အနာဂတ်အာကာသစစ်ပွဲများကို ဥပဒေမူဘောင်များဖြင့် ချိန်ထိုးသုံးသပ်ကြည့်တဲ့အခါ (ဘာသာပြန်ဆောင်းပါး)

 685

ALynn (NP News) - ဇူလိုင် ၂၄

ယခုလို နည်းပညာများ လက်လှမ်းမမီနိုင်အောင် တိုးတက်နေသော ခေတ်ကြီးထဲမှာ အာကာသစစ်ပွဲများကလည်း ကျွန်ုပ်တို့အပေါ်တည့်တည့်သို့ တဖြည်းဖြည်း ရောက်လုနီးဖြစ်လာပြီဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံတော်တော်များများက အရပ်ဘက်အာကာသစူးစမ်း လေ့လာရေးအပြင် အာကာသ၏ စစ်ဘက်ဆိုင်ရာနယ်ပယ်များတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ မခန့်မှန်းနိုင်အောင် ပြုလုပ်လာကြသည့်အတွက် အာကာသအတွင်း ပဋိပက္ခဖြစ်နိုင်ခြေ အန္တရာယ်များ တစ်နေ့တခြား တိုးမြင့်လာခဲ့ပါတယ်။ လူသားမျိုးနွယ်သည် စကြဝဠာအတွင်းသို့ ဖြန့်ကျက် ရောက်ရှိလာသည်နှင့်အမျှ တစ်ချိန်က ငြိမ်းချမ်းသော အာကာသနယ်မြေသည် ဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် ပဋိပက္ခများအတွက် အလားအလာရှိသောနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ထိုကဲ့သို့ အာကာသအတွင်း စစ်ရေးနယ်ပယ်ချဲ့ထွင်လာခြင်းကြောင့် နိုင်ငံတော်ကာကွယ်ရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများအတွက် အာကာသသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အာကာသကို စစ်အင်အား ဖြန့်ကျက်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်းသည် နိုင်ငံများအတွက် စစ်နယ်ဝန်းပြောင်းလဲသတ်မှတ်လာခြင်း အမှတ်အသားဖြစ်ပါတယ်။ နေတိုး မဟာမိတ်အနေဖြင့် မြေ၊ ရေ၊ လေနှင့် ဆိုက်ဘာနယ်ပယ်တို့အပြင် အာကာသကိုပါ ပဉ္စမ မြောက်စစ်ဆင်ရေးနယ်ပယ်အဖြစ် ထည့်သွင်းလာခြင်းက သိသာ ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါတယ်။ ထို့ပြင် အမေရိကန်စစ်တပ်အတွင်း ဌာနခွဲအသစ် တစ်ခုအဖြစ် အမေရိကန် အာကာသတပ်ဖွဲ့ (USSF) ကို တည်ထောင်လိုက်ခြင်းက နိုင်ငံများကြားတွင် အာကာသစစ်ရေး နယ်ပယ်ချဲ့ထွင်ခြင်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်နိုင်မှုများ၊ တရားဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စများကို ဖြစ်ပေါ်လာစေပါတယ်။

တရားဝင်သဘောတူညီချက်များ၊ စာချုပ်များဖြင့် ချည်နှောင်ထားခြင်းမရှိသည့်အတွက် နိုင်ငံများက အာကာသအတွင်း လက်နက်များကို အပြိုင်တပ်ဆင်လာကြပါတယ်။ အာကာသ အတွင်း စစ်ရေးခြိမ်းခြောက်မှုများက တဖြည်းဖြည်းတိုးမြင့်လာသော်လည်း အာကာသနယ်ပယ်နှင့် သင့်လျော်စပ်ဆိုင်သည့် စံနှုန်းသတ်မှတ်ချက်များနှင့် စည်းမျဉ်းများချမှတ်ဖို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်။ ဤကဲ့သို့ အာကာသအတွင်း စစ်ရေးခြိမ်းခြောက်မှုများသည် ကုန်းတွင်းစစ်ပွဲများတွင် အစဉ်အလာအရ ကျင့်သုံးခဲ့သည့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အပေါ် ဥပဒေရေးရာစိန်ခေါ်မှုများပါ ရှိလာနိုင်ပါတယ်။ ယခုအခါ ကမ္ဘာမြေ၏ စစ်မြေပြင်များနှင့် အလွန်ကွာခြားသည့် အာကာသစစ်နယ်မြေတွင် IHL ၏ အခြေခံမူများဖြစ်သည့် မလိုလားအပ်သော ဆင်းရဲဒုက္ခများကို တားဆီးခြင်းကဲ့သို့သော စည်းမျဉ်းများက အစမ်းသပ်ခံ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ခေတ် သစ်အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေများကသာ ယင်းအခြေအနေများနှင့် ပတ်သက်၍ သင့်လျော်သော လမ်းညွှန်သတ်မှတ်မှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ရပါတယ်။

အာကာသနှင့်စပ်လျဉ်း၍ အကျုံးဝင်ကျင့်သုံးနိုင်သော ယခင်ကချမှတ်ခဲ့သည့် ဥပဒေမူဘောင်အချို့
အာကာသရေးရာသဘောတူစာချုပ် (Outer Space Treaty) နှင့်ပတ်သက်၍ မူလဇစ်မြစ်ကို ရှာဖွေကြည့်သည့်အခါ ၁၉၆၆ ခုနှစ်၊ ဥပဒေရေးရာဆပ်ကော်မတီ၏ ဆွေးနွေး မှုများက စတင်သည်ဟု ဆိုရပါမယ်။ ထိုဆွေးနွေးပွဲများအပြီး အလားတူနှစ်တွင်ပင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် 2222 (XXI) ဖြင့် အဆိုပါသဘောတူစာချုပ်ကို အတည် ပြုခဲ့ပါတယ်။ ဤစာချုပ်သည် အာကာသစူးစမ်းလေ့လာရေးနှင့် အာကာသနယ်ပယ်ကို အသုံး ပြုရာတွင် နိုင်ငံများ၏ ပြုမူလှုပ်ရှားမှုများကို ထိန်းချုပ်သည့် တရားဥပဒေဆိုင်ရာ အခြေခံမူများ ကြေငြာစာတမ်းတွင် ပြဋ္ဌာန်းထားသော အခြေခံမူများကို ကိုးကားထားကာ အချို့သော ပြဋ္ဌာန်းချက်များကို ထပ်မံဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။ အာကာသရေးရာသဘောတူစာချုပ်ကို ရုရှား၊ ယူကေနှင့် အမေရိကန် သုံးနိုင်ငံအစိုးရများက ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ် ရေးထိုးခဲ့ပြီး အောက်တိုဘာလတွင် အသက်ဝင်လာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) သည်လည်း ၎င်းစာချုပ်နှင့်ပတ်သက်၍ ၎င်း၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရည်မှန်းချက်များနှင့် ကိုက်ညီသော အာကာသဥပဒေဆိုင်ရာ စည်းမျဉ်းများ ပါဝင်လာအောင် မွမ်းမံခဲ့ပါတယ်။ ၎င်းစာချုပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို ပုံဖော်ရာတွင် ICRC ၏ အခန်းကဏ္ဍက ထင်ရှားသည်ဟု ဆိုရပါမယ်။ ဤဆုံးဖြတ်ချက်သည် အာကာသဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးရန် ရည်ရွယ်၍ အာကာသတွင် လုပ်ဆောင်သော အပြုအမူများအတွက် စံနှုန်းများ၊ စည်းမျဉ်းများနှင့် အခြေခံ မူဘောင်များ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ထို့ပြင် အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုကို တားဆီးခြင်းဆိုင်ရာ အထွေထွေညီလာခံ ဆုံးဖြတ် ချက်နှင့်အတူ ICRC ၏ ပူးပေါင်းမွမ်းမံမှု များကြောင့် အာကာသနယ်ပယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို တန်ဖိုးထားဖို့ အလေးပေးဖော်ပြခြင်းခံလာရပါတယ်။

IHL ပါ စည်းမျဉ်းများနှင့်အညီ ICRC ၏ ဓလေ့ထုံးတမ်းဆိုင်ရာ သတ်မှတ်ချက်များက လက်နက်များကို အဆင်ခြင်မဲ့ မလိုလားအပ်ပဲ ထိခိုက်ဒဏ်ရာရရှိအောင်၊ အလွန်အမင်း ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိအောင် အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ ထိုတားမြစ်ချက် များသည် မြေပြင်တွင်ဖြစ်ပွားသော စစ်ပွဲများအတွက်သာမက အာကာသစစ်ရေးလှုပ်ရှားမှုများ အတွက်ပါ အကျုံးဝင်နေပါတယ်။ ထို့ပြင် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကွန်ဗင်းရှင်း (ENMOD) အရ ပုဒ်မ ၁ နှင့် ၂ တို့တွင် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအတွက် စစ်လက်နက် သို့မဟုတ် အခြားသောရန်လိုသည့်နည်းလမ်းများကို အသုံးပြု ခြင်းအား တားမြစ်ထားပါတယ်။ ယင်းပုဒ်မများတွင် ပြဋ္ဌာန်းထားချက်များအရ ကမ္ဘာမြေနှင့် အာကာသ၏ သဘာဝဖြစ်စဉ်များကို ဆိုးဆိုးရွားရွားပြောင်းလဲပစ်နိုင်သည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များကို တားမြစ်ထားကြောင်း ဖော်ပြထားပါတယ်။

အာကာသဆိုင်ရာ ဥပဒေမူဘောင်များရှိပင်ရှိသော်ငြား စိန်ခေါ်မှုများကရှိနေဆဲ
အာကာသရေးရာသဘောတူစာချုပ်ပါပြဋ္ဌာန်းချက်များ၊ ICRC က မွမ်းမံထားသော စည်းမျဉ်းများကို တကယ့်လက်တွေ့ကမ္ဘာတွင် ဖြစ်ပျက်နေသော အာကာသဆိုင်ရာ အရေးကိစ္စ များတွင် ကျင့်သုံးရာ၌မူ စိန်ခေါ်မှုများစွာရှိလာပါတယ်။ အထူးသဖြင့် အာကာသဆိုင်ရာ စမ်းသပ်မှု ဖြစ်စဉ်များကို ထိန်းချုပ်ကန့်သတ်ရာတွင် လက်ရှိကျင့်သုံးနေသော ဥပဒေစံနှုန်းများက ကိုက်ညီ မှုရှိ/မရှိ သုံးသပ်ရသည်မှာ အကြပ်ရိုက်စရာဖြစ်လာပါတယ်။ ဥပမာအားဖြင့် တရုတ်သည် ၂၀၀၇ ခုနှစ်တွင် အာကာသအတွင်းရှိ ၎င်း၏အသုံးမပြုတော့သော မိုးလေဝသဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုဖျက်ဒုံးပျံ (ASAT) ဖြင့် ဖျက်ဆီးခဲ့ပါတယ်။ ၎င်းဖြစ်ရပ်က တရုတ်အစိုးရ၏ အာကာသဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားမှုကို ပြသနေသည်သာမက ထိုကဲ့သို့သော အာကာသ သုံးလက်နက်များ၏ အကျိုးဆက်ကြီးမားပုံကိုလည်း မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရပါတယ်။ တရုတ်က အသုံးပြုခဲ့သော ဂြိုဟ်တုဖျက်ဒုံးပျံ၏ ထိမှန်မှုကြောင့် အာကာသအတွင်း အကျိုးအပဲ့အစအနပေါင်း ၂ သန်း ကျော်လောက်ကိုဖြစ်စေခဲ့ပြီး ၎င်းအစအနတစ်ခုသည် ၁၀ စင်တီမီတာလောက်အထိ ကြီးမားကြောင်းသိရပါတယ်။ ထို့ပြင် ယင်းအစအနများက တစ်စက္ကန့်လျှင် ၃,၀၀၀- ၇,၆၀၀ မီတာ အရှိန်နှုန်းဖြင့် အာကာသအတွင်း လှည့်ပတ်နေခြင်းက အာကာသ၏ သဘာဝဖြစ်စဉ်များအပေါ် သိသိသာသာ အန္တရာယ်ရှိလာစေပါတယ်။

ထို့ကြောင့် တရုတ်၏ ၂၀၀၇ ခုနှစ် ASAT ဒုံးပျံစမ်းသပ်မှုသည် အာကာသလက်နက်များ၏ စွမ်းပကားကို ထင်သာသာမြင်သာရှိလာစေသည်သာမက အာကာသလက်နက်များနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးနေသော အာကာသရေးရာသဘောတူစာချုပ်ပါပြဋ္ဌာန်းချက်များ၏ ဥပဒေဆိုင်ရာ ချွတ်ယွင်းချက်များ၊ အားနည်းချက်များကို မီးမောင်းထိုးပြနေပါတယ်။ ထို့ပြင် ၎င်းဖြစ်စဉ်တွင် အာကာသအကျိုးအပဲ့အချင်းချင်းပွတ်တိုက်မှုများကြောင့် Kessler Syndrome ဟုခေါ်သော ထာဝရအကျိုးအပဲ့အပျက်အစီးများဖြင့် လည်ပတ်နေသော အာကာသပြင်ကို ဖြစ်စေနိုင်ပါတယ်။ ထိုသို့သော အကျိုးဆက်များကြောင့် ASAT ဒုံးပျံများ အသုံးပြုခြင်းသည် အခြားသော အန္တရာယ် များကိုပါ ဖိတ်ခေါ်နေသလိုဖြစ်လာပါတယ်။ ဥပမာ- ၂၀၀၉ ခုနှစ်က အသုံးပြုခြင်းမရှိတော့သော ဆိုဗီယက်ခေတ်က လွှင့်တင်ထားသည့် Cosmos 2251 ဂြိုဟ်တုနှင့် Iridium ဆက်သွယ်ရေးသုံး ဂြိုဟ်တုအကြား တိုက်မိခြင်းဖြစ်စဉ်မှာ ၎င်း ASAT ဒုံးပျံများ၏ နောက်ဆက်တွဲ ဆိုးကျိုးများဟု မှတ်ယူနိုင်ပါတယ်။

လူသားကျင့်ဝတ်များကို ထည့်သွင်းစဉ်းစားကြည့်တဲ့အခါ
ယခုနောက်ပိုင်းတွင် ASAT ဒုံးပျံများကို အာကာသအတွင်းရှိဂြိုဟ်တုများကို ဖျက်ဆီး ဖို့အတွက် အသုံးပြုလာခြင်းသည် အာကာသအတွင်း စစ်ရေးလှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင် ပါတယ်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ASAT လက်နက်များကို အသုံးပြုခြင်းသည် အာကာသအကျိုးအပဲ့များကို ဖြစ်စေပြီး နှစ်ပေါင်းကြာမြင့်လာသည်နှင့်အမျှ လူထုအကျိုးပြု ဂြိုဟ်တုများ (ဆက်သွယ်ရေးနှင့် မိုးလေဝသခန့်မှန်းချက်များအတွက်အသုံးပြုသော ဂြိုဟ်တုများ အစရှိသည်) အား ဝင်တိုက်မိခြင်းကဲ့သို့ အန္တရာယ်များကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ၎င်းအန္တရာယ်များ၏ ရလဒ်ကို IHL ဥပဒေရှုထောင့်က သုံးသပ်လျှင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ဖောက်ဖျက်ခြင်းများ ရှိလာတာကို တွေ့ရပါတယ်။

မိုးလေဝသဂြိုဟ်တုများပျက်စီးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များကို စီမံခန့်ခွဲဖို့ ပျက်ကွက်တာမျိုးတွေ၊ လူသားများအား အကာအကွယ်ပေးရေးအစီအမံများကို ကောင်းစွာ မခန့်ခွဲ နိုင်တာမျိုးတွေ ဖြစ်လာစေပါတယ်။ ဆက်သွယ်ရေးဂြိုဟ်တုများ ပျက်စီးစေခြင်းကလည်း လူသားများအတွက် အရေးပါသော ဆက်သွယ်ရေးများကို ပြတ်တောက်စေကာ အရေးပေါ်ကိစ္စ များတွင် အခက်ကြုံစေနိုင်ပါတယ်။ IHL ဥပဒေသည် လူသားမျိုးနွယ်စုအား ကာကွယ် စောင့်ရှောက်ခြင်းကို အမြင့်ဆုံးအလေးပေးထားရာ ထိုကဲ့သို့ လူသားမျိုးနွယ်ကို ထိခိုက်စေမည့် အာကာသအတွင်း လူသားအကျိုးပြုဂြိုဟ်တုများကို အာကာသလက်နက်အသုံးပြု ဖျက်ဆီးခြင်းက IHL ဥပဒေကို ချိုးဖောက်ရာရောက်သည်နှင့် အတူတူပဲ ဖြစ်ပါတယ်။

ထို့ပြင် အာကာသယာဉ်မှူးများသည်လည်း IHL ဥပဒေအရ အကာအကွယ်ပေးရမည့် လူသားများဖြစ်ပါတယ်။ အာကာသယာဉ်မှူးများသည် အာကာသအကျိုးအပဲ့များ ပွတ်တိုက်မှု၏ အန္တရာယ်ကို အများဆုံးရင်ဆိုင်ကြုံတွေ့ရနိုင်သည့် လူသားများဖြစ်ပါတယ်။ ထို့ကြောင့် IHL သည် အာကာသယာဉ်မှူးများ၏ ဘေးကင်းလုံခြုံမှုအပါအဝင် အာကာသအတွင်း လူသားဆိုင်ရာ စည်းမျဉ်းများနှင့်လည်း အကာအကွယ်ပြုထားပါတယ်။

အာကာသအတွင်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် အာကာသဆိုင်ရာ သဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများနှင့် ထိန်းချုပ်ကန့်သတ်ဖို့ စဉ်းစားနေကြသော်လည်း လက်တွေ့တွင်မူ အာကာသအတွင်း အသုံးပြု နိုင်သည့် စစ်လက်နက်စွမ်းရည်များမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာသည်ဖြစ်ရာ ထိရောက်သည့် ထိန်းချုပ်ကန့်သတ်မှုကို ပြုလုပ်နိုင်မည့် ဥပဒေမူဘောင်များကို လိုအပ်ဆဲဖြစ်ပါတယ်။ နိုင်ငံများ အနေဖြင့် မိမိတို့အသိစိတ်ဖြင့် အာကာသလက်နက်များကို ထိန်းချုပ်ကန့်သတ်ရအောင်ကလဲ ခေတ်မီစက်မှုနိုင်ငံများအနေဖြင့် မြေ၊ ရေ၊ လေ သုံးလက်နက်ဆန်းမျိုးစုံကို တီထွင်သင့်သလောက် တီထွင်ပြီးပြီဖြစ်ရာ အာကာသသို့ချဲ့ထွင်ဖို့ပဲ ပိုစဉ်းစားလာကြပါတော့တယ်။ ထို့ကြောင့် မဝေးတော့သော အနာဂတ်တွင် အာကာသစစ်ပွဲများလည်း ဖြစ်ကောင်းဖြစ်လာနိုင်ရာ နိုင်ငံများ အနေဖြင့် လူသားမျိုးနွယ်စုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် ခေတ်မီ အာကာသဆိုင်ရာ ကန့်သတ်ချက်များ၊ စည်းမျဉ်းဥပဒေများကို တတ်နိုင်သမျှ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။

zawgyi version
အနာဂတ္အာကာသစစ္ပြဲမ်ားကို ဥပေဒမူေဘာင္မ်ားျဖင့္ ခ်ိန္ထိုးသုံးသပ္ၾကည့္တဲ့အခါ
ALynn (NP News) - ဇူလိုင္ ၂၄

ယခုလို နည္းပညာမ်ား လက္လွမ္းမမီႏိုင္ေအာင္ တိုးတက္ေနေသာ ေခတ္ႀကီးထဲမွာ အာကာသစစ္ပြဲမ်ားကလည္း ကြၽႏ္ုပ္တို႔အေပၚတည့္တည့္သို႔ တျဖည္းျဖည္း ေရာက္လုနီးျဖစ္လာၿပီျဖစ္ပါတယ္။ ကမာၻတစ္ဝန္းက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက အရပ္ဘက္အာကာသစူးစမ္း ေလ့လာေရးအျပင္ အာကာသ၏ စစ္ဘက္ဆိုင္ရာနယ္ပယ္မ်ားတြင္ပါ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား မခန႔္မွန္းႏိုင္ေအာင္ ျပဳလုပ္လာၾကသည့္အတြက္ အာကာသအတြင္း ပဋိပကၡျဖစ္ႏိုင္ေျခ အႏၲရာယ္မ်ား တစ္ေန႔တျခား တိုးျမင့္လာခဲ့ပါတယ္။ လူသားမ်ိဳးႏြယ္သည္ စၾကဝဠာအတြင္းသို႔ ျဖန႔္က်က္ ေရာက္ရွိလာသည္ႏွင့္အမွ် တစ္ခ်ိန္က ၿငိမ္းခ်မ္းေသာ အာကာသနယ္ေျမသည္ ဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္မႈႏွင့္ ပဋိပကၡမ်ားအတြက္ အလားအလာရွိေသာေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။ ထိုကဲ့သို႔ အာကာသအတြင္း စစ္ေရးနယ္ပယ္ခ်ဲ႕ထြင္လာျခင္းေၾကာင့္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ မဟာဗ်ဴဟာအက်ိဳးစီးပြားမ်ားအတြက္ အာကာသသည္ အေရးပါေသာ အစိတ္အပိုင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။ အာကာသကို စစ္အင္အား ျဖန႔္က်က္ျခင္းႏွင့္ လက္နက္တပ္ဆင္ျခင္းသည္ ႏိုင္ငံမ်ားအတြက္ စစ္နယ္ဝန္းေျပာင္းလဲသတ္မွတ္လာျခင္း အမွတ္အသားျဖစ္ပါတယ္။ ေနတိုး မဟာမိတ္အေနျဖင့္ ေျမ၊ ေရ၊ ေလႏွင့္ ဆိုက္ဘာနယ္ပယ္တို႔အျပင္ အာကာသကိုပါ ပၪၥမ ေျမာက္စစ္ဆင္ေရးနယ္ပယ္အျဖစ္ ထည့္သြင္းလာျခင္းက သိသာ ထင္ရွားေသာ သာဓကတစ္ခု ျဖစ္ပါတယ္။ ထို႔ျပင္ အေမရိကန္စစ္တပ္အတြင္း ဌာနခြဲအသစ္ တစ္ခုအျဖစ္ အေမရိကန္ အာကာသတပ္ဖြဲ႕ (USSF) ကို တည္ေထာင္လိုက္ျခင္းက ႏိုင္ငံမ်ားၾကားတြင္ အာကာသစစ္ေရး နယ္ပယ္ခ်ဲ႕ထြင္ျခင္းႏွင့္ ပတ္သက္၍ အက်ိဳးသက္ေရာက္ႏိုင္မႈမ်ား၊ တရားဥပေဒဆိုင္ရာ အျငင္းပြားဖြယ္ ကိစၥမ်ားကို ျဖစ္ေပၚလာေစပါတယ္။

တရားဝင္သေဘာတူညီခ်က္မ်ား၊ စာခ်ဳပ္မ်ားျဖင့္ ခ်ည္ေႏွာင္ထားျခင္းမရွိသည့္အတြက္ ႏိုင္ငံမ်ားက အာကာသအတြင္း လက္နက္မ်ားကို အၿပိဳင္တပ္ဆင္လာၾကပါတယ္။ အာကာသ အတြင္း စစ္ေရးၿခိမ္းေျခာက္မႈမ်ားက တျဖည္းျဖည္းတိုးျမင့္လာေသာ္လည္း အာကာသနယ္ပယ္ႏွင့္ သင့္ေလ်ာ္စပ္ဆိုင္သည့္ စံႏႈန္းသတ္မွတ္ခ်က္မ်ားႏွင့္ စည္းမ်ဥ္းမ်ားခ်မွတ္ဖို႔ ခဲယဥ္းေနဆဲ ျဖစ္ပါတယ္။ ဤကဲ့သို႔ အာကာသအတြင္း စစ္ေရးၿခိမ္းေျခာက္မႈမ်ားသည္ ကုန္းတြင္းစစ္ပြဲမ်ားတြင္ အစဥ္အလာအရ က်င့္သုံးခဲ့သည့္ အျပည္ျပည္ဆိုင္ရာလူသားခ်င္းစာနာေထာက္ထားမႈဥပေဒ (IHL) အေပၚ ဥပေဒေရးရာစိန္ေခၚမႈမ်ားပါ ရွိလာႏိုင္ပါတယ္။ ယခုအခါ ကမာၻေျမ၏ စစ္ေျမျပင္မ်ားႏွင့္ အလြန္ကြာျခားသည့္ အာကာသစစ္နယ္ေျမတြင္ IHL ၏ အေျခခံမူမ်ားျဖစ္သည့္ မလိုလားအပ္ေသာ ဆင္းရဲဒုကၡမ်ားကို တားဆီးျခင္းကဲ့သို႔ေသာ စည္းမ်ဥ္းမ်ားက အစမ္းသပ္ခံ ျဖစ္လာခဲ့ပါတယ္။ ထို႔ေၾကာင့္ ေခတ္ သစ္အျပည္ျပည္ဆိုင္ရာ လက္နက္ကိုင္ပဋိပကၡမ်ားဆိုင္ရာ ဥပေဒမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈဥပေဒမ်ားကသာ ယင္းအေျခအေနမ်ားႏွင့္ ပတ္သက္၍ သင့္ေလ်ာ္ေသာ လမ္းၫႊန္သတ္မွတ္မႈမ်ား ျပဳလုပ္ႏိုင္မည္ဟု ေမွ်ာ္လင့္ရပါတယ္။

အာကာသႏွင့္စပ္လ်ဥ္း၍ အက်ဳံးဝင္က်င့္သုံးႏိုင္ေသာ ယခင္ကခ်မွတ္ခဲ့သည့္ ဥပေဒမူေဘာင္အခ်ိဳ႕
အာကာသေရးရာသေဘာတူစာခ်ဳပ္ (Outer Space Treaty) ႏွင့္ပတ္သက္၍ မူလဇစ္ျမစ္ကို ရွာေဖြၾကည့္သည့္အခါ ၁၉၆၆ ခုႏွစ္၊ ဥပေဒေရးရာဆပ္ေကာ္မတီ၏ ေဆြးေႏြး မႈမ်ားက စတင္သည္ဟု ဆိုရပါမယ္။ ထိုေဆြးေႏြးပြဲမ်ားအၿပီး အလားတူႏွစ္တြင္ပင္ ကုလသမဂၢ အေထြေထြညီလာခံက ဆုံးျဖတ္ခ်က္ 2222 (XXI) ျဖင့္ အဆိုပါသေဘာတူစာခ်ဳပ္ကို အတည္ ျပဳခဲ့ပါတယ္။ ဤစာခ်ဳပ္သည္ အာကာသစူးစမ္းေလ့လာေရးႏွင့္ အာကာသနယ္ပယ္ကို အသုံး ျပဳရာတြင္ ႏိုင္ငံမ်ား၏ ျပဳမူလႈပ္ရွားမႈမ်ားကို ထိန္းခ်ဳပ္သည့္ တရားဥပေဒဆိုင္ရာ အေျခခံမူမ်ား ေၾကျငာစာတမ္းတြင္ ျပ႒ာန္းထားေသာ အေျခခံမူမ်ားကို ကိုးကားထားကာ အခ်ိဳ႕ေသာ ျပ႒ာန္းခ်က္မ်ားကို ထပ္မံျဖည့္စြက္ထားျခင္းျဖစ္ပါတယ္။ အာကာသေရးရာသေဘာတူစာခ်ဳပ္ကို ႐ုရွား၊ ယူေကႏွင့္ အေမရိကန္ သုံးႏိုင္ငံအစိုးရမ်ားက ၁၉၆၇ ခုႏွစ္၊ ဇန္နဝါရီလတြင္ လက္မွတ္ ေရးထိုးခဲ့ၿပီး ေအာက္တိုဘာလတြင္ အသက္ဝင္လာခဲ့ပါတယ္။ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီ ေကာ္မတီ (ICRC) သည္လည္း ၎စာခ်ဳပ္ႏွင့္ပတ္သက္၍ ၎၏ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ ရည္မွန္းခ်က္မ်ားႏွင့္ ကိုက္ညီေသာ အာကာသဥပေဒဆိုင္ရာ စည္းမ်ဥ္းမ်ား ပါဝင္လာေအာင္ မြမ္းမံခဲ့ပါတယ္။ ၎စာခ်ဳပ္ႏွင့္ပတ္သက္၍ ကုလသမဂၢအေထြေထြညီလာခံ၏ ဆုံးျဖတ္ခ်က္ကို ပုံေဖာ္ရာတြင္ ICRC ၏ အခန္းက႑က ထင္ရွားသည္ဟု ဆိုရပါမယ္။ ဤဆုံးျဖတ္ခ်က္သည္ အာကာသဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ားကို တားဆီးရန္ ရည္႐ြယ္၍ အာကာသတြင္ လုပ္ေဆာင္ေသာ အျပဳအမူမ်ားအတြက္ စံႏႈန္းမ်ား၊ စည္းမ်ဥ္းမ်ားႏွင့္ အေျခခံ မူေဘာင္မ်ား သတ္မွတ္ျခင္းျဖစ္ပါတယ္။ ထို႔ျပင္ အာကာသအတြင္း လက္နက္ၿပိဳင္ဆိုင္မႈကို တားဆီးျခင္းဆိုင္ရာ အေထြေထြညီလာခံ ဆုံးျဖတ္ ခ်က္ႏွင့္အတူ ICRC ၏ ပူးေပါင္းမြမ္းမံမႈ မ်ားေၾကာင့္ အာကာသနယ္ပယ္တြင္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ စံႏႈန္းမ်ားကို တန္ဖိုးထားဖို႔ အေလးေပးေဖာ္ျပျခင္းခံလာရပါတယ္။

IHL ပါ စည္းမ်ဥ္းမ်ားႏွင့္အညီ ICRC ၏ ဓေလ့ထုံးတမ္းဆိုင္ရာ သတ္မွတ္ခ်က္မ်ားက လက္နက္မ်ားကို အဆင္ျခင္မဲ့ မလိုလားအပ္ပဲ ထိခိုက္ဒဏ္ရာရရွိေအာင္၊ အလြန္အမင္း ျပင္းထန္ေသာ ထိခိုက္ဒဏ္ရာရရွိေအာင္ အသုံးျပဳျခင္းကို တားျမစ္ထားပါတယ္။ ထိုတားျမစ္ခ်က္ မ်ားသည္ ေျမျပင္တြင္ျဖစ္ပြားေသာ စစ္ပြဲမ်ားအတြက္သာမက အာကာသစစ္ေရးလႈပ္ရွားမႈမ်ား အတြက္ပါ အက်ဳံးဝင္ေနပါတယ္။ ထို႔ျပင္ ပတ္ဝန္းက်င္ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရး ကြန္ဗင္းရွင္း (ENMOD) အရ ပုဒ္မ ၁ ႏွင့္ ၂ တို႔တြင္ ပတ္ဝန္းက်င္ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရး ျဖစ္စဥ္မ်ားအတြက္ စစ္လက္နက္ သို႔မဟုတ္ အျခားေသာရန္လိုသည့္နည္းလမ္းမ်ားကို အသုံးျပဳ ျခင္းအား တားျမစ္ထားပါတယ္။ ယင္းပုဒ္မမ်ားတြင္ ျပ႒ာန္းထားခ်က္မ်ားအရ ကမာၻေျမႏွင့္ အာကာသ၏ သဘာဝျဖစ္စဥ္မ်ားကို ဆိုးဆိုး႐ြား႐ြားေျပာင္းလဲပစ္ႏိုင္သည့္ ျပဳျပင္ေျပာင္းလဲေရးျဖစ္စဥ္မ်ားကို တားျမစ္ထားေၾကာင္း ေဖာ္ျပထားပါတယ္။

အာကာသဆိုင္ရာ ဥပေဒမူေဘာင္မ်ားရွိပင္ရွိေသာ္ျငား စိန္ေခၚမႈမ်ားကရွိေနဆဲ
အာကာသေရးရာသေဘာတူစာခ်ဳပ္ပါျပ႒ာန္းခ်က္မ်ား၊ ICRC က မြမ္းမံထားေသာ စည္းမ်ဥ္းမ်ားကို တကယ့္လက္ေတြ႕ကမာၻတြင္ ျဖစ္ပ်က္ေနေသာ အာကာသဆိုင္ရာ အေရးကိစၥ မ်ားတြင္ က်င့္သုံးရာ၌မူ စိန္ေခၚမႈမ်ားစြာရွိလာပါတယ္။ အထူးသျဖင့္ အာကာသဆိုင္ရာ စမ္းသပ္မႈ ျဖစ္စဥ္မ်ားကို ထိန္းခ်ဳပ္ကန႔္သတ္ရာတြင္ လက္ရွိက်င့္သုံးေနေသာ ဥပေဒစံႏႈန္းမ်ားက ကိုက္ညီ မႈရွိ/မရွိ သုံးသပ္ရသည္မွာ အၾကပ္႐ိုက္စရာျဖစ္လာပါတယ္။ ဥပမာအားျဖင့္ တ႐ုတ္သည္ ၂၀၀၇ ခုႏွစ္တြင္ အာကာသအတြင္းရွိ ၎၏အသုံးမျပဳေတာ့ေသာ မိုးေလဝသၿဂိဳဟ္တုတစ္လုံးကို ၿဂိဳဟ္တုဖ်က္ဒုံးပ်ံ (ASAT) ျဖင့္ ဖ်က္ဆီးခဲ့ပါတယ္။ ၎ျဖစ္ရပ္က တ႐ုတ္အစိုးရ၏ အာကာသဆိုင္ရာ စြမ္းေဆာင္ရည္ျမင့္မားမႈကို ျပသေနသည္သာမက ထိုကဲ့သို႔ေသာ အာကာသ သုံးလက္နက္မ်ား၏ အက်ိဳးဆက္ႀကီးမားပုံကိုလည္း မ်က္ဝါးထင္ထင္ေတြ႕ရွိခဲ့ရပါတယ္။ တ႐ုတ္က အသုံးျပဳခဲ့ေသာ ၿဂိဳဟ္တုဖ်က္ဒုံးပ်ံ၏ ထိမွန္မႈေၾကာင့္ အာကာသအတြင္း အက်ိဳးအပဲ့အစအနေပါင္း ၂ သန္း ေက်ာ္ေလာက္ကိုျဖစ္ေစခဲ့ၿပီး ၎အစအနတစ္ခုသည္ ၁၀ စင္တီမီတာေလာက္အထိ ႀကီးမားေၾကာင္းသိရပါတယ္။ ထို႔ျပင္ ယင္းအစအနမ်ားက တစ္စကၠန႔္လွ်င္ ၃,၀၀၀- ၇,၆၀၀ မီတာ အရွိန္ႏႈန္းျဖင့္ အာကာသအတြင္း လွည့္ပတ္ေနျခင္းက အာကာသ၏ သဘာဝျဖစ္စဥ္မ်ားအေပၚ သိသိသာသာ အႏၲရာယ္ရွိလာေစပါတယ္။

ထို႔ေၾကာင့္ တ႐ုတ္၏ ၂၀၀၇ ခုႏွစ္ ASAT ဒုံးပ်ံစမ္းသပ္မႈသည္ အာကာသလက္နက္မ်ား၏ စြမ္းပကားကို ထင္သာသာျမင္သာရွိလာေစသည္သာမက အာကာသလက္နက္မ်ားႏွင့္ပတ္သက္၍ လက္ရွိက်င့္သုံးေနေသာ အာကာသေရးရာသေဘာတူစာခ်ဳပ္ပါျပ႒ာန္းခ်က္မ်ား၏ ဥပေဒဆိုင္ရာ ခြၽတ္ယြင္းခ်က္မ်ား၊ အားနည္းခ်က္မ်ားကို မီးေမာင္းထိုးျပေနပါတယ္။ ထို႔ျပင္ ၎ျဖစ္စဥ္တြင္ အာကာသအက်ိဳးအပဲ့အခ်င္းခ်င္းပြတ္တိုက္မႈမ်ားေၾကာင့္ Kessler Syndrome ဟုေခၚေသာ ထာဝရအက်ိဳးအပဲ့အပ်က္အစီးမ်ားျဖင့္ လည္ပတ္ေနေသာ အာကာသျပင္ကို ျဖစ္ေစႏိုင္ပါတယ္။ ထိုသို႔ေသာ အက်ိဳးဆက္မ်ားေၾကာင့္ ASAT ဒုံးပ်ံမ်ား အသုံးျပဳျခင္းသည္ အျခားေသာ အႏၲရာယ္ မ်ားကိုပါ ဖိတ္ေခၚေနသလိုျဖစ္လာပါတယ္။ ဥပမာ- ၂၀၀၉ ခုႏွစ္က အသုံးျပဳျခင္းမရွိေတာ့ေသာ ဆိုဗီယက္ေခတ္က လႊင့္တင္ထားသည့္ Cosmos 2251 ၿဂိဳဟ္တုႏွင့္ Iridium ဆက္သြယ္ေရးသုံး ၿဂိဳဟ္တုအၾကား တိုက္မိျခင္းျဖစ္စဥ္မွာ ၎ ASAT ဒုံးပ်ံမ်ား၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားဟု မွတ္ယူႏိုင္ပါတယ္။

လူသားက်င့္ဝတ္မ်ားကို ထည့္သြင္းစဥ္းစားၾကည့္တဲ့အခါ
ယခုေနာက္ပိုင္းတြင္ ASAT ဒုံးပ်ံမ်ားကို အာကာသအတြင္းရွိၿဂိဳဟ္တုမ်ားကို ဖ်က္ဆီး ဖို႔အတြက္ အသုံးျပဳလာျခင္းသည္ အာကာသအတြင္း စစ္ေရးလႈပ္ရွားမႈအျဖစ္ သတ္မွတ္ႏိုင္ ပါတယ္။ အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း ASAT လက္နက္မ်ားကို အသုံးျပဳျခင္းသည္ အာကာသအက်ိဳးအပဲ့မ်ားကို ျဖစ္ေစၿပီး ႏွစ္ေပါင္းၾကာျမင့္လာသည္ႏွင့္အမွ် လူထုအက်ိဳးျပဳ ၿဂိဳဟ္တုမ်ား (ဆက္သြယ္ေရးႏွင့္ မိုးေလဝသခန႔္မွန္းခ်က္မ်ားအတြက္အသုံးျပဳေသာ ၿဂိဳဟ္တုမ်ား အစရွိသည္) အား ဝင္တိုက္မိျခင္းကဲ့သို႔ အႏၲရာယ္မ်ားကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ၎အႏၲရာယ္မ်ား၏ ရလဒ္ကို IHL ဥပေဒရႈေထာင့္က သုံးသပ္လွ်င္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ေဖာက္ဖ်က္ျခင္းမ်ား ရွိလာတာကို ေတြ႕ရပါတယ္။

မိုးေလဝသၿဂိဳဟ္တုမ်ားပ်က္စီးျခင္းေၾကာင့္ သဘာဝေဘးအႏၲရာယ္မ်ားကို စီမံခန႔္ခြဲဖို႔ ပ်က္ကြက္တာမ်ိဳးေတြ၊ လူသားမ်ားအား အကာအကြယ္ေပးေရးအစီအမံမ်ားကို ေကာင္းစြာ မခန႔္ခြဲ ႏိုင္တာမ်ိဳးေတြ ျဖစ္လာေစပါတယ္။ ဆက္သြယ္ေရးၿဂိဳဟ္တုမ်ား ပ်က္စီးေစျခင္းကလည္း လူသားမ်ားအတြက္ အေရးပါေသာ ဆက္သြယ္ေရးမ်ားကို ျပတ္ေတာက္ေစကာ အေရးေပၚကိစၥ မ်ားတြင္ အခက္ႀကဳံေစႏိုင္ပါတယ္။ IHL ဥပေဒသည္ လူသားမ်ိဳးႏြယ္စုအား ကာကြယ္ ေစာင့္ေရွာက္ျခင္းကို အျမင့္ဆုံးအေလးေပးထားရာ ထိုကဲ့သို႔ လူသားမ်ိဳးႏြယ္ကို ထိခိုက္ေစမည့္ အာကာသအတြင္း လူသားအက်ိဳးျပဳၿဂိဳဟ္တုမ်ားကို အာကာသလက္နက္အသုံးျပဳ ဖ်က္ဆီးျခင္းက IHL ဥပေဒကို ခ်ိဳးေဖာက္ရာေရာက္သည္ႏွင့္ အတူတူပဲ ျဖစ္ပါတယ္။

ထို႔ျပင္ အာကာသယာဥ္မႉးမ်ားသည္လည္း IHL ဥပေဒအရ အကာအကြယ္ေပးရမည့္ လူသားမ်ားျဖစ္ပါတယ္။ အာကာသယာဥ္မႉးမ်ားသည္ အာကာသအက်ိဳးအပဲ့မ်ား ပြတ္တိုက္မႈ၏ အႏၲရာယ္ကို အမ်ားဆုံးရင္ဆိုင္ႀကဳံေတြ႕ရႏိုင္သည့္ လူသားမ်ားျဖစ္ပါတယ္။ ထို႔ေၾကာင့္ IHL သည္ အာကာသယာဥ္မႉးမ်ား၏ ေဘးကင္းလုံၿခဳံမႈအပါအဝင္ အာကာသအတြင္း လူသားဆိုင္ရာ စည္းမ်ဥ္းမ်ားႏွင့္လည္း အကာအကြယ္ျပဳထားပါတယ္။

အာကာသအတြင္း လႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္၍ ကြၽႏ္ုပ္တို႔သည္ အာကာသဆိုင္ရာ သေဘာတူစာခ်ဳပ္မ်ား၊ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဥပေဒမ်ားႏွင့္ ထိန္းခ်ဳပ္ကန႔္သတ္ဖို႔ စဥ္းစားေနၾကေသာ္လည္း လက္ေတြ႕တြင္မူ အာကာသအတြင္း အသုံးျပဳ ႏိုင္သည့္ စစ္လက္နက္စြမ္းရည္မ်ားမွာ ေန႔စဥ္ႏွင့္အမွ် တိုးတက္လာသည္ျဖစ္ရာ ထိေရာက္သည့္ ထိန္းခ်ဳပ္ကန႔္သတ္မႈကို ျပဳလုပ္ႏိုင္မည့္ ဥပေဒမူေဘာင္မ်ားကို လိုအပ္ဆဲျဖစ္ပါတယ္။ ႏိုင္ငံမ်ား အေနျဖင့္ မိမိတို႔အသိစိတ္ျဖင့္ အာကာသလက္နက္မ်ားကို ထိန္းခ်ဳပ္ကန႔္သတ္ရေအာင္ကလဲ ေခတ္မီစက္မႈႏိုင္ငံမ်ားအေနျဖင့္ ေျမ၊ ေရ၊ ေလ သုံးလက္နက္ဆန္းမ်ိဳးစုံကို တီထြင္သင့္သေလာက္ တီထြင္ၿပီးၿပီျဖစ္ရာ အာကာသသို႔ခ်ဲ႕ထြင္ဖို႔ပဲ ပိုစဥ္းစားလာၾကပါေတာ့တယ္။ ထို႔ေၾကာင့္ မေဝးေတာ့ေသာ အနာဂတ္တြင္ အာကာသစစ္ပြဲမ်ားလည္း ျဖစ္ေကာင္းျဖစ္လာႏိုင္ရာ ႏိုင္ငံမ်ား အေနျဖင့္ လူသားမ်ိဳးႏြယ္စုကို ထိေရာက္စြာ အကာအကြယ္ေပးႏိုင္မည့္ ေခတ္မီ အာကာသဆိုင္ရာ ကန႔္သတ္ခ်က္မ်ား၊ စည္းမ်ဥ္းဥပေဒမ်ားကို တတ္ႏိုင္သမွ် ခ်မွတ္ေဆာင္႐ြက္သင့္ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

Related news

© 2021. All rights reserved.