မန္တလေးမြို့ လုံခြုံရေးစီမံချက်များကြောင့် စိုးရိမ်စရာမလို
                        
                            
                             
 10109
 
                             
                            
                            
                         
                        
 
                        သန့်ဇင် (NP News) -  ဇူလိုင် ၂၁ 
		မန္တလေးမြို့တွင် လိုအပ်သော လုံခြုံရေးစီမံ ချက်များလုပ်ဆောင်ပေးနေပြီး စိုးရိမ်ရန်မရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
	မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်နှင့် စဉ့် ကူးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အပေါ် မန္တလေးမြို့ခံများအကြား စိုးရိမ်စိတ်များရှိနေကြခြင်းဖြစ်သည်။
	"ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ လုံခြုံရေးစီမံ ချက်တွေလုပ်ပေးနေပါတယ်။ ကျွန်တော်တို့လည်း မန္တလေးမြို့ပေါ်မှာရှိနေတာပဲ။ မန္တလေးမှာလည်း လုံ ခြုံရေးစီမံချက်တွေ အားလုံးလုပ်ထားတဲ့အတွက် စိုး ရိမ်စရာမရှိပါဘူး။ မတ္တရာဘက်မှာတော့ တိုက်ပွဲဖြစ် စဉ်တွေတော့ရှိနေပါတယ်"ဟု ၎င်းကဆိုသည်။
	တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်စိတ် များရှိနေသောကြောင့် လတ်တလောတွင် အခြေအ နေကို စောင့်ကြည့်နေကြောင်း မန္တလေးမြို့ခံ သတင်း အရင်းမြစ်အချို့က NP News သို့ ပြောသည်။
	“အစကတော့အရမ်းစိုးရိမ်တာပေါ့နော်။ အထုပ် ပဲပြေးထုပ်ရတော့မှာလားပေါ့။ အရင်ရက်ကတော့ တော်တော်လေးစဉ်းစားလိုက်ရတယ်ပေါ့နော်။ ဒါပေမဲ့ ပြေးတော့လည်းဘာလုပ်စားရမလဲပေါ့။ တချို့သ တင်းတွေကလည်းကြားရတော့ တတ်နိုင်သမျှ ဒီမှာ နေပြီး ဘယ်လိုမှအဆင်မပြေဘူးဆိုမှ ရှောင်သင့် ရှောင်ပေါ့။ အရင်ကတော့ အလုပ်ပဲ ဆက်လုပ်ရလား။ ရပ်ပဲရပ်လိုက်ရမလား။ မိတ်ဆွေတွေကလည်း စိုးရိမ် စိတ်တွေရှိကြတာပေါ့”ဟု မန္တလေးမြို့ရှိ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
                     
                        
                                
                                
                                        zawgyi version
မႏၲေလးၿမိဳ႕ လုံၿခဳံေရးစီမံခ်က္မ်ားေၾကာင့္ စိုးရိမ္စရာမလို
သန႔္ဇင္ (NP News) -  ဇူလိုင္ ၂၁ 
		မႏၲေလးၿမိဳ႕တြင္ လိုအပ္ေသာ လုံၿခဳံေရးစီမံ ခ်က္မ်ားလုပ္ေဆာင္ေပးေနၿပီး စိုးရိမ္ရန္မရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
	မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ႏွင့္ စဥ့္ ကူးၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္အေပၚ မႏၲေလးၿမိဳ႕ခံမ်ားအၾကား စိုးရိမ္စိတ္မ်ားရွိေနၾကျခင္းျဖစ္သည္။
	"ကြၽန္ေတာ္တို႔အေနနဲ႔ လိုအပ္တဲ့ လုံၿခဳံေရးစီမံ ခ်က္ေတြလုပ္ေပးေနပါတယ္။ ကြၽန္ေတာ္တို႔လည္း မႏၲေလးၿမိဳ႕ေပၚမွာရွိေနတာပဲ။ မႏၲေလးမွာလည္း လုံ ၿခဳံေရးစီမံခ်က္ေတြ အားလုံးလုပ္ထားတဲ့အတြက္ စိုး ရိမ္စရာမရွိပါဘူး။ မတၱရာဘက္မွာေတာ့ တိုက္ပြဲျဖစ္ စဥ္ေတြေတာ့ရွိေနပါတယ္"ဟု ၎ကဆိုသည္။
	တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ စိုးရိမ္စိတ္ မ်ားရွိေနေသာေၾကာင့္ လတ္တေလာတြင္ အေျခအ ေနကို ေစာင့္ၾကည့္ေနေၾကာင္း မႏၲေလးၿမိဳ႕ခံ သတင္း အရင္းျမစ္အခ်ိဳ႕က NP News သို႔ ေျပာသည္။
	“အစကေတာ့အရမ္းစိုးရိမ္တာေပါ့ေနာ္။ အထုပ္ ပဲေျပးထုပ္ရေတာ့မွာလားေပါ့။ အရင္ရက္ကေတာ့ ေတာ္ေတာ္ေလးစဥ္းစားလိုက္ရတယ္ေပါ့ေနာ္။ ဒါေပမဲ့ ေျပးေတာ့လည္းဘာလုပ္စားရမလဲေပါ့။ တခ်ိဳ႕သ တင္းေတြကလည္းၾကားရေတာ့ တတ္ႏိုင္သမွ် ဒီမွာ ေနၿပီး ဘယ္လိုမွအဆင္မေျပဘူးဆိုမွ ေရွာင္သင့္ ေရွာင္ေပါ့။ အရင္ကေတာ့ အလုပ္ပဲ ဆက္လုပ္ရလား။ ရပ္ပဲရပ္လိုက္ရမလား။ မိတ္ေဆြေတြကလည္း စိုးရိမ္ စိတ္ေတြရွိၾကတာေပါ့”ဟု မႏၲေလးၿမိဳ႕ရွိ အေသးစားအလတ္စားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာ သည္။