ကမ္ဘာပေါ်မှာ ဘေးအန္တရာယ်အကင်းဆုံးမြို့လို့ သတ်မှတ်ခံထားရတဲ့ ဂျပန်တို့ရဲ့မြို့တော် တိုကျိုအကြောင်း (ဗဟုသုတ‌ဆောင်းပါး)

 234

ဂျန်ဇက်(NP News) - ဇူလိုင် ၂၀

တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏မြို့တော်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးမြို့များထဲမှ တစ်မြို့ဖြစ်သည်။၂၀၂၃ ခုနှစ်အထိ တိုကျိုမြို့တွင် လူဦးရေ(၁၄)သန်းကျော်နေထိုင်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေအများဆုံးမြို့တော် ဖြစ်ခဲ့သည်။တိုကျိုမြို့နှင့် အိမ်နီးချင်းစီရင်စု(၆)ခု၏ အစိတ်အပိုင်းများပါဝင်သော Greater Tokyo Area
သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး မြို့ပြ ဧရိယာဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ နေထိုင်သူဦးရေ (၄၀ ဒသမ ၈) သန်း ရှိကြောင်းသိရသည်။ တိုကျိုပင်လယ်အော်၏ ထိပ်ပိုင်းတွင်တည်ရှိသော တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏အကြီးဆုံးကျွန်းဖြစ်သော ဟွန်ရှူ၏အလယ်ပိုင်းကမ်းရိုးတန်းရှိ ကန်တို ဒေသ၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်းလည်းသိရသည်။ တိုကျိုမြို့သည် ဂျပန်၏စီးပွားရေး အချက်အချာနေရာဖြစ်ပြီး အစိုးရ နှင့် ဧကရာဇ်နှစ်ဦးစလုံး နေထိုင်ရာမြို့လည်းဖြစ်သည်။ တိုကျိုမြို့ပြအစိုးရသည် မြို့လယ်ရှိ အထူး ရပ်ကွက်(၂၃)ခု အနောက်ဘက်ရှိ ခရီးသွားလာရေး မြို့များနှင့် ဆင်ခြေဖုံးရပ်ကွက်များ၊ တိုကျိုကျွန်းများ ဟု လူသိများသော အစွန်အဖျားရှိ ကျွန်းစုနှစ်ခုကို စီမံခန့်ခွဲကြောင်းသိရသည်။ တိုကျိုကိုမြို့တစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုကြသော်လည်း ၁၉၄၃ ခုနှစ်တည်းက ၎င်း၏အုပ်ချုပ်မှုပုံစံသည် စီရင်စုတစ်ခုနှင့်ပိုမိုတူညီခဲ့ကြောင်းလည်းသိရသည်။ တိုကျိုမြို့ရှိထင်ရှားသော အထူးရပ်ကွက်များတွင် ချီရိုဒါရပ်ကွက်၊ National Diet Building အစိုးရရုံး၊ Tokyo Imperial Palace ၊ ရှင်ဂျူကူ ရပ်ကွက်၊ တိုကျိုမြို့အုပ်ချုပ်ရေးစင်တာနှင့် မြို့၏ စီးပွားရေး၊ ယဉ်ကျေးမှုအချက်အချာနေရာဖြစ်သော ရှိဘုယ ရပ်ကွက်တို့ပါဝင်ကြောင်း သိရသည်။ (၁၇)ရာစု မတိုင်မီအချိန်က အီဒိုဟု လူသိများသော တိုကျိုမြို့ သည် တံငါရွာလေးတစ်ရွာဖြစ်ကြောင်းလည်း သိရသည်။ ၁၆၀၃ ခုနှစ်တွင် အဆိုပါရွာလေးသည် တိုကူ ဂါဝါရှိုးဂန်း၏ နေရာတစ်ခုဖြစ်လာသောအခါ နိုင်ငံရေးအရ ထင်ရှားကျော်ကြားလာခဲ့ကြောင်းသိရသည်။ (၁၈)ရာစုအလယ်လောက်တွင် အီဒိုသည် ကမ္ဘာ့အကြီးဆုံးမြို့များထဲမှတစ်မြို့ဖြစ်လာခဲ့ပြီး နေထိုင်သူ (၁)သန်းကျော် ရှိခဲ့ကြောင်းသိရသည်။ ၁၈၆၈ ခုနှစ်တွင် ဧကရာဇ် Meijiက နိုင်ငံရေးပြောင်းလဲမှု ကိုလုပ်ဆောင်ခဲ့ပြီးနောက် ကျိုတိုမြို့ရှိ အင်ပါယာမြို့တော်ကို အီဒိုသို့ ရွှေ့ပြောင်းခဲ့ပြီး တိုကျိုမြို့ဟု ပြန် လည် အမည်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် တိုကျိုမြို့သည် Great Kant ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီးနောက်ပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်အဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆိုးရွားစွာပျက်စီးခဲ့ကြောင်းသိရသည်။ ၁၉၄၀ ပြည့် နှစ်နှောင်းပိုင်းတွင် တိုကျိုမြို့သည် လျင်မြန်စွာ ပြန်လည်ထူထောင်ရေးနှင့် ချဲ့ထွင်မှုတို့ကိုလုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ ခေတ်တွင် ဂျပန်နိုင်ငံ၏စီးပွားရေးသည် အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဖြစ်လာခဲ့ ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်အထိ တိုကျိုမြို့သည် နှစ်စဉ် Fortune Global ၅၀ဝ တွင်စာရင်းဝင်သော ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီ(၅၀ဝ)ခု အနက် (၂၉)ခု၏ အခြေစိုက်နေရာဖြစ်ခဲ့ကြောင်းသိရသည်။ (၂၀)နှင့်(၂၁) ရာစုများအတွင်း တိုကျိုမြို့သည် ၁၉၆၄ ခုနှစ်တွင် နွေရာသီအိုလံပစ်နှင့် မသန်မစွမ်းအားကစားပြိုင်ပွဲ များကို လက်ခံကျင်းပပေးသည့် အာရှ၏ပထမဆုံး မြို့ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အိမ်ရှင်အဖြစ် ထပ် မံလက်ခံကျင်းပပေးခဲ့ကြောင်းသိရသည်။ ထို့ပြင် တိုကျိုမြို့သည် ၁၉၇၉ ခုနှစ်၊ ၁၉၈၆ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်တို့တွင် G7 ထိပ်သီးအစည်းအဝေး(၃)ခုကို လက်ခံကျင်းပခဲ့ကြောင်းလည်းသိရသည်။ တိုကျို မြို့ သည် နိုင်ငံတကာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အချက်အချာနေရာဖြစ်ပြီး နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ် ဖြစ်သည့် တိုကျိုတက္ကသိုလ် အပါအဝင် အဓိကတက္ကသိုလ်အများအပြားရှိသည့် ပညာရေး စင်တာ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ တိုကျိုဘူတာသည် ရှင်ကန်းဆန်းရထား၊ ဂျပန်၏ မြန်နှုန်း မြင့်ရထားလမ်းကွန်ရက်တို့အတွက် အဓိကအချက်အချာနေရာဖြစ်ပြီး ရှင်ဂျူကူဘူတာရုံသည် ကမ္ဘာပေါ် တွင် အလုပ်အများဆုံး ရထားဘူတာရုံ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် တိုကျိုမြို့သည် ကမ္ဘာ့ အရှည်ဆုံး တာဝါ Tokyo Skytree တည်ရှိသည့်မြို့လည်းဖြစ် ပြီး ၁၉၂၇ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သော Tokyo Metro Ginza Line သည် အာရှ-ပစိဖိတ်ဒေသတွင် ရှေးအကျဆုံး မြေအောက် ရထားလိုင်းလည်း ဖြစ်သည်။ တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်စရာ အကောင်းဆုံးမြို့များထဲမှ တစ်မြို့အဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၁ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော Global Livability Ranking တွင် စတုတ္တ အဆင့် ရှိခဲ့ကြောင်းသိရသည်။ နိုင်ငံတကာစစ်တမ်းများစွာတွင် တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်အ ကင်းဆုံးမြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံထားရကြောင်းလည်းသိရသည်။

စီးပွားရေး
၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် တိုကျိုမြို့၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် အမေရိကန် ဒေါ်လာ (၁ ဒသမ ဝ၄) ထရီလျံအထိ ရှိခဲ့ပြီး ဂျပန်နိုင်ငံ စုစုပေါင်းစီးပွားရေးထုတ်ကုန်၏ (၂၀ ဒသမ ၇ ) ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ ကဏ္ဍအလိုက်ဆိုပါက လက်လီလက်ကား ရောင်းချမှုသည် အကြီးဆုံး ပံ့ပိုးမှုဖြစ်ပြီး ဂျပန်နိုင်ငံ စုစုပေါင်းထွက်ရှိမှု၏ (၂၁ ဒသမ ၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ လက်လီ လက်ကားရောင်းချမှုနောက်တွင် အိမ်ခြံမြေရောင်းဝယ်ရေး(၁၃ ဒသမ ၅)ရာခိုင်နှုန်း၊ ပရော်ဖက်ရှင်နယ်၊ သိပ္ပံနှင့်နည်းပညာပိုင်း (၁၂ ဒသမ ၂)ရာခိုင်နှုန်း၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး(၁၁ ဒသမ ၇) ရာခိုင်နှုန်း၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း(၇ ဒသမ ၆)ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု(၇)ရာခိုင်နှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှု(၆ ဒသမ ၇)ရာခိုင်နှုန်း ရကြောင်းသိရသည်။ စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်း လုပ်ငန်း နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့၏နှစ်ခုပေါင်းသည် နိုင်ငံ့စီးပွားရေးစုစုပေါင်းထွက်ရှိမှု၏
(ဝ ဒသမ ၁)ရာ ခိုင်နှုန်းသာရှိကြောင်းသိရသည်။ Greater Tokyo Area သည် Greater New York ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးမြို့ပြစီးပွားရေးဖြစ်ပြီး စုစုပေါင်းမြို့ပြထုတ်ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂)ထရီလျံခန့်ရှိကြောင်းသိရသည်။ Greater Tokyo Area ၏ စီးပွားရေးသည် ကနေဒါနိုင်ငံ၏စီးပွားရေးထက် အနည်းငယ် သေးငယ်သော်လည်း မက္ကဆီကိုနိုင်ငံစီးပွားရေးထက် အနည်းငယ်ပိုကြီးကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ခန့်မှန်းချက်များအရသိရသည်။
၂၀၂၃ ခုနှစ်တွင် Fortune Global ၅၀ဝ ကုမ္ပဏီများအနက် (၂၉)ခုသည် တရုတ်ပြီးလျှင် ဒုတိယမြောက် အာရုံအစိုက်ခံရဆုံးဖြစ်သည့် တိုကျိုမြို့ တွင် အခြေစိုက်ခဲ့ကြောင်းလည်းသိရသည်။ ၂၀၂၄ ခုနှစ်တွင် တိုကျိုမြို့မှာ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၁)သန်းကျော်ရှိသော လူပုဂ္ဂိုလ် (၂၉၈၃၀ဝ)ဦး နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် တတိယမြောက်အများဆုံးဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေး
တိုကျိုမြို့သည် အဓိကနိုင်ငံတကာဘဏ္ဍာ ရေးစင်တာတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ် နှံမှုဘဏ်များနှင့် အာမခံကုမ္ပဏီအများအပြား၏ ရုံး ချုပ်များတည်ရှိရာနေရာတစ်ခုဖြစ်သလို ဂျပန်နိုင်ငံ ၏ သယ်ယူပို့ဆောင်ရေး၊ ထုတ်ဝေရေး၊ အီလက်ထရွန် နစ်နှင့် ရုပ်သံလွှင့်လုပ်ငန်းများအတွက် အချက် အချာ ကျသည့်နေရာတစ်ခုလည်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်နိုင်ငံ၏စီးပွားရေး ပြန်လည် တိုးတက်လာချိန်အတွင်း ကုမ္ပဏီကြီးအများအပြားသည် အစိုးရထံပိုမိုကောင်းမွန်စွာ ဝင်ရောက်ခွင့်ရရန် အတွက် ကြိုးပမ်းမှုအဖြစ် ၎င်းတို့၏ရုံးချုပ်များကို အိုဆာကာ ကဲ့သို့သော မြို့များထံမှ တိုကျိုမြို့သို့ ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။ ၁၉၆၀ ပြည့်နှစ်တွင် တိုကျိုသည် ထိပ်တန်းနိုင်ငံတကာဘဏ္ဍာရေး ဗဟိုဌာန (IFC)အဖြစ်ပေါ်ထွက်လာခဲ့ပြီး နယူးယောက်မြို့နှင့် လန်ဒန်တို့နှင့်အတူ ကမ္ဘာ့စီးပွားရေး အတွက် ကွပ်ကဲမှုဌာနသုံးခုအနက်မှ တစ်ခုအဖြစ်ဖော်ပြခံခဲ့ရသည်။ ၂၀၂၀ Global Financial Centers Index အရ တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် စတုတ္တမြောက်ပြိုင်ဆိုင်မှုအရှိဆုံး ဘဏ္ဍာရေးအချက်အချာ နေရာတစ်ခုဖြစ်ပြီး အာရှတိုက်တွင် ရှန်ဟိုင်းမြို့ပြီးလျှင် ဒုတိယမြောက်ပြိုင်ဆိုင်မှုအရှိဆုံး ဘဏ္ဍာရေး အချက်အချာနေရာတစ်ခုအဖြစ် အဆင့်သတ်မှတ်ခံထားရကြောင်းသိရသည်။ ထို့ပြင် တိုကျိုစတော့အိတ် ချိန်းသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးစတော့အိတ်ချိန်း ဖြစ်ပြီး ဈေးကွက်အရင်းအနှီးတွင် ကမ္ဘာပေါ်၌ တတိ ယအကြီးဆုံးနှင့် ရှယ်ယာတန်ဖိုးအားဖြင့် စတုတ္ထအကြီးဆုံးဖြစ်ကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း
ခရီးသွားလုပ်ငန်းသည် တိုကျိုမြို့၏ စီးပွားရေးအတွက် အကြီးမားဆုံးပံ့ပိုးကူညီသည့်လုပ်ငန်း ဖြစ်သည်။၂၀၁၉ ခုနှစ်တွင် တိုကျိုမြို့သို့ နိုင်ငံခြားသား(၁၅ ဒသမ ၁၈)သန်းလာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့သည် ယန်း(၁ ဒသမ ၂၆)ထရီလျံသုံးစွဲခဲ့ကြောင်း တိုကျိုမြို့ပြအစိုးရ၏ထုတ်ပြန်ချက်အရ သိရ သည်။ ခရီးသွားလုပ်ငန်းသည် တိုကျိုမြို့၏ စုစုပေါင်းစီးပွားရေးထွက်ရှိမှု၏ (၁)ရာခိုင်နှုန်းကျော်ရှိ ကြောင်းလည်းသိရသည်။ တိုကျိုမြို့တွင် လာရောက်လည်ပတ်မှုအများဆုံးနေရာများမှာ အောက်ပါအ တိုင်းဖြစ်သည်။

Shibuyaရပ်ကွက် (Shibuya Crossing? Yoyogi ပန်းခြံ၊ Hachiko ရုပ်တု) ရှင်ဂျူကူရပ်ကွက် (Kabukicho ဖျော်ဖြေရေးခရိုင်၊ Shinjuku Gyoen အမျိုးသားဥယျာဉ်) Ginza ဈေးဝယ်ဧရိယာ (ဈေးဝယ်ခရိုင်၊ Kabuki zajy ဇာတ်ရုံ) Marunouchiခရိုင်နှင့် Nihombashi ခရိုင် (Imp­erial Palace?
ဈေးဝယ်ခရိုင် (Mitsuko shi, Takashimaya) Asakusaခရိုင်(Sensoji ဗုဒ္ဓဘာသာဘုရားကျောင်း၊ Tokyo Skytree တာဝါ) Akihabara ရပ်ကွက် (အီလက်ထရွန်နစ်နှင့် anime ယဉ်ကျေးမှု) Ueno ခရိုင်(အမျိုးသားပြတိုက်၊ အမျိုးသားသိပ္ပံပြ တိုက်၊ Ueno ရစ္ဆာန်ရုံ၊ Ueno ပန်းခြံ) Roppongi ခရိုင် (Roppongi Hills? Azabudai Hills ၊ တိုကျိုအမျိုးသားအနုပညာစင်တာ၊ Suntory အနုပညာပြတိုက်၊ Mori အနုပညာပြတိုက်) Ikebukuro ခရိုင်(ဈေးဝယ်ခရိုင်) တိုကျိုမြို့ရှိ ဇိမ်ခံဟိုတည် များထဲတွင် ၁၈၉၀ ပြည့်နှစ်တွင်ဖွင့်လှစ်ခဲ့သော Imperial ဟိုတယ်၊ ၁၉၉၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော Chinzanso Tokyo ဟိုတယ်၊ ၁၉၆၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော Okura Tokyo ဟိုတယ်၊ Meguro Gajoen ဟိုတယ်၊ Conrad Tokyo ဟိုတယ်၊ Ritz-Carlton Tokyo ဟိုတယ်နှင့် Aman Tokyo ဟိုတယ်တို့ပါဝင် ကြောင်းသိရသည်။

zawgyi version
ကမာၻေပၚမွာ ေဘးအႏၲရာယ္အကင္းဆုံးၿမိဳ႕လို႔ သတ္မွတ္ခံထားရတဲ့ ဂ်ပန္တို႔ရဲ႕ၿမိဳ႕ေတာ္ တိုက်ိဳအေၾကာင္း
ဂ်န္ဇက္(NP News) - ဇူလိုင္ ၂၀

တိုက်ိဳၿမိဳ႕သည္ ဂ်ပန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ၿပီး ကမာၻေပၚတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္သည္။၂၀၂၃ ခုႏွစ္အထိ တိုက်ိဳၿမိဳ႕တြင္ လူဦးေရ(၁၄)သန္းေက်ာ္ေနထိုင္ၿပီး ကမာၻေပၚတြင္ ဒုတိယေျမာက္ လူဦးေရအမ်ားဆုံးၿမိဳ႕ေတာ္ ျဖစ္ခဲ့သည္။တိုက်ိဳၿမိဳ႕ႏွင့္ အိမ္နီးခ်င္းစီရင္စု(၆)ခု၏ အစိတ္အပိုင္းမ်ားပါဝင္ေသာ Greater Tokyo Area
သည္ ကမာၻေပၚတြင္ လူဦးေရအမ်ားဆုံး ၿမိဳ႕ျပ ဧရိယာျဖစ္ၿပီး ၂၀၂၃ ခုႏွစ္အထိ ေနထိုင္သူဦးေရ (၄၀ ဒသမ ၈) သန္း ရွိေၾကာင္းသိရသည္။ တိုက်ိဳပင္လယ္ေအာ္၏ ထိပ္ပိုင္းတြင္တည္ရွိေသာ တိုက်ိဳၿမိဳ႕သည္ ဂ်ပန္ႏိုင္ငံ၏အႀကီးဆုံးကြၽန္းျဖစ္ေသာ ဟြန္ရႉ၏အလယ္ပိုင္းကမ္း႐ိုးတန္းရွိ ကန္တို ေဒသ၏ တစ္စိတ္ တစ္ပိုင္းျဖစ္ေၾကာင္းလည္းသိရသည္။ တိုက်ိဳၿမိဳ႕သည္ ဂ်ပန္၏စီးပြားေရး အခ်က္အခ်ာေနရာျဖစ္ၿပီး အစိုးရ ႏွင့္ ဧကရာဇ္ႏွစ္ဦးစလုံး ေနထိုင္ရာၿမိဳ႕လည္းျဖစ္သည္။ တိုက်ိဳၿမိဳ႕ျပအစိုးရသည္ ၿမိဳ႕လယ္ရွိ အထူး ရပ္ကြက္(၂၃)ခု အေနာက္ဘက္ရွိ ခရီးသြားလာေရး ၿမိဳ႕မ်ားႏွင့္ ဆင္ေျခဖုံးရပ္ကြက္မ်ား၊ တိုက်ိဳကြၽန္းမ်ား ဟု လူသိမ်ားေသာ အစြန္အဖ်ားရွိ ကြၽန္းစုႏွစ္ခုကို စီမံခန႔္ခြဲေၾကာင္းသိရသည္။ တိုက်ိဳကိုၿမိဳ႕တစ္ခုအျဖစ္ ကမာၻ႔ႏိုင္ငံအမ်ားစုက အသိအမွတ္ျပဳၾကေသာ္လည္း ၁၉၄၃ ခုႏွစ္တည္းက ၎၏အုပ္ခ်ဳပ္မႈပုံစံသည္ စီရင္စုတစ္ခုႏွင့္ပိုမိုတူညီခဲ့ေၾကာင္းလည္းသိရသည္။ တိုက်ိဳၿမိဳ႕ရွိထင္ရွားေသာ အထူးရပ္ကြက္မ်ားတြင္ ခ်ီ႐ိုဒါရပ္ကြက္၊ National Diet Building အစိုးရ႐ုံး၊ Tokyo Imperial Palace ၊ ရွင္ဂ်ဴကူ ရပ္ကြက္၊ တိုက်ိဳၿမိဳ႕အုပ္ခ်ဳပ္ေရးစင္တာႏွင့္ ၿမိဳ႕၏ စီးပြားေရး၊ ယဥ္ေက်းမႈအခ်က္အခ်ာေနရာျဖစ္ေသာ ရွိဘုယ ရပ္ကြက္တို႔ပါဝင္ေၾကာင္း သိရသည္။ (၁၇)ရာစု မတိုင္မီအခ်ိန္က အီဒိုဟု လူသိမ်ားေသာ တိုက်ိဳၿမိဳ႕ သည္ တံငါ႐ြာေလးတစ္႐ြာျဖစ္ေၾကာင္းလည္း သိရသည္။ ၁၆၀၃ ခုႏွစ္တြင္ အဆိုပါ႐ြာေလးသည္ တိုကူ ဂါဝါရႈိးဂန္း၏ ေနရာတစ္ခုျဖစ္လာေသာအခါ ႏိုင္ငံေရးအရ ထင္ရွားေက်ာ္ၾကားလာခဲ့ေၾကာင္းသိရသည္။ (၁၈)ရာစုအလယ္ေလာက္တြင္ အီဒိုသည္ ကမာၻ႔အႀကီးဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္လာခဲ့ၿပီး ေနထိုင္သူ (၁)သန္းေက်ာ္ ရွိခဲ့ေၾကာင္းသိရသည္။ ၁၈၆၈ ခုႏွစ္တြင္ ဧကရာဇ္ Meijiက ႏိုင္ငံေရးေျပာင္းလဲမႈ ကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ က်ိဳတိုၿမိဳ႕ရွိ အင္ပါယာၿမိဳ႕ေတာ္ကို အီဒိုသို႔ ေ႐ႊ႕ေျပာင္းခဲ့ၿပီး တိုက်ိဳၿမိဳ႕ဟု ျပန္ လည္ အမည္ေပးခဲ့ျခင္းျဖစ္သည္။ ၁၉၂၃ ခုႏွစ္တြင္ တိုက်ိဳၿမိဳ႕သည္ Great Kant ငလ်င္လႈပ္ခတ္မႈ ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့ၿပီးေနာက္ပိုင္းတြင္ ဒုတိယကမာၻစစ္အတြင္း မဟာမိတ္အဖြဲ႕မ်ားက ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ဆိုး႐ြားစြာပ်က္စီးခဲ့ေၾကာင္းသိရသည္။ ၁၉၄၀ ျပည့္ ႏွစ္ေႏွာင္းပိုင္းတြင္ တိုက်ိဳၿမိဳ႕သည္ လ်င္ျမန္စြာ ျပန္လည္ထူေထာင္ေရးႏွင့္ ခ်ဲ႕ထြင္မႈတို႔ကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ အဆိုပါ ေခတ္တြင္ ဂ်ပန္ႏိုင္ငံ၏စီးပြားေရးသည္ အေမရိကန္ၿပီးလွ်င္ ကမာၻေပၚတြင္ ဒုတိယအႀကီးဆုံး ျဖစ္လာခဲ့ ေၾကာင္းသိရသည္။

၂၀၂၃ ခုႏွစ္အထိ တိုက်ိဳၿမိဳ႕သည္ ႏွစ္စဥ္ Fortune Global ၅၀ဝ တြင္စာရင္းဝင္ေသာ ကမာၻ႔ အႀကီးဆုံး ကုမၸဏီ(၅၀ဝ)ခု အနက္ (၂၉)ခု၏ အေျခစိုက္ေနရာျဖစ္ခဲ့ေၾကာင္းသိရသည္။ (၂၀)ႏွင့္(၂၁) ရာစုမ်ားအတြင္း တိုက်ိဳၿမိဳ႕သည္ ၁၉၆၄ ခုႏွစ္တြင္ ေႏြရာသီအိုလံပစ္ႏွင့္ မသန္မစြမ္းအားကစားၿပိဳင္ပြဲ မ်ားကို လက္ခံက်င္းပေပးသည့္ အာရွ၏ပထမဆုံး ၿမိဳ႕ျဖစ္လာခဲ့ၿပီး ၂၀၂၁ ခုႏွစ္တြင္ အိမ္ရွင္အျဖစ္ ထပ္ မံလက္ခံက်င္းပေပးခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ တိုက်ိဳၿမိဳ႕သည္ ၁၉၇၉ ခုႏွစ္၊ ၁၉၈၆ ခုႏွစ္ႏွင့္ ၁၉၉၃ ခုႏွစ္တို႔တြင္ G7 ထိပ္သီးအစည္းအေဝး(၃)ခုကို လက္ခံက်င္းပခဲ့ေၾကာင္းလည္းသိရသည္။ တိုက်ိဳ ၿမိဳ႕ သည္ ႏိုင္ငံတကာသုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ အခ်က္အခ်ာေနရာျဖစ္ၿပီး ႏိုင္ငံတြင္း ထိပ္တန္း တကၠသိုလ္ ျဖစ္သည့္ တိုက်ိဳတကၠသိုလ္ အပါအဝင္ အဓိကတကၠသိုလ္အမ်ားအျပားရွိသည့္ ပညာေရး စင္တာ တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ တိုက်ိဳဘူတာသည္ ရွင္ကန္းဆန္းရထား၊ ဂ်ပန္၏ ျမန္ႏႈန္း ျမင့္ရထားလမ္းကြန္ရက္တို႔အတြက္ အဓိကအခ်က္အခ်ာေနရာျဖစ္ၿပီး ရွင္ဂ်ဴကူဘူတာ႐ုံသည္ ကမာၻေပၚ တြင္ အလုပ္အမ်ားဆုံး ရထားဘူတာ႐ုံ တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ တိုက်ိဳၿမိဳ႕သည္ ကမာၻ႔ အရွည္ဆုံး တာဝါ Tokyo Skytree တည္ရွိသည့္ၿမိဳ႕လည္းျဖစ္ ၿပီး ၁၉၂၇ ခုႏွစ္တြင္စတင္ဖြင့္လွစ္ခဲ့ေသာ Tokyo Metro Ginza Line သည္ အာရွ-ပစိဖိတ္ေဒသတြင္ ေရွးအက်ဆုံး ေျမေအာက္ ရထားလိုင္းလည္း ျဖစ္သည္။ တိုက်ိဳၿမိဳ႕သည္ ကမာၻေပၚတြင္ ေနထိုင္စရာ အေကာင္းဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရၿပီး ၂၀၂၁ ခုႏွစ္တြင္ထုတ္ျပန္ခဲ့ေသာ Global Livability Ranking တြင္ စတုတၱ အဆင့္ ရွိခဲ့ေၾကာင္းသိရသည္။ ႏိုင္ငံတကာစစ္တမ္းမ်ားစြာတြင္ တိုက်ိဳၿမိဳ႕သည္ ကမာၻေပၚတြင္ ေဘးအႏၲရာယ္အ ကင္းဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခံထားရေၾကာင္းလည္းသိရသည္။

စီးပြားေရး
၂၀၂၁ ခုႏွစ္ ဘ႑ာႏွစ္တြင္ တိုက်ိဳၿမိဳ႕၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈသည္ အေမရိကန္ ေဒၚလာ (၁ ဒသမ ဝ၄) ထရီလ်ံအထိ ရွိခဲ့ၿပီး ဂ်ပန္ႏိုင္ငံ စုစုေပါင္းစီးပြားေရးထုတ္ကုန္၏ (၂၀ ဒသမ ၇ ) ရာခိုင္ႏႈန္း ရွိေၾကာင္းသိရသည္။ က႑အလိုက္ဆိုပါက လက္လီလက္ကား ေရာင္းခ်မႈသည္ အႀကီးဆုံး ပံ့ပိုးမႈျဖစ္ၿပီး ဂ်ပန္ႏိုင္ငံ စုစုေပါင္းထြက္ရွိမႈ၏ (၂၁ ဒသမ ၅)ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။ လက္လီ လက္ကားေရာင္းခ်မႈေနာက္တြင္ အိမ္ၿခံေျမေရာင္းဝယ္ေရး(၁၃ ဒသမ ၅)ရာခိုင္ႏႈန္း၊ ပေရာ္ဖက္ရွင္နယ္၊ သိပၸံႏွင့္နည္းပညာပိုင္း (၁၂ ဒသမ ၂)ရာခိုင္ႏႈန္း၊ သတင္းအခ်က္အလက္ ႏွင့္ ဆက္သြယ္ေရး(၁၁ ဒသမ ၇) ရာခိုင္ႏႈန္း၊ ဘ႑ာေရးႏွင့္ အာမခံလုပ္ငန္း(၇ ဒသမ ၆)ရာခိုင္ႏႈန္း၊ ကုန္ထုတ္လုပ္မႈ(၇)ရာခိုင္ႏႈန္း၊ က်န္းမာေရးေစာင့္ေရွာက္မႈ(၆ ဒသမ ၇)ရာခိုင္ႏႈန္း ရေၾကာင္းသိရသည္။ စိုက္ပ်ိဳးေရး၊ သစ္ေတာ၊ ငါးဖမ္း လုပ္ငန္း ႏွင့္ သတၱဳတူးေဖာ္ေရးလုပ္ငန္းတို႔၏ႏွစ္ခုေပါင္းသည္ ႏိုင္ငံ့စီးပြားေရးစုစုေပါင္းထြက္ရွိမႈ၏
(ဝ ဒသမ ၁)ရာ ခိုင္ႏႈန္းသာရွိေၾကာင္းသိရသည္။ Greater Tokyo Area သည္ Greater New York ၿပီးလွ်င္ ကမာၻေပၚတြင္ ဒုတိယအႀကီးဆုံးၿမိဳ႕ျပစီးပြားေရးျဖစ္ၿပီး စုစုေပါင္းၿမိဳ႕ျပထုတ္ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၂)ထရီလ်ံခန႔္ရွိေၾကာင္းသိရသည္။ Greater Tokyo Area ၏ စီးပြားေရးသည္ ကေနဒါႏိုင္ငံ၏စီးပြားေရးထက္ အနည္းငယ္ ေသးငယ္ေသာ္လည္း မကၠဆီကိုႏိုင္ငံစီးပြားေရးထက္ အနည္းငယ္ပိုႀကီးေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ၏ ခန႔္မွန္းခ်က္မ်ားအရသိရသည္။
၂၀၂၃ ခုႏွစ္တြင္ Fortune Global ၅၀ဝ ကုမၸဏီမ်ားအနက္ (၂၉)ခုသည္ တ႐ုတ္ၿပီးလွ်င္ ဒုတိယေျမာက္ အာ႐ုံအစိုက္ခံရဆုံးျဖစ္သည့္ တိုက်ိဳၿမိဳ႕ တြင္ အေျခစိုက္ခဲ့ေၾကာင္းလည္းသိရသည္။ ၂၀၂၄ ခုႏွစ္တြင္ တိုက်ိဳၿမိဳ႕မွာ အသားတင္ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ(၁)သန္းေက်ာ္ရွိေသာ လူပုဂၢိဳလ္ (၂၉၈၃၀ဝ)ဦး ေနထိုင္ခဲ့ၿပီး ကမာၻေပၚတြင္ တတိယေျမာက္အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

ဘ႑ာေရး
တိုက်ိဳၿမိဳ႕သည္ အဓိကႏိုင္ငံတကာဘ႑ာ ေရးစင္တာတစ္ခုျဖစ္ၿပီး ကမာၻ႔အႀကီးဆုံးရင္းႏွီးျမႇဳပ္ ႏွံမႈဘဏ္မ်ားႏွင့္ အာမခံကုမၸဏီအမ်ားအျပား၏ ႐ုံး ခ်ဳပ္မ်ားတည္ရွိရာေနရာတစ္ခုျဖစ္သလို ဂ်ပန္ႏိုင္ငံ ၏ သယ္ယူပို႔ေဆာင္ေရး၊ ထုတ္ေဝေရး၊ အီလက္ထ႐ြန္ နစ္ႏွင့္ ႐ုပ္သံလႊင့္လုပ္ငန္းမ်ားအတြက္ အခ်က္ အခ်ာ က်သည့္ေနရာတစ္ခုလည္းျဖစ္သည္။ ဒုတိယကမာၻစစ္အၿပီးတြင္ ဂ်ပန္ႏိုင္ငံ၏စီးပြားေရး ျပန္လည္ တိုးတက္လာခ်ိန္အတြင္း ကုမၸဏီႀကီးအမ်ားအျပားသည္ အစိုးရထံပိုမိုေကာင္းမြန္စြာ ဝင္ေရာက္ခြင့္ရရန္ အတြက္ ႀကိဳးပမ္းမႈအျဖစ္ ၎တို႔၏႐ုံးခ်ဳပ္မ်ားကို အိုဆာကာ ကဲ့သို႔ေသာ ၿမိဳ႕မ်ားထံမွ တိုက်ိဳၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ခဲ့ၾကေၾကာင္းသိရသည္။ ၁၉၆၀ ျပည့္ႏွစ္တြင္ တိုက်ိဳသည္ ထိပ္တန္းႏိုင္ငံတကာဘ႑ာေရး ဗဟိုဌာန (IFC)အျဖစ္ေပၚထြက္လာခဲ့ၿပီး နယူးေယာက္ၿမိဳ႕ႏွင့္ လန္ဒန္တို႔ႏွင့္အတူ ကမာၻ႔စီးပြားေရး အတြက္ ကြပ္ကဲမႈဌာနသုံးခုအနက္မွ တစ္ခုအျဖစ္ေဖာ္ျပခံခဲ့ရသည္။ ၂၀၂၀ Global Financial Centers Index အရ တိုက်ိဳၿမိဳ႕သည္ ကမာၻေပၚတြင္ စတုတၱေျမာက္ၿပိဳင္ဆိုင္မႈအရွိဆုံး ဘ႑ာေရးအခ်က္အခ်ာ ေနရာတစ္ခုျဖစ္ၿပီး အာရွတိုက္တြင္ ရွန္ဟိုင္းၿမိဳ႕ၿပီးလွ်င္ ဒုတိယေျမာက္ၿပိဳင္ဆိုင္မႈအရွိဆုံး ဘ႑ာေရး အခ်က္အခ်ာေနရာတစ္ခုအျဖစ္ အဆင့္သတ္မွတ္ခံထားရေၾကာင္းသိရသည္။ ထို႔ျပင္ တိုက်ိဳစေတာ့အိတ္ ခ်ိန္းသည္ ဂ်ပန္ႏိုင္ငံ၏ အႀကီးဆုံးစေတာ့အိတ္ခ်ိန္း ျဖစ္ၿပီး ေဈးကြက္အရင္းအႏွီးတြင္ ကမာၻေပၚ၌ တတိ ယအႀကီးဆုံးႏွင့္ ရွယ္ယာတန္ဖိုးအားျဖင့္ စတုတၳအႀကီးဆုံးျဖစ္ေၾကာင္းသိရသည္။

ခရီးသြားလုပ္ငန္း
ခရီးသြားလုပ္ငန္းသည္ တိုက်ိဳၿမိဳ႕၏ စီးပြားေရးအတြက္ အႀကီးမားဆုံးပံ့ပိုးကူညီသည့္လုပ္ငန္း ျဖစ္သည္။၂၀၁၉ ခုႏွစ္တြင္ တိုက်ိဳၿမိဳ႕သို႔ ႏိုင္ငံျခားသား(၁၅ ဒသမ ၁၈)သန္းလာေရာက္လည္ပတ္ခဲ့ၿပီး ၎တို႔သည္ ယန္း(၁ ဒသမ ၂၆)ထရီလ်ံသုံးစြဲခဲ့ေၾကာင္း တိုက်ိဳၿမိဳ႕ျပအစိုးရ၏ထုတ္ျပန္ခ်က္အရ သိရ သည္။ ခရီးသြားလုပ္ငန္းသည္ တိုက်ိဳၿမိဳ႕၏ စုစုေပါင္းစီးပြားေရးထြက္ရွိမႈ၏ (၁)ရာခိုင္ႏႈန္းေက်ာ္ရွိ ေၾကာင္းလည္းသိရသည္။ တိုက်ိဳၿမိဳ႕တြင္ လာေရာက္လည္ပတ္မႈအမ်ားဆုံးေနရာမ်ားမွာ ေအာက္ပါအ တိုင္းျဖစ္သည္။

Shibuyaရပ္ကြက္ (Shibuya Crossing? Yoyogi ပန္းၿခံ၊ Hachiko ႐ုပ္တု) ရွင္ဂ်ဴကူရပ္ကြက္ (Kabukicho ေဖ်ာ္ေျဖေရးခ႐ိုင္၊ Shinjuku Gyoen အမ်ိဳးသားဥယ်ာဥ္) Ginza ေဈးဝယ္ဧရိယာ (ေဈးဝယ္ခ႐ိုင္၊ Kabuki zajy ဇာတ္႐ုံ) Marunouchiခ႐ိုင္ႏွင့္ Nihombashi ခ႐ိုင္ (Imp­erial Palace?
ေဈးဝယ္ခ႐ိုင္ (Mitsuko shi, Takashimaya) Asakusaခ႐ိုင္(Sensoji ဗုဒၶဘာသာဘုရားေက်ာင္း၊ Tokyo Skytree တာဝါ) Akihabara ရပ္ကြက္ (အီလက္ထ႐ြန္နစ္ႏွင့္ anime ယဥ္ေက်းမႈ) Ueno ခ႐ိုင္(အမ်ိဳးသားျပတိုက္၊ အမ်ိဳးသားသိပၸံျပ တိုက္၊ Ueno ရစာၦန္႐ုံ၊ Ueno ပန္းၿခံ) Roppongi ခ႐ိုင္ (Roppongi Hills? Azabudai Hills ၊ တိုက်ိဳအမ်ိဳးသားအႏုပညာစင္တာ၊ Suntory အႏုပညာျပတိုက္၊ Mori အႏုပညာျပတိုက္) Ikebukuro ခ႐ိုင္(ေဈးဝယ္ခ႐ိုင္) တိုက်ိဳၿမိဳ႕ရွိ ဇိမ္ခံဟိုတည္ မ်ားထဲတြင္ ၁၈၉၀ ျပည့္ႏွစ္တြင္ဖြင့္လွစ္ခဲ့ေသာ Imperial ဟိုတယ္၊ ၁၉၉၂ ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ေသာ Chinzanso Tokyo ဟိုတယ္၊ ၁၉၆၂ ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ေသာ Okura Tokyo ဟိုတယ္၊ Meguro Gajoen ဟိုတယ္၊ Conrad Tokyo ဟိုတယ္၊ Ritz-Carlton Tokyo ဟိုတယ္ႏွင့္ Aman Tokyo ဟိုတယ္တို႔ပါဝင္ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.