ဟောင်ကောင်အထပ်မြင့်လူနေအဆောက်အအုံမီးလောင်မှု(၄၄)ဦးသေဆုံးပြီး (၂၇၉)ဦးပျောက်ဆုံးနေ

 217

HtayOung (NP News)-နိုဝင်ဘာ ၂၇
ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ “နယ်မြေသစ်” လို့ ခေါ်တဲ့ တိုင်ပိုခရိုင် ဝမ်ဖတ် ရိပ်သာ ပုဂ္ဂလိက အထပ်မြင့် လူနေအဆောက်အအုံ တိုက်ခန်းတွဲများမှာ မီးလောင်မှုဖြစ်ပွားရာ ယနေ့ နံနက်အထိ မီးသတ်သမား တစ်ဦးအပါအဝင် ၄၄-ဦး သေဆုံးကြောင်း၊ လူပေါင်း ၂၇၉-ဦးခန့် ပျောက်ဆုံးနေတယ်လို့ ယူဆရပြီး ဒဏ်ရာများနဲ့ ဆေးရုံတင်ထားရသူ ၆၂-ဦးအနက် အများစုဟာ စိုးရိမ်မ်ရတဲ့အခြေအနေရှိတယ်လို့ ယနေ့ နိုင်ငံတ ကာ သတင်းမီဒီယာများက ဖော်ပြနေကြပါတယ်။

၁၉၉၇-ခုနှစ် ဟောင်ကောင်ကို ပြန်လည်ရရှိပြီးနောက်ပိုင်း ဒုတိယမြောက် အသေအပျောက်အများဆုံးနဲ့ အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုဖြစ်ပါတယ်။ အဆင့်- ၅ အပြင်းထန်ဆုံးအဖြစ်သတ်မှတ်ရတဲ့ မီးလောင်ကျွမ်းမှုဟာ ၂၀၂၅-ခုနှစ် နိုဝင်ဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃-နာရီထိုးကာနီးမှာ စတင်ခဲ့ကြောင်း၊ မီးသတ်သမား ၈၀၀ ကျော်နဲ့ အရေးပေါ်ဝန်ဆောင်မှုများ ချထားပေးခဲ့ရပြီး ကြာသပတေးနေ့ နံနက်စောစောမှာ မီးထိန်းနိုင်ခဲ့ပေမယ့် တငွေ့ငွေ့ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊အစိုးရထောက်ပံ့ငွေနဲ့ ၁၉၈၉-ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အိမ်ရာအဆောက်အအုံများဟာ အထပ် ၃၁-ထပ်ပါ လူနေ အဆောက်အအုံ ၈-ခုရှိကြောင်း၊ မီးလောင်ကျွမ်းစဉ် အဲ့ဒီအဆောက်အအုံအားလုံးရဲ့ အပြင်ဘက်နံရံများကို အကြီးစားပြင်ဆင်မှုအတွက် ဖုံးအုပ်ထားတဲ့ ဝါးငြမ်းများမှ စတင်ခဲ့ကြောင်း၊ ဆောက်လုပ်ရေး ပိုက်ကွန်များနဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းများမှတဆင့် အတွင်းပိုင်းကို ဆက်လက်လောင်ကျွမ်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အချိန်တိုအတွင်း အဆောက်အအုံ ၄-လုံးကို ကူးစက်ခဲ့ကြောင်း၊ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိ ၃-ဦးကို ဖမ်းဆီးထားကြောင်း၊ သတ္တုငြမ်းများ ပြောင်းလဲအသုံးပြုစဉ် တရုတ်ဆောက်လုပ်ရေး အလေ့အထလက်ကျန် ဝါးငြမ်းများကြောင့် ယခင် လူပေါင်း ၂၃-ဦးအထိ သေဆုံးခဲ့ဖူးတယ်လို့ သတင်းများအရ သိရှိရပါတယ်။
.

Zawgyi Version:
ေဟာင္ေကာင္အထပ္ျမင့္လူေနအေဆာက္အအုံမီးေလာင္မႈ(၄၄)ဦးေသဆုံးၿပီး (၂၇၉)ဦးေပ်ာက္ဆုံးေန
HtayOung (NP News)-ႏိုဝင္ဘာ ၂၇
ေဟာင္ေကာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ “နယ္ေျမသစ္” လို႔ ေခၚတဲ့ တိုင္ပိုခ႐ိုင္ ဝမ္ဖတ္ ရိပ္သာ ပုဂၢလိက အထပ္ျမင့္ လူေနအေဆာက္အအုံ တိုက္ခန္းတြဲမ်ားမွာ မီးေလာင္မႈျဖစ္ပြားရာ ယေန႔ နံနက္အထိ မီးသတ္သမား တစ္ဦးအပါအဝင္ ၄၄-ဦး ေသဆုံးေၾကာင္း၊ လူေပါင္း ၂၇၉-ဦးခန႔္ ေပ်ာက္ဆုံးေနတယ္လို႔ ယူဆရၿပီး ဒဏ္ရာမ်ားနဲ႔ ေဆး႐ုံတင္ထားရသူ ၆၂-ဦးအနက္ အမ်ားစုဟာ စိုးရိမ္မ္ရတဲ့အေျခအေနရွိတယ္လို႔ ယေန႔ ႏိုင္ငံတ ကာ သတင္းမီဒီယာမ်ားက ေဖာ္ျပေနၾကပါတယ္။

၁၉၉၇-ခုႏွစ္ ေဟာင္ေကာင္ကို ျပန္လည္ရရွိၿပီးေနာက္ပိုင္း ဒုတိယေျမာက္ အေသအေပ်ာက္အမ်ားဆုံးနဲ႔ အဆိုး႐ြားဆုံး မီးေလာင္ကြၽမ္းမႈျဖစ္ပါတယ္။ အဆင့္- ၅ အျပင္းထန္ဆုံးအျဖစ္သတ္မွတ္ရတဲ့ မီးေလာင္ကြၽမ္းမႈဟာ ၂၀၂၅-ခုႏွစ္ ႏိုဝင္ဘာ ၂၆ ရက္ ဗုဒၶဟူးေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၃-နာရီထိုးကာနီးမွာ စတင္ခဲ့ေၾကာင္း၊ မီးသတ္သမား ၈၀၀ ေက်ာ္နဲ႔ အေရးေပၚဝန္ေဆာင္မႈမ်ား ခ်ထားေပးခဲ့ရၿပီး ၾကာသပေတးေန႔ နံနက္ေစာေစာမွာ မီးထိန္းႏိုင္ခဲ့ေပမယ့္ တေငြ႕ေငြ႕ ဆက္လက္ေလာင္ကြၽမ္းေနဆဲျဖစ္ေၾကာင္း

အစိုးရေထာက္ပံ့ေငြနဲ႔ ၁၉၈၉-ခုႏွစ္မွာ တည္ေဆာက္ခဲ့တဲ့ အိမ္ရာအေဆာက္အအုံမ်ားဟာ အထပ္ ၃၁-ထပ္ပါ လူေန အေဆာက္အအုံ ၈-ခုရွိေၾကာင္း၊ မီးေလာင္ကြၽမ္းစဥ္ အဲ့ဒီအေဆာက္အအုံအားလုံးရဲ႕ အျပင္ဘက္နံရံမ်ားကို အႀကီးစားျပင္ဆင္မႈအတြက္ ဖုံးအုပ္ထားတဲ့ ဝါးျငမ္းမ်ားမွ စတင္ခဲ့ေၾကာင္း၊ ေဆာက္လုပ္ေရး ပိုက္ကြန္မ်ားနဲ႔ မီးေလာင္လြယ္တဲ့ ပစၥည္းမ်ားမွတဆင့္ အတြင္းပိုင္းကို ဆက္လက္ေလာင္ကြၽမ္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ အခ်ိန္တိုအတြင္း အေဆာက္အအုံ ၄-လုံးကို ကူးစက္ခဲ့ေၾကာင္း။

မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး ေဆာက္လုပ္ေရးကုမၸဏီမွ အမႈေဆာင္အရာရွိ ၃-ဦးကို ဖမ္းဆီးထားေၾကာင္း၊ သတၱဳျငမ္းမ်ား ေျပာင္းလဲအသုံးျပဳစဥ္ တ႐ုတ္ေဆာက္လုပ္ေရး အေလ့အထ လက္က်န္ ဝါးျငမ္းမ်ားေၾကာင့္ ယခင္ လူေပါင္း ၂၃-ဦးအထိ ေသဆုံးခဲ့ဖူးတယ္လို႔ သတင္းမ်ားအရ သိရွိရပါတယ္။
.

Related news

© 2021. All rights reserved.