ဂျက်စပဲရိုးမင်းသား ဂျွန်နီဒီးက ဇနီးဟောင်း ပါရာဒစ်ကို ဂုဏ်ပြုတဲ့ တားရော့ကဒ်များ ထုတ်လုပ်ရောင်းချ

 257

ရောင်နီ (NP News) - ဇူလိုင် ၁၉

နာမည်ကျော် ပင်လယ်ဓားပြရုပ်ရှင် ဂျက်ပရိုးမင်းသား ဂျွန်နီဒီးဟာ သူ့ရဲ့ဇနီးဟောင်း၊ ပြင်သစ်သရုပ်ဆောင်နဲ့ အဆိုတော်ဗန်နဆာပရာဒစ်ကို ဂုဏ်ပြုလက်ဆောင်အနေနဲ့ပြုလုပ်ထားတဲ့ တားရော့ကဒ်တွေကို ကြာသပတေးနေ့(ဇူလိုင် ၁၇ ရက်) မှာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ တာရော့ကဒ်မှာ "Lover" , "The Empress" , "The Emperor" , "Strength" ဆိုပြီး လေးပိုင်းစီပါ၀င်ပါတယ်။
"The Lovers" ဆိုရင် အနီရောင်နှင်းဆီတစ်ပွင့် ကိုင်ဆောင်ထားတဲ့ စုံတွဲတစ်တွဲကို သရုပ်ဖော်ထားပြီး "The Empress" မှာ သရဖူဆောင်းထားတဲ့ ဗန်နဆာပရာဒစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဂျွန်နီဒီးနဲ့ ပရာဒစ်တို့ဟာ ၁၄ နှစ်ကြာ အိမ်ထောင်သက်ကြာမြင့်ခဲ့ပြီး ၂၀၁၂ ခုနှစ်က လမ်းခွဲပြတ်ဆဲခဲ့တာဖြစ်ပါတယ်။ လမ်းခွဲခဲ့ပြီဖြစ်ပေမယ့် သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဂျွန်နီဒီးရဲ့ အဆိုပါတားရော့စီးရီးဟာ အခုရေ ၁၉၅ ခုသာ ထုတ်လုပ်မှာဖြစ်ပြီး တစ်ခုကို ဒေါ်လာ ၄,၅၀၀ နဲ့ ဗြိတိသျှ အနုပညာလက်လီရောင်းချသူ Castle Fine Art မှ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်က္စပဲ႐ိုး မင္းသား ဂြၽန္နီဒီးက ဇနီးေဟာင္း ပါရာဒစ္ကို ဂုဏ္ျပဳတဲ့ တားေရာ့ကဒ္မ်ား ထုတ္လုပ္ေရာင္းခ်
ေရာင္နီ (NP News) - ဇူလိုင္ ၁၉

နာမည္ေက်ာ္ ပင္လယ္ဓားျပ႐ုပ္ရွင္ ဂ်က္ပ႐ိုးမင္းသား ဂြၽန္နီဒီးဟာ သူ႔ရဲ႕ဇနီးေဟာင္း၊ ျပင္သစ္သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ဗန္နဆာပရာဒစ္ကို ဂုဏ္ျပဳလက္ေဆာင္အေနနဲ႔ျပဳလုပ္ထားတဲ့ တားေရာ့ကဒ္ေတြကို ၾကာသပေတးေန႔(ဇူလိုင္ ၁၇ ရက္) မွာ ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ တာေရာ့ကဒ္မွာ "Lover" , "The Empress" , "The Emperor" , "Strength" ဆိုၿပီး ေလးပိုင္းစီပါ၀င္ပါတယ္။
"The Lovers" ဆိုရင္ အနီေရာင္ႏွင္းဆီတစ္ပြင့္ ကိုင္ေဆာင္ထားတဲ့ စုံတြဲတစ္တြဲကို သ႐ုပ္ေဖာ္ထားၿပီး "The Empress" မွာ သရဖူေဆာင္းထားတဲ့ ဗန္နဆာပရာဒစ္ကို ေတြ႕ရမွာျဖစ္ပါတယ္။ ဂြၽန္နီဒီးနဲ႔ ပရာဒစ္တို႔ဟာ ၁၄ ႏွစ္ၾကာ အိမ္ေထာင္သက္ၾကာျမင့္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္က လမ္းခြဲျပတ္ဆဲခဲ့တာျဖစ္ပါတယ္။ လမ္းခြဲခဲ့ၿပီျဖစ္ေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ ရင္းႏွီးတဲ့ဆက္ဆံေရး ရွိေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

ဂြၽန္နီဒီးရဲ႕ အဆိုပါတားေရာ့စီးရီးဟာ အခုေရ ၁၉၅ ခုသာ ထုတ္လုပ္မွာျဖစ္ၿပီး တစ္ခုကို ေဒၚလာ ၄,၅၀၀ နဲ႔ ၿဗိတိသွ် အႏုပညာလက္လီေရာင္းခ်သူ Castle Fine Art မွ ေရာင္းခ်မွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.