အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အခြားနိုင်ငံများအတွက် စံပြုဖွယ်ဖြစ်လာနေပြီလား (ဘာသာပြန်ဆောင်းပါး)

 707

သန်းထိုက်စိုး (NP News) - ဇူလိုင် ၁၉

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မကြာသေးမီက ၎င်း၏ တတိယမြောက် ဝန်ကြီးချုပ်သက်တမ်းအ တွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည်လည်း မကြာသေး မီကပင် သူ၏ စတုတ္ထမြောက်ဝန်ကြီးချုပ်သက်တမ်းအတွက် အနိုင်ရရှိထားခဲ့သူဖြစ်သည်။ ဝန်ကြီးချုပ် နှစ်ဦးတို့၏ ရှိရင်းစွဲဆက်ဆံရေးအရရော၊ နှစ်နိုင်ငံနီးစပ်မှု သမိုင်းကြောင်းအရပါ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ ခိုင်မာသည့်ဆက်ဆံရေးအဖြစ် ဆက်လက်ရှိနေမည်မှာသေချာသည်။ နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုကျော်လွန်သည့် အချုပ်အခြာအာဏာ၊ တန်းတူ ရည်တူရှိမှု၊ ယုံကြည်မှုနှင့် နားလည်မှုတို့အပေါ်တွင်အခြေခံသော နယ်ပယ်စုံ မိတ်ဖက်ဖြစ်မှု ဟုလည်း ဆိုနိုင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒတွင် အရေးကြီးနေရာ၌ တည်ရှိသည်။ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့သည် နှစ်နိုင်ငံကြားတွင် သမိုင်းကြောင်းအရရော၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအရပါ နက်နက်ရှိုင်းရှိုင်းဆက်နွှယ်မှုများရှိသည်။ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီး ချုပ်ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက် နေ့မှ ၂၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ၎င်းတို့၏ ဝန်ကြီးချုပ် သက်တမ်း သစ်အဖြစ်(၅)နှစ်တာဝန် ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆက်လက်တည်ဆောက်ရန် ရည်ရွယ်ထားကြပုံရသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတုတ္ထမြောက် စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ သည်။ အခြားတောင်အာရှနိုင်ငံများ၊ အိန္ဒိယသမုဒ္ဒရာဒေသ ခေါင်းဆောင်များသည် ဝန်ကြီးချုပ်မိုဒီအား ၎င်းတို့၏ နိုင်ငံအသီးသီးဆီ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။ ထိုအချိန်တွင် အိန္ဒိယဝန်ကြီး ချုပ် မိုဒီသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား ပထမဆုံး နိုင်ငံတော် ဧည့်သည်တော်အဖြစ် ဖိတ်ခေါ် ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီသည် ယခင်သက်တမ်း နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့စဉ်က တည်ရှိခဲ့သောပုံစံများနှင့်ခွဲထွက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် နိပေါနိုင်ငံ သို့ သွားရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မော်လ်ဒိုက်နှင့် သီရိလင်္ကာနိုင်ငံသို့သွားရောက်ခဲ့သည်။

ဝန်ကြီးချုပ်မိုဒီ၏ လက်ရှိအရွေ့သည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒအရ ဘင်္ဂလား ဒေ့ရှ် နှင့်ဆက်ဆံရေးအပေါ်တွင် အလေးထားကြောင်း ပြသခြင်းလည်းဖြစ်သည်။ နှစ်ဖက် ပူးတွဲကြေညာ ချက် ထုတ်ပြန်ပွဲအခမ်းအနားတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း ဦးစားပေး မူဝါဒ၊ Act East Policy? အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု(Vision Sagar) နှင့် အင်ဒိုပစိဖိတ်မျှော်မှန်းချက် အကောင်အထည်ဖော်ရမည့် စက်ဝန်းအတွင်းတွင်ရှိနေကြောင်း ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့သည်။ အလားတူ အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အရေးပါသည့် အိမ်နီးချင်းနိုင်ငံ၊ ယုံကြည်ရသည့်မိတ်ဆွေနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ နှင့်ဆက်ဆံရေးအပေါ် အလေးအနက် တန်ဖိုးထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကာလ အတွင်း အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသည့် ကျဆုံးသူရဲကောင်းများအား အလေးအမြတ်ပြုကြောင်းလည်း ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ဖွံ့ဖြိုးရေးမိတ်ဖက်ဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ် တာကာလအတွင်း အိန္ဒိယနိုင်ငံမှချေးငွေ အမေရိကန် ဒေါ်လာ ၈ ဘီလျံ လက်ခံရရှိခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အခြေခံအဆောက်အအုံစီမံချက်များအတွက်လည်း ချေးငွေ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။ အိန္ဒိယနိုင်ငံသည် ဘင်္လားဒေ့ရှ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် လည်း အများဆုံးရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိပေါနိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံမှ ရေနံပိုက်လိုင်းနှင့်ချိတ်ဆက်သည့် ဒုတိယမြောက် SAARC(South Asian Association for Regional Cooperation) နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် တရုတ်နိုင်ငံသို့မသွားမီ တစ်လပင်မလိုတော့သည့် အချိန်တွင် အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ခြင်းဖြစ်ရာ အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးအပေါ် မည်မျှ အလေး ထားသည်ကို ဖော်ပြနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teesta မြစ်ပေါ်တွင် ရေ ကြောင်း ထိန်းသိမ်းရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်ရည်မှန်းထားသည်။ တရုတ်နိုင်ငံသည် Teesta မြစ်ပေါ်တွင်ဆောင်ရွက်မည့် ရေကြောင်း ထိန်းသိမ်းရေးစီမံကိန်းကို လက်တွေ့တိုင်းတာသည့် စစ်တမ်းတစ်ခု အောင်မြင်စွာပြီးစီးသွားချိန်တွင် အိန္ဒိယနိုင်ငံကလည်း Teesta မြစ်ပေါ်တွင်ပင် အလားတူ စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် လေ့လာမှုတစ်ခုပြုလုပ်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်းတွင်လည်း အဆိုပါကိစ္စ အပေါ် ဆွေးနွေးခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် Teesta မြစ်ရေ မျှဝေသုံးစွဲမှုနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံနှင့် ကာလရှည်ပြဿနာတစ်ရပ် အဖြစ်တည်ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် Teesta မြစ်ပေါ်တွင် စီမံကိန်းတစ်ခုဆောင်ရွက်လိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အခက်အခဲမရှိကြောင်း၊ Teesta မြစ်ရေ ကို အမြဲတမ်း မျှဝေသုံးစွဲမှု နှင့်ပတ်သက်၍မူ ဆွေးနွေးရန်ပင်မလိုအပ်ကြောင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာ က သူ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပြီး သတင်းမီဒီယာတစ်နှင့်တွေ့ဆုံမေးမြန်း ခန်းတွင်ပြောဆိုသွားခဲ့သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ ဆိပ်ကမ်းများ၊ ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန်လည်း တိုက်တွန်းခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အဝါမီလိပါတီ သည် ၂၀ဝ၉ ခုနှစ် အာဏာရရှိချိန်မှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအား အကာအကွယ်ယူထားသည့် အိန္ဒိယ စစ်သွေးကြွအုပ်စု များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ စိုးရိမ်မှုကိုဖြေရှင်းနိုင်ရန် တစ်စိုက်မတ်မတ်ကြိုးပမ်းခဲ့သည်။ ပြင်ပဖိအားများရှိနေသည့်တိုင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အိန္ဒိယခရီးစဉ်သည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြားတွင် ခိုင်မာသည့်နိုင်ငံရေး နှင့်မဟာဗျူဟာမြောက်ဆက်ဆံရေးရှိနေကြောင်း သက်သေထူနေသည့်အချက်ဖြစ်သည်။

ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံလုံးအတွက်အကျိုးရှိစေခဲ့သည့် ခရီးစဉ် တစ်ခု ဖြစ်ပြီး နားလည်မှုစာချွန်လွှာ(၁၀)စောင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန် လွှာတွင် လမ်းပန်းဆက်သွယ်မှု၊ စီးပွားရေး၊ စွမ်းအင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကာကွယ် ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်။ နှစ် နိုင်ငံတို့သည် ပုံမှန်ထုတ်နေကျ joint statement ထုတ်ရမည့်အစား vision statement ကို ထုတ်ပြန်ခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လမ်းပန်း ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကြောင့် ရရှိလာမည့် ဒေသတွင်းနှင့် အိမ်နီးချင်းနှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးရေး၊ ကြွယ်ဝချမ်းသာမှု နှင့် ငြိမ်းချမ်းရေးအတွက် မျှော်မှန်းချက်များ ကိုလည်း မျှဝေခဲ့ကြသည်။ vision statement တွင် နှစ်နိုင်ငံ ပြည်သူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လျင်မြန် ချောမွေ့စွာ စီးဆင်းနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ နှင့် ဘက်စုံ သယ်ယူပို့ဆောင်ရေးတို့ကိုလွှမ်းခြုံသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချိတ်ဆက်မှုများမြှင့်တင်ရေးကို လည်း ကတိကဝတ်ပြုခဲ့ကြသည်။ ထို့ပြင် စွမ်းအင်နှင့် ဒီဂျစ်တယ် ဆိုင်ရာ ချိတ်ဆက်မှုတို့လည်းပါဝင် သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံပြည်သူများအား အကျိုးရှိအောင် ဆောင်ကြဉ်းပေးရာတွင် ခေတ်မီ နည်းပညာတို့၏ အရေးပါသည့်အခန်းကဏ္ဍကိုပါ မျှော်မှန်းလျာထားခဲ့ကြသည်။ ခေါင်းဆောင် နှစ်ဦး တို့သည် Shared Vision for India-Bangladesh Digital Partnership and Shared Vision for India -Bangladesh Green Partnership for a Sustainable Future တို့ကနေတစ်ဆင့် မိတ်ဖက် ဖြစ် အောင် ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။ အဆိုပါမျှော်မှန်းချက်များသည် အိန္ဒိယနိုင်ငံ၏ Viksit Bharat ၂၀၄၇ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Smart Bangladesh Vision ၂၀၄၁ တို့နှင့် လည်း လိုက်လျောညီထွေမှုရှိသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်တစ်နိုင်ငံအဖြစ် Indo-Pacific Oceans Initiative တွင်ပါဝင်ကြောင်း ကြေညာခဲ့သည်။ နှစ်နိုင်ငံတို့သည် လွတ်လပ်သော၊ ပွင့်လင်းသော၊ အားလုံး ပါဝင်သော၊ လုံခြုံပြီး စည်းမျဉ်းအခြေပြုသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရေးအတွက် ကတိပြု ကြောင်းလည်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။ ပြည်ဝင်ဗီဇာကိစ္စမှာလည်း ပြည်သူအချင်းချင်း ဆက် ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အိန္ဒိယအစိုးရကလည်း ဆေးဝါးကုသရန်အတွက် အိန္ဒိယနိုင်ငံသို့ လာရောက်သည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို e-Medical visa သက်တမ်းတိုးပေးကြောင်းကြေညာခဲ့သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကာကွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လည်း ကြိုးပမ်းနေကြသည်။ ထို့ပြင် ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာကိုအခြေခံသည့် စီးပွားရေး၊ အာကာသနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင် ရွက်မှုတိုးချဲ့ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်။ တရုတ်နိုင်ငံ သည် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဓိကလိုအပ်သည့်ကုန်ကြမ်းအများစုမှာ တရုတ်နိုင်ငံမှရရှိသည်။ တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးတစ်ရပ်ရှိနေစေရေး ထိန်းသိမ်းရခြင်း သည် အိန္ဒိယ၊ အမေရိကန်နိုင်ငံတို့နှင့် သံတမန်ရေးနှင့်ကုန်သွယ်မှုဆက်ဆံရေး ဟန်ချက်ညီရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ် ငန်းသည် နိုင်ငံခြားငွေ(၈၀)ရာခိုင်နှုန်းကျော်ရရှိနေပြီး ကုန်ကြမ်းရရှိမှုမှာ တရုတ်နိုင်ငံအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံဘက်အမြင်ဖြင့် ကြည့်ပါက ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖွံ့ဖြိုးလိုသည့်ဆန္ဒများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပုံရသည်။ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ ဆက်ဆံရေးတွင် နားလည်မှုလွဲစေနိုင်သည့် ပြင်ပအင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ကန့်သတ် လိုခြင်းလည်းဖြစ်သည်။ အလားတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးအ ကူအညီယူရာတွင် သတိကြီးစွာ ထိတွေ့ဆက်ဆံခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် ထိလွယ် ရှလွယ်ကိစ္စများကို ထည့်သွင်းစဉ်းစားကြောင်း ထင်ရှားအောင်ပြသခဲ့ခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံ၏ ထိလွယ်ရှလွယ်ကိစ္စများကို တစ်နိုင်ငံက စဉ်ဆက်မပြတ်အသိအမှတ်ပြုထားခြင်းသည် နှစ်နိုင်ငံဆက် ဆံရေး၏အနာဂတ်အတွက် အလွန်အရေးကြီးသည်။ မည်သို့ပင်ဖြစ်စေ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ အိန္ဒိယ ခရီးစဉ်သည် ဒေသတွင်း တည်ငြိမ်ရေး၊ သာတူညီမျှ ကြွယ်ဝချမ်းသာရေးအတွက် လက်တွဲလုပ် ဆောင်ခြင်း နှင့် ခိုင်မာသည့်ဆက်ဆံရေးဖြစ်လာစေရန် အပြန်အလှန် ကတိကဝတ်ပြုမှုများ ရရှိစေခဲ့ခြင်း သည် သိသာထင်ရှားသည့်ရလဒ်တစ်ခုဖြစ်သည်။ အိန္ဒိယ-ဘင်္ဂ လားဒေ့ရှ်ဆက်ဆံရေးကာ အစဉ်တစိုက် ချောမွေ့နေခြင်းမျိုးကား မဟုတ်ပါ။ Teesta မြစ်ရေခွဲဝေသုံးစွဲရေးသဘောတူညီမှုမှာ အဆုံးမသတ် နိုင်သေးပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည့် လူဝင်မှုကိစ္စမှာလည်း နှစ်နိုင်ငံ ဆက်ဆံရေးတွင် နှစ်ပေါင်းများစွာ အဖုအထစ်ဖြစ်နေသည့်ကိစ္စတစ်ရပ် ဖြစ်သည်။

သို့သော် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထား၍မရနိုင်ပါ။ ဝန်ကြီးချုပ်မိုဒီနှင့် ရှိတ်ဟာစီနာတို့သည် ၎င်းတို့၏ နှစ်နိုင်ငံပြည်သူများအ တွက် သိသာထင်ရှားသည့်ရလဒ်များ ထွက်လာစေရန် အာရုံစိုက်ဆောင်ရွက်နေကြသည်။ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်အကျိုးစီးပွားကြည့်မှုနှင့် အပြန်အလှန်ငဲ့ညှာမှုတို့အပေါ် အခြေခံသည့် အိမ်နီး ချင်းနှစ်နိုင်ငံကြားမိတ်ဖက်ဖြစ်မှုသည် အခြားနိုင်ငံများအတွက် စံပြုဖွယ်ရာတစ်ခုဖြစ်လာနေသည်ဟု ဆိုပါက လွန်ရာကျမည်လား မပြောတတ်ပါ။

zawgyi version
အိႏၵိယ-ဘဂၤလားေဒ့ရွ္ ဆက္ဆံေရး အျခားႏိုင္ငံမ်ားအတြက္ စံျပဳဖြယ္ျဖစ္လာေနၿပီလား (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇူလိုင္ ၁၉

အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီသည္ မၾကာေသးမီက ၎၏ တတိယေျမာက္ ဝန္ႀကီးခ်ဳပ္သက္တမ္းအ တြက္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးျဖစ္သည္။ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာသည္လည္း မၾကာေသး မီကပင္ သူ၏ စတုတၳေျမာက္ဝန္ႀကီးခ်ဳပ္သက္တမ္းအတြက္ အႏိုင္ရရွိထားခဲ့သူျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ ႏွစ္ဦးတို႔၏ ရွိရင္းစြဲဆက္ဆံေရးအရေရာ၊ ႏွစ္ႏိုင္ငံနီးစပ္မႈ သမိုင္းေၾကာင္းအရပါ အိႏၵိယ-ဘဂၤလားေဒ့ရွ္ ဆက္ဆံေရးမွာ ခိုင္မာသည့္ဆက္ဆံေရးအျဖစ္ ဆက္လက္ရွိေနမည္မွာေသခ်ာသည္။ ႏွစ္ႏိုင္ငံ ဆက္ဆံ ေရးမွာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးကိုေက်ာ္လြန္သည့္ အခ်ဳပ္အျခာအာဏာ၊ တန္းတူ ရည္တူရွိမႈ၊ ယုံၾကည္မႈႏွင့္ နားလည္မႈတို႔အေပၚတြင္အေျခခံေသာ နယ္ပယ္စုံ မိတ္ဖက္ျဖစ္မႈ ဟုလည္း ဆိုႏိုင္သည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ အိမ္နီးခ်င္းဦးစားေပးမူဝါဒတြင္ အေရးႀကီးေနရာ၌ တည္ရွိသည္။ အိႏၵိယႏွင့္ဘဂၤလားေဒ့ရွ္တို႔သည္ ႏွစ္ႏိုင္ငံၾကားတြင္ သမိုင္းေၾကာင္းအရေရာ၊ ဘာသာ စကား၊ ယဥ္ေက်းမႈ၊ ႏိုင္ငံေရးႏွင့္ စီးပြားေရးအရပါ နက္နက္ရႈိင္းရႈိင္းဆက္ႏႊယ္မႈမ်ားရွိသည္။ ဘဂၤလား ေဒ့ရွ္ဝန္ႀကီး ခ်ဳပ္ရွိတ္ဟာစီနာသည္ ၂၀၂၄ ခုႏွစ္ ဇြန္လ ၂၁ ရက္ ေန႔မွ ၂၂ ရက္ေန႔အထိ အိႏၵိယႏိုင္ငံသို႔ တရားဝင္ အလည္အပတ္ခရီး သြားေရာက္ခဲ့သည္။ ေခါင္းေဆာင္ႏွစ္ဦးတို႔သည္ ၎တို႔၏ ဝန္ႀကီးခ်ဳပ္ သက္တမ္း သစ္အျဖစ္(၅)ႏွစ္တာဝန္ ဆက္လက္ထမ္းေဆာင္ၾကရမည္ျဖစ္ရာ ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုမိုခိုင္မာေအာင္ ဆက္လက္တည္ေဆာက္ရန္ ရည္႐ြယ္ထားၾကပုံရသည္။

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာသည္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ စတုတၳေျမာက္ စတင္ တာဝန္ထမ္းေဆာင္ခ်ိန္မွစ၍ အိႏၵိယႏိုင္ငံသို႔ ဒုတိယအႀကိမ္ေျမာက္သြားေရာက္ခဲ့ျခင္းျဖစ္သည္။ ၂၀၂၄ ခုႏွစ္ ဇြန္လ ၉ ရက္ေန႔တြင္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ က်မ္းသစၥာက်ိန္ဆိုပြဲအခမ္းအနားသို႔လည္း တက္ေရာက္ခဲ့ သည္။ အျခားေတာင္အာရွႏိုင္ငံမ်ား၊ အိႏၵိယသမုဒၵရာေဒသ ေခါင္းေဆာင္မ်ားသည္ ဝန္ႀကီးခ်ဳပ္မိုဒီအား ၎တို႔၏ ႏိုင္ငံအသီးသီးဆီ လာေရာက္လည္ပတ္ရန္ ဖိတ္ေခၚထားသည္။ ထိုအခ်ိန္တြင္ အိႏၵိယဝန္ႀကီး ခ်ဳပ္ မိုဒီသည္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာအား ပထမဆုံး ႏိုင္ငံေတာ္ ဧည့္သည္ေတာ္အျဖစ္ ဖိတ္ေခၚ ခဲ့ျခင္းျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ယခင္သက္တမ္း ႏွစ္ႀကိမ္တာဝန္ထမ္းေဆာင္ခဲ့စဥ္က တည္ရွိခဲ့ေသာပုံစံမ်ားႏွင့္ခြဲထြက္လာခဲ့သည္။ ၂၀၁၄ ခုႏွစ္တြင္ ပထမဆုံးျပည္ပခရီးစဥ္အျဖစ္ နိေပါႏိုင္ငံ သို႔ သြားေရာက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ေမာ္လ္ဒိုက္ႏွင့္ သီရိလကၤာႏိုင္ငံသို႔သြားေရာက္ခဲ့သည္။

ဝန္ႀကီးခ်ဳပ္မိုဒီ၏ လက္ရွိအေ႐ြ႕သည္ အိႏၵိယႏိုင္ငံ၏ အိမ္နီးခ်င္းဦးစားေပးမူဝါဒအရ ဘဂၤလား ေဒ့ရွ္ ႏွင့္ဆက္ဆံေရးအေပၚတြင္ အေလးထားေၾကာင္း ျပသျခင္းလည္းျဖစ္သည္။ ႏွစ္ဖက္ ပူးတြဲေၾကညာ ခ်က္ ထုတ္ျပန္ပြဲအခမ္းအနားတြင္လည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ အိမ္နီးခ်င္း ဦးစားေပး မူဝါဒ၊ Act East Policy? အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ စီးပြားေရး၊ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈ(Vision Sagar) ႏွင့္ အင္ဒိုပစိဖိတ္ေမွ်ာ္မွန္းခ်က္ အေကာင္အထည္ေဖာ္ရမည့္ စက္ဝန္းအတြင္းတြင္ရွိေနေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီကေျပာၾကားခဲ့သည္။ အလားတူ အိႏၵိယႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္၏ အေရးပါသည့္ အိမ္နီးခ်င္းႏိုင္ငံ၊ ယုံၾကည္ရသည့္မိတ္ေဆြႏွင့္ ေဒသတြင္း မိတ္ဖက္ႏိုင္ငံျဖစ္သည္ဟု ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ကေျပာဆိုခဲ့သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံ ႏွင့္ဆက္ဆံေရးအေပၚ အေလးအနက္ တန္ဖိုးထားေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ၁၉၇၁ ခုႏွစ္ လြတ္ေျမာက္ေရးစစ္ပြဲကာလ အတြင္း အနစ္နာခံ တိုက္ပြဲဝင္ခဲ့ၾကသည့္ က်ဆုံးသူရဲေကာင္းမ်ားအား အေလးအျမတ္ျပဳေၾကာင္းလည္း ေျပာဆိုခဲ့သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ အႀကီးမားဆုံး ဖြံ႕ၿဖိဳးေရးမိတ္ဖက္ျဖစ္ၿပီး လြန္ခဲ့သည့္ ရွစ္ႏွစ္ တာကာလအတြင္း အိႏၵိယႏိုင္ငံမွေခ်းေငြ အေမရိကန္ ေဒၚလာ ၈ ဘီလ်ံ လက္ခံရရွိခဲ့သည္။ ထို႔ျပင္ အိႏၵိယႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအား အေျခခံအေဆာက္အအုံစီမံခ်က္မ်ားအတြက္လည္း ေခ်းေငြ အကူအညီမ်ား ေထာက္ပံ့ေပးခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ဘလၤားေဒ့ရွ္ႏိုင္ငံ၏ စြမ္းအင္က႑တြင္ လည္း အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသူျဖစ္သည္။ ထို႔ျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ နိေပါႏိုင္ငံၿပီးလွ်င္ အိႏၵိယႏိုင္ငံမွ ေရနံပိုက္လိုင္းႏွင့္ခ်ိတ္ဆက္သည့္ ဒုတိယေျမာက္ SAARC(South Asian Association for Regional Cooperation) ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္သည္။

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာသည္ တ႐ုတ္ႏိုင္ငံသို႔မသြားမီ တစ္လပင္မလိုေတာ့သည့္ အခ်ိန္တြင္ အိႏၵိယႏိုင္ငံသို႔သြားေရာက္ခဲ့ျခင္းျဖစ္ရာ အိႏၵိယႏိုင္ငံႏွင့္ဆက္ဆံေရးအေပၚ မည္မွ် အေလး ထားသည္ကို ေဖာ္ျပေနျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Teesta ျမစ္ေပၚတြင္ ေရ ေၾကာင္း ထိန္းသိမ္းေရးစီမံကိန္းတစ္ခု အေကာင္အထည္ေဖာ္ရန္ရည္မွန္းထားသည္။ တ႐ုတ္ႏိုင္ငံသည္ Teesta ျမစ္ေပၚတြင္ေဆာင္႐ြက္မည့္ ေရေၾကာင္း ထိန္းသိမ္းေရးစီမံကိန္းကို လက္ေတြ႕တိုင္းတာသည့္ စစ္တမ္းတစ္ခု ေအာင္ျမင္စြာၿပီးစီးသြားခ်ိန္တြင္ အိႏၵိယႏိုင္ငံကလည္း Teesta ျမစ္ေပၚတြင္ပင္ အလားတူ စီမံကိန္းတစ္ခု အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ေလ့လာမႈတစ္ခုျပဳလုပ္လိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ၏ အိႏၵိယႏိုင္ငံခရီးစဥ္အတြင္းတြင္လည္း အဆိုပါကိစၥ အေပၚ ေဆြးေႏြးခဲ့ၾကသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေနျဖင့္ Teesta ျမစ္ေရ မွ်ေဝသုံးစြဲမႈႏွင့္ပတ္သက္၍ အိႏၵိယ ႏိုင္ငံႏွင့္ ကာလရွည္ျပႆနာတစ္ရပ္ အျဖစ္တည္ရွိခဲ့ေၾကာင္း၊ အိႏၵိယႏိုင္ငံအေနျဖင့္ Teesta ျမစ္ေပၚတြင္ စီမံကိန္းတစ္ခုေဆာင္႐ြက္လိုပါက ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ အခက္အခဲမရွိေၾကာင္း၊ Teesta ျမစ္ေရ ကို အၿမဲတမ္း မွ်ေဝသုံးစြဲမႈ ႏွင့္ပတ္သက္၍မူ ေဆြးေႏြးရန္ပင္မလိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ က သူ၏ အိႏၵိယႏိုင္ငံ ခရီးစဥ္အၿပီး သတင္းမီဒီယာတစ္ႏွင့္ေတြ႕ဆုံေမးျမန္း ခန္းတြင္ေျပာဆိုသြားခဲ့သည္။ ထို႔ျပင္ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္လည္းေတြ႕ဆုံခဲ့ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ ရွိ ဆိပ္ကမ္းမ်ား၊ ေရလမ္း၊ ကုန္းလမ္း ဆက္သြယ္မႈ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ႏိုင္မည့္ စီမံကိန္းမ်ားတြင္ ရင္းႏွီး ျမႇဳပ္ႏွံရန္လည္း တိုက္တြန္းခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ၏ အဝါမီလိပါတီ သည္ ၂၀ဝ၉ ခုႏွစ္ အာဏာရရွိခ်ိန္မွစ၍ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအား အကာအကြယ္ယူထားသည့္ အိႏၵိယ စစ္ေသြးႂကြအုပ္စု မ်ားႏွင့္ပတ္သက္၍ အိႏၵိယႏိုင္ငံ၏ စိုးရိမ္မႈကိုေျဖရွင္းႏိုင္ရန္ တစ္စိုက္မတ္မတ္ႀကိဳးပမ္းခဲ့သည္။ ျပင္ပဖိအားမ်ားရွိေနသည့္တိုင္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ၏ အိႏၵိယခရီးစဥ္သည္ အိႏၵိယႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔ၾကားတြင္ ခိုင္မာသည့္ႏိုင္ငံေရး ႏွင့္မဟာဗ်ဴဟာေျမာက္ဆက္ဆံေရးရွိေနေၾကာင္း သက္ေသထူေနသည့္အခ်က္ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ၏ အိႏၵိယခရီးစဥ္သည္ ႏွစ္ႏိုင္ငံလုံးအတြက္အက်ိဳးရွိေစခဲ့သည့္ ခရီးစဥ္ တစ္ခု ျဖစ္ၿပီး နားလည္မႈစာခြၽန္လႊာ(၁၀)ေစာင္ လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။ အဆိုပါ နားလည္မႈစာခြၽန္ လႊာတြင္ လမ္းပန္းဆက္သြယ္မႈ၊ စီးပြားေရး၊ စြမ္းအင္၊ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈႏွင့္ ကာကြယ္ ေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈမ်ားလည္း ပါဝင္သည္။ ႏွစ္ ႏိုင္ငံတို႔သည္ ပုံမွန္ထုတ္ေနက် joint statement ထုတ္ရမည့္အစား vision statement ကို ထုတ္ျပန္ခဲ့ၾကသည္။ ေခါင္းေဆာင္ႏွစ္ဦးတို႔သည္ လမ္းပန္း ဆက္သြယ္ေရး၊ ကုန္သြယ္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ေၾကာင့္ ရရွိလာမည့္ ေဒသတြင္းႏွင့္ အိမ္နီးခ်င္းႏွစ္ႏိုင္ငံတို႔၏ ဖြံ႕ၿဖိဳးေရး၊ ႂကြယ္ဝခ်မ္းသာမႈ ႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္မွန္းခ်က္မ်ား ကိုလည္း မွ်ေဝခဲ့ၾကသည္။ vision statement တြင္ ႏွစ္ႏိုင္ငံ ျပည္သူမ်ား၊ ကုန္စည္ႏွင့္ဝန္ေဆာင္မႈမ်ား လ်င္ျမန္ ေခ်ာေမြ႕စြာ စီးဆင္းႏိုင္ရန္အတြက္ နယ္စပ္ျဖတ္ေက်ာ္ ကုန္သြယ္ေရး၊ အေျခခံအေဆာက္အအုံ ႏွင့္ ဘက္စုံ သယ္ယူပို႔ေဆာင္ေရးတို႔ကိုလႊမ္းၿခဳံသည့္ ႐ုပ္ဝတၳဳပိုင္းဆိုင္ရာ ခ်ိတ္ဆက္မႈမ်ားျမႇင့္တင္ေရးကို လည္း ကတိကဝတ္ျပဳခဲ့ၾကသည္။ ထို႔ျပင္ စြမ္းအင္ႏွင့္ ဒီဂ်စ္တယ္ ဆိုင္ရာ ခ်ိတ္ဆက္မႈတို႔လည္းပါဝင္ သည္။ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္တို႔သည္ ႏွစ္ႏိုင္ငံျပည္သူမ်ားအား အက်ိဳးရွိေအာင္ ေဆာင္ၾကဥ္းေပးရာတြင္ ေခတ္မီ နည္းပညာတို႔၏ အေရးပါသည့္အခန္းက႑ကိုပါ ေမွ်ာ္မွန္းလ်ာထားခဲ့ၾကသည္။ ေခါင္းေဆာင္ ႏွစ္ဦး တို႔သည္ Shared Vision for India-Bangladesh Digital Partnership and Shared Vision for India -Bangladesh Green Partnership for a Sustainable Future တို႔ကေနတစ္ဆင့္ မိတ္ဖက္ ျဖစ္ ေအာင္ ေဆာင္႐ြက္ရန္လည္း သေဘာတူညီခဲ့ၾကသည္။ အဆိုပါေမွ်ာ္မွန္းခ်က္မ်ားသည္ အိႏၵိယႏိုင္ငံ၏ Viksit Bharat ၂၀၄၇ ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ Smart Bangladesh Vision ၂၀၄၁ တို႔ႏွင့္ လည္း လိုက္ေလ်ာညီေထြမႈရွိသည္။

ထို႔ျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ေဒသတြင္း လုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ၿပီး အိႏၵိယႏိုင္ငံ၏ ပူးေပါင္းေဆာင္႐ြက္ေရး မိတ္ဖက္တစ္ႏိုင္ငံအျဖစ္ Indo-Pacific Oceans Initiative တြင္ပါဝင္ေၾကာင္း ေၾကညာခဲ့သည္။ ႏွစ္ႏိုင္ငံတို႔သည္ လြတ္လပ္ေသာ၊ ပြင့္လင္းေသာ၊ အားလုံး ပါဝင္ေသာ၊ လုံၿခဳံၿပီး စည္းမ်ဥ္းအေျချပဳသည့္ အင္ဒို-ပစိဖိတ္ေဒသ ျဖစ္လာေစေရးအတြက္ ကတိျပဳ ေၾကာင္းလည္း ထပ္ေလာင္းအတည္ျပဳခဲ့ၾကသည္။ ျပည္ဝင္ဗီဇာကိစၥမွာလည္း ျပည္သူအခ်င္းခ်င္း ဆက္ ဆံေရးႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ အေရးႀကီးသည့္ ကိစၥရပ္တစ္ခုျဖစ္သည္။ အိႏၵိယအစိုးရကလည္း ေဆးဝါးကုသရန္အတြက္ အိႏၵိယႏိုင္ငံသို႔ လာေရာက္သည့္ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားကို e-Medical visa သက္တမ္းတိုးေပးေၾကာင္းေၾကညာခဲ့သည္။ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔သည္ ကာကြယ္ေရး က႑တြင္ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္လည္း ႀကိဳးပမ္းေနၾကသည္။ ထို႔ျပင္ ေရေၾကာင္းလုံၿခဳံေရး၊ သမုဒၵရာကိုအေျခခံသည့္ စီးပြားေရး၊ အာကာသႏွင့္ ဆက္သြယ္ေရးက႑တို႔တြင္လည္း ပူးေပါင္းေဆာင္ ႐ြက္မႈတိုးခ်ဲ႕ရန္ လက္မွတ္ေရးထိုးခဲ့ၾကသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္လည္း ေကာင္းမြန္သည့္ဆက္ဆံေရးရွိသည္။ တ႐ုတ္ႏိုင္ငံ သည္ အဓိကကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ အဓိကလိုအပ္သည့္ကုန္ၾကမ္းအမ်ားစုမွာ တ႐ုတ္ႏိုင္ငံမွရရွိသည္။ တ႐ုတ္ႏိုင္ငံႏွင့္ နီးကပ္သည့္ ဆက္ဆံေရးတစ္ရပ္ရွိေနေစေရး ထိန္းသိမ္းရျခင္း သည္ အိႏၵိယ၊ အေမရိကန္ႏိုင္ငံတို႔ႏွင့္ သံတမန္ေရးႏွင့္ကုန္သြယ္မႈဆက္ဆံေရး ဟန္ခ်က္ညီရွိေနသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ စိန္ေခၚမႈတစ္ရပ္လည္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အထည္ခ်ဳပ္လုပ္ ငန္းသည္ ႏိုင္ငံျခားေငြ(၈၀)ရာခိုင္ႏႈန္းေက်ာ္ရရွိေနၿပီး ကုန္ၾကမ္းရရွိမႈမွာ တ႐ုတ္ႏိုင္ငံအေပၚ အဓိက မွီခိုေနရျခင္းျဖစ္သည္။

အိႏၵိယႏိုင္ငံဘက္အျမင္ျဖင့္ ၾကည့္ပါက ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ၏ခရီးစဥ္မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးလိုသည့္ဆႏၵမ်ားကို ျဖည့္ဆည္းေပးရန္ ရည္႐ြယ္ပုံရသည္။ တစ္ခ်ိန္တည္းမွာပင္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတြင္ နားလည္မႈလြဲေစႏိုင္သည့္ ျပင္ပအင္အားႀကီးႏိုင္ငံမ်ား၏ ဩဇာလႊမ္းမိုးမႈကို ကန႔္သတ္ လိုျခင္းလည္းျဖစ္သည္။ အလားတူ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအေနျဖင့္လည္း အျခားႏိုင္ငံမ်ား၏ ဖြံ႕ၿဖိဳးေရးအ ကူအညီယူရာတြင္ သတိႀကီးစြာ ထိေတြ႕ဆက္ဆံျခင္းျဖင့္ အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ ထိလြယ္ ရွလြယ္ကိစၥမ်ားကို ထည့္သြင္းစဥ္းစားေၾကာင္း ထင္ရွားေအာင္ျပသခဲ့ျခင္းပင္ျဖစ္သည္။ တစ္ႏိုင္ငံ၏ ထိလြယ္ရွလြယ္ကိစၥမ်ားကို တစ္ႏိုင္ငံက စဥ္ဆက္မျပတ္အသိအမွတ္ျပဳထားျခင္းသည္ ႏွစ္ႏိုင္ငံဆက္ ဆံေရး၏အနာဂတ္အတြက္ အလြန္အေရးႀကီးသည္။ မည္သို႔ပင္ျဖစ္ေစ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ၏ အိႏၵိယ ခရီးစဥ္သည္ ေဒသတြင္း တည္ၿငိမ္ေရး၊ သာတူညီမွ် ႂကြယ္ဝခ်မ္းသာေရးအတြက္ လက္တြဲလုပ္ ေဆာင္ျခင္း ႏွင့္ ခိုင္မာသည့္ဆက္ဆံေရးျဖစ္လာေစရန္ အျပန္အလွန္ ကတိကဝတ္ျပဳမႈမ်ား ရရွိေစခဲ့ျခင္း သည္ သိသာထင္ရွားသည့္ရလဒ္တစ္ခုျဖစ္သည္။ အိႏၵိယ-ဘဂၤ လားေဒ့ရွ္ဆက္ဆံေရးကာ အစဥ္တစိုက္ ေခ်ာေမြ႕ေနျခင္းမ်ိဳးကား မဟုတ္ပါ။ Teesta ျမစ္ေရခြဲေဝသုံးစြဲေရးသေဘာတူညီမႈမွာ အဆုံးမသတ္ ႏိုင္ေသးပါ။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ေနသည့္ လူဝင္မႈကိစၥမွာလည္း ႏွစ္ႏိုင္ငံ ဆက္ဆံေရးတြင္ ႏွစ္ေပါင္းမ်ားစြာ အဖုအထစ္ျဖစ္ေနသည့္ကိစၥတစ္ရပ္ ျဖစ္သည္။

သို႔ေသာ္ အိႏၵိယ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ တ႐ုတ္ႏိုင္ငံ၏အခန္းက႑ကိုလည္း လ်စ္လ်ဴရႈထား၍မရႏိုင္ပါ။ ဝန္ႀကီးခ်ဳပ္မိုဒီႏွင့္ ရွိတ္ဟာစီနာတို႔သည္ ၎တို႔၏ ႏွစ္ႏိုင္ငံျပည္သူမ်ားအ တြက္ သိသာထင္ရွားသည့္ရလဒ္မ်ား ထြက္လာေစရန္ အာ႐ုံစိုက္ေဆာင္႐ြက္ေနၾကသည္။ အျပန္အလွန္ ေလးစားမႈ၊ အျပန္အလွန္အက်ိဳးစီးပြားၾကည့္မႈႏွင့္ အျပန္အလွန္ငဲ့ညႇာမႈတို႔အေပၚ အေျခခံသည့္ အိမ္နီး ခ်င္းႏွစ္ႏိုင္ငံၾကားမိတ္ဖက္ျဖစ္မႈသည္ အျခားႏိုင္ငံမ်ားအတြက္ စံျပဳဖြယ္ရာတစ္ခုျဖစ္လာေနသည္ဟု ဆိုပါက လြန္ရာက်မည္လား မေျပာတတ္ပါ။

Related news

© 2021. All rights reserved.