
“သတင္းေတြအရေတာ့ တခ်ိဳ႕က တန႔္ယန္မွာ က်န္ၿပီး တခ်ိဳ႕ကေတာ့ ဆက္ထြက္သြားတယ္လို႔ ေျပာတယ္။ အေျခ အေနကို မသိရေသးဘူး။ ကြၽန္ေတာ္တို႔လည္း ၾကားပါတယ္” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေနထိုင္သူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ထြက္ေပၚေနေသာသတင္းမ်ားအရ UWSA ၏ ၁၇၁ စစ္ေဒသမွ အင္အားမ်ားႏွင့္ တပ္မဟာ ၃၁၈ မွ အင္အားမ်ား ပါဝင္သည္ဟု ဆိုေသာ္လည္း အဆိုပါအခ်က္ကို သီးသန႔္ အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

Related news

© 2021. All rights reserved.