နိုင်ငံကူးလက်မှတ် အမြန်ရမည်ခေါင်းစဉ်ဖြင့် တစ်ရက်လျှင်ပျမ်းမျှ (၃)ဦး ထက်မနည်း အလိမ်ခံနေရ
1924
သန့်ဇင် (NP News) - ဇူလိုင် ၁၇
နိုင်ငံကူးလက်မှတ်အမြန်ရရှိမည်ဟုဆိုကာ ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်နေပြီး အကြမ်းဖျင်း တစ်ရက်လျှင် ပျမ်းမျှ (၃)ဦးထက်မနည်း အလိမ်ခံနေရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့်နီးစပ်သူတစ်ဦးက NP News သို့ ခန့်မှန်းတွက်ချက်ပြောကြားသည်။
အဆိုပါပမာဏမှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အများဆုံးရှိသော တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ နေပြည် တော် နှင့် မြို့နယ် ၁၁ ခုတို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို Online Booking တင်၍ QR Code စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အလိမ်ခံရသည့်ဖြစ်စဉ်ကို ထုတ်ဖော်မပြောဝံ့သူများလည်းရှိနေကြောင်း သိရသည်။
“တစ်ရက်ကို (၃) ဦးထက်မနည်း အလိမ်ခံနေရတာ။ တချို့ကလည်း အလိမ်ခံရတာကို ရှက်လို့မ ပြောကြတာလည်းရှိတယ်။ QR တွေပေါ်လာပြီးနောက်ပိုင်း အမြန်ရချင်ဇောနဲ့လုပ်ကြရင်းနဲ့ အလိမ်ခံ ရတာတွေများတာပေါ့။ နောက်ပြီး ရန်ကင်းပန်းခြံနားမှာလည်း လိမ်တဲ့လူတွေရှိတယ်” ဟု အထက်ပါ နီးစပ်သူကဆိုသည်။
နိုင်ငံကူးလက်မှတ်အမြန်ရရှိလိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်လုပ်ရာတွင် လူမှုကွန်ရက် Facebook စာမျက်နှာရှိ Passport ဝန်ဆောင်မှု အကောင့်တုများသို့ဆက်သွယ်မိကာ အလိမ်ခံရသည့် ဖြစ်စဉ် ပိုမိုများလာကြောင်း သိရသည်။ “ကျွန်တော်က နယ်ကဗျ။ တွေ့တာက Facebook ကနေ Passport လုပ်ပေးတယ်ဆိုတဲ့ အ ကောင့်တွေ့လို့ သွားပြောတော့ မှတ်ပုံတင်တောင်းတယ်။ ကျွန်တော်က အမြန်လိုချင်တယ်လို့ပြောတော့ (၃) သိန်းတောင်းတယ်ဗျ။ ပြီးတော့ QR အတုကြီးချ ပေးတယ်ဗျာ။ ကျွန်တော်လည်း မသိလို့လုပ်လိုက် ပြီး Passport ရုံးရောက်မှ အလိမ်ခံရမှန်းသိတာပါ” ဟု ရမည်းသင်းမြို့နယ်မှ အလိမ်ခံရသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) မှ အလည်အပတ်နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားမှုကို ယာယီ ပိတ်သိမ်းထားသော်လည်း ပြည်ပထွက်ခွာလိုသူများအနေဖြင့် လူမှုကွန်ရက် Facebook စာမျက်နှာရှိ အကောင့်တုများ သို့ဆက်သွယ်ကာ ပြောင်းလဲလျှောက်ထားရာမှတစ်ဆင့်လည်း အလိမ်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေကြောင်း သိရသည်။
“ PJ ကနေပြီးတော့ PV ပြောင်းမယ်ဆိုပြီးတော့ ရုံးကိုသွားတော့ ရုံးကဖောင်ကပိတ်သွားတယ်။ အဲဒါနဲ့ မရဘူးဆိုပြီး လိုင်းပေါ်ကတွေ့တဲ့အစ်မကိုမေးကြည့်တော့ ရတယ်တဲ့။ ဘယ်လိုရတာလဲ မေး ကြည့်တော့ သူက အရင်က PJ ကနေ PV ပြောင်းမယ်ဆိုပြီး လာအပ်ထားတဲ့လူတွေထဲက မလုပ်တော့ တဲ့ တချို့လူတွေ ရဲ့ QR နေရာမှ နာမည်အစားထိုးပြီး လုပ်လို့ရတယ်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျွန်တော် လည်း စရန်ငွေအပြင် ၁၈၅၀ဝ၀ ကျပ်ပေးလိုက်တာ။ ရုံးကိုသွားတော့ ဖုန်းဆက်ကြည့်တော့ Passport က ဒီနေ့ တစ်ခါတည်း လူကြီးကို ပိုက်ဆံပေးပြီးလုပ်ပေးမှာဖြစ်လို့ ကျန် တဲ့ပိုက်ဆံကိုတစ်ခါတည်း ပေးပါလို့တောင်းတယ်။ ကျွန်တော်က လူချင်းမတွေ့ဘဲမပေးနိုင်ဘူးပြောပြီး ရုံးထဲဝင်ပြီးမေးကြည့် လိုက်တော့ ရုံးမှာအဲဒီအမျိုးသမီး မရှိဘူးပြောတယ်။ ကျွန်တော်ဖုန်းထပ်ဆက်ကြည့်တော့ ဖုန်းကို Block သွားတယ်” ဟု အခြား အလိမ်ခံရသူအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အနီးတွင်လည်း နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အမှုထမ်းဟန်ဆောင်ကာ လိမ်လည်မှုများရှိနေကြောင်း NP News က စုံစမ်းသိရှိရသည်။ အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က အထက်ပါနေရာတွင် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အမှုထမ်းဟန်ဆောင်ကာ လူ(၄)ဦးထံမှ ငွေကျပ်သိန်း(၇၀)ကျော် လိမ်လည် သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
“ရွာကဦးလေးကြီးက ချိတ်ပေးတာပေါ့။ ကျွန်မတို့က လူ(၄)ယောက်လုပ်မှာ။ ပထမတော့ တစ် ယောက်ကို (၃၇၀ဝဝဝ) ကျတယ်ဆိုပြီး တောင်းတော့ ပေးလိုက်တယ်။ နောက်တစ်ခါ တစ်ယောက်ကို (၈၅၀ဝဝဝ)စီ ထပ်တောင်းတယ်။ အဲဒါနဲ့ (၈၅၀ဝဝဝ)ထပ်ပေးလိုက်တယ်။ ပြီးတော့ ထပ်ပေးလိုက် ရတာတွေနဲ့ အားလုံးပေါင်း (၇၂၅၀ဝဝဝ)ကျော်အထိ ပေးလိုက်ရတာ။ ရုံးထဲတောင်မရောက်ဘဲနဲ့ လိမ်သွားတယ်”ဟု အထက်ပါလိမ်လည်သည့်ဖြစ်စဉ်တွင် လိမ်လည်ခံရသူ(၄)ဦးအနက် တစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ်ကိုအမြန်ရရှိမည်ဟု အသိပေးထားသော လူမှုကွန်ရက် Facebook အကောင့်ထံ NP News က Passport လုပ်မည်ဟု အသွင်ယူ၍စာပို့မေးမြန်းခဲ့ရာ အဆိုပါအကောင့် ပိုင်ရှင်က ၎င်းသည် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး QR ဌာနမှဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း၊ PJ (Passport for Job) အားတရားဝင်လုပ်ကိုင်ပေးကြောင်းနှင့် နိုင်ငံကူးလက်မှတ် အမြန် လိုချင်ပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ဓာတ်ပုံပေးပို့ရန် တောင်းဆိုပြီး တစ်ပါတည်း ငွေကျပ် (၆၅၀ဝဝဝ) ကိုလည်း ဝန်ဆောင်ခအဖြစ် ၎င်းပေးပို့ပေးသော ဖုန်းနံပါတ်ထံလွှဲပြောင်းပေးရန် ပြန်လည်အကြောင်းပြန် ရေးသားခဲ့သည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္ အျမန္ရမည္ေခါင္းစဥ္ျဖင့္ တစ္ရက္လွ်င္ပ်မ္းမွ် (၃)ဦး ထက္မနည္း အလိမ္ခံေနရ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၇
ႏိုင္ငံကူးလက္မွတ္အျမန္ရရွိမည္ဟုဆိုကာ ပုံစံမ်ိဳးစုံျဖင့္ ေငြေၾကးလိမ္လည္မႈမ်ားျဖစ္ေပၚေနၿပီး အၾကမ္းဖ်င္း တစ္ရက္လွ်င္ ပ်မ္းမွ် (၃)ဦးထက္မနည္း အလိမ္ခံေနရေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ ခန႔္မွန္းတြက္ခ်က္ေျပာၾကားသည္။
အဆိုပါပမာဏမွာ ရန္ကုန္တိုင္းေဒသႀကီးတစ္ခုတည္းအတြက္သာျဖစ္ၿပီး ျမန္မာႏိုင္ငံရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးသည္ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားသူ အမ်ားဆုံးရွိေသာ တိုင္းေဒသႀကီးတစ္ခုလည္းျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕ အေနျဖင့္ ရန္ကုန္၊ မႏၲေလး၊ ပဲခူး၊ ပုသိမ္၊ ေနျပည္ ေတာ္ ႏွင့္ ၿမိဳ႕နယ္ ၁၁ ခုတို႔တြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈမ်ားကို Online Booking တင္၍ QR Code စနစ္ျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားကို ပုံမွန္လုပ္ငန္းစဥ္အတိုင္း စိစစ္ထုတ္ေပးေနလ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ အလိမ္ခံရသည့္ျဖစ္စဥ္ကို ထုတ္ေဖာ္မေျပာဝံ့သူမ်ားလည္းရွိေနေၾကာင္း သိရသည္။
“တစ္ရက္ကို (၃) ဦးထက္မနည္း အလိမ္ခံေနရတာ။ တခ်ိဳ႕ကလည္း အလိမ္ခံရတာကို ရွက္လို႔မ ေျပာၾကတာလည္းရွိတယ္။ QR ေတြေပၚလာၿပီးေနာက္ပိုင္း အျမန္ရခ်င္ေဇာနဲ႔လုပ္ၾကရင္းနဲ႔ အလိမ္ခံ ရတာေတြမ်ားတာေပါ့။ ေနာက္ၿပီး ရန္ကင္းပန္းၿခံနားမွာလည္း လိမ္တဲ့လူေတြရွိတယ္” ဟု အထက္ပါ နီးစပ္သူကဆိုသည္။
ႏိုင္ငံကူးလက္မွတ္အျမန္ရရွိလိုသူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္လုပ္ရာတြင္ လူမႈကြန္ရက္ Facebook စာမ်က္ႏွာရွိ Passport ဝန္ေဆာင္မႈ အေကာင့္တုမ်ားသို႔ဆက္သြယ္မိကာ အလိမ္ခံရသည့္ ျဖစ္စဥ္ ပိုမိုမ်ားလာေၾကာင္း သိရသည္။ “ကြၽန္ေတာ္က နယ္ကဗ်။ ေတြ႕တာက Facebook ကေန Passport လုပ္ေပးတယ္ဆိုတဲ့ အ ေကာင့္ေတြ႕လို႔ သြားေျပာေတာ့ မွတ္ပုံတင္ေတာင္းတယ္။ ကြၽန္ေတာ္က အျမန္လိုခ်င္တယ္လို႔ေျပာေတာ့ (၃) သိန္းေတာင္းတယ္ဗ်။ ၿပီးေတာ့ QR အတုႀကီးခ် ေပးတယ္ဗ်ာ။ ကြၽန္ေတာ္လည္း မသိလို႔လုပ္လိုက္ ၿပီး Passport ႐ုံးေရာက္မွ အလိမ္ခံရမွန္းသိတာပါ” ဟု ရမည္းသင္းၿမိဳ႕နယ္မွ အလိမ္ခံရသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ ႏိုင္ငံကူးလက္မွတ္ PJ (Passport for Job) မွ အလည္အပတ္ႏိုင္ငံကူးလက္မွတ္ PV (Passport for Visit) ေျပာင္းလဲေလွ်ာက္ထားမႈကို ယာယီ ပိတ္သိမ္းထားေသာ္လည္း ျပည္ပထြက္ခြာလိုသူမ်ားအေနျဖင့္ လူမႈကြန္ရက္ Facebook စာမ်က္ႏွာရွိ အေကာင့္တုမ်ား သို႔ဆက္သြယ္ကာ ေျပာင္းလဲေလွ်ာက္ထားရာမွတစ္ဆင့္လည္း အလိမ္ခံရသည့္ ျဖစ္စဥ္မ်ားလည္း ျဖစ္ပြားေနေၾကာင္း သိရသည္။
“ PJ ကေနၿပီးေတာ့ PV ေျပာင္းမယ္ဆိုၿပီးေတာ့ ႐ုံးကိုသြားေတာ့ ႐ုံးကေဖာင္ကပိတ္သြားတယ္။ အဲဒါနဲ႔ မရဘူးဆိုၿပီး လိုင္းေပၚကေတြ႕တဲ့အစ္မကိုေမးၾကည့္ေတာ့ ရတယ္တဲ့။ ဘယ္လိုရတာလဲ ေမး ၾကည့္ေတာ့ သူက အရင္က PJ ကေန PV ေျပာင္းမယ္ဆိုၿပီး လာအပ္ထားတဲ့လူေတြထဲက မလုပ္ေတာ့ တဲ့ တခ်ိဳ႕လူေတြ ရဲ႕ QR ေနရာမွ နာမည္အစားထိုးၿပီး လုပ္လို႔ရတယ္ဆိုၿပီး ေျပာတယ္။ အဲဒါနဲ႔ ကြၽန္ေတာ္ လည္း စရန္ေငြအျပင္ ၁၈၅၀ဝ၀ က်ပ္ေပးလိုက္တာ။ ႐ုံးကိုသြားေတာ့ ဖုန္းဆက္ၾကည့္ေတာ့ Passport က ဒီေန႔ တစ္ခါတည္း လူႀကီးကို ပိုက္ဆံေပးၿပီးလုပ္ေပးမွာျဖစ္လို႔ က်န္ တဲ့ပိုက္ဆံကိုတစ္ခါတည္း ေပးပါလို႔ေတာင္းတယ္။ ကြၽန္ေတာ္က လူခ်င္းမေတြ႕ဘဲမေပးႏိုင္ဘူးေျပာၿပီး ႐ုံးထဲဝင္ၿပီးေမးၾကည့္ လိုက္ေတာ့ ႐ုံးမွာအဲဒီအမ်ိဳးသမီး မရွိဘူးေျပာတယ္။ ကြၽန္ေတာ္ဖုန္းထပ္ဆက္ၾကည့္ေတာ့ ဖုန္းကို Block သြားတယ္” ဟု အျခား အလိမ္ခံရသူအမ်ိဳးသားတစ္ဦးက ေျပာသည္။
ထို႔ျပင္ ရန္ကုန္တိုင္း ရန္ကင္းၿမိဳ႕နယ္ရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး အနီးတြင္လည္း ႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးမွ အမႈထမ္းဟန္ေဆာင္ကာ လိမ္လည္မႈမ်ားရွိေနေၾကာင္း NP News က စုံစမ္းသိရွိရသည္။ အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ဇြန္လ ၁၉ ရက္က အထက္ပါေနရာတြင္ ႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးမွ အမႈထမ္းဟန္ေဆာင္ကာ လူ(၄)ဦးထံမွ ေငြက်ပ္သိန္း(၇၀)ေက်ာ္ လိမ္လည္ သြားသည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့သည္။
“႐ြာကဦးေလးႀကီးက ခ်ိတ္ေပးတာေပါ့။ ကြၽန္မတို႔က လူ(၄)ေယာက္လုပ္မွာ။ ပထမေတာ့ တစ္ ေယာက္ကို (၃၇၀ဝဝဝ) က်တယ္ဆိုၿပီး ေတာင္းေတာ့ ေပးလိုက္တယ္။ ေနာက္တစ္ခါ တစ္ေယာက္ကို (၈၅၀ဝဝဝ)စီ ထပ္ေတာင္းတယ္။ အဲဒါနဲ႔ (၈၅၀ဝဝဝ)ထပ္ေပးလိုက္တယ္။ ၿပီးေတာ့ ထပ္ေပးလိုက္ ရတာေတြနဲ႔ အားလုံးေပါင္း (၇၂၅၀ဝဝဝ)ေက်ာ္အထိ ေပးလိုက္ရတာ။ ႐ုံးထဲေတာင္မေရာက္ဘဲနဲ႔ လိမ္သြားတယ္”ဟု အထက္ပါလိမ္လည္သည့္ျဖစ္စဥ္တြင္ လိမ္လည္ခံရသူ(၄)ဦးအနက္ တစ္ဦးက ေျပာသည္။
ႏိုင္ငံကူးလက္မွတ္ကိုအျမန္ရရွိမည္ဟု အသိေပးထားေသာ လူမႈကြန္ရက္ Facebook အေကာင့္ထံ NP News က Passport လုပ္မည္ဟု အသြင္ယူ၍စာပို႔ေမးျမန္းခဲ့ရာ အဆိုပါအေကာင့္ ပိုင္ရွင္က ၎သည္ ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး QR ဌာနမွဝန္ထမ္းတစ္ဦး ျဖစ္ေၾကာင္း၊ PJ (Passport for Job) အားတရားဝင္လုပ္ကိုင္ေပးေၾကာင္းႏွင့္ ႏိုင္ငံကူးလက္မွတ္ အျမန္ လိုခ်င္ပါက မွတ္ပုံတင္ႏွင့္ အိမ္ေထာင္စုစာရင္း ဓာတ္ပုံေပးပို႔ရန္ ေတာင္းဆိုၿပီး တစ္ပါတည္း ေငြက်ပ္ (၆၅၀ဝဝဝ) ကိုလည္း ဝန္ေဆာင္ခအျဖစ္ ၎ေပးပို႔ေပးေသာ ဖုန္းနံပါတ္ထံလႊဲေျပာင္းေပးရန္ ျပန္လည္အေၾကာင္းျပန္ ေရးသားခဲ့သည္။