နိုင်ဂျီးရီးယားနိုင်ငံမှာ သေနတ်သမားတွေက ကျောင်းသား(၅၂)ဦးကို ပြန်ပေးဆွဲသွား

 103

Pika (NP News) - နိုဝင်ဘာ ၂၃

နိုင်ဂျီးရီးယားနိုင်ငံက သေနတ်သမားတွေဟာ နိုင်ဂျာပြည်နယ်မှာရှိတဲ့ ကတ်သလစ်ကျောင်းတစ်ကျောင်းမှာရှိတဲ့ ကျောင်းသား(၅၂)ဦးကို ပြန်ပေးဆွဲခဲ့တယ်လို့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။ နိုင်ဂျာ ပြည်နယ်အစိုးရရဲ့ထုတ်ပြန်ချက်မှာ ပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့တာကို အတည်ပြုခဲ့ပေမယ့်လည်း ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအရေအတွက် အတိအကျကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ “စိန့်မေရီကျောင်းက ကျောင်းသားတွေ ပြန်ပေးဆွဲခံရတဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့သတင်းကို နိုင်ဂျာပြည်နယ်အစိုးရက လက်ခံရရှိခဲ့ပါတယ်။ လုံခြုံရေးအေဂျင်စီတွေက ကျောင်းသားတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ကတ်ဘီပြည်နယ်မှာရှိတဲ့ ကျောင်း တစ်ကျောင်းက ကျောင်းသူ(၂၅)ဦးကို ပြန်ပေးဆွဲတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလို ပြန်ပေးဆွဲမှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာ သေနတ်သမားတွေက တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ခဲ့ တာကြောင့် လုံခြုံရေးပိုင်းနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုမြင့်တက်လာစေခဲ့ပြီး သမ္မတဘိုလာတီနူဘူရဲ့ နိုင်ငံခြားခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ေသနတ္သမားေတြက ေက်ာင္းသား(၅၂)ဦးကို ျပန္ေပးဆြဲသြား
Pika (NP News) - ႏိုဝင္ဘာ ၂၃
ႏိုင္ဂ်ီးရီးယားႏိုင္ငံက ေသနတ္သမားေတြဟာ ႏိုင္ဂ်ာျပည္နယ္မွာရွိတဲ့ ကတ္သလစ္ေက်ာင္းတစ္ေက်ာင္းမွာရွိတဲ့ ေက်ာင္းသား(၅၂)ဦးကို ျပန္ေပးဆြဲခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။ ႏိုင္ဂ်ာ ျပည္နယ္အစိုးရရဲ႕ထုတ္ျပန္ခ်က္မွာ ျပန္ေပးဆြဲမႈတစ္ခုျဖစ္ပြားခဲ့တာကို အတည္ျပဳခဲ့ေပမယ့္လည္း ျပန္ေပးဆြဲခံရတဲ့ ေက်ာင္းသားအေရအတြက္ အတိအက်ကို စစ္ေဆးေနဆဲျဖစ္တယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။
ထုတ္ျပန္ခ်က္မွာ “စိန႔္ေမရီေက်ာင္းက ေက်ာင္းသားေတြ ျပန္ေပးဆြဲခံရတဲ့ ဝမ္းနည္းဖြယ္ေကာင္းတဲ့သတင္းကို ႏိုင္ဂ်ာျပည္နယ္အစိုးရက လက္ခံရရွိခဲ့ပါတယ္။ လုံၿခဳံေရးေအဂ်င္စီေတြက ေက်ာင္းသားေတြကို ရွာေဖြမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ႏိုင္ဂ်ီးရီးယားႏိုင္ငံ ကတ္ဘီျပည္နယ္မွာရွိတဲ့ ေက်ာင္း တစ္ေက်ာင္းက ေက်ာင္းသူ(၂၅)ဦးကို ျပန္ေပးဆြဲတဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလို ျပန္ေပးဆြဲမႈေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ေသနတ္သမားေတြက တိုက္ခိုက္မႈမ်ားစြာကို လုပ္ေဆာင္ခဲ့ တာေၾကာင့္ လုံၿခဳံေရးပိုင္းနဲ႔ပတ္သက္တဲ့ စိုးရိမ္ပူပန္မႈေတြကိုျမင့္တက္လာေစခဲ့ၿပီး သမၼတဘိုလာတီႏူဘူရဲ႕ ႏိုင္ငံျခားခရီးစဥ္ေတြကို ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔လည္း သိရပါတယ္။

© 2021. All rights reserved.