သြဂုတ်လမှစ၍ ပြည်တွင်း၌ ဆေးဝါးပြတ်လပ်မှုများ လျော့နည်းသွားနိုင်ကြောင်း သုံးသပ်မှုများရှိနေ

 3554

ယွန်း (NP News) - ဇူလိုင် ၂ဝ

ပြည်ပမှ ဆေးဝါးတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်များ ချပေးထားပြီဖြစ်သောကြောင့် လာမည့် သြဂုတ်လ မှစ၍ ပြည်တွင်း၌ ဆေးဝါးပြတ်လပ်မှုများ လျော့ကျသွားနိုင်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းက NP News ထံ သုံးသပ်ပြောကြားထားသည်။

ယခုနောက်ပိုင်းကာလအတွင်း ဈေးကွက်ထဲ၌ ဆေးဝါးပြတ်လပ်မှုများနှင့် ဆေးဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ် နေရာ ရောဂါကြောင့်ဆေးကို စွဲသောက်နေရသော နာတာရှည် လူမမာများအနေဖြင့် ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးဝါးတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်များ အဆင်ပြေစွာရရှိနိုင်ရေးသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

“အသင်းအနေနဲ့ကတော့ အသင်းဝင်ကုမ္ပဏီတွေကို ဆေးဝါးတွေကို သင့်တင့်မျှတတဲ့ဈေးနဲ့ ဖြန့်ဖြူးရောင်းချဖို့ရယ် ရန်ကုန်တင်မဟုတ်ဘဲ ဒေသတွေအကုန်လုံးကို ရောင်းချပေးဖို့တိုက်တွန်းထားပါတယ်။ သွင်းကုန်လိုင်စင်တွေ ချောချောမွေ့မွေ့ရဖို့ကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ အားလုံးပူးပေါင်း ဆောင်ရွက်မှုနဲ့တော့ အခုတော့ လိုင်စင်တွေ ချပေးထားပါတယ်။ အဲဒီတော့ ဒီလကနေစပြီး ဆေးတွေ တောက်လျှောက်ဝင်လာတော့မှာပါ။ ဒီနောက်ပိုင်းမှာတော့ ဆေးဝါးပြတ်လပ်မှုတွေ တော်တော်များများ လျော့ကျ သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွက် ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းများကို အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများမှ အဓိက တင်သွင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ အများပြည်သူအသုံးများသော အိမ်သုံးဆေးများဖြစ်သည့် အကိုက်အခဲပျောက်ဆေး၊ အာရုံ ကြောအားဆေး၊ ဒဏ်ကြေး‌လိမ်းဆေး စသည့် ဆေးများသည် ယခင်ထက် ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆေးဝါးသုံးစွဲသူပြည်သူများအတွက် သင့်တင့် မျှတသောဈေးနှုန်းများဖြင့် ပြီးခဲ့သည့် ဇူလိုင်(၁၇)ရက်မှစ၍ ရောင်းချလျက်ရှိသည်။

အဆိုပါ “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးရောင်းချပွဲ” ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ “မြန်မာကုန်သွယ်မှု မြင့်တင်ရေးဌာန အဆောက်အဦး” တွင် ကျင်းပနေခြင်းဖြစ်ပြီး လာရောက် ဝယ်သူများပြားလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်မှုများ တိုးတက်လာစေရေးအတွက် ဆေးဝါး ကုန်ကြမ်းများကို အဓိကထား တင်သွင်းခွင့်ပြုနေပြီး အခြေခံအဓိကဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများ၊ အားဆေးများ နှင့် အသုံးများသည့်ဆေးဝါးများကို ပြည်တွင်းတွင် အဓိကထား၍ လုံလောက်စွာ ထုတ်လုပ်ပေးရန် ကျန်းမာရေး ဝန်ကြီးက တိုက်တွန်းထားဖူးသည်။

Zawgyi Version;
ၾသဂုတ္လမွစ၍ ျပည္တြင္း၌ ေဆးဝါးျပတ္လပ္မႈမ်ား ေလ်ာ့နည္းသြားႏိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိေန
ယြန္း (NP News) - ဇူလိုင္ ၂ဝ

ျပည္ပမွ ေဆးဝါးတင္သြင္းခြင့္အတြက္ သြင္းကုန္လိုင္စင္မ်ား ခ်ေပးထားၿပီျဖစ္ေသာေၾကာင့္ လာမည့္ ၾသဂုတ္လ မွစ၍ ျပည္တြင္း၌ ေဆးဝါးျပတ္လပ္မႈမ်ား ေလ်ာ့က်သြားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္း ရွင္မ်ားအသင္းက NP News ထံ သုံးသပ္ေျပာၾကားထားသည္။

ယခုေနာက္ပိုင္းကာလအတြင္း ေဈးကြက္ထဲ၌ ေဆးဝါးျပတ္လပ္မႈမ်ားႏွင့္ ေဆးေဈးႏႈန္းႀကီးျမင့္မႈမ်ားျဖစ္ေပၚ ေနရာ ေရာဂါေၾကာင့္ေဆးကို စြဲေသာက္ေနရေသာ နာတာရွည္ လူမမာမ်ားအေနျဖင့္ ေဆးဝါးျပတ္လပ္မႈေၾကာင့္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ေဆးဝါးတင္သြင္းခြင့္အတြက္ သြင္းကုန္လိုင္စင္မ်ား အဆင္ေျပစြာရရွိႏိုင္ေရးသက္ဆိုင္ရာဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“အသင္းအေနနဲ႔ကေတာ့ အသင္းဝင္ကုမၸဏီေတြကို ေဆးဝါးေတြကို သင့္တင့္မွ်တတဲ့ေဈးနဲ႔ ျဖန႔္ျဖဴးေရာင္းခ်ဖို႔ရယ္ ရန္ကုန္တင္မဟုတ္ဘဲ ေဒသေတြအကုန္လုံးကို ေရာင္းခ်ေပးဖို႔တိုက္တြန္းထားပါတယ္။ သြင္းကုန္လိုင္စင္ေတြ ေခ်ာေခ်ာေမြ႕ေမြ႕ရဖို႔ကိုလည္း သက္ဆိုင္ရာဌာနေတြနဲ႔ပူးေပါင္းၿပီး ေဆာင္႐ြက္ေနပါတယ္။ အားလုံးပူးေပါင္း ေဆာင္႐ြက္မႈနဲ႔ေတာ့ အခုေတာ့ လိုင္စင္ေတြ ခ်ေပးထားပါတယ္။ အဲဒီေတာ့ ဒီလကေနစၿပီး ေဆးေတြ ေတာက္ေလွ်ာက္ဝင္လာေတာ့မွာပါ။ ဒီေနာက္ပိုင္းမွာေတာ့ ေဆးဝါးျပတ္လပ္မႈေတြ ေတာ္ေတာ္မ်ားမ်ား ေလ်ာ့က် သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ျမန္မာႏိုင္ငံေဆးႏွင့္ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံအတြက္ ေဆးဝါးနဲ႔ဆက္စပ္ပစၥည္းမ်ားကို အိႏၵိယႏွင့္ ဗီယက္နမ္ႏိုင္ငံမ်ားမွ အဓိက တင္သြင္းေနျခင္း ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပည္တြင္း၌ အမ်ားျပည္သူအသုံးမ်ားေသာ အိမ္သုံးေဆးမ်ားျဖစ္သည့္ အကိုက္အခဲေပ်ာက္ေဆး၊ အာ႐ုံ ေၾကာအားေဆး၊ ဒဏ္ေၾကး‌လိမ္းေဆး စသည့္ ေဆးမ်ားသည္ ယခင္ထက္ ေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ ေဆးဝါးသုံးစြဲသူျပည္သူမ်ားအတြက္ သင့္တင့္ မွ်တေသာေဈးႏႈန္းမ်ားျဖင့္ ၿပီးခဲ့သည့္ ဇူလိုင္(၁၇)ရက္မွစ၍ ေရာင္းခ်လ်က္ရွိသည္။

အဆိုပါ “ေဆးကုမၸဏီမ်ားမွ သုံးစြဲသူျပည္သူမ်ားသို႔ တိုက္႐ိုက္ေဆးေရာင္းခ်ပြဲ” ကို ရန္ကုန္ၿမိဳ႕၊ ကုန္သည္လမ္းႏွင့္ လမ္း (၃၀) ေထာင့္ရွိ “ျမန္မာကုန္သြယ္မႈ ျမင့္တင္ေရးဌာန အေဆာက္အဦး” တြင္ က်င္းပေနျခင္းျဖစ္ၿပီး လာေရာက္ ဝယ္သူမ်ားျပားလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္း၌ ေဆးဝါးထုတ္လုပ္မႈမ်ား တိုးတက္လာေစေရးအတြက္ ေဆးဝါး ကုန္ၾကမ္းမ်ားကို အဓိကထား တင္သြင္းခြင့္ျပဳေနၿပီး အေျခခံအဓိကေဆးဝါးမ်ား၊ ပဋိဇီဝေဆးဝါးမ်ား၊ အားေဆးမ်ား ႏွင့္ အသုံးမ်ားသည့္ေဆးဝါးမ်ားကို ျပည္တြင္းတြင္ အဓိကထား၍ လုံေလာက္စြာ ထုတ္လုပ္ေပးရန္ က်န္းမာေရး ဝန္ႀကီးက တိုက္တြန္းထားဖူးသည္။

Related news

© 2021. All rights reserved.