မြန်မာနိုင်ငံမှာ သုံးနှစ်ကျော်အတွင်း စာသင်ကျောင်းပေါင်း ၁၇၄ ကျောင်းတိုက်ခိုက်ခံရပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးဖြစ်နေ

 630

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂

မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့စာသင်ကျောင်းတွေ ထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံးဖြစ်နေကြောင်း သိရပါတယ်။ Centre for Information Resilience’s (CIR) Myanmar Witness အဖွဲ့ဟာ မကြာသေးမီကစစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာ တွေဖြစ်လာခဲ့ပြီးနောက်ပိုင်း သုံးနှစ်ကျော်အတွင်း နိုင်ငံတဝှမ်းရှိ စာသင်ကျောင်းပေါင်း အနည်းဆုံး ၁၇၄ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီထိခိုက်ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးကအများဆုံးဖြစ်နေပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ စာသင်ကျောင်းပေါင်းအနည်းဆုံး ၃၆ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ စာသင်ကျောင်းများ ထိခိုက်ပျက်စီးရမှုတွေထဲမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းနဲ့ အလုံးစုံပျက်စီးခြင်းတွေကို ထည့်သွင်းဖော်ပြထားပြီး စစ်ကိုင်းဒေသကြီး၊ ကရင်၊ ကယား၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့မှာ စာသင်ကျောင်းတွေ အများဆုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

ထို့အပြင် ကချင်၊ ချင်း၊ မွန်၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့တာမျိုးတွေ ရှိခဲ့ကြောင်း သိရပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးရမှုအနည်းအများသာ ကွာခြားနေခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခမဖြစ်ပွားတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။

Centre for Information Resilience’s (CIR) Myanmar Witness ရဲ့ဒါရိုက်တာတစ်ဦးက "နှစ်ဖက်စလုံးဟာ စာသင်ကျောင်းတွေကို စစ်ရေး ရည်ရွယ်ချက်နဲ့ အသုံးပြုတဲ့အတွက် တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ပြောဆိုနေတယ်။ စာသင်ကျောင်းတွေကို ကာကွယ်ပေးရမယ့်အစား တိုက်ခိုက်နေတာတွေကို ဆင်ခြေပေးနေတာမျိုးဖြစ်တယ်။ ကလေးတွေကို စာသင်ကြားပေးမယ့် အဖွဲ့အစည်းတွေနဲ့ အခြေခံအဆောက်အဦးတွေကို တိုက်ခိုက်ခြင်းဟာ ကလေးငယ်တွေကို ပညာသင်ကြားခွင့်အခွင့်အရေးကို ဖယ်ရှားလိုက်တာမျိုးဖြစ်တယ်" လို့ပြောပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံမွာ သုံးႏွစ္ေက်ာ္အတြင္း စာသင္ေက်ာင္းေပါင္း ၁၇၄ ေက်ာင္းတိုက္ခိုက္ခံရၿပီး စစ္ကိုင္းတိုင္းေဒသႀကီးမွာ အမ်ားဆုံးျဖစ္ေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂

ျမန္မာႏိုင္ငံမွာ ျဖစ္ပြားလ်က္ရွိေနတဲ့ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရတဲ့စာသင္ေက်ာင္းေတြ ထဲမွာ စစ္ကိုင္းတိုင္းေဒသႀကီးက အမ်ားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။ Centre for Information Resilience’s (CIR) Myanmar Witness အဖြဲ႕ဟာ မၾကာေသးမီကစစ္တမ္းတစ္ခု ထုတ္ျပန္ခဲ့ရာ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာ ေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း သုံးႏွစ္ေက်ာ္အတြင္း ႏိုင္ငံတဝွမ္းရွိ စာသင္ေက်ာင္းေပါင္း အနည္းဆုံး ၁၇၄ ေက်ာင္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။
အဲဒီထိခိုက္ပ်က္စီးခဲ့ရတဲ့ စာသင္ေက်ာင္းေတြထဲမွာ စစ္ကိုင္းတိုင္းေဒသႀကီးကအမ်ားဆုံးျဖစ္ေနၿပီး၊ စစ္ကိုင္းတိုင္း ေဒသႀကီးမွာ စာသင္ေက်ာင္းေပါင္းအနည္းဆုံး ၃၆ ေက်ာင္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။ စာသင္ေက်ာင္းမ်ား ထိခိုက္ပ်က္စီးရမႈေတြထဲမွာ တစ္စိတ္တစ္ပိုင္း ပ်က္စီးျခင္းနဲ႔ အလုံးစုံပ်က္စီးျခင္းေတြကို ထည့္သြင္းေဖာ္ျပထားၿပီး စစ္ကိုင္းေဒသႀကီး၊ ကရင္၊ ကယား၊ ရွမ္း၊ ရခိုင္ျပည္နယ္တို႔မွာ စာသင္ေက်ာင္းေတြ အမ်ားဆုံးထိခိုက္ပ်က္စီးခဲ့ရေၾကာင္း သိရပါတယ္။

ထို႔အျပင္ ကခ်င္၊ ခ်င္း၊ မြန္၊ မေကြး၊ တနသၤာရီ၊ ပဲခူး၊ မႏၲေလး၊ ရန္ကုန္တိုင္းေဒသႀကီးရွိ စာသင္ေက်ာင္းေတြလည္း ထိခိုက္ပ်က္စီးခဲ့တာမ်ိဳးေတြ ရွိခဲ့ေၾကာင္း သိရပါတယ္။ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားေနတဲ့ အရပ္ေဒသေတြမွာ စာသင္ေက်ာင္းေတြ ထိခိုက္ပ်က္စီးရမႈအနည္းအမ်ားသာ ကြာျခားေနခဲ့ၿပီး လက္နက္ကိုင္ပဋိပကၡမျဖစ္ပြားတဲ့ ဧရာဝတီတိုင္းေဒသႀကီးမွာ စာသင္ေက်ာင္းေတြ ထိခိုက္ပ်က္စီးျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရပါတယ္။

Centre for Information Resilience’s (CIR) Myanmar Witness ရဲ႕ဒါ႐ိုက္တာတစ္ဦးက "ႏွစ္ဖက္စလုံးဟာ စာသင္ေက်ာင္းေတြကို စစ္ေရး ရည္႐ြယ္ခ်က္နဲ႔ အသုံးျပဳတဲ့အတြက္ တိုက္ခိုက္ရျခင္းျဖစ္တယ္လို႔ ေျပာဆိုေနတယ္။ စာသင္ေက်ာင္းေတြကို ကာကြယ္ေပးရမယ့္အစား တိုက္ခိုက္ေနတာေတြကို ဆင္ေျခေပးေနတာမ်ိဳးျဖစ္တယ္။ ကေလးေတြကို စာသင္ၾကားေပးမယ့္ အဖြဲ႕အစည္းေတြနဲ႔ အေျခခံအေဆာက္အဦးေတြကို တိုက္ခိုက္ျခင္းဟာ ကေလးငယ္ေတြကို ပညာသင္ၾကားခြင့္အခြင့္အေရးကို ဖယ္ရွားလိုက္တာမ်ိဳးျဖစ္တယ္" လို႔ေျပာပါတယ္။

Picture

09458032669

24/07/2024 17:48

စစ်ကိုင်းက နဂိုထဲကစာတတ်မြောက်မှုရာခိုင်နှုန်းနဲတယ် အခုလည်းစာသင်ကျောင်းတွေကိုပစ်မှတ်ထားတယ် အင်း.....စိတ်မကောင်းယုံမှတစ်ပါး အခြားမရှိတော့ပြီ

Related news

© 2021. All rights reserved.