ဒေါပုံမြို့နယ်တွင် လူမနေထိုင်သည့် (၂)ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီး

133
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းေဒသကြီး၊ ဒေါပုံမြို့နယ်တွင် လူမနေထိုင်သည့် (၂ ) ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သစ္စာမန်ဏိုင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂၅ ရက်)၊ ညနေ ၆ နာရီ ၆ မိနစ်ခန့်က ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ(၄)လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လောင်တာက လူမနေတဲ့အိမ်ပါ။ ဘယ်က စလောင်တာလဲတော့ အလီဘိုင်ပြလို့ မရသေးပါဘူး။ ဆေးလိပ်မီးကနေလောင်တာတို့ဘာတို့ဖြစ်နိုင်ပါတယ်" ဟု သစ္စာမန်ဏိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း (၂)ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် မီးလောင်မှုအား ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဗိုလ်တထောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Zawgyi Version:
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် လူမနေထိုင်သည့် (၂ ) ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သစ္စာမန်ဏိုင်လူမှုကူညီရေးအသင်းထံမှ သိရသည်။