“ကျွန်တော်က နှစ်ခါတောင်သေပြီးပြီ ကောလင်းမှာတုန်းကလည်း ကျွန်တော့်ပုံကြီးနဲ့” -- ရှားတောတိုက်ပွဲ၌ သေဆုံးသွားပြီဟု နေမျိုးဇင်ပြောခဲ့သော တပ်မတော်အရာရှိနှင့်မေးမြန်းခြင်း
22754
သန့်ဇင် (NP News) - ဇူလိုင် ၁၂
ကယားပြည်နယ်၊ ရှားတောမြို့ရှိ ဗျူဟာကုန်း စခန်းကို KNPP၊ KNDF နှင့် PDF
ပူးပေါင်းအဖွဲ့ တို့က အင်အားအလုံးအရင်းသုံးကာ ရက်ပေါင်း(၃၀)(သို့မဟုတ်) တစ်လအကြာ ပိတ်ဆို့၍ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှဆုတ်ခွာခဲ့ရသည်။ အဆိုပါတိုက်ပွဲကာလအတွင်း တပ်မတော်မှဗိုလ်ကြီး ရဲထွဋ်ဦးသည် တပ်ခွဲမှူးတာဝန်ကို ယူခဲ့ရသူဖြစ်သည်။ အဆိုပါတိုက်ပွဲကာလအတွင်း ၎င်းမှာကျဆုံးသွားခဲ့သည်ဟုလည်း အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်းနေသူ နေမျိုးဇင်၏ပြောဆိုခြင်းခံခဲ့ရသူလည်းဖြစ်သည်။အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ဗိုလ်ကြီးရဲထွဋ်ဦးထံ ၎င်း၏အတွေအကြုံများကို The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားမှုများကို NP News က မူရင်းအတိုင်းကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - အရင်ဆုံးရှားတောဒေသအကြောင်းလေး ပြောပေးပါခင်ဗျာ။
ဖြေ - ရှားတောကတော့ အရင်တုန်းကတော့ရွာပေါ့။ အရင်ကတော့ အညိုရောင်နယ်မြေပဲ လက်နက်ကိုင်အဖွဲ့အစည်း KNPP ရှိတယ်။ ကလလတ (ကရင်နီ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ရှိတယ်။ အရင်တုန်းကတော့ စစ်ဆင်ရေးနယ်မြေထဲမှာပါတယ်။ နောက်ပိုင်း ပွင့်လင်းမြင်သာခေတ်ရောက်တဲ့အခါမှာ ကလလတ တို့ကလည်း ငြိမ်းချမ်းရေးယူတယ်။ ကယားလူမျိုးအများဆုံးနေကြတယ်။ ကယားရှိတယ်။ ပြီးတော့ ဗမာအနည်းငယ်ရှိတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်မယ်ဆိုတော့ဖွင့်ပေးလိုက်တာပေါ့။ အရင်ကတော့ အိတ်ချိန်းရုံးဆိုလည်း သေးသေးလေး။ နောက်ပြီး ဆေးရုံဆိုလည်း သေးသေးလေးပဲရှိတာ။ ကျေးလက်ဆေးပေးခန်းလောက်ပဲရှိတာ။ နောက်ပိုင်းတော့ ရှားတောဒေသက ရှယ်ကြီးဖြစ်သွားပြီး MRTV Station တွေ၊ ပြီးရင် ဆေးရုံဆေးခန်းအကြီးကြီးတွေနဲ့ ရဲစခန်းလည်းရှိသွားတယ်။ ကျောက် ကြမ်းလမ်းပေါ့။ ရှားတောကိုသွားဖို့ဆိုတာ တော်တော်ခက်တယ်။ အခုတော့ လွိုင်ကော်-ရှားတောလမ်း ပေါက်သွားပြီ ပေါ့။ အရင်ကတော့ ရှားတောက သေးသေးလေးပဲရှိတာ။ နယ်မြေကိုက အညိုရောင်နယ်မြေသတ်မှတ်ထား တာ။ အဲဒီကနေ တောင်ပေါ်ရွာလေးတွေကို အောက်ကိုဆွဲချပြီး စုပေါင်းရွာလေးတည်လိုက်တာ။ အဲဒါက ရှားတောမြောက် ဘက်မှာရှိတယ်။ စုပေါင်းရွာ ၁၊ ၂၊ ၃၊ ၄ ဆိုပြီးရှိတယ်။ ဒေသကတော့ တော်တော်ဖွံ့ဖြိုးလာ တာပေါ့။ အဲဒီကနေ လူကလည်းအရမ်းများလာတာပေါ့။ အဲဒီနောက်ပိုင်း တောင်ယာလုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေပေးခဲ့တာပေါ့။ အဲဒီမှာ လုပ်ငန်းတွေရှိလာတော့ လမ်းတွေတောင် စဖောက်လာတာပေါ့။ အရင်တုန်းကတော့ တာတမော့ထိကို မြေလမ်းပဲရှိတာ။ အခုတော့ ကျောက်လမ်းခင်းပြီးသွားလို့လာလို့ရတဲ့အထိကိုလုပ်ထားပြီးပြီ။ လျှပ်စစ်မီးဆိုလည်း တာတ မော့ထိကို အကုန်လုပ်ထားပြီးပြီ။ အခုဟိုကောင်တွေက အဲဒီဒေသကိုလိုချင်တယ်ဆိုတာက စီးပွားရေးလမ်းကြောင်း သင့်တဲ့အထဲက တစ်ခုပါတာပေါ့။ အရင်ကရှိခဲ့တဲ့ EAOs အဖွဲ့တွေက ဘာလုပ်လဲဆိုတော့ သံလွင်မြစ်ကမ်းဘေးတောက်လျှောက်က ကျွန်းသစ်တအားပေါတယ်။ အဲဒီက ကျွန်းတွေဖြတ်တယ်။ ဖောင်ဖွဲ့ပြီးတော့ အောက်ဘက်ရွာသစ်ဘက်ကို ဆွဲချတာ။ ရွာသစ်ဆိုတာ အရင်ကတော့ ရွာကြီးပေါ့။ အခုတော့ မြို့ငယ်တစ်ခုဖြစ်နေပြီ။ နောက်ပြီး ဘော်လခဲတို့ဘက်ကို ဆွဲချပြီး တချို့ဖောင်တွေဆို ယိုးဒယားထိပို့ကြတယ်။ အဲဒါနဲ့ရပ်တည်ကြတာပေါ့။ လွိုင်ကော်နဲ့ကတော့ မိုင်(၄၀)ကျော် (၅၀)ဝန်းကျင် လောက်အထိတော့ ဝေးတယ်။ လမ်းတွေကတော့ အကွေ့အကောက်ပေါတယ်။
မေး - ရှားတောတိုက်ပွဲစတင်ဖြစ်ပွားတဲ့အခြေအနေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပုံကို ပြောပြပေးပါခင်ဗျာ။
ဖြေ - သူတို့ကလွိုင်ကော်ကိုတိုက်တယ်။ လွိုင်ကော်ကို တိုက်ပြီးတဲ့နောက်မှာ ရှားတောကိုလာတဲ့ဘက်မှာ ပွန်ချောင်း စခန်းဆိုတာရှိတယ်။ အဲဒီ ပွန်ချောင်းစခန်းကိုလည်း သူတို့က အင်အားအလုံးအရင်းနဲ့တိုက်ပစ်လိုက်တယ်။ ပွန်ချောင်း စခန်းကျတာပေါ့။ ကျတဲ့အချိန်မှာ ရှားတောဗျူဟာကျန်မယ်။ ကျွန်တော်တို့ ဟိုဘက်က စဉ့်ဝင်တောင်စခန်းကျန်မယ်။ ဒီဘက်ဆိုရင် တာတမော့ပေါ့။ အဲဒီလိုကျန်တဲ့အချိန်မှာ ရှားတောကတော့ ဗျူဟာတစ်ခုပဲရှိတာကို။ ဗျူဟာက ထီးထီး ကြီးဖြစ်နေတာ။ အဲဒီအချိန်မှာ သူတို့က ရှားတော့ ဗျူဟာကိုလုံးတာ။ လုံးတဲ့အချိန်မှာ ရှားတော ဒေသမှာကျတော့ ဘယ်အရပ်သားမှမရှိတော့ဘူး။ တိုက်ပွဲတွေဖြစ်ပြီဆိုတည်းက ဒေသခံတစ်ယောက်မှ မရှိတော့ဘူး။ မြို့ပျက်ကြီး လိုဖြစ်သွားတာ။ အဲဒီနောက် ဗျူဟာကိုစစ်ကူပေးဖို့ဆိုပြီး (၂)လပိုင်း (၃)ရက်နေ့မှာပေါ့။ ကျွန်တော်တို့ကို လေယာဉ်နဲ့ ပို့တာ။ အဲဒီမှာ (၃)ရက်နေ့မှာ ရဟတ်ယာဉ်နဲ့ဆင်းပြီးတော့ (၄) ရက်နေ့ မနက် (၈)နာရီ (၁၀)မိနစ်လောက်မှာ တိုက်ပွဲ စဖြစ်တာပါ။ သူတို့ဘက်က အင်အား(၇၀ဝ)ကျော်ပေါ့။ အဲဒီလောက်နဲ့ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲဖြစ် တော့ ကျွန်တော်တို့အဖွဲ့တွေ ခွဲပြီးတော့ ဖြန့်ဆုတ်တာပေါ့။ ကျတဲ့လူတွေလည်းကျခဲ့ တာပေါ့။ အဲဒီမှာ ထူးခြားတာလေး တစ်ခုက (၃)ရက်နေ့ ညနေခင်းမှာက KNDF က သူပုန်တစ်ယောက်မိတယ်။ ယောကျာ်းလေးတစ်ယောက်ပေါ့။ နောက်ပြီး မိန်းကလေး (၃)ယောက်မိတယ်။ ကလေးက (၂)ယောက်မိတယ်။ မိတာကိုလည်း ကျွန်တော်တို့က အမျိုးသမီးတွေကိုတော့ လက်ပြန်ကြိုးမတုပ်ဘူး။ မိထားတဲ့ကောင်လေးကို လက်ပြန်ကြိုးတုပ်ထားတယ်။ ခါးချိုး သေနတ်တစ်လက်လည်းမိတယ်။ ယူနီဖောင်းနဲ့ဆိုတော့ သူ့ကိုတော့ လက်ပြန်ကြိုးတုပ်တယ်။ မိန်းကလေးကိုတော့ လက်ပြန်ကြိုးမတုပ်ဘူး။ ကြားညှပ်ပြီး စစ်ကြောင်းနဲ့ခေါ်လာတာ။ နောက်နေ့တိုက်ပွဲ ဖြစ်တဲ့အချိန်ကျတော့ အဲဒီ အမျိုးသမီးတွေက နဂိုကတည်းက လွှတ်ထားတာဆိုတော့ အမျိုးသမီး (၃)ယောက်နဲ့ ကလေးနဲ့က ပြေးကြတာပေါ့။ အဲဒါကို ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အဲဒီကောင်တွေက ပစ်သတ်လိုက်တာ။ ပြေးတာကလည်း သူတို့ ဘက်ကိုပြေးတာပါ။ သူတို့အချင်းချင်းပြန် ပေါင်းမိအောင်ပြေးတာကို သူတို့ကပဲ ဆီးပြီးပစ်သတ် လိုက်တာ။ ပြီးတော့ ကျွန်တော်တို့ဘက်က သတ်တာ ပါဆိုပြီးတော့ နေမျိုးဇင်တောင် ပြောထားပါသေး တယ်။ သူတို့ပဲသတ်တယ်။ သူတို့ပဲ ဓာတ်ပုံမှတ်တမ်း တွေရိုက်ပြီးတော့ တင်ကြတာပေါ့။ အဲဒါနဲ့ကျွန်တော်တို့လည်း စစ်ကြောင်းတွေပြန်ခွဲတာပေါ့။ လူ(၆၀)ကျော်ကိုပြန်ခွဲ။ ကျတဲ့လူလည်းကျဆိုတော့ ပြန်စုပြီးအဖွဲ့လိုက်အဖွဲ့လိုက်ပြန်ခွဲရတာပေါ့။ ကျွန်တော်က တစ်ဖွဲ့၊ အဘလေးဦးစီးပြီးတစ်ဖွဲ့ပေါ့။ အဖွဲ့ငယ်တွေ ဖွဲ့ ၁၅ ယောက်၊ ၁၆ယောက်အဲဒီလို အဖွဲ့ဖွဲ့ပြီး ဆုတ်တာပေါ့။ ကျွန်တော် ကတော့ ရှားတောဗျူဟာကို သွားပေါင်းလိုက်တာ။ ဗျူဟာကိုသွားပေါင်းတဲ့အချိန်မှာ ဗိုလ်မှူးကြီးÓဏ်လင်းထက်ဆိုတာ တော်တော်ကို စိတ်မာတဲ့အထဲမှာပါတယ်။ နေမျိုးဇင်က အော်နေတာ။ ကျွန်တော်နဲ့ဗျူဟာနဲ့ဆိုရင် မီတာ(၂၀ဝ) လောက်ရှိတယ်။ ကျွန်တော်တို့လည်း ဗျူဟာကို ပြေးကပ်လို့မရဘူး။ ဗျူဟာကလည်း ကျွန်တော့်ဘက်ကို ဆင်းလာ လို့မရဘူး။ ကျွန်တော်က ချာ့ချ်ကျောင်း ကုန်းကနေပစ်တယ်။ ဒါပေမဲ့ ဗျူဟာနဲ့ ကျွန်တော်တို့ ကြားထဲမှာကို သူက ကျွန်တော်တို့ဘက်ကို ပြန်လှည့်တိုက်လိုက်။ ဗျူဟာဘက်ကိုလှည့်တိုက်လိုက်နဲ့ ဒရုန်းနှစ်စင်းနဲ့ ဗျူဟာကို ဗုံးတွေကြဲတာ။ အဲဒီမှာလည်း လေယာဉ်ကလည်းပစ်ကူပေးပါတယ်။ လေယာဉ်ပစ် ကူလာတဲ့အချိန်ဆို ဒီကောင်တွေက ကတုတ်ကျင်း တွေထဲပြေးဝင်သွားကြတယ်။ လျှိုထဲဆင်းပြေးတယ်။ လေယာဉ်သံငြိမ်သွားပြီဆိုရင် ပြန်တက်တယ်။ ကျွန်တော်တို့နဲ့ ဗျူဟာကိုပြန်တိုက်တယ်။ ခက်တာက ဗျူဟာကလည်း ကျွန်တော့်ကိုလာပေါင်းလို့မရ ကျွန်တော်က လည်း ဗျူဟာကိုသွားပေါင်းလို့မရနဲ့ ဖြစ်နေတာ။ နောက်ဆုံးကျသူတို့က ဘယ်လိုလုပ်လဲဆို ခြံစည်းရိုးတွေနဲ့ ခြံစည်းရိုးအုတ်တိုင်တွေကို လေးဘီးကားနဲ့ သံကြိုးနဲ့ဆွဲပြီး တိုင်တွေကို ချိုးပစ်လိုက်တာ။ ပြေးတက်တော့ မိုင်းကွင်းထဲမှာ ဒီကောင်တွေဘက်က တော်တော်ကျတယ်။ တိုက်ပွဲက (၄) ရက်နေ့မှာ တစ်ကြိမ်ဖြစ်တယ်။ (၇)ရက် နေ့မှာ တစ်ကြိမ် ထပ်ဖြစ်တယ်။ လေယာဉ်ပစ်ကူ ထပ်တောင်းတယ်။ (၁၁) ရက်နေ့မှာ ထပ်ဖြစ်တယ်။ (၄၊ ၇၊ ၁၁၊ ၁၂၊ ၁၃) မှာတောက် လျှောက်ဖြစ်တာ။
မေး - ရှားတောဒေသက စစ်ရေးအရခက်ခဲတဲ့ဒေသတစ်ခုလိုဖြစ်သွားတာလားခင်ဗျ။
ဖြေ - ခက်ခဲတဲ့ဒေသတစ်ခုပေါ့။ လမ်းကလည်းတစ် လမ်းသွားသာသာပဲရှိတယ်။ ကတ္တရာလမ်းတော့ ပေါက်သွားပါတယ်။ အရင်ကတော့ ကျောက်ကြမ်း လမ်းတွေပေါ့။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ရှားတောထိကို ကတ္တရာလမ်း ပေါက်သွားပြီပေါ့။ ပြီးရင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလုပ်ဖို့ကို တာတမော့ထိကို လုပ်ထားတာရှိတယ်။ တာတမော့မှာ စခန်းလည်းရှိတာပေါ့။ အရင်တုန်းကကျွန်တော်တို့ စစ်ဆင်ရေးလမ်းကြောင်းအနေနဲ့တိုးတာ။ နောက်ပိုင်း ကျတော့ ယိုးဒယားထိပေါက်ရင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ဖို့ပေါ့။ အစကတော့ KNPP တို့ဆိုတာ လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့အထဲ မှာပါတာပေါ့။ နောက်ပြီး ကလလတ တို့ဆိုရင်လည်း ကိုယ်တွေနဲ့ ညီအစ်ကိုတပ်ဖွဲ့လိုနေလာတာ။ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ။ နောက်ဆုံး ဒို့အရေးတွေစတော့မှ ထောက်ပံ့ကြေးတွေနဲ့ မက်လုံးတွေကြောင့် အသွင်ပြောင်းသွားကြတာ။ ဒီမှာလမ်းပြလုပ်တာကတော့ KNPP ကဦးဆောင် လမ်းပြလုပ်တယ်။ သူတို့ကနယ်မြေအခြေအနေ ကျွမ်းတဲ့အတွက် သူတို့က အင်အားအဲဒီလောက် မရှိဘူး။ KNDF မာဝီတို့အဖွဲ့ရှိမယ်။ ပြီးရင် မိုးဗြဲတို့၊ ပင်လောင်းတို့၊ လွိုင်ကော်တို့၊ ဆီဆိုင်တို့ဘက်က ဗမာ PDF တွေရှိတယ်။ ဖြစ်တော့လည်းဘာလုပ်လဲဆိုတော့ KNPP တို့က လမ်းပြပေးတယ်။ နောက်ကပဲနေတယ်။ PDF ကိုရှေ့တင်ပြီး တိုက်ခိုင်းတာ။ PDF ကပဲရှေ့ကတိုက်တာ။ သေတော့လည်း သူတို့က ထိပ်ဆုံးကသေကြတာပေါ့။ အဲဒီလောက်ထိ ဖြစ်သွား တာဆိုတော့ ကျွန်တော်တို့လည်း သေပြီဘာညာ အပြောခံရတာပေါ့။ တကယ်ခံရတာက တိုင်းရင်းသား ဆိုတာ ဒီနယ်မြေကိုလိုလို့တိုက်နေတာ။ ကျွန်တော်တို့က စခန်းတွေ စွန့်ပေးလိုက်လို့ရတယ်။ နောက်ဆုံးကတော့ တိုင်းရင်း သားက သူတို့ဒေသကို သူတို့ပြန်ရ လိုက်တာပဲရှိတယ်။ ကျွန်တော်တို့ တပ်မတော်ကလည်း လူအင်အားတွေဆုံးရှုံးတယ် လက်နက်အင် အားတွေ ဆုံးရှုံးတယ်။ PDF ဆိုရင်လည်း သူတို့အတွက်အခွင့်အရေးရလားဆိုတော့ ဘာမှမရလိုက်ဘူး။ ကျွန်တော့်ကိုတော့ သေပြီဆိုပြီးပြောတာပေါ့။ ၁၂ ရက်နေ့မှာ ကျွန်တော်နဲ့ဗျူဟာနဲ့က မီတာ(၂၀ဝ)လောက်ရှိတယ်။ ဦးနေမျိုးဇင်ကတော့ မြဝတီအသံ လွှင့်ရုံထဲကနေ ဗျူဟာဘက်ကိုလော်စပီကာနဲ့အော်လိုက်။ ကျွန်တော့်ဘက်ကို လော်စပီကာနဲ့ အော်လိုက်နဲ့ပေါ့။
မေး - တိုက်ပွဲကကော ဘယ်လိုပုံစံ စဖြစ်ပြီး ဘယ်နေ့ကအပြင်းထန်ဆုံးလဲခင်ဗျ။
ဖြေ - (၄)ရက်နေ့ကတော့ အပြင်းထန်ဆုံးပေါ့။ အင်အား(၇၀ဝ)ကျော်နဲ့ ကျွန်တော်တို့ကိုပိတ်ပြီး တိုက်တာ။ အဲဒီနေ့က (၈)နာရီ၊ (၁၀)မိနစ်လောက်မှာ စပြီးဖြစ်တာ။ ကျွန်တော်ကတော့ ပွိုင့်မှာပဲ။ စစ်ကြောင်းနဲ့တောက်လျှောက်ပစ်တယ်။ (၁၂)နာရီ (၄၅)လောက်ထိဖြစ်တာပေါ့။ (၅)နာရီလောက်တော့ ဖြစ်သွားတာပေါ့။ ဗျူဟာက ဘန်ကာတွေကနေပစ် တယ်။ ကျွန်တော်က တောင်စောင်းကနေပစ်တယ်။ ဗျူဟာနဲ့တောင်စောင်းကြားထဲမှာကို (၁၂)ရက်နေ့က လူ(၂၀ဝ) လောက်ရှိတယ်။ ခြံစည်းရိုးတွေကို ကားတွေနဲ့ဆွဲချပြီး လေယာဉ်လာရင် စောစောကပြောသလို ကျင်းတွေထဲ ပြေးဝင် တယ်။ လျှိုတွေထဲဆင်းပြေး တယ်။ အိမ်တွေအောက်ဝင်ပုန်းနေတယ်။ ဘုရားကုန်း ပတ်ချာလည်က အိမ်တွေထဲမှာလည်း ဒီကောင်တွေရှိတယ်။ အိမ်တွေထဲမှာနေတဲ့ကောင်တွေကျတော့ လည်း နားစည်ကွဲပြီးသေတာတို့နဲ့ လက်နက်ကြီးအစ မှန်တာတို့ပေါ့။ တချို့ကတော့ လေယာဉ်လာပစ်ပြီး ငြိမ်သွားရင်ဗျူဟာကုန်းကိုတစ်ခါဝင်တိုက်တယ်။ တော်တော်ကို ပြင်းထန် ခဲ့တာပါ။ သူတို့က အင်အား အလုံးအရင်းနဲ့ (၃)ဖွဲ့ဝင်တိုက်တာ။
မေး - အဲဒီတိုက်ပွဲတွင်းမှာ တပ်မတော်က ဘယ်လောက်ကျပြီး PDF ပူးပေါင်းအဖွဲ့ဘက်ကရော ဘယ်လောက်ကျလဲ ခင်ဗျ။
ဖြေ - ကျွန်တော့်ဆီမှာ ဖြစ်ဖြစ်ချင်းနေ့မှာ အကျအ ဆုံး(၁၆)ယောက်ရှိတယ်ဗျ။ ပျောက်ဆုံးစစ်သည်က (၂၃) ယောက် ရှိတယ်။ ကျွန်တော့်မှာက (၆၄) ယောက်ရှိ တာပေါ့။ သူတို့ဘက်ကတော့ တော်တော်များတယ်ဗျ။ ကျွန်တော်နဲ့ ဖြစ်တာကိုမနည်းဘူး။ ကျွန်တော့်ကို ဝင်လုံးတဲ့အချိန်မှာ ကျတာတော့မနည်းဘူး။ ဒါပေမဲ့ ထုံးစံအတိုင်းပဲပေါ့။ သူတို့ကျ လားဆိုတော့ မကျဘူးပေါ့။
မေး - တိုက်ပွဲဖြစ်နေချိန်မှာကော ဒရုန်းအသုံးပြုမှု တော်တော်များလား ခင်ဗျ။
ဖြေ - သူတို့ကတော့ ဒရုန်းတအားသုံးတယ်ဗျ။ ဒရုန်းအသေးလေးတွေပါမယ်။ စစ်သုံးဒရုန်းကတော့ (၃၊ ၄) စင်းပဲ။ (၁၂)ရက်နေ့ကဆိုရင် ကျွန်တော့ခေါင်းပေါ် မှာ ပျံနေတာ စုစုပေါင်း(၄)စင်းရှိတယ်။ တစ်စီးတစ်ခါပျံပြီး ကြဲသွားတယ်။ အဲဒီအချိန်မှာ နောက်တစ်စင်းက ဗုံးသီးသွားချိတ်တယ်။ ဆက်တိုက်ဆိုသလို ပျံနေတာ။ အဲဒီအချိန်တွေမှာ လေယာဉ် ပစ်ကူအနေနဲ့ A-5 ဗုံးကျဲ လေယာဉ်နဲ့လာပြီး ဗုံးကြဲပေးတယ်။ ဂျက်ဖိုက်တာ F - 7 နဲ့က ပစ်ပေးတယ်။ အဓိကကတော့ A-5 လေ ယာဉ်နဲ့ အဓိကဗုံးကြဲပေးတယ်။ တိကျမှုရှိပေမယ့် မြေအောက်ကတုတ်ကျင်းတူးထားတော့ ထိရောက်မှုတော့ နည်းတာပေါ့။ ကျတာတော့ကျတယ်။ ဒီကောင်တွေဘက်က တော်တော်ကိုကျတယ်။ (၄)ရက်နေ့ဖြစ်က တည်းက ဒီကောင်တွေမနည်းဘူးကျတာ။ အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲငယ်တွေဖြစ်တာပေါ့။ ပစ်ပြီးလုံးလိုက် ခံပစ်ပြီးဆုတ် လိုက်နဲ့။ ကျွန်တော့်ဘက်ကလည်း အင်အားအရမ်းနည်းသွားတဲ့အခါမှာ ခံပစ်ပြီး ဆုတ်လိုက်နဲ့ သူတို့ကလည်း ရှမ်းပြည်နယ် အစပ်ထိကို လိုက်လုပ်တာ။
မေး - ဦးနေမျိုးဇင်ဘက်ကတော့ ဗိုလ်ကြီးကို တိုက်ပွဲ မှာကျသွားပြီလို့ အတိအလင်းပြောခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများတုံ့ပြန်ပြောကြားချင်တာမျိုးရှိပါသလဲ။
ဖြေ - ကျွန်တော်ကတော့ရယ်နေရတာပေါ့ဗျာ။ သူပြောတဲ့အတိုင်းဆို ကျွန်တော်က (၂)ခါတောင်သေ ပြီးပြီ။ ကောလင်းမှာတုန်းကလည်း ဗိုလ်ကြီးရဲထွဋ်ဦးကျပြီဆိုပြီးတော့ ကျွန်တော့်ပုံတွေနဲ့တွေ့လိုက်ပါတယ်။ အဲဒီတုန်းက လည်း ကျွန်တော့်မှာ ဂစ်တာတီးပြီး သီချင်းဆိုပြလိုက်တယ်။ သူတို့က မဟုတ်တာပဲ လွှင့် နေတာလေ။ ကျွန်တော်တို့ကို တစ်စိတ်ဆို တစ်အိတ် လုပ်တာ သူတို့ဘက်ကပေါ့။ ကျွန်တော့်နာမည်ဆိုသူက အလွတ်ရသလောက်ဖြစ်နေပါပြီ။
မေး - တိုက်ပွဲအတွင်းမှာကော ဗိုလ်ကြီးအနေနဲ့ ဒဏ်ရာရတာမျိုးတွေရှိခဲ့လား။
ဖြေ - အခက်အခဲတစ်ခုက ၄ ရက်နေ့ကတည်းက ကျွန်တော်ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ ကျွန်တော့်မှာ ဘယ်ဘက်ခြေသလုံးက တစ်ချက်။ ညာကျတော့ ပေါင်ကြောပေါ့။ အဲဒီမှာတစ်ချက်။ မျက်နှာမှာ တစ်ချက်နဲ့ လည်ကုပ်မှာ တော့ အခုထိအစဆွဲ မထုတ်ရသေးဘူး။ ဒဏ်ရာတော့ပြင်းတာပေါ့။ ဒါပေမဲ့ တပည့်တွေကိုအတင်းဆွဲခေါ်ပြီး အားပေး ရတယ်။ ရေသောက်စရာတောင်မရှိတော့ ချောင်းတို့လျှိုတို့ကြားကနေ ငှက်ပျောပင်ခုတ်ပြီး ငှက်ပျောအူစားရတာပေါ့။ ငှက်ပျောရေလည်း ညှစ်သောက်ရတာ။ အဲဒါနဲ့ ၁၃ ရက်နေ့ကနေပြီး ရှမ်းပြည်ဘက်ကိုဖောက်ထွက်ရ တာပေါ့။ အဲဒီကနေ သူတို့ဘက်ကလည်း တောက် လျှောက်လိုက်တိုက်တာပေါ့။ ဒရုန်းတွေနဲ့ ကင်း ထောက်ပြီးတော့ ဆိုင်ကယ်တွေ ကားတွေနဲ့လိုက် တိုက်တာ။ တောလမ်းတွေကနေပြီးတော့ပေါ့။ အဲဒီ တော့ ခံပစ်ပြီးတော့ ရှေ့ကိုဖောက်ထွက်သလိုနဲ့ အဲဒီ နားမှာ ခွေနေရင်လည်း ခွေနေရတယ်။ အဲဒီလိုနဲ့ အရင်ကတော့ တာတမော့ဘက်ကိုတက်မယ်ဆိုတော့ အဲဒီကောင်တွေက တာတမော့ကိုတိုက်ပြီး ရေထဲက မော်တော်လေးတွေကိုလည်း ဒရော့ဗုံးချပြီး ဗုံးကြဲပစ်လိုက်တာ။ အဲဒီတော့တာတမော့ကိုလည်း ကပ်လို့မရဘူး။ တာတမော့ကိုလည်း သူတို့ကပိတ်ပစ်လိုက်တာ။ အဲဒီတော့ ရှားတောကနေ အရှေ့မြောက်ဘက်ကျ မှာပေါ့။ အဲဒီဘက်မှာရှိတဲ့ လေးအိမ်စုပြီးရင် စလောင်းပေါ့၊ အဲဒီပြီးတော့မှ တာတမော့ ရှိတယ်။ ကျွန်တော်က စလောင်းဆိုတဲ့ရွာလေးကနေ အထက် ကိုမှန်းပြီး ဖြတ်တက်ပစ်လိုက်တာ။ အဲဒီကို ဖြတ်တက် ပြီးမှ သံလွင်ကိုရအောင်ဖောက်ထွက်ပြီးတော့မှ ရှမ်းပြည်ဘက်ကို ဆန်တက်တာပေါ့။ ကျွန်တော့်မှာဆို (၁၆) ယောက်ရှိတော့ (၁၁)ရက်နေ့တိုက်ပွဲမှာထပ်ကွဲ သွားတာ။ အဲဒီ (၁၆) ယောက်ကို သူတို့ကလူ (၁၅၀) ကျော်နဲ့ လိုက်တိုက်တာ။ အင်အားများတာပေါ့။ ဘာလို့ဆို ပွန်ချောင်းကိုပိတ်ပစ်လိုက်ပြီး လွိုင်ကော် ဘက်ကအဖွဲ့တွေရော KNPP၊ KNDF နဲ့ PDF အကုန်စုပြီး ရှားတောဗျူဟာကိုတိုက်မယ်ဆိုပြီး စုလာတာပေါ့။
မေး - ဗျူဟာကုန်းက တိုက်ပွဲအခြေအနေမှာကော ဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပေးမှုတွေလုပ် ပေးခဲ့လဲ ခင်ဗျ။
ဖြေ - အကုန်လုံးတော့ ပြင်ဆင်မှုတွေလုပ်ပေးပါတယ်။ Airdrop တွေချပေးတယ်။ ကျွန်တော်တို့ကိုလည်း ချပေးတယ်။ ဒါပေမဲ့ လေယာဉ်နဲ့ Airdrop ချတဲ့စနစ်က အားနည်းတယ်။ သူများနိုင်ငံတွေမှာ ဒီဧရိယာမှာ ချမယ်ဆို ဘယ်လောက်မှ မဝေးဘူး လေယာဉ်ကို ရည်မှန်းချက်အနီးဆုံးနေရာကိုတည်ပြီး ပစ်ချလိုက်တာ။ ကျွန်တော်တို့ နိုင်ငံမှာကျတော့ ဗျူဟာ ဆိုရင် ဗျူဟာပတ်ချာလည်ကို မီတာ ၈၀ဝ ဆိုပြီးတောင်းတယ်။ ဗျူဟာဆိုတာက အထဲကနေတောင်အပြင် ထွက်လို့ မရတာ။ ဗျူဟာကုန်းဆိုတာလည်း ဘုရား ကုန်းပတ်ချာလည်က မီတာ ၂၀ဝ လောက်ပဲကျယ် တာလေ။ အဲဒါကို ဘုရားကုန်းရဲ့ ပတ်ချာလည် မီတာ ၈၀ဝ ဆိုတော့ ဒီအတွင်းမှာ Airdrop အထုပ်ကို လိုက်ကောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ပြီးတော့ ဗျူဟာကုန်းဆိုတာ ပတ်လည်မှာမိုင်းတွေချထားတာရှိတယ်။ အဲဒီတော့ အပြင်ပြန်ထွက်ဖို့ကျတော့ သံဆူးကြိုး ကာ ထားတာရှိတယ်။ အပြင်ကျတဲ့ အထုပ်ကျတော့ ဗျူဟာကောက်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒါတွေတော့ ဟိုကောင် တွေပဲရတာ။ ကျွန်တော်တို့လည်း ချပေးတယ်။ တစ်မိုင်အတွင်းမှာ အဲဒီအထုပ်ကို တောထဲ မှာလိုက်ရှာဖို့ဆိုတာ မလွယ်ဘူး။ ပြီးတော့ ဟိုကောင်တွေက တောက်လျှောက်ပိတ်ထားတာဖြစ်တဲ့အတွက် ဘယ်နားကျတယ်ဆိုတာနဲ့ အဲဒီနေရာကို ဟို ကောင်တွေက ကြိုစောင့်ထားပြီးပြီ အဲဒါတော့ သူတို့က သာသွားတာပေါ့။
မေး - ရှားတောဗျူဟာ ကုန်းကျခဲ့တာက ဘာလိုအပ်ချက်ကြောင့်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ - လက်နက်ခဲယမ်းလိုအပ်ချက်အပြင်ကိုမှ အင်အားကလည်း ကွာသွားတယ်။ ကျွန်တော်တို့ဆီမှာက လက်နက် ခဲယမ်းကပါရမယ့်ဝန်ထက်ပိုများနေ တယ်ပေါ့။ အဲဒီအတွက်ကြောင့် အချိန်မှီခရီးမရောက် နိုင်တာလည်း ပါသွားတယ်။ ဝိတ်ကများသွားတယ်။ ကျွန်တော်သယ်ရမယ့်လက်နက်ခဲယမ်းအပြင်ကို ဗျူဟာအတွက် ခဲယမ်းတွေထပ်ပါလာတယ်။ တိုက် တော့လည်း လူအင်အားက (၆၄) ယောက်ပဲရှိတယ်။ သူတို့ဘက်က ၅၀ဝ နဲ့ ၇၀ဝကြားမှာရှိတယ်။ တအား ကြီးကိုကွာဟနေတာဆိုတော့ (၁၂)နာရီ (၄၅) မှာ ဗျူဟာကုန်းကျတယ်။ တောင့်ခံထားတာက တစ်နာရီ ကျော်ကြာ တယ်။ ဘယ်လိုမှမရတော့ဘူး။ ကျွန်တော်တို့ ကုန်းကိုတောင် သူတို့ဘက်က သုံးဖက်သုံးတန် ပိတ်ထားတာ။ တောင် ဘက်တစ်ခြမ်းပဲဆင်းလို့ရတယ်။ ရှားတောဘက်ကိုလည်းဆင်းလို့မရဘူး။ အပေါ်လည်း ပြန်တက်လို့မရဘူး။ မြောက် ဘက်ကိုလည်း ပြန်လှန်တက်လို့မရဘူး။ ကျွန်တော်တို့အောက်မှာ လျှိုချောက်ကြီးရှိတယ်။ ဘယ်လိုမှတောင့်မခံနိုင်တဲ့ အခါ ကျတော့မှ လျှိုထဲကိုဆင်းရတော့တာ။ အဲဒီမှာလူစုက ကွဲကြတော့တာပဲ။
မေး - ရှားတောတိုက်ပွဲမှာ ဘယ်အဖွဲ့ကအများဆုံးဝင်တိုက်ခဲ့တာလဲခင်ဗျ။
ဖြေ - အများဆုံးကတော့ PDF ပေါ့။ သူတို့ကတော့ အခိုင်းအစေပဲလေ။ ကယားဒေသမှာတော့ PDF က အခိုင်းအစေပဲလေ။ ပြောရရင်တော့ သူတို့ကို ရှေ့တက်ပြီးသေခိုင်းထားတာပေါ့လေ။ အခုတော့လည်း လွိုင်ကော်မှာ အလင်းဝင်တဲ့လူ တွေရှိတယ်။ တချို့ကျတော့ အလုပ်ပဲလုပ်ချင်နေကြတာရှိတယ်။ မိသားစုကို ခြိမ်းခြောက်လို့ လုပ်နေကြတာ။ မူးယစ်ဆေးကြောင့် လည်းပါသလို တချို့ကျတော့လည်း သေမထူးနေ မထူးတွေပေါ့။ ကြားမိတာ တွေရှိတယ်။ ထွက်ပြေးရင် ပစ်သတ်ပစ်တာတဲ့။ အခုလည်း သူတို့အချင်းချင်းလည်း ပြဿနာတွေတက်ပြီး အချင်းချင်း ပြန်ပစ် သတ်တာတွေရှိတယ်။ အဓိကကတော့ တိုင်းရင်းသား က သူတို့အကျိုးရှိလို့လုပ်တာ။
မေး - ဟုတ်ကဲ့ပါ ဘာများဖြည့်စွက်ပြီးပြောချင်ပါသလဲခင်ဗျာ။
ဖြေ - ပြောချင်တာကတော့ တချို့ကိစ္စတွေမှာလည်း တပ်မတော်ကို အားမလိုအားမရတော့ဖြစ်တာပေါ့ဗျာ။ အောက်ကတင်ပြတဲ့အရာတွေက အထက်ကိုမ ရောက်သွားတာတွေလည်းရှိတယ်။ ကြားထဲမှာ ဟသွားတာလေး တွေပေါ့။
အခုလိုဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
“ကြၽန္ေတာ္က ႏွစ္ခါေတာင္ေသၿပီးၿပီ ေကာလင္းမွာတုန္းကလည္း ကြၽန္ေတာ့္ပုံႀကီးနဲ႔”
ရွားေတာတိုက္ပြဲ၌ ေသဆုံးသြားၿပီဟု ေနမ်ိဳးဇင္ေျပာခဲ့ေသာ တပ္မေတာ္အရာရွိႏွင့္ေမးျမန္းျခင္း
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၂
ကယားျပည္နယ္၊ ရွားေတာၿမိဳ႕ရွိ ဗ်ဴဟာကုန္း စခန္းကို KNPP၊ KNDF ႏွင့္ PDF
ပူးေပါင္းအဖြဲ႕ တို႔က အင္အားအလုံးအရင္းသုံးကာ ရက္ေပါင္း(၃၀)(သို႔မဟုတ္) တစ္လအၾကာ ပိတ္ဆို႔၍ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သျဖင့္ တပ္မေတာ္မွဆုတ္ခြာခဲ့ရသည္။ အဆိုပါတိုက္ပြဲကာလအတြင္း တပ္မေတာ္မွဗိုလ္ႀကီး ရဲထြဋ္ဦးသည္ တပ္ခြဲမႉးတာဝန္ကို ယူခဲ့ရသူျဖစ္သည္။ အဆိုပါတိုက္ပြဲကာလအတြင္း ၎မွာက်ဆုံးသြားခဲ့သည္ဟုလည္း အၾကမ္းဖက္အဖြဲ႕ႏွင့္ပူးေပါင္းေနသူ ေနမ်ိဳးဇင္၏ေျပာဆိုျခင္းခံခဲ့ရသူလည္းျဖစ္သည္။အဆိုပါ ကိစၥမ်ားႏွင့္ပတ္သက္၍ ဗိုလ္ႀကီးရဲထြဋ္ဦးထံ ၎၏အေတြအႀကဳံမ်ားကို The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားမႈမ်ားကို NP News က မူရင္းအတိုင္းေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - အရင္ဆုံးရွားေတာေဒသအေၾကာင္းေလး ေျပာေပးပါခင္ဗ်ာ။
ေျဖ - ရွားေတာကေတာ့ အရင္တုန္းကေတာ့႐ြာေပါ့။ အရင္ကေတာ့ အညိဳေရာင္နယ္ေျမပဲ လက္နက္ကိုင္အဖြဲ႕အစည္း KNPP ရွိတယ္။ ကလလတ (ကရင္နီ လူမ်ိဳးေပါင္းစုံျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦး) ရွိတယ္။ အရင္တုန္းကေတာ့ စစ္ဆင္ေရးနယ္ေျမထဲမွာပါတယ္။ ေနာက္ပိုင္း ပြင့္လင္းျမင္သာေခတ္ေရာက္တဲ့အခါမွာ ကလလတ တို႔ကလည္း ၿငိမ္းခ်မ္းေရးယူတယ္။ ကယားလူမ်ိဳးအမ်ားဆုံးေနၾကတယ္။ ကယားရွိတယ္။ ၿပီးေတာ့ ဗမာအနည္းငယ္ရွိတယ္။ ေဒသဖြံ႕ၿဖိဳးေရးလုပ္မယ္ဆိုေတာ့ဖြင့္ေပးလိုက္တာေပါ့။ အရင္ကေတာ့ အိတ္ခ်ိန္း႐ုံးဆိုလည္း ေသးေသးေလး။ ေနာက္ၿပီး ေဆး႐ုံဆိုလည္း ေသးေသးေလးပဲရွိတာ။ ေက်းလက္ေဆးေပးခန္းေလာက္ပဲရွိတာ။ ေနာက္ပိုင္းေတာ့ ရွားေတာေဒသက ရွယ္ႀကီးျဖစ္သြားၿပီး MRTV Station ေတြ၊ ၿပီးရင္ ေဆး႐ုံေဆးခန္းအႀကီးႀကီးေတြနဲ႔ ရဲစခန္းလည္းရွိသြားတယ္။ ေက်ာက္ ၾကမ္းလမ္းေပါ့။ ရွားေတာကိုသြားဖို႔ဆိုတာ ေတာ္ေတာ္ခက္တယ္။ အခုေတာ့ လြိဳင္ေကာ္-ရွားေတာလမ္း ေပါက္သြားၿပီ ေပါ့။ အရင္ကေတာ့ ရွားေတာက ေသးေသးေလးပဲရွိတာ။ နယ္ေျမကိုက အညိဳေရာင္နယ္ေျမသတ္မွတ္ထား တာ။ အဲဒီကေန ေတာင္ေပၚ႐ြာေလးေတြကို ေအာက္ကိုဆြဲခ်ၿပီး စုေပါင္း႐ြာေလးတည္လိုက္တာ။ အဲဒါက ရွားေတာေျမာက္ ဘက္မွာရွိတယ္။ စုေပါင္း႐ြာ ၁၊ ၂၊ ၃၊ ၄ ဆိုၿပီးရွိတယ္။ ေဒသကေတာ့ ေတာ္ေတာ္ဖြံ႕ၿဖိဳးလာ တာေပါ့။ အဲဒီကေန လူကလည္းအရမ္းမ်ားလာတာေပါ့။ အဲဒီေနာက္ပိုင္း ေတာင္ယာလုပ္ငန္းေတြ လုပ္ပိုင္ခြင့္ေတြေပးခဲ့တာေပါ့။ အဲဒီမွာ လုပ္ငန္းေတြရွိလာေတာ့ လမ္းေတြေတာင္ စေဖာက္လာတာေပါ့။ အရင္တုန္းကေတာ့ တာတေမာ့ထိကို ေျမလမ္းပဲရွိတာ။ အခုေတာ့ ေက်ာက္လမ္းခင္းၿပီးသြားလို႔လာလို႔ရတဲ့အထိကိုလုပ္ထားၿပီးၿပီ။ လွ်ပ္စစ္မီးဆိုလည္း တာတ ေမာ့ထိကို အကုန္လုပ္ထားၿပီးၿပီ။ အခုဟိုေကာင္ေတြက အဲဒီေဒသကိုလိုခ်င္တယ္ဆိုတာက စီးပြားေရးလမ္းေၾကာင္း သင့္တဲ့အထဲက တစ္ခုပါတာေပါ့။ အရင္ကရွိခဲ့တဲ့ EAOs အဖြဲ႕ေတြက ဘာလုပ္လဲဆိုေတာ့ သံလြင္ျမစ္ကမ္းေဘးေတာက္ေလွ်ာက္က ကြၽန္းသစ္တအားေပါတယ္။ အဲဒီက ကြၽန္းေတြျဖတ္တယ္။ ေဖာင္ဖြဲ႕ၿပီးေတာ့ ေအာက္ဘက္႐ြာသစ္ဘက္ကို ဆြဲခ်တာ။ ႐ြာသစ္ဆိုတာ အရင္ကေတာ့ ႐ြာႀကီးေပါ့။ အခုေတာ့ ၿမိဳ႕ငယ္တစ္ခုျဖစ္ေနၿပီ။ ေနာက္ၿပီး ေဘာ္လခဲတို႔ဘက္ကို ဆြဲခ်ၿပီး တခ်ိဳ႕ေဖာင္ေတြဆို ယိုးဒယားထိပို႔ၾကတယ္။ အဲဒါနဲ႔ရပ္တည္ၾကတာေပါ့။ လြိဳင္ေကာ္နဲ႔ကေတာ့ မိုင္(၄၀)ေက်ာ္ (၅၀)ဝန္းက်င္ ေလာက္အထိေတာ့ ေဝးတယ္။ လမ္းေတြကေတာ့ အေကြ႕အေကာက္ေပါတယ္။
ေမး - ရွားေတာတိုက္ပြဲစတင္ျဖစ္ပြားတဲ့အေျခအေနနဲ႔ တိုက္ပြဲျပင္းထန္ခဲ့ပုံကို ေျပာျပေပးပါခင္ဗ်ာ။
ေျဖ - သူတို႔ကလြိဳင္ေကာ္ကိုတိုက္တယ္။ လြိဳင္ေကာ္ကို တိုက္ၿပီးတဲ့ေနာက္မွာ ရွားေတာကိုလာတဲ့ဘက္မွာ ပြန္ေခ်ာင္း စခန္းဆိုတာရွိတယ္။ အဲဒီ ပြန္ေခ်ာင္းစခန္းကိုလည္း သူတို႔က အင္အားအလုံးအရင္းနဲ႔တိုက္ပစ္လိုက္တယ္။ ပြန္ေခ်ာင္း စခန္းက်တာေပါ့။ က်တဲ့အခ်ိန္မွာ ရွားေတာဗ်ဴဟာက်န္မယ္။ ကြၽန္ေတာ္တို႔ ဟိုဘက္က စဥ့္ဝင္ေတာင္စခန္းက်န္မယ္။ ဒီဘက္ဆိုရင္ တာတေမာ့ေပါ့။ အဲဒီလိုက်န္တဲ့အခ်ိန္မွာ ရွားေတာကေတာ့ ဗ်ဴဟာတစ္ခုပဲရွိတာကို။ ဗ်ဴဟာက ထီးထီး ႀကီးျဖစ္ေနတာ။ အဲဒီအခ်ိန္မွာ သူတို႔က ရွားေတာ့ ဗ်ဴဟာကိုလုံးတာ။ လုံးတဲ့အခ်ိန္မွာ ရွားေတာ ေဒသမွာက်ေတာ့ ဘယ္အရပ္သားမွမရွိေတာ့ဘူး။ တိုက္ပြဲေတြျဖစ္ၿပီဆိုတည္းက ေဒသခံတစ္ေယာက္မွ မရွိေတာ့ဘူး။ ၿမိဳ႕ပ်က္ႀကီး လိုျဖစ္သြားတာ။ အဲဒီေနာက္ ဗ်ဴဟာကိုစစ္ကူေပးဖို႔ဆိုၿပီး (၂)လပိုင္း (၃)ရက္ေန႔မွာေပါ့။ ကြၽန္ေတာ္တို႔ကို ေလယာဥ္နဲ႔ ပို႔တာ။ အဲဒီမွာ (၃)ရက္ေန႔မွာ ရဟတ္ယာဥ္နဲ႔ဆင္းၿပီးေတာ့ (၄) ရက္ေန႔ မနက္ (၈)နာရီ (၁၀)မိနစ္ေလာက္မွာ တိုက္ပြဲ စျဖစ္တာပါ။ သူတို႔ဘက္က အင္အား(၇၀ဝ)ေက်ာ္ေပါ့။ အဲဒီေလာက္နဲ႔ကြၽန္ေတာ္တို႔ တိုက္ပြဲေတြျဖစ္တယ္။ တိုက္ပြဲျဖစ္ ေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕ေတြ ခြဲၿပီးေတာ့ ျဖန႔္ဆုတ္တာေပါ့။ က်တဲ့လူေတြလည္းက်ခဲ့ တာေပါ့။ အဲဒီမွာ ထူးျခားတာေလး တစ္ခုက (၃)ရက္ေန႔ ညေနခင္းမွာက KNDF က သူပုန္တစ္ေယာက္မိတယ္။ ေယာက်ာ္းေလးတစ္ေယာက္ေပါ့။ ေနာက္ၿပီး မိန္းကေလး (၃)ေယာက္မိတယ္။ ကေလးက (၂)ေယာက္မိတယ္။ မိတာကိုလည္း ကြၽန္ေတာ္တို႔က အမ်ိဳးသမီးေတြကိုေတာ့ လက္ျပန္ႀကိဳးမတုပ္ဘူး။ မိထားတဲ့ေကာင္ေလးကို လက္ျပန္ႀကိဳးတုပ္ထားတယ္။ ခါးခ်ိဳး ေသနတ္တစ္လက္လည္းမိတယ္။ ယူနီေဖာင္းနဲ႔ဆိုေတာ့ သူ႔ကိုေတာ့ လက္ျပန္ႀကိဳးတုပ္တယ္။ မိန္းကေလးကိုေတာ့ လက္ျပန္ႀကိဳးမတုပ္ဘူး။ ၾကားညႇပ္ၿပီး စစ္ေၾကာင္းနဲ႔ေခၚလာတာ။ ေနာက္ေန႔တိုက္ပြဲ ျဖစ္တဲ့အခ်ိန္က်ေတာ့ အဲဒီ အမ်ိဳးသမီးေတြက နဂိုကတည္းက လႊတ္ထားတာဆိုေတာ့ အမ်ိဳးသမီး (၃)ေယာက္နဲ႔ ကေလးနဲ႔က ေျပးၾကတာေပါ့။ အဲဒါကို ကြၽန္ေတာ္တို႔နဲ႔ တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္မွာ အဲဒီေကာင္ေတြက ပစ္သတ္လိုက္တာ။ ေျပးတာကလည္း သူတို႔ ဘက္ကိုေျပးတာပါ။ သူတို႔အခ်င္းခ်င္းျပန္ ေပါင္းမိေအာင္ေျပးတာကို သူတို႔ကပဲ ဆီးၿပီးပစ္သတ္ လိုက္တာ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ဘက္က သတ္တာ ပါဆိုၿပီးေတာ့ ေနမ်ိဳးဇင္ေတာင္ ေျပာထားပါေသး တယ္။ သူတို႔ပဲသတ္တယ္။ သူတို႔ပဲ ဓာတ္ပုံမွတ္တမ္း ေတြ႐ိုက္ၿပီးေတာ့ တင္ၾကတာေပါ့။ အဲဒါနဲ႔ကြၽန္ေတာ္တို႔လည္း စစ္ေၾကာင္းေတြျပန္ခြဲတာေပါ့။ လူ(၆၀)ေက်ာ္ကိုျပန္ခြဲ။ က်တဲ့လူလည္းက်ဆိုေတာ့ ျပန္စုၿပီးအဖြဲ႕လိုက္အဖြဲ႕လိုက္ျပန္ခြဲရတာေပါ့။ ကြၽန္ေတာ္က တစ္ဖြဲ႕၊ အဘေလးဦးစီးၿပီးတစ္ဖြဲ႕ေပါ့။ အဖြဲ႕ငယ္ေတြ ဖြဲ႕ ၁၅ ေယာက္၊ ၁၆ေယာက္အဲဒီလို အဖြဲ႕ဖြဲ႕ၿပီး ဆုတ္တာေပါ့။ ကြၽန္ေတာ္ ကေတာ့ ရွားေတာဗ်ဴဟာကို သြားေပါင္းလိုက္တာ။ ဗ်ဴဟာကိုသြားေပါင္းတဲ့အခ်ိန္မွာ ဗိုလ္မႉးႀကီးÓဏ္လင္းထက္ဆိုတာ ေတာ္ေတာ္ကို စိတ္မာတဲ့အထဲမွာပါတယ္။ ေနမ်ိဳးဇင္က ေအာ္ေနတာ။ ကြၽန္ေတာ္နဲ႔ဗ်ဴဟာနဲ႔ဆိုရင္ မီတာ(၂၀ဝ) ေလာက္ရွိတယ္။ ကြၽန္ေတာ္တို႔လည္း ဗ်ဴဟာကို ေျပးကပ္လို႔မရဘူး။ ဗ်ဴဟာကလည္း ကြၽန္ေတာ့္ဘက္ကို ဆင္းလာ လို႔မရဘူး။ ကြၽန္ေတာ္က ခ်ာ့ခ်္ေက်ာင္း ကုန္းကေနပစ္တယ္။ ဒါေပမဲ့ ဗ်ဴဟာနဲ႔ ကြၽန္ေတာ္တို႔ ၾကားထဲမွာကို သူက ကြၽန္ေတာ္တို႔ဘက္ကို ျပန္လွည့္တိုက္လိုက္။ ဗ်ဴဟာဘက္ကိုလွည့္တိုက္လိုက္နဲ႔ ဒ႐ုန္းႏွစ္စင္းနဲ႔ ဗ်ဴဟာကို ဗုံးေတြႀကဲတာ။ အဲဒီမွာလည္း ေလယာဥ္ကလည္းပစ္ကူေပးပါတယ္။ ေလယာဥ္ပစ္ ကူလာတဲ့အခ်ိန္ဆို ဒီေကာင္ေတြက ကတုတ္က်င္း ေတြထဲေျပးဝင္သြားၾကတယ္။ လွ်ိဳထဲဆင္းေျပးတယ္။ ေလယာဥ္သံၿငိမ္သြားၿပီဆိုရင္ ျပန္တက္တယ္။ ကြၽန္ေတာ္တို႔နဲ႔ ဗ်ဴဟာကိုျပန္တိုက္တယ္။ ခက္တာက ဗ်ဴဟာကလည္း ကြၽန္ေတာ့္ကိုလာေပါင္းလို႔မရ ကြၽန္ေတာ္က လည္း ဗ်ဴဟာကိုသြားေပါင္းလို႔မရနဲ႔ ျဖစ္ေနတာ။ ေနာက္ဆုံးက်သူတို႔က ဘယ္လိုလုပ္လဲဆို ၿခံစည္း႐ိုးေတြနဲ႔ ၿခံစည္း႐ိုးအုတ္တိုင္ေတြကို ေလးဘီးကားနဲ႔ သံႀကိဳးနဲ႔ဆြဲၿပီး တိုင္ေတြကို ခ်ိဳးပစ္လိုက္တာ။ ေျပးတက္ေတာ့ မိုင္းကြင္းထဲမွာ ဒီေကာင္ေတြဘက္က ေတာ္ေတာ္က်တယ္။ တိုက္ပြဲက (၄) ရက္ေန႔မွာ တစ္ႀကိမ္ျဖစ္တယ္။ (၇)ရက္ ေန႔မွာ တစ္ႀကိမ္ ထပ္ျဖစ္တယ္။ ေလယာဥ္ပစ္ကူ ထပ္ေတာင္းတယ္။ (၁၁) ရက္ေန႔မွာ ထပ္ျဖစ္တယ္။ (၄၊ ၇၊ ၁၁၊ ၁၂၊ ၁၃) မွာေတာက္ ေလွ်ာက္ျဖစ္တာ။
ေမး - ရွားေတာေဒသက စစ္ေရးအရခက္ခဲတဲ့ေဒသတစ္ခုလိုျဖစ္သြားတာလားခင္ဗ်။
ေျဖ - ခက္ခဲတဲ့ေဒသတစ္ခုေပါ့။ လမ္းကလည္းတစ္ လမ္းသြားသာသာပဲရွိတယ္။ ကတၱရာလမ္းေတာ့ ေပါက္သြားပါတယ္။ အရင္ကေတာ့ ေက်ာက္ၾကမ္း လမ္းေတြေပါ့။ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္မွာ ရွားေတာထိကို ကတၱရာလမ္း ေပါက္သြားၿပီေပါ့။ ၿပီးရင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းလုပ္ဖို႔ကို တာတေမာ့ထိကို လုပ္ထားတာရွိတယ္။ တာတေမာ့မွာ စခန္းလည္းရွိတာေပါ့။ အရင္တုန္းကကြၽန္ေတာ္တို႔ စစ္ဆင္ေရးလမ္းေၾကာင္းအေနနဲ႔တိုးတာ။ ေနာက္ပိုင္း က်ေတာ့ ယိုးဒယားထိေပါက္ရင္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္း ေဖာ္ေဆာင္ဖို႔ေပါ့။ အစကေတာ့ KNPP တို႔ဆိုတာ လည္း ၿငိမ္းခ်မ္းေရးလက္မွတ္ထိုးထားတဲ့အထဲ မွာပါတာေပါ့။ ေနာက္ၿပီး ကလလတ တို႔ဆိုရင္လည္း ကိုယ္ေတြနဲ႔ ညီအစ္ကိုတပ္ဖြဲ႕လိုေနလာတာ။ ၿငိမ္းခ်မ္းေရး လက္မွတ္ထိုးထားတဲ့အဖြဲ႕ေတြ။ ေနာက္ဆုံး ဒို႔အေရးေတြစေတာ့မွ ေထာက္ပံ့ေၾကးေတြနဲ႔ မက္လုံးေတြေၾကာင့္ အသြင္ေျပာင္းသြားၾကတာ။ ဒီမွာလမ္းျပလုပ္တာကေတာ့ KNPP ကဦးေဆာင္ လမ္းျပလုပ္တယ္။ သူတို႔ကနယ္ေျမအေျခအေန ကြၽမ္းတဲ့အတြက္ သူတို႔က အင္အားအဲဒီေလာက္ မရွိဘူး။ KNDF မာဝီတို႔အဖြဲ႕ရွိမယ္။ ၿပီးရင္ မိုးၿဗဲတို႔၊ ပင္ေလာင္းတို႔၊ လြိဳင္ေကာ္တို႔၊ ဆီဆိုင္တို႔ဘက္က ဗမာ PDF ေတြရွိတယ္။ ျဖစ္ေတာ့လည္းဘာလုပ္လဲဆိုေတာ့ KNPP တို႔က လမ္းျပေပးတယ္။ ေနာက္ကပဲေနတယ္။ PDF ကိုေရွ႕တင္ၿပီး တိုက္ခိုင္းတာ။ PDF ကပဲေရွ႕ကတိုက္တာ။ ေသေတာ့လည္း သူတို႔က ထိပ္ဆုံးကေသၾကတာေပါ့။ အဲဒီေလာက္ထိ ျဖစ္သြား တာဆိုေတာ့ ကြၽန္ေတာ္တို႔လည္း ေသၿပီဘာညာ အေျပာခံရတာေပါ့။ တကယ္ခံရတာက တိုင္းရင္းသား ဆိုတာ ဒီနယ္ေျမကိုလိုလို႔တိုက္ေနတာ။ ကြၽန္ေတာ္တို႔က စခန္းေတြ စြန႔္ေပးလိုက္လို႔ရတယ္။ ေနာက္ဆုံးကေတာ့ တိုင္းရင္း သားက သူတို႔ေဒသကို သူတို႔ျပန္ရ လိုက္တာပဲရွိတယ္။ ကြၽန္ေတာ္တို႔ တပ္မေတာ္ကလည္း လူအင္အားေတြဆုံးရႈံးတယ္ လက္နက္အင္ အားေတြ ဆုံးရႈံးတယ္။ PDF ဆိုရင္လည္း သူတို႔အတြက္အခြင့္အေရးရလားဆိုေတာ့ ဘာမွမရလိုက္ဘူး။ ကြၽန္ေတာ့္ကိုေတာ့ ေသၿပီဆိုၿပီးေျပာတာေပါ့။ ၁၂ ရက္ေန႔မွာ ကြၽန္ေတာ္နဲ႔ဗ်ဴဟာနဲ႔က မီတာ(၂၀ဝ)ေလာက္ရွိတယ္။ ဦးေနမ်ိဳးဇင္ကေတာ့ ျမဝတီအသံ လႊင့္႐ုံထဲကေန ဗ်ဴဟာဘက္ကိုေလာ္စပီကာနဲ႔ေအာ္လိုက္။ ကြၽန္ေတာ့္ဘက္ကို ေလာ္စပီကာနဲ႔ ေအာ္လိုက္နဲ႔ေပါ့။
ေမး - တိုက္ပြဲကေကာ ဘယ္လိုပုံစံ စျဖစ္ၿပီး ဘယ္ေန႔ကအျပင္းထန္ဆုံးလဲခင္ဗ်။
ေျဖ - (၄)ရက္ေန႔ကေတာ့ အျပင္းထန္ဆုံးေပါ့။ အင္အား(၇၀ဝ)ေက်ာ္နဲ႔ ကြၽန္ေတာ္တို႔ကိုပိတ္ၿပီး တိုက္တာ။ အဲဒီေန႔က (၈)နာရီ၊ (၁၀)မိနစ္ေလာက္မွာ စၿပီးျဖစ္တာ။ ကြၽန္ေတာ္ကေတာ့ ပြိဳင့္မွာပဲ။ စစ္ေၾကာင္းနဲ႔ေတာက္ေလွ်ာက္ပစ္တယ္။ (၁၂)နာရီ (၄၅)ေလာက္ထိျဖစ္တာေပါ့။ (၅)နာရီေလာက္ေတာ့ ျဖစ္သြားတာေပါ့။ ဗ်ဴဟာက ဘန္ကာေတြကေနပစ္ တယ္။ ကြၽန္ေတာ္က ေတာင္ေစာင္းကေနပစ္တယ္။ ဗ်ဴဟာနဲ႔ေတာင္ေစာင္းၾကားထဲမွာကို (၁၂)ရက္ေန႔က လူ(၂၀ဝ) ေလာက္ရွိတယ္။ ၿခံစည္း႐ိုးေတြကို ကားေတြနဲ႔ဆြဲခ်ၿပီး ေလယာဥ္လာရင္ ေစာေစာကေျပာသလို က်င္းေတြထဲ ေျပးဝင္ တယ္။ လွ်ိဳေတြထဲဆင္းေျပး တယ္။ အိမ္ေတြေအာက္ဝင္ပုန္းေနတယ္။ ဘုရားကုန္း ပတ္ခ်ာလည္က အိမ္ေတြထဲမွာလည္း ဒီေကာင္ေတြရွိတယ္။ အိမ္ေတြထဲမွာေနတဲ့ေကာင္ေတြက်ေတာ့ လည္း နားစည္ကြဲၿပီးေသတာတို႔နဲ႔ လက္နက္ႀကီးအစ မွန္တာတို႔ေပါ့။ တခ်ိဳ႕ကေတာ့ ေလယာဥ္လာပစ္ၿပီး ၿငိမ္သြားရင္ဗ်ဴဟာကုန္းကိုတစ္ခါဝင္တိုက္တယ္။ ေတာ္ေတာ္ကို ျပင္းထန္ ခဲ့တာပါ။ သူတို႔က အင္အား အလုံးအရင္းနဲ႔ (၃)ဖြဲ႕ဝင္တိုက္တာ။
ေမး - အဲဒီတိုက္ပြဲတြင္းမွာ တပ္မေတာ္က ဘယ္ေလာက္က်ၿပီး PDF ပူးေပါင္းအဖြဲ႕ဘက္ကေရာ ဘယ္ေလာက္က်လဲ ခင္ဗ်။
ေျဖ - ကြၽန္ေတာ့္ဆီမွာ ျဖစ္ျဖစ္ခ်င္းေန႔မွာ အက်အ ဆုံး(၁၆)ေယာက္ရွိတယ္ဗ်။ ေပ်ာက္ဆုံးစစ္သည္က (၂၃) ေယာက္ ရွိတယ္။ ကြၽန္ေတာ့္မွာက (၆၄) ေယာက္ရွိ တာေပါ့။ သူတို႔ဘက္ကေတာ့ ေတာ္ေတာ္မ်ားတယ္ဗ်။ ကြၽန္ေတာ္နဲ႔ ျဖစ္တာကိုမနည္းဘူး။ ကြၽန္ေတာ့္ကို ဝင္လုံးတဲ့အခ်ိန္မွာ က်တာေတာ့မနည္းဘူး။ ဒါေပမဲ့ ထုံးစံအတိုင္းပဲေပါ့။ သူတို႔က် လားဆိုေတာ့ မက်ဘူးေပါ့။
ေမး - တိုက္ပြဲျဖစ္ေနခ်ိန္မွာေကာ ဒ႐ုန္းအသုံးျပဳမႈ ေတာ္ေတာ္မ်ားလား ခင္ဗ်။
ေျဖ - သူတို႔ကေတာ့ ဒ႐ုန္းတအားသုံးတယ္ဗ်။ ဒ႐ုန္းအေသးေလးေတြပါမယ္။ စစ္သုံးဒ႐ုန္းကေတာ့ (၃၊ ၄) စင္းပဲ။ (၁၂)ရက္ေန႔ကဆိုရင္ ကြၽန္ေတာ့ေခါင္းေပၚ မွာ ပ်ံေနတာ စုစုေပါင္း(၄)စင္းရွိတယ္။ တစ္စီးတစ္ခါပ်ံၿပီး ႀကဲသြားတယ္။ အဲဒီအခ်ိန္မွာ ေနာက္တစ္စင္းက ဗုံးသီးသြားခ်ိတ္တယ္။ ဆက္တိုက္ဆိုသလို ပ်ံေနတာ။ အဲဒီအခ်ိန္ေတြမွာ ေလယာဥ္ ပစ္ကူအေနနဲ႔ A-5 ဗုံးက်ဲ ေလယာဥ္နဲ႔လာၿပီး ဗုံးႀကဲေပးတယ္။ ဂ်က္ဖိုက္တာ F - 7 နဲ႔က ပစ္ေပးတယ္။ အဓိကကေတာ့ A-5 ေလ ယာဥ္နဲ႔ အဓိကဗုံးႀကဲေပးတယ္။ တိက်မႈရွိေပမယ့္ ေျမေအာက္ကတုတ္က်င္းတူးထားေတာ့ ထိေရာက္မႈေတာ့ နည္းတာေပါ့။ က်တာေတာ့က်တယ္။ ဒီေကာင္ေတြဘက္က ေတာ္ေတာ္ကိုက်တယ္။ (၄)ရက္ေန႔ျဖစ္က တည္းက ဒီေကာင္ေတြမနည္းဘူးက်တာ။ အဲဒီေနာက္ပိုင္းမွာေတာ့ တိုက္ပြဲငယ္ေတြျဖစ္တာေပါ့။ ပစ္ၿပီးလုံးလိုက္ ခံပစ္ၿပီးဆုတ္ လိုက္နဲ႔။ ကြၽန္ေတာ့္ဘက္ကလည္း အင္အားအရမ္းနည္းသြားတဲ့အခါမွာ ခံပစ္ၿပီး ဆုတ္လိုက္နဲ႔ သူတို႔ကလည္း ရွမ္းျပည္နယ္ အစပ္ထိကို လိုက္လုပ္တာ။
ေမး - ဦးေနမ်ိဳးဇင္ဘက္ကေတာ့ ဗိုလ္ႀကီးကို တိုက္ပြဲ မွာက်သြားၿပီလို႔ အတိအလင္းေျပာခဲ့တာရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဘာမ်ားတုံ႔ျပန္ေျပာၾကားခ်င္တာမ်ိဳးရွိပါသလဲ။
ေျဖ - ကြၽန္ေတာ္ကေတာ့ရယ္ေနရတာေပါ့ဗ်ာ။ သူေျပာတဲ့အတိုင္းဆို ကြၽန္ေတာ္က (၂)ခါေတာင္ေသ ၿပီးၿပီ။ ေကာလင္းမွာတုန္းကလည္း ဗိုလ္ႀကီးရဲထြဋ္ဦးက်ၿပီဆိုၿပီးေတာ့ ကြၽန္ေတာ့္ပုံေတြနဲ႔ေတြ႕လိုက္ပါတယ္။ အဲဒီတုန္းက လည္း ကြၽန္ေတာ့္မွာ ဂစ္တာတီးၿပီး သီခ်င္းဆိုျပလိုက္တယ္။ သူတို႔က မဟုတ္တာပဲ လႊင့္ ေနတာေလ။ ကြၽန္ေတာ္တို႔ကို တစ္စိတ္ဆို တစ္အိတ္ လုပ္တာ သူတို႔ဘက္ကေပါ့။ ကြၽန္ေတာ့္နာမည္ဆိုသူက အလြတ္ရသေလာက္ျဖစ္ေနပါၿပီ။
ေမး - တိုက္ပြဲအတြင္းမွာေကာ ဗိုလ္ႀကီးအေနနဲ႔ ဒဏ္ရာရတာမ်ိဳးေတြရွိခဲ့လား။
ေျဖ - အခက္အခဲတစ္ခုက ၄ ရက္ေန႔ကတည္းက ကြၽန္ေတာ္ဒဏ္ရာျပင္းျပင္းထန္ထန္ရတယ္။ ကြၽန္ေတာ့္မွာ ဘယ္ဘက္ေျခသလုံးက တစ္ခ်က္။ ညာက်ေတာ့ ေပါင္ေၾကာေပါ့။ အဲဒီမွာတစ္ခ်က္။ မ်က္ႏွာမွာ တစ္ခ်က္နဲ႔ လည္ကုပ္မွာ ေတာ့ အခုထိအစဆြဲ မထုတ္ရေသးဘူး။ ဒဏ္ရာေတာ့ျပင္းတာေပါ့။ ဒါေပမဲ့ တပည့္ေတြကိုအတင္းဆြဲေခၚၿပီး အားေပး ရတယ္။ ေရေသာက္စရာေတာင္မရွိေတာ့ ေခ်ာင္းတို႔လွ်ိဳတို႔ၾကားကေန ငွက္ေပ်ာပင္ခုတ္ၿပီး ငွက္ေပ်ာအူစားရတာေပါ့။ ငွက္ေပ်ာေရလည္း ညႇစ္ေသာက္ရတာ။ အဲဒါနဲ႔ ၁၃ ရက္ေန႔ကေနၿပီး ရွမ္းျပည္ဘက္ကိုေဖာက္ထြက္ရ တာေပါ့။ အဲဒီကေန သူတို႔ဘက္ကလည္း ေတာက္ ေလွ်ာက္လိုက္တိုက္တာေပါ့။ ဒ႐ုန္းေတြနဲ႔ ကင္း ေထာက္ၿပီးေတာ့ ဆိုင္ကယ္ေတြ ကားေတြနဲ႔လိုက္ တိုက္တာ။ ေတာလမ္းေတြကေနၿပီးေတာ့ေပါ့။ အဲဒီ ေတာ့ ခံပစ္ၿပီးေတာ့ ေရွ႕ကိုေဖာက္ထြက္သလိုနဲ႔ အဲဒီ နားမွာ ေခြေနရင္လည္း ေခြေနရတယ္။ အဲဒီလိုနဲ႔ အရင္ကေတာ့ တာတေမာ့ဘက္ကိုတက္မယ္ဆိုေတာ့ အဲဒီေကာင္ေတြက တာတေမာ့ကိုတိုက္ၿပီး ေရထဲက ေမာ္ေတာ္ေလးေတြကိုလည္း ဒေရာ့ဗုံးခ်ၿပီး ဗုံးႀကဲပစ္လိုက္တာ။ အဲဒီေတာ့တာတေမာ့ကိုလည္း ကပ္လို႔မရဘူး။ တာတေမာ့ကိုလည္း သူတို႔ကပိတ္ပစ္လိုက္တာ။ အဲဒီေတာ့ ရွားေတာကေန အေရွ႕ေျမာက္ဘက္က် မွာေပါ့။ အဲဒီဘက္မွာရွိတဲ့ ေလးအိမ္စုၿပီးရင္ စေလာင္းေပါ့၊ အဲဒီၿပီးေတာ့မွ တာတေမာ့ ရွိတယ္။ ကြၽန္ေတာ္က စေလာင္းဆိုတဲ့႐ြာေလးကေန အထက္ ကိုမွန္းၿပီး ျဖတ္တက္ပစ္လိုက္တာ။ အဲဒီကို ျဖတ္တက္ ၿပီးမွ သံလြင္ကိုရေအာင္ေဖာက္ထြက္ၿပီးေတာ့မွ ရွမ္းျပည္ဘက္ကို ဆန္တက္တာေပါ့။ ကြၽန္ေတာ့္မွာဆို (၁၆) ေယာက္ရွိေတာ့ (၁၁)ရက္ေန႔တိုက္ပြဲမွာထပ္ကြဲ သြားတာ။ အဲဒီ (၁၆) ေယာက္ကို သူတို႔ကလူ (၁၅၀) ေက်ာ္နဲ႔ လိုက္တိုက္တာ။ အင္အားမ်ားတာေပါ့။ ဘာလို႔ဆို ပြန္ေခ်ာင္းကိုပိတ္ပစ္လိုက္ၿပီး လြိဳင္ေကာ္ ဘက္ကအဖြဲ႕ေတြေရာ KNPP၊ KNDF နဲ႔ PDF အကုန္စုၿပီး ရွားေတာဗ်ဴဟာကိုတိုက္မယ္ဆိုၿပီး စုလာတာေပါ့။
ေမး - ဗ်ဴဟာကုန္းက တိုက္ပြဲအေျခအေနမွာေကာ ဘယ္လိုမ်ိဳးစိတ္ပိုင္းဆိုင္ရာျပင္ဆင္ေပးမႈေတြလုပ္ ေပးခဲ့လဲ ခင္ဗ်။
ေျဖ - အကုန္လုံးေတာ့ ျပင္ဆင္မႈေတြလုပ္ေပးပါတယ္။ Airdrop ေတြခ်ေပးတယ္။ ကြၽန္ေတာ္တို႔ကိုလည္း ခ်ေပးတယ္။ ဒါေပမဲ့ ေလယာဥ္နဲ႔ Airdrop ခ်တဲ့စနစ္က အားနည္းတယ္။ သူမ်ားႏိုင္ငံေတြမွာ ဒီဧရိယာမွာ ခ်မယ္ဆို ဘယ္ေလာက္မွ မေဝးဘူး ေလယာဥ္ကို ရည္မွန္းခ်က္အနီးဆုံးေနရာကိုတည္ၿပီး ပစ္ခ်လိုက္တာ။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာက်ေတာ့ ဗ်ဴဟာ ဆိုရင္ ဗ်ဴဟာပတ္ခ်ာလည္ကို မီတာ ၈၀ဝ ဆိုၿပီးေတာင္းတယ္။ ဗ်ဴဟာဆိုတာက အထဲကေနေတာင္အျပင္ ထြက္လို႔ မရတာ။ ဗ်ဴဟာကုန္းဆိုတာလည္း ဘုရား ကုန္းပတ္ခ်ာလည္က မီတာ ၂၀ဝ ေလာက္ပဲက်ယ္ တာေလ။ အဲဒါကို ဘုရားကုန္းရဲ႕ ပတ္ခ်ာလည္ မီတာ ၈၀ဝ ဆိုေတာ့ ဒီအတြင္းမွာ Airdrop အထုပ္ကို လိုက္ေကာက္ဖို႔ဆိုတာမျဖစ္ႏိုင္ဘူး။ ၿပီးေတာ့ ဗ်ဴဟာကုန္းဆိုတာ ပတ္လည္မွာမိုင္းေတြခ်ထားတာရွိတယ္။ အဲဒီေတာ့ အျပင္ျပန္ထြက္ဖို႔က်ေတာ့ သံဆူးႀကိဳး ကာ ထားတာရွိတယ္။ အျပင္က်တဲ့ အထုပ္က်ေတာ့ ဗ်ဴဟာေကာက္ဖို႔ဆိုတာ မလြယ္ဘူး။ အဲဒါေတြေတာ့ ဟိုေကာင္ ေတြပဲရတာ။ ကြၽန္ေတာ္တို႔လည္း ခ်ေပးတယ္။ တစ္မိုင္အတြင္းမွာ အဲဒီအထုပ္ကို ေတာထဲ မွာလိုက္ရွာဖို႔ဆိုတာ မလြယ္ဘူး။ ၿပီးေတာ့ ဟိုေကာင္ေတြက ေတာက္ေလွ်ာက္ပိတ္ထားတာျဖစ္တဲ့အတြက္ ဘယ္နားက်တယ္ဆိုတာနဲ႔ အဲဒီေနရာကို ဟို ေကာင္ေတြက ႀကိဳေစာင့္ထားၿပီးၿပီ အဲဒါေတာ့ သူတို႔က သာသြားတာေပါ့။
ေမး - ရွားေတာဗ်ဴဟာ ကုန္းက်ခဲ့တာက ဘာလိုအပ္ခ်က္ေၾကာင့္လို႔ ထင္ပါသလဲခင္ဗ်။
ေျဖ - လက္နက္ခဲယမ္းလိုအပ္ခ်က္အျပင္ကိုမွ အင္အားကလည္း ကြာသြားတယ္။ ကြၽန္ေတာ္တို႔ဆီမွာက လက္နက္ ခဲယမ္းကပါရမယ့္ဝန္ထက္ပိုမ်ားေန တယ္ေပါ့။ အဲဒီအတြက္ေၾကာင့္ အခ်ိန္မွီခရီးမေရာက္ ႏိုင္တာလည္း ပါသြားတယ္။ ဝိတ္ကမ်ားသြားတယ္။ ကြၽန္ေတာ္သယ္ရမယ့္လက္နက္ခဲယမ္းအျပင္ကို ဗ်ဴဟာအတြက္ ခဲယမ္းေတြထပ္ပါလာတယ္။ တိုက္ ေတာ့လည္း လူအင္အားက (၆၄) ေယာက္ပဲရွိတယ္။ သူတို႔ဘက္က ၅၀ဝ နဲ႔ ၇၀ဝၾကားမွာရွိတယ္။ တအား ႀကီးကိုကြာဟေနတာဆိုေတာ့ (၁၂)နာရီ (၄၅) မွာ ဗ်ဴဟာကုန္းက်တယ္။ ေတာင့္ခံထားတာက တစ္နာရီ ေက်ာ္ၾကာ တယ္။ ဘယ္လိုမွမရေတာ့ဘူး။ ကြၽန္ေတာ္တို႔ ကုန္းကိုေတာင္ သူတို႔ဘက္က သုံးဖက္သုံးတန္ ပိတ္ထားတာ။ ေတာင္ ဘက္တစ္ျခမ္းပဲဆင္းလို႔ရတယ္။ ရွားေတာဘက္ကိုလည္းဆင္းလို႔မရဘူး။ အေပၚလည္း ျပန္တက္လို႔မရဘူး။ ေျမာက္ ဘက္ကိုလည္း ျပန္လွန္တက္လို႔မရဘူး။ ကြၽန္ေတာ္တို႔ေအာက္မွာ လွ်ိဳေခ်ာက္ႀကီးရွိတယ္။ ဘယ္လိုမွေတာင့္မခံႏိုင္တဲ့ အခါ က်ေတာ့မွ လွ်ိဳထဲကိုဆင္းရေတာ့တာ။ အဲဒီမွာလူစုက ကြဲၾကေတာ့တာပဲ။
ေမး - ရွားေတာတိုက္ပြဲမွာ ဘယ္အဖြဲ႕ကအမ်ားဆုံးဝင္တိုက္ခဲ့တာလဲခင္ဗ်။
ေျဖ - အမ်ားဆုံးကေတာ့ PDF ေပါ့။ သူတို႔ကေတာ့ အခိုင္းအေစပဲေလ။ ကယားေဒသမွာေတာ့ PDF က အခိုင္းအေစပဲေလ။ ေျပာရရင္ေတာ့ သူတို႔ကို ေရွ႕တက္ၿပီးေသခိုင္းထားတာေပါ့ေလ။ အခုေတာ့လည္း လြိဳင္ေကာ္မွာ အလင္းဝင္တဲ့လူ ေတြရွိတယ္။ တခ်ိဳ႕က်ေတာ့ အလုပ္ပဲလုပ္ခ်င္ေနၾကတာရွိတယ္။ မိသားစုကို ၿခိမ္းေျခာက္လို႔ လုပ္ေနၾကတာ။ မူးယစ္ေဆးေၾကာင့္ လည္းပါသလို တခ်ိဳ႕က်ေတာ့လည္း ေသမထူးေန မထူးေတြေပါ့။ ၾကားမိတာ ေတြရွိတယ္။ ထြက္ေျပးရင္ ပစ္သတ္ပစ္တာတဲ့။ အခုလည္း သူတို႔အခ်င္းခ်င္းလည္း ျပႆနာေတြတက္ၿပီး အခ်င္းခ်င္း ျပန္ပစ္ သတ္တာေတြရွိတယ္။ အဓိကကေတာ့ တိုင္းရင္းသား က သူတို႔အက်ိဳးရွိလို႔လုပ္တာ။
ေမး - ဟုတ္ကဲ့ပါ ဘာမ်ားျဖည့္စြက္ၿပီးေျပာခ်င္ပါသလဲခင္ဗ်ာ။
ေျဖ - ေျပာခ်င္တာကေတာ့ တခ်ိဳ႕ကိစၥေတြမွာလည္း တပ္မေတာ္ကို အားမလိုအားမရေတာ့ျဖစ္တာေပါ့ဗ်ာ။ ေအာက္ကတင္ျပတဲ့အရာေတြက အထက္ကိုမ ေရာက္သြားတာေတြလည္းရွိတယ္။ ၾကားထဲမွာ ဟသြားတာေလး ေတြေပါ့။
အခုလိုေျဖၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။