ဘဏ်များတွင် ငွေသားများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို လစာပေးနိုင်ရေး အခက်အခဲရှိလာနိုင်
5569
ယွန်း (NP News) - ဇူလိုင် ၁၆
ပြည်တွင်းရှိဘဏ်များတွင် ငွေသားများကို အကန့်အသတ်ဖြင့်သာထုတ်ပေးနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို လစာငွေပေးနိုင်ရေးတွင် အခက်အခဲများရှိလာနိုင်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က NP News ကို သုံးသပ်ပြောဆိုထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ ဘဏ်များအနေဖြင့် ဘဏ်တွင် သိုလှောင်နိုင်သည့် ငွေသားပမာဏအတွင်း ထုတ်ပေးနေပြီး ဘဏ်များ၏လိုအပ်ချက်ငွေသားများကို လုံလောက်စွာဖြည့်ဆည်းပေးနေကြောင်း အသိပေး ပြောဆိုထားသည်။
သို့သော် မြေပြင်အခြေအနေအရ လက်ရှိတွင် ဘဏ်များ၌ အကောင့်တစ်ခုလျှင် ငွေကျပ် သိန်း(၂၀)နှုန်းသာ ထုတ်ယူခွင့်ပြုထားပြီး လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏တစ်ရက်စာ ရုံးအသုံး စရိတ်အတွက်ပင် လုံလောက်မှုမရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ ထိုသို့ ငွေသားကို အကန့် အသတ်ဖြင့်သာ ထုတ်ယူရခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူလူထု အနေဖြင့် ဘဏ်များကို ယုံကြည်မှုမရှိတော့ပါက ပြဿနာများမှာ ယခုထက်ပို၍ ကြီးမား လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်ပြောကြားထားသည်။
“ ခုလောလောဆယ်မှာတော့ စပြီးဖြစ်လာပြီ။ ခါတိုင်း ပုံမှန် Banking နဲ့လုပ်နေတဲ့ အလုပ်တွေ က ငွေသားတောင်းလာကြတယ်။ ပထမကတော့ စိတ်ပူတဲ့အဆင့်ပေါ့။ လတ်တလောမလိုသေးပေမယ့် လိုလာခဲ့ရင် ငွေသားမရှိရင် ဒုက္ခရောက်မယ်ဆိုတဲ့ စိတ်ပေါ့။ အဲဒါကအဓိကဖြစ်လာတာ။ လောလော ဆယ် မလိုအပ်သေးရင်တောင်မှ ငါတို့မှာ ငွေသားရှိထားမှ ငွေသားလက်ခံထားမှဆိုတဲ့ စိုးရိမ်စိတ်တွေ က လုပ်ငန်းရှင်တွေမှာဝင်လာပြီ။ လုပ်ငန်းရှင်တွေကိုယ်တိုင်က ဘဏ်ကိုအယုံအကြည်မရှိတော့ရင် ဒီပြဿနာက ပိုကြီးလာမှာပဲ။ တကယ်လည်း ငွေသားကို ခုနောက်ပိုင်း သိပ်ပြီးကိုင်သုံးလာကြတာ မှမဟုတ်တာ။ ဝန်ထမ်းတွေကအစ လစာပေးရင်တောင် Banking နဲ့ ပေးနေတာ။ အခုကတော့ လစာ ထုတ်ရက်မဟုတ်တော့ မရှိသေးဘူးပေါ့။ လစာထုတ်ရက် ရောက်ရင် ပြဿနာကတော့ရှိမှာပဲလေ။ ငွေသားမှ အဲဒီလောက် မရှိတဲ့ဟာကို(ကျွန်တော်တို့ဆီ)” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်ကြီးက သုံးသပ်ပြောဆိုထား သည်။
ထို့ပြင် ဝန်ထမ်းလစာပေးနိုင်ရေးအတွက် အကောင့် သုံးလေးခုခွဲ၍ ငွေထုတ်ယူနေရပြီး ဝန်ထမ်းများကို လစာပေးနိုင်မည့်အခြေအနေမှာ သေချာမှု မရှိသေးကြောင်း သိရသည်။ “ ဘယ်လောက်ရယ်မဟုတ်ဘူး အကောင့်တစ်ခု ကိုသိန်း(၂၀) ရတဲ့နေ့လည်းရှိတယ်။ (၁၀)သိန်းပဲရတဲ့နေ့လည်ရှိတယ်။ အကောင့် ၃/၄ ခုခွဲထုတ်ပြီး ငွေစုနေရပါတယ်။ ဒါပေမဲ့ သိန်း(၂၀)ဆို တာ တစ်ရက်စာ ရုံး အသုံးစားရိတ်တောင်မလောက်ပါဘူး။ ဝန်ထမ်းလစာကတော့ ပေးနိုင်မလား မပေးနိုင်ဘူးလား မသေချာတော့ဘူး။ မပေးနိုင်ရင်အောက်ခြေ ဝန်ထမ်းတွေ စားဝတ်နေရေးပြဿနာ တက်မယ်။Domino effect ကကြီးလိမ့်မယ်။ ကျွန်တော်တို့ ကတော့ မငတ်ဘူးလေ အောက်ခြေဝန်ထမ်း ပဲငတ်မှာ ဒါပေမဲ့ ဘယ်အလုပ်ရှင်မှ ကိုယ့်ဝန်ထမ်းကိုအငတ် မခံစေချင်ပါဘူး။ လူ(၁၀ဝဝ)ရှိတဲ့ စက်ရုံက လစာနဲ့အသုံးစရိတ်တစ်လကို သိန်း(၆၀ဝဝ)အထက်မှာ ရှိတယ်။ တစ်နေ့သိန်း ၄၀/၅၀ ထုတ်လို့ရလည်း ဘာမှလုပ်လို့မရဘူး။ ဘဏ်ကတော့ငွေမရှိလို့ဆိုတာရယ် ဗဟိုဘဏ်က ငွေမထုတ် ပေးလို့ဆိုတာရယ်ပဲ အကြောင်းပြနေတာပဲ” ဟု အထည်ချုပ်လုပ်ငန်းရှင်ကြီးတစ်ဦးက အသိပေးပြောသည်။
လက်ရှိတွင် ဘဏ်များ၌ ငွေသားလုံလောက်စွာ ထုတ်ယူ၍မရခြင်းကြောင့် အောက်ခြေဝန်ထမ်း များအနေဖြင့် လစာကိစ္စနှင့်ပတ်သက်၍ အခက်အခဲများ နှင့် ရင်ဆိုင်ရနိုင်ပြီး ပြည်တွင်းရှိလုပ်ငန်းအချို့ လည်း ရပ်ဆိုင်းရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဘဏ်များအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယခင်ကပင်အကြိမ်ကြိမ် ညွှန်ကြားထားပြီး ဥပမာအားဖြင့် Special Account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့်ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားကာ ငွေစု ဘဏ်စာရင်း Saving Account ဆိုပါက (၁) ပတ် (၁) ကြိမ် ငွေထုတ်ယူနိုင်ကာ စာရင်းသေအပ်ငွေ Fix Deposit ဆိုပါက သက်တမ်းပြည့်သည့် အချိန်မှသာ ငွေထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်က အသိပေး ထားသည်။
ထို့ပြင် ငွေသားရရှိရေးအတွက် မိမိအကောင့်ထဲရှိငွေများကို ရာခိုင်နှုန်းပေးပြီးလဲလှယ်ရခြင်း မျိုး များလည်းရှိနေကာ အချို့ဒေသများတွင် ငွေကျပ် (၁)သိန်းလျှင် ငွေကျပ် (၁၀ဝဝဝ) နှုန်းဖြင့် (၁၀) ရာခိုင်နှုန်းပေးကာ ငွေထုတ်နေရမှုများလည်းရှိနေကြောင်း သိရသည်။ “ အရင်ကလိုပဲ ရာခိုင်နှုန်းပေးပြီး လဲတာမျိုးတွေ ဖြစ်လာဦးမှာပဲ။ ငွေသားကိုင်ထားတဲ့သူတွေက သတ်သတ်ကို ရှိတာ။ အဲဒါတွေကို ကြီးလာအောင်ဖွတဲ့ သူတွေကလည်း ဒီလိုလူတွေပဲဖွတာ။ တိုင်းပြည် ရဲ့ အခြေအနေမကောင်းတဲ့အခြေအနေမှာ ရွှေဈေး၊ ဒေါ်လာဈေးတက်အောင်ဖန်တီးပြီးတော့ လုပ်နေတဲ့ အဖွဲ့ကိုက သူ့နေရာနဲ့သူရှိကြတယ်။ သူတို့အတွက် ခွင်ဝင်လာပြီဆို ဒီပြဿနာကို ကြီးအောင်ဖွမယ်။ ဒါတွေက ရှိကိုရှိတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ပြောမယ်ဆိုရင် ဘဏ်စနစ်က မဖြစ်မနေလိုအပ်တယ်။ ဘဏ်ကို ယုံကြည်မှုက အပြည့်အဝရှိမှရမှာ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။
ထို့ကြောင့် လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ် အနေဖြင့် တိကျသည့်ကြေညာချက်ထုတ်ပြန်ရန် လိုအပ်ပြီး လုပ်ငန်းရှင်များအတွက် ဝန်ထမ်းလစာငွေများကို စာရင်းနှင့်ထုတ်ပေးခြင်းများကို လုပ်ပေး ရန်လိုအပ်ကြောင်း ၎င်းက အကြံပြုပြောသည်။
“ ဗဟိုဘဏ်ကသေချာတိကျတဲ့ကြေညာချက် ထုတ်စေချင်ပါတယ်။ လုပ်ငန်းတွေအတွက် လစာကို လစာ စာရင်းနဲ့ထုတ်ပေးတာမျိူးလုပ်ပေးမယ် ဘာညာပေါ့။ ၂၀၂၁ တုန်းကလို သေချာလုပ်ပေး စေချင်ပါတယ်။ နောက်ပြီး special account ဆိုရင် အချိန်မရွေး ငွေကို ကြိုက်သလောက်ပြန်ထုတ်လို့ ရမယ်ဆိုလို့လူတွေက ငွေတွေအပ်ကြတာပါ။ အခုက အလိမ်ခံရသလိုဖြစ်နေတယ်။ ဘဏ်ကိုဘယ်သူမှ မယုံတော့ဘူး။ ပြဿနာက ကျွန်တော်တို့တွေက အိမ်မှာငွေတွေပုံထားဖို့လည်း အဆင်မပြေဘူးလေ။ သိန်း (၅၀ဝ/၁၀ဝဝ) က ပြဿနာမရှိပေမယ့် အဲဒီထက်တော့ ပိုမထားရဲဘူး။ အဲဒီတော့ အဖြေကရှင်းပါ တယ်။ အလုပ်လက်မဲ့ပိုများလာမှာပေါ့။ ငွေလည်းဒီမှာ မထားတော့ဘူး။ ကျွန်တော်တောင် ဒီတစ်ခါ ပြဿနာပြီးရင် မြန်မာပြည်မှာငွေများများမထားတော့ဘူး ဆုံးဖြတ်ထားတယ်။ ငွေဈေးကလည်း(တစ် ဒေါ်လာ) ၄၉၅၀ ဖြစ်နေပြီ။ ဒါတောင်ဝယ်မရဘူး။ ဘဏ် ကောလဟာလ ကြောင့်တက်တာပါ” ဟု အထည်ချုပ် လုပ်ငန်းရှင်ကြီးက ပြောသည်။
ထို့ပြင် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကဏ္ဍများ အပါအဝင် မီဒီယာလုပ်ငန်းများ၊ ပုံနှိပ်ထုတ်ဝေ ရေး လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင်လည်း အထက်ပါပြဿနာကို ရင်ဆိုင် နေရလျက်ရှိခြင်းကြောင့် ဗဟိုဘဏ်အနေဖြင့် ပွင့်လင်းမြင်သာသည့် ဖြေရှင်းမှုမျိုးကို ဆောင်ရွက် ပေးသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ “ကျွန်တော်တို့ဖြစ်စေချင်တာက သတင်းတစ်ခု တက်လာပြီဆိုရင် ဒီသတင်းကို ပွင့်လင်း မြင်သာအောင် ဖြေရှင်းတာမျိုး။ နောက်ပြီးတော့ ကာယကံရှင်တွေ ကိုယ်တိုင်က ဖြေရှင်းတာမျိုးက ချက်ချင်းလုပ်သင့်တယ်။ ဥပမာ- ဘဏ်တွေကို နေပြည်တော် ခေါ်တယ်။ အခေါခံရတဲ့ လုပ်ငန်းရှင်တွေ ကိုယ်တိုင်က ဒါတွေကဘယ်လိုလိုအပ်ချက်ကြောင့် တွေ့ဆုံတာ ပြဿနာမရှိဘူးဆိုတာမျိုးကို သူတို့ ကိုယ်တိုင်က ယုံကြည်မှုရှိအောင် လူထုကိုချပြရမှာ။ အခုလိုမျိုးပေါ့ အထဲပဲရောက်နေတာလား။ ဖမ်းပဲ ဖမ်းထားတာလား။ ဒီဘဏ်တွေကိုအရေးယူမှာလား။ ဘဏ်တွေကို အရေးယူရင်လည်း ဖျက်သိမ်း တာမျိုး မဟုတ်ဘူး။ ဒဏ်ငွေချ တာမျိုး၊ ခံဝန်ထိုးတာမျိုးတွေ ဒါမျိုးလုပ်တဲ့အဆင့်ပဲရှိတာ။ ဒီပြဿနာကို ပိုကြီးလာအောင် လုပ်တဲ့သူက သတ်သတ်ရှိတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၀)ရက်နေ့က ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် CEO ဦးဘမောင်စိန် အပါ အဝင် ဒါရိုက်တာ(၉)ဦးကို ငွေကြေးခဝါချမှုဖြင့် စစ်ဆေးနေပြီး Yoma Bank ပိတ်သိမ်း၊ ဖျက်သိမ်းခံရသည့် အခြေအနေအထိ ကြုံလာနိုင်ကြောင်း ပြည် ပြေးမီဒီယာအချို့ က ရေးသားဖော်ပြခဲ့ရာ ရိုးမ ဘဏ်မှ မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်ခဲ့ရသည်။
ထို့ပြင် ပြည်တွင်းရှိဘဏ်များ တည်ဆဲဥပဒေများကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ဇူလိုင်လ (၁၁) ရက်နေ့တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
zawgyi version
ဘဏ္မ်ားတြင္ ေငြသားမ်ားကို အကန႔္အသတ္ျဖင့္သာ ထုတ္ေပးေနသည့္ အတြက္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဝန္ထမ္းမ်ားကို လစာေပးႏိုင္ေရး အခက္အခဲရွိလာႏိုင္
ယြန္း (NP News) - ဇူလိုင္ ၁၆
ျပည္တြင္းရွိဘဏ္မ်ားတြင္ ေငြသားမ်ားကို အကန႔္အသတ္ျဖင့္သာထုတ္ေပးေနသည့္အတြက္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဝန္ထမ္းမ်ားကို လစာေငြေပးႏိုင္ေရးတြင္ အခက္အခဲမ်ားရွိလာႏိုင္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News ကို သုံးသပ္ေျပာဆိုထားသည္။
ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒါက္တာလင္းေအာင္၏ ေျပာၾကားခ်က္အရ ဘဏ္မ်ားအေနျဖင့္ ဘဏ္တြင္ သိုေလွာင္ႏိုင္သည့္ ေငြသားပမာဏအတြင္း ထုတ္ေပးေနၿပီး ဘဏ္မ်ား၏လိုအပ္ခ်က္ေငြသားမ်ားကို လုံေလာက္စြာျဖည့္ဆည္းေပးေနေၾကာင္း အသိေပး ေျပာဆိုထားသည္။
သို႔ေသာ္ ေျမျပင္အေျခအေနအရ လက္ရွိတြင္ ဘဏ္မ်ား၌ အေကာင့္တစ္ခုလွ်င္ ေငြက်ပ္ သိန္း(၂၀)ႏႈန္းသာ ထုတ္ယူခြင့္ျပဳထားၿပီး လုပ္ငန္းရွင္မ်ားအေနျဖင့္ ၎တို႔၏တစ္ရက္စာ ႐ုံးအသုံး စရိတ္အတြက္ပင္ လုံေလာက္မႈမရွိေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။ ထိုသို႔ ေငြသားကို အကန႔္ အသတ္ျဖင့္သာ ထုတ္ယူရျခင္းေၾကာင့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး ျပည္သူလူထု အေနျဖင့္ ဘဏ္မ်ားကို ယုံၾကည္မႈမရွိေတာ့ပါက ျပႆနာမ်ားမွာ ယခုထက္ပို၍ ႀကီးမား လာႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက သုံးသပ္ေျပာၾကားထားသည္။
“ ခုေလာေလာဆယ္မွာေတာ့ စၿပီးျဖစ္လာၿပီ။ ခါတိုင္း ပုံမွန္ Banking နဲ႔လုပ္ေနတဲ့ အလုပ္ေတြ က ေငြသားေတာင္းလာၾကတယ္။ ပထမကေတာ့ စိတ္ပူတဲ့အဆင့္ေပါ့။ လတ္တေလာမလိုေသးေပမယ့္ လိုလာခဲ့ရင္ ေငြသားမရွိရင္ ဒုကၡေရာက္မယ္ဆိုတဲ့ စိတ္ေပါ့။ အဲဒါကအဓိကျဖစ္လာတာ။ ေလာေလာ ဆယ္ မလိုအပ္ေသးရင္ေတာင္မွ ငါတို႔မွာ ေငြသားရွိထားမွ ေငြသားလက္ခံထားမွဆိုတဲ့ စိုးရိမ္စိတ္ေတြ က လုပ္ငန္းရွင္ေတြမွာဝင္လာၿပီ။ လုပ္ငန္းရွင္ေတြကိုယ္တိုင္က ဘဏ္ကိုအယုံအၾကည္မရွိေတာ့ရင္ ဒီျပႆနာက ပိုႀကီးလာမွာပဲ။ တကယ္လည္း ေငြသားကို ခုေနာက္ပိုင္း သိပ္ၿပီးကိုင္သုံးလာၾကတာ မွမဟုတ္တာ။ ဝန္ထမ္းေတြကအစ လစာေပးရင္ေတာင္ Banking နဲ႔ ေပးေနတာ။ အခုကေတာ့ လစာ ထုတ္ရက္မဟုတ္ေတာ့ မရွိေသးဘူးေပါ့။ လစာထုတ္ရက္ ေရာက္ရင္ ျပႆနာကေတာ့ရွိမွာပဲေလ။ ေငြသားမွ အဲဒီေလာက္ မရွိတဲ့ဟာကို(ကြၽန္ေတာ္တို႔ဆီ)” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္ႀကီးက သုံးသပ္ေျပာဆိုထား သည္။
ထို႔ျပင္ ဝန္ထမ္းလစာေပးႏိုင္ေရးအတြက္ အေကာင့္ သုံးေလးခုခြဲ၍ ေငြထုတ္ယူေနရၿပီး ဝန္ထမ္းမ်ားကို လစာေပးႏိုင္မည့္အေျခအေနမွာ ေသခ်ာမႈ မရွိေသးေၾကာင္း သိရသည္။ “ ဘယ္ေလာက္ရယ္မဟုတ္ဘူး အေကာင့္တစ္ခု ကိုသိန္း(၂၀) ရတဲ့ေန႔လည္းရွိတယ္။ (၁၀)သိန္းပဲရတဲ့ေန႔လည္ရွိတယ္။ အေကာင့္ ၃/၄ ခုခြဲထုတ္ၿပီး ေငြစုေနရပါတယ္။ ဒါေပမဲ့ သိန္း(၂၀)ဆို တာ တစ္ရက္စာ ႐ုံး အသုံးစားရိတ္ေတာင္မေလာက္ပါဘူး။ ဝန္ထမ္းလစာကေတာ့ ေပးႏိုင္မလား မေပးႏိုင္ဘူးလား မေသခ်ာေတာ့ဘူး။ မေပးႏိုင္ရင္ေအာက္ေျခ ဝန္ထမ္းေတြ စားဝတ္ေနေရးျပႆနာ တက္မယ္။Domino effect ကႀကီးလိမ့္မယ္။ ကြၽန္ေတာ္တို႔ ကေတာ့ မငတ္ဘူးေလ ေအာက္ေျခဝန္ထမ္း ပဲငတ္မွာ ဒါေပမဲ့ ဘယ္အလုပ္ရွင္မွ ကိုယ့္ဝန္ထမ္းကိုအငတ္ မခံေစခ်င္ပါဘူး။ လူ(၁၀ဝဝ)ရွိတဲ့ စက္႐ုံက လစာနဲ႔အသုံးစရိတ္တစ္လကို သိန္း(၆၀ဝဝ)အထက္မွာ ရွိတယ္။ တစ္ေန႔သိန္း ၄၀/၅၀ ထုတ္လို႔ရလည္း ဘာမွလုပ္လို႔မရဘူး။ ဘဏ္ကေတာ့ေငြမရွိလို႔ဆိုတာရယ္ ဗဟိုဘဏ္က ေငြမထုတ္ ေပးလို႔ဆိုတာရယ္ပဲ အေၾကာင္းျပေနတာပဲ” ဟု အထည္ခ်ဳပ္လုပ္ငန္းရွင္ႀကီးတစ္ဦးက အသိေပးေျပာသည္။
လက္ရွိတြင္ ဘဏ္မ်ား၌ ေငြသားလုံေလာက္စြာ ထုတ္ယူ၍မရျခင္းေၾကာင့္ ေအာက္ေျခဝန္ထမ္း မ်ားအေနျဖင့္ လစာကိစၥႏွင့္ပတ္သက္၍ အခက္အခဲမ်ား ႏွင့္ ရင္ဆိုင္ရႏိုင္ၿပီး ျပည္တြင္းရွိလုပ္ငန္းအခ်ိဳ႕ လည္း ရပ္ဆိုင္းရႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ဘဏ္မ်ားအေနျဖင့္ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေငြသားထုတ္ယူခြင့္ျပဳႏိုင္ေရး အတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ယခင္ကပင္အႀကိမ္ႀကိမ္ ၫႊန္ၾကားထားၿပီး ဥပမာအားျဖင့္ Special Account ျဖစ္ပါက ေငြသားထည့္သြင္းခဲ့သည့္ပမာဏအတိုင္း ထုတ္ယူခြင့္ျပဳထားကာ ေငြစု ဘဏ္စာရင္း Saving Account ဆိုပါက (၁) ပတ္ (၁) ႀကိမ္ ေငြထုတ္ယူႏိုင္ကာ စာရင္းေသအပ္ေငြ Fix Deposit ဆိုပါက သက္တမ္းျပည့္သည့္ အခ်ိန္မွသာ ေငြထုတ္ယူႏိုင္ေၾကာင္း ဗဟိုဘဏ္က အသိေပး ထားသည္။
ထို႔ျပင္ ေငြသားရရွိေရးအတြက္ မိမိအေကာင့္ထဲရွိေငြမ်ားကို ရာခိုင္ႏႈန္းေပးၿပီးလဲလွယ္ရျခင္း မ်ိဳး မ်ားလည္းရွိေနကာ အခ်ိဳ႕ေဒသမ်ားတြင္ ေငြက်ပ္ (၁)သိန္းလွ်င္ ေငြက်ပ္ (၁၀ဝဝဝ) ႏႈန္းျဖင့္ (၁၀) ရာခိုင္ႏႈန္းေပးကာ ေငြထုတ္ေနရမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။ “ အရင္ကလိုပဲ ရာခိုင္ႏႈန္းေပးၿပီး လဲတာမ်ိဳးေတြ ျဖစ္လာဦးမွာပဲ။ ေငြသားကိုင္ထားတဲ့သူေတြက သတ္သတ္ကို ရွိတာ။ အဲဒါေတြကို ႀကီးလာေအာင္ဖြတဲ့ သူေတြကလည္း ဒီလိုလူေတြပဲဖြတာ။ တိုင္းျပည္ ရဲ႕ အေျခအေနမေကာင္းတဲ့အေျခအေနမွာ ေ႐ႊေဈး၊ ေဒၚလာေဈးတက္ေအာင္ဖန္တီးၿပီးေတာ့ လုပ္ေနတဲ့ အဖြဲ႕ကိုက သူ႔ေနရာနဲ႔သူရွိၾကတယ္။ သူတို႔အတြက္ ခြင္ဝင္လာၿပီဆို ဒီျပႆနာကို ႀကီးေအာင္ဖြမယ္။ ဒါေတြက ရွိကိုရွိတယ္။ လုပ္ငန္းရွင္ေတြအေနနဲ႔ေျပာမယ္ဆိုရင္ ဘဏ္စနစ္က မျဖစ္မေနလိုအပ္တယ္။ ဘဏ္ကို ယုံၾကည္မႈက အျပည့္အဝရွိမွရမွာ” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ထားသည္။
ထို႔ေၾကာင့္ လုပ္ငန္းရွင္မ်ားအတြက္ ဗဟိုဘဏ္ အေနျဖင့္ တိက်သည့္ေၾကညာခ်က္ထုတ္ျပန္ရန္ လိုအပ္ၿပီး လုပ္ငန္းရွင္မ်ားအတြက္ ဝန္ထမ္းလစာေငြမ်ားကို စာရင္းႏွင့္ထုတ္ေပးျခင္းမ်ားကို လုပ္ေပး ရန္လိုအပ္ေၾကာင္း ၎က အႀကံျပဳေျပာသည္။
“ ဗဟိုဘဏ္ကေသခ်ာတိက်တဲ့ေၾကညာခ်က္ ထုတ္ေစခ်င္ပါတယ္။ လုပ္ငန္းေတြအတြက္ လစာကို လစာ စာရင္းနဲ႔ထုတ္ေပးတာမ်ိဴးလုပ္ေပးမယ္ ဘာညာေပါ့။ ၂၀၂၁ တုန္းကလို ေသခ်ာလုပ္ေပး ေစခ်င္ပါတယ္။ ေနာက္ၿပီး special account ဆိုရင္ အခ်ိန္မေ႐ြး ေငြကို ႀကိဳက္သေလာက္ျပန္ထုတ္လို႔ ရမယ္ဆိုလို႔လူေတြက ေငြေတြအပ္ၾကတာပါ။ အခုက အလိမ္ခံရသလိုျဖစ္ေနတယ္။ ဘဏ္ကိုဘယ္သူမွ မယုံေတာ့ဘူး။ ျပႆနာက ကြၽန္ေတာ္တို႔ေတြက အိမ္မွာေငြေတြပုံထားဖို႔လည္း အဆင္မေျပဘူးေလ။ သိန္း (၅၀ဝ/၁၀ဝဝ) က ျပႆနာမရွိေပမယ့္ အဲဒီထက္ေတာ့ ပိုမထားရဲဘူး။ အဲဒီေတာ့ အေျဖကရွင္းပါ တယ္။ အလုပ္လက္မဲ့ပိုမ်ားလာမွာေပါ့။ ေငြလည္းဒီမွာ မထားေတာ့ဘူး။ ကြၽန္ေတာ္ေတာင္ ဒီတစ္ခါ ျပႆနာၿပီးရင္ ျမန္မာျပည္မွာေငြမ်ားမ်ားမထားေတာ့ဘူး ဆုံးျဖတ္ထားတယ္။ ေငြေဈးကလည္း(တစ္ ေဒၚလာ) ၄၉၅၀ ျဖစ္ေနၿပီ။ ဒါေတာင္ဝယ္မရဘူး။ ဘဏ္ ေကာလဟာလ ေၾကာင့္တက္တာပါ” ဟု အထည္ခ်ဳပ္ လုပ္ငန္းရွင္ႀကီးက ေျပာသည္။
ထို႔ျပင္ ႐ုပ္ရွင္႐ိုက္ကူးထုတ္လုပ္ေရးက႑မ်ား အပါအဝင္ မီဒီယာလုပ္ငန္းမ်ား၊ ပုံႏွိပ္ထုတ္ေဝ ေရး လုပ္ငန္း၊ စက္မႈဇုန္လုပ္ငန္းမ်ားႏွင့္ အျခားလုပ္ငန္းမ်ားတြင္လည္း အထက္ပါျပႆနာကို ရင္ဆိုင္ ေနရလ်က္ရွိျခင္းေၾကာင့္ ဗဟိုဘဏ္အေနျဖင့္ ပြင့္လင္းျမင္သာသည့္ ေျဖရွင္းမႈမ်ိဳးကို ေဆာင္႐ြက္ ေပးသင့္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။ “ကြၽန္ေတာ္တို႔ျဖစ္ေစခ်င္တာက သတင္းတစ္ခု တက္လာၿပီဆိုရင္ ဒီသတင္းကို ပြင့္လင္း ျမင္သာေအာင္ ေျဖရွင္းတာမ်ိဳး။ ေနာက္ၿပီးေတာ့ ကာယကံရွင္ေတြ ကိုယ္တိုင္က ေျဖရွင္းတာမ်ိဳးက ခ်က္ခ်င္းလုပ္သင့္တယ္။ ဥပမာ- ဘဏ္ေတြကို ေနျပည္ေတာ္ ေခၚတယ္။ အေခါခံရတဲ့ လုပ္ငန္းရွင္ေတြ ကိုယ္တိုင္က ဒါေတြကဘယ္လိုလိုအပ္ခ်က္ေၾကာင့္ ေတြ႕ဆုံတာ ျပႆနာမရွိဘူးဆိုတာမ်ိဳးကို သူတို႔ ကိုယ္တိုင္က ယုံၾကည္မႈရွိေအာင္ လူထုကိုခ်ျပရမွာ။ အခုလိုမ်ိဳးေပါ့ အထဲပဲေရာက္ေနတာလား။ ဖမ္းပဲ ဖမ္းထားတာလား။ ဒီဘဏ္ေတြကိုအေရးယူမွာလား။ ဘဏ္ေတြကို အေရးယူရင္လည္း ဖ်က္သိမ္း တာမ်ိဳး မဟုတ္ဘူး။ ဒဏ္ေငြခ် တာမ်ိဳး၊ ခံဝန္ထိုးတာမ်ိဳးေတြ ဒါမ်ိဳးလုပ္တဲ့အဆင့္ပဲရွိတာ။ ဒီျပႆနာကို ပိုႀကီးလာေအာင္ လုပ္တဲ့သူက သတ္သတ္ရွိတယ္” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ(၁၀)ရက္ေန႔က ႐ိုးမဘဏ္ ဥကၠ႒ ဦးသိမ္းေဝႏွင့္ CEO ဦးဘေမာင္စိန္ အပါ အဝင္ ဒါ႐ိုက္တာ(၉)ဦးကို ေငြေၾကးခဝါခ်မႈျဖင့္ စစ္ေဆးေနၿပီး Yoma Bank ပိတ္သိမ္း၊ ဖ်က္သိမ္းခံရသည့္ အေျခအေနအထိ ႀကဳံလာႏိုင္ေၾကာင္း ျပည္ ေျပးမီဒီယာအခ်ိဳ႕ က ေရးသားေဖာ္ျပခဲ့ရာ ႐ိုးမ ဘဏ္မွ မဟုတ္မွန္ေၾကာင္း ျပန္လည္ေျဖရွင္းခ်က္ထုတ္ျပန္ခဲ့ရသည္။
ထို႔ျပင္ ျပည္တြင္းရွိဘဏ္မ်ား တည္ဆဲဥပေဒမ်ားကို ေဖာက္ဖ်က္ၿပီး ႏိုင္ငံေတာ္၏ ေငြေၾကး၊ ပစၥည္းႏွင့္ ပိုင္ဆိုင္မႈမ်ားကို ထိခိုက္နစ္နာပ်က္စီးဆုံးရႈံးေစပါက ဥပေဒႏွင့္အညီ အေရးယူသြားမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး က ဇူလိုင္လ (၁၁) ရက္ေန႔တြင္ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကဘဏ္မ်ားမွ နာယကမ်ား၊ ဥကၠ႒မ်ားႏွင့္ ဘဏ္လုပ္ငန္းဆိုင္ရာမ်ား ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။