နေတိုးထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတက ယူကရိန်းသမ္မတဇီလန်စကီးကို ရုရှားသမ္မတပူတင် အဖြစ် မှားယွင်းဖော်ပြပြောဆို

 1545

Pika (NP News) - ဇူလိုင် ၁၂

ဇူလိုင်လ(၁၁)ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဝါရှင်တန်ဒီစီမြို့တွင်ကျင်းပသော နေတိုးထိပ်သီး အစည်းအဝေးအတွင်း ယူကရိန်းသမ္မတဇီလန်စကီးကို ရုရှားသမ္မတပူတင်အဖြစ် မှားယွင်းဖော်ပြပြောဆိုမိခဲ့ ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်က "ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ ကျွန်တော်အခု မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ချင်တာကတော့ ရဲစွမ်း သတ္တိရှိတဲ့ ယူကရိန်းသမ္မတဖြစ်တဲ့ သမ္မတပူတင်ပဲဖြစ်ပါတယ်။ သမ္မတပူတင်က သမ္မတပူတင်ကို အနိုင်ယူနိုင်ပါ လိမ့်မယ်။ သမ္မတဇီလန်စကီး၊ ကျွန်တော်လည်း ပူတင်ကို အနိုင်ယူနိုင်ဖို့ အာရုံစိုက်နေပါတယ်” ဟု မှားယွင်း ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတဇီလန်စကီးကို ပူတင်အဖြစ် မှားယွင်းဖော်ပြပြောဆိုခဲ့ပြီးနောက် ထိပ်သီးအစည်းအဝေးခန်းအတွင်း အသံများကျယ်လောင်စွာထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်၏ ပြောဆိုချက်များကို “ကျွန်တော်က ပူတင်ထက် ပိုကောင်းပါတယ်” ဆိုသည့်စကားဖြင့် ဇီလန်စကီးက ပြန်လည် တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်က “ဟုတ်ပါတယ်။ ဇီလန်စကီးက ပိုတော်ပါတယ်” ဟု ပြန်လည်ပြောဆိုခဲ့ပြီးနောက် အခန်းအတွင်း ရယ်မောသံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကျင်းပခဲ့သော သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့် စကားစစ်ထိုးပွဲအတွင်း အားနည်းသောပုံစံဖြင့် စကားစစ်ထိုးခဲ့ပြီးနောက် ၎င်း၏ ဒီမိုကရက်တစ်ပါတီဝင်များ အပါအဝင် အလှူရှင်များထံမှ သံသယများကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

သို့သော်လည်း ဂျိုးဘိုင်ဒန်၏ မှားယွင်းပြောဆိုချက်များကို ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်က ကာကွယ်ပြောဆိုခဲ့ ကြောင်း သိရသည်။ အိုလက်ဖ်ရှိုးလ် က “စကားပြောနေရင်း လျှာလိပ်သွားတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ တစ်စုံ တစ်ယောက်ကို အမြဲတမ်းစောင့်ကြည့်နေရမယ်ဆိုရင် ဒီလိုမျိုး မှားယွင်းပြောဆိုမိတာတွေကို ဖြစ်တတ်ပါတယ်” ဟု ကာကွယ်ပြောခဲ့သည်။

Zawgyi Version;
ေနတိုးထိပ္သီးအစည္းအေဝးအတြင္း အေမရိကန္သမၼတက ယူကရိန္းသမၼတဇီလန္စကီးကို ႐ုရွားသမၼတပူတင္ အျဖစ္ မွားယြင္းေဖာ္ျပေျပာဆို
Pika (NP News) - ဇူလိုင္ ၁၂

ဇူလိုင္လ(၁၁)ရက္တြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ဝါရွင္တန္ဒီစီၿမိဳ႕တြင္က်င္းပေသာ ေနတိုးထိပ္သီး အစည္းအေဝးအတြင္း ယူကရိန္းသမၼတဇီလန္စကီးကို ႐ုရွားသမၼတပူတင္အျဖစ္ မွားယြင္းေဖာ္ျပေျပာဆိုမိခဲ့ ေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒန္က "ဂုဏ္သေရရွိလူႀကီးမင္းမ်ားခင္ဗ်ာ ကြၽန္ေတာ္အခု မိန႔္ခြန္းေျပာဖို႔ ဖိတ္ေခၚခ်င္တာကေတာ့ ရဲစြမ္း သတၱိရွိတဲ့ ယူကရိန္းသမၼတျဖစ္တဲ့ သမၼတပူတင္ပဲျဖစ္ပါတယ္။ သမၼတပူတင္က သမၼတပူတင္ကို အႏိုင္ယူႏိုင္ပါ လိမ့္မယ္။ သမၼတဇီလန္စကီး၊ ကြၽန္ေတာ္လည္း ပူတင္ကို အႏိုင္ယူႏိုင္ဖို႔ အာ႐ုံစိုက္ေနပါတယ္” ဟု မွားယြင္း ေျပာဆိုခဲ့သည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ယူကရိန္းသမၼတဇီလန္စကီးကို ပူတင္အျဖစ္ မွားယြင္းေဖာ္ျပေျပာဆိုခဲ့ၿပီးေနာက္ ထိပ္သီးအစည္းအေဝးခန္းအတြင္း အသံမ်ားက်ယ္ေလာင္စြာထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။ ဂ်ိဳးဘိုင္ဒန္၏ ေျပာဆိုခ်က္မ်ားကို “ကြၽန္ေတာ္က ပူတင္ထက္ ပိုေကာင္းပါတယ္” ဆိုသည့္စကားျဖင့္ ဇီလန္စကီးက ျပန္လည္ တုံ႔ျပန္ခဲ့ေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒန္က “ဟုတ္ပါတယ္။ ဇီလန္စကီးက ပိုေတာ္ပါတယ္” ဟု ျပန္လည္ေျပာဆိုခဲ့ၿပီးေနာက္ အခန္းအတြင္း ရယ္ေမာသံမ်ား ထြက္ေပၚခဲ့ေၾကာင္း သိရသည္။ ဂ်ိဳးဘိုင္ဒန္သည္ ၿပီးခဲ့သည့္လေႏွာင္းပိုင္းတြင္ က်င္းပခဲ့ေသာ သမၼတေဟာင္းေဒၚနယ္ထရမ့္ႏွင့္ စကားစစ္ထိုးပြဲအတြင္း အားနည္းေသာပုံစံျဖင့္ စကားစစ္ထိုးခဲ့ၿပီးေနာက္ ၎၏ ဒီမိုကရက္တစ္ပါတီဝင္မ်ား အပါအဝင္ အလႉရွင္မ်ားထံမွ သံသယမ်ားကို ရင္ဆိုင္ေနရေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း ဂ်ိဳးဘိုင္ဒန္၏ မွားယြင္းေျပာဆိုခ်က္မ်ားကို ဂ်ာမန္အဓိပတိအိုလက္ဖ္ရႈိးလ္က ကာကြယ္ေျပာဆိုခဲ့ ေၾကာင္း သိရသည္။ အိုလက္ဖ္ရႈိးလ္ က “စကားေျပာေနရင္း လွ်ာလိပ္သြားတယ္ဆိုတာ ျဖစ္တတ္ပါတယ္။ တစ္စုံ တစ္ေယာက္ကို အၿမဲတမ္းေစာင့္ၾကည့္ေနရမယ္ဆိုရင္ ဒီလိုမ်ိဳး မွားယြင္းေျပာဆိုမိတာေတြကို ျဖစ္တတ္ပါတယ္” ဟု ကာကြယ္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.