အမေရိကန်အသံသွင်းအဖွဲ့အစည်းထံမှ ရွှေလက်မှတ်ရရှိခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်း

 353

Pika (NP News) - ဇူလိုင် ၂၅

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီမင်း၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် "FACE" မှ သီချင်းတစ်ပုဒ်ဖြစ်သော "Set Me Free Pt.2" သီချင်းသည် အမေရိကန် တွင် အချပ်ရေ(၅)သိန်းကျော် ရောင်းချခဲ့ရပြီး Recording Industry Association of America (RIAA) ထံမှ ရွှေလက်မှတ်ရရှိခဲ့ကြောင်း သိရသည်။

"Set Me Free Pt.2" သီချင်းသည် ကကွက်ပေါင်းများစွာဖြင့် ပုံဖော်ထားပြီး ပရိသတ်များကြားတွင် ရေပန်းစား ကြောင်းလည်း သိရသည်။ အဆိုပါသီချင်းသည် YouTube တွင် ကြည့်ရှုမှုပေါင်း(၁၅၁)သန်းကျော်ရှိပြီး Spotify တွင် နားဆင်သူ (၃၇၂)သန်းကျော်ရှိကာ လက်ရှိအချိန်အထိ လူကြိုက်အများဆုံးသီချင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂျီမင်း၏ တစ်ကိုယ်တော်အယ်လ်ဘမ် "FACE" သည် အာရှတစ်ကိုယ်တော်အနုပညာရှင်တစ်ဦးက ဖန်တီးထားပြီး အမေရိကန်တွင် အချပ်ရေ(၅)သိန်းကျော် ရောင်းချရသည့် ပထမဆုံးကိုရီးယားအယ်လ်ဘမ် ဖြစ်လာ ခဲ့ပြီး ပြီးခဲ့သည့်ဇူလိုင်လ(၅)ရက်တွင် RIAA ထံမှ ရွှေလက်မှတ်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဟောလိဝုဒ်ရုပ်ရှင် 'Fast X: Ride or Die' အတွက် ဂျီမင်းက ပူးပေါင်း ပါဝင်ထားသော ပင်မဇာတ်ဝင်သီချင်း "Angel Pt.1" သည် အမေရိကန်တွင်အချပ်ရေ(၅)သိန်းကျော်ရောင်းချခဲ့ရကြောင်းလည်း သိရသည်။ ဂျီမင်းသည် အမေရိကန်တွင် ရေပန်းစားနေသောအနုပညာရှင်တစ်ဦးဖြစ်ပြီး BTS အယ်လ်ဘမ်များမှ ၎င်း၏ တစ်ကိုယ်တော် သီချင်းသုံးပုဒ်ဖြစ်သော ("Lie" ၊ "Serendipity Full Length" နှင့် "Filter") တို့သည် အမေရိကန်တွင် အချပ်ရေ (၅)သိန်းကျော်စီ ရောင်းချခဲ့ရပြီး အဆိုပါစံချိန်မှတ်တိုင်ကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့် ပထမဆုံးကိုရီးယား တစ်ကိုယ်တော်အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္အသံသြင္းအဖြဲ႕အစည္းထံမွ ေ႐ႊလက္မွတ္ရရွိခဲ့တဲ့ BTS အဖြဲ႕ဝင္ ဂ်ီမင္း
Pika (NP News) - ဇူလိုင္ ၂၅

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်ီမင္း၏ ပထမဆုံး တစ္ကိုယ္ေတာ္အယ္လ္ဘမ္ "FACE" မွ သီခ်င္းတစ္ပုဒ္ျဖစ္ေသာ "Set Me Free Pt.2" သီခ်င္းသည္ အေမရိကန္ တြင္ အခ်ပ္ေရ(၅)သိန္းေက်ာ္ ေရာင္းခ်ခဲ့ရၿပီး Recording Industry Association of America (RIAA) ထံမွ ေ႐ႊလက္မွတ္ရရွိခဲ့ေၾကာင္း သိရသည္။

"Set Me Free Pt.2" သီခ်င္းသည္ ကကြက္ေပါင္းမ်ားစြာျဖင့္ ပုံေဖာ္ထားၿပီး ပရိသတ္မ်ားၾကားတြင္ ေရပန္းစား ေၾကာင္းလည္း သိရသည္။ အဆိုပါသီခ်င္းသည္ YouTube တြင္ ၾကည့္ရႈမႈေပါင္း(၁၅၁)သန္းေက်ာ္ရွိၿပီး Spotify တြင္ နားဆင္သူ (၃၇၂)သန္းေက်ာ္ရွိကာ လက္ရွိအခ်ိန္အထိ လူႀကိဳက္အမ်ားဆုံးသီခ်င္းအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဂ်ီမင္း၏ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ "FACE" သည္ အာရွတစ္ကိုယ္ေတာ္အႏုပညာရွင္တစ္ဦးက ဖန္တီးထားၿပီး အေမရိကန္တြင္ အခ်ပ္ေရ(၅)သိန္းေက်ာ္ ေရာင္းခ်ရသည့္ ပထမဆုံးကိုရီးယားအယ္လ္ဘမ္ ျဖစ္လာ ခဲ့ၿပီး ၿပီးခဲ့သည့္ဇူလိုင္လ(၅)ရက္တြင္ RIAA ထံမွ ေ႐ႊလက္မွတ္ကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဟာလိဝုဒ္႐ုပ္ရွင္ 'Fast X: Ride or Die' အတြက္ ဂ်ီမင္းက ပူးေပါင္း ပါဝင္ထားေသာ ပင္မဇာတ္ဝင္သီခ်င္း "Angel Pt.1" သည္ အေမရိကန္တြင္အခ်ပ္ေရ(၅)သိန္းေက်ာ္ေရာင္းခ်ခဲ့ရေၾကာင္းလည္း သိရသည္။ ဂ်ီမင္းသည္ အေမရိကန္တြင္ ေရပန္းစားေနေသာအႏုပညာရွင္တစ္ဦးျဖစ္ၿပီး BTS အယ္လ္ဘမ္မ်ားမွ ၎၏ တစ္ကိုယ္ေတာ္ သီခ်င္းသုံးပုဒ္ျဖစ္ေသာ ("Lie" ၊ "Serendipity Full Length" ႏွင့္ "Filter") တို႔သည္ အေမရိကန္တြင္ အခ်ပ္ေရ (၅)သိန္းေက်ာ္စီ ေရာင္းခ်ခဲ့ရၿပီး အဆိုပါစံခ်ိန္မွတ္တိုင္ကို ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့သည့္ ပထမဆုံးကိုရီးယား တစ္ကိုယ္ေတာ္အႏုပညာရွင္အျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.