ရန်ကုန်မြစ်အတွင်း သမ္မန်တိမ်းမှောက်မှုတွင် ပျောက်ဆုံးသူ(၉)ဦးအနက် (၇)ဦး၏ အလောင်းပြန်လည်တွေ့ရှိ

 7007

သန့်ဇင် (NP News) - ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင့်တိုင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း သမ္မန်တိမ်းမှောက်မှုတွင် ပျောက်ဆုံးသူ(၉)ဦးအနက် (၇)ဦး၏ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ကြောင်း အားမာန်လူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

သမ္မန်တိမ်းမှောက်မှုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈နာရီဝန်းကျင်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် ကျောက်ချရပ်နားထားသည့် ရှမ်းရိုးမ(၃)တွဲသင်္ဘောကို ဝင်တိုက်မိခဲ့ခြင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းပြီး သမ္မန်ပေါ်တွင်လိုက်ပါလာသည့် လူ(၁၇)ဦးအနက် (၉)ဦးမှာပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့နောက် ပျောက်ဆုံးသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အပါအဝင် အခြားအသင်းအဖွဲ့များက လိုက်လံရှာဖွေခဲ့ရာ ယမန်နေ့(ဇူလိုင်လ ၁၂ ရက်) တွင် ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် အရပ်သား(၃)ဦး စုစုပေါင်း(၆)ဦး၏ ရုပ်အလောင်းများကို ပြန်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျောင်းသား(၂)ယောက်နဲ့ ကျောင်းသူ(၁)ယောက်အလောင်းကိုလည်း မနေ့ကပြန်တွေ့တယ်။ ဘာလို့ဆို အဖြူအစိမ်းနဲ့က (၂)ယောက်မို့ ကျောင်း သား၊ ကျောင်းသူလို့အတည်ပြုလို့ရတယ်။ အသက်တွေကတော့ အမျိုးသမီးက ၁၃ နှစ်နဲ့ အမျိုးသားက ၁၅ နှစ်ပါ။ ပြန်တွေ့တာက သန်လျှင်ရေနံချက်စက်ရုံနားနဲ့ ဦးမြဆိပ်ကမ်းဘက်မှာပြန်တွေ့တာ။ အရပ်သားတွေကိုတော့ ပုဇွန်တောင်မှာ တစ်ယောက်တွေ့တယ်။ နောက်ထပ်တစ်ယောက်က သာကေဘက်မှာတွေ့တယ်။ နောက်တစ်ယောက်က သီလဝါမှာတွေ့တယ်”ဟု အားမာန်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့နောက် ပျောက်ဆုံးနေသူ(၃)ဦးအား ဆက်လက်ရှာဖွေခဲ့ရာ ယနေ့ (ဇူ လိုင်လ ၁၃ ရက်) နံနက်ပိုင်းတွင် ဂျပန်ဆိပ်ကမ်းအနီး၌ အသက်(၁၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်မှာပဲ အမျိုးသမီးအလောင်းတစ်လောင်းပြန်တွေ့တယ်။ အသက်က ၁၅ နှစ်ပါ။ PR 055 နဲ့အလောင်းရှိပါတယ်။ နောက်ပြီး တောင်ဒဂုံဘက်မှာ တစ်လောင်းပြန်တွေ့တယ်လို့သိထားပါတယ်။ အဲဒါကိုတော့ အတည်ပြုဖို့စောင့်နေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် သမ္မန်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျောက်ဆုံးသူ(၉)ဦးအနက် (၇)ဦးအားပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ရုပ်အလောင်းများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“အကြံပြုချင်တာကတော့ သက်မှတ်ထားတဲ့ ရေကြောင်းမှာပဲသွားစေချင်တယ်။ ရန်ကုန်မြစ်ကလည်း မိုးတွင်းမှဆိုရေစီးသန်တယ်လေ။ အဲဒီတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေသတ်မှတ်ထားတဲ့ ရေလမ်း‌ကြောင်းအတိုင်းသွားကြဖို့ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုတင်တာတွေမလုပ်ဖို့နဲ့ အသက်ကယ်ဘောကွင်းတို့၊ Life Jacket တွေထားဖို့လည်းလိုတယ်။ အခုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကြီးကြပ်ထားတဲ့အတွက် အသက်ကယ်အင်္ကျီတွေ ဘောကွင်းတို့တပ်ထားကြပါပြီ”ဟု ၎င်းကအကြံပြုပြောဆိုထားသည်။

zawgyi version
ရန္ကုန္ျမစ္အတြင္း သမၼန္တိမ္းေမွာက္မႈတြင္ ေပ်ာက္ဆုံးသူ(၉)ဦးအနက္ (၇)ဦး၏ အေလာင္းျပန္လည္ေတြ႕ရွိ

သန႔္ဇင္ (NP News) - ဇူလိုင္ ၁၃

ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္၊ ရန္ကုန္ျမစ္အတြင္း သမၼန္တိမ္းေမွာက္မႈတြင္ ေပ်ာက္ဆုံးသူ(၉)ဦးအနက္ (၇)ဦး၏႐ုပ္အေလာင္းမ်ားအား ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း အားမာန္လူငယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

သမၼန္တိမ္းေမွာက္မႈသည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၀ ရက္၊ နံနက္ ၈နာရီဝန္းက်င္ခန႔္က ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေဈးကေလးရပ္ကြက္၊ ရန္ကုန္ျမစ္အတြင္း၊ ဗားကရားဆိပ္ကမ္းမွ ေရမိုင္(၅)ဖာလုံခန႔္အကြာတြင္ ေက်ာက္ခ်ရပ္နားထားသည့္ ရွမ္း႐ိုးမ(၃)တြဲသေဘၤာကို ဝင္တိုက္မိခဲ့ျခင္းေၾကာင့္ တိမ္းေမွာက္ခဲ့ျခင္းၿပီး သမၼန္ေပၚတြင္လိုက္ပါလာသည့္ လူ(၁၇)ဦးအနက္ (၉)ဦးမွာေပ်ာက္ဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ထို႔ေနာက္ ေပ်ာက္ဆုံးသူမ်ားအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕အပါအဝင္ အျခားအသင္းအဖြဲ႕မ်ားက လိုက္လံရွာေဖြခဲ့ရာ ယမန္ေန႔(ဇူလိုင္လ ၁၂ ရက္) တြင္ ေက်ာင္းသား၊ ေက်ာင္းသူ(၃)ဦးႏွင့္ အရပ္သား(၃)ဦး စုစုေပါင္း(၆)ဦး၏ ႐ုပ္အေလာင္းမ်ားကို ျပန္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

“ေက်ာင္းသား(၂)ေယာက္နဲ႔ ေက်ာင္းသူ(၁)ေယာက္အေလာင္းကိုလည္း မေန႔ကျပန္ေတြ႕တယ္။ ဘာလို႔ဆို အျဖဴအစိမ္းနဲ႔က (၂)ေယာက္မို႔ ေက်ာင္း သား၊ ေက်ာင္းသူလို႔အတည္ျပဳလို႔ရတယ္။ အသက္ေတြကေတာ့ အမ်ိဳးသမီးက ၁၃ ႏွစ္နဲ႔ အမ်ိဳးသားက ၁၅ ႏွစ္ပါ။ ျပန္ေတြ႕တာက သန္လွ်င္ေရနံခ်က္စက္႐ုံနားနဲ႔ ဦးျမဆိပ္ကမ္းဘက္မွာျပန္ေတြ႕တာ။ အရပ္သားေတြကိုေတာ့ ပုဇြန္ေတာင္မွာ တစ္ေယာက္ေတြ႕တယ္။ ေနာက္ထပ္တစ္ေယာက္က သာေကဘက္မွာေတြ႕တယ္။ ေနာက္တစ္ေယာက္က သီလဝါမွာေတြ႕တယ္”ဟု အားမာန္လူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေနာက္ ေပ်ာက္ဆုံးေနသူ(၃)ဦးအား ဆက္လက္ရွာေဖြခဲ့ရာ ယေန႔ (ဇူ လိုင္လ ၁၃ ရက္) နံနက္ပိုင္းတြင္ ဂ်ပန္ဆိပ္ကမ္းအနီး၌ အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၏ ႐ုပ္အေလာင္းကို ျပန္လည္ရွာေဖြေတြ႕ ရွိခဲ့ေၾကာင္း သိရသည္။

“ဒီေန႔မနက္မွာပဲ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းျပန္ေတြ႕တယ္။ အသက္က ၁၅ ႏွစ္ပါ။ PR 055 နဲ႔အေလာင္းရွိပါတယ္။ ေနာက္ၿပီး ေတာင္ဒဂုံဘက္မွာ တစ္ေလာင္းျပန္ေတြ႕တယ္လို႔သိထားပါတယ္။ အဲဒါကိုေတာ့ အတည္ျပဳဖို႔ေစာင့္ေနတုန္းပါ”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ သမၼန္တိမ္းေမွာက္မႈျဖစ္စဥ္မွ ေပ်ာက္ဆုံးသူ(၉)ဦးအနက္ (၇)ဦးအားျပန္လည္ရွာေဖြေတြရွိခဲ့ၿပီး ႐ုပ္အေလာင္းမ်ားအား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

“အႀကံျပဳခ်င္တာကေတာ့ သက္မွတ္ထားတဲ့ ေရေၾကာင္းမွာပဲသြားေစခ်င္တယ္။ ရန္ကုန္ျမစ္ကလည္း မိုးတြင္းမွဆိုေရစီးသန္တယ္ေလ။ အဲဒီေတာ့ သက္ဆိုင္ရာ တာဝန္ရွိသူေတြသတ္မွတ္ထားတဲ့ ေရလမ္း‌ေၾကာင္းအတိုင္းသြားၾကဖို႔ သတ္မွတ္ထားတဲ့လူဦးေရထက္ ပိုတင္တာေတြမလုပ္ဖို႔နဲ႔ အသက္ကယ္ေဘာကြင္းတို႔၊ Life Jacket ေတြထားဖို႔လည္းလိုတယ္။ အခုေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြ ႀကီးၾကပ္ထားတဲ့အတြက္ အသက္ကယ္အက်ႌေတြ ေဘာကြင္းတို႔တပ္ထားၾကပါၿပီ”ဟု ၎ကအႀကံျပဳေျပာဆိုထားသည္။

Related news

© 2021. All rights reserved.