ရခိုင်နှင့် ဆောဒေသကြား မူးယစ်ဆေးဝါးများနှင့် စားသုံးကုန်ဖလှယ်ရောင်းချမှုများရှိနေ

157

စော (NP News) - နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်မှ ကုန်သည်များသည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့မှတစ်ဆင့် ကုန် ပစ္စည်းများကို မူးယစ်ဆေးဝါးများနှင့် ဖလှယ်ကာရောင်းချမှုများရှိနေကြောင်း ဒေသခံများထံမှ သိရ သည်။ ယခင်က ရခိုင်ပြည်နယ်သို့ အမ်းမြို့ နယ်နှင့် မကွေးတိုင်းဒေသကြီး ပဒါန်းမြို့ကို ဆက်သွယ်ထား သော အမ်း-ပဒါန်းလမ်းမှ ကုန်စည်စီးဆင်းခဲ့ရာ ပဋိပက္ခများကြောင့် ကုန်စည်စီးဆင်းခွင့် အားလုံးကို ပိတ်ထားကြောင်း သိရသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်မှ ကုန်သည်များသည် ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ထားသည့် အတွက် မကွေးတိုင်းဒေသကြီး နယ်စပ်ဒေသများဖြစ်သော ဆောမြို့နှင့် ယောမြို့တို့မှတစ်ဆင့် ဆန်နှင့် စားသောက်ကုန်များကို တောလမ်းများမှ ကုန်သွယ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ကုန်သွယ်မှု များရှိနေသည့်အတွက် အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် နိုဝင်ဘာ (၁၇)ရက်၊ ညပိုင်းက ဆောမြို့ရှိ နေအိမ် တစ်ခုတွင် WY ဆေးပြား (၃၀ဝ)ကျော်နှင့်အတူ ရခိုင်မှလာသော ကုန်သည်အမျိုးသား လေးဦးနှင့် ၎င်းတို့ ကို လက်ခံထားသော မြို့ခံအမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အဲဒီဟာတွေက ရခိုင်ကနေပဲ ဆောကို သယ်လာတယ်လို့ထင်တယ်။ ဆောကနေ ဆန်၊ ဆီ၊ ဆား တွေ၊ ဓာတ်ဆီတွေ ရခိုင်ပြည်ကိုသယ်တယ်။ အဲဒါတော့သေချာတယ်။ အဲဒီတော့ အဲဒီမူးယစ် ဆေးဝါးတွေ ကို ရခိုင်ကသယ်တယ်ထင်တယ်။ ကြည့်ရတာတော့ ပစ္စည်းနဲ့လဲလားတော့မသိဘူး။ ဒေသခံ တော်တော် များများလည်း အဲဒီလိုသုံးသပ်ကြတယ်။ ယူဆလို့ရတယ်။ ဘာလို့လဲဆိုတော့ ဆောတို့က ဆန်၊ ဆီ၊ ဆား ပဲ ထွက်တာလေ”ဟု ၎င်းကပြောသည်။
ထို့ပြင် ရခိုင်ကုန်သည်များသည် ဆောမြို့မှ ကုန်စည်စီးဆင်းမှုအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်- ပလက်ဝကုန်သွယ်ရေးလမ်ကြောင်းမှ တစ်ဆင့်လည်း ကုန်သွယ်မှုပြုလုပ်နေကာ ဝမ်းရောဂါကြောင့် အဆိုပါ လမ်းကြောင်းကို နိုဝင်ဘာ (၁၂) မှ (၂၀) ရက်အထိ ယာယီပိတ်ထားကြောင်း သိရသည်။ “ဒီမူး ယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ရခိုင် ပြည်နယ်မှာက ဒါတွေက Hot ဖြစ်နေတယ်လေ။ မူးယစ်ဆေးဝါးတွေ ခဏခဏမိရင် ရခိုင်ပြည်နယ်မှာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဆောမြို့နယ်ဒေသခံတွေကလည်း ဒီယာဘ တွေမိတာကို အရမ်းစိုးရိမ်နေရတယ်။ အရင်ကဆိုရင် ဆောမြို့၊ ပန်းဆန်ဘက်မှာလည်း ဒီယာဘတွေကို ခဏခဏမိတဲ့အထောက်အထားရှိခဲ့ဖူးတယ်။ အရင် ခဏခဏမိတယ်။ ယောနယ်စပ်၊ ဆောနယ်စပ် အဲဒီ နယ်စပ်တွေမှာ မူးယစ်ဆေးယာဘတွေ မိတာများတယ်”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဆက်လက်ပြော သည်။

Zawgyi Version:
ရခိုင္ႏွင့္ ေဆာေဒသၾကား မူးယစ္ေဆးဝါးမ်ားႏွင့္ စားသုံးကုန္ဖလွယ္ေရာင္းခ်မႈမ်ားရွိေန
ေစာ (NP News) - ႏိုဝင္ဘာ ၂၆
ရခိုင္ျပည္နယ္မွ ကုန္သည္မ်ားသည္ မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါခ႐ိုင္ ေဆာၿမိဳ႕မွတစ္ဆင့္ ကုန္ ပစၥည္းမ်ားကို မူးယစ္ေဆးဝါးမ်ားႏွင့္ ဖလွယ္ကာေရာင္းခ်မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရ သည္။ ယခင္က ရခိုင္ျပည္နယ္သို႔ အမ္းၿမိဳ႕ နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး ပဒါန္းၿမိဳ႕ကို ဆက္သြယ္ထား ေသာ အမ္း-ပဒါန္းလမ္းမွ ကုန္စည္စီးဆင္းခဲ့ရာ ပဋိပကၡမ်ားေၾကာင့္ ကုန္စည္စီးဆင္းခြင့္ အားလုံးကို ပိတ္ထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရခိုင္ျပည္နယ္မွ ကုန္သည္မ်ားသည္ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားပိတ္ထားသည့္ အတြက္ မေကြးတိုင္းေဒသႀကီး နယ္စပ္ေဒသမ်ားျဖစ္ေသာ ေဆာၿမိဳ႕ႏွင့္ ေယာၿမိဳ႕တို႔မွတစ္ဆင့္ ဆန္ႏွင့္ စားေသာက္ကုန္မ်ားကို ေတာလမ္းမ်ားမွ ကုန္သြယ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ကုန္သြယ္မႈ မ်ားရွိေနသည့္အတြက္ အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ႏိုဝင္ဘာ (၁၇)ရက္၊ ညပိုင္းက ေဆာၿမိဳ႕ရွိ ေနအိမ္ တစ္ခုတြင္ WY ေဆးျပား (၃၀ဝ)ေက်ာ္ႏွင့္အတူ ရခိုင္မွလာေသာ ကုန္သည္အမ်ိဳးသား ေလးဦးႏွင့္ ၎တို႔ ကို လက္ခံထားေသာ ၿမိဳ႕ခံအမ်ိဳးသမီးတစ္ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
“အဲဒီဟာေတြက ရခိုင္ကေနပဲ ေဆာကို သယ္လာတယ္လို႔ထင္တယ္။ ေဆာကေန ဆန္၊ ဆီ၊ ဆား ေတြ၊ ဓာတ္ဆီေတြ ရခိုင္ျပည္ကိုသယ္တယ္။ အဲဒါေတာ့ေသခ်ာတယ္။ အဲဒီေတာ့ အဲဒီမူးယစ္ ေဆးဝါးေတြ ကို ရခိုင္ကသယ္တယ္ထင္တယ္။ ၾကည့္ရတာေတာ့ ပစၥည္းနဲ႔လဲလားေတာ့မသိဘူး။ ေဒသခံ ေတာ္ေတာ္ မ်ားမ်ားလည္း အဲဒီလိုသုံးသပ္ၾကတယ္။ ယူဆလို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ေဆာတို႔က ဆန္၊ ဆီ၊ ဆား ပဲ ထြက္တာေလ”ဟု ၎ကေျပာသည္။
ထို႔ျပင္ ရခိုင္ကုန္သည္မ်ားသည္ ေဆာၿမိဳ႕မွ ကုန္စည္စီးဆင္းမႈအျပင္ အိႏၵိယႏိုင္ငံ၊ မီဇိုရမ္- ပလက္ဝကုန္သြယ္ေရးလမ္ေၾကာင္းမွ တစ္ဆင့္လည္း ကုန္သြယ္မႈျပဳလုပ္ေနကာ ဝမ္းေရာဂါေၾကာင့္ အဆိုပါ လမ္းေၾကာင္းကို ႏိုဝင္ဘာ (၁၂) မွ (၂၀) ရက္အထိ ယာယီပိတ္ထားေၾကာင္း သိရသည္။ “ဒီမူး ယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီး ရခိုင္ ျပည္နယ္မွာက ဒါေတြက Hot ျဖစ္ေနတယ္ေလ။ မူးယစ္ေဆးဝါးေတြ ခဏခဏမိရင္ ရခိုင္ျပည္နယ္မွာျဖစ္တယ္ေပါ့ေနာ္။ ဆိုေတာ့ ေဆာၿမိဳ႕နယ္ေဒသခံေတြကလည္း ဒီယာဘ ေတြမိတာကို အရမ္းစိုးရိမ္ေနရတယ္။ အရင္ကဆိုရင္ ေဆာၿမိဳ႕၊ ပန္းဆန္ဘက္မွာလည္း ဒီယာဘေတြကို ခဏခဏမိတဲ့အေထာက္အထားရွိခဲ့ဖူးတယ္။ အရင္ ခဏခဏမိတယ္။ ေယာနယ္စပ္၊ ေဆာနယ္စပ္ အဲဒီ နယ္စပ္ေတြမွာ မူးယစ္ေဆးယာဘေတြ မိတာမ်ားတယ္”ဟု ျဖစ္စဥ္ကို သိရွိသူတစ္ဦးက ဆက္လက္ေျပာ သည္။
။